fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 456 مشترک است و جایگاه 15 930 را در دسته اخبار و رسانه‌ها و رتبه 10 092 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 456 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 03 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -217 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.15% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.81% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 891 بازدید دریافت می‌کند. در اولین روز معمولاً 848 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 04 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 456
مشترکین
-924 ساعت
-317 روز
-21730 روز
آرشیو پست ها
လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ (နတ်ရေကန်တောင်) ဇန် ၂၉ ရက် (ယနေ့)တွင် နတ်ရေကန်တောင်စခန်း၏ ပတ်လည် မီတာ ၈၀၀၀ အတွင်း ပိုက်စိပ်တ
+1
လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ (နတ်ရေကန်တောင်) ဇန် ၂၉ ရက် (ယနေ့)တွင် နတ်ရေကန်တောင်စခန်း၏ ပတ်လည် မီတာ ၈၀၀၀ အတွင်း ပိုက်စိပ်တိုက်နယ်မြေရှင်းလင်းရာ အကြမ်းဖက် AA သူပုန်အဖွဲ့၏ - (၁) လက်နက်မျိုးစုံ ၃ လက် - M-79 ဗုံးပစ်လောင်ချာ ၁ လက် - MA-1 သေနတ် ၂ လက် (၂) ကျည်အိမ် ၅ ခု၊ ကျည် ၂၂၀၀ ခန့် (၃) ဆက်သွယ်ရေးစက် ၁ လုံး (၄) အီနာဂါဗုံးသီး ၇ လုံး (၅) ကျည်ကာဦးထုပ် ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲသတင်းစုံ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း ဥပဒေကဲ့သ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၂/ ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ / ၂၀၂၆ ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) News Of Myanmar NOM

ဇန်နဝါရီလ၂၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်စီးပွား ရေးပညာရှင်ဂျက်ဖရီဆက်ချ်ကယူကရိန်းသမ္မတဇလင်စကီးသည်ယူကရိန်းပဋိပက္ခကို
+2
ဇန်နဝါရီလ၂၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်စီးပွား ရေးပညာရှင်ဂျက်ဖရီဆက်ချ်ကယူကရိန်းသမ္မတဇလင်စကီးသည်ယူကရိန်းပဋိပက္ခကိုစေ့စပ်ညှိနှိုင်းရန်ထက်ယူကရိန်းကိုဖျက်ဆီးရန်အားသန်သူဟုဝေဖန်လိုက်သည်။ ၂။ရုရှားမှဓါတ်ငွေ့ဝယ်ယူမှုလျော့ချပြီးအမေရိကန်ဓါတ်ငွေ့အပေါ်လက်ရှိမှီခိုနေသောဥရောပသမဂ္ဂအနေဖြင့်အမေရိကန်၏ဂရင်းလန်းအပေါ်သိမ်းပိုက်ရန်ခြိမ်းခြောက်မှုကြောင့်ဓါတ်ငွေ့ရောင်းချသူအသစ်ရှာရတော့မည်ဟုဥရောပသမဂ္ဂစွမ်းအင်အကြီးအကဲကပြောလိုက်သည်။ ၃။EUနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်EUနိုင်ငံခြားရေးအကြီးအကဲကာဂျာကားလက်စ်ကနေတိုးအပြင်ဘက်တွင်ဥရောပသမဂ္ဂ၂၃နိုင်ငံ၏ဥရောပစစ်တပ်ဖွဲ့စည်းရန်တိုက်တွန်းလိုက်သည်။(ဓါတ်ပုံ) ၄။တရုတ်သမ္မတရှီကျင်းဖျင်နှင့်ဗြိတိန်ဝန်ကြီးချုပ်စတာမာတို့ယနေ့ဘေဂျင်းတွင်တွေ့ဆုံသည်။(ဓါတ်ပုံ) ၅။မြောကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကထိုးစစ်သုံးလက်နက်များတိုးမြှင့်ထုတ်လုပ်မည်ဟုပြောလိုက်သည်။(ဓါတ်ပုံ)

News Of Myanmar (NOM) ကို Telegram အပြင် Viber နှင့် WhatsApp တို့တွင်လည်း Follow လုပ်ထားနိုင်ပါပြီ။ Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Repost from NOM.World News
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြီမိသားစုဝင် ၁၁ ဦးကို ကွပ်မျက်လိုက်ပြီလို
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြီမိသားစုဝင် ၁၁ ဦးကို ကွပ်မျက်လိုက်ပြီလို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကျားဖြန့်လို့ ခေါ်တဲ့ တရားမဝင်လုပ်ငန်းက ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၊ နယ်စပ်ဒေသတွေမှာ တော်တော်လေးကို ကျယ်ပြန့်စွာနဲ့ ရှိနေခဲ့တာပါ။ ကျားဖြန့်စင်တာတွေမှာ တရုတ်လူမျိုး အများအပြားအပါအဝင် နိုင်ငံခြားသားတွေက လူကုန်ကူးခံရပြီး အွန်လိုင်းကတဆင့် လူပေါင်းများစွာကို လိမ်လည်လှည့်ဖြားဖို့ အတင်းအဓမ္မခိုင်းစေခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘေဂျင်းက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ကာ ဖမ်းဆီးရမိထားတဲ့ ဩဇာကြီး မိသားစုတွေထဲက တခုဖြစ်တဲ့ မြီမိသားစုဝင်တွေကို ကွပ်မျက်လိုက်တာလည်း ဖြစ်ပါတယ်။ ကျဲ့ကျန်းပြည်နယ်၊ တရားရုံးတခုက အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး လူသတ်မှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ လိမ်လည်မှုနဲ့ လောင်းကစားရုံတွေ တည်ထောင်မှုတွေ ပါဝင်တဲ့ ရာဇဝတ်မှုအမျိုးမျိုးနဲ့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ News Of Myanmar NOM

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ် (၈-က) သို့ သွားရောက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၄)ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ငလျင်အပါအဝင် သဘာဝဘေး အန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား တက်ရောက် နေပြည်တော် ဇန်နဝါရီ ၂၉ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်လူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကိုယ်စားပြု လူငယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနား တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအား အလေးပြုပြီး “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှု မြှင့်တင်ခြင်း" Video Clip အား ပြသခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများသည် နောင်အချိန်တွင် နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးတည်ဆောက်နိုင်ကြမည့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းအမှန်ကို သိရှိရန် လိုသကဲ့သို့၊ ငြိမ်းချမ်းရေး၏တန်ဖိုးရှိမှုကို ငယ်စဉ်ဘဝကတည်းက သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ယနေ့လူငယ်များ၏ အတွေးအခေါ်အမြင်သစ်များသည် ငြိမ်းချမ်းရေးခရီးလမ်းအတွက် အင်အားအသစ်တွေကို ဖြစ်စေမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပပေးတာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အလွှာပေါင်းစုံလူငယ်၏ ရင်ထဲကအသံတွေကို စုစုစည်းစည်း တစ်ပြိုင်တည်း မှတ်တမ်းတင်နိုင်ခဲ့သည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ ယခုလို လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို နေပြည်တော်ကိုယ်စားပြု တက်ရောက်ခဲ့သည့် လူငယ်တွေအနေဖြင့် ဖိုရမ်၏ ဆွေးနွေးမှုတွေ၊ နိုင်ငံအတွက် အနှစ်သာရရှိသော ရက်တွေကို ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ရခဲ့ပြီး ရရှိလာသည့် အတွေ့အကြုံတွေကို ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ လူငယ်တွေကို ထပ်ဆင့်မျှဝေပေးကြမှာဖြစ်ကြောင်း၊ လူငယ်ကိုယ်စားလှယ်တွေအနေနှင့်လည်း မိမိတိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို လူငယ်တွေ အနေအနေဖြင့် ဘယ်လိုပူးပေါင်းရမည်၊ ငြိမ်ချမ်းရေးအတွက် လူငယ်များသည် မဖြစ်မနေ ပါဝင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးတွင် လူငယ်တွေ ဘယ်လိုအချက်တွေကို ဖော်ထုတ်ခဲ့ကြသည့် စသည့် အတွေ့အကြုံကောင်းတွေကို ပြန်လည်မျှဝေလက်ဆင့်ကမ်းရာမှာ အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဟာတည်ငြိမ်အေးချမ်းပြီး နိုင်ငံဖွံ့ဖြိုးရန်အတွက် နောင်တချိန် တိုင်းပြည်၏တာဝန်ကို ပခုံပြောင်းလွှဲယူမည့် လူငယ်တွေအနေဖြင့် ငြိမ်းချမ်းရေးတန်ဖိုးကို ယခုကတည်းက သိရှိနားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်ကြီး ယခုထက် ပိုမိုအေးချမ်းသာယာသည့် နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်နိုင်ကြသည့် လူငယ်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုပေးအပ်ပြီး နေပြည်တော်လူငယ်ကိုယ်စားလှယ် (၁၀)ဦးက မိတ်ဆက်ကာ အုပ်စုလိုက် ဆွေးနွေးမှုမှတ်တမ်းအား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်တက်ရောက်လှုပ်ရှားမှု Video Clip အား ပြသပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ဆွေးနွေးသည့် ခေါင်းစဉ်အနှစ်ချုပ်အား တင်ပြကာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး “လူငယ်အားမာန် တိုင်းပြည်အဖိုးတန်”သီချင်းဖွင့်လှစ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များ
+3
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်

ရုရှား FSB က ဒါဂက်စတန်ပြည်နယ်တွင် အကြမ်းဖက်သမားများ​၏ ဗုံးဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်နေမှုကို ဟန့်တားနိုင်ခဲ့ပြီး အကြမ်းဖက်များကို ချေမှုန်းသုတ်သင်ခဲ့သည်။ တယ်လီဂရမ်ချန်နယ်မှတဆင့် လူသစ်စုဆောင်းခံရသောအစွန်းရောက်ဝါဒီများသည် ဘာသာရေးနေရာတစ်ခုနှင့် ရထားလမ်းတစ်ခုကို ဗုံးခွဲရန်စီစဉ်နေခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်သမားများကိုဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။ ဗီဒီယို- ရုရှား FSB News Of Myanmar NOM

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉၁၁) ဦးအတွက် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်း
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉၁၁) ဦးအတွက် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတိုကို အတည်ပြုပေး ဇန်နဝါရီ ၂၉၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ SKD စနစ်ဖြင့် လူသုံးကုန်လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၉,၅၃၇.၂၂၇ သန်း (ကျပ် ကိုးထောင်ငါးရာသုံးဆယ့်ခုနစ် ဒဿမ နှစ်နှစ်ခုနစ်သန်း) နှင့် အမေရိကန်ဒေါ်လာ ၀.၇၂၀ သန်း (အမေရိကန်ဒေါ်လာ သုညဒသဿမ ခုနစ်နှစ်သုညသန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉၁၁) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၂) ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မ
တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ NOM ဇန်နဝါရီ ၂၈၊ ၂၀၂၆ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၄ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်ခြောက်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ကျေးရွာအနီး၌ တရားမဝင်ကုန်ပစ္စည်းတင် လိုင်စင်မဲ့မော်တော် ယာဉ်နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၀၀၀၀၀)ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ် ရေဖြူကျေးရွာ၌ တရားမဝင်ကုန်ပစ္စည်းတင် လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ရပ်စောက်မြို့နယ် ရေဖြူကျေးရွာ၌ပင် မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ စားသောက်ကုန်ပစ္စည်း နှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၉၃၃၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် လိုင်စင်ရှိ Mitsubishi Fuso Truck တစ်စီး၊ Toyota Hiace နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၄၃၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၆ ရက်တွင် ဟင်္သာတမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၃ ဒသမ ၀၇၂ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၇၃၇၄၂၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုသိမ်မြို့နယ် အမှတ်(၅)ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၃၇၄၂၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။ အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ခရီးသည် ငါးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၇ မျိုး၊ လျှပ်စစ်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်၊ ၂၀ ရက်၊ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၉၇၂၀၄၂၄)ကို ဖမ်းဆီး ရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း များနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ယင်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသို့တက်ရောက် ဇန်နဝါရီ ၂၈၊ ၂၀၂၆ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသို့တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။ အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်မှ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဓိပတိဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြပြီး “Collective Wisdom, United Voice and Mutual Coexistence”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပြီး ဒုတိယဝန်ကြီးသည် ယင်းနေ့မွန်းလွဲပိုင်းတွင် International Buddhist Confederation မှ Director General Mr. Mohijit Halder နှင့် တွေ့ဆုံကာ ဗုဒ္ဓတရားတော်လာလူမှုယဉ်ကျေးမှုဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ဇန်နဝါရီ ၂၄ ရက်တွင် နယူးဒေလီမြို့ရှိ Bharat Mandapan အဆောက်အအုံ၌ ဒုတိယအကြိမ်မြောက် ဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာ International Buddhist Confederation ၏ Secretary General ဖြစ်သူ ဆရာတော် Shri Gajendra Khensur Rinpoche Jangchup Choeden က ဦးဆောင်ပြီး ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် အိန္ဒိယနိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Shri Gajendra Singh Shekhawat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ဂီတပညာရှင် Dr. Aditi Sharma Garg က အိန္ဒိယရိုးရာဗျပ်စောင်းကို တီးခတ်၍ ဓမ္မတေးဂီတဖြင့် ပူဇော်ခြင်း၊ အိန္ဒိယပါလီမန်ရေးရာနှင့် လူမျိုးစုရေးရာဝန်ကြီး H.E Mr. Shri Kiren Rijiju က အမှာစကားပြောကြားခြင်း၊ Ladakh ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ကျင်းပရာ ဒုတိယဝန်ကြီးက “Collective Wisdom and United Voice for Social Harmony” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးသည်။ ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သူများကို IBC မှ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ညီလာခံသို့တက်ရောက်လာသည့် ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ ကိုယ်စားပြုရဟန်းတော်များကိုလည်း ညီလာခံအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့သည်။ ပထမနေ့ ညီလာခံအပြီးတွင် ဒုတိယဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ညီလာခံအခမ်းအနား ခင်းကျင်းပြသမှုများကို ကြည့်ရှုအားပေးသည်။ ဇန်နဝါရီ ၂၅ ရက် ညီလာခံဒုတိယနေ့တွင် ဒုတိယဝန်ကြီးသည် စကားဝိုင်းများသို့ ဆက်လက်တက်ရောက်သည်။ အဆိုပါ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပါဝင်ဆွေးနွေးကြသည့် ဗုဒ္ဓဘာသာဆိုင်ရာညီလာခံတစ်ရပ်ဖြစ်ပြီး ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားစေရေးအတွက် အရေးပါသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်သည်။ ယင်းနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ နယူးဒေလီမြို့ Qila Rai Pithora Cultural Complex ရှိ မြတ်ဗုဒ္ဓ၏ မွန်မြတ်သော ဓာတ်တော် (Piprahwa Relics) အထူးပြပွဲသို့ သွားရောက်လေ့လာ ကြည်ညိုဖူးမြော်ကြရာ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနနှင့် Archaeological Survey of India (ASI) မှ တာဝန်ရှိသူများက လာရောက်ကြိုဆိုနှုတ်ဆက်ကာ လိုက်ပါရှင်းလင်းပြသကြပြီး အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

Repost from NOM
ဒေါ်နယ်ထရမ့်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် စဉ်းစားနေပြီး ဒီလိုလုပ်ဆောင်ခြင်း
ဒေါ်နယ်ထရမ့်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် စဉ်းစားနေပြီး ဒီလိုလုပ်ဆောင်ခြင်းဖြင့် အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ဆောင်ခဲ့သူတွေက အစိုးရ၊ လုံခြုံရေးအဆောက်အအုံတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အာရပ်နဲ့ ဥရောပအရာရှိတွေကတော့ ထရမ့်ရဲ့ အစီအစဉ်အပေါ်မှာ မယုံမကြည်ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု တခုတည်းလုပ်ရုံနဲ့ ဆူပူအကြမ်းဖက်ဆန္ဒပြပွဲတွေ ပြန်ဖြစ်ပွားလာဖို့ အားပေးနိုင်ရင်တောင် အီရန်အစိုးရကို ဖြုတ် ချဖို့အတွက် မလုံလောက်ဘူးလို့ ယုံကြည်နေကြပါတယ်။ News Of Myanmar NOM

ဂျီနိုဆိုက်ဆိုတာ ရာဇဝတ်မှုဆိုင်ရာပြစ်မှုတွေထဲက အဆိုးဝါးဆုံး ပြစ်မှုဆိုင်ရာ တစ်ခုပါ။ Defination ထဲမှာကိုက မျိုးနွယ်စု တစ်ခုကို လူ့အခွင့်အရေးရှုထောင့်အရ ရပ်တည်ခွင့်မပေးချင်လို့ သတ်ဖြတ်တာပါဆိုပြီး အဓိပ္ပာယ်ဖွင့်ထားလေတော့ ခေါင်းစဉ်ကလည်း ကြီးသလို အဓိပ္ပာယ်အရလည်း သက်ရောက်မှု အများကြီး ရှိ‌ နေတာ တွေ့ရပါလိမ့်မယ်။ တကယ်လို့သာ ICJ က ARSA တိုက်လို့ ဒီပဋိပက္ခ ဖြစ်စဉ် ပေါ်ပေါက်လာတဲ့ ကွင်းဆက်ကို လစ်လျူရှုပြီး တပ်မတော်ရဲ့ Action ကိုပဲ OIC မျက်နှာကြည့်ပြီး ဆုံးဖြတ်ခဲ့ရင် နိုင်ငံအတွက် ထိခိုက်စရာ အများကြီးဆိုတာ ကြိုတွေးထားရပါ့မယ်။ တကယ်တော့ ကိုယ်တွေနိုင်ငံရဲ့ မီဒီယာ ကဏ္ဍဟာ နိုင်ငံတကာကို ထိုးမပေါက်တာလည်း အဓိက ပြဿနာ တစ်ခုပါပဲ။ နိုင်ငံတကာမှာကြတော့ ဘင်္ဂလီအရေးမှာ မွတ်စလင်လူမျိုးကို ဗုဒ္ဓဘာသာ တိုင်းပြည်က ဖိနှိပ်သတ်ဖြတ်လက်မခံပါဘူးဆိုတဲ့ မက်ဆေခ်ျ့မျိုးကို ဖြန့်ထားတာက အဓိက အကြောင်းတရား တစ်ခုပါ။ ဒါ့ကြောင့်လည်း ICJ ရဲ့ စွပ်စွဲချက်ထဲမှာ သီတဂူ ဆရာတော်ကြီးတို့ရဲ့ Video တွေ ကုဒ်လုပ်လာတာလည်း‌ တွေ့ရမှာပေါ့။ ဒါ့ကြောင့်လည်း မွတ်စလင်နိုင်ငံတွေက ဘင်တွေရဲ့ ခိုးဝင် history ကို မေ့ထားပြီး ဘာသာရေးအရ ပူးကပ်ကာကွယ် တုန့်ပြန်နေကြတာလည်း ဖြစ်တယ်ပေါ့။ ပိုဆိုးတာက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခအပြင် နိုင်ငံရေး တည်ငြိမ်မှုပါ ကင်းမဲ့နေတဲ့ ဒီနိုင်ငံဟာ ကိုယ်ကျိုးစီးပွားတွေအရ တချိန်တုန်းက we stand with You လုပ်ခဲ့ကြပြီး သည်ဟိဒ်အထိ နိုင်ငံတော်စရိတ်နဲ့ သွားခဲ့ကြသူတွေ တောင် ခုချိန် နိုင်ငံတော်နဲ့ ရင်ဘက်ခြင်း မကပ်နိုင်ကြတော့ပါဘူး။ ရှင်းရှင်းပြောရရင် ငါတို့ NUG သာ အစိုးရဖြစ်ရင် ၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို ပြင်ပေးပြီး ဘင်တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးမယ်ဆိုတဲ့အထိ ကတိကဝတ်တွေ ရှိထားခဲ့ကြပုံပါ။ ဒါ့ကြောင့်လည်း ဘင်္ဂလီလိုလူမျိုးကို ငွေရေးကြေးရေးအရ အသုံးချနိုင်ဖို့ NUG မှာ ဒုဝန်ကြီး ရာထူးအထိ ပေးထားနိုင်ခဲ့တာ တွေ့နိုင်တာပဲ မဟုတ်လား။ အဓိကပြောလိုတာက ICJ ဟာ Action တစ်ခုခုတော့ လာမယ့် အငွေ့အသက်တွေ မြင်နေရတယ်။ လျှော်ကြေး ပေးရမယ်ဆိုတဲ့ အချက်ကို လက်ခံရင်တောင် ဂျီနိုဆိုက် ဆိုတဲ့ ပြစ်မှုကို ကျူးလွန်ကြောင်း ဝန်ခံသလို ဖြစ်သွားလိမ့်မယ်။ နောက်ကွယ်မှာ နိုင်ငံသားဖြစ်ခွင့်တောင်းနေတာရော၊ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့အထိ ထောင်ချောက်တွေ ဆင်ထားတာလည်း အများကြီးပဲ။ ဒီတော့ အစိုးရအနေနဲ့ ICJ မှာ ရှင်းတာကလည်း တကြောင်းသပ်သပ်ပါ။ ဒါပေမယ့် အနာဂတ်မှာ ဘင်နဲ့ ပတ်သက်လာရင် ထိန်းချုပ်စီမံနိုင်မယ့် အစီအမံနဲ့ နိုင်ငံတော်အဆင့် ပြတ်သားတဲ့ Statement တွေ ကြိုပြင်ထားရမယ့် ပုံပါပဲ။ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ICJ က ချမှတ် ပြောင်းလဲ ချင်နေတာဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ တရားဥပဒေစီရင်ထုံးကို ကျော်လွန် ဖောက်ဖျက်ရာ ကျမနေဘူးလား။ သေချာတာကတော့ ဘင်နဲ့ပတ်သက်ရင်.....ပူပူနွေးနွေး မူးယစ်ဆေးဝါး အကြမ်းဖက်နှိမ်နင်းရေးလိုမျိုး နိုင်ငံတော်အဆင့် ဘာဆက်လုပ်မယ် ဆိုတဲ့။ တိကျသေချာတဲ့ မူဝါဒမျိုးနိုင်ငံတကာကို ချပြပြီး ပြတ်ပြတ်သားသား လုပ်ပြတာကသာလျှင် အထိရောက်ဆုံး ဖြစ်မယ်ထင်ပါတယ်။ (နရီမိုး)

+1
💵📉"မဟုတ်ဘူး၊ ကျွန်တော်တို့ဒေါ်လာက အခြေအနေအရမ်းကောင်းတယ်” - ထရမ့် မှတ်ချက်။ ။ အဲဒီအချိန်မှာပဲ အမေရိကန်ဒေါ်လာက လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်အသစ်ကို ကျဆင်းသွားခဲ့တာ။ News Of Myanmar NOM

မုံရွာမြို့နယ်၊ ချမ်းမြဝတီရပ်ကွက်တွင် နေအိမ်၌ရှိနေသော တရားလွှတ်တော်ရှေ့နေတစ်ဦးကို PDF အကြမ်းဖက်သမားလေးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ချမ်းမြဝတီရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးနေဇော် (၄၂) နှစ်သည် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

Repost from NOM
စစ်တမ်းတွေမှာဆို ဒေါ်နယ်ထရမ့်က အမြဲတမ်းဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဒီတခါ သူ ဦးဆောင်လိုက်တာက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခြိမ်းခြေ
စစ်တမ်းတွေမှာဆို ဒေါ်နယ်ထရမ့်က အမြဲတမ်းဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဒီတခါ သူ ဦးဆောင်လိုက်တာက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခြိမ်းခြောက်နိုင်ဆုံးက ဘယ်သူလဲဆိုတဲ့ စစ်တမ်းမှာပါ။ စစ်တမ်းတွေရဲ့ ဖော်ပြချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ထရမ့် - ၄၁% ကင်ဂျုံအမ် - ၁၇% အလီခါမေနီ - ၈% ပူတင် - ၈% ရှီကျင့်ဖျင် - ၇% အနောက်အုပ်စုနဲ့ မဟာမိတ်တွေက အာဏာရှင်တွေလို့ သမုတ်ထားတဲ့ ခေါင်းဆောင်တွေထက် ဒီမိုကရေစီရဲ့ ဘိုးအေလို့ တင်စားနေတဲ့ နိုင်ငံကြီးရဲ့ သမ္မတက ငြိမ်းချမ်းရေးကို အခြိမ်းခြောက်ဆုံးသူ ဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ News Of Myanmar NOM

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ ဆောင်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ ဆောင်ရွက်နိုင်မည်

"မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားကို နိုင်ငံနှင့်ပြည်သူအတွက် မှန်ကန်စွာအသုံးချ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက MDY-PDF အဖွဲ့ဝင် အင်အား ၁၅၀ ခန့် လက်နက်ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။ နောက်ထပ်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိလျက်ရှိနေရာ အမြန်ဆုံးပြန်လည်ဝင်ရောက်ကြခြင်းအားဖြင့် တရားဥပဒေ၏ စိုးမိုးမှုအောက်တွင် ပုံမှန်ဘဝများဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ကို ယာယီစိုးမိုးနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက သာလွန်အင်အားများဖြင့် လူနေမြို့များ၊ ရွာများကို တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့လက်အောက်သို့ ကျရောက်ခဲ့ရသည့် မြို့ရွာဒေသများမှာ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်မှုဘာတစ်ခုမှရှိမလာသည့်အပြင် မြို့ကောရွာကောများ၊ မြို့ပျက်ရွာပျက်များအဖြစ် ရောက်ရှိသွားကြရသည်။ ဒေသခံပြည်သူများပိုင်ဆိုင်သည့် လူနေအိမ်ခြေအဆောက်အအုံများ ပျက်စီးကြရပြီး ဥစ္စာပစ္စည်းများလည်း ဆုံးရှုံးကြရသည်။ ထိုမျှမက လက်နက်ကိုင် အာဏာပြအနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှု၊ တရားမဲ့ပြုကျင့်မှုများစွာတို့ကိုလည်း ဒေသခံပြည်သူတို့ ကြုံတွေ့ခဲ့ရသည်။ အစောပိုင်းကာလတွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ ဝါဒဖြန့်ချိမှုများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော် ဝါဒမှိုင်းတိုက်မှုများကြောင့် ၎င်းတို့အား လက်ခံကြိုဆိုခဲ့ကြသည့် ဒေသခံအချို့သည်ပင်လျှင် အကြမ်းဖက်သောင်းကျန်းသူတို့နှင့် နဖူးတွေ့ဒူးတွေ့ တွေ့လာရသည့်အခါ အထင်နှင့်အမြင်တို့ လွဲချော်သွားသည်ကို သိခဲ့ကြရသည်။ တော်လှန်ရေးဟူ၍ အမည်ခံထားသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ကာလကြာရှည်လာသည်နှင့်အမျှ ၎င်းတို့၏ အပေါ်ယံမျက်နှာဖုံးများ ကွာကျလာကြသည်။ ၎င်းတို့အချင်းချင်းပင်လျှင် ဇာတ်တူသားစားကာ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အိမ်ထောင်ရှိသူ မရှောင်၊ အသက်မပြည့်သူအရွယ်၊ ကလေးငယ်အရွယ်မရှောင် အဓမ္မပြုကျင့်မှု၊ သစ်တောများနှင့် ရေနံ၊ ကျောက်မျက်၊ သတ္တုသယံဇာတများကို စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ ခိုးထုတ်မှု၊ လောဘဇောဖြင့် ကိုယ်ကျိုးရှာမှုစသည်ဖြင့် ၎င်းတို့အဖွဲ့အစည်းများအတွင်းမှာပင် ဖုံးမရဖိမရသည့် ပြဿနာများ တိုင်းသိပြည်သိ ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးခဲ့သည့် နေရာဒေသများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာသည့်အခါတွင် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။ စိတ်အားထက်သန်စွာ ထောက်ခံအားပေးခဲ့ကြပြီး ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ၎င်းတို့ပြုမူဆောင်ရွက်ခဲ့ကြသည့် မှားယွင်းသောလုပ်ရပ်များအပေါ် စိတ်ပျက်နောင်တရမှုများ၊ ၎င်းတို့အဖွဲ့များအတွင်း အထက်အောက်အဆင့်အတန်းခွဲခြားမှု၊ ဗိုလ်ကျနှိပ်စက်မှု၊ အဓမ္မကျူးလွန်မှု၊ ပင်ပန်းဆင်းရဲမှုများ၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာမှုများ စသည်တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာကြခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်သည်။ ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တို့တွင် ပြည်သူလူထု၏ တက်ကြွစွာပါဝင်မဲပေးမှုနှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ မကြာမီလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တို့ ပေါ်ပေါက်လာခြင်းနှင့်အတူ မိမိတို့နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြောင်းလဲလာလျက်ရှိသည့် အခြေအနေအရပ်ရပ်တို့အရ မိမိတို့၏နိုင်ငံသည် စိန်ခေါ်မှုများရှိသကဲ့သို့ အခွင့်အလမ်းကောင်းများလည်းရှိနေရာ နိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသား ပြည်သူအားလုံးပါဝင်သည့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရမည်ဖြစ်သကဲ့သို့ ပြည်တွင်းရန် ပြည်ပရန်များမှလည်း ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ရာ မိမိတို့၏ ကာယ၊ ဉာဏ စွမ်းပကားတို့ကို နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တန်ဖိုးရှိရှိ မှန်ကန်စွာအသုံးချသွားကြရပါမည့်အကြောင်း။