fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 380 مشترک است و جایگاه 15 945 را در دسته اخبار و رسانه‌ها و رتبه 10 125 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 380 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 11 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -201 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.96% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.70% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 987 بازدید دریافت می‌کند. در اولین روز معمولاً 707 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 12 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 380
مشترکین
-924 ساعت
-567 روز
-20130 روز
آرشیو پست ها
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၁၁၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက်နေ ဒေါ်စန္ဒာဝင်း (၄၇) နှစ်သည် ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားလေးဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်လာပြီး ဒေါ်စန္ဒာဝင်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ချမ်းသာတဲ့ နိုင်ငံခြားသားတွေအတွက် အမေရိကန်ဗီဇာတွေကို ပေးမယ့် အစီအစဉ်ကို ထရမ့်က စတင်လိုက်ပါပြီ။ ကန်ဒေါ်လာ ၁ သန်းအထိ ပေးချေရမှာ
ချမ်းသာတဲ့ နိုင်ငံခြားသားတွေအတွက် အမေရိကန်ဗီဇာတွေကို ပေးမယ့် အစီအစဉ်ကို ထရမ့်က စတင်လိုက်ပါပြီ။ ကန်ဒေါ်လာ ၁ သန်းအထိ ပေးချေရမှာဖြစ်ပြီး Gold Card လို့ တင်စားထားကာ နိုင်ငံသားဖြစ်ခွင့်အတွက် တိုက်ရိုက်လမ်းကြောင်းကို ပေးနိုင်မှာဖြစ်တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် ထရမ့်က ပြောဆိုခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ကာ အခုတော့ အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ တိုင်းပြည်အတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်တယ်လို့ သက်သေပြနိုင်သူတွေကို ချီးမြှင့်တတဲ့ အမေရိကန်ဗီဇာတခုလို့လည်း ဆိုနိုင်ပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုကို အရှိန်မြှင့်နေချိန်မှာ ဒီအစီအစဉ် ပေါ်ပေါက်လာတာဖြစ်ပြီး ငွေကြေးချမ်းသာကြွယ်၀သူတွေအတွက်တော့ စိတ်ဝင်စားစရာဖြစ်လာမှာ သေချာပါတယ်။ NOM

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်ထောက်မူလတန်းပြကျောင်းဆရာတစ်ဦးကို အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာလ ၁၁၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုပ်ဖိုကန်ကျေးရွာနေ ရွှေတွင်းတူးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြကျောင်းဆရာ ဦးထက်လင်းစိုး (၂၉) နှစ်သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်၌ အဆိုပါကျေးရွာမှ ကျပ်ပါယ်ကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျပ်ပါယ်ကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်အား တားဆီးကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။   News Of Myanmar NOM

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့်PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဘားအံ-သထုံကားလမ်းမိုင်တိုင်အမှတ်
+1
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့်PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဘားအံ-သထုံကားလမ်းမိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားရှိ တံတားအမှတ် (၄/၂) အား လက်လုပ်မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဒီဇင်ဘာလ ၁၁၊ ၂၀၂၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ဘားအံ-သထုံကားလမ်းမိုင်တိုင် အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား တံတားအမှတ်(၄/၂)၊ အရှည် ၄ ပေ၊ အကျယ် ၄၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား ရေကျော်မြောင်းကူးတံတားအား ဒီဇင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းတစ်လုံးဖြင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ပေါက်ကွဲမှုကြောင့် တံတားဘေးဘောင်အုတ်ခုံ ၆ ပေခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။ News Of Myanmar NOM

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်ကနိုင်ငံတော်သို့အခွန်အရပ်ရပ်‌ငွေကျပ်၄ဘီလီယံ‌ကျော်ပေးသွင်းထားပြီးဖြစ် NOM၊ဒီဇင
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်ကနိုင်ငံတော်သို့အခွန်အရပ်ရပ်‌ငွေကျပ်၄ဘီလီယံ‌ကျော်ပေးသွင်းထားပြီးဖြစ် NOM၊ဒီဇင်ဘာ၁၁၊၂၀၂၅ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်ကနိုင်ငံတော်သို့အခွန်အရပ်ရပ်‌ငွေကျပ်၄ဘီလီယံ‌ေကျာ်ပေးသွင်းထားပြီးဖြစ်ကြောင်းဒီဇင်ဘာလ၁၀ရက်နံနက် ၁၀နာရီကရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်မြန်မာနိုင်ငံ‌ ဆောက်လုပ်‌ရေးလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ပြုလုပ်သည့်(၂၇)ကြိမ်မြောက်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် ၏အထွေထွေအစည်းအဝေးတွင်ဥက္ကဌဦးရွှေကြိုင်ကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းတင်
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းတင်းပွဲတက်ရောက်ချီးမြှင့် NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အောင်ကျော်မိုး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စွမ်းရည်ထည်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း မင်းဖုန်းသန့်အောင် တို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားအသင်းဆီးဂိမ်းပြိုင်ပွဲမှတရားဝင်နှုတ်ထွက် NOM နှစ်နိုင်ငံကြားဖြစ်ပွါးနေသည့်တိုက်ပွဲများကြောင့်လုံခြုံရေးအကြောင်းပြချက်ဖြင့်ကမ္ဘောဒီးယားနိုင်ငံသည်ထိုင်းနိုင်ငံတွင်ကျင်းပနေသည့်(၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှယနေ့ဒီဇင်ဘာလ၁၀ရက်တွင်တရားဝင်နှုတ်ထွက်သွားသည်။

အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက် ရေးကြီးကြပ်မှု ဗဟိုကော်မတီဖွဲ့စည်း
+1
အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက် ရေးကြီးကြပ်မှု ဗဟိုကော်မတီဖွဲ့စည်း

မန္တလေးနှင့်စစ်ကိုင်းတို့တွင် ၄ ဒသမ ၅အဆင့် ရှိငလျင် လှုပ်ခက်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ မန္တလေးနှင့်စစ်ကိုင်းတို့တွင်ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ညနေ ၄နာရီ ၅ မိနစ်နှင့် ၄၀ စက္ကန့်တွင်၄ ဒသမ ၅အဆင့်ရှိ ငလျင်လှုပ်ခက်မှုဖြစ်ပွားခဲ့ ကြောင်းမိုးဇလကထုတ်ပြန် ထား ကြောင်းသိရသည်။ အဆိုပါ ငလျင်မှာ ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)ညနေ ၄နာရီ ၅ မိနစ်နှင့် ၄၀ စက္ကန့်တွင် မန္တလေးတိုင်း၊မတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့်ကိုဗဟိုပြု အင်းအား ၄ ဒသမ ၅အဆင့်ရှိ လှုပ်ခတ်ခဲ့သည့်အတွက် နောက် ဆက်တွဲ ငလျင်အမှတ် ၂၄၉ ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။ "လှုပ်သွားတာတော်တော်သိသာတယ်သိပ်တော့မကြာပါဘူး ကြောက်လို့ထွက်ပါပြေးရတယ် ဒီမှာကငလျင်နဲ့ပတ်သက် ပြီးကြုံတွေ့ခဲ့ဖူးတာရှိတော့ကြောက်တာပေါ့ အပြင်ကိုတောင်ထွက်ပြေးခဲ့ရပါတယ်"ဟုမန္တလေးမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါငလျင်လှုပ်ခတ်မှုအား ၊မန္တလေးမြို့၊ပြင်ဦးလွင်မြို့၊ကျောက်ဆည်မြို့ နှင့်စစ်ကိုင်း တိုင်းရှိ ရွှေဘိုမြို့၊မုံရွာမြို့၊စစ်ကိုင်းမြို့တို့ရှိ ဒေသခံများလည်းသိသာစွာခံစားခဲ့ရကြောင်းသိရသည်။

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းကိုခန့်အပ်
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းကိုခန့်အပ်

+1
ဒီဇင်ဘာလ၁၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဆူဒန်စစ်တပ်ကသူပုန်များစုဝေးနေသည်ကာတီလာမြို့ကိုဒရုန်းများဖြင့်တိုက်ခိုက်သည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်ကထိုင်းနှင့်က မ္ဘောဒီးယားခေါင်းဆောင်များထံဖုန်းခေါ်ပြီးစစ်ပွဲရပ်တန့်ရန်ဖိအား​ပေးမည်ဟုပြောသည်။ ၃။အမေရိကန်နှင့်ဥရောပသမဂ္ဂကကူညီပါကယူကရိန်းတွင်ရက်၆၀မှရက်၉၀အတွင်းရွေးကောက်ပွဲလုပ်ပေးမည်ဟုသမ္မတဇလင်စကီးကကြေညာသည်။ ၄။ယခင်က ဥရောပသမဂ္ဂကိုယ်စားလှယ် Josep Borrell က ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား အမေရိကန်သမ္မတထရမ့် ကိုဥရောပ၏ ရန်သူအဖြစ် သတ်မှတ်ရန် တိုက်တွန်းလိုက်သည်။ ၅။ယူကရိန်းကိုထောက်ပံ့နေမှုလျော့ချမည်ဟုကတိပြုထားသောအန်ဒရီဘီဘစ်ရှ်ကိုချက်နိုင်ငံ၏ ဝန် ကြီးချုပ်အဖြစ်ခန့်လိုက်သည်။(ဗီဒီယို)

ထိုင်းကိုပြင်းထန်စွာပြန်လည်လက်တုန့်ပြန်မည်ဟုဟွန်ဆန်ပြော NOM ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ပိုမိုအရှိန်မြင့်လာနေသော နယ်နိမိတ်ပဋိပက္ခတွင် ပြင်းထန်စွာ လက်တုန့်ပြန်တိုက်ခိုက်ရန် ကတိပြုလိုက်သည်။ ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်သည် အင်္ဂါနေ့တွင် နိုင်ငံနှစ်နိုင်ငံအကြား ဒုတိယမြောက်နေ့အဖြစ် ပြန်လည်ဖြစ်ပွားခဲ့သော ကျယ်ပြန့်သည့် တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီကာ နယ်စပ်ဒေသများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အခြေအနေတွင် ထိုင်းနိုင်ငံကို ပြင်းထန်စွာ တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် အပစ်အခတ်ဖြစ်ပွားမှုတစ်ခုနောက်ပိုင်း ဤတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ထိုအပစ်အခတ်ဖြစ်ပွားမှုတွင် ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာရခဲ့ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမ်း လှမ်း ခဲ့သည့် ဇူလိုင်လက နယ်နိမိတ်အရှုပ်အထွေးများကြောင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကို ရပ်စဲပေးရန် ကြိုးပမ်းမှု ရပ်တန့်သွားသည်။ နှစ်ဖက်စလုံးမှ လျှော့ရန် အခြေအမနမရှိပဲထိုင်းဝန်ကြီးချုပ် အနုတက်ကလည်း တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ပြောခဲ့သည်။

မော်လမြိုင်မြို့ရှိ သမိုင်းဝင် ခေါင်းဆေးကျွန်းတွင် မီးလောင် မှုဖြစ်ပွား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သမိုင်းဝင်ခေါင်းဆေး
မော်လမြိုင်မြို့ရှိ သမိုင်းဝင် ခေါင်းဆေးကျွန်းတွင် မီးလောင် မှုဖြစ်ပွား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သမိုင်းဝင်ခေါင်းဆေး ကျွန်းတွင်ယနေ့(ဒီဇင်ဘာ၁၀ရက်)နံနက်၈နာရီက မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှသတင်း ထုတ်ပြန်ထားကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ခေါင်းဆေးကျွန်း တွင်ရှိသည့် ဘုန်းကြီးကျောင်း၏ ဆွမ်းချက်ရုံတွင်ချက်ပြုတ် နေစဥ်မီးစတင်လောင်ကျွမ်းခဲ့ပြီး၎င်မှ တဆင့် မီးကူးစက်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်အပါအဝင်လူမှုကူညီ ရေးအဖွဲ့တွေက စက်လှေများဖြင့်သွားရောက်ငြိမ်းသတ် ခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ခေါင်း ဆေးကျွန်း တွင်ရှိသည့် ရှေးဟောင်ဘုန်းကြီးကျောင်း ၏ ပင်မကျောင်းအဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ရဟန်းသံဃာများနှင့်ပြည်သူများထိခိုက်ဒဏ်ရာရမှုမရှိကြောင်းသိရသည်။

ရန်ကုန်- မန္တလေးအမြန်လမ်း ယနေ့ နံနက်က ကားတစ်စီး မီးလောင်မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း(၇/၆)မိုင်တွင် ယနေ့(ဒီဇင်ဘာ၁၀ရက်) နံနက်၅နာရီ၄၂မိနစ်တွင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ရန်ကုန်ဘက်မှမန္တလေးဘက်သို့သွားနေသည့် Mark II အဖြူရောင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း (၇/၆)မိုင်အရောက်တွင် ဝါယာရှော့ဖြစ်ပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ "ကားကတော့တစ်စီးလုံးရစရာမရှိအောင်လောင် ကျွမ်းသွားပါတယ်လူတွေကတော့ဘာမှမဖြစ်ပါဘူး" ဟု ၁၁မိုင်အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ််ဦး ကပြောသည်။ ကားတစ်စီးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ် ခဲ့ရာနံနက် ၅နာရီ၅၅မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

“ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံးအကြိမ် ပြေးဆွဲ NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ "ချုံချင့်-ရ
“ချုံချင့်-ရန်ကုန်” နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း ပထမဆုံးအကြိမ် ပြေးဆွဲ NOM၊ဒီဇင်ဘာ ၁၀၊၂၀၂၅ "ချုံချင့်-ရန်ကုန်”နိုင်ငံတကာလေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းအားဒီဇင်ဘာ၉ရက်က တရုတ်နိုင်ငံချုံချင့်မြို့ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပထမဆုံးအကြိမ်ပျံသန်းပြေးဆွဲခဲ့သည်။ အဆိုပါလမ်းကြောင်းသည် China Postal Airlines မှ ဖွင့်လှစ်ခဲ့သော ၃၅ ခုမြောက် နိုင်ငံတကာလေကြောင်းလမ်းဖြစ်ပြီး ချုံချင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အထိ တိုက်ရိုက်ကုန်တင်လေယာဉ်များ၏ ဈေးကွက်လှစ်ဟာကို ဖြည့်ဆည်းပေးရုံသာမက China Postal Airlines၏နိုင်ငံတကာလမ်းကြောင်းကွန်ရက်ကိုပါကြွယ်ဝစေပြီး “ရပ်ဝန်နှင့် ပိုးလမ်းမ” အစီအမံအောက်တွင်ရှိသောတရုတ်-မြန်မာ ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ချုံချင့် နိုင်ငံတကာလေကြောင်းထောက်ပံ့ပို့ဆောင်ရေးအချက်အချာတည်ဆောက်ရေးအတွက် ဖြည့်တင်းပေးနိုင်မည်ဖြစ်‌ကြောင်းသိရသည်။

EAO တွေရဲ့ လောဂျစ် စစ်တပ်က အမာလိုင်း ဖြစ်တော့ တပ်နဲ့ မဆွေးနွေးချင်ဘူး။ တက်လာတဲ့ အစိုးရက အနောက်ယိမ်းရင် ယိမ်းရင်ယိမ်းသလောက် အမ
EAO တွေရဲ့ လောဂျစ် စစ်တပ်က အမာလိုင်း ဖြစ်တော့ တပ်နဲ့ မဆွေးနွေးချင်ဘူး။ တက်လာတဲ့ အစိုးရက အနောက်ယိမ်းရင် ယိမ်းရင်ယိမ်းသလောက် အမြတ်ထွက်တဲ့အခါ ဆုံးဖြတ်ချက်တထိုင်တည်း ချနိုင်တဲ့ တပ်မတော် အာဏာထိန်း ကာလတွေမှာ ငြိမ်းချမ်းရေး ပရောဆက်တွေ ဆွေးနွေးလေ့မရှ်ကြဘူး။ တစ်ခုတော့ရှိတယ်။ သိပ်ရိုးသားပါတယ်ဆိုတဲ့ EAO တွေ တောင်းဆိုတာက တပ်ဟာ နိုင်ငံရေးက ထွက်ရမယ်ဆိုတဲ့ လော့ဂျစ်။ ခက်တာက ကျော်တို့ကတော့ အစိုးရနဲ့ စကားပြောတဲ့အချိန် လက်နက်ကိုင်ထားဦးမယ်ဆိုတဲ့သဘော။ သူတို့တွေ သိပ်ရိုးသားရှာတယ်။ မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် စစ်တပ်မရှိတဲ့ မြို့ရွာဟာ EAO ထိန်းချုပ်ခံ ဒေသ ဖြစ်မှာပဲ။ ဖြစ်တော့ ဘာဖြစ်လဲလို့ မေးစရာ ရှိတယ်။ ရှင်းရှင်းလေး အခွန်မရဘူးပေါ့။ အခွန်မရတဲ့ ဒေသ၊ အစိုးရ လက်တံမရှိတဲ့ ဒေသဟာ အုပ်ချုပ်ရေး ယန္တာရား ဘယ်လည်ပတ်နိုင်ပါတော့မလဲ။ ဒေါ်စုသာ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဂုရုဆိုရင် NLD အာဏာ ရတာနဲ့ EAO တွေ အကုန်လုံး NCA ထဲ ပြေးဝင်ပြီး လက်မှတ်ဝိုင်းထိုးကြမှာပေါ့။ ဒါက နီပိန်း မိသားစုတွေ ထင်သလို ဒေါ်အေးအေးဝင်း စီစဉ်တဲ့ မြန်မာ ကားမှ မဟုတ်တာ။ ခု ထွန်းမြတ်နိုင် အချိုသပ်နေတဲ့ ဒေါ်စုဆိုတာ NLD လက်ထက် လွတ်လပ်ရေးနေ့မှာတောင် နယ်ခြားရဲကင်းစခန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ပြခဲ့သူတွေလေ။ တကယ်တော့ EAO တွေမှာ ဇ မရှိပါဘူး။ တပ်က နိုင်ငံရေးက ခွာ။ ကျွန်တော်တို့လည်း ရက်ပေါင်း ၁၈၀ အတွင်း လက်နက်စွန့်ပြီး ပါတီ ထောင်ပါ့မယ် လို့ ကြေညာကြည့်ပါ့လား။ တကယ်က ငြိမ်းချမ်းရေး အကြောင်းပြပြီး လက်နက်ကိုင်ရတဲ့ Warlord စနစ်တွေနဲ့ ယဉ်ပါးသွားခဲ့ကြတာ လို့ ပြောလို့ရတယ်။ တပ်က သူတို့ရှိနေသမျှ နိုင်ငံရေးက မဆုတ်ဘူး။ EAO ကလည်း နိုင်ငံရေးစကားပြောရဖို့ လက်နက်ကိုင်တယ်လို့ အကြောင်းပြတယ်။ ----- ခြုံပြောရရင် ငြိမ်းချမ်းရေး အကြောင်းပြပြီး လုပ်စားဂွင်တွေ ပျောက်မှာ သူတို့အစိုးရိမ်ဆုံးပဲ ဆိုတာ အသိသာကြီးပဲ ။ (နရီမိုး)

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) =========================================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် ========================================== မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် =========================================== မိုးလေ၀သအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာ။ ၅ မိုင်။ ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ၂၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်။ ၄ ပေမှ ၆ ပေခန့်။ Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

သြစတေလျတွင်အသက်၁၆နှစ်အောက်ကလေးများလူမှုကွန်ရက်သုံးစွဲမှုပိတ်ပင် NOM ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များအား
သြစတေလျတွင်အသက်၁၆နှစ်အောက်ကလေးများလူမှုကွန်ရက်သုံးစွဲမှုပိတ်ပင် NOM ဩစတြေးလျနိုင်ငံတွင် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များအား လူမှုကွန်ရက်အသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေစည်းမျဉ်းသစ် စတင်အာဏာသက်ရောက်ပြီဖြစ်ပြီး ဤကဲ့သို့ ပြုလုပ်သည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ဤဥပဒေအရ Facebook၊ Instagram၊ YouTube၊ TikTok၊ Snapchat နှင့် Reddit အပါအဝင် လူမှုကွန်ရက်များသည် ဩစတြေးလျနိုင်ငံအတွင်း အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အကောင့်အသစ်ဖွင့်လှစ်ခြင်း သို့မဟုတ် ရှိပြီးအကောင့်များကို ဆက်လက်ထိန်းသိမ်းခွင့် မရှိတော့ပေ။ ထို့အပြင် စီးရီးကြည့်ရှုရေး ပလက်ဖောင်းများဖြစ်သော Kick နှင့် Twitch တို့သည်လည်းကောင်း၊ Threads နှင့် X (ယခင်က Twitter) တို့သည်လည်းကောင်း အစိုးရ၏ တားမြစ်စာရင်းတွင် ထည့်သွင်းခြင်းခံထားရသည်။

နေတိုးကအမေရိကန်ထွက်ဖို့ပြင်ဆင်ပြီ NOM အမေရိကန် လွှတ်တော်အမတ်သောမတ်စ်မက်ဆီ သည် NATO မှ အမေရိကန်နုတ်ထွက်ရေး ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် တင်သွင်းလိုက်သည်။

အမျိုးသားခြင်းအဖွဲ့ကနိုင်ငံအတွက်ဒုတိယရွှေတံဆိပ်ရယူပေး NOM၊ဒီဇင်ဘာ၁၀၊၂၀၂၅ ၃၃ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်မြန်မာနိုင်ငံအတွက်ဒုတိယရွှေတံဆိပ်ကိုရိုးရာခြင်းပြိုင်ပွဲတွင်မြန်မာအမျိုးသားအသင်းကဆွတ်ခူးရရှိခဲ့သည်။