fa
Feedback
V Tech Guide

V Tech Guide

رفتن به کانال در Telegram
6 457
مشترکین
-724 ساعت
-507 روز
-18230 روز
آرشیو پست ها
အားလုံးပဲ မင်္ဂလာပါ ယနေ့မှာတော့ဆော့ဝဲလ်လေးကတော့ မလေးရောက်ရွှေမြန်မာများအတွက်ပါ။ Digi ဆင်းကဒ်သုံးတဲ့မလေးရောက်ရွှေမြန်မာများ အတ
အားလုံးပဲ မင်္ဂလာပါ ယနေ့မှာတော့ဆော့ဝဲလ်လေးကတော့ မလေးရောက်ရွှေမြန်မာများအတွက်ပါ။ Digi ဆင်းကဒ်သုံးတဲ့မလေးရောက်ရွှေမြန်မာများ အတွက် Digi ဆော့ဝဲလ်လေးကိုမျှဝေလိုက်ပါတယ်။ ဒီဆော့ဝဲလ်ကိုဘာကြောင့်သုံးသင့်တာလဲဆိုတော့ - ဘေစစ်လို့ရခြင်း - စမတ်ချင်တဲ့ အင်တာနက် Plan များကိုဖော်ပြပေးထားခြင်း - ကိုယ့်ဆင်းကဒ် မှတ်ပုံတင်ထားခြင်းရှိမရှိစစ်ဆေးနိုင်ခြင်း - ဆင်းကဒ် သက်တမ်းကိုလည်းစစ်နိုင်ခြင်း - တခြားဖုန်းထဲသို့ဘေလွဲနည်းအပြင် ဆော့ဝဲလ်သုံးခြင်းကြောင့် Bonus တွေကိုလည်း လစဉ်ပေးသွားတာဖြစ်လို့ မိမိက မလေးမှာနေပြီးDigi ဆင်းကဒ်သုံးတယ်ဆိုရင် Digiဆော့ဝဲလ်ကို ဖုန်းထဲမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ Digi ဆော့ဝဲလ်လင့် For Android - https://mm.nextworm.com/archives/4738 For IOS - https://mm.nextworm.com/archives/4741

ဖြေးဖြေးစီ အောင်မြင်လာတဲ့သူက ရင့်ကျက်တယ် စိတ်ရှည်တယ် မြန်မြန် အောင်မြင်လာတဲ့သူက မာန်တက်တယ် ဘဝင်မြင့်တယ်

(5)Marriage Visa (Non-immigrant O Visa) ထိုင်းအမျိုးသား (သို့မဟုတ်) ထိုင်းအမျိုးသမီးနဲ့လက်ထပ်ထားတဲ့ နိုင်ငံခြားသားတွေကို ထုတ်ပေးတဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ် ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံးတစ်ခုခုမှာ အရင်ဆုံး ရက် (၉၀)သက်တမ်းရှိတဲ့ Non-immigrant O ဗီဇာရဖို့ လုပ်ရပါမယ် ဗီဇာရပြီဆိုရင် ‌ဗီဇာအသက်ဝင်ဖို့အတွက် ထိုင်းနိုင်ငံထဲ ဝင်ရောက်ရပါမယ် ထိုင်းနိုင်ငံထဲရောက်ပြီးပြီဆိုရင်တော့ ရထားတဲ့ ရက် ၉၀ အတွင်း ဗီဇာကို တစ်နှစ်သက်တမ်းတိုးလျှောက်ရမှာဖြစ်ပါတယ် ပြီးရင်တော့ နှစ်တိုင်းတစ်နှစ်စီသက်တမ်းတိုးလို့ရပါတယ် ထိုင်းနိုင်ငံမှာ သုံးနှစ်နေထိုင်ပြီးရင်တော့ Permanent Resident လျှောက်လို့ရပါတယ် လျှောက်ထားဖို့ လိုအပ်ချက်တွေကတော့ *Visa Form *Passport *ထိုင်းလက်ထပ်စာချုပ် *ထိုင်းလူမျိုးဇနီးသည်ရဲ့မှတ်ပုံတင်ကတ် *ထိုင်းလူမျိုးဇနီးသည်ရဲ့ နေထိုင်ရာအထောက်အထားစာရွက် *ဘတ်လေးသိန်းအထက်ကို ၃လထားထားတဲ့ ဘဏ်အကောင့် (သို့မဟုတ်) တစ်လ‌ဝင်ငွေ ဘတ်၄သောင်းရှိကြောင်းအထောက်အထားတို့ လိုပါမယ် ထိုင်းအမျိုးသားနဲ့လက်ထပ်ထားတဲ့အမျိုးသမီးဆိုရင်တော့ လစဉ်ဝင်ငွေတို့ စီးပွားရေးကိစ္စတို့ ပြစရာမလိုပါဘူး အမျိုးသားဖြစ်သူရဲ့ ဝင်ငွေခွန်စာရွက်ကို ပြပေးရင် ရပါပြီ (6) Retirement Visa ဒီဗီဇာကတော့ အငြိမ်းစားဗီဇာပါ အသက်ငါးဆယ်အထက်ရှိတဲ့ လူကြီးတွေကိုပဲ ထုတ်ပေးပါတယ် ဒီဗီဇာနဲ့ ထိုင်းမှာ အလုပ်လုပ်ခွင့်မရှိပါဘူး ဒီဗီဇာကိုတော့ ထိုင်းနိုင်ငံအတွင်းမှာဖြစ်စေ ထိုင်းပြင်ပသံရုံးမှာဖြစ်စေ လျှောက်ထားလို့ရပါတယ် ဒီဗီဇာမှာ တစ်နှစ်ဗီဇာနဲ့ ငါးနှစ်ဗီဇာဆိုပြီးတော့ နှစ်မျိုးရှိပေမယ့် မြန်မာနိုင်ငံသားတွေအတွက်က တစ်နှစ်ဗီဇာပဲရနိုင်ပါတယ် ဒီဗီဇာက ထိုင်းနိုင်ငံအတွင်း တစ်နှစ်နေထိုင်ခွင့်ရှိပြီးတော့ နှစ်စဉ်သက်တမ်းတိုးလို့ရပါတယ် ဗီဇာလျှောက်ထားဖို့ လိုအပ်ချက်တွေကတော့ *အသက်ငါးဆယ်အထက်ဖြစ်ရပါမယ် *အချို့သောရောဂါတွေကင်းရှင်းသူဖြစ်ရပါမယ် *အဓိကအနေနဲ့ ထိုင်းဘဏ်အကောင့်ထဲမှာ ဘတ်၈သိန်း ၂လထားထားတဲ့ Bank statement (သို့မဟုတ်) လစဉ်ဝင်ငွေ ဘတ်‌၆၅၀၀၀ရှိကြောင်း အထောက်အထားလိုပါမယ် *၃လအတွင်း ရထားတဲ့ ကျန်းမာရေးလက်မှတ်ရှိရပါမယ် (7)Smart Visa Smart ဗီဇာကတော့ အခုနောက်ပိုင်းထုတ်ပေးတဲ့ဗီဇာပုံစံအသစ်ပါ အရည်အချင်းရှိတဲ့ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ ဒီဗီဇာကိုင်ဆောင်ထားတဲ့သူက ထိုင်းနိုင်ငံအတွင်း ၄နှစ်လောက်ထိ နေလို့ရမယ့်ဗီဇာနဲ့ တခြားအခွင့်အရေးတွေလည်း ရနိုင်ပါတယ် Smart ဗီဇာအတွက် တခြားကဏ္ဍတွေရှိနိုင်ပေမယ့် လက်ရှိမှာ Smart ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာအများစုကတော့ နည်းပညာပိုင်း ITပိုင်းကလူတွေပဲဖြစ်ပါတယ် Smart ဗီဇာအမျိုးအစား (၅)မျိုးရှိပါတယ် Smart T (Talent) Smart I (Investment) Smart E (Executive) Smart S (Startup entrepreneur) Smart O (Spouse and Children of Smart Visa holders) ဗီဇာအမျိုးအစားအလိုက် လိုအပ်ချက်တွေကွာခြားသွားမှာဖြစ်ပါတယ် ဒီနေ့ဖော်ပြထားတာတွေကတော့ ထိုင်းနိုင်ငံကထုတ်ပေးတဲ့ ဗီဇာ (၇)မျိုးဖြစ်ပြီး အခြေခံလုပ်သားတွေကိုထုတ်ပေးတဲ့ Non-LA ဗီဇာအပြင် အခြားဗီဇာအမျိုးအစားတွေလည်း ရှိနိုင်ပါသေးတယ်

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ (၇)မျိုး (1)Tourist Visa တိုးရစ်ဗီဇာက ထိုင်းမှာ ရက်ကြာကြာလည်ပတ်ချင်သူတွေအတွက် ထုတ်ပေးတဲ့ဗီဇာပါ သက်တမ်းကတော့ နှစ်လ(ရက်၆၀)ရပါတယ် ထိုင်းနိုင်ငံထဲရောက်ပြီး ရက်၆၀နေထိုင်ပြီးလျှင် တစ်လထပ်မံသက်တမ်းတိုးခွင့်ရှိပါတယ် ဒါကြောင့် တိုးရစ်ဗီဇာလျှောက်ပြီး ထိုင်းနိုင်ငံထဲ ဝင်လာမယ်ဆိုရင် နေထိုင်ခွင့် သုံးလ ရပါမယ် တိုးရစ်ဗီဇာလျှောက်မယ်ဆိုရင်တော့ ကိုယ်ရောက်နေတဲ့နိုင်ငံရဲ့ ထိုင်းသံရုံးမှာ သွားလျှောက်လို့ရပါတယ် မြန်မာနိုင်ငံမှာ နေထိုင်သူတွေအတွက်ကတော့ ရန်ကုန်မြို့မှာ ထိုင်းသံရုံးရှိပါတယ် ဗီဇာလျှောက်ဖို့အတွက် လိုအပ်ချက်တွေကတော့ *Passport သက်တမ်း (၆)လ ကျန်ရပါမယ် *Visa formမှာ အချက်အလက်အပြည့်အစုံ ဖြည့်စွက်ထားရပါမယ် *Passport Size ဓာတ်ပုံ *လေယာဉ်လက်မှတ်အသွားအပြန် *နေထိုင်ဖို့ ဟိုတယ်ဘိုကင် (သို့မဟုတ်) အိမ်ငှားစာချုပ် *ဘဏ်စာအုပ်ထဲမှာ လူတစ်ယောက်စာ ဘတ် ၂သောင်းနှင့် ညီမျှတဲ့ပမာဏ၊ မိသားစုအတွက်ဆိုရင် ဘတ် ၄သောင်းနှင့် ညီမျှတဲ့ပမာဏကို show money ပြနိုင်ရပါမယ် သံရုံးမှာ ဗီဇာကြေး ဒေါ်လာ ၄၀ပေးသွင်းရပါမယ်။ (2)Business Visa (Non-immigrant B Visa) Non-B ဗီဇာကတော့ အလုပ်အကိုင်အတွက် ထုတ်ပေးတဲ့ဗီဇာပါ ဒီဗီဇာမှာ အမျိုးအစား နှစ်မျိုးရှိပါတယ် (1) Conducting Visa (ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းထူထောင်မယ့်သူများအတွက် ဗီဇာ) (2) Employment Visa (ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ့် နိုင်ငံခြားသားတွေအတွက် ဗီဇာ) ဗီဇာသက်တမ်းက ရက်ပေါင်း (၉၀)ရမှာဖြစ်ပြီးတော့ သက်တမ်းကုန်လျှင် (၇)ရက် သက်တမ်းတိုးခွင့်ရှိပါတယ် ဒီဗီဇာထုတ်ပေးရတဲ့ရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ စီးပွားရေးထူထောင်မယ့်သူအတွက် ရက်ပေါင်း (၉၀)အတွင်း စာရွက်စာတမ်းကိစ္စ လုပ်စရာရှိတာတွေ လုပ်နိုင်ရန်ဖြစ်ပါတယ် အလုပ်သမားအတွက်ဆိုရင်လည်း work permit၊ အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းတွေ လျှောက်ထားနိုင်ရန် ဖြစ်ပါတယ် ဒီရက်ပေါင်း (၉၀)အတွင်းမှာ ရေရှည်နေထိုင်နိုင်ဖို့အတွက် One year Non immigrant business Visa (သို့မဟုတ်) One year business Visa extension or others ကို ပြောင်းရမှာ ဖြစ်ပါတယ် ဒီဗီဇာလျှောက်ထားဖို့အတွက်ကလည်း တိုးရစ်ဗီဇာလျှောက်သလိုပါပဲ ထိုင်းသံရုံးတွေမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ လျှောက်ရမှာဖြစ်ပါတယ် (3)Investment Visa Investment ဗီဇာကိုတော့ တော်တော်များများက ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်လိုက်ရင် ပေးတဲ့ဗီဇာလို့ သိထားကြမှာပါ ထိုင်းနိုင်ငံမှာ ဘတ်ဆယ်သန်း ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ထုတ်ပေးတဲ့ဗီဇာအမျိုးအစားပါ ဘတ်ဆယ်သန်းကို ကွန်ဒိုဝယ်တာဖြစ်ဖြစ် တခြားရင်းနှီးမြှုပ်နှံမှုတွေမှာဖြစ်ဖြစ် ထိုင်းအစိုးရရဲ့ bondsတွေဝယ်ယူတာဖြစ်ဖြစ် သုံးတဲ့သူတွေက ဒီဗီဇာရရှိမှာ ဖြစ်ပါတယ် ဗီဇာသက်တမ်းက စစချင်း(၃)လဆိုပေမယ့် နောက်ပိုင်းမှာ နှစ်စဉ်သက်တမ်းတိုးလို့ရပါတယ် ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏက အမြဲတမ်းဘတ်ဆယ်သန်းရှိနေရပါမယ် ဒီဗီဇာကိုင်ဆောင်သူက ထိုင်းနိုင်ငံအတွင်း လခစားအလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး (4)Education Visa Ed ဗီဇာကတော့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း၊ အလုပ်သင် စတာတွေအတွက်ထုတ်ပေးတဲ့ ဗီဇာအမျိုးအစားပါ တက္ကသိုလ်ကောလိပ်တက်သူတွေရှိသလို ထိုင်းဘာသာစကားသင်တန်းကျောင်းတက်ပြီးတော့ ဒီED ဗီဇာကိုင်ထားသူတွေလည်း ရှိပါတယ် Ed ဗီဇာက ရက်ပေါင်း (၉၀) သက်တမ်းစရပြီး နောက်ပိုင်းမှာ ကိုယ်တက်တဲ့ကျောင်းပေါ်မူတည်ပြီး သက်တမ်းတိုးသွားလို့ရပါတယ် တက်တဲ့ကျောင်း၊ သင်တန်းအမျိုးအစားတွေပေါ်မူတည်တာမို့လို့ ဗီဇာဘယ်လောက်ရမယ်ဆိုတာ အတိအကျပြောလို့မရပါဘူး လျှောက်ထားဖို့အတွက်ကတော့ *Passport *Visa form *ပညာရေးဝန်ကြီးဌာနက ကိုယ့်ကိုကျောင်းသားအဖြစ်လက်ခံကြောင်းစာ တခြားလိုအပ်တာတွေ ရှိသေးပေမယ့် လိုအပ်တာတွေအားလုံးကို ကျောင်းဘက်ကလုပ်ပေးတာမို့ စိတ်ပူစရာမလိုဘဲ လျှောက်ရလွယ်ကူပါတယ် ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံးတွေမှာ လျှောက်ထားနိုင်သလို ထိုင်းနိုင်ငံအတွင်းရောက်နေသူအနေနဲ့လည်း ကိုယ်လက်ရှိကိုင်ဆောင်ထားတဲ့ဗီဇာအမျိုးအစားကနေ Ed ဗီဇာကို ပြောင်းပြီးလျှောက်လို့ရပါတယ်

လူတွေအမြင် ဂရုစိုက်နေသရွှေ့ ရှေ့ရောက်ဖို့မလွယ်ဘူး သူများဘယ်လိုထင်သွားမလဲ အခုတွေးကြည့်လိုက် အဲ့အတွက် mental energy တစ်ခုသုံးလိုက်ရပြီ သူတိုဘယ်လိုထင်မလဲတွေးလို သူတိုထင်တာပြောင်းသွားနိုင်သလား? အထင်အမြင်ဆိုတာ ကိုယ်ကတောင်းလို ဖြေတဲ့ အထင်အမြင်ကိုပဲ နားထောင်သင့်တယ် မဟုတ်ရင်တော့ အချိန်ရော energy ရောကုန်တယ် ကိုယ်လုပ်စရာရှိတာသာလုပ်ပါ ကိုယ့်ဘဝကိုယ်ကြောင်း ကိုယ်လုပ်စရာရှိတာတော့ ကိုယ်ပြီးအောင်လုပ်ရမှာပဲ မဟုတ်လား

အားလုံးပဲ မင်္ဂလာပါ ယနေ့မှာတော့ ဖုန်းထဲက ဖျက်ရခက်တဲ့ App တွေကို playstore ထဲကနေ အလွယ်တကူဖျက်နည်းကိုတင်ဆက်ပေးသွားပါမယ်။ ဒီတစ်ခ
+5
အားလုံးပဲ မင်္ဂလာပါ ယနေ့မှာတော့ ဖုန်းထဲက ဖျက်ရခက်တဲ့ App တွေကို playstore ထဲကနေ အလွယ်တကူဖျက်နည်းကိုတင်ဆက်ပေးသွားပါမယ်။ ဒီတစ်ခါမှာတော့ VD လေးနဲ့ဖော်ပြပေးထားပါတယ်။

အာဖရိက ကလေးငယ်တစ်ဦးမှ သူ့ရဲ့ idolဖြစ်တဲ့ ရော်နယ်ဒို ရဲ့ပုံကို ၉ရက်ကြာ ထုဆစ်ခဲ့ပါတယ်
အာဖရိက ကလေးငယ်တစ်ဦးမှ သူ့ရဲ့ idolဖြစ်တဲ့ ရော်နယ်ဒို ရဲ့ပုံကို ၉ရက်ကြာ ထုဆစ်ခဲ့ပါတယ်

ကိုယ့်စိတ်က တကယ် အရေးမကြီးဘူးဆိုတဲ့ အရာတွေအတွက် လူတွေမှာ အချိန်မရှိကြပါဘူး တကယ်အရေးကြီးတဲ့သူ တကယ် အရေးကြီးတဲ့ အရာတွေအတွက်ဆိုရင် အချိန်ကိုအလိုလိုရှာကြတာပါပဲ လူတိုင်း ၂၄ နာရီပဲရှိတယ် တချိုက အလုပ်ပိုပြီးတယ် တချိုက သိပ်အလုပ်မပြီးဘူးဆိုတာ အရေးကြီးတာတွေကို အချိန်သေချာပေးပြီးမလုပ်လိုပဲ Prioritize လုပ်နိုင်မှ သာ အလုပ်ပိုပြီးနိုင်မယ် မိတ်ဆွေ

Facebook မှာနည်းပညာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အမြဲတင်ဆက်ပေးသွားမယ့် Facebook Page ကို Follow လုပ်ထားဖို့မမေ့နဲ့နော်😍👇 Fa
Facebook မှာနည်းပညာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အမြဲတင်ဆက်ပေးသွားမယ့် Facebook Page ကို Follow လုပ်ထားဖို့မမေ့နဲ့နော်😍👇 Facebook Page Link- https://www.facebook.com/profile.php?id=61561109320196

Messenger မှာ ဖုန်းခေါ်ရင်အသံမကြားရတာ၊ စာပိုလိုမရတာတွေအတွက် ဖြေရှင်းနည်း (၂) မျိုး နည်းလမ်းလေးကအရမ်းလွယ်ကူတာကြောင့် လက်ရှိမိမ
+5
Messenger မှာ ဖုန်းခေါ်ရင်အသံမကြားရတာ၊ စာပိုလိုမရတာတွေအတွက် ဖြေရှင်းနည်း (၂) မျိုး နည်းလမ်းလေးကအရမ်းလွယ်ကူတာကြောင့် လက်ရှိမိမိဖုန်းMessenger မှာ ဖုန်းခေါ်ရင်အသံမကြားရတာ၊ စာပိုလိုမရတာ ဖြစ်နေရင် ပုံမှာပြထားတဲ့အတိုင်းလုပ်ကြည့်လိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။ Messenger နောက်ဆုံးထွက် Version ကိုဒီမှာ ဒေါင်းယူပါ👇 ဆော့ဝဲလ်ဒေါင်းရန်လင့် For Android User - https://mm.nextworm.com/archives/4572 For Ios User - https://mm.nextworm.com/archives/4577 ဆော့ဝဲလ်လမ်းညွှန် Telegram channel - https://t.me/techworlds2023

ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ဝိုင်ဖိုင်တွေရဲ့ PW ကို လမ်းလျှောက်နေရင်း ကြည့်လိုရမယ့်ဆော့ဝဲ။ အိမ်တိုင်းနီးပါးရဲ့ ဝိုင်ဖိုင် P
ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ဝိုင်ဖိုင်တွေရဲ့ PW ကို လမ်းလျှောက်နေရင်း ကြည့်လိုရမယ့်ဆော့ဝဲ။ အိမ်တိုင်းနီးပါးရဲ့ ဝိုင်ဖိုင် PW တွေက ပေါ်နေမှာဖြစ်ပါတယ်။လျှောက်ကြည့်လိုရတယ်ဆိုပေမယ့် သေချာမှတ်ပြီးတော့ ဝိုင်ဖိုင်နားမှာ ရှိနေမှ ချိတ်ဆက်လိုရမှာဖြစ်ပါတယ်။နိင်ငံတကာမှာ အပျော်သဘောမျိုးနဲ့ လျှောက်ကြည့်နေကြတဲ့ဆော့ဝဲဖြစ်လို စမ်းကြည့်ဖို အကြံပေးချင်ပါတယ်။ For Android - https://mm.nextworm.com/archives/3380 For IOS - https://mm.nextworm.com/archives/3384 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

အမေရိကားကို ရောက်လာပြီဆိုရင် ယာဥ်မောင်းလိုင်စင်ဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။👇 လိုင်းကားရှားတဲ့မြိုတွေမှာဆိုရင် ယာဥ်မောင်
အမေရိကားကို ရောက်လာပြီဆိုရင် ယာဥ်မောင်းလိုင်စင်ဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။👇 လိုင်းကားရှားတဲ့မြိုတွေမှာဆိုရင် ယာဥ်မောင်းလိုင်စင်မရှိတဲ့သူတွေဟာ ခြေထောက်မသန်တဲ့လူတစ်ယောက်လိုပါပဲ၊ ကိုယ်က လိုင်းကားရှားတဲ့ မြိုမှာ နေမိပြီဆိုရင် ယာဥ်မောင်းလိုင်စင်က မရှိမဖြစ်လိုအပ်တဲ့အတွက် လိုင်စင်ရဖိုဖြေဆိုရပါတော့မယ်... ဖြေတဲ့အခါလည်း မြန်မာပြည်လို ရေးဖြေနဲ့ မောင်းဖြေ ၂ မျိုးဖြေဆိုရပါတယ်... 👇 အမှတ် ၁၀၀ မှာ ၇၀ ရရင်အောင်ပါတယ်... parallel parking မရလို မပိုင်ရင်လည်း မကျပါဘူး၊ Stop sign မှာလုံးဝ မရပ်ရင်ကျပါတယ်... မီးနီဖြတ်မောင်းရင် အော်တိုကျပါတယ်... ခါးပတ်မပါတ်ရင် ကျပါတယ်... - ဘယ်လောက်မောင်းတတ်ပါစေ၊ စည်းကမ်းမရှိရင် မအောင်ပါဘူး... ဒီအတွက် ပြည်နယ် ၅၃ ခုမှာအမေးများတဲ့ အမေးအဖြေတွေ လိုအပ်ချက်တွေ ကိုတစ်နေရာထဲမှာလေ့လာနိုင်မယ့် ယာဉ်မောင်းလိုင်စင်ဆော့ဝဲလ်လေးကိုမျှဝေလိုက်ပါတယ်။ အကျများတဲ့အတွက် အမေရိကန်မှာ ယာဉ်မောင်းလိုင်စင်ဖြေမယ့် မိတ်ဆွေများဆောင်ကိုဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။👇 For Android - https://mm.nextworm.com/archives/2988 For IOS - https://mm.nextworm.com/archives/2990 အမေရိကားမှာ Driver lincese ဖြေဆိုကြမယ့်သူတိုင်း လွယ်လွယ်ကူကူ၊ ချောချောမောမောနဲ့ တခါတည်းပဲအောင်မြင်နိုင်ကြပါစေ။🥳🥳🥳 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023 တင်ဆက်သူ Victor ။

23.6.2024 မှာ Telegram အသုံးပြုသူများအတွက် ပြင်ဆင်မှုအသစ်နဲ့ အတူ ထွက်ရှိလာတဲ့ Telegram Update Version ( 10.14.0 ) 👌👌👌 .. .
23.6.2024 မှာ Telegram အသုံးပြုသူများအတွက် ပြင်ဆင်မှုအသစ်နဲ့ အတူ ထွက်ရှိလာတဲ့ Telegram Update Version ( 10.14.0 ) 👌👌👌 .. .. .. ဗားရှင်းအသစ်မှာ ဘာတွေပြင်ဆင်ထားသလဲ?⚡️ .. .. .. - Video call ပြောတဲ့အခါ ရုပ်ထွက်ပိုမိုကောင်းမွန်ကြည်လင်လာမှာဖြစ်ပီး file size ကြီးတဲ့ video တွေကိုလဲ ကြည်ကြည်လင်လင်နဲ့ ပိုလိုရမှာဖြစ်ပါတယ်။ - ဗားရှင်းအသစ်မှာ ယခင်သုံးနေကျ ဗားရှင်းထက် သုံးရတာ ပိုပေါ့ပါးမယ်။ - Pin code မကျတဲ့ ပြဿနာကို ပြင်ဆင်ပေးထားတာကြောင့် code မကျသူများသုံးသင့်တယ်။ - ဗားရှင်းအသစ်မှာ ပုံပိုတဲ့ အခါ ပုံမှာ ထည့်လိုရတဲ့ Effect အသစ်တွေ တိုးလာမယ်။ - Telegram Cloud မှာ ဖျက်လိုက်တဲ့ Data တွေကိုပြန်လည်ဒေါင်းယူနိုင်မယ်။ - ပုံပိုတဲ့ အခါ အဆင်ပြေစေဖို Edit Tools (80) ကျော်တိုးထားပေးတဲ့အပြင် Emoji နှစ်ထောင်ကျော်လည်း တိုးထားပေးတာကြောင့် မိတ်ဆွေတိုအတွက် အကျိုးများလို မျှဝေပေးလိုက်ပါတယ်၊⚡️👌 Telegram Latest Version Android Version - https://mm.nextworm.com/archives/4694 IOS Version - https://mm.nextworm.com/archives/4699 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

လူတကာအကြောင်းတွေ လိုက်ပြီး အာရုံစိုက်နေလို ဘာမှထူးမလာနိုင်ဘူး ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်ပြီးတော့ တိုးတက်ပြောင်းလဲအောင်လုပ်နိုင်မှသာ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာနိုင်မယ် တော်တဲ့ တတ်တဲ့သူတွေဆိုတာ သူတိုကိုယ်သူတို အာရုံပိုစိုက်ခဲ့တဲ့ အချိန်တွေရဲ့ ပေါင်းခြင်းရလဒ်ပဲ

ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။ Bangkok ကိုရောက်တာနဲ့ Sky Train စီးတော့မယ
ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။ Bangkok ကိုရောက်တာနဲ့ Sky Train စီးတော့မယ်ဆိုရင်သိထားသင့်တဲ့ Bangkok BTS Route Guide👇👇✊ Android Version- https://mm.nextworm.com/archives/3591 BTS - Application Download လုပ်ရန် IOS version👇👇 - https://mm.nextworm.com/archives/3595 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023 ဘန်ကောက်မှာ BTS လမ်းကြောင်းနှစ်ခုရှိပြီး SILOM LINE နှင့် 🚉SUKHUMVIT LINEတိုပဲဖြစ်ပါတယ်။ SILOM LINE ကတော့ အနောက်မှ တောင်သိုပြေးဆွဲတာဖြစ်ပြီး Siam Shopping Area မှာရှိတဲ့ the National Stadium နှင့် ကျောက်ဖုရာမြစ်ကိုဖြတ်သန်းပြီးThonburiကနေBang Waသိုအထိပဲဖြစ်ပါတယ်။ SUKHUMVIT LINE ကတော့ မြောက်မှအရှေ့ ဖြစ်တဲ့ Ha Yaek Lat Phrao နှင့် Kheha အထိပဲဖြစ်ပါတယ်။ ဒီ BTS Route နှစ်ခုက Siam Stationဆုံကြပြီး underground (MRT) နှင့် လေးနေရာဆက်သွယ်ထားကြပါတယ်။ အဲ့ဒီနေရာတွေကတော့ Sala Daeng Station (Silom Line) and Asok, Mo Chit and Ha Yaek Lat Phrao stations (Sukhumvit Line) တိုပဲဖြစ်ပါတယ်။ ⏱3-6 minutesတိုင်းရထားအသစ်တစ်စီးဆိုက်ရောက်ပြီး 6.30am and midnightကြားပြေးဆွဲပါတယ်။ နောက်ဆုံးရထားကတော့ 11.30pm and 11.50pmကြားမှာထွက်ခွာပါတယ်။ သတိထားရမှာကတော့ ရထားတွေက မနက် 7am to 9amရယ် 4pm to 7pmကြားများလူတွေပြည့်ကျပ်နေတတ်ပါတယ်။ ဒီလိုအချိန်တွေ ဘန်ကောက်မှာရုံးတက်ရုံးဆင်းတွေလူတွေ အလုပ်သွားတဲ့အချိန်နှင့် အလုပ်ပြန်ချိန်တွေပဲဖြစ်ပါတယ်။ ဓာတ်လှေကားရတဲ့ stations တွေကတော့ Mo Chit, Siam, Asok, On Nut and Chong Nonsiတိုပဲဖြစ်ပါတယ်။ BTS Tourist Information Centersကတော့ Siam, Nana and Saphan Taksin stationsတိုမှာတွေ့ရှိနိုင်ပါတယ်။ BTS city mapတွေကိုတော့ ဘယ်stationsမှာပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်ပါတယ်။ Fares and Skytrain Passes ဈေးနုံးသက်သာစွာနှင့် Skytrainကိုစီးဖိုဆိုလျှင်တော့ BTS Rabbit cardsကိုပြုလုပ်ထားသင့်ပါတယ်။ တစ်ဘူတာကို15 bahtကနေပြီး တစ်ရက်တာမှာ BTS အသုံးပြုပြီးသွားလာနေတဲ့သူတွေအတွက် ဒီ BTS Rabbit cardsကိုအသုံးပြုသင့်ပါတယ်။💡 One-day Pass တစ်ရက်လုံးကို 150 ဖြင့် Unlimited သွားလာနိုင်ပါတယ်။☺️☺️Standard Rabbit Card / Stored Value Cardsဒီကဒ်ကိုအသုံးပြုမယ်ဆိုလျှင်တော့ ဘတ် 100 ထည့်ထားပြီး ဘတ် ၂၀၀ဖိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

လိုင်းဆွဲအားအကောင်းဆုံး VPN(၆)မျိုး VPN အခက်ခဲရှိသူများအတွက် လိုင်းဆွဲအားကောင်းတဲ့ VPN တွေကို အသစ်ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ P
လိုင်းဆွဲအားအကောင်းဆုံး VPN(၆)မျိုး VPN အခက်ခဲရှိသူများအတွက် လိုင်းဆွဲအားကောင်းတဲ့ VPN တွေကို အသစ်ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Psiphon Pro Android Version - https://mm.nextworm.com/archives/4663 Psiphon Pro ISO Version - https://mm.nextworm.com/archives/4667 Proton VPN Android Version - https://mm.nextworm.com/archives/4672 Proton VPN IOS Version - https://mm.nextworm.com/archives/4676 Thunder VPN Android Version - https://mm.nextworm.com/archives/4261 Thunder VPN IOS Version - https://mm.nextworm.com/archives/4268 GOVPN - Fast & Secure Android Version - https://mm.nextworm.com/archives/4683 GOVPN - Fast & Secure IOS Version - https://mm.nextworm.com/archives/4679 GreenNet VPN Android Version - https://mm.nextworm.com/archives/4212 GreenNet VPN IOS Version - https://mm.nextworm.com/archives/4218 Titan VPN Android Version - https://mm.nextworm.com/archives/4687 Titan VPN IOS Version - https://mm.nextworm.com/archives/4691

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ Facebook က ကိုယ်ကြိုက်နှစ်သက်တဲ့ Video များကို Login ဝင်ဖိုမလိုပဲ အလွယ်တကူဒေါင်းယူနည်း
+3
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့ Facebook က ကိုယ်ကြိုက်နှစ်သက်တဲ့ Video များကို Login ဝင်ဖိုမလိုပဲ အလွယ်တကူဒေါင်းယူနည်းကိုတင်ပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။ ဆော့ဝဲလ်ကို ဒီနေရာမှာဒေါင်းယူနိုင်ပါသည်။ For Android - https://mm.nextworm.com/archives/4513 For IOS - https://mm.nextworm.com/archives/4519

ငပေါလုပ်လိုက်လို ပိုက်ဆံရတာကို လက်ခံလိုက်ရင် တစ်ဘဝလုံး ငပေါအဖြစ်နေမှ ပိုက်ဆံရသူဖြစ်သွားလိမ့်မယ် ပိုက်ဆံဆိုတာ တစ်ခါတစ်လေမှာ ကိုယ်ကရတာကိုပဲ ကြည့်လိုမဖြစ်ဘူး ပြန်ပေးဆပ်လိုက်ရတာတွေကိုလဲ မြင်တတ်ဖိုကလိုသေးတယ်

Repost from V Tech Guide
Youtube က သီချင်းတွေ ဗီဒီယိုတွေကို Mb သက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန် ဒေါင်း ယူချင်တယ်ဆိုရင် ဘယ်မှာမှ ရှာလိုမရတဲ့ ဒီဆော့ဝဲလေး ဆေ
+4
Youtube က သီချင်းတွေ ဗီဒီယိုတွေကို Mb သက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန် ဒေါင်း ယူချင်တယ်ဆိုရင် ဘယ်မှာမှ ရှာလိုမရတဲ့ ဒီဆော့ဝဲလေး ဆောင်ထားလိုက်ပါ ယူကျူ့ကဗီဒီယိုတွေကို Audio သီးသန့်ဒေါင်းပြီး Mp3 အဖြစ်နဲ့ သီချင်းနားထောင်နိုင်သလို ၊ Video ကိုလဲ မူလ အရည်အသွေးမပျက်စေပဲ ‌20Mb လောက်နဲ့ အကြည်ဒေါင်းယူနိုင်မှာပါ ဆော့ဝဲ ကို ဒီမှာ ဒေါင်းယူပါ For Android - https://mm.nextworm.com/archives/4541 For IOS - https://mm.nextworm.com/archives/4528

🚎🚎 မဟာချိုင်ကနေ - ဘန်ကောက် မြိုထဲ ထိ တစ်ဆင့်ထဲစီးပြီ မြိုထဲရောက်ရှိ တဲ့တိုက်ရိုက် ပြေးဆွဲတဲ့ လိုင်ကား နံပါတ် လေတွေနဲ့ ပြေးဆ
🚎🚎 မဟာချိုင်ကနေ - ဘန်ကောက် မြိုထဲ ထိ တစ်ဆင့်ထဲစီးပြီ မြိုထဲရောက်ရှိ တဲ့တိုက်ရိုက် ပြေးဆွဲတဲ့ လိုင်ကား နံပါတ် လေတွေနဲ့ ပြေးဆွဲရောက်ရှိတဲ့ လမ်းနေရာ တွေကိုပါ စုစည်းပေးလိုက်တာပါ မဟာချိုင်--ဘန်ကောက် လိုင်ကားနံပါတ်တွေကတော့(.7 အဲကွန်ကား / .68 အဲကွန်ကား ) .7 အဲကွန်ကား( ဝေါလ်လဖွန်ရ် ဘန်ကောက် ရထား ဘူတာကြီး -- မဟာချိုင် ) ( မဟာချိုင်စျေးကြီး/ ဆမွတ်ဆာခွန်ရ် (မဟာချိုင်ဆေးရုံ)/ အေကေချိုင်လမ်း/အေကေချိုင်ဆေးရုံ/ဖိုရ်ကျဲ့/ဘန်ဘော 3 လမ်း /ဖိကစင်လမ်းခွဲ/ဖိကစင်လမ်းမကြီး/ ဒမောဘန်ခဲ/ဘန်ခဲစျေး/စီကွန်ရ်ဘန်ခဲကုန်တိုက် /ဘန်ဖိုင်ရ်ဆေးရုံ/ဖိကစင်လမ်း/ဝန်ဝင်ရိုင်ရ်အဝိုင်း/ဘန်ခက်လမ်းဆုံ/ဖောင်ဝလတ်/ရဝလတ်/စံဖိန်ရ်စျေး/ခေါင်ရ်ထွန်စျေး/စေရ်ပါ ဖုန်းပစ္စည်းစျေး/ ဝေါလ်လဖွန်ရ် ဘန်ကောက် ရထားဘူတာကြီး) .68 အဲကွန်ကား ( မြဘုရား -- မဟာချိုင် ) ( မဟာချိုင်စျေးကြီး/ ဆမွတ်ဆာခွန်ရ် (မဟာချိုင်ဆေးရုံ)/ မေရ်မိ?🚎🚎 (နောက်ဆုံးထွက် ဗားရှင်းဖြစ်လို ကိုယ့်ဖုန်းမှာ ရှိနေရင်တောင် Update ဒေါင်းထားလိုက်ပါ) For Android - https://mm.nextworm.com/archives/1602 For IOS - https://mm.nextworm.com/archives/2868 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023