fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 475 مشترک است و جایگاه 15 941 را در دسته اخبار و رسانه‌ها و رتبه 10 074 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 475 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 01 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -216 و در ۲۴ ساعت گذشته برابر -7 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 9.87% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.74% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 232 بازدید دریافت می‌کند. در اولین روز معمولاً 841 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 02 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 475
مشترکین
-724 ساعت
-197 روز
-21630 روز
آرشیو پست ها
မူဆယ်မြို့၌ ငွေကျပ်သိန်း ၂၀၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀
မူဆယ်မြို့၌ ငွေကျပ်သိန်း ၂၀၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရမူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ်-နမ့်ခမ်းကားလမ်းတွင် လမောင်ဆိုင်းအောင် (ခ) ဆိုင်းအောင် (၃၀) နှစ် ဆိုင်းတောင်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်လာသော TOYOTA LANDCRUISER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၂၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၁၀ သိန်း) အား ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် လမောင်ဆိုင်းအောင် (ခ) ဆိုင်းအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ထိုင်းနယ်ခြားစောင့်တပ်က ဘိန်းသယ်ဆောင်လာသည့် ဝတပ်ဖွဲ့ဝင်များအား ပစ်ခတ်ဖမ်းဆီးရာ ဘိန်း ၁၅ အိတ်နှင့်အတူ ဝတပ်ဖွဲ့ဝင် ၅ ဦးကို အသေပ
+1
ထိုင်းနယ်ခြားစောင့်တပ်က ဘိန်းသယ်ဆောင်လာသည့် ဝတပ်ဖွဲ့ဝင်များအား ပစ်ခတ်ဖမ်းဆီးရာ ဘိန်း ၁၅ အိတ်နှင့်အတူ ဝတပ်ဖွဲ့ဝင် ၅ ဦးကို အသေပစ်ခတ်ရရှိ။ တိုက်ပွဲသတင်းစုံ NOM

🇨🇳 🛰 🇧🇭 🤍တရုတ်ဂြိုဟ်တုမှရရှိသော ဓာတ်ပုံများအရ ဘာရိန်းနိုင်ငံရှိ ရှိတ်အီဆာ လေတပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်တပ်​၏ ပက်ထ
+3
🇨🇳 🛰 🇧🇭 🤍တရုတ်ဂြိုဟ်တုမှရရှိသော ဓာတ်ပုံများအရ ဘာရိန်းနိုင်ငံရှိ ရှိတ်အီဆာ လေတပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်တပ်​၏ ပက်ထရီယော့လေကြောင်းကာကွယ်ရေးစနစ်များနှင့် F-16 တိုက်လေယာဉ်များ ဖြန့်ကျက်ချထားမှုကို ဖော်ပြနေသည်။ News Of Myanmar NOM

"လိင်ရာဇဝတ်ကောင် အက်ပ်စတိုင်း (Epstein) ကို ' ဘေဘီ' ဟု ခေါ်ဆိုခဲ့သည့် အမျိုးသမီးမြို့စားတစ်ဦး တော်ဝင်ကင်ဆာပရဟိတအဖွဲ့မှ နုတ်ထွ
+3
"လိင်ရာဇဝတ်ကောင် အက်ပ်စတိုင်း (Epstein) ကို ' ဘေဘီ' ဟု ခေါ်ဆိုခဲ့သည့် အမျိုးသမီးမြို့စားတစ်ဦး တော်ဝင်ကင်ဆာပရဟိတအဖွဲ့မှ နုတ်ထွက်" လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) ကို "ဘေဘီ" နှင့် "သိပ်တော်တဲ့လူကြီး" ဟု ခေါ်ဆိုခဲ့သည့် ဂျာမန်အမျိုးသမီးမြို့စားတစ်ဦးသည် ဝေလမင်းသားနှင့် မင်းသမီးတို့ နာယကအဖြစ် ဆောင်ရွက်နေသော ကင်ဆာပရဟိတအဖွဲ့မှ နုတ်ထွက်သွားပြီဖြစ်ကြောင်း The Telegraph က ဖော်ပြခဲ့သည်။ လန်ဒန်အခြေစိုက် နည်းပညာရင်းနှီးမြှုပ်နှံသူ နီကိုးလ် ဂျန်ကာမန်း (Nicole Junkermann) သည် အက်ပ်စတိုင်း နှင့် ဆယ်စုနှစ်နှစ်ခုကြာ ပတ်သက်မှုရှိခဲ့ကြောင်း အမေရိကန်တွင် ထုတ်ပြန်သည့် ဖိုင်တွဲများ၌ ပေါ်ထွက်လာပြီးနောက် Royal Marsden Cancer Charity ၏ ဂေါပကအဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အက်ပ်စတိုင်း က အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထောင်ကျပြီးနောက်ပိုင်းတွင်ပင် အီးမေးလ်ပေါင်း ရာနှင့်ချီ၍ အပြန်အလှန် ပေးပို့ခဲ့ကြသည်။ The Telegraph ၏ အဆိုအရ အီးမေးလ်တစ်ခုတွင် သူမက "ရှင်ဟာ ကျွန်မရဲ့ နှလုံးသားထဲမှာ ရှိနေပါတယ်" ဟု ရေးသားခဲ့သည်။ အခြားစာတစ်စောင်တွင်မူ အက်ပ်စတိုင်း ကို ဝေဖန်မှုများအပေါ် တုံ့ပြန်ရာ၌ "ဒါဟာ လှိုင်းတစ်ခုလိုပဲ ဖြတ်ကျော်သွားပြီး ပျောက်ကွယ်သွားဖို့ ဆုတောင်းပေးပါတယ်" ဟု ရေးသားခဲ့ကြောင်း သိရသည်။ ထို့အပြင် ဂျန်ကာမန်း နှင့် အက်ပ်စတိုင်း တို့သည် အစ္စရေးလုံခြုံရေး နည်းပညာလုပ်ငန်းတစ်ခုဖြစ်သည့် Carbyne တွင် အတူတကွ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ဂျန်ကာမန်း အနေဖြင့် သူမ၏ အသက်မွေးဝမ်းကြောင်း တိုးတက်စေရန် အက်ပ်စတိုင်း၏ လူမှုကွန်ရက်ကို အသုံးချခဲ့ကြောင်း အီးမေးလ်များက ညွှန်ပြနေသည်။ နောက်ပိုင်းတွင် သူမသည် ဗြိတိန်ကျန်းမာရေးနည်းပညာ အကြံပေးဘုတ်အဖွဲ့တွင် ခန့်အပ်ခံရပြီး ဗြိတိန် အမျိုးသားကျန်းမားရေးဝန်ဆောင်မှု နှင့် ဆက်နွယ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သူဖြစ်သည်။ ယခုအခါတွင်မူ သူမက "လှည့်ဖျားခြင်းနှင့် လမ်းမှားသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်" ဟု ပြောကြားခဲ့သည်။ သူမ၏ ပြောရေးဆိုခွင့်ရှိသူကမူ ပရဟိတအဖွဲ့အနေဖြင့် "အာရုံထွေပြားမှုများ" မဖြစ်စေရန် နှစ်ဦးသဘောတူ သဘောတူညီချက်ဖြင့် အနားယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ News Of Myanmar NOM

🤍 🚨 🛬"စစ်ဘက်လေယာဉ်များကို အွန်လိုင်းမှ ခြေရာခံခြင်းက လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမေရိကန် လေတပ်အရာရှိ သတိပေး" အမေရိကန် လေတပ်အရာရှိတစ်ဦးက စစ်ဘက်ဆိုင်ရာ လေကြောင်းပျံသန်းမှုများကို အွန်လိုင်းမှတစ်ဆင့် ဝါသနာပါ၍ စောင့်ကြည့်ခြေရာခံနေသူများသည် စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးလိုက်သည်။ ၎င်းက "ကျွန်ုပ်တို့ဘက်က ဒါကို လျှို့ဝှက်ချက် (ဒါမှမဟုတ်) အလွန်လျှို့ဝှက်ချက်လို့ သတ်မှတ်ထားပေမဲ့၊ အဲဒါတွေက အင်တာနက်ပေါ်မှာ အများသူငါ ကြည့်လို့ရအောင် ပျံ့နှံ့နေပါတယ်" ဟု ပြောကြားခဲ့သည်။ News Of Myanmar NOM

🇦🇫 🤝 🇮🇷 အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ (Zabihullah) က "အကယ်၍ အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက ကျွန်ုပ်တို့အနေဖြ
🇦🇫 🤝 🇮🇷 အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ (Zabihullah) က "အကယ်၍ အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက ကျွန်ုပ်တို့အနေဖြင့် ပံ့ပိုးကူညီမှု ပုံစံမျိုးစုံကို ပေးအပ်သွားမည်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။ News Of Myanmar NOM

👍 ယူကရိန်းစစ်သားတွေဟာ သူတို့ဆင်မြန်းထားတဲ့ နာဇီတံဆိပ်တွေကို ဖုံးကွယ်ဖို့တောင် အားမထုတ်ကြတော့ပါဘူး။ သေဆုံးသွားတဲ့ ယူကရိန်းစစ်
👍 ယူကရိန်းစစ်သားတွေဟာ သူတို့ဆင်မြန်းထားတဲ့ နာဇီတံဆိပ်တွေကို ဖုံးကွယ်ဖို့တောင် အားမထုတ်ကြတော့ပါဘူး။ သေဆုံးသွားတဲ့ ယူကရိန်းစစ်သား နောက်တစ်ယောက်ရဲ့ အသုံးအဆောင်တွေပေါ်မှာ SS တပ်ဖွဲ့ရဲ့ ဦးခေါင်းခွံသင်္ကေတဖြစ်တဲ့ Totenkopf အကြီးစားကြီးကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ မှတ်ချက်ပေးသူတွေတောင် အံ့အားသင့်သွားကြတယ်- ယူကရိန်းနိုင်ငံဟာ နာဇီတွေနဲ့ ပြည့်နှက်နေတာပဲလို့ ဆိုကြပါတယ်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။ ဖေဖော်ဝါရီလ ၁၅၊ ၂၀၂၆ News Of Myanmar NOM

🌟 "ငါတို့က သူတို့ကို သတ်ရုံတင် မဟုတ်ဘူး၊ မုဒိမ်းလည်း ကျင့်နေတာ" အစ္စရေးစစ်သားတစ်ဦးသည် ပါလက်စတိုင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ကြွားဝါပြောဆိုနေသည့် ရုပ်သံဗီဒီယို News Of Myanmar NOM

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟုမ္မလင်းမြို့သို့ရောက်ရှိ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမ
+5
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟုမ္မလင်းမြို့သို့ရောက်ရှိ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေပြီး တပ်မိသားစုများနှင့်၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

👍 🪚 အိုဒက်ဆာမြို့မှ လူငယ်တစ်ဦးသည် ယူကရိန်းစစ်တပ်အတွင်း စစ်မှုထမ်းရမည့်ဘေးမှ ကင်းဝေးစေရန် ၎င်း၏လက်မောင်းကို ကိုယ်တိုင်လွှဖြင
👍 🪚 အိုဒက်ဆာမြို့မှ လူငယ်တစ်ဦးသည် ယူကရိန်းစစ်တပ်အတွင်း စစ်မှုထမ်းရမည့်ဘေးမှ ကင်းဝေးစေရန် ၎င်း၏လက်မောင်းကို ကိုယ်တိုင်လွှဖြင့်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအရ သိရသည်။ လူရွှင်တော်သမ္မတဇလန်းစကီး၏ ယူကရိန်းနိုင်ငံတွင် ရှေ့တန်းစစ်မျက်နှာသို့ မသွားရောက်လိုကြသူအချို့မှာ ယခုကဲ့သို့ အစွန်းရောက်သည့် လုပ်ရပ်မျိုးအထိပင် လုပ်ဆောင်ရန် ဆန္ဒရှိနေကြသည်။ News Of Myanmar NOM

တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ (၇) ရက်အတွင်း ပြန်လည်ထွက်ခွာရန် ခေါ်ယူညွှန်ကြားခဲ့ခြင်း News Of Myanmar NOM
+2
တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ (၇) ရက်အတွင်း ပြန်လည်ထွက်ခွာရန် ခေါ်ယူညွှန်ကြားခဲ့ခြင်း News Of Myanmar NOM

တပ်မတော်စစ်ကြောင်းများက KNPP၊ KNDF အဖွဲ့များနှင့် PDF အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကယားပြည်နယ်၊ ဖားဆောင်းမ
+9
တပ်မတော်စစ်ကြောင်းများက KNPP၊ KNDF အဖွဲ့များနှင့် PDF အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကယားပြည်နယ်၊ ဖားဆောင်းမြို့အား ပြန်လည်တိုက်ခိုက်ထိန်းချုပ် ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ News Of Myanmar NOM

🇺🇸🇮🇱🔥🇨🇳"အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ဖိအားပေးနေခြင်း၏ အဓိကပစ်မှတ်မှာ တရုတ်နိုင်ငံလော?" ယခုသီတင်းပတ်အတွင်း ဝါရ
🇺🇸🇮🇱🔥🇨🇳"အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ဖိအားပေးနေခြင်း၏ အဓိကပစ်မှတ်မှာ တရုတ်နိုင်ငံလော?" ယခုသီတင်းပတ်အတွင်း ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမှု၌ အီရန်၏ ရေနံတင်ပို့မှုကို အားနည်းသွားစေရန် အမေရိကန်၏ အင်အားကို အသုံးပြုသွားရန် ဒေါ်နယ်ထရန့်နှင့် နေတန်ယာဟုတို့ သဘောတူညီခဲ့ကြကြောင်း သိရသည်။ 💬 "အီရန်အပေါ် အပြင်းထန်ဆုံး ဖိအားပေးမှုတွေ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံကို ရေနံရောင်းချနေတဲ့ ကိစ္စမျိုးပေါ့" ဟု အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက Axios သတင်းဌာနသို့ ပြောကြားခဲ့သည်။ 🇨🇳 တရုတ်နိုင်ငံသည် ၎င်း၏ ရေနံစိမ်းလိုအပ်ချက်၏ ၁၃% မှ ၁၆% အထိကို အီရန်အပေါ် မှီခိုနေရသည်။ 🇮🇷 အီရန်သည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့သော ရေနံ၏ ၈၀% မှ ၉၀% အထိကို တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်သည်။ 📌 ပါရှန်းပင်လယ်ကွေ့နိုင်ငံများအားလုံးသည် တရုတ်နိုင်ငံ ရေနံလိုအပ်ချက်၏ ၅၀% နှင့်အထက် ကို ဖြည့်ဆည်းပေးနေသည်။ 📌 ဝါရှင်တန်သည် ဗင်နီဇွဲလားသမ္မတကို မတရားဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ဦးတည်နေသော ရေနံတင်သင်္ဘောအမြောက်အမြားကို သိမ်းယူခဲ့ပြီးနောက် ဇန်နဝါရီလတွင် ပေကျင်း၏ နိုင်ငံခြားရေနံစိမ်း တင်သွင်းမှု ၃% မှ ၅% ခန့်ကို ဟန့်တားနိုင်ခဲ့သည်။ အမေရိကန်အနေဖြင့် ၎င်းတို့၏ "အပြင်းထန်ဆုံး ဖိအားပေးမှု" ကမ်ပိန်းကို လက်တွေ့တွင် မည်သို့အကောင်အထည်ဖော်မည်ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။ အကယ်၍ စီးပွားရေးပိတ်ဆို့မှုများဖြင့် လုပ်ဆောင်မည်ဆိုပါက တရုတ်နှင့် အီရန်တို့သည် နှစ်နိုင်ငံစာချုပ်များ၊ တရားမဝင်သင်္ဘောအုပ်စုများ (Shadow Fleets)၊ အသေးစား ရေနံချက်စက်ရုံများ၊ အခြေခံအဆောက်အအုံနှင့် ရေနံ လဲလှယ်သည့်စနစ်များနှင့် နိုင်ငံတကာ ငွေပေးချေမှုစနစ်အသစ်များကို အသုံးပြု၍ လွယ်ကူစွာ ရှောင်လွှဲနိုင်မည်ဖြစ်သည်။ အကယ်၍ ဝါရှင်တန်က ဗင်နီဇွဲလားကိစ္စကဲ့သို့ အီရန်ရေနံတင်သင်္ဘောများကို သိမ်းယူရန် ကြိုးပမ်းပါက အီရန်ဘက်မှလည်း လက်တုံ့ပြန်မှုများ ရှိလာနိုင်ပြီး စစ်မီးတောက်ခြင်း သို့မဟုတ် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခြင်းများအထိ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသည်။ ဖေဖော်ဝါရီလအစောပိုင်းတွင် ထရန့်သည် အီရန်နှင့် စီးပွားရေးလုပ်ဆောင်သော မည်သည့်နိုင်ငံကိုမဆို သွင်းကုန်ခွန် ၂၅% အထိ ကောက်ခံနိုင်မည့် အမှုဆောင်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ယခင်က တရုတ်နိုင်ငံအပေါ် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမည်ဟူသော ခြိမ်းခြောက်မှုများသည် မအောင်မြင်ခဲ့ဘဲ ၂၀၂၅ ခုနှစ်တွင် ထရန့်၏ ဖိအားများကြားမှ တရုတ်နိုင်ငံသည် စံချိန်တင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁.၂ ထရီလီယံ အထိ ရရှိခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

🇨🇳 လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Epstein) သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံးဝ အဆင်မပြေခဲ့ပေ
+5
🇨🇳 လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Epstein) သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံးဝ အဆင်မပြေခဲ့ပေ 🔪အက်ပ်စတိုင်းသည် တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် အလွန်ပင် ကောက်ကျစ်စဉ်းလဲသော ဆက်ဆံရေးရှိခဲ့သူ ဖြစ်သည်။ 📌တစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ် မေလအတွင်း စတိဗ် ဘန်နွန် (Steve Bannon) နှင့် ပေးပို့သော စာတိုများတွင် အက်ပ်စတိုင်းက တရုတ်၏ စီးပွားရေးကို "ပျက်သုဉ်းတော့မည့် ကျွန်စနစ်" ဟု ခေါ်ဆိုခဲ့သည်။ ဘန်နွန်ကလည်း တရုတ်ကွန်မြူနစ် ပါတီကို "ကမ္ဘာ့စီးပွားရေးကို စီမံခန့်ခွဲရန် ကြိုးစားနေသည့် လယ်သမားတစ်စု" ဟု ကဲ့ရဲ့ခဲ့သည်။ တရုတ်၏ အိမ်ခြံမြေပူဖောင်းပေါက်ကွဲပြီး စီးပွားရေးတစ်ခုလုံး ပြိုလဲသွားလိမ့်မည်ဟု ၎င်းတို့နှစ်ဦးစလုံးက မျှော်လင့်ခဲ့ကြသည်။ (သို့သော် ထိုသို့ဖြစ်မလာခဲ့ပါ။) 📌 အခြားတစ်ဖက်တွင်မူ အက်ပ်စတိုင်းသည် တရုတ်နိုင်ငံကို အပုပ်ချပြောဆိုနေသော်လည်း တရုတ်နိုင်ငံ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာချိန်တွင် ၎င်း၏ စီးပွားရေးကဏ္ဍအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ 👉အမေရိကန် တရားရေးဌာန (DoJ) မှ ထုတ်ပြန်လိုက်သည့် အက်ပ်စတိုင်း၏ ဖိုင်တွဲအသစ်များအရ ၎င်းသည် ထိုအလုပ်အတွက် ကြားခံလူ ၃ ဦးကို အသုံးပြုခဲ့ကြောင်း သိရသည် - 🤔ပီတာ မန်ဒယ်လ်ဆင် (Peter Mandelson): သိက္ခာကျခဲ့သည့် ဗြိတိန်ဝန်ကြီးဟောင်းဖြစ်ပြီး ၎င်း၏ Global Counsel ကုမ္ပဏီသည် တရုတ်နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်သော CICC သို့ ချဉ်းကပ်စည်းရုံးခဲ့သည်။ ၎င်းသည် တရုတ်တို့အကြား "နတ်ဘုရားကဲ့သို့ အဆင့်အတန်း" ရှိသည်ဟု အက်ပ်စတိုင်းကို ကြွားဝါခဲ့ပြီး CICC နှင့် အခြားသော နိုင်ငံတော်ပိုင်လုပ်ငန်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်နေရာယူခဲ့သည်။ မန်ဒယ်လ်ဆင်သည် ၂၀၁၀ ခုနှစ်တွင် အက်ပ်စတိုင်းကို ဒက်စမွန် ရှမ် (Desmond Shum) နှင့် မိတ်ဆက် ပေးခဲ့သည်။ ထိုအချိန်က အက်ပ်စတိုင်းမှာ ကလေးသူငယ် ကာမဆက် ဆံမှုဖြင့် ပြစ်ဒဏ်ကျခံထားရသူ ဖြစ်သော်လည်း မန်ဒယ်လ်ဆင်က ၎င်းအား "ထူးခြားသူတစ်ဦး" "အောင်မြင်သော အကြံပေးပုဂ္ဂိုလ်" နှင့် "ဘဏ်လုပ်ငန်း၊ သိပ္ပံနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ဩဇာရှိသူ" အဖြစ် ပုံဖော်ခဲ့သည်။ 🤔ဒက်စမွန် ရှမ် (Desmond Shum): ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ရသည့် ထိပ်တန်းတရုတ်စီးပွားရေးသမားဖြစ်သည်။ ရှမ်သည် အက်ပ်စတိုင်းကို လေဆိပ်ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းတစ်ခုနှင့် ပင်လယ်ရပ်ခြား ဘဏ်လုပ်ငန်းတစ်ခုတွင် ပါဝင်ရန် စည်းရုံးခဲ့သော်လည်း အက်ပ်စတိုင်းကမူ နောက်ဆုတ်သွားခဲ့ပုံရသည်။ 🤔ဒေးဗစ် စတန်း (David Stern): သိက္ခာကျခဲ့သည့် ဗြိတိန်တော်ဝင်မင်းသား အန်ဒရူး (Prince Andrew) ၏ လက်ပါးစေ ဖြစ်သည်။ ၎င်းသည် အက်ပ်စတိုင်းအတွက် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ ဖြစ်မြောက်ရန် ကူညီပေးခဲ့သူဖြစ်သည်။ ➡️ စတန်းသည် အက်ပ်စတိုင်းကို သူ၏ "ဆရာ" ဟု ခေါ်ဆိုပြီး မိမိကိုယ်ကိုယ် "သစ္စာရှိသော စစ်သည်တော်" တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသည် ပေကျင်းတွင် တရုတ်သူဌေးကြီးများအတွက် အကြံပေးလုပ်ငန်း ထောင်ရန်၊ လျှပ်စစ်ကား (EV) လုပ်ငန်း စတင်ရန်၊ ကျရှုံးနေသော ကားကုမ္ပဏီတစ်ခုထဲသို့ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံရန်၊ နိုင်ဂျီးရီးယား ရေနံလုပ်ငန်းနှင့် တရုတ်တို့ အာဖရိကတွင် ရင်းနှီးမြှုပ်နှံရန် ကြားခံလုပ်ဆောင်ပေးရန် စသည့် အကြံအစည်များကို နှစ်ပေါင်းများစွာ ထုတ်ခဲ့သည်။ ထူးဆန်းသည်မှာ ထိုလုပ်ငန်းတစ်ခုမျှ လက်တွေ့တွင် ဖြစ်ပေါ်မလာခဲ့ခြင်း ဖြစ်သည်။ ➡️၂၀၁၂ ခုနှစ်တွင် အက်ပ်စတိုင်းသည် ရာဇဝတ်မှုမှတ်တမ်းကြောင့် တရုတ်ဗီဇာ ငြင်းပယ်ခံရသောအခါ စတန်းက နောက်တစ်ကြိမ် လျှောက်ထားလျှင် လိမ်ညာပြီး ပါရီမြို့၌ လျှောက်ထားရန် အကြံပေးခဲ့သည်။ "အရင်က ဗီဇာငြင်းခံရတာတွေ၊ ရာဇဝတ်မှု မှတ်တမ်းရှိတာတွေကို ဖောင်ထဲမှာ အမှန်မခြစ်တာက ပိုကောင်းပါလိမ့်မယ်" ဟု ၎င်းက ကူညီသည့်အနေဖြင့် အကြံပြုခဲ့သည်။ ➡️စတန်းသည် တရုတ်အဆင့်မြင့်အရာရှိကြီးများ၏ သားသမီးမြေးမြစ်များအကြောင်းကိုလည်း အက်ပ်စတိုင်းအား သတင်းပေးခဲ့သည်။ သို့သော် စတန်းက ၎င်းတွင် အဆက်အသွယ်ကောင်းများ ရှိသည်ဟု ကြွားဝါခဲ့သော်လည်း အက်ပ်စတိုင်းသည် ၎င်းတို့နှင့် စီးပွားရေးအရ မည်သည့်အခါမျှ လက်တွဲခွင့်မရခဲ့ပေ။ ➡️အက်ပ်စတိုင်းဖိုင်တွဲများ ထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရပိုင် Global Times က ဤဖြစ်ရပ်သည် "အမေရိကန် ဘဏ္ဍာရေးအရင်းရှင်စနစ်၏ ကိုယ်ကျင့်တရား လုံးဝပျက်ပြားမှုကို ပြသနေသည့် သက်သေ" ဟု ဖော်ပြခဲ့သည်။ သို့သော် အက်ပ်စတိုင်းသည် ကမ္ဘာကျော် လူယုတ်မာတစ်ဦးအဖြစ် မသိကြသေးမီကပင် တရုတ်နိုင်ငံသည် ၎င်း၏ ဗီဇမှန်ကို ရိပ်မိပုံရသည်။ News Of Myanmar NOM

ဂျပန်ဝန်ကြီးချုပ်၏ "ထိုင်ဝမ်အရေးပေါ်အခြေအနေ" ဟု သုံးနှုန်းပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က တုံ့ပြန်လိုက်သည်။ "ထပ်ပြီးတော့ လောင်းကစားဆန် ဆန် စမ်းကြည့်ချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ရှုံးနိမ့်မှုက ပိုပြီးမြန်ဆန်လာလိမ့်မယ်။ ပြီးတော့ ပိုပြီးတော့လည်း အထိနာပျက်စီးလိမ့်မယ်။" News Of Myanmar NOM

ဖေဖော်ဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းဆာအက်အယ်လ်ဟာရီရီသည်လေးနှစ်အာဏာလက်လွှတ်ရပြီးနောက်လာမည့်
+2
ဖေဖော်ဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လက်ဘနွန်ဝန်ကြီးချုပ်ဟောင်းဆာအက်အယ်လ်ဟာရီရီသည်လေးနှစ်အာဏာလက်လွှတ်ရပြီးနောက်လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးခံမည်ဟုကြေညာလိုက်သည်။(ဓါတ်ပုံ) ၂။ယူကရိန်းသမ္မတဇလင်စကီးကရုရှားပိုင်နက်ကိုပစ်ခတ်တိုက်ခိုက်နေသောဖလမ်မီဂိုဒုံးပျံစက်ရုံသည်ရုရှား၏တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းပြောသည်။ ၃။တရုတ်သမ္မတရှီကျင့်ဖျင်ကမေလ၁ရက်ကစပြီးအာဖရိက၅၄နိုင်ငံ ၏ထုတ်ကုန်များအ​ပေါ်အကောက်ခွန်ကောက်ခံခြင်းမပြုဟုကြေညာ သည်။(ဓါတ်ပုံ) ၄။ပြည်သူ့ခုခံရေးတပ်ဦးဟုအမည်ပေးထားသည့်လက်နက်ကိုင်အဖွဲ့ကအီရန်အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်မည်ဟုကြေညာသည်။(ဗီဒီယို) ၅။ အမေရိကန်သမ္မဟောင်း ဘားရက်အိုဘားမားက နိုင်ငံရေး ဟောပြောပွဲတွင် အရှက်နှင့် ယဉ်ကျေးမှု ကင်းမဲ့မှုကို ဝေဖန်ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းနှင့် ဇနီး မစ်ရှယ်လ်တို့အား မျောက်များအဖြစ် ပုံဖော်ထားသည့် ဒေါ်နယ်ထရန့်၏ လူမှုမီဒီယာမှ ပို့စ်တစ်ခုကို ပထမဆုံးအကြိမ် ရှုံ့ချတုံ့ပြန်ခဲ့သည်။ထရမ့်သည်အဆိုပါပို့စ်ကိုနောက်ပိုင်းတွင်ပြန်လည်ဖြုတ်ချခဲ့သည်။

🇸🇾🔥🇺🇸ဆီးရီးယားရှိ အခြေစိုက် စခန်းများမှ ဆုတ်ခွာပြီးနောက် စခန်းများကို အမေရိကန်တပ်ဖွဲ့များ ကိုယ်တိုင်မီးရှို့ဖျက်ဆီး ဟာဆာ
+1
🇸🇾🔥🇺🇸ဆီးရီးယားရှိ အခြေစိုက် စခန်းများမှ ဆုတ်ခွာပြီးနောက် စခန်းများကို အမေရိကန်တပ်ဖွဲ့များ ကိုယ်တိုင်မီးရှို့ဖျက်ဆီး ဟာဆာကာ (Hasakah) ပြည်နယ်တောင်ပိုင်းရှိ အယ်လ်-ရှတ်ဒါဒီ (Al-Shaddadi) အခြေစိုက်စခန်းမှ ဆုတ်ခွာသွားပြီးနောက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဤလုပ်ရပ်သည် ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုအသစ်များ ပြုလုပ်လာခြင်းနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ခါရပ်ဘ် အယ်လ်-ဂျီယာ (Kharab al-Jir) အပါအဝင် အခြေစိုက်စခန်းအသီးသီးမှ စစ်လက်နက်ပစ္စည်းများကို အီရတ်နိုင်ငံရှိ ကာဒစ္စတန်ဒေသသို့ ပြောင်းရွှေ့လျက်ရှိသည်။ အစောပိုင်းကတည်းက စတင်ခဲ့သည့် အယ်လ်-ရှတ်ဒါဒီစခန်းမှ စစ်ဘက်ဆိုင်ရာပစ္စည်းများ ပြောင်းရွှေ့မှုကို ဖေဖော်ဝါရီ ၁၀ ရက်အထိ ဆက်လက်လုပ်ဆောင်သွားရန် မျှော်မှန်းထားသည်။ ယခုကဲ့သို့ စစ်ရေးအရ ရွှေ့ပြောင်းမှုများနှင့် အခြေစိုက်စခန်းများကို မီးရှို့ဖျက်ဆီးခြင်းများသည် ထိုဒေသတွင် အမေရိကန်တပ်ဖြန့်ထားမှုကို လျှော့ချရန်နှင့် ၎င်းတို့စွန့်ခွာခဲ့သည့် အဆောက်အအုံများကို အခြားသူများ ပြန်လည်အသုံးမပြုနိုင်စေရန် ဝါရှင်တန်၏ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များဖြစ်သည်။ News Of Myanmar NOM

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ NOM၊ဖေဖော်ဝါရီ၁၅၊၂၀၂၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို
+1
မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ NOM၊ဖေဖော်ဝါရီ၁၅၊၂၀၂၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်၊ သမိုင်းဂုံးတံတားဘေးရှိ ကုန်မာဆိုင်တွင် ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်) နံနက် ၃ နာရီ၃၇မိနစ်ကမီးလောင်မှုဖြစ်ပွားခဲ့ရာအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ကောင်းမှုဆောင်မှုလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်၊ ရထားသံလမ်းဘေးတွင်သမိုင်းဂုံးတံတားဘေးတွင် ကုန်မာဆိုင်တွင်မီး လောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ဆိုင်တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦး မီးလောင်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။ မီးလောင် မှုဖြစ်ပွားရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့်အတူပူးပေါင်း၍ငြှိမ်းသက်ခဲ့ရာ နံနက် ၃နရီ ၅၃မိနစ်တွင် မီးငြိမ်းသွား ခဲ့ပြီးသေဆုံးသူများကိုလူမှုကူညီ ရေးအသင်းကားများဖြင် ရန်ကုန်ဆေးရုံကြီးသိုပိုဆောင်ပေးခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စီမံကိန်းများစွာကိုဖော်ဆောင်နေ NOM၊ဖေဖော်ဝါရီ၁၅၊၂၀၂၆ မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စီမံကိန်းများစွာကိုဖော်ဆောင်နေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်)ညပိုင်းကရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲ(၁) သုဝဏ္ဏ တွင်ပြုလုပ်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ ဆောင်ဆက်သွယ်ရေးကဏ္ဍစီမံကိန်းများကိုဖော် ဆောင်လျက်ရှိ ကြောင်းသိရသည်။ "နှစ်နိုင်ငံကြားမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံ ကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာ ဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို ပူးပေါင်းဆောင် ရွက်နေပါတယ်။ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရ ထားလမ်းစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်နေပါတယ်"ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်မှုများကို မြန်မာနိုင်ငံကအလေးထားကာ တရုတ်နိုင်ငံအ တွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အ ခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံတော်ယာယီသမ္မတ ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။