fa
Feedback
V Tech Guide

V Tech Guide

رفتن به کانال در Telegram
6 467
مشترکین
-1224 ساعت
-477 روز
-19030 روز
آرشیو پست ها
2025 မှာ စာအုပ် ၅ အုပ်ပဲ ပြီးအောင်ဖတ်မယ်ဆိုရင် အချိန်ပေးရတာနဲ့ တန်အောင် အကျိုးရှိစေမယ့် စာအုပ် ၅ အုပ် ၁. Start With Why ကိုယ်လုပ်နေတာတွေက ဘာကြောင့်မို့လုပ်နေရတယ်ဆိုတာ သိပြီးလုပ်တဲ့သူဖြစ်လာဖို့ အတွက် အကောင်းဆုံးစာအုပ်လို့ပြောလို့ရတယ် ၂. Measure What Matter တိုင်းတာမှုမှားနေရင် တိုးတက်အောင်လုပ်ရတာခက်တယ် ဒါကြောင့်ဘာတွေကို အရေးပေးပြီး ဘာတွေကို အာရုံစိုက်ရမလဲသိစေဖို့ ဖတ်ကြည့်သင့်တယ် ၃. The Thing you can see only when you slow down လောလောလောလော နဲ့ လူ့ဘဝကို ဖြတ်သန်းနေထိုင်နေရင် ကိုယ့်ဘဝကြီးကို ရုပ်ရှင်ရစ်ပြီးကြည့်သလို ဖြစ်နေလိမ့်မယ် စိတ်ကိုဘယ်လိုထားပြီး လောကအမြင်ကို ဘယ်လိုရှိရမယ်ဆိုတာ ပြောပြထားတဲ့ စာအုပ်ကောင်းလေးဖြစ်တယ် ၄. Never split the difference လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဆွေးနွေးမှုတွေလုပ်တဲ့အခါ ကိုယ်လိုချင်တာကိုပြောနိုင်ဖို့အတွက် ဖတ်ကြည့်သင့်ပါတယ် ၅. Almanac of Naval Ravikant စီပွားရေး ပျော်ရွှင်မှု ဘဝနေထိုင်မှု အတွေးအမြင်တွေအတွက် အကောင်းဆုံးစာအုပ်လို့တောင်ပြောလို့ရတယ် ဖတ်ကြည့်ကြည့်ပါ စာမျက်နှာတိုင်းမှာ မှတ်သားစရာတွေတွေ့ရပါမယ် crd- kolapyae

ရတာလေးနဲ့ကြေနပ်ပြီး ဘဝကြီးကိုဖြတ်သန်းနေရင် မလုပ်ချင်တာတွေလုပ်ရင်း ဘဝကြီးကိုဖြတ်သန်းနေရလိမ့်မယ် You deserve better life ✌🏻 Test your limits 😉 မွေးထဲက အကုန်သူ့အလိုလို ပညာတတ်တဲ့သူမရှိဘူး ပညာတစ်ခုရဖို့ လေ့လာမှုသင်ယူမှုနဲ့ ကြိုးစားမှုဆိုတာလိုအပ်တယ် ကိုယ်ဘယ်လောက်ထိ လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို မသိပဲသေသွားတဲ့သူတွေမှ အများကြီး ဘာလို့ အဲ့လိုဖြစ်ရသလဲဆိုတော့ ကိုယ့်ကိုယ်ကို စမ်းသပ်မှုတွေလုပ်မကြည့်လို့ပဲ ပန်းချီမဆွဲကြည့်ပဲ ပန်ချီမတော်ဘူးပြောမရဘူး Computer မသင်ဘူးပဲ IT ညံ့တယ်လို့ပြောမရဘူး ၁၀ ပေါင်အလေးလောက်ပဲမပြီး ငါဒီလောက်ပဲနိုင်တယ်လို့ပြောလို့မရဘူး ကိုယ့်ရဲ့ လုပ်ကိုင်နိုင်ရည်တွေသိဖို့ ကိုယ်နဲ့ဘာကိုက်လဲဆိုတာကိုသိဖို့က သင်ယူမှုတွေလုပ်ပြီး စမ်းသပ်ဖို့လိုတယ်

တစ်ခုခုကို တကယ်လိုချင်ပြီဆိုရင် လိုချင်နေတာနဲ့တင်မရဘူး အဲအတွက် - အစီအစဉ်ဆွဲပါ - အချိန်ပေးပါ - တကယ်လုပ်ပါ - အာရုံပိုစိုက်ပါ - သစ္စာရှိပါ - စတေးရမယ့်အရာတွေ စတေးပါ

ကမ္ဘာ့ အကောင်းဆုံး Focus ကောင်းတဲ့ဆေးရှိတယ် ဘေးထွက်ဆိုးကျိုးလဲမရှိ တစ်ပြားမှလဲပေးစရာမလိုဘူး တခြားတော့မဟုတ်ဘူး အိပ်ရေးဝအောင်အိပ်ဆက်အနားယူခြင်းပဲ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က အာရုံစိုက်ဖို့အတွက် ခက်ခဲတယ် Sleep well and get your focus back

လွယ်လွယ်ကူကူအလုပ်တွေကို ခက်ခက်ခဲခဲလုပ်ဖို့ System တွေ tools တွေမရှာပါနဲ့ သင်ရင်းလေ့လာရင်းနဲ့ အချိန်မကုန်ပါနဲ့ ပလုတ်ကျင်းလို့ပြောင်ရင် Battery သွားပွတ်တံမလို ကိုယ်တကယ်လုပ်ရမယ့်အရာတွေကို လုပ်ဖို့အတွက် အချိန်နဲ့ ခွန်အားချန်ထားဖို့လိုတယ် မြန်မယ့်လမ်းတွေရှာရင်း အချိန်ပိုကြာတဲ့သူမဖြစ်စေနဲ့

ငပိချက်ကြိုက်တာကို လူထင်သေးမှာစိုးလို့ caviar မှကြိုက်တယ်လုပ်နေဖို့မလို မွဲနေတာကို လူထင်သေးမှာစိုးလို့ ရှိချင်ယောင်တောင်ပြီး အထာကျပြနေဖို့မလို မတတ်တာကို လူထင်သေးမှားစိုးလို့ စကားလုံးအကြိးကြီးတွေနဲ့ အထင်ကြီးအောင်လုပ်ပြနေဖို့မလို ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့လဲပြီးမှရတဲ့ လူရာဝင်မှုက ကျနော့်အတွက်တော့ ဈေးကြီးတယ် ဟန်ဆောင်စကားအပိုတွေလဲ မပြောတတ်တော့ ဟန်ဆောင်လူသားတွေနဲ့ တွေ့ရမှာလဲရှောင်တယ် ကိုယ့်ကိုယ်ကိုရော သူများကိုရော လိမ်စရာမလိုတဲ့ life style ပဲကြိုက်တယ်

အနာဂါတ်အတွက် အချိန်ပေးဖိုမမေ့ပါနဲ့ တခါတလေ နေ့စဉ်အလုပ်တွေကြားမှာ ဗျာများပြီး၊ အနာဂတ်အတွက် အချိန်ပေးဖို မေ့နေတတ်ကြတယ်။ ဒီနေ့ရဲ့ ပြဿနာတွေ၊ မီးတွေကို ငြှိမ်း‌ဖို အရေးကြီးတာမှန်တယ်။ ဒါပေမယ့် ကိုယ်ရည်မှန်းထားတဲ့ အနာဂတ်အိပ်မက်တွေဆီ လမ်းခင်းပေးမယ့် အသစ်သင်ယူတာ၊ စာအုပ်စာပေ လေ့လာတာ၊ ဘာသာစကား လေ့ကျင့်တာ၊ Skills တွေ ပိုထက်လာအောင် လက်သွေးတာ၊ ဒါတွေရဲ့ စွမ်းပကားကိုလည်း လျှော့မတွက်နဲ့။ တစ်နေကုန် ခြေကုန်လက်ပန်းကျတဲ့ကြားက အလဟဿ အပင်ပန်းထပ်ခံနေရတယ်လို မမြင်နဲ့။ လက်ရှိမှာ ကိုယ့်ကို အဆင်ပြေ၊ နေနိုင်ရုံ၊ စားနိုင်ရုံ ထားနိုင်တဲ့ အလုပ်တွေက ကိုယ်လိုချင်တဲ့ အမြင့်ကို ခေါ်သွားနိုင်ဖိုခက်တယ်။ နည်းတယ်၊ များတယ် သဘောမထားဘဲ တစ်နေ့ကို မိနစ် ၂၀၊ နာရီဝက်၊ တစ်နာရီ ကိုယ်နိုင်သလောက် အချိန်နည်းနည်းစီ ဖယ်ထားပြီး ဖြည်းဖြည်းမှန်မှန် အုတ်မြစ်ချသွားရင် တစ်ချိန် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်ပိုပေးမယ့် လှေကားထစ်တွေ ရုပ်လုံးပေါ်လာမှာ သေချာပါတယ်။

ဒီအပိုင်းကို လူ တကာ ကြိုက်ချင်မှ ကြိုက်မယ် ကိုယ်ကတော့ သဘောကျတယ်။ ပေါင်မုန့်နဲ့ ထီ လက်မှတ်ဆို ထီ လက်မှတ်ကို ရွေး ကြတယ်။ ကိုယ်န
ဒီအပိုင်းကို လူ တကာ ကြိုက်ချင်မှ ကြိုက်မယ် ကိုယ်ကတော့ သဘောကျတယ်။ ပေါင်မုန့်နဲ့ ထီ လက်မှတ်ဆို ထီ လက်မှတ်ကို ရွေး ကြတယ်။ ကိုယ်နဲ့ ကိုဖြူတုတ်ကတော့ ပေါင်မုန့်ကိုပဲ ရွေးကြတယ်။ ထီ ထ ပေါက်သွား တဲ့ သူရှိလို ငါရွေးလိုက်ရင် ကောင်းသားထက် ပေါက်နိုင်တဲ့ ထီ လက်မှတ်ကို ရဦးမှ လို တွေးလိုက်မိကြတယ်။ လောကကြီးမှာ အသေချာဆုံးဖြစ်တဲ့ ကိုယ့်မျက်စိရှေ့မှာ မြင်ရတဲ့ အခွင့်အရေးကို တော်တော်များများက လက်လွှတ်တတ်ကြတယ်။ ဒီထဲမှာ ကိုယ်လဲ ပါခဲ့တယ် နောက်ပိုင်း တဖြည်းဖြည်း သိလာတာက အခွင့်အရေးဆိုတာ နှစ်ကြိမ် မရတတ်ဘူး ဆိုတာပဲ။ ရတဲ့ အခွင့်အရေးကို လက်လွှတ်မဆုံးရှုးဖိုလိုတယ် ဆုံးရှုးသွားပြီးမှ နှမြောလိုက်တာ လိုပြောမယ့်အစား မဆုံးရှုးခင်ထဲက ရွေးချယ်မှု မှန်ကန်ဖို လိုအပ်တယ်။

$20 တန် Perplexity pro ကို တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး $20 တန် Perplexity pro ကို တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး htt
$20 တန် Perplexity pro ကို တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး $20 တန် Perplexity pro ကို တစ်လ အခမဲ့ သုံးလို့ရမယ့် link လေး https://www.perplexity.ai/

Repost from Share Movies Zone
The Demon Hunter Season 2 ( ဘယ်မှာမှ မရသေးတဲ့ အပိုင်း ၅ ) ✨ အပိုင်း ၅ ထိ ရပါပြီ ✨ Channel ကို အရင်Join ပေးပါ Joinရန် 👉 https
+1
The Demon Hunter Season 2 ( ဘယ်မှာမှ မရသေးတဲ့ အပိုင်း ၅ ) ✨ အပိုင်း ၅ ထိ ရပါပြီ ✨ Channel ကို အရင်Join ပေးပါ  Joinရန် 👉 https://t.me/+8wWHlsuwa3FkYjhl ဇာတ်ကားကြည့်ရန် 👉 https://t.me/yoyarempire/20

တရားမဝင်ဈေးကွက်မှာ နှလုံးတစ်ခုက ဒေါ်လာ ၁၉၀၀၀၀ နဲ့ ၂၃၀၀၀၀ ကြားရှိတယ် ။ ကျောက်ကပ်တစ်ခုကို ဒေါ်လာ ၅၀၀၀ ကနေ ၁၂၀၀၀ ကြား အဆုပ်တစ်ဖက်ကို ၁၅၀၀၀၀ နဲ့ ၂၉၀၀၀၀ ကြား အသည်းဆို ဒေါ်လာ ၉၉၀၀၀ နဲ့ ၁၄၅၀၀၀ ကြား မုန့်ချိုအိတ်က ၁၁၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြား တန်ဖိုးရှိတယ် ။ ဒါ တရားမဝင်အောက်ဈေးလောကမှာ ။ တရားဝင် ဈေးကွက် ခွဲစိတ်ကုသမှုတွေက US မှာဆို ဒေါ်လာသန်းချီရှိတယ် ။ ကျန်းမာတာ ချမ်းသာတာပဲဆိုတာ အလကားပြောတာမဟုတ်ဘူး ။ ခင်ဗျားမြန်မာပြည်မှာနေနေတာ ။ တစ်သက်လုံး ရှာလို့ ဒေါ်လာ ၁ သိန်း ( လက်ရှိပေါက်ဈေး မြန်မာငွေ သိန်း ၄၀၀၀ ခန့် ) ရဖို့ဆိုတာ မလွယ်ကူဘူး ။ ဒါက အင်္ဂါအစိတ်အပိုင်းအချို့အတွက်ပဲပြောတာ ။ ခင်ဗျားရဲ့ ဦးနှောက် ၊ မျက်လုံး ၊ လျှာ ၊ အာရုံကျော ၊ အရိုးတွေ အရေပြားတွေ ၊ အကုန်လုံးကို တန်ဖိုးသင့်လိုက်ရင် ဒေါ်လာ ၂၅ သန်းလောက်ထွက်တယ်လို့ပြောတယ် ၊ လူ့ခန္တာကိုယ်တစ်ခုက အဲ့လောက်တန်ဖိုးရှိတယ် ။ ပိုက်ဆံ သိန်းတစ်သောင်းလောက်ချမ်းသာတဲ့သူဌေးတစ်ယောက် ဆေးတွေမဆင်မခြင်သောက်ပြီး သို့မဟုတ် ဆီးချိုကို သေချာမထိန်းမိလိုက်လို့ ကျောက်ကပ်ပျက်ကြည့် ၊သူချမ်းသာသမျှဟာ သူ့ဆေးဖိုးနဲ့တင် ပြန်မွဲသွားလိမ့်မယ် ၊ ကျမ်းမာတာက ချမ်းသာတာပဲ ။ ဘယ်လောက်ချမ်းသာချမ်းသာ ဘာမှမစားနိုင်ရင် ၊ အပူအအေးကို အရသာမခံစားနိုင်ရင် ဘယ်မှ မသွားနိုင်ရင် ငွေပုံပေါ်ထိုင်ပြီး ငရဲကျနေသလို ခံစားရမှာ ။ ဒီလိုပြောလို့ ချမ်းသာအောင်မလုပ်နဲ့ ကျန်းမာအောင်ပဲလုပ်လို့ ဆိုလိုတာမဟုတ်ဘူး ။ ကျန်းမာရေးဟာ ချမ်းသာဖို့ရော ချမ်းသာရင်ခံစားနိုင်ဖို့ရော ချမ်းသာပြီးမှ ကိုယ့်စည်းစိမ်တွေ မြန်မြန်‌ပြောင်မသွားစေဖို့ရော အရေးပါတယ်ဆိုတာကို သိစေချင်တာ ။ စိတ်ဖိစီးလို့ဆိုပြီး ဒေါ်လာ ၁၅၀၀၀၀ အောက်ထစ်တန်ဖိုးရှိတဲ့ အဆုပ်ကို ဆေးလိပ်သောက်ပြီး ဖျက်ဆီးနေတာတွေ ၊ ‌ဒေါ်လာ ၁ သိန်းလောက်တန်ဖိုးရှိတဲ့ အသည်းကို အရက်နဲ့ ဖျက်ဆီးနေတာတွေ ၊ ခဏတာ အကိုက်အခဲသက်သာအောင် ဒေါ်လာ ၁ သောင်း‌လောက်တန်ဖိုးရှိတဲ့ ကျောက်ကပ်ကို အကိုက်အခဲပျောက်ဆေးသောက်ပြီး ဖျက်ဆီးနေတာတွေဟာ တကယ့်ကို နှမြောစရာကောင်းတယ် ။ တကယ်လို့ ခင်ဗျားက အရင်က နေချင်သလိုနေ စားချင်သလိုစားခဲ့မိရင်တောင် အခုကစပြီး ကိုယ့်ရဲ့ကျန်းမာခြင်းတန်ဖိုးတွေကို သိလာရင် ကျန်းမာရေးကို ဦးစားပေးတဲ့ နေထိုင်မှုကို ပြောင်းလဲဖို့ အကြံပြုတိုက်တွန်းချင်တယ် ။ လမ်းလျှောက် ၊ ရေသောက် ၊ အဟာရမျှတအောင်စား ၊ အိပ်ရေးဝဝအိပ် ၊ ပေါက်ကရတွေလျှောက်စားလျှောက်သောက်တာတွေရပ် ၊ ဒေါ်လာ ၂၅ သန်းတန်ခန္တာကိုယ်ကို ကောင်းစွာတန်ဖိုးထား ထိန်းသိမ်းလိုက်ပါ ။

Merry Christmas လက်ဆောင် ကျွန်တော်တို့ဘဝ Santa Claus မပေးလည်းအမြဲတမ်းရနေတဲ့လက်ဆောင်ရှိပါတယ် ဒီလက်ဆောင်တွေကိုမိတ်ဆွေတွေ သတိမထားမိကြဘူး ၁ ကျွန်တော်တို့အသက်ရှင်သန်နေသေးတယ် ၂ မနက်ဖြန်တိုင်းမှာ ကျွန်တော်တို့နိုးထခွင့်ရှိနေသေးတယ် ၃ ကျွန်တော်တို့နားမှာ ကျွန်တော်တို့ကို ချစ်တဲ့သူတွေရှိနေသေးတယ် ဒါတွေက ကျွန်တော်တို့အတွက် သဘာဝကြီးက ပေးထားတဲ့ လက်ဆောင်တွေပါ ဒီလက်ဆောင်တွေကို မိတ်ဆွေများမြင်နိုင်ပြီး တန်ဖိုးထားနိုင်ကြပါစေ၊ အားလုံးပဲ Merry Christmas ပါ 🎇🎇

Repost from Share Movies Zone
နွားကျောင်းသားလေး အပိုင်း သစ် ရပါပြီ အပိုင်း (၁၀) ကို ကြည့်လိုရပါပြီနော် ‼️ဘယ်မှာမှ မရသေးတဲ့ အပိုင်း (၁၀)‼️ ကြည့်ရန်လင့် _ ht
နွားကျောင်းသားလေး အပိုင်း သစ် ရပါပြီ အပိုင်း (၁၀) ကို ကြည့်လိုရပါပြီနော် ‼️ဘယ်မှာမှ မရသေးတဲ့ အပိုင်း (၁၀)‼️ ကြည့်ရန်လင့် _ https://t.me/+DSB0w_PvpD03ZDll Channel ကို Join ထားပါ - https://t.me/+DSB0w_PvpD03ZDll

" ငွေ သိပ်မရှာနိုင်လို့ တန်ဖိုး မမဲ့သလို ငွေအရမ်းရှာနိုင်လို့ တန်ဖိုး ပိုရှိမနေပါဘူး " လူ့တန်ဖိုးက ရတဲ့ဝင်ငွေ၊ လစာပေါ် မူတည်တာ မဟုတ်ပါဘူး။ ရိုနယ်ဒိုရဲ့ပိုင်ဆိုင်မှု အကုန်ပေါင်းလို့ ဒေါ်လာ ၁ ဘီလျံ တောင်မပြည့်ပေမယ့် ကမ္ဘာကိုကင်းလောကရဲ့ ဘုရင်ဖြစ်ခဲ့တဲ့ ပါဘလို အက်စကိုးဘားရဲ့ ပိုင်ဆိုင်မှုက သူသေဆုံးချိန်မှာ ဒေါ်လာ ဘီလျံ ၇၀ ရှိပါတယ်။ အဆပေါင်းများစွာ ကွာပါတယ်။ ဒါပေမယ့် ကောင်းတဲ့နည်းလမ်းနဲ့ ရလာတဲ့ငွေ မဟုတ်လို့ နာမည်ဆိုးနဲ့ပဲ ကျော်ကြားတာပါ။ သူ့ရဲ့ မူးယစ်ဆေးကြောင့် လူသန်းနဲ့ချီ ဘဝပျက်ခဲ့ကြရတယ်။ ကမ္ဘာနိုင်ငံ အသီးသီးကလူတွေက သူ့ကိုရွံကြတယ်။ ငွေရှိပေမယ့် ဂုဏ်သိက္ခာမရှိတဲ့သူလို့ သတ်မှတ်ကြတယ်။ " ဒါကြောင့် ငွေဘယ်လောက်ရှိနေလဲ၊ ငွေဘယ်လောက် ဝင်နေလဲ ဆိုတာထက် ငွေဘယ်လိုရှာနေလဲက သိပ်အရေးကြီးပါတယ် " ကိုယ့်ဝင်ငွေက ဘယ်လောက်ဖြစ်နေနေ ကိုယ်ရှာတဲ့ငွေတွေအထဲမှာ သူများမျက်ရည်တွေ၊ သူများအသက်တွေ မပါနေသရွေ့ ဘာမှရှက်စရာမရှိပါဘူး။ ကျိကျိတက် ချမ်းသာနေတဲ့လူတွေက လမ်းဘေး စျေးရောင်းနေတဲ့လူတွေထက် ပိုတန်ဖိုး ရှိမနေပါဘူး။ လူလူချင်းအတူတူပါပဲ။ ငွေပိုပြီးရှိလို့၊ ငွေပိုပြီး သုံးနိုင်လို့ တန်ဖိုးကြီးတဲ့ နေရာတွေမှာ နေနိုင်၊ သွားနိုင်၊ စားနိုင်တာပါ။ ငွေသိပ်မသုံးနိုင်တဲ့ လူထက် ပိုပြီး တန်ဖိုးရှိနေတာ မဟုတ်ပါဘူး။ လူ့တန်ဖိုးက သူရှိနေလို့ သူ့ပတ်ဝန်းကျင်မှာ ဘယ်လောက် အထောက်အကူပြုနေလဲ။ သူရှိနေလို့ သူ့ရပ်ဝန်းလေး ဘယ်လောက်အထိ အဆင်ပြေသွားလဲ။ သူမရှိရင် သူ့ပတ်ဝန်းကျင်မှာ ဘာတွေ ဆုတ်ယုတ်သွားနိုင်လဲ ဆိုတာနဲ့ တွက်ချက်ရတာပါ။ အသက်ရှင်နေထိုင်ဖို့ ငွေလိုအပ်ပါတယ်။ ငွေရှိတာလည်း ကောင်းပါတယ်။ ငွေသိပ်မရှာနိုင်လို့ တန်ဖိုးမမဲ့သလို ငွေအရမ်းရှာနိုင်လို့ တန်ဖိုးပို ရှိမနေပါဘူး။ လူ့တန်ဖိုးက ငွေပေါ် မမူတည်ဘူး။ လူလူချင်းစာနာတတ်ဖို့ရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လောက် အကျိုးပြုနေလဲနဲ့ ဆုံးဖြတ်ရတာပါ။

ဘဝကို တသက်လုံး ဒီလိုပဲ နေသွားရမယ် မထင်ပါနဲ့။ လူတိုင်းသူ့အချိန်နဲ့သူရှိကြတယ်။ မဖြစ်လာနိုင်တာ မရှိဘူး။ မဖြစ်သေးတာပဲရှိတာပါ။ စိတ်ဓာတ်မကျပါနဲ့။ တခုတော့သတိထားပါ။ ဒုက္ခအရမ်းရောက်လို့ ဆိုပြီး အရှုံးပေးဖို့တော့ လုံးဝမတွေးပါနဲ့။ စိတ်ညစ်လို့ဆိုပြီး မူးယစ်ဆေးနဲ့ အရက်ကို အလွန်အကျွံမလုပ်မိပါစေနဲ့။ ဒါတွေလုပ်မိရင်တော့ ပန်းတိုင်က ပိုဝေးမှာပါ။ အခုဘာတွေပဲ ကြုံရ ကြုံရ ဘယ်လိုအခြေအနေပဲ ဖြစ်နေဖြစ်နေ " ခဏပဲ " လို့တွေးပါ။ ငါဘာလုပ်ရမှန်းမသိဘူး လမ်းပျောက်နေတယ်ဆိုပြီး စိတ်ဓာတ်မကျနဲ့။ အဆင်ပြေနေကြတဲ့လူတိုင်း မဟုတ်ရင်တောင် အများစုက လမ်းပျောက်ခဲ့ဖူးကြပါတယ်။ တေဇာဆိုတဲ့ ကျော်ဟိန်းကားထဲမှာ ကျော်ဟိန်း ပြောသွားတဲ့စကားလေးနဲ့ နောက်ဆုံး အားပေးချင်တယ်။ " ငါအတိအကျ ပြောနိုင်တာက ဆင်းရဲတဲ့လူတိုင်းက လူညံ့တွေ မဟုတ်ဘူးဆိုတာ မှတ်ထား " တဲ့။ ဆင်းရဲတာ ဘဝပေးအခြေအနေကြောင့်ပါ။ ဆင်းဆင်းရဲရဲ မွေးလာတာလည်း အပြစ်မှ မဟုတ်တာ။ ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့ မသေသွားအောင်တော့ ကြိုးစားကြည့်ပေါ့။ ကြိုးစားခွင့်လည်း ရှိနေပါတယ်။ စိတ်ဓာတ် မကျပါနဲ့။ လမ်းပျောက်နေလည်း အားမငယ်နဲ့။ " ဆင်းရဲတဲ့ လူတိုင်းက လူညံ့တွေမှ မဟုတ်ကြတာ။ " Fighting ! - Are you lost မှ ကောက်နှုတ်ချက်အချို့

ပြင်မရတဲ့ အတိတ်တွေပေါ်မှာ ဘူနေတာထက်စာရင် လက်ရှိမှာ အပြည့်အဝနေထိုင်လိုက်တာက ပိုအကျိူးရှိတယိ

၁ လပိုင်း ၁၉ ရက်နေ့ မှာ အမေရိကန်က Tiktok ကိုဘန်းပါပြီ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ယူသုံးတယ်ဆိုတဲ့စွဲချက်အပြင် တရုတ်အပိုင
၁ လပိုင်း ၁၉ ရက်နေ့ မှာ အမေရိကန်က Tiktok ကိုဘန်းပါပြီ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ယူသုံးတယ်ဆိုတဲ့စွဲချက်အပြင် တရုတ်အပိုင် ဖြစ်နေတာကြောင့်လည်း ပါတယ် အမေရိကန်အပိုင် အဖြစ် ရောင်းပေးဖို့ ကမ်းလှန်းခဲ့ပေမယ့် တရုတ်ဘက်က ငြင်းဆိုပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားကြောင်း အမေရိကန် တရားရုံးကို လျှောက်ခဲ့ပေမယ့် အမေရိကန်တရားရုံး မှ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်မှာ ၁လပိုင်း ၁၉ ရက်နေ့မှာ တစ်တော့ စတင်သုံးစွဲခွင့်ပိတ်ကြောင်း ကြေငြာထားပါတယ်။

အိပ်ယာကို ထချင်တဲ့ အချိန်မှ ထနိုင်ဖို့ အတွက် ... မထချင်ဘဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင် ဖြတ်ကျော် ရတတ်တယ်။ စားချင်တာကို စျေးမကြည့်ဘဲ ဝယ်စားနိုင်ဖို့ အတွက် ... စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့ နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။ သွားချင်တဲ့ ခရီးကို ချက်ချင်း ထသွားနိုင်ဖို့အတွက် ... သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို အရင် ဖြတ်ကျော်ရတတ်တယ်။ " ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့ ကိုယ် မလုပ်ချင်တာတွေကို အရင်လုပ်ပြီး ပေးဆပ်ရတာ လောကသဘာဝပဲ။ " အခု " အသာစံပြီး " နောက်မှ " အပင်ပန်းခံ " မလား။ ဒါမှမဟုတ် .. အခု " အပင်ပန်းခံပြီး " နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။ သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့ အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။ Sint Nyi Nyi Tun

နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ကပ်
နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ကပ်လိုက်တယ်။ အတန်းထဲက ကျောင်းသူကျောင်းသားတွေကိုလည်း မပြောဖို့ အမူအရာပြတယ်။ဒီလိုနဲ့ ကျောင်းသားတွေ ရယ်မောကြပါတော့တယ်။ နေ့လယ်ပိုင်း သင်္ချာအတန်းစတော့ ဆရာမက ခက်တဲ့မေးခွန်းကို ဘုတ်ပေါ်မှာ ရေးလိုက်တယ်။ ဖြေနိုင်တဲ့လူ အရှေ့ထွက်ခဲ့ဖို့ခေါ်တယ်။ စာရွက် အကပ်ခံထားရတဲ့ ကျောင်းသားကလွဲရင် ဘယ်သူမှ မဖြေနိုင်ခဲ့ဘူး။အတန်းရှေ့ကို သူထွက်တော့ ကျောကစာရွက်ကြည့်ပြီး အတန်းဖော်တွေက ရယ်ကြတာပေါ့။ ကောင်လေးက ရဲရဲဝံ့ဝံ့နဲ့ အတန်းရှေ့ထွက်ပြီး ပုစ္ဆာကို ဖြေရှင်းလိုက်တယ်။ ဆရာမက သူ့ကျောပေါ်က စာရွက်ကို ဖယ်ပြီး အတန်းဖော်တွေကို လက်ခုပ်တီးခိုင်းတယ်။ ဆရာမက ပြောတယ်: “သားရဲ့အတန်းဖော်က သားကျောမှာ စာရွက်ကပ်ထားတာ မသိဘူးထင်တယ်” "ကျောင်းသားက ခေါင်းညိတ်တယ်" ဆရာမက အတန်းထဲ ထိုင်နေတဲ့ ကျောင်းသာ ကျောင်းသူတွေကိုကြည့်ပြီး ပြောလိုက်တယ် ။ "သားတို့သမီးတို့အားလုံးကို ဘဝအတွက် သင်ခန်းစာနှစ်ခုပြောရဦးမယ်" "အရင်ဆုံး မင်းတို့ရဲ့ဘဝတစ်လျှောက်မှာ မင်းတို့ရဲ့တိုးတက်မှုကို ရပ်တန့်ဖို့အတွက် လူတွေက ရွံစရာစကားလုံးတွေ၊မခံရပ်နိုင်တဲ့ စကားလုံးတွေနဲ့ တံဆိပ်တပ်ကြလိမ့်မယ်။ဒီကျောင်းသားကသာ အတန်းဖော်က နောက်ကျောမှာ စာရွက်ကပ်ထားတာသိရင် မေးခွန်းကိုဖြေဖို့ ထလာမှာမဟုတ်ဘူး။ လူတွေပေးတဲ့ တံဆိပ်တွေကို လျစ်လျူရှုပြီး သင်ယူရမယ့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ပါပဲ။ ”. “ဒုတိယအနေနဲ့၊ ဒီကလေးဟာ သူစတစ်ကာအကပ်ခံထားရတာကို ပြောပြမယ့် သစ္စာရှိတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘဝမှာ သူငယ်ချင်းဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။သူငယ်ချင်းတွေနဲ့ မျှဝေတဲ့ သစ္စာရှိမှုကပဲ အရေးကြီးတာပါ။ ကိုယ့်နောက်ကွယ်မှာ ကိုယ်ကို ကာကွယ်ပေးမယ့်၊ စောင့်ရှောက်ပေးမယ့်၊ စစ်မှန်တဲ့ ဂရုစိုက်မယ့် သူငယ်ချင်းတွေ မရှိရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။" Author Becky Johnen

Repost from VZ Movie Zone
ထိုင်းထီပေါက်စဉ် ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့ ထိုင်းထီပေါက
ထိုင်းထီပေါက်စဉ် ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့ ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။ ဆော့ဝဲလ်ဒေါင်းရန်လင့်ကို Comment မှာချပေးထားပါတယ်။ ဆော့ဝဲလ်ဒေါင်းရန်လင့် For Android - https://mm.nextworm.com/archives/1735 For IOS - https://mm.nextworm.com/archives/3232 ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/