cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

The Fighters Media (TFM)

#TFM

نمایش بیشتر
پست‌های تبلیغاتی
11 088
مشترکین
-924 ساعت
-37 روز
-6930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Repost from ဘညွန့်
Photo unavailableShow in Telegram
စခန်းတက်လုံးရင်း မသာပေါ်တဲ့ အလောင်းတွေကို လူမြင်မခံပဲ ပြန်သယ်သွားကြတာနဲ့  ပိုက်လိုင်း တစ်လျှောက်တိုက်ပွဲတွေဖြစ်နေတာကို ကြည့်ရင် စစ်ပွဲက ပြည်တွင်းစစ်မဟုတ်တော့ဘူး။
نمایش همه...
👍 10
Repost from ဘညွန့်
Photo unavailableShow in Telegram
ပေါက်ကြီးက ဝရမ်းပြေးနော်။ တပ်မတော်အစိုးရက အပြစ်ကျုးလွန်တဲ့ ပေါက်ကြီးကိုပဲ လိုက်ဖမ်းတာနော်။ တပ်မတော် အစိုးရက အပြစ် မကျူးလွန်ထားတဲ့ ပေါက်ကြီး မိသားစုကို မထိဘူး။ အနီတွေပဲ အချင်းချင်း ဒလန်လို့စွပ်စွဲ ခြိမ်းခြောက်ပြီး သတ်ဖြတ်နေကြတာနော်။ အနီအချင်းချင်းလဲ သတ်ဖြတ်ကြတယ်။ အရောင်မတူ သဘောထားကွဲလွဲသူတွေနဲ့ ဆွေမျိုး သားချင်း အကုန်လုံးကိုလဲ သတ်ကြတယ်။ ဇာတ်တူသားတွေ စားကြတာပေါ့။ #BN(နီပိန်းတိုက်ဖျက်ရေး)
نمایش همه...
👍 3
05:55
Video unavailableShow in Telegram
တပ်မတော်သားဘဝ ခက်ခဲသလား? ၅.၇.၂၀၂၄ Sniper Su
نمایش همه...
76.00 MB
Repost from ဘညွန့်
Photo unavailableShow in Telegram
လမ်းထိပ်က ဆိုက်ကားသမားက လေးဖြူကို သီချင်းဆိုလို့ ဘောမတဲ့ သူကတော့ လာသမျှဖောက်သည်ပို့နေတယ် လမ်းဘေးက အကြော်ရောင်းနေတဲ့ အဒေါ်ကြီးကလည်း လေးဖြူကို သီချင်းဆိုလို့ ဘောမတဲ့ သူ့ အကြော်တဲလေးကတော့ မီးခိုးတလူလူနဲ့ အညာသူတစ်ယောက်ကလည်း နောက်ဆုံးရထား သီချင်း မဆိုတော့ဘူးတဲ့ လေးဖြူက BC မသိလို့တဲ့ KTV က ကောင်မလေးက လေးဖြူကို BC လုပ်တယ်တဲ့ လေးဖြူသီချင်းဆိုနေတဲ့ ဘဲကြီးပေါင်ပေါ်မှာ အရက်လေးငှဲ့ရင်း ရွှေကြာလေးကလည်း လေးဖြူကို သီချင်းဆိုလို့ ဘောမတဲ့ သူကတော့ ကျောက်ချဥ်တုံးကြီးကိုင်လို့ ဖောက်သည်ရှာနေတယ် အော် လေးဖြူရဲ့ "ဘင်္ဂလားပင်လယ်အော်" စီးရီး သတိရမိပါရဲ့ အော်ကုန်ကြပြီ ဘုန်း သု https://t.me/kyawswar49
نمایش همه...
US စစ်သားတွေက သမ္မတကြီးကို အားကျနေကြပုံပဲ🤣🤣🤣 🇺🇸အမေရိကန်စစ်သည်တွေ ဆေးရုံတက်ရတဲ့ ထိပ်ဆုံးက အကြောင်းရင်းက စိတ်ကျန်းမာရေးပြဿနာဖြစ်နေ ကြောင်း တွေ့ရှိရ အမေရိကန်တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေ ၂၀၂၃ ခုနှစ်မှာ ဆေးရုံတက်ရတဲ့အကြောင်း ရင်းကို လေ့လာရာမှာ စိတ်ကျန်းမာရေးပြဿနာဟာ ထိပ်ဆုံးက အကြောင်းရင်းဖြစ်နေတာကို တွေ့ရှိရပါတယ်။   ပြီးခဲ့တဲ့နှစ်က ဆေးရုံတက်ခဲ့တဲ့တပ်ဖွဲ့ဝင် ၆၂၈၀၀ ဝန်းကျင်အနက် သုံးပုံတစ်ပုံဟာနီးပါးဟာ စိတ်ကျန်းမာရေး ကုသမှုခံယူဖို့ တက်ရောက်ခဲ့ကြတာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကျန်းမာရေးအဖွဲ့သစ်တစ်ဖွဲ့ရဲ့ အစီ ရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။   တပ်ဖွဲ့တွေအားလုံးအနက်က အမေရိကန်ကြည်းတပ်ဟာ လူနာ ၈,၀၀၀ ကျော်ရှိခဲ့တဲ့အတွက် စိတ်ကျန်းမာရေး ကုသမှုခံယူသူအများဆုံးဖြစ်ပါတယ်။   တခြားတပ်ဖွဲ့တွေနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ရေတပ်က လူနာ ၅,၂၅၇ ဦး ရှိပြီး လေတပ်က ၃,၅၅၄ ဦး ရှိပါတယ်။   အမျိုးသမီးစစ်သည်အများစုဟာ စိတ်ကျရောဂါနဲ့ ထိခိုက်မှုအလွန်စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါ (PTSD) တို့ ကြောင့် ဆေးရုံတက်ရတာဖြစ်သလို အမျိုးသားစစ်သည်လူနာအများစုကတော့ ပြင်းထန်စိတ်ကြွလွန်ရောဂါနဲ့ အ ရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်တဲ့စိတ်ရောဂါတို့ကြောင့် ဆေးရုံတက်ကြရတာဖြစ်ပါတယ်။   စိတ်ကျန်းမာရေးလာရောက်ကုသတဲ့စစ်သည်တချို့က ၃၄ ရက်လောက် ဆေးရုံတက်ရပေမဲ့ ပျှမ်းမျှလူနာတွေ ကတော့ ငါးရက်လောက်သာ ဆေးရုံတက်ခဲ့ရပါတယ်။   စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ အမေရိကန်တပ်မတော်အတွက် တသမတ်တည်းဆောင်ရွက်နေရ တဲ့လုပ်ငန်းဖြစ်ပါတယ်။   တပ်မတော်အနေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့အတွက် တပ်ဖွဲ့ဝင်တွေဟာ တခြားနေရာ တွေမှာလည်း သွားရောက်ကုသနေရကြောင်း အမေရိကန်အစိုးရတာဝန်ခံမှုရုံး (GAO) က ဖေဖော်ဝါရီလအ တွင်းက ပြောပါတယ်။   အဲဒီလို ပြင်ပမှာသွားရောက်ကုသတဲ့အခါ ဆေးကုသမှုခံယူခွင့်မရခင် စစ်သည်တွေအနေနဲ့ ဘယ်လောက်အ ချိန်ကြာကြာစောင့်ဆိုင်းနေရတယ်ဆိုတာ မသိနိုင်သလို အဲဒီလူနာစစ်သည်တွေရဲ့ တိုးတက်မှုအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနကျန်းမာရေးအဖွဲ့က စောင့်ကြည့်ခြင်းမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။   စစ်တန်းလျားတွေမှာ နေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့မိသားစုတွေအများအပြားဟာ သင့်တော်တဲ့ စိတ်ကျန်း မာရေးစောင့်စောင့်ရှောက်မှုရရှိဖို့ စိန်ခေါ်မှုတွေ အများအပြားရှိနေတာကို ဆန်းစစ်လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ရ တယ်လို့ ဆိုပါတယ်။   ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်တပ်မတော်အနေနဲ့ စိတ်ကျန်းမာရေးကုသမှုဆောင်ရွက်ပေး တဲ့အချိန်မှာ တခြားရောဂါပေါင်းစုံကိုပါ ရှာဖွေစစ်ဆေး ကုသပေးဖို့ အမေရိကန်အစိုးရတာဝန်ခံမှုရုံး (GAO) က တိုက်တွန်းခဲ့ပါတယ်။ Source 👉 Military.com Join 👉 ALINKAR SITT
نمایش همه...
Mental Health Tops List of Reasons Troops Were Hospitalized in 2023, New Reports Find

Musculoskeletal injuries remained the top reason service members visited medical facilities, but mental health conditions were most likely to keep them there, Defense Department researchers found.

Photo unavailableShow in Telegram
မြန်မာ့တပ်မတော်..... ထာဝရ အောင်မြင်ပါစေ.....။ မြန်မာပြည်.... အမြန်ငြိမ်းချမ်းပါစေ.....။ ပြည်သူအများ..... ကိုယ်စိတ်ချမ်းသာ ဘေးရန်ကင်းပါစေ........။ ကြည်ပြာ မောင် 5. 7. 2024
نمایش همه...
13👍 8
ရဲမေတွေကိုလည်း သနားတယ်၊ စစ်သည်တစ်ဦး ဆုံးရှုံးသွားတိုင်း ခေါင်းဆောင်တဲ့ သူတွေကိုစိတ် မကြည်ဖြစ်မိတယ်၊ စစ်သည်တွေအသက်ကိုတန် ဖိုးမထားတတ်သလိုထင်စရာရှိနေတဲ့ သူတွေကို အားမရဖြစ်လာတယ်၊ စစ်သည်ရဲမေတွေ ကျ ဆုံးတာတွေရှိချိန် ပြုံးပျော်နေနိုင်တဲ့သူတွေအ ပေါ် သိပ်သဘောမကျဖြစ်လာတယ်၊ ဒီတော့ စာတွေလည်းသိပ်မရေးဖြစ်တော့ဘူး၊ ဖြစ်စေချင် တာကတော့ ပြတ်သားထက်မြက်တဲ့ ခေါင်း ဆောင်အောက်မှာ တာ၀န်ထမ်းပြီး အသက်ကို ပေးလှုဖို့ စစ်သည်တွေအသင့်ရှိနေကြပါတယ်၊ သို့သော် မပြတ်သားတဲ့ ခေါင်းဆောင်တွေအောက် မှာတော့ စိတ်တွေ တွေ​ေ၀စေမှာပါ၊ ဒါကြောင့် နိုင်ငံခေါင်းဆောင်တွေက ရဲရင့်ပြတ်သားပြီး ထက် ထက်မြက်မြက် ဦးဆောင် ပေးစေလိုပါကြောင်း ရေးသားထောက်ပြလိုက်ရပါသည်။ ဆေခမ်း မိုင်းတုံမြို့၊ဟွေအော၊ ၀တောင်ပိုင်း၊ ရှမ်းအရှေ့။ 2-7-2024 (crd)
نمایش همه...
12👍 8
ပြတ်သားထက်မြက်တဲ့ စစ်ခေါင်းဆောင်🇲🇲🇲🇲🇲🇲🇲🇲🇲🇲 ☂☂☂☂☂☂☂☂☂ စစ်သဘောတရားအရ မိမိကရန်သူကို သွားမ တိုက်နိုင်လျှင် မိမိတပ်တည်ရာကို ရန်သူက လာ တိုက်တာဟာ သဘာ၀ဘဲဆိုတာသိပါလျှက် ငြိမ်းချမ်း ရေးရောင်ပြ လက်ဦးမှုနဲ့စစ်ဦးကို မဖြိုခဲ့ကြဘူး၊ ရန်သူဌာနချုပ်တွေ ဘယ်မှာရှိတယ် ထောက်ပံ့ရေး အခြေခံ အဆောက်ဦးတွေဘယ်မှာရှိတာသိတယ်၊ ဒါပေမဲ့ သွားမကျဲဘူး၊ KNU၊TNLA၊KIA၊AA ဌာနချုပ်တွေဘယ်မှာရှိတာ တပ်ကသိတယ် ဒါပေ မဲ့ အရင်သွားပြီး လက်ဦးမှုမယူဘူး၊ နိုင်ငံသစ်နဲ့ ခွဲထွက်ရေးကိုသာ တစ်တွင်တွင်ပြောနေတဲ့ KIAနဲ့AA ရဲ့ ဌာနချုပ်တွေကို အောက်ခြေဖြတ်ဖို့ မတိုက်ခိုက် ဖူး၊ NCAကို လက်မခံတော့ပါဘူး ကြေညာတဲ့ KNU က ပထမဆုံးကိုယ့်တပ်တွေကို လာတိုက် နေတာတောင် NCAစကားကိုင်ထားတုန်းဘဲ၊ ဒီတော့ မိမိတပ်ရှိရာကို ရန်သူကလာတိုက်တာပေါ့၊ လာတိုက်တော့ တပ်ရင်းရှိ စစ်သည်မှီခိုတွေထိခိုက် ဆုံးရှူံးမှုတွေဖြစ်ရတယ်၊ မိမိဘက်ကလက်ဦးမှုယူ ရန်သူကို ဦးချိုးထားနိုင်မဲ့ အခွင့်အလမ်းရှိပါလျှက် ရန်သူတိုက်တာကို စောင့်ပြီး ခံစစ်နဲ့ကစားနေတဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကို ကျွန်တော် သံ သယဖြစ်မိတာ မှားသလား?။ တိုက်စစ်ကို မလုပ်ဖူးဆိုတော့ ခံစစ်ကိုကောင်း ကောင်း စစ်ကစားနိုင်ကြလားဆိုတော့လည်း ရန် သူကတိုက်တဲ့စခန်းအများစုက ရန်သူနောက်ပါသွား တာများပြန်ပါတယ်၊ သုံးသပ်ရရင် ရန်သူဟာ ဒရုန်း နည်းပညာကို နိုင်ငံရေးမတည်ညိမ်တဲ့ ၂၀၂၁ ထဲမှာ ထဲက တွင်တွင်ကျယ်ကျယ်သုံးလာကြတာ သက် ဆိုင်ရာခေါင်းဆောင်တွေအသိပါ၊ ထိုနည်းတူ နိုင်ငံ ရေးမတည်ညိမ်မှုကိုအကြောင်းပြုပြီး သူပုန်ထဖို့ လူအင်အား အများအပြားကို နည်းမျိုးစုံနဲ့ ရနေ တယ်ဆိုတာ မသိဘဲမနေပါဘူး၊ ဒီတော့ခံစစ်နဲ့ စစ် ကစားမယ်လို့ ပြင်ထားရင် ခံစစ်နဲ့စစ်တစ်ကယ် က စားခဲ့လားလို့မေးရင် NOလို့ဘဲဖြေရပါလေ့မယ်၊ (ရတ)စခန်းတွေကို နိုင်ငံတော်က အခိုင်အမာတည် ဆောက်ဖို့ ဘာတွေချပေးထားသလည်းပြန်ကြည့်ပါ၊ နှစ် (၇၀)လောက်က ၀ါးခြမ်းကာနဲ့သိပ်ပို မလာ ဘူး၊ ရန်သူလာတိုက်ရင် ရှေ့ထွက်မိုင်း ရီမုမိုင်းတွေ နဲ့ ကပ်လာတဲ့ရန်သူကို ချေမှုန်းနိုင်ဖို့ နိုင်ငံအဆင့်တပ် မတော်ကြီးမှာပြင်ဆင်နိုင်ဖို့ မိုင်းတွေအားနည်းတယ်။ မိမိတပ်စခန်းတွေကို ရန်သူလာတိုက်ရင် ဒရုန်းကို ဒရုန်းချင်းတန်ပြန်နိုင်ဖို့ နည်းပညာရော ဒရုန်းအားပါ ခုထိ လုံလောက်အောင်မစီစဥ်ပေးထားကြဘူး၊ ရန်သူ ဟာ စတိုက်ထဲက မြို့ကို၀င်စီးတယ် အုပ်ချုပ်ရေး ပျက်ဖို့ အင်အားနည်းတဲ့ ရဲစခန်း၀င်စီးတယ်၊ မြို့ထဲ ကရသမျှကို သူတို့ရိက္ခာအတွက်အသုံးပြုတယ်၊ ဒီ ရိက္ခာမရဖို့ ဆောင်ရွက်ဖို့၊ ရဲစခန်းတွေကိုအကာကွယ် ပေးဖို့ ဒီနိုင်ငံမှာအလုပ်အနည်းဆုံး အင်အားများတဲ့ သံချပ်ကာတပ်တွေကို အသုံးချပြီး မြို့တွင်းစစ်ပွဲတွေ မှာ ကြိုမစီမံထားကြဘူး၊ ဒီတော့မြို့တွေကျတယ်၊ စခန်းတွေကျတယ် ဒီလိုဆောင်ရွက်ချက်မကောင်း တဲ့ ခံစစ်ဗျူဟာအပေါ် သံသယဖြစ်မိနေတာ ကျွန် တော်မှားသလား?။ စစ်ရေးမှာ တိုက်စစ်လည်း အလုပ်ဖြစ်အောင်မ စီစဥ် ခံစစ်ကိုလည်းအောင်မြင်အောင် မဖန်တီးနိုင် တဲ့ အခြေနေရှိနေတယ်ဆိုတော့ နိုင်ငံရေးနဲ့ ကစား မှာလားလို့ မျော်လင့်မိပြန်တာပေါ့၊ နိုင်ငံရေးကြည့် လိုက်တော့ PDFလူငယ်တွေကို နားလည်လာအောင် ရှင်းပြပြီး မိမိဘက်ပါလာအောင်စည်းရုံးနိုင်တဲ့လုပ် ဆောင်မှုဘာမှ မရှိဘူး၊ ဒီတော့ EROတွေရဲ့သွေးထိုး မှုနောက်လိုက်ကုန်ကြတဲ့ PDFတွေကို လုံး၀ မထိန်း နိုင်တာ့ဘူး၊ ဒါဆိုနိုင်ငံတကာပြေးပြီး ထောက်ပံ့ရေး လုပ်နေကြပြီး စစ်ပွဲကိုဖန်တီးနေကြသူတွေကို စစ် ရေးဘဏ္ဍာဖြတ်ဖို့ ဘာလုပ်သလဲ ကြည့်လိုက်ပြန် တော့ နိုင်ငံအချင်းချင်း တရားဥပဒေလမ်းဘက်က နိုင်ငံရေးနည်းလမ်းနဲ့ အရေးမယူနိုင်သလို ဒီထောက် ပို့တွေကို ကြေးစားတွေနဲ့ နိုင်ငံအလိုက်သွားရှင်း ထုတ်တာမျိုးလည်းမလုပ်နိုင်ပြန်ဘူး၊ ဒါဆိုရှမ်း မြောက်မှာ တရုတ်နိုင်ငံနဲ့ညှိနှိုင်းပြီး မြောက် ၅ကောင် ကို ထိန်းချုပ်နိုင်လားဆိုတော့လည်း တရုတ်ကပဲ လက်ရှိအစိုးရကို ဟိုင်ဂင်စာချုပ်နဲ့ စစ်ရပ်ခိုင်းလိုက် မြို့တွေကိုလူလက်နက်ရွေ့လိုက်နဲ့ မြောက် ၄ကောင်ကပဲစစ်ကစားသွားတာမြင်ရတယ်၊ ဒီတော့ ဘင်ဂလားဒေရှ့်ကို နိုင်ငံရေးအရ စစ်ကစားပြီး AAကိုဖိအားပေးနိုင်သလားဆိုတော့ AAကပဲ ကစားနေတာမြင်ရပြန်တယ် ဒါဆိုထိုင်းဘက်ကြည့်ပြန်တော့ NUG နဲ့EROတွေကထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စစ်ရေးလှုပ်ရှားနေတာဘဲမြင်ရတယ် နစက အနေနဲ့ နိုင်ငံရေးကစားပြီးထိုင်းကိုအခြေပြုထားတဲ ဖိအားပေးနိုင်လားဆိုတော့လည်းမလုပ်နိုင်ဘူး ၊ PDFတွေကိုဘဲ ထိုင်းက ကစားနေရပြန်တယ်၊ ဒီတော့ နိုင်ငံရေးလည်းမလုပ်နိုင်ကြသူတွေကို သံသယဖြစ်တာ ကျွန်တော်မှားသလား။ ကျွန်တော်က တပ်မတော်သားတွေရဲ့ ဘ၀ကို စာနာတယ် တန်ဖိုးလည်းထားတယ်၊ တစ်လစာ နဲ့ နှစ်ယောက်တာ၀န်ထမ်းဆောင်နေရတဲ့ စစ်သည်
نمایش همه...
👍 15
တပ်မတော်ရဲ့ အရင် ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲပုံစံက ခံစစ်ပြင်ထားတဲ့ စခန်းတွေကို ကိုယ်က တိုက်စစ်ဖွင့်ပြီး ရင်ဆိုင်ရတာ များခဲ့တယ်။ လိုအပ်တဲ့ ခဲယမ်းရိက္ခာကို လိုသလောက် နောက်ကနေ ထောက်ပံ့ပေးနိုင်တယ်။ လက်နက်ကြီး ပစ်ကူပေးတဲ့ အမြောက်တပ်က အကဲကြည့်ထားပြီး တ်ုက်စစ်ဆင်နေတဲ့ အဖွဲ့တွေကို စိတ်ကြိုက် ပစ်ကူပေးနိုင်ခဲ့တယ်။ ၂၀၀၅ လောက်ကိုင် ဖြစ်စဉ်က အထင်ရှားဆုံး သာဓက ပဲ။ ခုလက်ရှိ အခင်းအကျင်းပုံစံက ပြောင်းပြန်ဖြစ်သွားတယ်။ ရန်သူက တိုက်စစ်ဖြစ်ပြီးတော့ ကိုယ်က ခံစစ်ပုံစံ ဖြစ်သွားတယ်။ ‌လိုအပ်တဲ့ ခဲယမ်းရိက္ခာ အလွယ်တကူ မရအောင် နယ်စွန်ပတ်ပတ်လည်ကို ရန်သူက စနစ်တကျ ဖြတ်တောက်ထားခဲ့တယ်။ အရေးကြီးတဲ့ နေရာကို နောက်ဆုံးကျမှ အင်အားကုန်သုံးဖို့ ချန်ထားတယ်။ ခု ရင်ဆိုင်နေရတဲ့ လားရှိုးနဲ့ လောက်ကိုင်ဟာ ဒီပုံစံအတိုင်းပဲ။ ပိုဆိုးတာက  ရန်သူဟာ လက်နက်ခဲယမ်းကို လိုသလောက် သုံးစွဲနိုင်နေတာက ထူးဆန်းတယ်။ ဒီလမ်းကြောင်းကို မပိတ်နိုင်သေးတာ တွေ့ရတယ်။ အခြေအနေတွေကို သုံးသပ်ရရင်  နောက်ကွယ်မှာ ကြီးကြီးမားမား အထောက်အပံ့ရှိနေတာ သေချာနေတယ်ဆိုတဲ့ သဘော။ ကိုယ့်ဘက်ဖြစ်ဖြစ်၊ သူ့ဘက်ဖြစ်ဖြစ် တိုက်ပွဲဝင်နေရတဲ့ စစ်သည်တွေတိုင်းမှာ မိသားစုဆိုတာ  ရှိတယ်။ ကိုယ်တွေတပ်မှာ ရင်ဆိုင်နေရတဲ့ပြဿနာတခုက ရှေ့တန်းထွက်နေရတဲ့ စစ်သည်က နောက်ချန်တပ်ကိုပါ စိတ်ပူနေရတဲ့ အခြေအနေပဲ။ ဥပမာ မတ္တရာလိုမျိုး လပခ နဲ့ မလှမ်းမကမ်းမှာ ရှိနေရတဲ့ တပ်တွေတောင် အပြင်းအထန် ခုခံ နေရတဲ့အချိန်မှာ ရှေ့က စစ်သည်က ဘယ်လိုနည်းနဲ့မှ စိတ်ဖြောင့်စရာ အကြောင်း မရှိဘူး။ ဆိုတော့....ကိုယ်တွေမှာ ဒီပြဿနာ ရှိရင် ရန်သူလည်း ဒီပြဿနာ  ရှိအောင်လုပ်မှ မျှခြေ ဖြစ်မှာ တွေးမိတယ်။ ရန်သူ့မှာလည်း မိသားစု ရှိတယ်။ ရန်သူမှာလည်း အသက်တချောင်းပဲ ပါတယ်။ ကိုယ်တွေရဲ့ တုန့်ပြန်မှုက ထိရောက်ဖို့ပဲ လိုတယ်။ ဒုတိယ ကမ္ဘာစစ်ဆိုတာ နျူသုံးလိုက်လို့သာ ရပ်သွားရတဲ့သဘော။ စစ်ပွဲတွေတိုင်းဟာ စာပွဲပေါ်မှာ သူ့အလိုလို ရပ်ဆိုင်းသွားတယ်ဆိုတာ အင်မတန်မှ ရှားတယ်။ တဖက်ဖက်က အားမတန်လို့ မာန်လျော့လိုက်လို့သာ ရပ်သွားရတာကသာ ခပ်များများရယ်။ (နရီမိုး)
نمایش همه...
👍 23
Photo unavailableShow in Telegram
ခံနေရပြီထင်တယ်။ ဓာတုတွေ ရူပတွေ ဇီဝတွေ ထွက်လာပြီ။ https://t.me/Phoesi01233
نمایش همه...
😁 10👍 6👏 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.