fa
Feedback
Spring Development Bank

Spring Development Bank

رفتن به کانال در Telegram

Discover the First Neo Bank for Myanmar.

نمایش بیشتر

📈 تحلیل کانال تلگرام Spring Development Bank

کانال Spring Development Bank (@springdevbank) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 17 961 مشترک است و جایگاه 6 842 را در دسته اقتصاد و امور مالی و رتبه 7 669 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 17 961 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 03 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -339 و در ۲۴ ساعت گذشته برابر -13 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
  • نرخ تعامل (ER): میانگین تعامل مخاطب 7.01% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.22% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 259 بازدید دریافت می‌کند. در اولین روز معمولاً 578 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 67 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Discover the First Neo Bank for Myanmar.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 04 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اقتصاد و امور مالی تبدیل کرده‌اند.

17 961
مشترکین
-1324 ساعت
-757 روز
-33930 روز
آرشیو پست ها
SDB Canteen Chitchat - Episode 20 🐝 အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series လေးကတော့ နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ရောက်ရှိလာပါပြီ။ 🎙️ ဒီတပတ်မှာတော့ Canteen မှာ ပင်ပန်းနေတဲ့ ကို Kira ကို တွေ့ဆုံစကားပြောခဲ့တဲ့ July နဲ့ Eric တို့မှတဆင့် ဩဂုတ်လအတွင်း အသစ်တွေ ထပ်လာဖို့ရှိတဲ့ @SpringBeesOfficial အပြင် အခြား BU များအကြောင်း တစေ့တစောင်းကိုပါ မျှဝေခဲ့တာဖြစ်လို့ အခုပဲအတူ နားဆင်ကြည့်လိုက်ကြစို့နော်။ 🫶🏻 #SDBCanteenChitchat #SDBPodcastSeries #SpringBees #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDB (၃) နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂလက်စီရဲဘော်များ အတူလက်တွဲ အားဖြည့်လိုက်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ တလတာအတွင်းမှ
SDB (၃) နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂလက်စီရဲဘော်များ အတူလက်တွဲ အားဖြည့်လိုက်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ တလတာအတွင်းမှာ SDB In-App Exchange ၌ USD ၇,၀၀၀ နီးပါး ပျှမ်းမျှတန်ဖိုးရှိတဲ့ SDB Token စုစုပေါင်း ၅၅ သန်းကျော်ကို ဝယ်ယူအားဖြည့်ခဲ့ကြပြီး “3 Years & Beyond” ကမ်ပိန်းရဲ့ အနီးဆုံးခံတပ်ဖြစ်တဲ့ 100 M (Trust) တားဂတ် ပြည့်မီရောက်ရှိဖို့ အောင်မြင်မှုရာခိုင်နှုန်း ၅၆% သာ လှမ်းချီဖြည့်တင်းနိုင်ခဲ့ပါတယ်။ 💫 ဂလက်စီလူထုရဲ့ ဘုံမစ်ရှင်ကို နိုင်ရာစွမ်းအင်ဖြင့် အတူကြိုးပမ်းကာ အားတက်သရော ဝန်းရံထမ်းပိုးခဲ့ကြတဲ့ ညီညွတ်သော ဂလက်စီရဲဘော်များအားလုံးကို အထူးအလေးထား ကျေးဇူးတင်ရှိလျက် ဤသို့ တက်ညီလက်ညီ ပါဝင်အားဖြည့်ခြင်းအတွက် မကြာမီမှာ အမှတ်တရ ဂုဏ်ပြုလက်ဆောင်တခုကိုလည်း ပေးပို့ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။❣️ အားလုံးအတူ ဆိုက်ရောက်ဖို့ လှမ်းချီနေတဲ့ လင်းလက်တဲ့ ဖက်ဒရယ်အနာဂတ်သစ်ဆီသို့ ခိုင်မာတဲ့ ဘုံယုံကြည်ချက်ဖြင့် မလျော့စတမ်း ဆက်လက်ရှေ့ဆက်သွားကြပါစို့။💪 #SpringDevelopmentBank #SDB #SDBToken #3YearsAndBeyond #GalaxyWarriors #RealBankRealFreedom #ChooseSDB

သင့်လက်ထဲက SDB ငွေလဲကောင်တာ 🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵 ယနေ့ မြန်မာချိန် ညနေ ၆:၀၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။ ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။ #SDBExchangeFunction #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ယနေ့ခေတ်မှာ ငွေကြေးနဲ့ Digital Asset တွေကို အွန်လိုင်းကနေ စီမံအသုံးပြုလာကြတာနဲ့အမျှ လုံခြုံစိတ်ချရမှုကလည်း အရေးကြီးတဲ့ အချက်တ
ယနေ့ခေတ်မှာ ငွေကြေးနဲ့ Digital Asset တွေကို အွန်လိုင်းကနေ စီမံအသုံးပြုလာကြတာနဲ့အမျှ လုံခြုံစိတ်ချရမှုကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။ SDB App ရဲ့ လုံခြုံစိတ်ချရမှုနဲ့ ယုံကြည်အားထားနိုင်တဲ့ အချက်တွေကတော့… 🛡️ $SDB Token တွေကို လုံခြုံစွာ စီမံခန့်ခွဲနိုင်ခြင်း 🛡️ နေ့/ည မရွေး၊ ဘယ်နေရာကမဆို App မှတဆင့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို စီမံနိုင်ခြင်း 🛡️ ကမ္ဘာတဝှမ်းရှိ တရားဝင် SDB RM များမှ Deposit/ Withdrawal ဝန်ဆောင်မှုများကို စိတ်ချလုံခြုစွာ ရယူနိုင်ခြင်း 🛡️ ဒစ်ဂျစ်တယ်ရွှေ ပိုင်ဆိုင်ခွင့်နှင့် စာရင်းသေအပ်နှံ စီမံတိုးပွါးနိုင်ခြင်း Blockchain နည်းပညာကို အခြေခံထားတဲ့ SDB ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေမှာလည်း သုံးစွဲသူတွေရဲ့ ငွေကြေးနဲ့ Digital Asset တွေကို လုံခြုံစွာ စီမံနိုင်ရန် အထူးအလေးထားတာကြောင့် လုံခြုံစိတ်ချရတဲ့ SDB App ကို ယနေ့ပဲ ရွေးချယ်အသုံးပြုလိုက်ပါ။ #SpringDevelopmentBank #SDB #RealBankRealFreedom #ChooseSDB

ဇူလိုင် ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း မောင်းနှင်ခဲ့တဲ့ Galaxy Bonus ခရီးစဉ်မှာ ဂလက်စီရဲဘော် 364 ဦး ပါဝင်ခဲ့ကြပြီး၊ ကမ်ပိန်းလုပ်
ဇူလိုင် ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း မောင်းနှင်ခဲ့တဲ့ Galaxy Bonus ခရီးစဉ်မှာ ဂလက်စီရဲဘော် 364 ဦး ပါဝင်ခဲ့ကြပြီး၊ ကမ်ပိန်းလုပ်ဆောင်ချက် အဆင့် (၂) ဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ 269 ဦးမှ USD 1,800 Galaxy Prize Pool ဆုလာဘ်ကို အတူတကွ မျှဝေရယူခဲ့ကြပါတယ်။ ✨ ဤဂလက်စီခရီးစဉ်မှာ ညီညွတ်စွာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဂလက်စီရဲဘော် တဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိလျက် ဖြန့်ဝေပြီးစီးထားတဲ့ ဂလက်စီဆုလာဘ်ကို မိမိရဲ့ SDB အကောင့်ထဲမှာ ဝင်ရောက်စစ်ဆေးကြည့်ကြဖို့ မမေ့နဲ့နော်။ 💫 #3YearsAndBeyond #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ပြည်သူလူထု မမေ့အပ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံဟာ ယနေ့မှာ (၃၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင
ပြည်သူလူထု မမေ့အပ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံဟာ ယနေ့မှာ (၃၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြပြီး အသက်၊ သွေး၊ ချွေးများစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဟန်း၊ ကျောင်းသားနဲ့ ပြည်သူလူထုတရပ်လုံးကို လေးနက်စွာ အောက်မေ့ဂုဏ်ပြုအပ်ပါတယ်။ ရှစ်လေးလုံးရဲ့ စည်းလုံးညီညွတ်မှုကို အခြေခံကာ ဘုံပန်းတိုင် ဖက်ဒရယ်အနာဂတ်သစ်ဆီသို့ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ ပြည်သူလူထုနဲ့အတူ လက်တွဲကာ ဆက်လက်လျှောက်လှမ်းကြပါစို့။ #8888 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ယနေ့ခေတ် Digital Banking နဲ့ ဆိုရှယ်မီဒီယာတွေ အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံဖို့ဆိုတာ ခိုင်
ယနေ့ခေတ် Digital Banking နဲ့ ဆိုရှယ်မီဒီယာတွေ အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံဖို့ဆိုတာ ခိုင်မာတဲ့ Password တခုရှိဖို့က ပထမဆုံးနဲ့ အရေးအကြီးဆုံး အဆင့်ဖြစ်ပါတယ်။ 🔐 လူအများစုက Password ပေးတဲ့အခါ အောက်က ပုံစံတွေထဲက တခုခုကို အသုံးပြုတတ်ကြပါတယ်။ သင့်အမြင်မှာ ဘယ်အမျိုးအစားက ခန့်မှန်းရ အခက်ဆုံးနဲ့ အလုံခြုံဆုံး ဖြစ်မလဲဆိုတာ comment မှာ ရွေးချယ်ပေးခဲ့ပါဦး။ 👇 အဖြေမှန်နဲ့ လုံခြုံတဲ့ Password ဖန်တီးနည်းများကိုလည်း အားလုံးသိရဖို့ ဆက်လက်မျှဝေပေးသွားဦးမှာ ဖြစ်လို့ အတူစောင့်မျှော်ကြည့်ကြစို့နော်။ 🔭 #SpringDevelopmentBank #SDB #DigitalSecurity #PasswordSafety #TechTips #CyberSecurity #RealBankRealFreedom #ChooseSDB

FinTech, Crypto နဲ့ AI နည်းပညာတွေကို လေ့လာချင်တယ်ဆိုရင် Spring Development Bank အကောင့်ရှိရုံနဲ့ Spring Institute of FinTech
FinTech, Crypto နဲ့ AI နည်းပညာတွေကို လေ့လာချင်တယ်ဆိုရင် Spring Development Bank အကောင့်ရှိရုံနဲ့ Spring Institute of FinTech မှာ အကောင့်ဖွင့်ပြီး Course တွေကို လွယ်လွယ်ကူကူ Enroll လုပ်နိုင်ပါပြီ။ ❇️ Free Course တွေရှိသလို၊ Paid Course တွေအတွက်လည်း SDB App ကနေ တိုက်ရိုက် ပေးချေနိုင်တာကြောင့် ဒီနေ့ပဲ SIF မှာ မိမိစိတ်ကြိုက် Course တွေကို SDB Payment ဖြင့် Enroll လုပ်ပြီး ခေတ်သစ်စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်လိုက်ပါ။ 💪
SIF Course များကို လေ့လာရန် 
🔗www.sif.institute
SDB အကောင့်ရယူရန် 📲 bit.ly/m/SDB4all
SDB အသုံးပြုနည်း လမ်းညွှန် 📖 bit.ly/SDBmanual
#SpringDevelopmentBank #SDB #SIF #FinTech #CryptoEducation #DigitalBanking #RealBankRealFreedom #ChooseSDB

ကမ္ဘာကြီးရဲ့ ဘယ်အရပ်ဒေသမှာပဲ ရှိနေပါစေ၊ ငွေလွှဲပို့ရာမှာ လွှဲခကုန်ကျစရိတ်တွေ ပေးဆောင်ရတာကြောင့် စိတ်ညစ်နေပြီလား? 🤔 Blockchai
ကမ္ဘာကြီးရဲ့ ဘယ်အရပ်ဒေသမှာပဲ ရှိနေပါစေ၊ ငွေလွှဲပို့ရာမှာ လွှဲခကုန်ကျစရိတ်တွေ ပေးဆောင်ရတာကြောင့် စိတ်ညစ်နေပြီလား? 🤔 Blockchain နည်းပညာကို အခြေခံထားတဲ့ @SpringDevBank မှာတော့ SDB အကောင့်အချင်းချင်း ငွေလွှဲတိုင်းမှာ လွှဲခလုံးဝ အခမဲ့ဖြစ်ပြီး၊ ငွေကြေး (၁၀) မျိုး သာမက ဒစ်ဂျစ်တယ်ရွှေကိုပါ စိတ်ချယုံကြည်စွာ တိုက်ရိုက်လွှဲပြောင်းနိုင်ပါတယ်။ 💸 နယ်မြေအကွာအဝေးတွေကို အလုံခြုံဆုံး ဖြတ်ကျော်ကာ တယောက်နဲ့တယောက် ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်တဲ့ Digital Banking အတွေ့အကြုံသစ်ကို SDB နဲ့အတူ စတင်ရယူလိုက်ပါ။ 🤝 #ZeroFee #CrossBorderTransfer #Remittance #SpringDevelopmentBank #SDB #RealBankRealFreedom #ChooseSDB

သင့်လက်ထဲက SDB ငွေလဲကောင်တာ 🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵 ယနေ့ ညနေ မြန်မာချိန် ၆:၃၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။ ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။ #SDBExchangeFunction #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ကိုယ်အပင်ပန်းခံရှာဖွေထားတဲ့ ဝင်ငွေတွေကို ငွေသားအတိုင်း ကိုင်ဆောင်ထားမယ့်အစား အကျိုးရှိရှိနဲ့ လုံခြုံစွာ စုဆောင်းချင်ပါသလား? �
ကိုယ်အပင်ပန်းခံရှာဖွေထားတဲ့ ဝင်ငွေတွေကို ငွေသားအတိုင်း ကိုင်ဆောင်ထားမယ့်အစား အကျိုးရှိရှိနဲ့ လုံခြုံစွာ စုဆောင်းချင်ပါသလား? 🌱 Spring Development Bank (SDB) ရဲ့ Fixed Deposit မှာ မြန်မာကျပ်ငွေ (MMK) အပ်နှံပြီး စျေးကွက်ရဲ့ အမြင့်ဆုံးအတိုးနှုန်းတွေကို ရယူနိုင်ပါပြီ။ 💵 SDB Fixed Deposit ရဲ့ အဓိက အားသာချက်တွေကတော့ … 1️⃣ MMK ကို ၃၆၀ ရက် အပ်နှံလျှင် တနှစ်အတွက် အမြင့်ဆုံးအတိုးနှုန်း 13% p.a အထိ ရရှိနိုင်ခြင်း 2️⃣ MMK အတွက် 30 ရက် (3%) / 90 ရက် (4%) / 180 ရက် (8%) / 360 ရက် (13%) အထိ မိမိစိတ်ကြိုက် အဆင်ပြေရာ ရွေးချယ်နိုင်ခြင်း 3️⃣ MMK အပြင် နိုင်ငံခြားငွေ ၉ မျိုးနဲ့ Digital Gold တို့ကိုပါ အပ်နှံနိုင်တာကြောင့် ငွေကြေးအတက်အကျကို ကာကွယ်နိုင်ခြင်း 4️⃣ အနည်းဆုံး USD 100 (သို့) ၎င်းနှင့် ညီမျှသော ပမာဏမှ စတင်ပြီး အလွယ်တကူ စုဆောင်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပဲ SDB App မှာ အကောင့်ဖွင့်ပြီး ကိုယ့်ရဲ့ စုငွေတွေကို အလုံခြုံဆုံးအပ်နှံကာ အမြင့်ဆုံး အကျိုးအမြတ်ကို အရယူလိုက်ပါ။ 💪 #FixedDeposit #HighInterest #MMKSavings #DigitalBanking #SDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDB Canteen Chitchat - Episode 19 🛒 အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series လေးကတော့ နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ရောက်ရှိလာပါပြီ။ 🎙️ ဒီတပတ်မှာတော့ Eric နဲ့ July တို့ကို အံ့အားသင့်စေခဲ့တဲ့ အထူးဧည့်သည်တဦး ရောက်လာပြီး SpringZey မှာ လက်ရှိ ပြုလုပ်နေတဲ့ အထူးပရိုမိုးရှင်းလေး အကြောင်း သတင်းကောင်းပါးရင်း အားလုံးကို ဖိတ်ခေါ်ခဲ့တာဖြစ်လို့ အခုပဲအတူ နားဆင်ကြည့်လိုက်ကြစို့နော်။ 🎁 #SDBCanteenChitchat #SDBPodcastSeries #SpringZey #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

Scam (လိမ်လည်မှု) တွေ များပြားလာတဲ့ ယနေ့ခေတ်မှာ သင့်ရဲ့ ငွေကြေးနဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို လုံခြုံစွာ ကာကွယ်ထားဖို့က အ
Scam (လိမ်လည်မှု) တွေ များပြားလာတဲ့ ယနေ့ခေတ်မှာ သင့်ရဲ့ ငွေကြေးနဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကို လုံခြုံစွာ ကာကွယ်ထားဖို့က အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့ SDB အကောင့်ကို မသမာသူတွေရဲ့ အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အောက်ပါ လုံခြုံရေးအချက်လေးတွေကို မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။ 🔄 PIN နဲ့ Password ကို ပုံမှန်ပြောင်းလဲပါ။ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ် စတဲ့ ခန့်မှန်းရလွယ်ကူတဲ့ အချက်အလက်တွေကို အသုံးမပြုဘဲ ခိုင်မာပြီး ထူးခြားတဲ့ Password ကို အသုံးပြုပါ။ 🔐 2FA (Two-Factor Authentication) ကို ဖွင့်ထားပါ။ (၂) ဆင့်ခံ လုံခြုံရေးစနစ်ဖြစ်တာကြောင့် Password ကို တစုံတယောက် သိရှိသွားခဲ့ရင်တောင် အတည်ပြုခြင်း မရှိဘဲ သင့်အကောင့်ထဲ ဝင်ရောက်လို့ မရနိုင်အောင် ထပ်မံကာကွယ်ပေးပါတယ်။ ဒီနေ့ပဲ သင့် SDB အကောင့်ရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်ထားပြီး သင့်ရဲ့ ငွေကြေးနဲ့ Digital ပိုင်ဆိုင်မှုတွေကို SDB နဲ့အတူ လုံခြုံစွာ ကာကွယ်ထားလိုက်ကြစို့။ #SpringDevelopmentBank #SDB #ScamAwareness #DigitalSecurity #ProtectYourAssets

LIVE ALERT! Super August Deals ကို ပိုတန်အောင် ဝယ်ချင်တယ်ဆိုရင် ဒီ Live ကို မလွတ်စေနဲ့နော်! 📅 2 August 2026 (Sunday) 🕗 8:00
LIVE ALERT! Super August Deals ကို ပိုတန်အောင် ဝယ်ချင်တယ်ဆိုရင် ဒီ Live ကို မလွတ်စေနဲ့နော်! 📅 2 August 2026 (Sunday) 🕗 8:00 PM – 9:00 PM (MMT) 🎙️ Hosts ✨ Rachel.C ✨ Kristy.L ✨ Bondaw.M အထူးလျှော့ဈေးရနေတဲ့ ပစ္စည်းတွေကို တစ်ခုချင်းစီ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး Live မှာ သိချင်တာတွေကိုလည်း တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ August 2 ရက်နေ့ ည ၈ နာရီမှာ @SpringZey Facebook Page နဲ့ Telegram တို့ကနေ စောင့်ကြည့်ဖို့ မမေ့နဲ့နော်! Shop now at https://www.springzey.com/search?_cmi=3a5c7f83-c58c-f111-b337-6045bd205e89 Telegram - @SpringZeySupport . ▪ အကောင့်ဖွင့်နည်း - https://www.facebook.com/share/p/1K4cToVh5h/ ▪ ဈေးဝယ်နည်းလမ်းညွှန် - https://www.facebook.com/share/p/1BU51xgqcJ/ ▪ Merchant များအတွက် ပရိုမိုးရှင်းအကြောင်း သိရှိရန် - https://www.facebook.com/share/p/18uKjpM7BX/ ▪ Merchant လျှောက်ထားရန် - https://www.facebook.com/share/p/1H6zFqmQeH/ #SpringZey #SuperAugustDeals #ShopNow #WhereLocalMeetsGlobal #SpringDevelopmentBank

Token Vesting ဆိုတာ Token တွေကို တခါတည်း မထုတ်ပေးဘဲ သတ်မှတ်ထားတဲ့ Schedule အတိုင်း ဖြည်းဖြည်းချင်း ဖြန့်ဝေပေးပြီး Exchange Li
Token Vesting ဆိုတာ Token တွေကို တခါတည်း မထုတ်ပေးဘဲ သတ်မှတ်ထားတဲ့ Schedule အတိုင်း ဖြည်းဖြည်းချင်း ဖြန့်ဝေပေးပြီး Exchange Listing စတင်တဲ့အချိန်မှာ ဈေးကွက်လှုပ်ခတ်မှုကို လျော့နည်းစေပြီး Token Ecosystem ကို ပိုမိုတည်ငြိမ်စေဖို့ ရည်ရွယ်ထားတဲ့ စနစ်လည်း ဖြစ်ပါတယ်။ 🔒 ဒါကြောင့်မို့ ICO 1/2 မှာ ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ SDB Token တွေကို Vesting Schedule အလိုက် ၁၀ လတာ ကာလအတွင်း တလလျှင် ၁၀% ဖြင့် ဖြည်းဖြည်းချင်း ဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။⛓️‍💥 Token Vesting ရဲ့ အဓိက အကျိုးကျေးဇူးက ဘာများဖြစ်မလဲ ဆိုတာကို အောက်ပါ ရွေးချယ်စရာများထဲက မှန်ကန်တဲ့ အဖြေကို Comment မှာ ဖြေဆိုရင်း Vesting အကြောင်း မသိသေးတဲ့ သူငယ်ချင်းမိတ်ဆွေများကိုလည်း မျှဝေပေးလိုက်ပါဦးနော်။ 💬 #SDBToken #TokenVesting #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ယနေ့မှာ ဂလက်စီရဲဘော်များ၏ (၃) လတာ HODL ခရီးစဉ်သည် စတင်မောင်းနှင်ပြီ ဖြစ်သလို၊ မေလဆန်းမှ ခရီးနှင်နေခဲ့သည့် Galaxy HODLer များက
ယနေ့မှာ ဂလက်စီရဲဘော်များ၏ (၃) လတာ HODL ခရီးစဉ်သည် စတင်မောင်းနှင်ပြီ ဖြစ်သလို၊ မေလဆန်းမှ ခရီးနှင်နေခဲ့သည့် Galaxy HODLer များကလည်း Mission ၏ (၄) လမြောက် ခရီးစဉ်ကို ထပ်တိုးကိုင်ဆောင်ထားသော HODL ပမာဏများဖြင့် သမာဓိခိုင်ခိုင် အတူမောင်းနှင်နေကြပါပြီ။ 💫 အောက်တိုဘာလ (၃၁) ရက်အထိ ကတိပြုထားသော HODL ပမာဏအောက် လျော့မနည်းသွားအောင် အထူးဂရုပြု ထိန်းသိမ်းရင်း Galaxy HODLer 2 ဆုလာဘ်များနဲ့အတူ တညီတညွတ်ထဲ အတူပန်းဝင် ဆွတ်ခူးလိုက်ကြပါစို့။ 🚀 #GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

သင့်လက်ထဲက SDB ငွေလဲကောင်တာ 🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵 ယနေ့ ညနေ မြန်မာချိန် ၆:၃၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။ ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။ #SDBExchangeFunction #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDB (၃) နှစ်ပြည့် မှသည် ဘဏ္ဍာအနာဂတ်သစ်ဆီသို့ 🚀 နွေဦးဘဏ်၏ (၃) နှစ်ပြည့် ခရီးစဉ်အတွင်း ယုံကြည်မှု (Trust)၊ လုံခြုံရေး (Securit
SDB (၃) နှစ်ပြည့် မှသည် ဘဏ္ဍာအနာဂတ်သစ်ဆီသို့ 🚀 နွေဦးဘဏ်၏ (၃) နှစ်ပြည့် ခရီးစဉ်အတွင်း ယုံကြည်မှု (Trust)၊ လုံခြုံရေး (Security) နှင့် လွတ်လပ်မှု (Freedom) ဆိုသည့် ဘဏ္ဍာရေး မဏ္ဍိုင်ကြီး (၃) ရပ်ပေါ်တွင် တည်ဆောက်ခဲ့သော ဘဏ္ဍာနည်းပညာ ဂေဟစနစ်၏ အောင်မြင်မှု မှတ်တိုင်ရလာဒ်များဟာ ကမ္ဘာအနှံ့ရှိ နွေဦးမိဘပြည်သူနှင့် ဂလက်စီသူရဲကောင်း တဦးချင်းစီ၏ ယနေ့ထက်တိုင် အားဖြည့်ဝန်းရံမှုများကြောင့်သာ လှမ်းချီနိုင်ခဲ့သည့်အတွက် အထူးဂုဏ်ယူ ကျေးဇူးတင်ရှိပါတယ်။ 🎉 Mars2B Mission ရည်မှန်းချက်များနှင့်အတူ ဂလက်ဆီထက် ပိုမိုလွတ်လပ်ပြီး ခိုင်မာသော ဘဏ္ဍာရေး အနာဂတ်ဆီသို့ (၃) ညီညွတ်ခြင်းဖြင့် အတူတကွ ရှေ့ဆက်သွားကြပါစို့။ 💪✨ SDB 3-year Infographic ကို Download ရယူရန် ⏬ bit.ly/SDB3YearsInfograph ခေတ်မီ SDB အကောင့်ဖွင့်ရန် 📲 bit.ly/m/SDB4all SDB အသုံးပြုနည်း လမ်းညွှန် 📖 bit.ly/SDBmanual #SDB3YearsAndBeyond #Mars2B #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

ယနေ့သည် SDB (၃) နှစ်ပြည့်၏ 3 Years & Beyond ကမ်ပိန်း နှင့် Galaxy HODLer 2 Mission တို့တွင် တပြိုင်နက် ပါဝင်နိုင်မည့် နောက်ဆု
ယနေ့သည် SDB (၃) နှစ်ပြည့်၏ 3 Years & Beyond ကမ်ပိန်း နှင့် Galaxy HODLer 2 Mission တို့တွင် တပြိုင်နက် ပါဝင်နိုင်မည့် နောက်ဆုံးအခွင့်အရေးတခု ဖြစ်ပါတယ်။ 🚀 30,000 $SDB Token တကြိမ်ဝယ်ယူရုံဖြင့် - ✅ 3 Years & Beyond ကမ်ပိန်းတွင် အလိုအလျောက် ပါဝင်လိုက်ပြီး ဖြစ်သလို ✅ Galaxy HODLer 2 မစ်ရှင်တွင်လည်း အောက်တိုဘာ ၃၁ ရက် အထိ HODL ထားနိုင်ကြောင်း ကတိပြုပြီး 6% APY Rewards နှင့် သီးသန့် Galaxy HODLer Tag ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးဖြစ်ပါတယ်။ 🚀 ဒါကြောင့် ဂလက်စီရဲဘော်များရဲ့ ဘုံခရီးစဉ်မှာ $SDB Token များကို ယနေ့ မြန်မာချိန် ၂၃:၅၉ နောက်ဆုံးထား ဝယ်ယူအားဖြည့်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော အကောင့်ဖြင့် HODLer Form မှာ အချိန်မီ စာရင်းပေးသွင်းလိုက်ပါစို့။ 💫 Galaxy HODLer 2 မစ်ရှင်မှာ အခုပဲ စာရင်းပေးသွင်းပါ။ 🔗 bit.ly/GalaxyHODLer2AgreementExt #SDB3YearsAndBeyond #GalaxyHODLer2Extension #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDBVerse Comics (Part 2) နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ သောကြာနေ့ညတိုင်းမှာ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လ
+7
SDBVerse Comics (Part 2) နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ သောကြာနေ့ညတိုင်းမှာ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ✨ ဒီတပတ်မှာတော့ မျက်နှာမရွှင်မလန်းဖြစ်နေတဲ့ July ကို ကြည့်ပြီး စိုးရိမ်ပူပန်နေတဲ့ SDB ရုံးတွင်းထဲက လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့အတူ ဘာတွေဖြစ်နေလဲဆိုတာ သိရဖို့အတွက် ဒီတပတ် ကောမစ်လေးမှာ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 🥹 #SDBVerse #SDBComics #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB