fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 483 مشترک است و جایگاه 15 995 را در دسته اخبار و رسانه‌ها و رتبه 10 066 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 483 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 25 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -245 و در ۲۴ ساعت گذشته برابر -7 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.08% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.41% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 259 بازدید دریافت می‌کند. در اولین روز معمولاً 676 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 26 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 483
مشترکین
-724 ساعت
-427 روز
-24530 روز
آرشیو پست ها
အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်မ
+2
အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များတွင်  DPLA/MDY PDF/ TNLA/ NH PDF အကြမ်းဖက်သကသများထံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိခဲ့ပြီး ပြန်လည်အလင်းဝင် ရောက်လာသူ ကျား ၁၄ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးအား ၂၀၂၆ မတ် ၂၁ရက်(မနေ့က) ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်းအပ်နှံပြီးဖြစ်သည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ/လားရှိုး) နယ်မြေအတွင်း ၂၀၂၅ ဇူ ၂၅ ရက်နေ့မှ ၂၀၂၆ မတ် ၂၁ ရက်နေ့ထိ အလင်းဝင်ရောက်လာသူ ကျား/ မ  စုစုပေါင်း ၇၄၅ ဦး အားလွှဲပြောင်းပြီးဖြစ်သည်။ NOM

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိ
+2
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းများအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ NOM မတ် ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးနိုင်မင်းထွန်း (၃၇) နှစ်သည် ၎င်း၏သားဖြစ်သူ မောင်ကောင်းထက် (၁၆) နှစ်နှင့်အတူ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား မောင်ကောင်းထက်မှ နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ကျောင်းကျေးရွာနေ ဦးတင်လှိုင် (၅၂) နှစ် သည် နားရှိုးကျေးရွာရှိ ဦးသိန်းနိုင်ပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

Repost from NOM.World News
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆ
ကာတာရေပိုင်နက်အတွင်းမှာ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျခဲ့လို့ ၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတဦးကို ရှာဖွေနေဆဲလို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရဟတ်ယာဉ်ဟာ ပုံမှန်တာဝန်တွေ ထမ်းဆောင်နေချိန်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

အီရန်နိုင်ငံပိုင်သတင်းဌာန (IRIB) ရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ကျွန်းအနီး တောင်ဘက်ကမ်းရိုးတန်းမှာ အီရန်တပ်ဖွဲ့တွေက ရန်သူ့ F-15 တိုက်လေယာဉ် တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ရာထိမှန်ခဲ့တယ် လို့ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ လေယာဉ်ရဲ့ နောက်ဆက်တွဲအခြေအနေကို အတည်ပြုနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ NOM

တရုတ်ကအီရန်ကိုထောက်ခံကြောင်းပြော NOM တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က “နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အစ္စရေးနှင့
တရုတ်ကအီရန်ကိုထောက်ခံကြောင်းပြော NOM တရုတ်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က “နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုမှ အီရန်အပေါ် တရားမဝင် စစ်ရေးတိုက်ခိုက်မှုများကို တရုတ်နိုင်ငံက ကန့်ကွက်ပြီး အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရာတွင် အီရန်ကို ထောက်ခံပြီး အီရန်၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရာတွင် ထောက်ခံပါသည်။”ဟုယနေ့ပြောကြားသည်။

အမေရိကန်၏အီရန်အပေါ်တိုက်ခိုက်ခြင်းနှင့်အမေရိကန်၏မှားယွင်းသောမူဝါဒများအတွက်ကမ္ဘာ့စတော့ စျေးကွက်ဖရိုဖရဲဖြစ်နေပုံကိုသရုပ်ဖော်ထားခြင်းဖြစ်သည်။

ယမန်နေ့ညကအစ္စရေးနိုင်ငံဒီမိုနာမြို့ကိုအီရန်ဒုံးကျည်များထိမှန်ထားသည်ကိုယနေ့မနက်မြင်တွေ့ရစဉ်

အမေရိကန်ကိုအီရန်ကပြန်လည်ခြိမ်းခြောက် NOM ဟော်မုဇ်ရေလက်ကြားကိုအီရန်ကဖွင့်မပေးပါကအီရန်ရှိလျပ်စစ်ဓာတ်အားစက်ရုံများကိုအမေရိကန်တို
အမေရိကန်ကိုအီရန်ကပြန်လည်ခြိမ်းခြောက် NOM ဟော်မုဇ်ရေလက်ကြားကိုအီရန်ကဖွင့်မပေးပါကအီရန်ရှိလျပ်စစ်ဓာတ်အားစက်ရုံများကိုအမေရိကန်တိုက်ခိုက်မည်ဟုသမ္မတထရမ့်၏ခြိမ်းခြောက်မှုအပေါ်အီရန်ကလည်းအရှေ့အလယ်ပိုင်းဒေသတစ်လုံးအမှောင်ကျအောင်ပြန်လည်တိုက်ခိုက်မည်ဟုခြိမ်းခြောက်လိုက်သည်။

ဆော်ဒီကအီရန်စစ်သံမှူးနှင့်အဖွဲ့ဝင်များ၂၄နာရီအတွင်းတိုင်းပြည်မှထွက်ခွါရန်နှင်ထုတ်လိုက်သည်။
ဆော်ဒီကအီရန်စစ်သံမှူးနှင့်အဖွဲ့ဝင်များ၂၄နာရီအတွင်းတိုင်းပြည်မှထွက်ခွါရန်နှင်ထုတ်လိုက်သည်။

အီရတ်ရှိအမေရိကန်စစ်စခန်းတိုက်ခိုက်ခံရပြီးမီးလောင် NOM အီရတ်နိုင်ငံဘဂ္ဂဒက်လေဆိပ်ရှိအမေရိကန်Victoryစစ်သခန်းကိုအီရတ်ခုခံရေးအဖွဲ့များကဒရုန်းဖြင့်တိုက်သဖြင့်မီးလောင်လျက်ရှိသည်။

အစ္စရေးမြို့အီရန်ဒုံးကျည်ထိ NOM အစ္စရေးနိုင်ငံအာရက်မြို့တွင်အစ္စရေးဒုံးကျည်ထိမှန်သဖြင့်ခြောက်ဦးသေဆုံးပြီး၁၅၀ကျော်ဒဏ်ရာရကြောင်းအစ္စရေးရုပ်သံကကြေညာသည်။

ယနေ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့ သင်တန်းတက
+5
ယနေ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) သို့ သင်တန်းတက်ရောက်ရန် ရောက်ရှိလာကြသည့် ပြည်သူ့သားကောင်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျောင်းအုပ်ကြီးနဲ့ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ဝတ်ပစ္စည်းများအား ထုတ်ဝေပေးခဲ့သည်။ NOM

လေယာဥ်ဆီခက်ခဲမှုကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖ
လေယာဥ်ဆီခက်ခဲမှုကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်ကြောင်း MAI ထုတ်ပြန် NOM မတ် ၂၂၊ ၂၀၂၆ လေယာဥ်ဆီခက်ခဲမှုကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များကိုမဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်ကြောင်း မတ် ၂၂ ရက်က MAI ကအသိပေးထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်ကာ Economy Class: 20KG (တစ်အိတ်) Business Class: 30KG (တစ်အိတ်) Hand-carry: 7KG (အများဆုံး ၂ အိတ်) Excess Baggage: (အများဆုံး ၅ ကီလိုဂရမ်) စီလျော့ချသတ်မှတ်ခဲ့သည်။ ထို့ပြင် MAI သည်ပျံသန်းမှုလိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင်ပယ်ချခြင်း (သို့) မတင်ဆောင်နိုင်ခြင်းဖြစ် ပေါ်နိုင်၍ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို (၇၂) နာရီအတွင်း ပိုင်ရှင်များထံပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့အတူ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီး သည်များအား refund ပြန်လည် ပေးအပ်သွားမည်ဖြစ်ကာ ပြည်တွင်း လေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ထရန့်က အီရန်ကို ခြိမ်းခြောက် - ၄၈ နာရီအတွင်း ဟော်မုဇ် ရေလက်ကြား ကို ပြန်မဖွင့်ပေးရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက
ထရန့်က အီရန်ကို ခြိမ်းခြောက် - ၄၈ နာရီအတွင်း ဟော်မုဇ် ရေလက်ကြား ကို ပြန်မဖွင့်ပေးရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်သွားမယ်။ ဒီကနေ့မနက်ပိုင်းကပဲ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို "လျှော့ချ" တော့မှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့ ထရန့်ဟာ အခုအခါမှာတော့ အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကြဲမယ်လို့ ပြန်လည်ခြိမ်းခြောက်လိုက်ပြန်ပါတယ်။ NOM

ဆင်သေချောင်းရေကြီးရေလျှံမှုလျော့ပါးရေး သောင်တူးလုပ်ငန်း၊ ရေကာတည်ဆောက်ခြင်းလုပ်ငန်းများနှင့် စစ်တောင်းမြစ် ရေစီးရေလာကောင်းမွန်
ဆင်သေချောင်းရေကြီးရေလျှံမှုလျော့ပါးရေး သောင်တူးလုပ်ငန်း၊ ရေကာတည်ဆောက်ခြင်းလုပ်ငန်းများနှင့် စစ်တောင်းမြစ် ရေစီးရေလာကောင်းမွန်စေရေး သောင်တူးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး မတ် ၂၁၊ ၂၀၂၆ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ ဆင်သေချောင်းရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတားအဝင် ရေလမ်းပိုင်းနေရာများအတွင်း သောင်တူးဖော်ခြင်း၊ အထောက်အကူပြု ရေကာများတည်ဆောက်ခြင်းလုပ်ငန်းများနှင့် စစ်တောင်းမြစ်ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ်လုပ်ငန်းခွင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုလုပ်ငန်းများ ဆောင်ရွက်နေမှုသည် ဆင်သေချောင်းတစ်လျှောက်နှင့် စစ်တောင်းမြစ်ကမ်းတစ်လျှောက် နေထိုင်ကြသောပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်ကြရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းပြီးစီးမှုများနှင့် ပတ်သက်၍ ရွေးချယ်ခန့်အပ် ထားသော အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) များအနေဖြင့် သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် QC ၏ စိစစ်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဌာန၏ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးသွားပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး အလေးထားစိစစ်ကြပ်မတ်သွားရန်လိုကြောင်း မှာကြားသည်။ ယခုကဲ့သို့ ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဆင်သေချောင်းတစ်လျှောက်နှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသော ပြည်သူများ၏ စိုက်ပျိုးမြေများ၊ ကျေးရွာများ၊ ရေတိုက်စားမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ရေစီးရေလာကောင်းမွန်မှန်ကန်ပြီး ကမ်းပြိုကမ်းစားမှုများ လျော့နည်းလာစေမည်ဖြစ်ကြောင်း သိရသည်။ NOM

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်လျက်ရှိသည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သ
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်လျက်ရှိသည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး မတ် ၂၁၊ ၂၀၂၆ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးသည် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးသန်းထွန်းဦး၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်လျက်ရှိသည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ လှည့်လည်ကြည့်ရှုစစ်ဆေး ကြည့်ရှုစစ်ဆေးစဉ် လွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်ရေးနှင့် သွားလာရေးကိစ္စရပ်များကို ဆွေးနွေးမေးမြန်းပြီး လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုသည့် အဆောင်များ၊ ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ လွှတ်တော်ကိုယ်စားလှယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

🇮🇷 အီရန်နိုင်ငံအားပြုလုပ်နေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စဉ်းစားနေကြောင်း ထရမ့်က ပြောကြားခဲ့သော်လည်း သူ၏ မူလစစ်ပွဲရည်မှန်းချက် အတော်များများမှာမူ အောင်မြင်ခြင်း မရှိသေးပေ။ - နယူးယောက်တိုင်းမ်စ် သတင်းဌာန NOM

တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ NOM မတ် ၂၂၊ ၂၀၂၆ တာခ
တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ NOM မတ် ၂၂၊ ၂၀၂၆ တာချီလိတ်မြို့တွင်ကား သုံးစီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများကို ယနေ့ဖမ်းဆီးရမိကြောင်းသိရသည်။ ယနေ့နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ်သုံးစီး ရပ်တန့်ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရှာဖွေရာ Toyota Fortuners အမျိုးအစားလိုင်စင်မဲ့ အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်အလုံး ၃၀ (ဆာလာအိတ် တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀ ပြား၊ Toyota Hilux Single Cub အမျိုးအစား (လိုင်းစင်မဲ့) ခဲရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံးဆာလာအိတ် တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၂၂ လုံး ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၈ သိန်းပြား (ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ NOM

အီရန်နှင့် အီရတ်ခုခံကာကွယ်ရေးတပ်ဖွဲ့များ​၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် နေတိုးတပ်များ အီရတ်မှ ဆုတ်ခွာ ဗီဒီယို- နေတိုး (NATO) ယာဉ်တန်း အီရတ်မှ ဂျော်ဒန်သို့ ဆုတ်ခွာ အီတလီနိုင်ငံသို့ အီရတ်ရှိ နေတိုးတပ်ဖွဲ့အားလုံး ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြ။ NOM

photo content