cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

May Yu Htar Nay

သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။

نمایش بیشتر
پست‌های تبلیغاتی
23 784
مشترکین
-1924 ساعت
-847 روز
-34230 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Repost from Min Chit Oo
Photo unavailableShow in Telegram
ရခိုင်အဆိုတော် Rကြီး သူတို့ AA အဖွဲ့ကို မထောက်ခံလို့ဆိုပြီး ဖမ်းဆီးနှုတ်ပိတ်လိုက်ပြန်ပြီတဲ့ လာခြိမ်းခြောက်ထားတာက AA ကောင်အကောင့် သတင်းဟုတ်မဟုတ်ကတော့ ကာယကံရှင်အသိဆုံးဖြစ်ပါလိမ့်မယ် မိသားစုဝင်တွေ မသိသေးရင် သိရအောင် တင်ပေးတာပါ
نمایش همه...
👍 40
Photo unavailableShow in Telegram
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းရှိ ဒုညောင်ပင်ကြီး ကျေးရွာအုပ်စုက ရွာတွေကို AA အကြမ်းဖက်အဖွဲ့က ဝင်ရောက် မွှေနှောက်ပြီးဘင်္ဂါလီတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေတယ်။ AA အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို ရွာတွေကနေမောင်းထုတ်ကာ နေအိမ်တွေက ပစ္စည်းတွေ အဓမ္မယူပြီး ဘင်္ဂါလီတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့အပြင် ဘင်္ဂါလီတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ AA အကြမ်းဖက်အဖွဲ့ရဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်းတင်းတင်းကျူးလွန်မှုတွေပဲဖြစ်ပါတယ်။
نمایش همه...
👍 64
Repost from Min Chit Oo
Photo unavailableShow in Telegram
စောစောစီးစီး နားဝင်ချိုလိုက်တာ
نمایش همه...
👍 109
Photo unavailableShow in Telegram
ယိုးငူကျေးရွာရှိ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦး AA ထဲမဝင်လို၍ မိမိကိုယ်ကိုအဆုံးစီရင်မှု ဖြစ်ပွား ================ ဇူလိုင် ၆ သေဆုံးသွားသည့် ဇနီးမောင်နှံနှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တာဖြစ်ပြီး  ငှက်ကြီးကျွန်းကျေးရွာမှ မောင်သန်းမြင့်စိုး (၁၈) နှစ်နှင့်အလယ်စု ရပ်ကွက်က မစုမြတ်ထွန်း (၁၆) နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။ “ ၂၉ ရက်နေက AA လူသစ်စုတဲ့အဖွဲ့တွေ ရွာကိုရောက်လာပြီး ရွာက လူငယ်တွေအပြင် သူတို့လင်မယားထဲကတစ်ယောက် AA စစ်သင်တန်းတက်ရမယ်လို့ပြောသွားတယ်။ အဲ့ဒီလိုပြောပြီး နောက်ရက် ရွာကပျောက်သွားတာ၊ နောက်နေ့ မနက်မှာ တောင်ပေါ်ကို ထင်းသွားရှာတဲ့ လူတစ်ယောက်က သူတို့ နှစ်ယောက် သေဆုံးနေတာကိုတွေ့တယ်။ သူတို့ နှစ်ယောက်က ယူထားကြတာလည်း ၅ ရက်လောက်ပဲ ရှိပါသေးတယ်။  အသက်ကလည်း ဆယ်ကျော်သက် အရွယ်တွေ၊ လူငယ်သဘောသဘာဝ မခွဲနိုင်ကြလို့ ဒီလိုလုပ်သွားတာလို့တင်တယ် "ဟု စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတစ်ဦးက ပြောသည်။
نمایش همه...
👍 64
Repost from Min Chit Oo
Photo unavailableShow in Telegram
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023  ကို နှိပ်ပြီး ပေးပိုလိုရပါပြီ
نمایش همه...
👍 37
Repost from Voice of Muslim
Photo unavailableShow in Telegram
မောင်တော ဖေဇီရွာတွင် AA ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်(၁)ဦး သေဆုံး၊ တချို့ ဒဏ်ရာရ =================== ဇူလိုင်လ ၅ ရက်၊၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ POE နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းဟောင်းနေရာမှာ စခန်းချ တပ်စွဲထားတဲ့ တပ်ကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် AA ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ရာ တပ်နေရာကိုမကျဘဲ အရပ်သားနေအိမ်များကို ထိမှန်ခဲ့တာကြောင့် မွတ်ဆလင်လူငယ်(၁)ဦး သေဆုံးခဲ့တယ် လို့ သိရတယ်။ ယနေ့ ဇူလိုင်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ကနေ AA ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ လူနေအိမ်တွေအနီး ကျရောက်ပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ခဲ့ပြီး ပေါက်ကွဲသွားခဲ့တဲ့ လက်နက်ကြီးရဲ့ အစအန ထိမှန်ပြီး အမှတ်(၁) ရပ်ကွက်အပိုင် ဖေဇီရွာက အသက်(၁၃)နှစ်အရွယ် မွတ်ဆလင်(၁)ဦး သေဆုံးခဲ့ပြီး တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မောင်တောမြို့ပေါ်မှာ AA အဖွဲ့ရဲ့ လက်နက်ကြီး၊ ဒရုန်းဗုံးတွေကြောင့် နေ့စဉ် လူသေဆုံးမှုဖြစ်ပေါ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
نمایش همه...
👍 52
Repost from Min Chit Oo
Photo unavailableShow in Telegram
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023  ကို နှိပ်ပြီး ပေးပိုလိုရပါပြီ
نمایش همه...
👍 45
Repost from Min Chit Oo
Photo unavailableShow in Telegram
အစီအမံတွေချထားပြီးပြီ ဒီနေ့မြေရ ဒီနေ့ ULA/AA ကလုပ်ပေးလိမ်မယ့်လို့ လူထုကိုအယုံသွင်းပြီး ပြည်သူကို စစ်ဘေးသင့်ခိုင်းခဲ့တာလည်းမင်းတို့ပဲ ငတ်နေပါပြီ၊ ဆေးတွေပြတ်နေပါပြီ၊ လှူပေးကြပါ၊ ငွေမရှိရင် AA လည်း ဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီး ခွက်ခေါက်နေတာလည်း မင်းတို့ပဲ မင်းတို့ကောင်တွေ ဒီဘဝသာကောင်းစားရင် ကောင်းစားလိမ့်မယ် စစ်ဘေးသင့်ရခိုင်လူထုနဲ့ အခြားမိသားစုတွေရဲ့ ကြိမ်စာတွေကြောင့် နောင်ဘဝ ချေးစားစရာတောင်မရှိတဲ့ခွေးဘဝမှာနေရလိမ့်မယ်
نمایش همه...
👍 103
Repost from Voice of Muslim
AA အဖွဲ့မှ မောင်တောက မွတ်ဆလင်တွေပိုင် အိမ်မွေးတိရိစ္ဆာန်များ/ အိမ်အသုံးအဆောင်ပစ္စည်းများအား ခိုးယူပြီး၊ ဖုန်းတွေသိမ်းကာ သတင်းအမှောင်ချနေ ==================== မောင်တော၊ ဇူလိုင် ၄ မောင်တောတွင် စစ်ဘေးရှောင်ရတဲ့ မွတ်ဆလင်ကျေးရွာသားတချို့ နေရပ်ပြန်ခွင့်ရခဲ့သော်လည်း ထားခဲ့ရတဲ့ ဆန်အိတ်၊ကျွဲများ၊ နွားများ၊ကြက်များ၊ဆိတ်များ အပြင် အိမ်တွင်းအသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် စစ်ဘေးရှောင်ပြည်သူတွေထဲက ရခိုင်တွေရဲ့ ဖုန်းတွေကိုမသိမ်းဘဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေ ကိုသာ သိမ်းနေတယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက AA မောင်းထုတ်ခံရမှုကြောင့် တိမ်းရှောင်ပေးခဲ့ရတဲ့ မောင်တောမြို့နယ်က ပေါင်းဇားကျေးရွာ၊ လှဘော်ဇားကျေးရွာ၊ ပန်းတောပြင်ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ၊ လသာအောက်ရွာ တို့အနက် ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာ (၂) ခုမှ ဒေသခံ မွတ်ဆလင်တွေကို ပြီးခဲ့တဲ့အပတ်တွင် AA က မူလနေထိုင်ရာ ရွာတွေကို ပြန်ခွင့်ပြုခဲ့ပြီး ကျန် ရပ်ကွက်ကျေးရွာသားတွေကို ရွာတွေကို ပြန်ခွင့် မပြုသေးဘူးလို့သိရပါတယ်။ အထက်ပါ ရပ်ကွက်ကျေးရွာတွေ အားလုံးမှာ AA က စစ်စခန်းချပြီး စစ်တပ်ကိုတိုက်ခိုက်ဖို့ မွတ်ဆလင် ရွာသားတွေ ရွာကို စွန့်ခွာနေစဉ်မှာပဲ AA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်နေရာယူခဲ့တာ ဖြစ်ပါတယ်။ ဒေသခံမွတ်ဆလင်တစ်ဦးမှ "AA က မွတ်ဆလင်ရွာတွေကို (၂)လကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီး ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာသားတွေကို ရွာပြန်ခွင့်ပြုလိုက်လို့ ပြန်တဲ့အခါ ကျနော်တို့ ထားရစ်ခဲ့ရတဲ့ ဆန်အိတ်၊ ဆိုလာပြား၊ဘတ္တရီ၊ ဆိုက်ကယ်၊ ကား၊ ကျွဲ၊ နွား၊ ကြက်၊ဆိတ်များအပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ အားလုံးနီးပါး ပျောက်ဆုံးနေပါတယ်။ကျွန်တော်တို့ ထွက်မသွားခင်က ဘာမှမဖြစ်ပါဘူး အားလုံး သူတို့ ကြည့်ရှုပေးထားမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်တော့ ဘာမှ မကျန်တော့ပါဘူး။ ဒါအပြင် ကျန်ရပ်ကွက်ကျေးရွာတွေ ဖြစ်တဲ့ ပန်းတောပြင် ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ တို့က မွတ်ဆလင်ရွာသားတွေ အဝတ်တစ်ထည်နဲ့ အသက်လုထွက်ပြေးရပြီး ရွာမှာ ထားခဲ့ရတဲ့ ကျွဲ၊ နွား၊ ဆိတ်များအပြင် အိမ်တွင်း အသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။အချို့ စပါးတွေထားခဲ့တယ်၊ ဆန်တွေ ထားခဲ့တယ်၊ ကျွဲ၊ နွား၊ ဆိတ် ထားခဲ့ရတယ်၊ အဲ့တာတွေ ဘာတခုတော့မှ မရှိတော့တဲ့အပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ AA က ၄ မိုင်ရပ်ကွက်ကသူတွေနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူဆောင်သွားပါတယ်"ဟု ပြောသည်။ ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ ဘူးသီးတောင်ဖြစ်စဉ်ကြောင့် ထွက်ပြေးရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေဆီက ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေ၊‌ေရွှများကို AA က သိမ်းဆည်ထားသလို ဇွန်လ ၂၆ရက်နေ့ မောင်တော ရွှေဇားရွာက ထွက်ပြေးရတဲ့ စစ်ဘေးရှောင် မွတ်ဆလင်တွေဆီကလည်း ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားပါတယ်။AA ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်တွေအနေနဲ့လည်း လက်ကိုင်ဖုန်း သုံးစွဲလို့ မရသလို ဖုန်းတွေတွေ့ရင် ဖုန်းဆက်တာမိရင် ဖုန်းသိမ်းတာအပြင် AA တပ်ဖွဲ့ဝင်တွေက အော်ဟစ် ကြိမ်းမောင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေပါတယ်။ "လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချဖို့ သက်သေတွေ ဖျောက်ဖျက်ဖို့ အတွက် AA ဖုန်းသိမ်းနေတာပါ။ ဖုန်းရှိရင် အခြေအနေအမှန်တွေကို သတင်းမီဒီယာဆီ ပြောလို့ရမယ်။ လက်ကိုင်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေနဲ့ အခင်းဖြစ်အခြေအနေတွေကို မှတ်တမ်းတင်နိုင်တယ်။ ဒါမျိုးတွေကို ရှောင်လွှဲဖို့ လက်ဦးမှုအနေနဲ့ ဖုန်းတွေကို သိမ်းပစ်နေတာဖြစ်တယ်။ AA စစ်ဆင်ရေးလုပ်ခဲ့တယ် ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေက မွတ်ဆလင် မဟုတ်တဲ့ အခြားလူမျိုးတွေဆီကနေ AA ဖုန်းသိမ်းတဲ့ ဖြစ်စဉ် မတွေ့ရပါဘူး။ စစ်ဘေးရှောင်မွတ်ဆလင်တွေအနေနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်သွယ်ပြောဆိုဖို့ ဖုန်းတွေ သိမ်းဆည်းခံထားရတာကြောင့် အခက်အခဲဖြစ်နေတယ်။ AA ဒီမှာလုပ်နေတာတွေရဲ့ အဖြစ်အမှန်တွေကို ပြင်ပက မသိနိုင်အောင်လို့ စစ်ဘေးရှောင်ပြည်သူတွေထဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေကိုသာ AA သိမ်းပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင် ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် ဒီလိုလုပ်နေတာ"လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
نمایش همه...
👍 53
Repost from Voice of Muslim
#BreakingNews မောင်တောမြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ ကျေးရွာအသီးသီးမှ ရခိုင်အစွန်းရောက် AAအကြမ်းဖက်အဖွဲ့ရဲ့အတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းခံခဲ့ရတဲ့ မွတ်ဆလင် လူငယ်များ ထွက်ပြေးသွားတာကြောင့် သူတို့ရဲ့မိဘတွေကို အေအေက မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
نمایش همه...
👍 64
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.