816
مشترکین
+924 ساعت
+727 روز
+29930 روز
آرشیو پست ها
နောက်ဆုံးအပုဒ်ပါပဲ။ မေးခွန်းကိုနားထောင်ပြီး ဘလိုreplyပြန်ရမလဲရွေးရတာပါ။ မေးခွန်းကို မလွတ်စေပါနဲ့။
🔍အဖြေဖြေတဲ့အချိန်မှာ အပေါ်ကကပြောခဲ့သလိုပဲ ၁ကိုဖတ်ပြတဲ့အချိန် ၁လို့ကိုယ်ထင်ရင် ချရေးထားပါ။ အကုန်နားထောင်ပြီးမှ အဖြေစဉ်းစားခြင်းရှောင်ကြဉ်ပါ။ 🔇
ဟုတ်ကဲ့ပါ။ အပေါ်ကကျနော်ပြောခဲ့သလိုအမှတ်ပေးရင် ၅၆ မှတ်ဖိုးရှိပါလိမ့်မယ်။ အခုပဲ ဒီ postကိုသေချာလေ့လာပြီး မေးခွန်းဟောင်းကိုဖြေကြည့်ပြီး အမှတ်တွက်ကြည့်ပြီး စိတ်ချရပြီလားဆိုတာလေ့ကျင့်ကြည့်ပါလား💪💪
အားလုံး December-2 ရက်နေ့မှာ အခက်အခဲမရှိဖြေနိုင်ကြပါစေ🙏🙏
M Seng Naw🙇♂️
Crd -cic
JLPT Listening ဖြေနည်း။🎧🎧👇👇
JLPT ကိုမြန်မာနိုင်ငံစာစစ်ငှာနကနေဖြေတဲ့သူတွေအကြောက်ရဆုံးက Listening ပေါ့။ ခက်တာတော့ခက်ပေမယ့် မေးခွန်းလာမယ့်ပုံ နဲ့ဖြေရမယ့်ပုံစံကို ကောင်းကောင်းနားလည်ထားရင်တော့ ဝန်ထုပ်ကိုတော်တော်လျှော့ချပေးနိုင်ပါလိမ့်မယ်။
📣👉N3 Listening( Levelအစုံအတွက်မှီငြမ်းနိုင်ပါတယ်)
🎧မေးခွန်းနံပါတ်(၁) (၃မှတ်လောက်ရပါတယ်။)အခက်ဆုံးထဲက တစ်ခုပေါ့
ဒီမေးခွန်းမှာက မေးခွန်းကိုနားထောင်ရင်းနဲ့ ပေးထားတဲ့အဖြေ၄ခုကို တစ်ပြိုင်နက်တည်းဖတ်ရင်းနဲ့ရွေးသွားရမှာပါ။ အဲ့ဒါကြောင့် စာဖတ်နှုန်းလဲ အရေးကြီးပါတယ်။ ကိုယ့်ရဲ့စာဖတ်နှုန်းကို သံသယရှိရင် လွတ်နေတဲ့ ရတဲ့အချိန်တိုလေးတွေကိုအကျိုးရှိစွာ အသုံးချပြီး အဖြေလေးခုတွေကို ကြိုဖတ်ထားစေချင်ပါတယ်။ကြိုဖတ်ထားပေးတာက အရမ်းရမ်းကိုအကျိုးရှိပါတယ်။ ဘလို့လဲဆိုရင် ကိုယ်ဖတ်ထားတဲ့ စာလုံးလေးတွေက စကားပြောနေတဲ့မေးခွန်းမှာ ပြန်ပါမှာမို့လို့ အလွယ်တကူ အဓိပ္ပါယ်ကို ဖမ်းမိစေနိုင်ပါတယ်။ ပြီးရင်တော့ လေးခုလုံးကို ခြုံငုံဖတ်ရင်းနဲ့ main လို့ထင်တဲ့နေရာတွေကို ခဲတံနဲ့တားထား ဝိုင်းထားစေချင်ပါတယ်။
👉ဥပမာ တစ်ခုနဲ့ တစ်ခုမှာ ဘူတာဆိုတဲ့စာလုံးနှစ်လုံးတူပြီး အချိန်ကွဲနေရင် ကွဲနေတဲ့ဟာလေးကို မြင်သာအောင်ဝိုင်းထား။
💡 အဖြေရွေးတဲ့အချိန်မှာ ရွေးပုံကတော့ လူနှစ်ယောက်စကားပြောနေရင်း သူတို့ပြောတဲ့ထဲက ことば တစ်လုံးကို အဖြေလေးခုထဲက တစ်ခုမှာတွေ့ရင် အဲ့နံပါတ်ကို တစ်ခါတည်းအမှန်ခြစ်ပြီးရွေးထားလိုက်ပါ။ အဲ့ဒါအဖြေပါပဲ။ ဒါပေမယ့်သတိပြုရမှာက အဲ့အဖြေက အဆုံးထိမပြောင်းလဲကျန်နေခဲ့တတ်သလို ပြောင်းသွားတာတွေလဲရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်သေချာ ပိုင်နိုင်ပြီး သိထားရမှာက တစ်ဖက်သူပြောတဲ့စကားကို ထောက်ခံပုံနဲ့ မထောက်ခံပုံ လေယူလေသိမ်းနဲ့ ことば အသုံးတွေကိုသိထားပြီး သတိပြုနားထောင်ရမှာပါ။ အကယ်လို့ မထောက်ခံပဲပြောင်းသွားခဲ့ရင် အစက အမှန်ခြစ်ထားတဲ့ဟာကို အမှားပြန်ခြစ်လိုက်ပြီး နောက်တစ်ခုကြားတဲ့ နံပါတ်ကို ပြန်ခြစ်ပါ။ အဲ့လိုနဲ့ နောက်ဆုံးမှာ အဖြေထွက်လာပါလိမ့်မယ်။
🔊🔊💡🔔သတိပြုရန် - အကုန်နားထောင်ပြီးမှ လေးခုထဲက တစ်ခုကို ရွေးတာကို အားမပေးပါဘူး။ မေ့သွားတတ်ပါသဖြင့် နားထောင်ရင်းကြားတဲ့ ဟာတွေကိုရွေးသွားခိုင်းစေချင်ပါတယ်။
🎧👉မေးခွန်းနံပါတ်-၂ (၂မှတ်လောက်ပေးပါတယ်)
ဒီအပုဒ်မှာက စာဖတ်ချိန်ပေးထားတဲ့အတွက် လွယ်ကူပါတယ်။ ပေးထားတဲ့အချိန်လေးမှာ အဖြေ၄ခုကို ခြုံငုံဖတ်ရင်း အပေါ်ကပြောထားသလို တားစရာရှိတာတား ဝိုင်းစရာရှိတာဝိုင်းထားစေချင်ပါတယ်။ တင်း🔔ဆိုတဲ့အသံကြားတာနဲ့ ဖတ်နေတာကိုလက်စသတ်ပြီး အကြားကိုအာရုံစိုက်ပါတော့။ အဖြေရွေးတဲ့ပုံစံက အပေါ်က ရွေးတဲ့နည်းအတိုင်းရွေးခိုင်းစေချင်ပါတယ်။
🔔📣သတိပြုရန် - တစ်ခုကိုလွတ်သွားရင်။ အဖြေမထွက်ရင် ထိုင်စဉ်းစားမနေပါနဲ့ ရမ်းထည့်လိုက်ပါ။ ဒါမှမဟုတ်ချန်ထားပြီး နောက်မှထည့်ပါ။ နောက်မေးခွန်းလာရင် အရှေ့ကမေးခွန်းအကြောင်းကိုမေ့လိုက်ပါတော့။ အကုန်လွတ်သွားတတ်ပါသည်။
🎧👉မေးခွန်း၃ (၃မှတ်လောက်ပေးပါတယ်)
ဒီ မေးခွန်းမှာတော့ မေးခွန်းစာရွက်မှာ ဘာမှမရေးထားပါဘူး။ မေးခွန်းရောအဖြေရော နားထောင်ရမှာပါ။ ဒီပုစ္စာက အများအားဖြင့် တစ်ယောက်ယောက်က အကြောင်းအရာတစ်ခုကို ရှင်းပြနေတာ ကြေညာနေတဲ့ စကားပြောများပါတယ်။ အားလုံးပြောပြီးမှ မေးခွန်းမေးပြီး အဖြေကိုလဲဖတ်ပြတာပါ။ အဲ့ဒါကြောင့်မို့လို့ဒီပုစ္စာကိုဖြေရင် အကြောင်းရာတစ်ခုလုံးကိုသေချာနားထောင်ပါ။
💡🔔 စကားပြောနေတဲ့တစ်လျှောက်လုံးမှာအများဆုံးကြားရတဲ့ အကြောင်းအရာကို အာရုံစိုက်ပါ။ အဲ့ကောင်က အဖြေဖြစ်တတ်ပါတယ်။💡🔊
ဘာလို့လဲဆိုအဲ့မေးခွန်းက အများအားဖြင့် စကားပြောနေတဲ့တစ်ယောက်က ဘာအကြောင်းပြောနေတာလဲ? ဘာနဲ့ပတ်သတ်ပြီးပြောနေတာလဲဆိုပြီး အမေးများလို့ပါ။
🔍ဖြေတဲ့အချိန်မှာ သူ၁ဖတ်ပြတဲ့အချိန် ၁လို့ထင်ရင် တစ်ခါတည်း ၁ ချမှတ်ပါ။ အဖြေ၄းခုလုံးနားထောင်ပြီးမှရွေးမယ်ဆိုပြီးမလုပ်ပါနဲ့🔇🔇 အရှေ့ကအဖြေတွေကဘာပြောသွားတာလဲဆိုပြီးမေ့သွားတတ်လို့ပါ။
🎧👉 မေးခွန်း(၄)
ဒီမေးခွန်းမှာက ပုံလေးတွေပေးထားပြီး မြှားပြထားတဲ့သူက ဘာပြောရမလဲဆိုတာကို သူဖတ်ပြတဲ့အဖြေ၃ ခုထဲက ၁ခုရွေးရမှာပါ။ အလွယ်ဆုံးပုစ္စာပါ။
အရင်ဆုံး ပုံလေးကိုကြည့်လိုက်ပါ။ မြှားပြထားတဲ့တစ်ယောက်ကို ကိုယ်ကိုတိုင်ဖြစ်တယ်လို့ခံစားကြည့်ပါ။ ပြီးတော့တစ်ဖက်သူဘယ်သူဆိုတာကိုကြည့်ပါ(ဆရာ?သူငှေး?customer?) ပြီးတော့နေရာကိုကြည့်ပါ။ (ရုံး?class?လမ်း?) ပြီးရင်တော့ မေးခွန်းမလာခင်ထဲက ကိုယ်သာဆိုဘာပြောမလဲ။ ဘလိုသုံးရမလဲ ကြိုတင်တွေးထားကြည့်ပါ။ listeningသေချာလေ့လာထားတဲ့သူဆို အဖြေကိုကြိုတင်ခန့်မှန်းလို့တောင်ရနေပါပြီ။
🔍 အဖြေဖြေတဲ့အချိန်မှာ အပေါ်ကကပြောခဲ့သလိုပဲ ၁ကိုဖတ်ပြတဲ့အချိန် ၁လို့ကိုယ်ထင်ရင် ချရေးထားပါ။ အကုန်နားထောင်ပြီးမှ အဖြေစဉ်းစားခြင်းရှောင်ကြဉ်ပါ။
🎧👉 မေးခွန်း၅(၁မှတ်)
