fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ကြို့ပင်ကောက်မြို့နယ်၊ စီကောင်ပင်ကျေးရွာနေ အပြစ်မဲ့အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် NOM စက်တင်ဘာ
ကြို့ပင်ကောက်မြို့နယ်၊ စီကောင်ပင်ကျေးရွာနေ အပြစ်မဲ့အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် NOM စက်တင်ဘာ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ စီကောက်ပင်ကျေးရွာနေ ဒေါ်မြင့်မြင့်စန်း (၅၆) နှစ်သည် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိ လာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်မြင့်မြင့်စန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ NOM
19 سپتامبر, 09:07

+1
ဟူသီတို့​၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ့်မြို့တော်၊ ဘုရင်ခါလစ် နိုင်ငံတကာလေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်များအား ထိမှန်ပြီးမီးများလောင်ကျွမ်း။
19 سپتامبر, 08:54

System Breakdown ဖြစ်၍ တစ်နိုင်ငံလုံး မီးပျက်နေ NOM
System Breakdown ဖြစ်၍ တစ်နိုင်ငံလုံး မီးပျက်နေ NOM
19 سپتامبر, 08:53

ဆော်ဒီလေဆိပ်ဟူသီဒုံးကျည်ထိ NOM ဆော်ဒီအာရေးဗီးယားနိုင်ငံရီယာဒ့်မြို့တော်ရှိဘုရင်ခါလစ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည်ယနေ့ယီမင်ဟူသီတို့၏ဒုံးကျည်ထိမှန်ခဲ့သည်။ထို့အပြင်ဆော်ဒီနန်းမွေခံအိမ်ရှေ့မင်းသား၏အိမ်ကိုလည်းဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
19 سپتامبر, 08:46

ထန်းတပင်မြို့နယ်၊ သရက်ပင်ကြီးကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လ
ထန်းတပင်မြို့နယ်၊ သရက်ပင်ကြီးကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM စက်တင်ဘာ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ဇရပ်ကြီးတိုက်နယ်ဆေးရုံသို့ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာညနေ ၅ နာရီ ၂၅ မိနစ်တွင် ထန်းတပင်မြို့နယ်၊ သရက်ပင်ကြီးကျေးရွာနေ ဦးဝင်းခိုင် (၅၀) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM
19 سپتامبر, 08:46

.ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား
.ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား NOM၊စက်တင်ဘာ၁၉၊၂၀၂၆ ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြို့နယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာစက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘီးလင်းဘူတာမှ သထုံဘူတာသို့ ခုတ်မောင်းလာသည့် (၈၁) အဆန် ရန်ကုန်-မော်လမြိုင်အမြန်ရထားနှင့် ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို့ မျိုးမင်းထိုက် ဆိုသူမောင်းနှင်လာသည့် Light Trunk ယာဉ်တို့ ရထားသံလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းရထားနှင့် Light Truck ယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ Light Truck ယာဉ်မောင်းအား အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (သထုံ) က လိုအပ်သည့်ကုသပေးမှုများ လုပ်ဆောင်ကာ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာကလည်း Light Truck ယာဉ်မောင်းအား ဥပဒေနှင့် အညီအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
19 سپتامبر, 08:38

ရန်ကုန်တွင် ရွှေဆိုင်ရှင်အား တူဖြင့်ထုကာ ငွေလုယက်ထွက်ပြေးသူ ဖမ်းဆီးရမိ NOM၊စက်တင်ဘာ ၁၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်
ရန်ကုန်တွင် ရွှေဆိုင်ရှင်အား တူဖြင့်ထုကာ ငွေလုယက်ထွက်ပြေးသူ ဖမ်းဆီးရမိ NOM၊စက်တင်ဘာ ၁၉၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေများ လုယက်ထွက်ပြေးသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ အမှတ် (၇၃)၊ မြေညီလှေခါးခွင်တွင် အသက် ၆၈ နှစ်အရွယ် ရွှေနဝလီဆိုင်ရှင် ဦးမျိုးတင့်ထံသို့ အသက် ၃၀ အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး ရွှေဆွဲကြိုးအတု ရောင်းချလိုကြောင်း ပြောဆိုကာ ဆိုင်အနီးသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဝင်းပိုင်စိုးသည် အသင့်ယူဆောင်လာသည့် တူဖြင့် ဦးမျိုးတင့်၏ ဦးခေါင်းကို ထုနှက်ကာ ငွေထုပ်တစ်ထုပ်၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ကို လုယူ၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။ ထွက်ပြေးသွားသူအား တာဝန်သိပြည်သူများက လိုက်လံဖမ်းဆီးခဲ့ရာ ရေကျော်လမ်းနှင့် လိပ်ကန်လမ်းဆုံအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
19 سپتامبر, 05:16

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စတုထ္ထအကြိမ် ပါတီညီလာခံဖွင့်ပွဲကျင်းပ NOM၊စက်တင်ဘာ၁၉၊၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စတုထ္ထအကြိမ် ပါတီညီလာခံဖွင့်ပွဲကျင်းပ NOM၊စက်တင်ဘာ၁၉၊၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုထ္ထအကြိမ်ပါတီညီလာခံ(၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ စကတင်ဘာ၁၉ရက်နံနက်၉နာရီက နေပြည်တော်ရှိပါတီဌာနချုပ် တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးခင်ရီ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မွန်းတည့်၁၂နာရီတွင်အခမ်းအနားပထမပိုင်းကိုရပ်နားခဲ့သည်။မွန်းလွဲ၁နာရီတွင် အခမ်းအနားဒုတိယပိုင်းကိုပြန်လည်စတင်ခဲ့ပြီး တိုင်းဒေသကြီးများပြည်နယ် များကလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတင်ပြခြင်း၊ ပါတီ၏မှုဝါဒသဘော တရားနှင့်ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဥ်း၊ ပါတီကော်မတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများအား တင်သွင်းခြင်းနှင့်အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
19 سپتامبر, 04:19

ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိုင်းနှု
ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးအပ်ပြီးဖြစ်   စက်တင်ဘာ ၁၈၊ ၂၀၂၆   ခေတ်နှင့်အညီ လိုအပ်လာသည့် 5G စနစ်နည်းပညာကို ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေး အော်ပရေတာများအတွက် လိုအပ်သည့် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးအပ်ပြီးဖြစ်၍ အကောင်အထည်ဖော် တည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ယနေ့ပြောကြားသည်။   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီး မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။   ထို့ပြင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာတာဝန်များကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။   ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည့် မိုဘိုင်းအော်ပရေတာများ၊ တာဝါနှင့် ပါဝါဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပြီး ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။   ဆက်လက်၍ ပုသိမ်မြို့ရှိ ဆက်သွယ်ရေးစခန်းများ၊ မြန်မာ့စာတိုက်လုပ်ငန်းများ၊ ငွေဆောင်မြို့ရှိ ပင်လယ်ရေအောက်ဖိုက်ဘာကေဘယ်ဝင်ရောက်ရာ စခန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။   ထိုသို့ကြည့်ရှုစဉ် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုမရှိစေရေးအတွက် ပင်မနှင့် အရန်ဆက်သွယ်ရေး ဆက်ကြောင်းများကို လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိရန်၊ စက်ပစ္စည်းများ၏ ဝန်အားနှင့် လိုက်လျောညီထွေစွာ လျှပ်စစ်စွမ်းအားကိုလည်း သင့်တင့်မျှတ နိုင်နင်းစွာ အသုံးပြုနိုင်ရေး စနစ်တကျတွက်ချက်အသုံးပြုသွားရန်မှာကြားခဲ့ကြောင်း သိရသည်။
19 سپتامبر, 01:28

ရုရှားစစ်သင်္ဘောများတွင် ဒရုန်းရန်မှ ကာကွယ်သည့် သံဇကာလှောင်အိမ်အကာများ တပ်ဆင်လာ။ NOM
+2
ရုရှားစစ်သင်္ဘောများတွင် ဒရုန်းရန်မှ ကာကွယ်သည့် သံဇကာလှောင်အိမ်အကာများ တပ်ဆင်လာ။ NOM
18 سپتامبر, 23:36

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကျင်းပပြုလုပ် NOM၊စက်တင်ဘာ၁၉၊၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆) အခမ်းအနားကို စက်တင်ဘာ၁၈ရက် နေ့ နံနက် ၉ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလကစ၍ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ရေတို/ရေရှည် ရည်မှန်းချက်များအား အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့မှုများ၊ အဓိကထားဆောင်ရွက်ခဲ့ရသည့် နယ်ပယ် (၈)ရပ် ကဏ္ဍများ၊ ရက် (၉၀)စီမံချက်၊ ပြည့်မဏ္ဍိုင်စီမံချက်၊ အစိမ်းရောင်စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အောင်မြင်ခဲ့မှုများ၊ ပါတီဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပြည်ခိုင်ဖြိုးပါတီကြီး ဆက်လက်အောင်မြင်မှု ရရှိရေး အတွေ့အကြုံများ၊ အားသာချက် / အားနည်းချက်များ၊ ပါတီဗဟိုကော်မတီဝင်များတွင်ရှိသင့်သည့်အရည်အသွေးများ၊ အကြံပြုလုပ်ငန်းစဉ် များကို အထူးအလေးအနက်ထား ခံယူပြီး မှတစ်ပါးအခြား မရှိသည့်ပါတီတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးဝိုင်းဝန်းကြိုးစား ပေးကြရန်” ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုကော်မတီအစည်းအဝေး သဘာပတိအဖွဲ့မှ နေရာယူပြီး သဘာပတိအဖြစ် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးရာဝမ်ဂျုံး၊ ဦးအောင်ချိုဦးတို့မှ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိမှ အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)အား ကြွေးကြော်သံများအား မွန်တည် ၁၂ နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဗဟို အတိုင်ပင်ခံများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဖိတ်ကြားထားသောဧည့်သည့်တော်များ၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
18 سپتامبر, 23:36
18 سپتامبر, ~23:38

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး စက်တင်ဘာ ၁၈၊ ၂၀၂၆ မြန်
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး   စက်တင်ဘာ ၁၈၊ ၂၀၂၆   မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာရပ်ဆိုင်ရာများလေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့တွင် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။   တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။   ထို့အတူ The Belarusian State Association for livestock breeding "Belplemzhivoboe-dinenie" တွင် General Director နှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံပြီး နို့စားနွားမျိုးထုတ်လုပ်မှုနှင့် အစာထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးကာ နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းအတွင်း ကြည့်ရှုလေ့လာကြသည်။   အလားတူ Minsk Tractor Plant တွင် ထွန်စက်ထုတ်လုပ်မှုနှင့် စက်အလိုက် အရည်အသွေးကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။   စက်တင်ဘာ ၁၆ ရက်တွင် The scientific and production center of the national academy of sciences of Belarus for agri- culture ရှိ စိုက်ပျိုးရေးနှင့်တိရစ္ဆာန်အစာပင် စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေးစနစ်များ၊ တိရစ္ဆာန်မျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ သန္ဓေကူးပြောင်း ဓာတ်ခွဲခန်း၊ အာဟာရဗေဒဓာတ်ခွဲခန်းများကိုလည်းကောင်း၊ Zhodino-AgroPlemElita breeding enterprise ၏ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကိုလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် The Belarusian National Biotechnology Corporation ၏ တိရစ္ဆာန်အစာထုတ်လုပ်မှု၊ အစာရောစပ် ဖြည့်စွက်အားဆေးများ ထုတ်လုပ်မှု၊ အမိုင်နိုအက်ဆစ်များ ထုတ်လုပ်နေမှုနှင့် JSC Agroko-mbinat Dzerzhinsky ၏ ကြက်မွေးမြူခြင်းနှင့် အသားထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။
18 سپتامبر, 21:41

ကိုရီးယား - မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း စတင်ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် စီးပွားရေးဖိုရမ်ကျင်းပ စက်တင်
ကိုရီးယား - မြန်မာ စီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း စတင်ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် စီးပွားရေးဖိုရမ်ကျင်းပ   စက်တင်ဘာ ၁၈၊ ၂၀၂၆   ကိုရီးယား-မြန်မာစီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း (Korea-Myanmar Association for Economic & Security Studies - KMAESS) ၏ စတင်ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်ပြုလုပ်သည့် စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ LS Tower (MIR Hall) ၌ ကျင်းပသည်။   အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Mr. Lim Jong-deck ၊ ဆိုးလ်မြို့မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ကိုရီးယားနိုင်ငံ ကာကွယ်ရေးသံတမန်ရေးရာအသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။   ထို့နောက် KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က ကျေးဇူးတင် စကားပြောကြားပြီး ကိုရီးယား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအောင်မြင်စေရန်နှင့် KMAESS ဖွဲ့စည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့သူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးအား ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ် ပေးအပ်ပြီး အခမ်းအနားကို ဆက်လက်ဆောင်ရွက်ကြသည်။   KMAESS သည် ကိုရီးယားသမ္မတနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် သယံဇာတဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အကျိုးအမြတ်မယူသောတရားဝင် Think Tank အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်း တည်ထောင်ထားပြီး ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးလုံခြုံမှုဆိုင်ရာ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်၊ သုတေသနနှင့် မူဝါဒ ဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။
18 سپتامبر, 21:40

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ စက်တင်ဘ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ   စက်တင်ဘာ ၁၈၊ ၂၀၂၆   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။   အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်)၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး (ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့)နှင့် လုပ်ငန်းအဖွဲ့ဝင်များမှ တာဝန်ရှိသူများ၊ အုပ်စုလိုက်ပူးပေါင်း ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့ တက်ရောက်ကြသည်။   အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် AML/CFT ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအမံ (Action Plan) များ တိုးတက်အောင်မြင်စေရေး အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် (၁၈)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ (18th Progress Report) အထိ ရေးသား တင်ပြပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ပန်းတိုင်ရောက်ရန် အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်၍ ကျန်ရှိနေသည့် Action Item နှစ်ချက်ကိုလည်း သတ်မှတ်စံနှုန်းများအတိုင်း Largely Addressed အဆင့်ရရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကျန်ရှိနေသောအရေးကြီး Action Plan နှစ်ချက်ဖြစ်သည့် Action Plan ၆.၃ နှင့် Action Plan ၇.၁ တို့ကို ပိုမိုအာရုံစိုက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များအတွက် အစီအမံများရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အစိုးရဌာနများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များအားလုံး အချင်းချင်းအကြား သတင်းအချက်အလက် ပူးပေါင်းဖလှယ်မှုနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ လိုက်နာမှုပိုမိုအားကောင်းလာစေရေးနှင့် အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကျန်ရှိနေသည့်အစီအမံများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားသည်။   ဆက်လက်၍ တက်ရောက်လာကြသူများက မြန်မာနိုင်ငံအနေဖြင့် အာရှ - ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APJG) အစည်းအဝေးများကို အစဉ်တစိုက်တက်ရောက်၍ မြန်မာနိုင်ငံအား အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ကျန်ရှိသော Action Item နှစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင် ရွက်သင့်သည့်အချက်များအား ပြုစုတင်ပြခြင်းတို့ကို အချိန်မီဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ FATF ၏ Action Plan Item များအနက် ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ (၁၈)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများ၊ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး (Mutual Evaluation-ME) လုပ်ငန်းစဉ် (၂၀၂၉-၂၀၃၀) ဆောင်ရွက်မည့် အစီအမံများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် Action Item နှစ်ခု အား အောင်မြင်စွာဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။           
18 سپتامبر, 21:39

ဆော်ဒီအာရေးဗီးယားနိုင်ငံအပေါ် ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာနေသော်လည်း ယီမင်နိုင်ငံအတွင်း ဆော်ဒီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများမှာမူ နေ့စဉ် သိသိသာသာ လျော့နည်းသွားလျက်ရှိသည်။ စက်တင်ဘာ ၁၃ - ၅၈ ကြိမ် စက်တင်ဘာ ၁၄ - ၅၄ ကြိမ် စက်တင်ဘာ ၁၅ - ၅၂ ကြိမ် စက်တင်ဘာ ၁၆ - ၄၀ ကြိမ် စက်တင်ဘာ ၁၇ - ၃၇ ကြိမ် စက်တင်ဘာ ၁၈ - ၂၆ ကြိမ်
18 سپتامبر, 21:38

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် လေကြောင်းလိုင်းများသည် လေယာဉ်စက်သုံးဆီ ဈေးနှုန်း မြင့်မားလာမှုကြောင့် ခရီးစဉ်များကို စတင်ပယ်ဖျက်နေပြီဖြစ်သည်။ အမေရိကန်လေကြောင်းလိုင်း American Airlines၊ ယူနိုက်တတ် လေကြောင်းလိုင်း United Airlines နှင့် ဆောက်ဝက်စ် လေကြောင်းလိုင်း Southwest Airlines တို့သည် လက်ရှိတွင် အချို့သော ခရီးစဉ်များကို ပယ်ဖျက်လျက်ရှိသည်။ စက်သုံးဆီစရိတ် သိသိသာသာ မြင့်တက်လာခြင်းကြောင့် လေကြောင်းလိုင်းများသည် ခရီးစဉ်စွမ်းဆောင်ရည်ကို လျှော့ချကာ ပျံသန်းမှု အစီအစဉ်များကို ပြန်လည်ပြင်ဆင်ညှိနှိုင်းနေကြသည်။ စက်သုံးဆီစျေးနှုန်းများ နောက်ဆက်တွဲ မြင့်တက်လာမှုတစ်ခုတည်း ကြောင့်ပင် စတုတ္ထသုံးလပတ် စရိတ်အပေါ် ဒေါ်လာ ၁ ဘီလီယံခန့် ထပ်မံတိုးလာမည်ဟု အမေရိကန် လေကြောင်းလိုင်း American Airlines က ပြောကြားခဲ့သည်။ အီရန်နှင့် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ အမေရိကန်၏ လေယာဉ်စက်သုံးဆီစျေးနှုန်းသည် ၁၀၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်ဂါလန်လျှင် ၄.၇၀ ဒေါ်လာအထိ ရောက်ရှိနေပြီဖြစ်သည်။
18 سپتامبر, 21:36

အများပြည်သူ၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ ဂရင်းလန်း (Greenland) ကျွန်းနှင့် ပတ်သက်၍ ဒိန်းမတ်နိုင်ငံသည် အမေရိကန်၏ တောင်းဆို
အများပြည်သူ၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ ဂရင်းလန်း (Greenland) ကျွန်းနှင့် ပတ်သက်၍ ဒိန်းမတ်နိုင်ငံသည် အမေရိကန်၏ တောင်းဆိုချက်များကို လိုက်လျောပေးခဲ့သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်နှင့် ဒိန်းမတ်တို့သည် ဂရင်းလန်းကျွန်းတွင် အမေရိကန် စစ်အင်အား တိုးမြှင့်ချထားရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် ဂရင်းလန်းကျွန်းအား အမေရိကန်၏ "Golden Dome" ဒုံးကျည်ကာကွယ်ရေး စနစ်အတွင်း ပူးပေါင်းပါဝင်စေမည်ဖြစ်ပြီး တရုတ်နှင့် ရုရှားတို့၏ လွှမ်းမိုးမှုကိုလည်း ကန့်သတ်သွားမည်ဖြစ်သည်။
18 سپتامبر, 21:10

ရဲတပ်ဖွဲ့က တရားမဝင် စခန်းများကို ရှင်းလင်းနေစဉ် ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများ ဆီယူတာ (Ceuta) လမ်းများပေါ်သို့ စီးဝင်လာ NOM ရဲတပ်ဖွဲ့က ၎င်းတို့အား တရားမဝင် စခန်းများမှ ဖယ်ရှားရန် ကြိုးပမ်းနေစဉ် ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများသည် ဆီယူတာမြို့ လမ်းများပေါ်သို့ အလုအယက် ဖြတ်သန်းသွားကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ယနေ့တွင် ကမ်းခြေများမှ ရွှေ့ပြောင်းနေထိုင်သူများကို ရှင်းလင်းကာ အချို့ကို ယာယီနေရာထိုင်ခင်းများသို့ ပြောင်းရွှေ့ရန် စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့သည်။ ရဲများက တုတ်များဖြင့် ရိုက်နှက်ပြီး ရော်ဘာကျည်များကို လေထဲသို့ ပစ်ဖောက်ခဲ့ရာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။ The Sun သတင်းစာ၏ ဖော်ပြချက်အရ ဆီယူတာမြို့တွင် ရွှေ့ပြောင်းနေထိုင်သူ ခန့်မှန်းခြေ ၁၀,၀၀၀ ခန့် ကျန်ရှိနေဆဲ ဖြစ်သည်။ ဇူလိုင်လကုန်တွင် လူပေါင်း ၇၂,၀၀၀ ကျော်သည် မော်ရိုကိုမှ ဆီယူတာသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။
18 سپتامبر, 13:31

ဖလမ်းမြို့သို့ နေရပ်ပြန်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသန့်ဇော်လ
+9
ဖလမ်းမြို့သို့ နေရပ်ပြန်လာသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာသန့်ဇော်လွင်နှင့် အဖွဲ့မှကြိုဆို NOM စက်တင်ဘာ ၁၈၊၂၀၂၆ စက်တင်ဘာ (၁၇) နေ့တွင် ဖလမ်းမြို့သို့ နေရပ်ပြန်ရောက်ရှိလာသည့် ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များက ကြိုဆိုကြသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအား ဂုဏ်ပြုဖျော်ဖြေရန် ရောက်ရှိလာသည့် တေးသံရှင် ထူးအယ်လင်းနှင့်အတူ ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးစေတီတွင် နေရပ်ပြန်လာသူများကို ကြိုဆိုနှုတ်ဆက်ကြပြီး၊ သက်ဆိုင်ရာ ဌာနဆိုင်များမှ နေရပ်ပြန်လာသူ စုစုပေါင်း (၁၁၁) ဦးတို့၏ အချက်အလက်ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နေရပ်ပြန်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောသည်။ ဖလမ်းမြို့အား တပ်မတော်မှ ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများသည် မေလ (၆)ရက်နေ့မှ စတင်ပြီး နေရပ်ပြန်လာကြခြင်းဖြစ်သည်။  ယခုအခါ ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်ပြီး၊ ဖလမ်းမြို့ပေါ်လူဦးရေ၏ (၂၁ ဒသမ ၆၄)ရာခိုင်နှုန်း နေရပ်ပြန်လာပြီဖြစ်ကြောင်းနှင့် နေ့စဉ် နေရပ်ပြန်လာလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  အခြေခံအဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများနှင့် နေရပ်ပြန်ပြည်သူများ၏ စိတ်လုံခြုံမှုရှိစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမ၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။ အဆိုပါပြိုင်ပွဲအား အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ ဖလမ်းမြို့ပေါ်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၅၉) ဦးတို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း (ထက်ဆင့်)၊ မူလတန်း (အောက်ဆင့်) တစ်ဦးချင်းနှင့် အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ ပြန်လည်ထောင်ရေးလုပ်ငန်းများဖြစ်သည့် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန၊ (၄) ခန်းတွဲ (၂) ထပ်အိမ်ရာ (၂)လုံး ပြုပြင်နေမှုများကိုလည်းကောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပြုပြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြောင်းသတင်းရရှိသည်။
18 سپتامبر, 09:06

အနောက်ဘက်ကမ်းခြေ (West Bank) စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သားများက ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အဆောက်အအုံ အမိုးပေါ်မှ ပစ်ချခဲ့သည့် ဗီဒီယို။
18 سپتامبر, 07:42