Let's Learn Programming - Myanmar
رفتن به کانال در Telegram
Let's Learn Programming ရဲ့ telegram channel လေးပဲဖြစ်ပါတယ်။ ဒီ channel လေးကနေ Knowledge Sharing တွေ ၊ ထပ်မံဖွင့်လှစ်တဲ့ သင်တန်းအကြောင်းတွေ ၊ Computer Science ရဲ့ပတ်သတ်တဲ့ ebook file resources တွေကို share သွားပေးမှာပါ။
نمایش بیشتر3 059
مشترکین
+624 ساعت
+287 روز
+9730 روز
آرشیو پست ها
🐍 Python Programming ကို ဘာကြောင့် လေ့လာသင်ယူသင့်သလဲ
ယနေ့လို ဒီဂျစ်တယ်ခေတ်ကြီးမှာ coding သင်ယူခြင်းဟာ computer scientists တွေအတွက်သာမက၊ ကျောင်းသားများ၊ professional များနဲ့ hobbyists တွေအတွက်ပါ အရေးကြီးတဲ့ skill တစ်ခုဖြစ်လာပါပြီ။
Programming languages ထဲမှာဆို Python ဟာ beginner များအတွက်ရော expert များအတွက်ပါ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။
🔑 Python ဆိုတာဘာလဲ?
Python ဟာ high-level programming language တစ်ခုဖြစ်ပြီး ရေးရလွယ်ကူကာ ဖတ်ရလွယ်ကူတဲ့ syntax ရှိပါတယ်။ English စာကြောင်းတွေနဲ့ ဆင်တူတဲ့အတွက် beginner-friendly အဖြစ်ဆုံး language တစ်ခုလည်းဖြစ်ပါတယ်။
✅ Python ကို ဘာကြောင့် သင်ယူသင့်သလဲ?
✔ Beginner-Friendly – Syntax
(ရေးပုံရေးနည်း) ရိုးရှင်းပြီး ရှင်းလင်းတဲ့အတွက် ရှုပ်ထွေးလွန်းတဲ့ စည်းမျဥ်းစည်းကမ်း တွေကို အလွတ်ကျက်နေစရာမလိုဘဲ problem-solving ကိုပဲ အာရုံစိုက်နိုင်ပါတယ်။
ဒါကြောင့် တခြား Programming Langauge တွေလို ရေးနည်း ရှုပ်ထွေးတာတွေ ၊ လိုက်နာရမယ့် ရှုပ်ထွေးလွန်းတဲ့ စည်းမျဥ်းစည်းကမ်း မရှိတဲ့အတွက် ကိုယ်ဖြေရှင်းလိုတဲ့ ပြဿနာကိုပဲ အာရုံစိုက်ပြီး သက်သက်သာသာနဲ့ ရေးနိုင်ပါတယ်။
✔ Highly Versatile
Python ကို web apps, data analysis, AI, automation, game development အစရှိတဲ့ နယ်ပယ်မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။
✔ In-Demand Skill
Google, Facebook, Netflix, NASA အပါအဝင် နာမည်ကြီးကုမ္ပဏီတွေမှာ Python ကို အသုံးပြုနေကြပါတယ်။ Job market မှာလည်း Python ဟာ အရမ်းကို လိုအပ်နေတဲ့ skill တစ်ခုဖြစ်လာပါတယ်။
✔ Massive Community
သန်းနဲ့ချီတဲ့ learners တွေ၊ professionals တွေက Python ကို အသုံးပြုနေကြတဲ့အတွက် အခက်အခဲတွေ့ရင် online မှာ အလွယ်တကူ အကူညီရှာဖို့ အဆင်ပြေပါတယ်။
✔ Future-Proof
Artificial Intelligence (AI) နဲ့ Data Science စသည့် နည်းပညာများ ပိုမိုတိုးတက်လာတာနဲ့အမျှ Python ဟာ အနာဂတ်နည်းပညာရဲ့ အဓိက language တစ်ခုဖြစ်လာမှာပါ။
💡 Python နဲ့ ဘာတွေလုပ်နိုင်မလဲ?
🌐 Web Development
Django, Flask စသည့် framework များဖြင့် Web Application များရေးဆွဲနိုင်ပါတယ်။
📊🤖 Data Science & Machine Learning
Pandas, NumPy, TensorFlow, PyTorch စသည့် Python Library များကို သုံးပြီး Data Science နှင့် Machine Learning စသည့် နယ်မယ်များကို လုပ်ဆောင်နိုင်ပါတယ်။
⚙️ Automation
အချိန်ကုန်သက်သာစေဖို့ အတွက် အလိုအလျောက် လုပ်ဆောင်ချက်တွေကို Python ဖြင့် လုပ်ဆောင်နိုင်ပါတယ်။
🎮 Game Development
Python Library တစ်ခုဖြစ်တဲ့ Pygame ကို အသုံးပြုပြီး 2D Game များကို ရေးဆွဲနိုင်ပါတယ်။
🔒 Cybersecurity
🖥️ Desktop Applications
🤖 IoT and Robotics
စသည့်နယ်ပယ်များတွင် Python ကို အသုံးပြုနိုင်ပါတယ်။
သင်ဟာ ကျောင်းသားတစ်ယောက်ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖြစ်၊ professional ဖြစ်ဖြစ်၊ Python ကို သင်ယူခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖွင့်ပေးနိုင်တဲ့ powerful tool တစ်ခုဖြစ်ပါတယ်။
👉 ဒါဆို စိတ်၀င်စားသွားပြီထင်ပါတယ်။
Python ကို အခြေခံမှစပြီး အသေးစိတ် စနစ်တကျ လေ့လာသင်ယူချင်တယ် ဆိုရင်တော့ August Intake အတန်းများဖြစ်တဲ့
Python - Batch 24 [ Weekday ]
Python - Batch 25 [ Weekend ]
အတန်းများကို အပ်နှံနိုင်ပါပြီ။
သင်တန်းအကြောင်းအသေးစိတ်ကို အောက်က link ကနေ ဖတ်ကြည့်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid02k2jm1pbNryvu9H64doru9giePA1N1AYfuSJqmkJqcDfQoaTPHX5PG1PSjjc6q7hWl&id=100064035069425&mibextid=wwXIfr
Wai Yan Htun
Founder of Let's Learn Programming - Myanmar
သင်တန်းစုံစမ်းလိုပါက @LLPMM_LECTURER ကို လာရောက်စုံစမ်းနိုင်ပါတယ်
+1
Class Detail Link
https://www.facebook.com/share/p/1AytwyR6vm/?mibextid=wwXIfr
Class Details Link
https://www.facebook.com/share/p/1VTdMrRfQV/?mibextid=wwXIfr
July Intake အတန်းအနေနဲ့ ဒါလေးတွေရှိပါမယ်
အသေးစိတ်ကို
@LLPMM_LECTURER ကို စုံစမ်းနိုင်ပါတယိ
Python Batch 23 [ A ] အတန်းလေး July 7 စသင်ပါမယ်
Class Details Link
https://www.facebook.com/share/p/16gwYqXver/?mibextid=wwXIfr
@LLPMM_LECTURER
ကိုပဲ စာပို့ပြီး စုံစမ်းနိုင်ပါတယ်
@everyone
Java SE အတန်းလေး May 27 စပါမယ်။
Class Details Link -> https://www.facebook.com/share/p/15rkxTC67E/?mibextid=wwXIfr
@LLPMM_LECTURER သို့ အသေးစိတ်လာရောက်စုံစမ်းနိုင်ပါတယ်။
@everyone
Programming For Beginners - C
Weekend အတန်းလေးကို ဆက်ပြီးဖွင့်လှစ်ပေးလိုက်ပါတယ်။
Class Details Link
https://www.facebook.com/share/p/1AW1cDm5Xz/?mibextid=wwXIfr
@LLPMM_LECTURER သို့လာရောက်စုံစမ်းအပ်နိုင်ပါပြီ။
@everyone
Programming For Beginners - Batch 24
အတန်းလေး စပြီးသင်လိုက်ပါပြီ။
Programming ကိုစတင်လေ့လာရာမှာ C Programming ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ
------------------
Programming လောကထဲကို ဝင်ရောက်လိုသူတိုင်းအတွက် စတင်လေ့လာဖို့ language ရွေးချယ်ခြင်းက အရေးကြီးပါတယ်။
အများစုက Python, JavaScript လိုရေးနည်းလွယ်ကူတဲ့ ဘာသာစကားတွေကို အရင်စလေ့လာတတ်ကြပါတယ် ။
ဒါပေမယ့် အခြေခံသဘောတရားတွေအားလုံးကို တည်ဆောက်ပေးမယ့် အစပြုပြီး မဖြစ်မနေသင်ယူသင့်တဲ့ဘာသာစကားကတော့ C Programming ပဲဖြစ်ပါတယ်။
ဘာလို့ C Programming နဲ့ စတင်လေ့လာသင့်လဲ?
1. Programming Concept များကို နားလည်စေခြင်း။
C Programming တွင် Programming ရဲ့အခြေခံအုတ်မြစ်များဖြစ်သည့် (Basic Syntax, Data Types, Control Structures) စသည်များကို ရိုးရိုးရှင်းရှင်းနှင့် စနစ်တကျ ဖွဲ့စည်းပုံများကို လေ့လာရပါမယ်။
Programming Language တစ်ခုလုံးရဲ့ အခြေခံအကျဆုံးရင်းမြစ်ပုံစံကို နားလည်စေသည့်အတွက် နောက်ထပ် Programming Lanuguage များ လေ့လာသင်ယူရာမှာ အလွယ်တကူ ဆက်ပြီးလေ့လာနိုင်မှာပဲဖြစ်ပါတယ်။
2. Computer Memory နှင့် အနီးကပ်ဆက်နွယ်စေခြင်း။
C သည် တခြား Programming Language တွေလိုမဟုတ်ပဲ Low-Level Programming ဖြစ်တဲ့အတွက် ကို Computer Hardware Devices များနှင့်နီးစပ်သောဘာသာစကားတစ်ခုဖြစ်ပြီး HardDisk or RAM တွင် Memory Management များကို (malloc, free) စသည့် function များကိုအသုံးပြုကာ Pointer မှာတစ်ဆင့်ကိုယ်တိုင်စိတ်ကြိုက် လုပ်ယူနိုင်ပါတယ်။
ပြီးတော့ Pointers ကို အသုံးပြုပြီး Address-level တွေကို ထိန်းချုပ်နိုင်တဲ့အတွက် အနာဂတ်မှာ System Programming, Embedded Systems, Game Development လိုနယ်ပယ်များသို့ ဝင်ရောက်ရန် အခြေခံခိုင်မာစေပါတယ်။
3. Speed and Efficiency တွင် သာလွန်ခြင်း။
C Programming ဖြင့်ရေးသားသော Program များသည် တစ်ခြား High-Level Programming Languages များနှင့်နှိုင်းယှဉ်ပါက လျင်မြန်မှုမြင့်ပြီး အရင်းအမြစ် အသုံးချမှု (Resource Usage) နည်းပါးပါတယ်။
ဒါကြောင့် Performance-sensitive ဖြစ်တဲ့ Projects များတွင် C ကိုအသုံးပြုပါက လုပ်ဆောင်နိုင်စွမ်းများ သာလွန်စေပါတယ်။
4. Programming Language တစ်ခုချင်းစီ၏ အခြေခံအုတ်မြစ်နားလည်မှုကို တိုးမြင့်စေခြင်း။
C Programming သည် Python, Java, C++, C#, Go, Rust တို့လို Modern Programming Languages များရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ တစ်ကြိမ် C ကို အခြေခံကစပြီး သေချာနားလည်ပြီဆိုရင်တော့ နောက်ထပ်ဘာသာစကားသစ်များကို လေ့လာရာမှာ ပိုမိုလွယ်ကူလာစေမှာပဲဖြစ်ပါတယ်။
C Programming သင်ယူပြီးနောက် ရရှိမည့် အကျိုးကျေးဇူးများ
1. C++ ,C#, Java , Python တို့ကို ဆက်ပြီးလေ့လာရာမှာ ပိုမိုလွယ်ကူစေပါတယ်သည်။ (C++,C# သည် C ကို အခြေခံထားသည့် Object-Oriented Language ဖြစ်သည်။)
2. Data Structures and Algorithms တွေကို သေချာနားလည်သွားစေပါတယ်။
3. Operating Systems, Embedded Systems, Microcontrollers များနှင့် ထိတွေ့ပြီး Program ရေးသားရာမှာ ပိုမိုကောင်းမွန်စွာ ရေးသားနိုင်မှာပဲဖြစ်ပါတယ်။
4. Problem-Solving & Debugging Skill ကိုတိုးတက်စေပါတယ်။
Memory Leak ( Memory ကို မလိုအပ်တော့ပဲ Program မှ နေရာယူထားခြင်း ) , Segmentation Faults ( Operating System ရဲ့ခွင့်ပြုချက်မရပဲ Memory ကို အသုံးချခြင်း ) စသည့် Error များကို ကိုင်တွယ်ဖြေရှင်းလို့ရသည့်အတွက် ပြဿနာဖြေရှင်းသည့် စွမ်းရည်ကို တိုးမြင့်စေပါတယ်။
5. အနာဂတ်မှာ ဆက်ပြီးလေ့လာမယ့် ဘယ် Programming Language အတွက်မဆို ခိုင်မာတဲ့ အခြေခံအုတ်မြစ် Foundation တစ်ခုကို တည်ဆောက်ပေးပါတယ်။
နိဂုံးချုပ်
Programming လောကထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ချင်ရင်၊ C Programming က သင့်ရဲ့ စတင်ခြင်းအဆင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။
အခြေခံတွေကို ခိုင်မာစေပြီး၊ Program တွေကို ဘယ်လိုရေးရမလဲ ဆိုတာတွေအပြင် ၊ နောက်ကွယ်မှာ ဘယ်လို အလုပ်လုပ်သွားတယ်ဆိုတဲ့ အခြေခံသဘောတရားများကို ထိထိရောက်ရောက် နားလည်စေပါတယ်။
C Programming ကို လေ့လာချင်တယ်ဆိုရင်တော့ May Intake အတန်းအနေနဲ့ Batch 23 & 24 အတန်းနှစ်တန်းဖွင့်လှစ်ထားပါတယ်။
သင်တန်းအကြောင်းအသေးစိတ် ဖတ်ရှုရန်
https://www.facebook.com/share/p/1Dep4jNjLa/?mibextid=wwXIfr
+1
Python အတန်းလေး လူပြည့်ပါတော့မယ်။
နောက်ထပ် ( ၅ ) ယောက်ပဲ ထပ်လက်ခံပါတော့မယ်။
Class Details Link
https://www.facebook.com/share/p/15ZoSyzscJ/?mibextid=wwXIfr
https://www.tiktok.com/@llp_mm?_t=ZS-8vqh7X45dc9&_r=1
သင်တန်းရဲ့ TikTok Account လေးကိုလည်း follow ထားပေးပါ
@everyone
Zoom Record Video Class များကို Telegram ကနေတစ်ဆင့် အပ်နှံပြီး လေ့လာနိုင်ပါပြီ။
Zoom Record တွေစုထားအတန်းဖြစ်တဲ့ Zoom Class မှာ ဆရာနဲ့ တိုက်ရိုက်သင်ရသလိုမျိုး Vibes အပြည့်အဝရသလို ကောင်းမွန်ထိရောက်တဲ့ Course Quality
ကိုလည်း ရရှိစေပါတယ်။
စာမေးစရာရှိရင်လည်း Telegram ကနေ ချက်ချင်းမေးနိုင်ပါတယ်။
အသေးစိတ်ကိုတော့ @LLPMM_LECTURER ကို လာရောက်စုံစမ်း အပ်နှံနိုင်ပါတယ်။
@everyone
Python Batch 20 အတန်းလေး ထပ်ပြီး ဖွင့်လှစ်ပေးလိုက်ပါတယ်။
Class Details Link
https://www.facebook.com/share/1C5uMPUW4m/?mibextid=wwXIfr
@LLPMM_LECTURER
ကို လည်း လာရောက်စုံစမ်းနိုင်ပါတယ်
@everyone
+1
Programming ကိုခုမှစပြီးလေ့လာမယ့်သူတွေအတွက် May Intake အတန်းသစ်လေးတွေကို ဖွင့်ပေးလိုက်ပါတယ်။
Class Details Link
https://www.facebook.com/share/p/15huhSbKSv/?mibextid=wwXIfr
@everyone
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
