831
مشترکین
-124 ساعت
-67 روز
-1430 روز
آرشیو پست ها
831
Ghost Island (2025)
---------------------
အင်ဒိုနီးရှားရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ "Pulau Hantu" သရဲကျွန်း ရုပ်ရှင် Franchise ကို ခေတ်သစ်ပုံစံနဲ့ Reboot ပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား Supernatural Horror / Mystery ရုပ်ရှင်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အားလပ်ရက်မှာ ပင်လယ်ပြင်ဆီ သင်္ဘောစီးပြီး ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့ကြတဲ့ ဆယ်ကျော်သက် လူငယ်သူငယ်ချင်းတစ်စုအကြောင်းကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ သင်္ဘောပေါ်မှာ မထင်မှတ်ထားတဲ့ ဆိုးဝါးလှတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်... သူတို့အုပ်စုဟာ မြေပုံပေါ်မှာ လုံးဝမရှိတဲ့၊ ထူးဆန်းလှတဲ့ "ကျွန်းပျက်" တစ်ခုပေါ်ဆီ ရောက်ရှိပြီး သောင်တင်သွားပါတော့တယ်။
သူတို့တစ်တွေ အဲဒီကျွန်းပေါ် ရောက်သွားတဲ့အချိန်ကစပြီး... ထူခြားတဲ့ နည်းလမ်းမျိုးစုံနဲ့ ရက်စက်လှတဲ့ သဘာဝလွန်ဖြစ်ရပ်ကို ရင်ဆိုင်ရပါတော့တယ်။ ကျွန်းရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ အသက်အန္တရာယ် ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ၊ သရဲတစ္ဆေတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် သူတို့အုပ်စုဟာ တစ်ယောက်ပြီးတစ်ယောက် သွေးပျက်ကာ အခြေအနေတွေ ပိုမိုဆိုးဝါးလာပါတော့တယ်။ နောက်ဆုံးမှာတော့... သူတို့အုပ်စုထဲက သတ္တိရှိပြီး ထက်မြက်လှတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ... ကျွန်းပေါ်က ကံကြမ္မာဆိုးကနေ လွတ်မြောက်ဖို့နဲ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် သေမင်းနဲ့ လောင်းကြေးထပ်ပြီး ထွက်ပေါက်ကို ဘယ်လိုမျိုး ရှာဖွေမလဲဆိုတာကို ရိုက်ပြထားပါတယ်။
831
Wild Sing (2026)
********************
IMDb Rating (6.5)
မထွက်ခင်ကတည်းက "နီဂါး ဂျိုဝါး" Challenge နဲ့ viral ဖြစ်နေခဲ့တဲ့ ရုံတင်ဟာသကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီနော်။
Main Cast တွေအနေနဲ့ Gang Dong-Won, Um Tae-Goo, Park Ji-Hyun, Oh Jung-Se တို့လို ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားပြီး Shin Ha-Kyun, Kang Ki-Young နဲ့ Gong Myung တို့ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် အားဖြည့်ပေးထားကြပါတယ်။
- ဇာတ်လမ်းအကျဉ်း -
နာမည်ကျော် ကေပေါ့အဖွဲ့ Triangle ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဟွမ်ဟျွန်းအူ (Gang Dong-Won) ၊ ဂူဆန်းဂူ (Um Tae-Goo) နဲ့ ဗြောင်ဒိုမီ (Park Ji-Hyun) တို့ဟာ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိနေချိန်မှာပဲ သီချင်းခိုးကူးမှု အရှုပ်တော်ပုံကြောင့် အဖွဲ့ပြိုကွဲခဲ့ရပါတယ်။
အလားတူပဲ ၃၈ ပတ်တိုင်တိုင် နံပါတ် ၂ နေရာကို ထိန်းထားနိုင်တဲ့ အဆိုတော် ချွဲဆောင်းဂွန်း (Oh Jung-Se) ဟာဆိုရင်လည်း မူးယစ်ဆေးမှုထဲ ပါဝင်ပတ်သက်မိပြီး နာမည်ပျက်ကာ ပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားခဲ့ရတဲ့အထိပါပဲ။
အဲဒီလိုနဲ့ နှစ် ၂၀ အကြာမှာ Triangle အဖွဲ့အတွက်ရော ချွဲဆောင်းဂွန်းအတွက်ပါ ဂန်ဝန်ဒိုက ဖျော်ဖြေပွဲတစ်ခုမှာ ပါဝင်ဖျော်ဖြေဖို့ အခွင့်အရေးရလာပါတော့တယ်။
ဖျော်ဖြေပွဲနေရာဆီ ခရီးထွက်လာရင်း လမ်းခုလတ်မှာ မထင်မှတ်တဲ့ မတော်တဆမှုလေးနဲ့ တွေ့ကြုံလိုက်ရတဲ့ Triangle အဖွဲ့လည်း တစ်ချိန်က ပြိုင်ဘက်ဖြစ်တဲ့ ချွဲဆောင်းဂွန်းရဲ့ကားနဲ့ ကားကြုံလိုက်စီးလာရတဲ့အခါမှာတော့...
အလွဲလွဲအချော်ချော်တွေကြားကနေ သူတို့လေးဦး ဖျော်ဖြေပွဲနေရာဆီ အချိန်မီ ရောက်ရှိနိုင်ပါ့မလား
831
To Catch A Virgin Ghost (2004)
**********************************
ဒီတစ်ခါမှာတော့ 2004 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့
သရဲဟာသကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Gate (2018) ထဲက မင်းသား Im Chang Jung ၊
Bravo My Life ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Kwon Oh Jung တို့က အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
လူမိုက်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဆော့ထယ် (Kwon Oh Jung)ဟာ
ဂိုဏ်းရဲ့ စိန်တွေကို ခိုးယူပြီး ထွက်ပြေးလာရင်းက
ရှီရှီလ်ရီဆိုတဲ့ ရွာငယ်လေးကို ကားမတော်တဆမှုဖြစ်ပြီး ရောက်ရှိသွားခဲ့ပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့တဲ့ ဂင်ယန်းအီ (Im Chang Jung)ဟာ
သူ့ကို တစ်ဖက်လှည့်နဲ့ လှည့်စားသွားတဲ့ ဆော့ထယ်နောက်ကို ရေဆုံးမြေဆုံးလိုက်လံရှာဖွေရင်း
စိန်တွေကို ပြန်အရယူဖို့ တာဝန်ပေးအပ်ခံလိုက်ရပြီး ရှီရှီလ်ရီရွာလေးကိုပဲ
ဦးတည်ရောက်လာခဲ့ပြန်ပါတော့တယ်။
ဆော့ထယ်ကို ရှာပုံတော်ဖွင့်ရင်းနဲ့ ဂင်ယန်းအီနဲ့ သူ့နောက်လိုက်တွေ ကြုံတွေ့ရသမျှကို
ဟာသနှောပြီး ရိုက်ကူးထားတဲ့အတွက် သရဲကားဆိုတာထက် ပေါ့ပေါ့ပါးပါးနဲ့
ရယ်မောနေရမှာသေချာပါတယ်
831
The Devil's Mouth (2026)
+++++++++
The Devil’s Mouth (2026) ဟာ ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
++++++++++
ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။ အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။
အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။ ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။ ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ
831
"အစ်" ဆိုတဲ့ကောင်လေးကတော့ ငယ်ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတစ်ခုကြောင့် မိန်းကလေးတွေကို ကြောက်တဲ့ (Gynophobia) ဝေဒနာ ခံစားနေရပြီး ဘယ်မိန်းကလေးနဲ့မှ အနီးကပ်မထိတွေ့ရဲသလို အချစ်ရေးမှာလည်း လုံးဝ အဆင်မပြေဖြစ်နေသူပါ
သူ့အဖေ မရှိတော့တဲ့နောက် တစ်ယောက်တည်းနေထိုင်ရင်း တနေ့မှာ သူ့ဆီကို လျှို့ဝှက်ပါဆယ်ထုပ်တစ်ခု ရောက်ရှိလာပြီး အထဲမှာတော့ "အန်နာ" လိုခေါ်တဲ့ AI စနစ်နဲ့ဖန်တီးထားတဲ့ Sex Doll တစ်ရုပ် ဖြစ်နေပါတယ်
"အန်နာ"က လူသားတစ်ယောက်လို သင်ယူနိုင်ပြီး စိတ်ခံစားချက်တွေပါရှိနိုင်တဲ့ အဆင့်မြင့် AI Sex Doll အရုပ်လေးပဲဖြစ်ပါတယ်
"အစ်"ကတော့ အန်နာ ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ပေးရမှာဖြစ်ပြီး သူမအောင်မြင်ခဲ့ရင် သူ့အဖေရဲ့ Sex Doll ဖန်တီးဖို့အတွက် ချေးယူထားတဲ့ဘတ် သန်း50 ကို အကြွေးဆပ်ပေးရမှာပါ။ ဒီစမ်းသပ်မှုက မိန်းကလေးတွေနဲ့မထိတွေ့ရဲတဲ့ အစ် အတွက်ကတော့ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။
အချိန်ကြာလာတာနဲ့အမျှ အန်နာဟာ လူသားတစ်ယောက်လို အတွေးအခေါ် နဲ့ ခံစားချက်တွေပါရှိလာခဲ့ပြီး အစ် နဲ့ သံယောဇဥ်ဖြစ်လာခဲ့ပါတယ်။
အစ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တဲ့ ဒီစမ်းသပ်မှု အောင်မြင်သွားနိုင်မလား....
လူသားနဲ့ AI အရုပ်ကြားက ချစ်ခြင်းသံယောဇဥ်တွေ က အစ်ရဲ့ကြောက်စိတ်ကို ကျော်ဖြတ်ပေးနိုင်မလားဆိုတာ...
ရယ်စရာတွေ ရင်ထဲထိစေတဲ့ ခံစားချက်တွေနဲ့ အချစ်ရဲ့အဓိပ္ပာယ်ကို ထူးခြားတဲ့ပုံစံလေးနဲ့ ကြည့်ရမဲ့ ဇာတ်ကားလေးပါ
831
မစောင့်နိုင်လို့ကြိုကြည့်ချင်ကြတဲ့သူတွေအတွက် ဦးစွာ HDTC Version ကိုအရင်ဆုံးတင်ဆက်လိုက်ပါတယ်..အရသာပြည့်ပြည့်ဝဝခံစားချင်ရင်တော့
Digital Release သာ စောင့်ကြပါလို့ အကြံပေးလိုက်ပါတယ်
၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ဂန္ထဝင်ဟာသဇာတ်ကားကြီး "Shaolin Soccer" ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့
ဆယ်စုနှစ် နှစ်ခုကျော်အကြာမှာ ဟာသဘုရင်ကြီး စတီဖင်ချောင် (Stephen Chow) ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ "Shaolin Women's Soccer" (သို့မဟုတ်) "Kung Fu Soccer"
(功夫女足) ဆိုတဲ့ အသစ်စက်စက် ၂၀၂၆ ထွက် ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။ ဒီကားမှာတော့ နာမည်ကြီး တရုတ်မင်းသမီးချောလေး
Dilraba Dilmurat ၊ Zhang Xiaofei နဲ့ နာမည်ကျော် အဆိုတော်/မင်းသား Lay Zhang တို့က အဓိကပါဝင်အားဖြည့်ထားပြီး Stephen Chow ရဲ့ နာမည်ကျော် အငွေ့အသက်တွေနဲ့အတူ
အားရပါးရ ရယ်မောရမယ့် Sports Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ "Emei" (အော်မေ့) လို့ခေါ်တဲ့ အမျိုးသမီး ဘောလုံးအသင်းလေးရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအသင်းဟာ အစပိုင်းမှာတော့ ဘယ်သူကမှ
အထင်မကြီးတဲ့၊ ပျမ်းမျှအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလေးတစ်ခုပေါ့။ ဒါပေမဲ့ သူတို့တွေဟာ "Supreme Invincible Cup" ဆိုတဲ့ အကြီးမားဆုံး
ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့... ရိုးရိုးဘောလုံးကန်တာမျိုးမဟုတ်ဘဲ တရုတ်ရိုးရာ သိုင်းပညာ (Kung Fu) တွေကို
ဘောလုံးကစားကွက်တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတော့တယ်။ပြိုင်ပွဲတစ်လျှောက်မှာ သူတို့အသင်းလေးဟာ သိုင်းပညာနဲ့ ဘောလုံးပေါင်းစပ်ထားတဲ့ ထူးခြားတဲ့
စွမ်းရည်တွေကြောင့် အောင်ပွဲတွေ ဆက်တိုက်ရလာခဲ့ပေမဲ့၊ မထင်မှတ်ထားတဲ့ အတွင်းလူရဲ့ သစ္စာဖောက်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဒီလို အခက်အခဲတွေ၊ အကြပ်အတည်းတွေကြားထဲကနေ Emei အမျိုးသမီး ဘောလုံးအသင်းလေး
ဘယ်လို ပြန်လည်ထလာမလဲ၊ ပြိုင်ဘက်တွေကို သိုင်းကွက်ဆန်းတွေနဲ့ ဘယ်လို အကြိတ်အနယ် ယှဉ်ပြိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ အရင် Shaolin Soccer ရဲ့ အငွေ့အသက်တွေကို အပြည့်အဝ ပြန်လည်ခံစားရစေမယ့်အပြင်၊ Stephen Chow ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ ဟာသ
(Nonsense Comedy) တွေ၊ အမိုက်စား CGI အထူးပြုလုပ်ချက်တွေနဲ့ သိုင်းကွက်ဆန်းတွေကို ခေတ်မီမီ မြင်တွေ့ရမှာပါ။ ဒါ့အပြင် Carina Lau နဲ့ ဂျပန်မင်းသား Takeru Satoh တို့လို
နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသေးတာမို့ အရင် Shaolin Soccer ကို သဘောကျခဲ့တဲ့ ပရိသတ်တွေရော၊ ပေါ့ပေါ့ပါးပါးနဲ့
ရယ်ရယ်မောမော ကြည့်ချင်တဲ့ ပရိသတ်တွေပါ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်။
