fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 456 مشترک است و جایگاه 15 930 را در دسته اخبار و رسانه‌ها و رتبه 10 092 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 456 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 03 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -217 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.15% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.81% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 891 بازدید دریافت می‌کند. در اولین روز معمولاً 848 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 04 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 456
مشترکین
-924 ساعت
-317 روز
-21730 روز
آرشیو پست ها
ဒါကတော့ အီရန်တံငါသည်တစ်ဦးနဲ့ အမေရိကန်ဖျက်သင်္ဘောတို့ကြား ရေဒီယိုကနေတစ်ဆင့် ပြောဆိုခဲ့တဲ့ ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုရဲ့ ဘာသာပြန်ဖြစ်ပါတယ် - "ခင်ဗျားတို့ဟာ အီရန်နိုင်ငံရဲ့ ပိုင်နက် ရေပြင်ထဲမှာ ခုတ်မောင်းနေတာ ဖြစ် ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ သင်္ဘောရဲ့ အမြင့်ဆုံးနေရာမှာ မြင့်မြတ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်အလံကို လွှင့်တင်ထားရပါမယ်။" စကားပြောနေစဉ် တစ်နေရာမှာတော့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က အဲဒီတံငါသည်ကို အမေရိကန်ဖျက်သင်္ဘောနဲ့ စကားဆက်မပြောဖို့ ရေဒီယိုကနေ ဝင်ရောက်တားမြစ်တာကိုလည်း ကြားခဲ့ရပါတယ်။ News Of Myanmar NOM

တောင်ငူမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား အမျိုးသမီး တစ်ဦး သေဆုံး NOM၊ဖေဖော်ဝါရီ၁၊၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူမြို့၊အမှတ်၉ရပ်က
တောင်ငူမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား အမျိုးသမီး တစ်ဦး သေဆုံး NOM၊ဖေဖော်ဝါရီ၁၊၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူမြို့၊အမှတ်၉ရပ်ကွက်မြင်းဖြူအင်းလမ်းတွင်ယနေ့ဖေဖော်ဝါရီ၁ရက််နံနက် ၂ နာရီ ၅၈ မိနစ် ခန့်ကနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းTaungoo Rescueအရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာ အိမ်အောက်ထပ်တွင်ဝါယာရှော့ဖြစ်ပြီးမီးလောင်မှုစတင်ဖြစ်ပွားပြီး အိမ်အပေါ်ထပ်သို့ထပ်မံပြီးမီးလောင်ခဲ့ရာအပေါ်ထပ်တွင် ကုတင်ပေါ်၌အိပ်ပျော်နေသောအမျိုးသမီးတစ်ဦးမှာ မီးလောင်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရတောင်ငူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Taungoo Rescue(T-Rescue)အရေးပေါ်ကယ် ဆယ်ရေးပရဟိတအဖွဲ့နှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီးသေဆုံးသူတစ်ဦး၏ရုပ်အလောင်းကိုတောင်ငူမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

တပ်မတော်နဲ့ SNA တပ်ဖွဲ့များက ဗန်းမောက်မြို့အား ပြန်လည်ထိန်းချုပ်ပြီး အခြေအနေ - တိုက်ပွဲသတင်းစုံ News Of Myanmar NOM

ဇန် ၃၁ ရက်နေ့က ဗန်းမော်ဒေသမှာ နယ်မြေရှင်းရင်း ရခဲ့တဲ့ အကြမ်းဖက် KIA ရဲ့ အလောင်း/လက်နက်များ - တိုက်ပွဲသတင်းစုံ News Of Myanmar
+3
ဇန် ၃၁ ရက်နေ့က ဗန်းမော်ဒေသမှာ နယ်မြေရှင်းရင်း ရခဲ့တဲ့ အကြမ်းဖက် KIA ရဲ့ အလောင်း/လက်နက်များ - တိုက်ပွဲသတင်းစုံ News Of Myanmar NOM

၂၀၂၀ ခုနှစ် FBI စာရွက်စာတမ်းတစ်ခု၏ ဖော်ပြချက်အရ အပ်စတိန်း (Epstein) သည် အစ္စရေးသူလျှိုအဖြစ် လုပ်ဆောင်နေသည်ဟု သံသယရှိခြင်းခံရပ
+1
၂၀၂၀ ခုနှစ် FBI စာရွက်စာတမ်းတစ်ခု၏ ဖော်ပြချက်အရ အပ်စတိန်း (Epstein) သည် အစ္စရေးသူလျှိုအဖြစ် လုပ်ဆောင်နေသည်ဟု သံသယရှိခြင်းခံရပြီး စတီးဗ် ဘန်နွန် (Steve Bannon) နှင့်လည်း တိုက်ရိုက်စီးပွားရေးပတ်သက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အပ်စတိန်းသည် အစ္စရေးငွေကြေးများကို ဘန်နွန်ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ဘန်နွန် သည် အိမ်ဖြူတော်အနီးတွင် အစ္စရေး၏ ထောက်လှမ်းရေးပစ္စည်းများ ရှိနေမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်းလည်း အဆိုပါစာရွက်စာတမ်းတွင် စွပ်စွဲဖော်ပြထားသည်။ စတီးဗ် ဘန်နွန် (Steve Bannon)? စတီးဗ် ဘန်နွန် (Steve Bannon) သည် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော် မဟာဗျူဟာမှူးဟောင်းနှင့် Breitbart News ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ထွက်ပေါ်လာသော အချက်အလက်များအရ ၎င်းနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) တို့အကြား ယခင်က သိထားသည်ထက် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး၏ ဆက်သွယ်မှုများကို အကျဉ်းချုပ်ဖော်ပြရလျှင် - * ပုံရိပ်ပြန်လည်တည်ဆောက်ရေး အကြံပေးခြင်း: ဘန်နွန် (Bannon) သည် အပ်စတိန်း (Epstein) ၏ ပျက်စီးနေသော လူထုပုံရိပ်ကို ပြန်လည်ကောင်းမွန်လာစေရန် အကြံပေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း Epstein ကို ၁၅ နာရီကြာ ဗီဒီယိုအင်တာဗျူးများ ရိုက်ကူးခဲ့ပြီး မှတ်တမ်းတင်ရုပ်ရှင်တစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ * မီဒီယာနှင့် နိုင်ငံရေးဆိုင်ရာ အကြံပေးမှုများ အပ်စတိန်း သည် ဘန်နွန်၏ မီဒီယာလုပ်ငန်းများနှင့် ထရမ့်အစိုးရအတွက် ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များတွင် နောက်ကွယ်မှ အကြံပေးအဖြစ်ပါဝင်ခဲ့သည်။ စီးပွားရေးမူဝါဒများနှင့် အခွန်လျှော့ချရေးဆိုင်ရာ ပြောဆိုချက်များကိုပါ အပ်စတိန်းက ကူညီရေးသားပေးခဲ့သည်။ * လျှို့ဝှက်စွာ ဆက်သွယ်ခြင်း ၎င်းတို့နှစ်ဦးအကြား စာတို (Text Messages) ရာပေါင်းများစွာ အပြန်အလှန် ပေးပို့ခဲ့ကြသည်။ ဘန်နွန်သည် အပ်စတိန်း၏ နေအိမ်သို့ လုံခြုံရေးမျက်စိများကို ရှောင်ရှားကာ လျှို့ဝှက်တံခါးမှတစ်ဆင့် သွားရောက်တွေ့ဆုံမှုများ ရှိခဲ့သည်။ * လက်ဆောင်နှင့် အကူအညီများ အပ်စတိန်းက ဘန်နွန်ကို Hermès Apple Watch ကဲ့သို့သော တန်ဖိုးကြီးလက်ဆောင်များ ပေးခဲ့သလို၊ ဘန်နွန် ကလည်း ခရီးသွားရန်အတွက် အပ်စတိန်း၏ ကိုယ်ပိုင်လေယာဉ်ကို အသုံးပြုခွင့် တောင်းဆိုခဲ့ဖူးသည်။ ဘန်နွန်က ထိုဗီဒီယိုရိုက်ကူးမှုများသည် အပ်စတိန်း၏ ဖောက်ပြန်ကျဆုံးမှုများကို ဖော်ထုတ်ရန်ဖြစ်သည်ဟု ဆိုသော်လည်း၊ ယခုထွက်ပေါ်လာသည့် အထောက်အထားများအရ ၎င်းတို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး အပြန်အလှန် အကျိုးပြုခဲ့ကြကြောင်း တွေ့ရှိရသည်။ News Of Myanmar NOM

မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာနှင့်တရားမျှတသော အမှန်တရားအတွက် ICJ တွင် သွားရောက်ဖြေရှင်းခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင် သောမြန်မာကိုယ်စားလှယ်အဖွဲ၏အိမ်ပြန်ခရီးအား ပြည်သူလူထုက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၁၊၂၀၂၆ ပဲခူးတိုင်း၊ပဲခူးမြိ
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၁၊၂၀၂၆ ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် ယမန်နေ့ဇန်နဝါရီ၃၁ရက်ညနေ၃နာရီခွဲခန့်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာရရှခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ရှေ့ကသွားနေသည့် ပရိုဘောက်ယာဥ်သည်တစ်ဖက်ယာဉ်ကြောကို ပြောင်းလဲလိုက်သည့်အခါတစ်ဖက်လမ်းကြောမှမောင်းနှင်လာသည့် တိုယိုတာကားမှ နောက်ကဝင်တိုက်မိခဲ့ကြောင်းသိရသည်။ "ပရိုဘောက်မောင်းတဲ့ယာဉ်မောင်းကတော့ နေရာမှာဘဲသေဆုံးတယ် ပြီးတော့အမျိုးသားတစ်ဦးနဲ့အမျိုးသမီး နှစ်ဦး ဒဏ်ရာရတယ် နောက်ကဝင်တိုက်တဲ့တိုယိုတာကားပေါ်ကတော့အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်"ဟု ဘောနက်ကြီးအမြန်းလမ်း မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Repost from NOM
နော်ဝေအိမ်ရှေ့မင်းသမီးရဲ့ အသက် ၂၉ နှစ်အရွယ် သားတော် Marius Borg Hoibyဟာ စွဲချက် ၃၈ ချက်နဲ့ ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခံရမယ့်
နော်ဝေအိမ်ရှေ့မင်းသမီးရဲ့ အသက် ၂၉ နှစ်အရွယ် သားတော် Marius Borg Hoibyဟာ စွဲချက် ၃၈ ချက်နဲ့ ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခံရမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူဟာ အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်မှုအပြင် မူးယစ်ဆေးဝါးမှုဆိုင်ရာ ပြစ်မှုတွေနဲ့လည်း စွပ်စွဲခံထားရပါတယ်။ News Of Myanmar NOM

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည် ဇန်နဝါရီ ၃၁၊ ၂၀၂၆ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခြောက်ရက်တာ ကျင်းပသွားမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စား ပြုပြခန်းများအပြင် ဝန်ကြီးဌာနပြခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ် ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ စသည်ဖြင့် ပြခန်း စုစုပေါင်း ၁၂၄ ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ကျင်းပရေးဗဟိုကော်မတီက ဦးဆောင်ပြီး လုပ်ငန်းကော်မတီ ၁၁ ခုတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များ စနစ်တကျ အချိန်မီပြီးစီးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ပါဝင်မည့် ပြခန်းများတွင် MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာ ပါဝင်ပြသနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် အသေးစားထုတ်ကုန်များ (Micro Enterprises)၊ အငယ်စားထုတ်ကုန်များ (Small Enterprises)၊ အလတ်စားထုတ်ကုန်များ (Medium Enterprises)၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုထည်စသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်များ၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်နှင့် ပြည်နယ်/တိုင်းဒေသကြီး ၁၅ ခုမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)ထုတ်ကုန်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဒေသအလိုက် ထင်ရှားလူကြိုက်များသည့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချပေးမည့်အစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။

🚢🛢ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တို့မှ ကွန်ဒင်းဆိတ် (Condensate) များ (သဘာဝဓာတ်ငွေ့မှ ထွက်ရှိသော အပေါ့စားဆီ (သို့မဟုတ်) ရေနံဆီတစ်မျိုး) တင်ဆောင်လာသည့် ရေနံတင်သင်္ဘောကြီးများ၏ သွားလာလှုပ်ရှားမှုများကို ပြသထားသော Kepler Oil Institute ၏ ဗီဒီယိုမှတ်တမ်း။ News Of Myanmar NOM

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စမုံရေထိန်းတမံ၏ ပင်မတမံ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စစ်ဆေး ဇန်န
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စမုံရေထိန်းတမံ၏ ပင်မတမံ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ စစ်ဆေး ဇန်နဝါရီ ၃၁၊ ၂၀၂၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ စမုံမြစ်အင်တိုင်းသာချောင်းပေါ်၌ တည်ဆောက်ထားသော စမုံရေထိန်းတမံသို့ရောက်ရှိပြီး တမံပြုပြင်ရေးလုပ်ငန်းများ၊ ရေတံခါးများနှင့် ရေပိုလွှဲပြုပြင်ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံရေထိန်းတမံအတွင်း သိုလှောင်နိုင်သည့် ပမာဏထက် ပိုမိုသည့်ရေများ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး တမံထိခိုက်ပျက်စီးခဲ့မှု၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည့် တမံပြုပြင်ရေးလုပ်ငန်းအဆင့်ဆင့်နှင့် အကျယ်ပေ ၅၃၀ ရှိသည့် Dam Fuse ထည့်သွင်းတည်ဆောက်ခြင်း၊ ပင်မရေပိုလွှဲနှင့် ရေတံခါးများပြုပြင်ခြင်းလုပ်ငန်းများ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး ၁၅၁၇ ဧကအား စိုက်ပျိုးရေပေးဝေခဲ့မှုနှင့် လက်ရှိတွင် စမုံရေထိန်း တမံအတွင်းရှိ လက်ကျန်ရေ ၄၃၂၇ ဧကပေမှ နွေစပါးနှင့် နွေအခြားသီးနှံ ဧက ၅၀၀ အား စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စမုံရေထိန်းတမံအနေဖြင့် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၉၁၃ ဧကပေသာ သိုလှောင်နိုင်သော်လည်း ၂၀၂၄ ခုနှစ်၌ ဝင်ရေ ဧကပေ ၂၃၀၀၀၀ ကျော် ဝင်ရောက်ခဲ့မှုအပါအဝင် ထူးခြားဖြစ်စဉ်များနှင့် နှစ်အလိုက် ဝင်ရေမှတ်တမ်းများ စနစ်တကျပြုစုထားရှိရန်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ စမုံရေထိန်းတမံ ရေဝပ်ဧရိယာအပါအဝင် ဆည်တမံဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်ညီညွတ်ခြင်းမရှိသော အဆောက်အအုံနှင့် မြေယာအသုံးပြုမှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စမုံရေထိန်းတမံအနီးရှိ အမြင့်ပိုင်းစိုက်ပျိုးမြေများ ရေရရှိရေးအတွက် ဆောင်ရွက်ထားရှိသော ဆိုလာစနစ် ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်ဒေသခံတောင်သူများအား တွေ့ဆုံ၍ ဆည်ရေသောက် ဧရိယာအတွင်း စပါးသီးနှံအခြေခံဆီထွက်သီးနှံနှင့် ဝင်ငွေရသီးနှံများ သီးထပ်စိုက်ပျိုးရေး၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ တောင်သူအခက်အခဲများကို သက်ဆိုင်ရာဌာနပညာရှင်များက နည်းလမ်းရှာဖွေကူညီပေးနိုင်ရေး ဆွေးနွေးမှာကြား သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်းကြောင့် ရေတိုက်စားကျိုးပေါက်ခဲ့သော ဝမ်းတွင်းမြို့နယ် ကင်းတားလက်ဝဲတူးမြောင်း ပေတိုင် - ၁၃၄၂၀၀ ရှိ စမုံရေငုပ်ပြွန် တည်ဆောက်ရေး လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးရေအချိန်မီပေးဝေနိုင်ရန်အတွက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး၊ စီမံကိန်းလုပ်ငန်းအတွက် အသုံးပြုခဲ့ရသော မြေယာများအတွက် တည်ဆဲမြေယာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်သည်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် စမုံမြစ်တစ်လျှောက် တွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး စမုံရေငုပ်ပြွန်သည်လည်း ရေတိုက်စား ကျိုးပေါက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်၌ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်း၊ တည်ဆောက်နေစဉ်ကာလအတွင်း စိုက်ပျိုးရေယာယီပေးဝေနိုင်ရန် စမုံမြစ်အတွင်း ယာယီရေတားတမံဖို့၍ အဆိုပါတမံပေါ်မှ ယာယီရေပေးမြောင်းတည်ဆောက်ပြီး နွေစပါးနှင့် အခြားနွေသီးနှံ ဧက ၅၀၀ အား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း၊ စမုံရေငုပ်ပြွန်အသစ် တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေစဉ် ၂၀၂၅ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရေငုပ်ပြွန်တည်ဆောက်ဆဲလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စမုံရေငုပ်ပြွန်အား နေရာပြောင်းရွှေ့၍ အသစ် ပြန်လည်တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေပေးရာသီမတိုင်မီအပြီး တည်ဆောက်သွားမည်ဖြစ်ကာ လုပ်ငန်းများပြီးစီးပါ က ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများသို့ စိုက်ပျိုးရေအပြည့်အဝ ပြန်လည်ပေးဝေနိုင်မည် ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီ ၃၁၊ ၂၀၂၆ ဗန်းမောက်မြို့ အခြေအနေက .. ဒီလိုပါ - မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ် - တိုက်ပွဲသတင်းစုံ News Of Myanmar NOM
+1
ဇန်နဝါရီ ၃၁၊ ၂၀၂၆ ဗန်းမောက်မြို့ အခြေအနေက .. ဒီလိုပါ - မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ် - တိုက်ပွဲသတင်းစုံ News Of Myanmar NOM

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော် ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာ အုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများကိုတွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင် နေကြသူများအား မတွေ့ရှိရဘဲ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ အလုပ်ရုံ ၃ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ အထက်သားကာ လူနေလုံးချင်း ၉ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး ထမင်းစားဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ ရှိ သွပ်မိုး၊ သွပ်ကာ ရိက္ခာဂိုဒေါင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ ရှိ သွပ်မိုး၊ အထပ်သားကာ လူနေလုံးချင်း ၁၄ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ အလျား ၅ ပေ၊ အနံ ၅ ပေရှိ ကင်းစောင့်တဲ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သွပ်ကာ လူနေ ၂ ထပ်ဆောင် ၂ လုံး၊ အလျား ၁၂ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ လူနေအိပ်ဆောင် ၃ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ ဦးနှင့်အတူ ALL-IN-ONE ကွန်ပြူတာ ၁၅ လုံး၊ LAPTOP ၆ လုံးနှင့် STAR LINK ၂ လုံးတို့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးစား ၇ ဦးနှင့်အတူ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိမိုးကာစမိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး၊ ပလတ်စတစ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၅၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ စားချက်ဆောင် ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ ထမင်းစားဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၃ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ ALL-IN-ONE ကွန်ပြူတာ ၈၀ လုံး၊ STAR LINK ဗန်း ၁၁ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်သူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကိုလည်းကောင်း ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

photo content
+4

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၂၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၃၁
+9
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၂၇ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists) မှ ဖြေလျ
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်

ကိုးကန့်ပဲဖြစ်ဖြစ်၊ ကချင် KIA နဲ့ပဲ ဖြစ်ဖြစ် ... ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး ညှိနှိုင်းချက် တွေ လုပ်နေတာက အချိန်ကြာလေလေ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အထိ နာလေလေလို့ပဲသုံးသပ်ပါတယ်။ အသိသာဆုံးအချက်က စပ်ကြားနယ်မြေပေါ်က ပြည်သူတွေဟာ အကြမ်းဖက်တွေအတွက် လူသစ်အင်အားစုခံနေရတာက အဓိက ပြဿနာပဲဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဒီ EAO တွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတဲ့ မေးခွန်းပေါ့။ ----------- တစ်ခုတော့ရှိတာပေါ့။ တစ်ချို့ကလည်း မင်းတို့ စစ်သုံးပန်းတွေကို လွှတ်ပေးနေတာ ပဲ မဟုတ်ဘူးလားဆိုတဲ့ အမြင်တော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် လက်ရှိ လားရှိုး အနီးတဝိုက်မှာ တင် ကိုးကန့်က လူသစ်စုဆောင်းနေတာတွေက အချိန်တန်ရင် ငါးကြင်းဆီ နဲ့ ငါးကြင်း ပြန်ကြော်မယ့် ပုံစံ ဆိုတာ လွယ်လွယ်လေးတောင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ ------- လက်ရှိ အထူးဒေသ(၁)ဆိုပြီး ခရိုင် (၄)ခု ဖွဲ့စည်းထားတဲ့ အင်္ဂါစဉ်အရ ကိုးကန့် လူမျိုး စစ်စစ်တွေနဲ့ ဒီဒေသတစ်ခုလုံးကို အုပ်ချုပ်လို့ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက အုပ်ချုပ်ရေး ယန္တရား ပီပီ ပြင်ပြင် ပေါ်ပေါက်ဖို့ခက်ပါတယ်။ဒါ့ကြောင့်လည်း ကိုးကန့်ဒေသစစ်စစ်နဲ့ ပြည်မ ကြီးက ဒေသတွေ မှာ ခုလို လူသစ်စုထားတဲ့ အင်အားစုတွေနဲ့ Proxy နယ်မြေတွေ သေချာပေါက် ကြားခံ ပါလိမ့်မယ်။ တကယ်လို့ အနာဂတ်မှာ ညှိနှိုင်းမရလို့ စစ်ပွဲတွေ ဖြစ်၊ တိုက်ကြခိုက်ကြမယ်ဆိုရင်တောင်... ကိုးကန့် MNDAA စစ်စစ် တွေ သေဆုံးဖို့ထက်.. .ကြားခံလူသစ်စုထားတဲ့ ဗမာအချင်းအချင်းပဲ ထိခိုက်သေဆုံးကြမှာပါ။ လောက်ကိုင်မှာ လုပ်ထားတဲ့ ကိုးကန့် စစ်သင်္ချိုင်းကို ကြည့်ပြီး ကိုးကန့်တွေ စာတတ်သွားပြီလို့လည်း ပြောလို့ရတယ်ပေါ့။ ---------- လက်ရှိ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေမှာ မြို့သိမ်း တိုက်ပွဲ ခေါင်းစဉ်အကြောင်းပြပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတယ်ဆိုတာကလည်း ဒီ Version အမျိုးအစားပါပဲ။ ဖားကန့်ဒေသမှာတောင် နယ်မြေစိုးမိုးရေး ခက်ခဲလေတော့... မန္တလေး-မြစ်ကြီးနားသွားကားလမ်းမှာ အကြမ်းဖက်တွေ ကင်းစင်ဖို့ဆိုတာ အတော်လေး တော့ အချိန်ယူရမယ့်သဘောပါပဲ။ ဒီလို အချိန်ယူစေချင်လို့လည်း ဒေသခံ လက်နက်ကိုင် အင်အားစုတွေကို လက်နက်ပေးပြီး မွေးထားတာ မြင်နိုင်တာပဲ လေ။ ----------- လက်ရှိ မကွေးတိုင်းထဲက လက်နက်ကိုင်အင်အားစုတွေကို ကျေးရွာတွေက ဆက်ကြေး ပုံမှန်ပေးပြီး ရှင်သန်စေတာကလည်း ပြဿနာ တစ်ခုပါပဲ။ ဆိုတော့....ပြည်မထဲက လက်နက်ကိုင် အင်အားစုတွေ ရေရှည် မရပ်တည်နိုင်ဖို့အတွက်ဆိုရင် EAOနဲ့ ဆက်သွယ်နိုင်ရာ လမ်းကြောင်းတွေမှာ ဖြတ်တောက်နိုင်ဖို့နဲ့ ပိုက်ဆံ ရနေတဲ့ အရင်းအမြစ်တွေကို ဖျက်ဆီး ဖြတ်တောက်နိုင်ဖို့က ပိုအရေးကြီးတာ တွေ့ရပါလိမ့်မယ်။ ဒီလို မဖြတ်တောက်နိုင်သေးလို့လည်း ပြည်မထဲက သံယဇာတတွေ တရုတ်ဆီထွက်၊ ရှမ်းမြောက်လက်နက်ကိုင်အင်အားစုတွေရဲ့ လက်နက်၊ ခဲယမ်း ထောက်ပံ့မှုတွေကလည်း ပြည်မထဲကိုရောက်၊ ဒီလိုနဲ့ သံသရာလည်နေတဲ့ သဘောလို့ပဲ သုံးသပ်ရမှာပါ။ --------- ကိုးကန့်နဲ့ အပစ်ရပ်ခဲ့တာက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန် ၂၀ လောက်က ဆိုရင်...ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခု ရောက်ခဲ့ပါပြီ။ ကြားထဲမှာ လားရှိုးကို ပြန်ရခဲ့တာ တစ်ခုကလွဲရင်...သီပေါနားကနယ်မြေတွေကနေတောင် သူတို့ မဆုတ်ခွာကြသေးပါဘူး။ ဒါက လွှတ်တော် မပေါ်ပေါက်သေးတဲ့ ကာလမို့ဆိုပြီး အကြောင်းပြနိုင်ပေမယ့် တက်လာ မယ့်အစိုးရသစ်ဟာ အချိန်အားဖြင့် ၅ နှစ်ပဲ ရတာဆိုတဲ့ ပေးထားချက်ရှိနေပါတယ်။ (နရီမိုး)

🇮🇷🛢🛢💲"၁၉၈၀ ခုနှစ်တုန်းက အီရန်နဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်​ရဲ့ ပြောကြားချက်" ၁၉၈၀ ခုနှစ်တုန်းက အီရန်နိုင်ငံနဲ့ပတ်သက်ပြီး အသက် ၃၄ နှစ်အရွယ် ဒေါ်နယ်ထရမ့်​ ပြောကြားခဲ့တဲစကားဟာ တော်တော်လေးကို ပွင့်လင်းပြီး ပြင်းထန်တဲ့ အာဘော်မျိုး ဖြစ်ပါတယ်။ သူကအခုလိုပြောခဲ့ပါတယ်။ "ကျွန်တော်တို့ အီရန်ကို စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်ခဲ့သင့်တာ။ အဲဒီလိုသာ လုပ်ခဲ့ရင် အခုဆို သူတို့ရဲ့ ရေနံတွေကို ကျွန်တော်တို့ ပိုင်ဆိုင် နေမှာဖြစ်ပြီး ချမ်းသာတဲ့ ရေနံနိုင်ငံတစ်ခု ဖြစ်နေမှာ။ ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။" ဒီစကားဟာ ၁၉၈၀ ခုနှစ်၊ အီရန်ဓားစာခံအကျပ်အတည်း (Iran Hostage Crisis) ဖြစ်ပွားနေချိန်အတွင်း ထရမ့်က ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးအနေနဲ့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက သူဟာ "အကျိုးအမြတ်ကို အခြေခံတဲ့ နိုင် ငံခြားရေးမူဝါဒ" အမြင်ရှိနေတာကို ဒီစကားမှာ တွေ့နိုင်ပါတယ်။ News Of Myanmar NOM