6 472
مشترکین
-1224 ساعت
-477 روز
-19030 روز
آرشیو پست ها
6 470
ငါအခုအဆင်သင်မဖြစ်သေးဘူး
အဆင်သင့်ဖြစ်မှစတော့မယ်
ဒီစကားတွေပြောဖူးကြ
ကြားဖူးကြမယ်ထင်ပါတယ်
တကယ်တော့အဆင်သင့်ဖြစ်တဲ့
အချိန်ဆိုတာ ကျနော်တိုစိတ်က
သတ်မှတ်လိုက်တဲ့အချိန်ပဲ
ဆုံးဖြတ်ချက်ချလိုဖိုပဲလိုတာ
မှားရင်သင်ခန်းစာ မှန်ရင်အမြတ်ပေါ့
အချိန်ဆွဲနေလိုဘာမှမထူးဘူး
ဘဝကထင်သလောက်မရှင်္ညဘူး
အချိန်နဲနဲပဲဆွဲ 😁
6 470
Emotional intelligence
တကယ်မြင့်သွားရင်
အာရုံနောက်တာနဲ့
တန်း block လိုက်ရော 😁
ဘာမှကိုတွေးမနေတော့ဘူး
6 470
ပြဿနာတွေ ၊ stress တွေ မရှိရဘူးလို တွေးတာကိုက ပြဿနာပါ ။
ဒါက ကလေးဆန်တဲ့ စိတ်ကူးယဥ် fantasy ပါ ။
မိုးရာသီထဲ မိုးရွာမယ်လို ကြိုတွေးထားခြင်းက
အဆိုးမြင်ဝါဒ မဟုတ်ပါဘူး ။
ကြိုတွေးထားလို တကယ် ရွာတဲ့အခါလည်း
စိတ်ထိခိုက်စရာ မရှိတော့ပါဘူး ။
အဲ့လိုပဲ အလုပ်တွေ လုပ်တဲ့အခါ
လိုအပ်တဲ့ ပြဿနာလေးတွေ အခက်အခဲလေးတွေ
ရှိရင် ရှိလာမယ် ၊
ရှိလာရင် ရအောင် ဖြေရှင်းမယ် ၊ ဖြေရှင်းနိုင်တယ်လို ကြိုတွေးထားရင်
တကယ် ဖြစ်တဲ့အခါ အရမ်း တုန်လှုပ်စိတ်ညစ်တာတွေ
မဖြစ်တော့ပါဘူး ။
ပိုလိုလည်း တည်ငြိမ် အေးဆေးနေပါမယ် ။
6 470
အိမ်မက်ကြီးတွေရှိပေမယ့်
ဘယ်ဘက်က စရမလဲ မသိသေးရင်
👉ဒါတွေကို စဖတ်ကြည့်
💰 Money
→ Rich Dad Poor Dad by Robert Kiyosaki
🧠 Mindset
→ Mindset by Carol Dweck
🧘🏻 Mindfulness
→ The Miracle of Mindfulness by Thich Nhat Hanh
📈 Marketing
→ This is Marketing by Seth Godin
❤️ Mental Health
→ Atlas of the Heart by Brené Brown
👔 Management
→ The Effective Executive by Peter Drucker
🧩 Psychology
→ Thinking, Fast and Slow by Daniel Kahneman
✨ Spiritual
→ The Power of Now by Eckhart Tolle
🚀 Personal Development
→ Atomic Habits by James Clear
⏳ Time Management
→ Mind Management, Not Time Management by David Kadavy
🧠 Knowledge Management
→ Building a Second Brain by Tiago Forte
🏪 Small Business
→ The E-Myth Revisited by Michael Gerber
တစ်လတစ်အုပ်နဲ့ဆို
နောက်နှစ် ဒီအချိန်မှာ
အနေအထားတစ်ခု
ရောက်နေလောက်ပြီ
6 470
အကောင်းဆုံးအဆောင်
→ ကိုယ်ချင်းစာစိတ်
အကောင်းဆုံးတရား
→ မေတ္တာတရား
အကောင်းဆုံးယတြာ
→ မိဘကိုလုပ်ကျွေး
အကောင်းဆုံး ဝင်ငွေ
→ ကိုယ်ကြိုက်တာကိုယ်လုပ်ရင်းရတဲ့ငွေ
6 470
ပြောသင့်ပြောထိုက်တာကို
မပြောပဲနေလိုက်တာလဲ နစ်နာစေတယ်
ပြောမှသိမယ့် အမှန်တရားအချို
ပြောမှသတိထားမိမယ့် အမှားတွေ
ပြောမှပြင်မယ့် သူတွေအတွက်
ပြောသင့်တာကိုပြောပြဖိုလိုတယ်
မဟုတ်ရင် ကိုယ်လဲ ပြောခွင့်ရှိတဲ့
အခွင့်အရေးကိုဆုံးရှုးနစ်နာရသလို
ပြောမှသိမယ့်သူတွေအတွက်လဲ
သိခွင့်ရှိတဲ့ အခွင့်အရေးနစ်နာတယ်
6 470
သက်သက်သာသာနေရဖို
မသက်မသာ အချိန်တွေကို
ဖြတ်သန်ရတာ ပုံမှန်ပါပဲ
ကောင်းတာကတော့
ငယ်တုန်းမှာ မသက်သာတဲ့
အနေအထားတွေကိုရင်ဆိုင်ထားရင်
ကြီးလာရင်သိပ်မပင်ပန်းတော့ဘူး
စာကျက်တာပင်ပန်းတယ်
စာကျက်လိုရလာတဲ့ result က
မပင်ပန်းပဲ အလုပ်လုပ်လိုရတဲ့ဘဝပဲ
ကြိုးစားရတာပင်ပန်းတယ်
ကြိုစားလိုရလာတဲ့ result က
စိတ်ပူပန်သောက နဲတဲ့ဘဝပဲ
ဘာအတွက် အပင်ပန်းခံမယ်ဆိုတာ
သေချာရွေးချယ်ပြီး သေချာအပင်ပန်းခံပါ
လုံလောက်တဲ့ပေးဆပ်မှုပြီးရင်
အသီးအပွင့်တွေလာပါလိမ့်မယ်
6 470
ဘယ်သူ့ကိုမှမလိမ်နဲ့
ကိုယ့်ကိုယ်ကိုလဲမလိမ်နဲ့
မသိရင်မသိဘူးမရှိရင်မရှိဘူး
မလုပ်ချင်ရင်မလုပ်ချင်ဘူး
စိတ်လှုပ်ရှားနေရင်စိတ်လှုပ်ရှားတယ်
အကုန် ပွင့်ပွင့်လင်းလင်းနေတာကောင်းတယ်
လိမ်လိုက်လိုအခွင့်အလမ်းတွေ
ရမယ်ဆိုတောင်တစ်ချိန်ပြန်ပေါ်မှာပဲ
Quick learner တော့ CV ထဲရေးပြီး
အလုပ်မှာကျ ၃ လသင်တာတောင်
မှားတုန်းဆိုဂွမ်းပြီ
အကြွေးတွေထဲမှာ
စိတ်ထဲမှာကိုယ်ဖြစ်နေတာကို
လိမ်လိုက်လို တင်နေတဲ့
အကြွေးကဆိုးတယ်
အကြွေးတင်မခံပါနဲ့ မိတ်ဆွေ🫰🏻
6 470
8+8+8 စည်းမျဉ်းဆိုတာဘာလဲ❓
(ကိုယ့်ဘဝတစ်နေ့တာကို တိုးတက်ပြောင်းလဲချင်သူများဖတ်ပါ)❗️
8+8+8 စည်းမျဉ်းဆိုတာ တစ်နေ့တာကို အပိုင်းသုံးပိုင်း ခွဲခြားစီမံခြင်းဖြစ်ပြီး၊ သင့်ရဲ့ ဘဝအတွက် “လုပ်ငန်း၊ အိပ်စက်မှု၊ ကိုယ်ပိုင်စောင့်ရှောက်မှု” ဆိုတဲ့ တန်းတူအရေးကြီးတဲ့အရာသုံးခုကို ညှိနှိုင်းဖို့အတွက် တစ်နေ့လုံးကို တိတိကျကျ စီမံခွဲခြားပေးတာပါ။
ပြောရရင်……
၁။ ပထမပိုင်း (8 နာရီ) – အလုပ်ကို တက်ကြွစွာ လုပ်ဆောင်ခြင်း
ပထမဆုံး ၈ နာရီဟာ သင့်လုပ်ငန်း၊ အလုပ်၊ သင်ယူရေး၊ စီးပွားရေး အစီအစဉ်၊ စီမံခန့်ခွဲမှုတို့အတွက် သီးသန့်သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
မနက်စောစောမှာ..စိတ်ပင်ပန်းမှုနဲ့ စိုးရိမ်မှုတွေ လျော့ပါးစေဖို့၊အလုပ်တိုးတက်မှုကို မြှင့်တင်ပေးဖို့၊
တစ်န့တာလုံးတက်ကြွစွာအလုပ်လုပ်နိုင်ရန်နဲ့အတွရည်မှန်းချက်တွေ ရှင်းလင်းစေရန် အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။
ဒီ ၈ နာရီကတော့ တစ်နေ့တာ အလုပ်တာဝန်တွေကို စနစ်ကျစွာ ပြုလုပ်ဖို့ အထောက်အကူဖြစ်ပါတယ်။
၂။ ဒုတိယပိုင်း (8 နာရီ) – အိပ်စက်အနားယူခြင်း
အိပ်စက်ခြင်းဟာ..ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ပြန်လည်အင်အားသွင်းပေးတဲ့ အရေးကြီးဆုံး အချိန်ပါ။
• အနားယူမှုမှတဆင့် စိတ်ပင်ပန်းမှု၊ ခန္ဓာကိုယ်ပင်ပန်းမှုများပျောက်ကင်းစေရန်၊
• စိတ်ဖိစီးမှုနှင့် ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အိပ်စက်ချိန်လုံလောက်မှုမရှိရင် နေ့စဉ်တာဝန်တွေ မှာအကောင်အထည်မဖော်နိုင်ဘဲ စိတ်ညစ်စိတ်ပန်းဖြစ်နိုင်ပြီး၊ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပေါ်နိုင်ပါတယ်…….။
၃။ တတိယပိုင်း (8 နာရီ) – ကိုယ်ပိုင်ဘဝ/မိမိကိုယ်ကို စောင့်ရှောက်ခြင်း
ဒီအချိန်ကို သင့်ရဲ့ ကိုယ်ပိုင်ဘဝ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝအတွက် အသုံးပြုပါ။
ဒီပိုင်းကို 3Fs, 3Hs, 3Ss ဆိုတဲ့အပေါ်မှာ အခြေခံထားပါတယ်။
💙3Fs
• Family (မိသားစု): မိသားစုနဲ့အချိန်ဖြုန်းခြင်း၊ ဆက်ဆံရေးမြှင့်တင်ခြင်း
• Friends (မိတ်ဆွေများ): မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် လူမှုဆက်ဆံရေးများ ထိန်းသိမ်းခြင်း
• Faith (ယုံကြည်ခြင်း): ဘာသာရေး၊ စိတ်ပိုင်းဆိုင်ရာယုံကြည်မှုများကို တိုးတက်စေခြင်း
💙3Hs
• Health (ကျန်းမာရေး): ကိုယ်ရေးကိုယ်တာ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အားကစားလုပ်ခြင်း
• Hygiene (သန့်ရှင်းမှု): ကိုယ်အဝတ်အစား၊ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်း
• Hobby (ဝါသနာ): ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်၊ အပန်းဖြေ လုပ်ငန်းများ
💙3Ss
• Soul (စိတ်): စိတ်ကြည်လင်ပြီး အေးချမ်းစွာ နေထိုင်ကာ၊ အတွေးတွေကို ထိရောက်စွာ စီမံပြီး စိတ်ချမ်းသာမှုနဲ့ တက်ကြွမှုကို ထိန်းသိမ်းခြင်း
• Service (လူမှုဝန်ဆောင်မှု): အခြားသူများအတွက် ကူညီပံ့ပိုးမှု
• Smile (အပြုံး): လူတွေကို အပြုံးနှင့် ဆက်ဆံခြင်း
စတာတွေဖြစ်ပါတယ်။‼️
⬅️ဒီမှာအရေးကြီးတာက
တနေ့ကို 8 နာရီအလုပ်၊ 8 နာရီအိပ်စက်ခြင်း၊ 8 နာရီကို ကိုယ်ပိုင်ဘဝအတွက် ခွဲခြားထားခြင်းက သင့်ဘဝမှာ လုပ်ငန်းပိုင်း၊ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေကို တပြိုင်နက်တည်းတိုးမြှင့်ပေးနိုင်တယ်ဆိုတာကို သတိရပါ။
ဒီလို လုပ်ခြင်းဟာ အလုပ်ကိုစနစ်တကျစီမံခန့်ခွဲပြီးသားဖြစ်စေရုံသာမက လုံလောက်စွာအိပ်စက်ချိန်၊ ကိုယ်ပိုင်စောင့်ရှောက်မှုနဲ့ လူမှုဆက်ဆံရေးကိုပါကောင်းမွန်စေတဲ့ အခွင့်အရေးကို ဖန်တီးပေးပါတယ်။
တစ်နည်းပြောရရင်
“အလုပ်လုပ်ခြင်းနဲ့ အိပ်စက်ခြင်း၊ ကိုယ်ပိုင်ဘဝမှာ စိတ်ပျော်ရွှင်မှုရရှိဖို့အတွက် ချိန်ညှိပေးတဲ့ “ Balance စနစ်” ဖြစ်ပါတယ်။
ဒီအကြံပေးချက်ကို လက်တွေ့အသုံးချပြီး တစ်နေ့တာ အချိန်များကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင်၊ ကျန်းမာရေးကောင်းမွန်မှု၊ စိတ်ဖိစီးမှုလျော့ပါးမှု၊ လူမှုဆက်ဆံရေးတိုးတက်မှု စတဲ့ ဘဝတစ်ခုကို ရရှိနိုင်မှာပါ……။❗️
Edited ❗️
(နဂို 8-8-8 စည်းမျဉ်းက တန်းတူခွဲဖို့ရည်ရွယ်ပေမဲ့၊ lunch၊ သွားလာချိန်၊ အိမ်တွင်းတာဝန်တွေနဲ့ အလုပ်ပိုင်း ၁၁ နာရီ၊ ကိုယ်ပိုင်အချိန် ၄–၅ နာရီလောက်ဘဲ ကျန်နေတတ်တယ်။ ဒါကြောင့် လက်တွေ့မှာ 8-8-8 မရနိုင်ဘဲ 8-11-5 လို ပုံစံမျိုး ဖြစ်တတ်ပြီး၊ balance ရဖို့ အချိန်ခွဲညှိမှုကို ပြန်စဉ်းစားရမှာပါ။
အာရှမှာလူအများစုက အလုပ်နဲ့ ကိုယ်ပိုင်ဘဝရဲ့ balance မကောင်းတာကို သိပေမဲ့ “အဲဒါကဘဝ” လို့ ယူဆကြပါတယ်။ တချို့ကတော့ အလုပ်ကို အဓိကထားပြီး ကိုယ်ပိုင်အချိန်နည်းတာကိုသာမန်လို့ သဘောထားကြတယ်။
ဒါပေမဲ့ အနောက်နိုင်ငံမှာ လူအများစုက အလုပ်နဲ့ ကိုယ်ပိုင်ဘဝ balance ကို အရေးကြီးစွာ ထိန်းသိမ်းချင်တတ်တာကြောင့်၊ အလုပ်က အချိန်ပိုယူတာ (ဥပမာ 8 နာရီထက်ပို) ကို မူရင်း 8-8-8 principle ကို ချိုးဖောက်သလိုခံစားရလေ့ရှိကြပါတယ်)
ဒါကြောင့် လက်တွေ့ဘဝမှာ ဒါကို တိတိကျကျလိုက်နာဖို့က အခွင့်အလမ်းနည်းပါတယ်။ဒါပေမဲ့ ဒီနည်းလမ်းကို အနီးကပ်ဆုံးplan တစ်ခုထားမယ်ဆိုရင် ကိုယ်ရဲ့နေ့စဉ်ဘဝဖြစ်တဲ့ အလုပ်+ အိပ်ချိန်+ self care
ကို Balance ဖြစ်စေမှာပါ။ဒီစာဟာ အလုပ်ထဲမှာဘဲနစ်မွန်းပီး မိမိကိုယ်ကို ဂရုစိုက်ဖို့မေ့လျော့နေသူများကို Reminding လုပ်ပေးတာပါရှင်🥰
မေတ္တာဖြင့်…ပြန်လည်မျှဝေ
6 470
ဘယ်သူတွေကိုယ့်ထက်
ပိုသာနေလဲလိုက်ကြည့်နေလို
ဘာမှထူးမလာနိုင်ဘူး
ဒီနေ့ version ထက်
မနက်ဖြန် version က
ပိုသာနေဖိုပဲလိုတယ်
မနေ့ကထက် ပိုတော်
ပိုတတ် ပိုချမ်းသာ
ပိုအေးချမ်းလာဖိုအရေးကြီးတယ်
ကိုယ့်ကိုယ်ကို focus လုပ်ရင်
ကိုယ်တိုးတက်လာတာတွေ့မယ်
သူများပေါ် focus လုပ်ရင်
သူများပိုတိုးတက်လာတာတွေ့မယ်
Build yourself to be better !
6 470
“လူတွေက ခွဲခြားဆက်ဆံတာမဟုတ်ဘူး
သင့်ဘက်က skill လိုနေတာ”
တစ်ခါတလေ သင့်အနေနဲ့ ခွဲခြား ဆက်ဆံခံရသလို ခံစားဖူးမယ် ထင်ပါတယ်
လူတိုင်း အနည်းဆုံး တစ်ခါတော့ ခံစားဖူးကြမယ် ။
ကျောင်းမှာပဲဖြစ်ဖြစ် ၊ အလုပ်မှာပဲ ဖြစ်ဖြစ် ၊ အိမ်မှာတောင် ခံစားရနိုင်တယ်။
ဒီနေ့တော့ အလုပ်မှာ ဖြစ်တဲ့ ခွဲခြားဆက်ဆံရေးကို ပြောချင်တယ်
ကိုယ့်ရဲ့အလုပ်မှာ HR ကဖြစ်ဖြစ် ၊ မန်နေဂျာကဖြစ်ဖြစ် ဦးစားပေးတာခံရသူရှိလား
ရှိတယ်ဆိုရင် ဘာလို သူတို အဲလို ဦးစားပေးခံရတာလဲ
သူတို ကပ်ဖားရပ်စား လုပ်နေလိုလား
ကိုယ့်အမြင် နဲ့ တခြားသူ အမြင်မှာ အဲလိုဖြစ်နိုင်ပေမဲ့
သူတိုက သင်မသိတဲ့ အချိန်မှာ အထက်လူကြီးတွေကို “ ဆရာ စားပြီးပြီလား ၊ နေကောင်းလား ”
ခရီးပြန်လက်ဆောင်ပေးတာ အစရှိတဲ့ ဂရုစိုက်မှုလေးတွေ လုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ် ။
ဒါကို ဖားတယ်လို မြင်ကြတဲ့သူ ရှိရင်ရှိမှာပဲ
ကျနော်ကတော့ ဒါကို လေးစားတာ ၊ အရေးပေးတာလို မြင်တယ် ။
အလုပ်က လူကြီးတစ်ယောက်သာမကပဲ
ဦးလေး ၊ ဆွေမျိုးတစ်ယောက်လို ဆက်ဆံတာ ဖြစ်တယ်လို ခံစားရစေတယ် ။
သူတိုက သင်မသိတဲ့ လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးနည်းတွေ သိလိုဖြစ်တယ် ။
အဲ့လိုပုံစံမျိုး သင့်အနေနဲ့
အလုပ်မှာ နားရက်တွေရတဲ့ ၊ အခွင့်အရေးတွေရတဲ့ လူကိုလည်း မြင်ဖူးမယ် ထင်ပါတယ် ။
နားရက်ယူတာကို ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့အပြင် တခြားအခွင့်အရေးတွေမှာလည်း ထိပ်ဆုံးက ဖြစ်နေတဲ့ သူတွေ ၊
သူတိုက အကြီးတစ်ယောက်ရဲ့ ဆွေမျိုး မဟုတ်ရင် Company အတွက် တကယ် အမြတ်တွေ သယ်ဆောင်လာပေးတဲ့လူ ဖြစ်ပါလိမ့်မယ် ။
အဲတော့ သင့်အနေနဲ့ နားရက်လည်း အေးဆေးရ အခွင့်ထူးလည်းရတဲ့သူ ဖြစ်ချင်ရင်
အဲ့လိုလူတစ်ယောက်ဖြစ်လာရင် ရပါပြီ
အလုပ်မှာ ခွဲခြား ဆက်ဆံခံရတယ်ဆိုတာ skill တွေ လိုအပ်လိုပါ ။
လိုအပ်တဲ့ skill တွေကို လုပ်ငန်းခွင်အဌာရသမှာ ဖြည့်ပေးပါတယ် ။
သင့်အနေနဲ့ အလုပ်မှာ အခွင့်ထူးခံချင်တယ်ဆိုရင်
အလုပ်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းဖိုနဲ့ သင်မရှိရင်မဖြစ်တဲ့ ဖြစ်တည်မှုကို တည်ဆောက်ထားဖို လိုအပ်တယ် ။
6 470
ကိုယ့်ကိုယ်ကို ပိုသိတဲ့လူက
သူများထက်အမြဲသာတယ်
ဒါကြောင့် သူများထက်သာချင်ရင်
Self reflection လုပ်သင့်တယ်
Self reflection လုပ်ဖို question တွေက
အရေးကြီးတယ် google မှာရှာကြည့်ပါ
အများကြီးရှိတယ် အဲ့ထဲက ကျနော်ကြိုက်တဲ့
3 points Question ( ၃ ခုတွဲ မေးခွန်း ) ကတော့
⭐️ လွန်ခဲ့တဲ့ ၃ နှစ်က ငါအရမ်းလိုချင်ပါတယ်လို ဆုတွေတောင်းနေခဲ့ပြီး အခုတော့ ရလာခဲ့တာဘာရှိလဲ ?
⭐️ ဒီနေ့မှာရော ငါနောက် ၁၀ နှစ်အတွင်း အရမ်းလိုချင်ပါတယ်လို ဆုတောင်းချင်တဲ့အရာဘာရှိလဲ ?
⭐️ ငါသာဒီနေ့ သေကောင်ပေါင်းလဲဖြစ်နေရင် ငါ့မှာရှိနေတဲ့အရာတွေထဲက ဘယ်အရာကို အရင်ဆုံးတောင်းတ မလဲ ?
ဒီ ၃ ခုကို ၃ လ တစ်ကြိမ်လောက်
Reflect လုပ်ကြည့်သင့်တယ်
ဘာအကျိုးရှိသလဲဆိုတာတော့
ချရေးကြည့်ပြီးသိတဲ့အခါ
ပြန်လာပြောလှည့် 🫰🏻
6 470
စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီးတော့
ဂရုတစိုက်နေထိုင်တဲ့အခါ
Detail လေးတွေကအစ
ကြည့်တတ်မြင်တတ်တဲ့
အလေ့အကျင့်ကိုရလာလိမ့်မယ်
အဲ့ဒါက အရေးကြီးတယ်
များသောအားဖြင့်
အတွေးထဲမှာနေတဲ့သူတွေက
အတိတ်နဲ့ အနာဂါတ်မှာနေနေတာများတယ်
လက်ရှိမှာနေနိုင်တဲ့ သူဖြစ်မှသာ
Detail လေးတွေမြင်နိုင်မယ်
နောက်တစ်ခုကတော့
အာရုံစူးစိုက်နိုင်စွမ်း ရှိရမယ်
လမ်းလျောက်ရင်း သီချင်းနားထောင်တာ
ထမင်းစားရင်း TV ကြည့်တာက
တစ်ပြိုင်တည်းလုပ်တယ်လိုထင်ရပေမယ့်
အရသာကို အာရုံရောက်ရင်
Tv ကအရုပ်ကို မြင်နေရရင်တောင်
သေချာသတိမမူမိဘူး
Tv ကိုသေချာကြည့်ရင် စားနေတဲ့
ထမင်းအရသာ သေချာမသိနိုင်ဘူး
အာရုံကိုတစ်နေရာတည်း
စုစည်းထားနိုင်တဲ့သူက အမြဲသာမှာပဲဗျ
ကြားဖူးတယ်မလား
"သတိမမူ ဂူမမြင်
သတိမူက မြူပင်မြင်၏" တဲ့
ဒီခေတ်မှာတော့ ဂူတွေရှာဖိုမလိုပေမယ့်
ဂွင်တွေရှာတတ်ဖိုတော့လိုတယ် မိတ်ဆွေ
( ဂွင် = opportunity )
စိတ်နဲ့ကိုယ်နဲ့ကပ်ပြီး
အာရုံစုစည်းနိုင်အောင်
လေ့ကျင့်သင်ယူ နေထိုင်ကြည့်ပါ
၆ လ လောက်ဆိုသိသာလာပါမယ်
6 470
အမြဲတမ်း နောက်မလှည့်ဘူးကွဆိုပြီး
အဝိုင်းကို ပတ်ပြေးနေရင်
ရှေ့မရောက်ဘူးနော် 😁
ပြောင်းလဲချင်တယ်ဆိုရင်
ဒီအချိုး ဒီလုပ်နည်း ဒီအကျင့်နဲ့တော့မရ
အဲ့ဒါတွေမပြောင်းလိုလဲ
ဒုံရင်းက ဒုံရင်းဖြစ်နေတာပါ
အဝိုင်းပတ်မပြေးပါနဲ့တော့
အကျင့်လေးတွေပြင်ပြီး တည့်တည့်ပြေးပါ
6 470
ပိုက်ဆံကို goal အနေနဲ့ထားရင်
ပိုက်ဆံရလာရင်တောင် ပျော်ရမှာမဟုတ်ဘူး
တကယ့် goal က ရလာတဲ့ပိုက်ဆံနဲ့
ဘာတွေလုပ်မယ်ဆိုတဲ့ အပေါ်မှာထားရင်
သင်လုပ်နိုင်တဲ့အခါ ပျော်ရလိမ့်မယ် 🤗
6 470
လောကမှာ ကိုယ့်ကိုယ်ကို
ပျောက်နေတဲ့ သူတွေမှအများကြီး
- ဘာလိုချင်လဲမသိဘူး
- ဘာဖြစ်ချင်လဲမသိဘူး
- ဘာဝါသနာပါသလဲမသိဘူး
- ဘာတွေအားသာချက်ရှိလဲမသိဘူး
- ဘာနဲ့အသက်မွေးချင်လဲမသိဘူး
ဒါတွေမသိတဲ့အခါ "ငါဆိုတာဘာလဲ"
သေသေချာချာသိဖိုခက်တယ်
ငါဆိုတာဘာလဲသိသွားတဲ့သူတွေမှာ
ဦးတည်ချက်နဲ့ပန်းတိုင်တွေဆိုတာရှိလာတယ်
ဒါကြောင့် ကိုယ့်ကိုယ်ကို ပျောက်နေရင်
အချိန်ပေးပြီးပြန်ရှာပါ စမ်းသပ်ပါ လေ့လာပါ
သူများအကြောင်းတွေသိဖိုကြိုးစားရင်း
အချိန်ကုန်မခံပါနဲ့
Entertainment တွေနဲ့ အချိန်ကုန်မခံပါနဲ့
ရပြီးသားသီချင်းတွေထပ်ခါထပ်ခါ
နားထောင်ရင်းအချိန်ကုန်မခံပါနဲ့
မပင်ပန်းတာကို အပန်းဖြေရင်း
အချိန်ကုန်မခံနေပါနဲ့
Life is one way ticket 🎫
Live it up!
6 470
လူ့အဖွဲ့အစည်းအရ ဇိမ်ခံပစ္စည်းများဆိုသည်မှာ...
* ကားများ
* ဈေးကြီးသောအဝတ်အစားများ
* ကြီးကျယ်ခမ်းနားသော နေထိုင်မှုပုံစံ
အမှန်တော့ ဘဝ၏ စစ်မှန်သော ဇိမ်ခံပစ္စည်းများမှာ-
* ဖြည်းညှင်းသော နံနက်ခင်းများ
* ရွေးချယ်ခွင့်ရှိခြင်း
* ကောင်းမွန်စွာ အိပ်စက်ရခြင်း
* စိတ်အေးချမ်းသာမှု
* ငြိမ်သက်ပြီး ပျင်းရိဖွယ်ကောင်းသောနေ့ရက်များ
* ပစ္စုပ္ပန်တွင်ရှိနေခြင်း
* သင်ချစ်ရသောသူများ
* သင့်ကို ပြန်ချစ်သောသူများ
၎င်းတို့သည် ရယူပိုင်ဆိုင်ရမည့်အရာများမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှင့် ပြည့်စုံသောဘဝ၏ ရလဒ်များသာဖြစ်သည်
#ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်
6 470
နောက်မှလုပ်မယ်ဆိုတာက
အနာဂတ်ကအချိန်ကို
Credit ယူပြီး ကြိုသုံးနေတာနဲ့တူတယ်
သေချာတာကတော့ ချေးငှားသုံးရင်
အတိုးကတော့တက်နေမှာ
ပြန်ပေးလိုက်ရမယ့်အတိုးက
ကိုယ့်ရဲ့အိမ်မက်တွေဆိုရင်ရော
အဆင်ပြေလား?
6 470
အတွေ့အကြုံ ၊ အသိမိတ်ဆွေ ၊
အချိန် ၊ အရည်အချင်း
ဒီ ၄ ခုကို ကောင်းစွာအသုံးပြုနိုင်သူတွေက
Level တက်လာပြီးတော့
အသုံးမပြုနိုင်သူတွေက စိတ်ညစ်ရတယ်
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
