cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

CHELSEA MM 08

UPDATED CHELSEA NEWS

نمایش بیشتر
پست‌های تبلیغاتی
2 018
مشترکین
-124 ساعت
+17 روز
+3330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
ကွင်းလယ်ကစားသမား ကော်နာ ဂယ်လယ်ဂါဟာ အသက် ၈နှစ်အရွယ်ကတည်းက ကစားလာခဲ့တဲ့ ချဲလ်ဆီးအသင်းမှာ ဆက်နေချင်တာကြောင့် သူ့ကိုရောင်းချဖို့အမြင်တွေကိုပြောင်းလဲသွားအောင် အင်္ဂလန်အသင်းနဲ့အတူ ယူရိုမှာ အကောင်းဆုံးကြိုးစားပြဖို့လုပ်နေပါတယ်။ ချဲလ်ဆီးအသင်းဘက်က PSR ကြောင့် အသင်းရဲ့ အကယ်ဒမီကစားသမားအချို့ကို ရောင်းချဖို့ရှိနေတာလည်းဖြစ်ပါတယ်။ စာချုပ်သက်တမ်းတနှစ်သာကျန်တော့တာကြောင့် အဲ့လိုရောင်းချခံရမယ့် ကစားသမားထဲမှာ ကော်နာဟာ မပါဝင်လိုဘဲ စာချူပ်သက်တမ်းတိုးပြီး အသင်းမှာပဲ ဆက်နေချင်တာလည်းဖြစ်ပါတယ်။ ကော်နာကို အက်သလက်တီကို မက်ဒရစ်၊ စပါး၊ အက်စ်တွန်ဗီလာနဲ့ ဥရောပအသင်းအချို့က ခေါ်ယူဖိူ့ အပြိုင်ကြိုးစားနေကြပါတယ်။ Standard Sport
نمایش همه...
14
Photo unavailableShow in Telegram
အက်သလက်တီကို မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမား ကော်နာ ဂယ်လယ်ဂါကို ပေါင် 16.8 သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်မှုကို ချဲလ်ဆီးအသင်းဘက်က No လို့ ဖြေပေးလိုက်ပါတယ်။ ကော်နာဟာ အက်သလက်တီကို နည်းပြ ဆီမြွန်နီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်နေတာကြောင့် ယူရိုပြီးရင် ပြန်လည်ကမ်းလှမ်းလာဖို့ရှိနေပါတယ်။ Ben Jacobs
نمایش همه...
🤣 10
Photo unavailableShow in Telegram
ချဲလ်ဆီးအသင်းရဲ့ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်မှာ လာရောက်ခဲ့ပြီးနောက် အသက် ၇နှစ်အရွယ်မှာ Tyrique George ဟာ အသင်းနဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီနောက် အသက် ၈ နှစ်အောက် အသင်းမှာစတင်ကစားခွင့်ရခဲ့ပြီး ချဲလ်ဆီးအကယ်ဒမီနဲ့အတူ ကော်ဟမ် မှာ လေ့ကျင့်မှုတွေပြုလုပ်ပြီး ကစားလာခဲ့ပါတယ်။ ၁၁ နှစ် အကြာ အသက် ၁၈ နှစ် မှာတော့ ချဲလ်ဆီးအသင်းနဲ့ ၂၀၂၇ ခုနှစ် + တနှစ်သက်တမ်းတိုးခွင့်ရှိမယ့် ပရော်ဖန်ရှင်နယ်စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျော့်ချ်ရဲ့ အရည်အသွေးကြောင့် အနာဂါတ်မှာ ထွန်းတောက်လာမယ့်ကစားသမားလို့ အထူးသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ စာချုပ်သစ်မချုပ်ဆိုခင်မှာ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေခံခဲ့ရသလို ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ချဲလ်ဆီးအသင်းဘက်ကလည်း ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂျော့ချ်ဟာ ငယ်ငယ်ကတည်းက ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းရဲ့ အနာဂါတ်ကစားသမားတယောက်ဖြစ်လာခဲ့ပါတယ်။ Photo Credit:
نمایش همه...
👍 10
Photo unavailableShow in Telegram
ချဲလ်ဆီး ကစားသမားဟောင်း ရိုင်ယန် ဘာထရန် ဟာ အသက် ၃၄ နှစ်မှာ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာလိုက်ပါတယ်။ ချဲလ်ဆီးအသင်း ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့တဲ့ ၂၀၁၂ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ အသင်းရဲ့ ဘယ်ဘက်ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒါ့အပြင်အသင်းအတွက် FA နဲ့ ယူရိုပါလိဒ်ဖလားတွေရရှိအောင်လည်း ကြိုးစားပေးခဲ့တဲ့ ကစားသမားတဦးဖြစ်ပါတယ်။ Enjoy retirement, Ryan Bertrand
نمایش همه...
14
Photo unavailableShow in Telegram
တိုက်စစ်မှူး Samu Omorodion အတွက် ချဲလ်ဆီးအသင်းရဲ့ ယရို သန်း ၃၀ + အပိုဆုကြေးနဲ့ ကမ်းလှမ်းမှုကို အက်သလက်တီကို မက်ဒရစ်အသင်းဘက်က ပယ်ချခဲ့ပါတယ်။ ကမ်းလှမ်းခဲ့တဲ့ပမာဏဟာ စုစုပေါင်း ယူရို သန်း ၄၀ ဝန်းကျင်ရှိပေမယ့် အက်သလက်တီကိုဘက်က ရောင်းချဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်အတွက် John Duran နဲ့ Samu Omorodion တို့ ၂ယောက်ကို စဉ်းစားရွေးချယ်နေတာပဲဖြစ်ပါတယ်။ Fabrizio Romano
نمایش همه...
11👍 1
Photo unavailableShow in Telegram
ချဲလ်ဆီးအသင်းရဲ့ ၂၀၂၄/၂၅ ရာသီ အဖွင့် ၅ပွဲမှာ နည်းပြသစ် အန်ဇို မာရက်စ်စကာ ရမှတ် ဘယ်လောက် ဆုဆောင်းသွားနိုင်မလဲ? Photo Credit #CHELSEA_MM_08
نمایش همه...
12
Photo unavailableShow in Telegram
ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နိုက်ဂျီရီးယားတိုက်စစ်ကစားသမား Samu Omorodion ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က အပြောင်းအရွှေ့အတွက် စတင်ဆွေးနွေးဖို့အလိုရှိနေပါတယ်။ အသက် ၂၀ အရွယ် Samu Omorodion ဟာ နည်းပြသစ် အန်ဇိုမာရက်စ်စကာရဲ့ တိုက်စစ်အတွက် နံပါတ်တစ်ပစ်မှတ်လည်း ဖြစ်တယ်လို့သိရပါတယ်။ Di Marzio
نمایش همه...
9
Photo unavailableShow in Telegram
🔹 ချဲလ်ဆီးနောက်တန်းကစားသမား လီဗိုင်းကိုးလ်ဝဲလ်ဟာ သူ့ရဲမွေးရပ်မြေ ကလပ်အသင်းဖြစ်တဲ့ Sholing အသင်းရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ 🔹 သူ့ရဲ့ဒေသက အသင်းနဲ့ အဖွဲ့အစည်းအတွက် ခုလိုမျိုး ပြန်လည်လုပ်ဆောင်ပေးရတာဟာ ကြီးမားတဲ့ အရေးပါမှုတခုဖြစ်ကြောင်း၊ ခုလိုမျိုးလုပ်ဆောင်ဖို့ အခွင့်အရေးအတွက်ကိုလည်း Sholing FC က အကောင်းဆုံးဖြစ်ကြောင်းတွေကိုပြောထားပါတယ်။ ဒါ့အပြင် Levi Colwill Project အနေနဲ့ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး၊ ခုလိုကစားသမားဖြစ်လာဖို့ မိသားစုရဲ့ ထောက်ပံ့မှုဟာအရေးပါကြောင်းနဲ့ Sholing အသင်းနဲ့ အတူလက်တွဲလုပ်ဆောင်ရတော့မှာကို စိတ်လှုပ်ရှားနေကြောင်း ပြောသွားပါတယ်။ 🔹 ကိုးလ်ဝဲလ်ဟာ ကလေးသူငယ်များ ဘောလုံးပွဲတွေအခမဲ့ ကြည့်ရှုနိုင်ဖို့အတွက်ကို စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူ့အသင်းရဲ့ပွဲစဉ်တိုင်းကို အသက် ၁၉နှစ်အောက် ကလေးတိုင်းအခမဲ့ ကြည့်ရှုခွင့်ရမှာဖြစ်ပြီး၊ လူကြီးများအတွက် ပွဲစဉ်လက်မှတ်ကိုလည်း စတာလင် ၅ ပေါင်သာ ကောက်ခံမှာဖြစ်ပါတယ်။ လာမယ့်အပတ်ထဲမှာလည်း ခုလိုမျိူး အစီအစဉ်ကောင်းတွေကို ထပ်မံကြေငြာပေးဖို့ရှိနေသေးတာလည်းဖြစ်ပါတယ်။ #CHELSEA_MM_08
نمایش همه...
15👍 2
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 🔹 ချဲလ်ဆီးအသင်းရဲ့ ၂၀၂၄/၂၅ ပရီးမီးယားလိဂ်ရာသီမှာ ကစားရမယ့်ပွဲစဉ်များ၏ အချိန်နှင့် နေ့ရက်များ ဒီနေ့မှာ တရားဝင်ထွက်ပေါ်လာပါတယ်။ 🔹 ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုတော့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အပိတ်ပွဲစဉ်ကိုတော့ အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။ 🔹 တရာသီလုံး ကစားရမယ့် အသင်းရဲ့ ပွဲစဉ်ဇယားအပေါ် ဘယ်လိုမြင်လဲဗျ?
نمایش همه...
12
2024/25 Premier League အဖွင့်ပွဲမှာ ချဲလ်ဆီးအသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားရမယ်လို့ သတင်းတွေထွက်လာပါတယ်။ Sam C
نمایش همه...
12