fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 368 مشترک است و جایگاه 15 949 را در دسته اخبار و رسانه‌ها و رتبه 10 127 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 368 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 12 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -219 و در ۲۴ ساعت گذشته برابر -14 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 8.12% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.53% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 005 بازدید دریافت می‌کند. در اولین روز معمولاً 684 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 13 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 368
مشترکین
-1424 ساعت
-587 روز
-21930 روز
آرشیو پست ها
ဂီနီဘစ်ဆောတွင်စစ်တပ်ကအတိုက်အခံကိုပါဖမ်းဆီး NOM ယမန်နေ့ကဂိနီဘစ်ဆောနိုင်ငံတွင်စစတပ်ကအာဏာသိမ်းပြီးသမ္မတကိုဖမ်းဆီးလိုက်သည်။ထို့အတ
ဂီနီဘစ်ဆောတွင်စစ်တပ်ကအတိုက်အခံကိုပါဖမ်းဆီး NOM ယမန်နေ့ကဂိနီဘစ်ဆောနိုင်ငံတွင်စစတပ်ကအာဏာသိမ်းပြီးသမ္မတကိုဖမ်းဆီးလိုက်သည်။ထို့အတွက်အပျော်ကြီးပျော်နေသောအတိုက်အခံခေါင်းဆောင်ဖာဒီနန်ဒိုင်ယာကိုပါစစ်တပ်က ယနေ့ထပ်မံဖမ်းဆီးလိုက်သည်။

နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းအုပ်ကြီး ဒေါက်တာမြမြမွှေးနှင့် ခင်ပွန်းဖြစ်သူတို့ ပြန်လည်လွတ်မြောက် NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ အကြမ်းဖက် PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းအုပ်ကြီးဒေါက် တာ မြမြမွှေးနှင့် ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်တို့အား နိုဝင် ဘာလ၂၇ရက်ယ​မန်နေ့ညပိုင်းကပခုက္ကူ-ရေစကြိုကားလမ်းအကြားရှိ တောတွင်းတစ်နေရာတွင် လွှတ်​ပေးခဲ့​ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကျောင်းအုပ်ကြီး ဒေါက်တာမြမြမွှေးအပါအဝင် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်၊ အမှုတွဲထိန်း ဦးသန်းလွင်နှင့် ၎င်း၏ တူဖြစ်သူ ကိုမင်းကိုချစ်တို့အား  အကြမ်းဖက် PDFအဖွဲ့မှ နိုဝင်ဘာ လ၁၈ရက်နေ့တွင် ဖမ်း ဆီးခေါ် ဆောင်သွားခဲ့ပြီး ဦးသန်းလွင်နှင့် မင်းကိုချစ်တို့မှာ  နိုဝင်ဘာ လ ၁၉ရက် ညနေ ၅နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ​နောက် ​ကျောင်းအုပ်ကြီးနှင့် ခင်ပွန်းတို့မှာ ယ​မန်နေ့ ညကထပ်မံ လွတ်​မြောက်လာခြင်းဖြစ် ကြောင်းသိရသည်။

တရုတ်သမ္မတ ရှီနှင့် ဖုန်းခေါ်ဆိုပြီးနောက် ထရမ့်က ထိုင်ဝမ် နှင့်ပတ်သက်ပြီးပြောဆိုမှုလျှော့ရန် ဂျပန်အား ပြောကြား NOM (ဘာသာပြန်ဆောင်းပါး) တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်ပါက ဂျပန်က စစ်ရေးတုံ့ပြန်မှုတွင် ပါဝင်နိုင်ကြောင်း မကြာသေးမီက မှတ်ချက်ပေးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိချိ၏ မှတ်ချက်များကြောင့် ရှီသည် ဖုန်းခေါ်ဆိုမှု၏ အချိန်ထက်ဝက်ကို ထိုင်ဝမ်အကြောင်း ထရမ့်အား ဝေဖန်ခဲ့သည်။ နာရီအနည်းငယ်အကြာတွင် ထရမ့်သည် ဂျပန်ဝန်ကြီးချုပ်ထံ ဖုန်းခေါ်ဆိုပြီး သူမ၏ လေသံကို လျှော့ချရန် ညင်သာစွာ အကြံပြုခဲ့ကြောင်း အမေရိကန်နှင့် ဂျပန်အရာရှိများ နှစ်ဦးစလုံးက ပြောကြားခဲ့သည်။ ပြောဆိုမှုကို ပြန်လည်ရုပ်သိမ်းရန် သူမအား ဖိအားမပေးခဲ့သော်လည်း ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေး ပြေလည်မှုကို ကာကွယ်ရန် ကြိုးစားနေသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်လောက်အောင် ရှင်းလင်းပါသည်။ ထရမ့်-ရှီ သံတမန်ရေးတွင် ထိုင်ဝမ် ကိစ္စနှင့် ကုန်သွယ်ရေးသည် မည်မျှ နီးကပ်စွာ ချိတ်ဆက်လာသည်ကို ဤဇာတ်လမ်းတွဲက ပြသသည်။ ရှီက ထိုင်ဝမ်၏ “တရုတ်သို့ ပြန်လာခြင်း” ကို ဒုတိယကမ္ဘာစစ်အပြီး အမိန့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုံဖော်ခဲ့ပြီး မတည်ငြိမ်ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ရှားရန် အမေရိကန်နှင့် တရုတ်တို့၏ မျှဝေတာဝန်ကို အလေးပေးပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်သည် အမေရိကန် လယ်ယာထွက်ကုန်များ ဝယ်ယူမှုကို အရှိန်မြှင့်တင်ရန် တရုတ်နိုင်ငံကို အားကိုးနေခဲ့ပြီး ဂျပန်-တရုတ် ပဋိပက္ခကြောင့် ဆက်ဆံရေး ပြေလည်မှုကို ပျက်ပြားစေလိုခြင်း မရှိပါ။ ခိုင်မာသော ကာကွယ်ရေး ရပ်တည်ချက်ဖြင့် သူမ၏ အမှတ်တံဆိပ်ကို တည်ဆောက်ထားသော ဂျပန်ဝန်ကြီးချုပ် သည် နောက်ပိုင်းတွင် ပါလီမန်တွင် အနည်းငယ် ပျော့ပျောင်းလာပုံရပြီး ထိုင်ဝမ်အရေးပေါ် အခြေအနေအပေါ် တိကျစွာ ပြောကြားရန် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်သည် ရှီနှင့် ၎င်း၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသည့်အခါ မဟာမိတ်တစ်ဦးကို ထိန်းချုပ်ရန် ဆန္ဒရှိကြောင်း လက္ခဏာတစ်ရပ်အဖြစ် ဂျပန်ဖက်ကသတိပြုမိခဲ့ကြသည်။

အိမ်ဖြူတော်အနီးပစ်ခတ်သူဖမ်းမိ NOM အမေရိကန်သမ္မတအိမ်ဖြူတော်အနီးတွင်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကိုပစ္စတိုဖြင့်ပစ်ခတ်သူကိုရ
အိမ်ဖြူတော်အနီးပစ်ခတ်သူဖမ်းမိ NOM အမေရိကန်သမ္မတအိမ်ဖြူတော်အနီးတွင်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကိုပစ္စတိုဖြင့်ပစ်ခတ်သူကိုရဲကပစ်ခတ်ဖမ်းဆီးလိုက်သည်။သေနတ်သမားသည်အာဖဂန်နစ္စတန်လူမျိုးဖြစ်ပြီးသမ္မတထရမ့်ကကြီးလေးသောပြစ်ဒဏ်ချမည်ဟုကြေညာလိုက်သည်။

ဟောင်ကောင်မီးဘေးသေဆုံးသူ၁၇ဦးရှိလာ NOM နှစ်၃၀အတွင်းအဆိုးဝါးဆုံးသောမီးလောင်မှုကြောင့်ဟောင်ကောင်တွင်လူ၁၇ဦးသေဆုံးပြီး၂၀၀ကျော်ပျ
ဟောင်ကောင်မီးဘေးသေဆုံးသူ၁၇ဦးရှိလာ NOM နှစ်၃၀အတွင်းအဆိုးဝါးဆုံးသောမီးလောင်မှုကြောင့်ဟောင်ကောင်တွင်လူ၁၇ဦးသေဆုံးပြီး၂၀၀ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။

အိမ်ဖြူတော်အနီးပစ်ခတ်မှုဖြစ် NOM အမေရိကန်သမ္မတအိမ်ဖြူတော်အနီးတွင်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကိုသေနတ်သမားတစ်ဦးကပစ်ခတ်ခဲ
+1
အိမ်ဖြူတော်အနီးပစ်ခတ်မှုဖြစ် NOM အမေရိကန်သမ္မတအိမ်ဖြူတော်အနီးတွင်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကိုသေနတ်သမားတစ်ဦးကပစ်ခတ်ခဲ့သည်။သေနတ်သမားကိုဖမ်းမိပြီဖြစ်သော်လည်းအိမ်ဖြူတော်ကိုလော့ခ်ဒေါင်းချထားလိုက်သည်။သမ္မတထရမ့်ကဝါရှင်တန်ဒီစီတွင်နောက်ထပ်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်၅၀၀ထပ်မံချထားမည်ဟုကြေညာလိုက်သည်။

ဂီနီ-ဘစ်ဆော နိုင်ငံ၏ သမ္မတအား အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းထား NOM ဂီနီ-ဘစ်ဆော နိုင်ငံ၏ သမ္မတ အူမာရိုး ဆီဆိုကို အဲမ်ဘာ
ဂီနီ-ဘစ်ဆော နိုင်ငံ၏ သမ္မတအား အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းထား NOM ဂီနီ-ဘစ်ဆော နိုင်ငံ၏ သမ္မတ အူမာရိုး ဆီဆိုကို အဲမ်ဘာလိုအား ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပြီး စစ်ရုံးချုပ်တွင် ထိန်းသိမ်းထားကြောင်း စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တစ်ခုက AFP သို့ ပြောကြားခဲ့သည်။ ထိုအရင်းအမြစ်က သမ္မတကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ဤသို့ဖြင့် တပ်မှူးများက "အပြည့်အဝထိန်းချုပ်ထား" ပြီဟု ကြေညာခဲ့သော အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့သည်။ တပ်မှူးများသည် ဂီနီ-ဘစ်ဆောနိုင်ငံရှိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား ယာယီရပ်ဆိုင်းထားလိုက်သည်။ပြီးခဲ့သည့်တနင်္ဂ နွေနေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် သမ္မတအဲမ်ဘာလိုသည် ဒုတိယသက်တမ်းအတွက် အနိုင်ရရှိရန် အလားအလာကောင်းရှိခဲ့သည်။

အင်းစိန် ဒညင်းကုန်းဈေး မီးလောင် NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုဝင်ဘာလ၂၆ရက်၊ည၈း၀၅နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တည
အင်းစိန် ဒညင်းကုန်းဈေး မီးလောင် NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုဝင်ဘာလ၂၆ရက်၊ည၈း၀၅နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်း၊ တညင်းကုန်းဈေး၊ ကုန်ခြောက်ရုံတန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြိမ်းသတ်ခဲ့သည်။ည၈း၂၅နာရီတွင်မီးထိန်းနိုင်ပြီးည၈း၄၆နာရီတွင်မီးငြိမ်းသွားသည်ဟုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

တရုတ်အရပ်ဖက်ကုမ္ပဏီက စျေးအလွန်သက်သာသောဟိုက်ပါ ဆောနစ်ဒုံးကျည်ထုတ် NOM ပေကျင်းအခြေစိုက် Lingkong Tianxing Technology ကုမ္ပဏီသည်
+1
တရုတ်အရပ်ဖက်ကုမ္ပဏီက စျေးအလွန်သက်သာသောဟိုက်ပါ ဆောနစ်ဒုံးကျည်ထုတ် NOM ပေကျင်းအခြေစိုက် Lingkong Tianxing Technology ကုမ္ပဏီသည် YKJ-1000 ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပုံမှန်ဒုံးကျည်များထက် ဆယ်ဆနိမ့်သော ဈေး နှုန်းဖြင့်အမြောက်အများ ထုတ်လုပ်မှုစတင်လိုက်ကြောင်း ကြေညာခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တရုတ်စစ်တပ်သို့ မဟာဗျူဟာအဆင့် လက်နက်များ ပေးသွင်းခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ YKJ-1000 သည် အသံထက်၅ဆမှ၇ဆအထိ အမြန်နှုန်း ရှိပြီး ခြောက်မိနစ်အတွင်း လမ်းညွှန်ပျံသန်းမှုကို လုပ်ဆောင်ကာ ကီလိုမီတာ ၅၀၀ မှ ၁၃၀၀ အထိ အကွာအဝေးအထိ ပစ်ခတ်နိုင်သည်။ ဒုံးကျည် ပစ်လွှတ်စင်ကို ကွန်တိန်နာတစ်ခုနှင့် ဆင်တူအောင် ဒီဇိုင်းထုတ်ထားပြီးမြေ ပြင် သို့မဟုတ် ပင်လယ်ပြင်တွင် ရွေ့လျားနိုင်သော ဖြန့်ကျက်မှုကို ပြုလုပ်နိုင်သည်။သရုပ်ပြဗီဒီယိုတွင်ဂျပန်ကိုပစ်မှတ်အဖြစ်ဖော်ပြထားသည်။ Lingkong Tianxing ကုမ္ပဏီက "မော်တော် ယာဉ်အဆင့် ချစ်ပ်များ၊ အရပ်ဘက်ပစ္စည်းများနှင့် အစုလိုက် အပြုံ လိုက် ထုတ်လုပ်ရန်အတွက် တည်ထောင်ထားသော ထောက်ပံ့ရေးကွင်းဆက်များ" ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များစွာ လျှော့ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂီနီဘစ်ဆောတွင်စစ်တပ်ကအာဏာသိမ်း NOM ဂီနီ-ဘစ်ဆောရှိ စစ်ဘက်အရာရှိများသည် ဗုဒ္ဓဟူးနေ့တွင် အာဏာသိမ်းမှုဖြစ်ပွားလေ့ရှိသော နိုင်ငံအာ
ဂီနီဘစ်ဆောတွင်စစ်တပ်ကအာဏာသိမ်း NOM ဂီနီ-ဘစ်ဆောရှိ စစ်ဘက်အရာရှိများသည် ဗုဒ္ဓဟူးနေ့တွင် အာဏာသိမ်းမှုဖြစ်ပွားလေ့ရှိသော နိုင်ငံအား “လုံးဝထိန်းချုပ်” ကြောင်း ကြေငြာခဲ့ပြီး အထွေထွေရွေးကောက်ပွဲအပြီး သုံးရက်အကြာတွင် နယ်စပ်များကို ပိတ်ပစ်ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့သည်။ ၎င်းတို့၏ကြေငြာချက်သည် သမ္မတနန်းတော်အနီးတွင် ပြင်းထန်သောသေနတ်ပစ်ခတ်မှုများ ထွက်ပေါ်လာပြီးနောက် စစ်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားများသည် အဆောက်အအုံသို့ ဦးတည်သော အဓိကလမ်းမကြီးကို သိမ်းပိုက်ခဲ့သည်။ နေ့လည်အစောပိုင်းတွင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒင်းနစ် အန်ကန်ဟာက “လက်နက်ကိုင်တပ်ဖွဲ့အားလုံးပါဝင်သော အမိန့်ပေးအဖွဲ့သည် နောက်ထပ်အကြောင်းကြားစာမထုတ်ပြန်မချင်း နိုင်ငံ၏ခေါင်းဆောင်မှုကို လွှဲပြောင်းယူ လိုက်သည်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၁၁ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊   ၁၁ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇  ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၁၀ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၁၀ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း  ၇  ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  ၂၆  ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၁၂ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ်၊    ၁၂ /၂၀၂၅ ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း   ၇  ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  ၂၆   ရက်) ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Repost from MRTV
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်မည့်အခြေအနေနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများနယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲပေးနိုင် NOM အိန္ဒိယနိုင်င
အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများနယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲပေးနိုင် NOM အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး နယူးဒေလီမြို့၌ ပါတီစုံဒီမိုကရေစီမထွေထွေရွေးကောက်ပွဲအတွက် ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်နေ့အထိကြိုတင်ဆန္ဒမဲပေးနိုင် သည့်ဟုအသိပေးကြေညာထားကြောင်းသိရသည်။ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံများအား ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ မြန်မာသံရုံး နယူးဒေလီမြို့၌ နေ့စဥ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ပုံစံ(၁၅)ပေးပို့ထားသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းကိုလည်း အချိန်မီထုတ်ပြန်ကြေညာပေးသွားမည်ဟုသိရသည်။ ထို့ကြောင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးရန်လာရောက်ရာ၌ သက်တမ်းရှိ မြန်မာနိုင်ငံကူလက်မှတ်(မူရင်း)နှင့်မှတ်ပုံတင်မူရင်း(သို့)မိတ္တူတို့ကို မဖြစ်မနေယူဆောင်လာရမည်ဟု အသိပေးထားသည်။

ထရမ့်ကတရုတ်သို့သွားမည်ဟုကြေညာ NOM အမေရိကန်သမ္မတ ထရမ့်က တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်၏ ဖိတ်ကြားမှုကိုလက်ခံပြီး ဧပြီလတွင် တရုတ်
ထရမ့်ကတရုတ်သို့သွားမည်ဟုကြေညာ NOM အမေရိကန်သမ္မတ ထရမ့်က တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်၏ ဖိတ်ကြားမှုကိုလက်ခံပြီး ဧပြီလတွင် တရုတ်သို့ သွားမည်ဟုကြေညာခဲ့သည်။ ထို့အပြင် ၂၀၂၆ခုနှစ် နှောင်းပိုင်းတွင်တရုတ်ခေါင်းဆောင် ကို အမေရိကန်နိုင်ငံသို့ အစိုးရအဆင့် တရားဝင် လည်ပတ်ရေးအတွက်လည်း ပြန်လည်ဖိတ်ကြားခဲ့သည်။ ထရမ့်က ယင်းကြေညာချက်ကို ရှီကျင်းဖျင်နှင့် တယ်လီဖုန်းခေါ်ဆိုမှုပြီးနောက် ပြောကြားခဲ့သည်။ ယူကရိန်းအရေး၊ ဖင့်တနီးမူးယစ်ဆေး နှင့် အမေရိကန်မှ ပဲဝယ်ယူမှုများကိုဆွေးနွေး ကြောင်း ထရမ့်က ဖော်ပြခဲ့သည်။ တရုတ်ဘက်မှ ယင်းတယ်လီဖုန်းခေါ်ဆိုမှုကို ပထမဦးစွာကြေညာခဲ့သော်လည်း အစိုးရအဆင့် လည်ပတ်ရေးအကြောင်းကို မဖော်ပြခဲ့ပေ။ ကူးသန်းရောင်းဝယ်ရေး၊ တိုင်ဝမ်နှင့် ယူကရိန်းအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသာ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားဝန်ကြီးဌာနအဆိုအရ ရှီကျင်းဖျင်က “တိုင်ဝမ်နှင့်ပြည်မကြီး ပြန်လည် ပေါင်းစည်းခြင်းသည် စစ်ပြီးနောက်အပြည်ပြည်ဆိုင်ရာစနစ်၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခု” ဟု ထရမ့်အား ပြောကြားခဲ့သည်။ ထိုအကြောင်းအရာကို ထရမ့်၏ ပို့စ်တွင် မဖော်ပြခဲ့ပေ။

ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ကပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေ
+3
ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ကပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် (၄) နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာလ၂၆၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရုံး၏အစည်းအဝေးခန်းမအမိုး၊ မျက်နှာကြက်၊ ပြတင်းပေါက်မှန်များ ဗုံးသီးပေါက်ကွဲစထိမှန်ပျက်စီးဆုံးရှုံးခဲ့ပြီး ရုံးဝင်းအတွင်းနေထိုင်သူများဖြစ်သည့် မအေးနန္ဒာအောင် (၁၇) နှစ်နှင့် မောင်အောင်ခန့်ဝင်း (၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

+1
ဟောင်ကောင်ရှိ တိုက်ခန်းအဆောက်အဦများတွင် မီးလောင် NOM ဟောင်ကောင်ရှိ တိုက်ခန်းအဆောက်အဦများစွာ၏ အစိတ်အပိုင်းများတွင် ယနေ့ဗုဒ္ဓဟူးနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသည် ဝါးများဖြင့်ပြုလုပ်ထားသော ငြမ်းများပေါ်သို့ ကူးစက်ခဲ့သည်။ အနည်းဆုံးလေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး နေထိုင်သူအချို့ပိတ်မိနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်၏ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော မြို့၏မြောက်ပိုင်းရှိ ဒေသဖြစ်သည့် တိုင်ပိုမြို့နယ်ရှိ Wang Fuk Court တွင် ဖြစ်ပွားခဲ့သော ဤမီးလောင်မှုအတွက် အာဏာပိုင်များက မီးလောင်မှုဒုတိယအမြင့်ဆုံးအဆင့်အဖြစ်ထုတ်ပြန် ကြေညာထားသည်။

စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာသို့ PDF အကြမ်းဖက်သမားများရောက်လာပြီး ၎င်းတို့အတွက် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူဖြည့်တင်းရန်ဟုဆိုကာ ပြည်သူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများလုပ်ဆောင် NOM နိုဝင်ဘာ ၂၆၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာသို့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ PDF အကြမ်းဖက်သမား ၆ ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အဖွဲ့၏လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူဖြည့်တင်းရန် အဆိုပါကျေးရွာမှ တစ်အိမ်ထောင်လျှင် ငွေ ၁၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးဆောင်ရမည်ဖြစ်ကြောင်း အကြမ်းဖက်ခြိမ်းခြောက်ပြောဆို၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား၁၉၅ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၄ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ နိုဝင်ဘာ ၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉၅ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ကာ ပြည်ပနိုင်ငံသား ၁၄၄ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အဦ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးသည့်ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ၊ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို  ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန် ရှိသူများ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယနေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြား စောင့်တပ်များမှ တာဝန်ရှိသူများက မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် နယ်မြေ အတွင်းရှိ အဆောက်အဦ (၇၇)လုံးတို့အား စစ်ဆေးခဲ့ပြီး ၎င်းအဆောက်အဦများသည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လက်တလောဆောင်ရွက်နေခြင်းမရှိဘဲ KTV အဆောင်၊ စျေးဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများတွင် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကိုတွေ့ရှိရပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက် များကိုလည်း တွေ့ရှိခြင်းမရှိကြောင်းနှင့် တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ စုစုပေါင်းအဆောက်အဦ ၂၁၈ လုံးနှင့် ဂိုဒေါင် တစ်လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်း အဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှကွန်ပျူတာ/ မော်နီတာ ၃၀၉၈ လုံး၊ မိုဘိုင်း ဖုန်းဟမ်းဆက် ၂၁၇၅၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၈၈၂ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၆၈၇ ဦး ကို ပြည်နှင်နိုင်ရေး စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။