cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

PSLF/TNLA News

This is PSLF/TNLA News Official Channel.

نمایش بیشتر
پست‌های تبلیغاتی
17 298
مشترکین
+9624 ساعت
+6547 روز
+1 81830 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ပြည်သူလူထုများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့်အတူ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော မြန်မာစစ်ကောင်စီ၏ လုပ်ရပ်အား ကန့်ကွက်ရှုတ်ချခြင်းနှင့် ထိုလုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် သတိပေးသည့် PSLF/TNLA နှင့် MNTJP/MNDAA တို့၏ သဘောထား ထုတ်ပြန်ချက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇)ရက်
نمایش همه...
နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ဆရာ၀န်များစစ်ဆေးမှုပြုလုပ် နမ့်ခမ်း၊ ဇွန်လ ၆ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိ PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာရာရေးအဖွဲ့နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်လျှက်ရှိပါသည်။ ဆေးဝါးသိုလှောင်မှုစနစ်နှင့် ဆေးရုံ၊ ဆေးခန်းအတွင်း ကျွမ်းကျင် အမှုထမ်းလုံလောက်မှုအခြေအနေနှင့် ခန့်အပ်သည့် ဆရာဝန်များအခြေအနေကို စစ်ဆေးသည့်အပြင် ဆေးပုလင်း၊ ဆေးအပ်များ စနစ်တကျစွန့်ပစ်မှုများကိုပါ စစ်ဆေးခဲ့သည်။ အများပြည်သူ ကျန်းမာရေးအတွက် ပိုမိုစိတ်ချယုံကြည်စေရန် အခုတစ်ကြိမ်မှာ အရေးယူမှုမပြုဘဲ သတိပေးသည့်အနေဖြင့်သာ စစ်ဆေးခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် သတ်မှတ်ချက်မပြည့်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ စည်းကမ်းမလိုက်နာသည့် ဆေးရုံဆေးခန်းများအား လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားမည်ဖြစ်ပြီး အရေးယူမှုများလည်းပြုလုပ်သွားမည်ဖြစ်သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
نمایش همه...
နမ့်ခမ်းတွင် မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်များ ရှောင်တခင်စစ်ဆေးမှုပြုလုပ် ကွတ်ခိုင်၊ ဇွန်လ ၆ ရက် ဓာတ်ပုံသတင်း တအာင်းပြည် တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးနှင့် ကူးသန်းရောင်းဝယ်ခွင့် မပြုထားသည့် စစ်ကောင်စီထုတ်ကုန်များကို တပ်မဟာနှင့် တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့သည်။ နမ့်ခမ်းမြို့မှထွက်ခွါသွားသော ကုန်တင်ယာဉ်များနှင့် မူဆယ်မှလာသည့် ယာဉ်များကို နမ့်ခမ်းမြို့အဝင် မန်ခမ်းကျေးရွာနားတွင် ယမန့်နေ့တွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။  မြန်မာစစ်တပ်အာဏာသိမ်းချိန်မှစ၍ PSLF/TNLA အုပ်ချုပ်သည့် မြို့နယ်အတွင်းတွင် စစ်ကောင်စီထုတ် စားသုံးကုန် လူသုံးကုန်များနှင့်ကူးသန်းရောင်းဝယ်သူ များကို အရေးယူမှုပြုလုပ်လျှက်ရှိသည်။ #နမ့်ခမ်းရဲတပ်ဖွဲ့ #သတင်းဓါတ်ပုံ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
نمایش همه...
Photo unavailableShow in Telegram
တအာင်းပြည် စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) အပတ်စဉ်(၁) ဖွင့်လှစ် နမ္မတူ ၊ဇွန်လ ၆ရက် တအာင်းပြည်သတင်း တအာင်းပြည် ၊တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်တွင် တအာင်းပြည်စိုက်ပျိုးမွေးမြူ‌ရေး အင်စတီကျူ့ကျောင်း (T.A.I) Ta'ang Agricultural Institute အပတ်စဥ် (၁) ကို ဇွန်လ ၆ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် PSLF/TNLA၏ ဒုတိယ ဥက္ကဌ-၁ ဒုဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ် ၊အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ် ၊တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပါင်လ၊ သက်ဆိုင်ရာဌာနအရာရှိ အရာခံများနှင့် ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသားစာပေယဉ်‌ကျေးမှုများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။ PSLF/TNLA ဒုတိယဉက္ကဌ-၁ တားဇိုက်ဇာရ်မှ စိုက်ပျိုးရေးကို နည်းပညာနှင့် စနစ်တကျအသုံးပြုပြီ အထွက်နှုန်းပိုမိုကောင်းမွန်‌အောင်၊သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေအောင်၊ ဒေသထွက်ထုတ်ကုန်များကို မြေပြန့်ဒေသထိ တင်သွင်းနိုင်စေရန် ကြိုးစားဆောင်ရွက်သွားရမည်ဟု ပြောသည်။ T.A.I ကျောင်းတွင် ကျောင်းသူ(၂၈)ဦး၊ ကျောင်းသား(၁၅)ဦး၊ စုစုပေါင်း(၄၃)ဦး တက်ရောက်ကြပြီး ကျောင်းကာလ ၂နှစ်နှင့် ၃လ ကြာမြင့်မည်ဖြစ်သည်။ ကျောင်းတွင် စိုက်ပျိုရေးဘာသာရပ် (၇)ခုနှင့်‌‌ အခြားပညာရပ်ဆိုင်ရာ (၅)ခုဖြင့် သင်ကြားသွားမည်ဖြစ်ပြီး၊ ကျောင်းပြီးသွားပါက ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ကျောင်းသို့တက်ရောက်မည့် ကျောင်းသားတစ်ဦးက ဤကျောင်းတက်ရသည့် ရည်ရွယ်ချက်သည် ခေတ်မှီနည်းပညာဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် နည်းပညာအကူအညီ အများအပြား လိုအပ်သောကြောင့် တစ်နည်းတစ်ဖုံ ဖြည့်ဆည်းနိုင်ရန်နှင့် ခေတ်မှီသည့် စိုက်ပျိုးရေးနည်းစနစ်ကို သိမြင်တက်မြောက်‌အောင် လာရောက်ပြီ တက်‌ရခြင်းဖြစ်သည်။ စိုက်ပျိုးရေးနည်းပညာကျယ်ပြန့်လာခြင်း၏ အကျိုးကျေးဇူးသည် ခေတ်မှီသော နည်းပညာဖြင့် စနစ်တကျ စိုက်ပျိုးသည့်အတွက်ကြောင့် အရည်အသွေးပြည့်မှီသော သီနှံများကို တခြားဒေသသို့ ရောင်း၀ယ်ဖောက်ကာ နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးတောင်သူများ၏ ၀င်ငွေကို တဖက်တလှမ်းကနေ ကူညီပေးနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရေးကျွမ်းကျင်သည့်ပညာရှင် ပေါ်ထွန်းလာစေရန်၊ တအာင်းပြည်ရှိစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ G-12 အောင်မြင်ထားသည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း ဖန်တီးပေးနိုင်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်သည်။ #စိုက်ပျိူးမွေးမြူးရေးကျောင်းဖွင့်ပွဲ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
نمایش همه...
နောင်ချို နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်မှုပြုလုပ် နမ့်ဆန်၊ ဇွန်လ ၆ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့နယ်နှင့် တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့သည်။ ယမန်နေ့ ဇွန်လ(၅)ရက်နေ့၊ နံနက်(၈)အချိန်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး(၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရသည်။ အလားတူ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့သည်။ ထို့အပြင် ယမန်နေ့ ညနေ (၄)နာရီအချိန်တွင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး(၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် ကြောက်လန့်နေရသဖြင့် အချို့ဒေသခံများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ(၁)ရက်နေ့မှ ယနေ့ထိ လက်နက်ကြီးဖြင့် စုစုပေါင်း (၂၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
نمایش همه...