6 457
مشترکین
-724 ساعت
-507 روز
-18230 روز
آرشیو پست ها
6 454
ကျနော့်ရဲ့ အသက် ၂၀ အရွယ်
Version ကို အကြံပေးလို့ရမယ်ဆိုရင်
လုပ်ရမှာကရှင်းပါတယ်
- ကိုယ့်ရည်မှန်းချက်တွေ
လူထင်ကြီးအောင် လိုက်မကြေညာနဲ့
- small win လေးတွေချမပြနဲ့
- ဘယ်လောက်ဝင်ငွေရှိလဲ မပြောနဲ့
- ငြင်းတတ်ဖို့သင်ယူ
- ရေရှည်သွားနိုင်မယ့်သူတွေနဲ့လက်တွဲ
- ကိုယ့်အတွက်အချိန်ပိုထွက်လာ့မယ့်
ပစ္စည်း၊ လူ ၊ knowledge တွေမှာရင်းနှီးမြှုပ်နှံ
- သူများအကြောင်းထက်
ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်
- ပြိုင်ဘက်လို့စိတ်မှာထင်ရင်
အဲ့လူရဲ့ ကောင်းကွက်တွေကို
မြင်အောင်ရှာပြီးသင်ယူ
- လူတွေချီးကျူးတာရော ကဲ့ရဲ့တာရောကို
လိုက် feel နေမယ့်အစား သင်ခန်းစာယူ
- Tutorial ထက် Trainer , Coach , Mentor က
ထိရောက်မှုပိုရှိတယ်ဆိုတာမှတ်ထား
- ကုန်သွားမှာထက် ရလာမယ့်
အကျိုးကျေးဇူးကို မြင်အောင်ကြည့်
- လူတိုင်းကိုယ်ရော ကိုယ့်ကိုယ်ကိုရော
အလွယ်မယုံနဲ့ အယုံမလွယ်နဲ့
- စုဖို့ထက် ရင်းနှီးမြှုပ်နှံဖို့
ငွေကိုအလုပ်လုပ်ခိုင်းဖို့ သင်ယူ
- သူများကိုမပြောင်းလဲခင် ကိုယ့်ကိုယ်ကိုပြောင်းလဲ
- သူများကို မကဲ့ရဲ့ခင် ကိုယ့်ကိုယ်ကိုပြန်စစ်
- သူများအမှားကို ဒေါသဖြစ်တာလောက်
တုံးအတာမရှိဘူး
- မိဘတွေက အမြဲအသက်မရှင်နိုင်ဘူး
- တာဝန်ဆိုတာ တာဝန်ယူတတ်တဲ့သူအတွက်ပဲ
တာဝန်ရှိတာ မယူတတ်သူတွေကိုရှင်းမပြနဲ့
- ဦးဆောင်ချင်ရင် ရှေ့ကနေလုပ်ပြ
- မှားရင် ဝန်ခံ တောင်းပန်ပြီး နောက်မဖြစ်အောင်နေ
- ရည်းစားများတာပြဿနာမဟုတ်ဘူး
ဘဝလက်တွဲဖော်မရှိတာပြဿနာ
- လုံလောက်ပြီလို့မထင်သ၍
ဘယ်တော့မှမလုံလောက်ဘူး
- ပရမ်းပတာဖြစ်တာကောင်းတယ်
အနဲဆုံး ဖြန့်ထားရင် ဘာတွေရှိလဲပိုမြင်ရတယ်
အဲ့တော့မှ သေချာအကန့်ခွဲပြီး ပြန်စီလို့ရတာ
- ဒုက္ခမရှိရင် မတိုးတက်ဘူး
အဲ့တော့ ခံနိုင်တဲ့ ဒုက္ခအမြဲလိုက်ရှာ
- ပြဿနာအဟောင်းတွေက
စာအုပ်အဟောင်းတွေထဲမှာ အဖြေရှိတယ်
- ကိုယ်မလုပ်လို့ မဖြစ်လာတာတွေအတွက်
ဘယ်တော့မှ ဝမ်းမနည်းနဲ့
- ရွေးချယ်မှုက အမြဲလုပ်နေရမှာမို့
ရွေးတော့မယ်ဆို ရေရှည်အကျိူးဆက်ကိုကြည့်
- မိန်းမပေါတယ် မယားရှားတယ်
- မဖြစ်နိုင်ဘူးထင်ရင် အနဲဆုံးတော့စမ်းလုပ်ကြည့်
ပြီးမှ တကယ်ဖြစ်နိုင်မဖြစ်နိုင်သတ်မှတ်
- တရားအမျိုးအစားအများကြီးရှိတယ်
အမှန်တရားနောက်ကိုပဲအမြဲလိုက်
6 454
ဘေးနားကလူတွေနဲ့ ပြောတဲ့
စကားတွေကို ဂရုစိုက်ပြီး
ပြန်နားထောင်ကြည့်လိုက်ရင်
ဘဝထဲမှာ ဘာအရာတွေ
အရေးကြီးနေသလဲဆိုတာ မြင်လာနိုင်တယ်
အတင်းအဖျင်းကိုပဲ အဓိကပြောတဲ့
လူတွေနဲ့ ပေါင်းသင်းနေရင်
အတင်းပြောတာက "စကားပြောတယ်" လို့
ထင်လာတတ်တယ်
ဆင်ခြေပြုံတဲ့လူတွေနဲ့
ပေါင်းသင်းနေရင် ဆင်ခြေတွေက
"အမှန်တရား" ဖြစ်လာတတ်တယ်
အချိန်နောက်ကျတဲ့ လူတွေနဲ့
ပေါင်းသင်းနေရင် နောက်ကျတာက
"ပုံစံတစ်ခု" ဖြစ်လာတတ်တယ်
စာဖတ်တဲ့ လူတွေ၊ စူးစူးစမ်းစမ်း
လေ့လာတဲ့လူတွေနဲ့ ပေါင်းသင်းနေရင်
လေ့လာတာက ဖိအား မဟုတ်တော့ဘဲ
နေ့စဉ်ဘဝပုံစံ ဖြစ်လာတတ်တယ်
ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူတဲ့
လူတွေနဲ့ ပေါင်းသင်းနေရင်
တာဝန်ယူတာက ဝန်ထုပ်ဝန်ပိုး
မဟုတ်တော့ဘဲ ဂုဏ်သိက္ခာ ဖြစ်လာတတ်တယ်
ဒီတော့ဘေးမှာဘယ်သူတွေထားလဲ
သိပ်အရေးကြီးတယ်
6 454
အသက် ၂၀ မှာ ငါ အသက် ၄၀ ရောက်ရင်
ဘာတွေလိုချင်လဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး
သေချာချရေးကြည့်တဲ့အခါ ဒါတွေရခဲ့တယ်
၁. အိမ်မှာတင် အေးဆေးလုပ်လို့ရတဲ့အလုပ်
၂. အေးဆေးနားလို့ရမယ့် စနေ တနင်္ဂနွေ
၃. Passive income ကရတဲ့ငွေနဲ့
ခရီးထွက်မယ် shopping ထွက်မယ်
၄. ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရှိမယ်
၅. Alarm မလိုပဲထလို့ရမယ်
၆. မနက်ခင်းကို အေးအေးချမ်းချမ်းနိုးပြီး
coffee လေးအေးဆေးဖျော်သောက်မယ်
၇. နားအေးတဲ့ ပတ်ဝန်းကျင်မှာနေမယ်
၈. နားမပူတဲ့ အိမ်သူအိမ်သားတွေနဲ့
၉. ရှင်းရှင်းလင်းလင်းရှိတဲ့အခန်း
၁၀. ကိုယ့်ကိုနားလည်နိုင်တဲ့သူငယ်ချင်း
တွေနဲ့ ရယ်မောစကားပြောမယ်
၁၁. မလုပ်ချင်တာတွေကိုငြင်းနိုင်စွမ်းရှိမယ်
၁၂. နာကျင်မှုမရှိတဲ့ ခန္ဓာကိုယ်ရှိမယ်
၁၃. အမြဲတမ်းအပိုရှိနေတဲ့ ငွေကြေးရှိမယ်
၁၄. ဈေးမကြည့်ပဲဝယ်နိုင်တဲ့အခြေအနေရှိမယ်
၁၅. ရှေ့ရေးအတွက် တွေးမပူချင်ဘူး
၁၆. စာဖတ်ဖို့အတွက် အချိန်ရှိမယ်
၁၇. ကိုယ်သိတာတွေကို ပြန်ပြောပြရင်
နားထောင်ချင်တဲ့သူတွေရှိမယ်
၁၈. ကိုယ်မေးချင်တာတွေကို မေးလို့ရမယ့်
မိဘ ဆရာတွေရှိမယ်
၁၉. Brand မဟုတ်တောင် ကိုယ့်အတွက်
သေချာချုပ်ပေးထားတဲ့ အဝတ်တွေဝတ်မယ်
၂၀. ကိုယ့်ဘဝနောက်ဆုံးချိန်ထိ အတူရှိနေပေးမယ့်
ဘဝလက်တွဲဖော်ရှိမယ်
ဒါတွေရဖို့ ၄၀ အထိမစောင့်ခဲ့ရဖူး
သဘောပေါက်လာတာက
ကိုယ်လိုချင်တာကိုယ်သိရင်
ရဖို့ဆိုတာသိပ်မကြာတတ်ဘူး
အရေးကြီးတာကိုယ်လိုချင်တာ
ကိုယ်သေချာသိဖို့ပဲ
6 454
ဘယ်သူ့ရဲ့ အမြင်ကိုမှ
လိုက်ပြောင်းလဲပေးဖို မကြိုးစားပါနဲ့၊
လူတိုင်းစိတ်ကျေနပ်အောင်လည်း လိုက်ရှင်းပြမနေနဲ့။
ငါတိုဘဝမှာ အချိန်တွေက
အဲ့လောက်ထိ အပိုမရှိပါဘူး။
ကိုယ့်ရဲ့တာဝန်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်လုပ်ဖိုနဲ့ ကိုယ့်ဘဝကို ပိုကောင်းအောင် ရှင်သန်ဖိုပဲ...
ဒါဆိုရင် လုံလောက်ပါပြီ။ 💎
6 454
တခြားသူတွေရဲ့ ဘဝမှာ အရာရာ အဆင်ပြေချောမွေ့နေတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို မထင်လိုက်ပါနဲ့။ လူတိုင်းမှာ ကိုယ်စီပြဿနာတွေ ကိုယ်စီအားနည်းချက်တွေ ရှိကြတာပဲလေ။ သူတိုဆီမှာ မြင်နေရတဲ့ အောင်မြင်မှုတွေက သင့်ရဲ့ ချိုယွင်းချက်တွေ မဟုတ်ပါဘူး။ သူတိုက သူတိုလမ်းကို လျှောက်နေသလို သင်ကလည်း သင့်ခြေလှမ်းနဲ့သင် ရှေ့ဆက်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပဲ အကောင်းဆုံး ချစ်ပေးလိုက်ပါ။ 💎
6 454
လူအများစုအတွက်
အလုပ်က ဘဝပဲ။
ဘာကြောင့်လဲဆိုတော့
ဘဝရပိတည်ဖို့ငွေလိုတယ်။
ငွေရဖို့ အလုပ်လိုတယ်။
အလုပ်အတွက် ရုံးတက်၊
ရုံးဆင်း၊ ကာယ၊ ဥာဏ၊
မိတ္တ၊ လုံ့လဝိရိယတွေလိုတယ်။
မွေးကတည်းက မိဘချမ်းသာ၊
နိုင်ငံခြားကျောင်းထား၊
အလုပ်မလုပ်လဲဘာမှမဖြစ်တဲ့
မိသားစုထဲမပါရင်တော့
တော်တော်များများအတွက်
အလုပ်က ဘဝရဲ့အရေးကြီး
အစိတ်အပိုင်းပဲ။
ကိုယ်ဘာအလုပ်လုပ်မယ်၊
ဘယ်လိုလုပ်မယ်၊
ဘယ်မှာလုပ်မယ်၊
ဘယ်သူတွေကိုရောင်းမယ်၊
ဘယ်သူတွေကိုအလုပ်ခန့်မယ်၊
ဘယ်သူတွေနဲ့လက်တွဲလုပ်မယ်၊
ဘယ်သူတွေနဲ့မလုပ်ဘူး။
ဒါတွေက conscious choice
သေချာရွေးချယ်မှုမလုပ်ထားရင်
ဗရမ်းဗဒါဘဝဖြစ်နေမှာ။
ဒါကြောင့် ကိုယ့်ကိုကိုယ်စီမံဖို့
Personal development
(ကျွန်တော်တို့ဆီမှာတော့
Self-help ကို တက်ကျမ်းလို့ခေါ်တယ်။)
Professional development
အသက်မွေးမှုပညာ။
Business Development
စီးပွါးရေးတိုးတက်မှု။
အသက်ရှင်ပြီးအသက်ဝင်ဖို့
Spiritual development လိုတယ်။
အရာရာကတော့ အခြေခံ
အချိန်စီမံခန့်ခွဲမှု၊
အာရုံ၊ စိတ်ခံစားချက်၊
အမူအကျင့် စီမံခန့်ခွဲမှုကစတင်တယ်။
6 454
အချိန်ချမ်းသာမှုအရေးကြီးတယ်
အလုပ်ကတော့ လူတိုင်းလုပ်နေရမှာပဲ
ဒါပေမယ့် ဘဝမှာ အလုပ်အတွက်
၇၅% သောအချိန်တွေပေးနေရပြီဆိုရင်
ကျန်တဲ့ ငွေကြေး ဥစ္စာချမ်းသာမှုက
ရှိသာရှိတာ သိပ်တော့ enjoy ရမှာမဟုတ်ဘူး
ငွေလဲဝင်ပြီး ဝင်တဲ့ငွေကိုသုံးဖို
အချိန်လုံလုံလောက်လောက်ရှိဖိုလဲလိုတယ်
6 454
ဘဝအတွက် ဘာ goal ထားရမလဲ
သေချာမသိရင်
ကိုယ်တိုင်က အသုံးကျပြီး
အများအတွက် အသုံးတည့်တဲ့
သူဖြစ်အောင်သာ goal ထားလိုက်
ဒါဆို ကိုယ့်အတွက်ရော
အများအတွက်ပါ အကျိုးရှိတယ်
6 454
မိဘလုပ်မယ်ဆိုရင်
ကိုယ့်သားသမီးက ကိုယ့်အပိုင်
ကိုယ့်စကားနားထောင်ပြီး လိမ္မာဖို
ကံကောင်းရင် ၁၄ နှစ်လောက်ပဲအချိန်ရှိမယ်
အဲ့ဒါပြီးသွားရင် သူတိုအတွက်ကိုယ်က
ကားမောင်းပိုရတဲ့ taxi သမား
နေစရာပေးထားတဲ့ hotel
ဝန်ထမ်းလောက်သာသာပဲရှိမယ်
ကံဆိုးရင် သားသမီးက
အကြွေးရှင်လို သူ့ရရမှာတွေရဖိုပဲ
အမြဲကြည့်နေလိမ့်မယ်
သေလောက်အောင်ချစ်ပေးလဲ
သူတိုသေလောက်အောင်ချစ်တဲ့
သူနောက်ပါသွားဦးမှာ
ဒီတော့ ငယ်တုန်းမှာပဲ အပြည့်အဝချစ်ပြီး
အချိန်တွေအတူကုန်ဆုံးပါ
6 454
လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် —
ဒီအချက် ၃ ခု ကြည့်ပါ။
လူတွေက ကိုယ့်ကို ပြတဲ့ version နဲ့
တကယ့် version မတူဘူး။
အထူးသဖြင့် အစပိုင်းမှာ။
လူတိုင်း highlight reel ပြတယ်။
အကောင်းဆုံး ပုံစံကို တင်ပြတယ်။
ဒါ လိမ်တာ မဟုတ်ဘူး — လူ့သဘာဝ။
ဒါပေမယ့် ကိုယ်က ဒါကို စစ်မှန်တဲ့ ပုံစံလို့ ယူဆလိုက်ရင်
နောက်မှ “ဒီလူက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီး
အံ့အားသင့်ရတယ်။
စိတ်ပျက်ရတယ်။
Business partner ဖြစ်ဖြစ်။
ဝန်ထမ်းသစ် ဖြစ်ဖြစ်။
ချစ်သူ ဖြစ်ဖြစ်။
Pattern တူတယ်။
ဒီတော့ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို
ဘယ်လို ဖတ်မလဲ။
၁။ ဖိစီးမှုအောက်မှာ ဘယ်လို တုန့်ပြန်သလဲ ကြည့်ပါ။
လူတစ်ယောက်ရဲ့ တကယ့်စရိုက်က
အရာရာ အဆင်ပြေနေတဲ့အခါ မပေါ်ဘူး။
ဖိအားပေးလိုက်မှ ပေါ်တယ်။
Plan ပျက်သွားတဲ့အခါ ဘယ်လို react လုပ်သလဲ။
မျှော်လင့်ချက် မဖြည့်ဆည်းနိုင်တဲ့အခါ ဘယ်လို ပြောသလဲ။
အချိန်မရှိ၊ ပိုက်ဆံမရှိ၊ အိပ်ရေးမဝတဲ့အခါ
ဘယ်သူ ဖြစ်သွားသလဲ။
Comfort zone ထဲမှာ လူတိုင်း ကောင်းတယ်။
ဖိစီးမှုအောက်မှာ ဘယ်သူလဲ ဆိုတာ —
ဒါ တကယ့် သူ။
၂။ သူ့အထက်လူနဲ့ သူ့အောက်လူကို ဘယ်လို ဆက်ဆံသလဲ ကြည့်ပါ။
ဒါ အရေးကြီးဆုံး test တစ်ခု။
ကိုယ့်ရှေ့မှာ ယဥ်ကျေးတယ်။
ပြုံးပြတယ်။ လေးစားတယ်။
ဒါပေမယ့် စားပွဲထိုးကို ဘယ်လို ပြောသလဲ။
ဝန်ထမ်းကို ဘယ်လို ဆက်ဆံသလဲ။
အကူအညီ မလိုတဲ့သူကို ဘယ်လို သဘောထားသလဲ။
အထက်လူရှေ့မှာ ယဥ်ကျေးပြီး
အောက်လူကို မထီမဲ့မြင် လုပ်တဲ့သူ —
ဒါ ယဥ်ကျေးတာ မဟုတ်ဘူး။
ဒါ strategy။
တကယ် ကောင်းတဲ့ စရိုက်က
ဘယ်သူ့ရှေ့မှာ ဖြစ်ဖြစ် တူညီတယ်။
၃။ စကားနဲ့ လုပ်ရပ် ကိုက်ညီမှု ရှိမရှိ ကြည့်ပါ။
“ငါ ဒီလို လူမျိုး” လို့ ပြောတာ တစ်မျိုး။
တကယ် လုပ်တာ တစ်မျိုး။
“ငါ loyalty ကို တန်ဖိုးထားတယ်” ပြောတယ်။
ဒါပေမယ့် အကျိုးအမြတ် ပိုရတဲ့ဘက် ချက်ခြင်း ပြောင်းတယ်။
“ငါ honest ပဲ” ပြောတယ်။
ဒါပေမယ့် အသေးအမွှား ဟိုလိမ် ဒီလိမ် လုပ်တယ်။
“ငါ သင့်အတွက် ရှိတယ်” ပြောတယ်။
ဒါပေမယ့် ကိုယ် တကယ်လိုတဲ့အခါ ပျောက်သွားတယ်။
စကားကို နားမထောင်ပါနဲ့။
Pattern ကို ကြည့်ပါ။
တစ်ကြိမ် ဖြစ်ရင် အမှားဖြစ်နိုင်တယ်။
ထပ်ခါထပ်ခါ ဖြစ်ရင် — ဒါ စရိုက်။
လူတစ်ယောက်ကို ဖတ်တတ်ဖို့
ကိုယ့်ခံစားချက်နဲ့ ဖတ်တာ ရပ်ရမယ်။
သူ့ pattern နဲ့ ဖတ်ရမယ်။
ခံစားချက်နဲ့ ဖတ်ရင် — ကိုယ်မြင်ချင်တာ မြင်ရတယ်။
Pattern နဲ့ ဖတ်ရင် — တကယ်ဖြစ်နေတာ မြင်ရတယ်။
လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် —
ဒီအချက် ၃ ခု ကြည့်ပါ။
6 454
တကယ်အများကြီးသိတဲ့သူတွေက
ငါသိတာနဲသေးတယ်လိုတွေးတယ်
ဒီတော့ ဘာမှမပြောဘူး ငြိမ်နေတာမျာတယ်
တကယ်အများကြီးမသိတဲ့သူတွေက
ငါအကုန်သိပြီးပြီလိုတွေးတယ်
ဒီတော့ တွေ့ရာအကုန်လိုက်ပြောတယ်
တကယ် ခံရတာကတော့
သိသလိုလိုမသိသလိုလိုလူတွေပဲ 😁
6 454
+1
ထိုင်းထီပေါက်စဉ် ( ဒီနေ့ ထိုင်းထီထွက်ပြီ )
ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့
ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် Scan လည်းဖတ်လိုရသလို ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။
For Android - https://mm.nextworm.com/archives/672
For IOS - https://mm.nextworm.com/archives/673
6 454
တစ်နေတာကိုယ်လုပ်လိုက်တဲ့
ကောင်းမှုဆိုးမှုအားလုံးက
ကိုယ်တစ်ချိန်ကိုယ်ရလာမယ့်
Future version အတွက်
ထောက်ခံမဲပေးနေတာနဲ့တူတူပဲ
ကောင်းမှုများများလုပ်ရင်
ကောင်းတဲ့မဲများများရတော့
ကောင်းတဲ့ future version ရမယ်
ဆိုးမှုများများလုပ်ရင်
ဆိုးမှုမဲများများရတော့
ဆိုးတဲ့ future version ရမယ်
Life Is Simple 👌🏻
6 454
ကလေးတွေက ကိုယ့်ချီမယ်ဆိုငို
ခွေးတွေက ကိုယ့်တွေ့ရင်ဟောင်
ကြောင်ဆို ကိုင်တာနဲ့ထွက်ပြေးရင်
အတွင်းစိတ်ကဖြူနေတယ်
အေးချမ်းနေတယ်ဆိုတာ
ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး
လောဘဒေါသမောဟများပြီး
သီလသမာဓိနည်းနေရင်
သန့်စင်တဲ့ soul လေးတွေက
အရင်သိကြတယ်
6 454
သူများကို စပ်စုတဲ့သူပေါတယ်
ကိုယ့်ကိုယ်ကို စပ်စုတဲ့သူရှားတယ်
ကိုယ့်အကြောင်းကိုယ်ပိုသိတဲ့အခါ
လိုချင်တာတွေက တိကျသေချာလာတယ်
လောကကို အမှန်မြင်လာတယ်
အကြောင်းအကျိုးရဲ့
ဆက်စပ်မှုကိုနားလည်လာတယ်
သူများထက် ကိုယ့်အကြောင်းကိုယ်ပိုပြီး
စပ်စုဖိုအချိန်ပေးပါမိတ်ဆွေ
6 454
ဘဝမှာဘယ်skill ကို ဦးစားပေးပြီး
develop လုပ်ရမလဲမေးရင်
လုပ်စရာတွေရှိနေတာတွေကို
ဘယ်လိုစိတ်အခြေအနေ ခံစားချက်ပဲရှိရှိ
ပြီးအောင်လုပ်တဲ့ skill ကို
ဦးစားပေး develop လုပ်ရမယ်ဗျ💪🏻
Professional နဲ့ Amateur က
အဲ့နေရာမှာ ကွာသွားတော့တာပဲ 😎
6 454
ခရီးသွားရင်လူတွေက
ဘာသယ်သွားရမလဲတွေးတယ်
တကယ်တော့ ဘာတွေကပဲ
လိုအပ်မှာလဲတွေးပြီး
Final မှာ နောက်ထပ် ၂၀%
လောက်ထပ်လျော့လိုရသေးတယ်
ဘဝခရီိးလဲဒီလိုပဲ
မလိုတာတွေကိုထားခဲ့နိုင်မှ
ပိုခရီးပေါက်တယ်
လိုတာတွေတွေးနေရင်တော့
အများကြီးထမ်းပိုးနေရဦးမှာ
6 454
ငတုံးတွေရဲ့အမုန်းခံရတယ်ဆိုတာ
လူတော်တစ်ယောက်ဖြစ်လာဖိုအတွက်
လိုအပ်တဲ့ ပေးဆပ်မှုတစ်ခုထဲမှာပါတယ်
တစ်ဖက်မှာလဲ ငတုံးကြိုက်တဲ့
လူတော်တွေကရှိနေပြန်တယ် 😁
လူတော်တွေကြိုက်တဲ့ လူတော်ဖြစ်ဖိုလိုတယ်
6 454
မကောင်းတာတွေ မကြိုက်တာတွေကို
ငြင်းနိုင်စွမ်းရှိလာတာ ချမ်းသာတာပဲ
မကြိုက်တဲ့အလုပ်ကိုလုပ်ဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့သူနဲ့ လက်ဆက်မတွဲဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့နည်းနဲ့ရတဲ့ငွေကို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့ နေရာမှာဆက်နေဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မဟုတ်ရင်တော့ ပိုက်ဆံရှိ
လူဆင်းရဲ စိတ်ဆင်းရဲပဲဖြစ်နေမှာ
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
