fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 428 مشترک است و جایگاه 15 927 را در دسته اخبار و رسانه‌ها و رتبه 10 104 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 428 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 06 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -221 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.42% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.20% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 922 بازدید دریافت می‌کند. در اولین روز معمولاً 771 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 07 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 428
مشترکین
-924 ساعت
-627 روز
-22130 روز
آرشیو پست ها
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ထားရှိသည့် “စည်သူ”ဘွဲ့ တံဆိပ်တော်များနှင့် အဆောင်အယောင်များကို လက်ရောက်ဆက်ကပ်လှူဒါန်း နေပြည်တော်၊ ဇန်နဝါရီ - ၁၉

💣 ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ဒေသအနီးရှိ ဆေးကြောင် AA အကြမ်းဖက်သူပုန်များအား မီးဖုတ်ခြင်း (19-1-2026)။ - တိုက်ပွဲသတင်းစုံ

AnimatedSticker.tgs0.19 KB

မိုင်းထောင်နေသည့် အကြမ်းဖက်သမားများအား ပစ်ခတ်ဖမ်းဆီး (မင်းဘူး) ဇန် ၁၈ ရက် မင်းဘူးမြို့နယ်၊ ဇီးအိုင်ရွာအနီး ပဒါန်း-မင်းဘူးသွား
မိုင်းထောင်နေသည့် အကြမ်းဖက်သမားများအား ပစ်ခတ်ဖမ်းဆီး (မင်းဘူး) ဇန် ၁၈ ရက် မင်းဘူးမြို့နယ်၊ ဇီးအိုင်ရွာအနီး ပဒါန်း-မင်းဘူးသွား ကားလမ်းပေါ်တွင် မိုင်းထောင်ရန် ပြင်ဆင်နေသည့် အကြမ်းဖက်အဖွဲ့အား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် ၄ လောင်း၊ မိုင်း ၂ လုံး၊ ကျည် ၁၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပါမည်) - တိုက်ပွဲသတင်းစုံ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၉၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာနေ ဦးမြင့်ငွေ (၇၀) နှစ်သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်၌ သားမက်ဖြစ်သူ ဦးငြိမ်းမောင်မောင် (၄၃) နှစ်၊ ယောက်ဖဖြစ်သူ ဦးမောင်ညွန့် (၅၁) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်လာပြီး ၎င်းတို့သုံးဦးအား ဦးမြင့်ငွေပိုင် မော်တော်ယာဉ်တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အလောင်း/လက်နက်များ သိမ်းဆည်းရရှိ (လမိုင်း) ဇန် ၁၈ ရက် ညနေပိုင်းအချိန်က လမိုင်းမြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ အကွာ အောင်သပြေရွာအန
အလောင်း/လက်နက်များ သိမ်းဆည်းရရှိ (လမိုင်း) ဇန် ၁၈ ရက် ညနေပိုင်းအချိန်က လမိုင်းမြို့၏ မြောက်ဘက် မီတာ ၁၄၀၀၀ အကွာ အောင်သပြေရွာအနီးတွင် နယ်မြေရှင်း စစ်ကြောင်းနှင့် အကြမ်းဖက် KNLA ၂၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ - (၁) အကြမ်းဖက် KNLA ၄ လောင်း (၂) M-22 သေနတ် ၁ လက် (၃) ကျည်အိမ် ၂ ခု၊ ကျည် ၁၅၀ တောင့် (၄) လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ ပုံများ ထပ်မံဖော်ပြပါမည်။ - တိုက်ပွဲသတင်းစုံ

ရန်သူ့စခန်းအား သိမ်းပိုက်ရရှိ (ကမမောင်း) ဇန် ၁၈ ရက်နေ့က ကမမောင်းဒေသ၊ ဝါးဒူရွာအနီးရှိ ရန်သူ့စခန်းကုန်းနေရာအား လက်နက်ကြီးပစ်ကူယ
ရန်သူ့စခန်းအား သိမ်းပိုက်ရရှိ (ကမမောင်း) ဇန် ၁၈ ရက်နေ့က ကမမောင်းဒေသ၊ ဝါးဒူရွာအနီးရှိ ရန်သူ့စခန်းကုန်းနေရာအား လက်နက်ကြီးပစ်ကူယူ၍ ဝင်ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီချိန်တွင် ရန်သူ့စခန်းအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံး၍ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ရန်သူ့ထံမှ - (၁) အကြမ်းဖက် KNLA/PDF ၄ လောင်း (၂) လက်နက်မျိုးစုံ ၂ လက် - M-16 သေနတ် ၁ လက် - AK-47 သေနတ် ၁ လက် (၃) ကျည်အိမ် ၂ ခု (၄) ရှေ့ထွက်မိုင်း ၅ လုံး (၅) ပစ်ကျင်း ၁၇ ကျင်း (၆) ဘန်ကာ ၁၅ လုံး (၇) တဲ ၄ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ ပုံများ ထပ်မံဖော်ပြပါမည်။ - တိုက်ပွဲသတင်းစုံ

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၄၅ ဦး မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် NOM ဇန်နဝါရီ ၁၉၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား၁၇ ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဦးနှင့် မာဒါဂတ်စကာနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၄၅ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေ ရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှု ရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံ၊ Office Of The Police Attache မှ Police Colonel Mr. Neftaly Adia Donato နှင့် တာဝန်ရှိသူများ၊ မာဒါဂက်စ်ကာနိုင်ငံသံရုံးမှကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ   သံရုံးကိုယ်စားလှယ်  Ms. Kritiya Jantanamalaka နှင့်တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၁၅၁ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၂၁၅၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၉၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

photo content
+5

ချောက်မြို့နယ်တွင် သစ်တောဦးစီးဌာနကစိုက်ပျိုးထားသည့် သစ်ပင်များအား ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရဝန်ထမ်းလေးဦးနှင့် အရပ်သားပြည်သူရှစ်ဦးကို PDF အကြမ်းဖက်သမားခုနှစ်ဦးခန့်က မော်တော်ယာဉ်နှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီလ ၁၉၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်နေ ချောက်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလင်းထွန်း (၅၀) နှစ်၊ တောခေါင်း ဦးတင်ထွန်း (၅၉) နှစ်၊ တောကြပ် ဦးအာကာဖြိုး (၂၃) နှစ်နှင့် တောကြပ် ဦးဇော်ပိုင်ဖြိုး (၂၂) နှစ်တို့သည် ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ အလုပ်သမားများဖြစ်သော တောင်နောက် ကျေးရွာနေသူများဖြစ်သည့် ဦးအောင်မျိုးနိုင် (၄၅) နှစ်၊ ဦးဇော်ဝင်းဦး (၄၆) နှစ်၊ ဦးစိုးနိုင် (၅၂) နှစ်၊ ဦးကျော်ဟိန်း (၅၀) နှစ်၊ ဦးစိုးလင်း (၃၅) နှစ်၊ ဦးဌေးဌေး (၅၁) နှစ်၊ ဦးနန်းမြင့်အောင် (၄၄) နှစ်၊ ဦးကံဆယ် (၅၅) နှစ်တို့နှင့်အတူ ဆင်ကကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ချောက်-ဂွေးချို သွားလမ်းဘေး၌ သစ်တောဦးစီးဌာန၏ လမ်းဘေး ဝဲ/ယာစိုက်ပျိုးထားသည့် သစ်ပင်များအား ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးခန့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ၎င်းတို့ ၁၂ ဦးအား သစ်တောဦးစီးဌာနပိုင် မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အလောင်း/လက်နက်များ ရရှိ (ဝန်းသို) ဇန် ၁၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်၊ တောင်မော်ရွာအနီး နယ်မြေရှင်း စစ်ကြောင်းနှင့် အကြ
အလောင်း/လက်နက်များ ရရှိ (ဝန်းသို) ဇန် ၁၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်၊ တောင်မော်ရွာအနီး နယ်မြေရှင်း စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၃၀ ဦးခန့်တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ - (၁) အကြမ်းဖက် PDF ၁၁ လောင်း (၂) လက်နက်မျိုးစုံ ၇ လက် - MA-1 သေနတ် ၂ လက် - MA-3 သေနတ် ၁ လက် - Type-81 သေနတ် ၄ လက် (၃) ကျည်မျိုးစုံ ၄၀၀ ခန့် (၄) ကျည်အိမ် ၁၆ ခု တို့အား သိမ်းပိုက်ရရှိခဲ့သည်။ - (ပုံများ ထပ်မံဖော်ပြပါမည်) - တိုက်ပွဲသတင်းစုံ

ကောလင်းနဲ့ ဝန်းသိုက PDF/ပကဖအကြမ်းဖက်တွေ သေကြပြန်ပြီ...ပြီးခဲ့တဲ့ရက်က ကောလင်းမြို့နယ်၊ အလယ်ခုံကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွ
ကောလင်းနဲ့ ဝန်းသိုက PDF/ပကဖအကြမ်းဖက်တွေ သေကြပြန်ပြီ...ပြီးခဲ့တဲ့ရက်က ကောလင်းမြို့နယ်၊ အလယ်ခုံကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း တပ်မတော်ရဲ့ ချေမှုန်းမှုကြောင့် ကောလင်းနဲ့ ဝန်းသိုက PDF/ပကဖအကြမ်းဖက် ၉ ကောင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်...

ပထမအကြိမ် သည်ဟိတ်မှာ လျှောက်လဲချက်ပေးတော့ ဒေါ်စု ကိုယ်တိုင် ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂလီလူမျိုး ဆိုတာမျိုး မပြောနိုင်ခဲ့တာက နေ
ပထမအကြိမ် သည်ဟိတ်မှာ လျှောက်လဲချက်ပေးတော့ ဒေါ်စု ကိုယ်တိုင် ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂလီလူမျိုး ဆိုတာမျိုး မပြောနိုင်ခဲ့တာက နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ စဉ်းစားချင်စရာ ကောင်းပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ၊ မြစ်ပဲ ခြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သန်းကောင်စာရင်းမှာ ( ဘာသာတူ၊ ပြောစကား တူ၊ ရုပ်သွင်ပြင် လက္ခဏာ တူတာတောင်) ရိုဟင်ဂျာလူမျိုး မရှိနေတဲ့ အချက်က ပိုပြီး ထူးဆန်း မနေဘူးလား။ ဒါတောင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က မရှိတာကို မရှိကြောင်း မပြောခဲ့ဘဲ "ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်စလင် လူမျိုး" လို့ပဲ သုံးနှုန်းခဲ့တာပါ။ ကိုယ်တွေးကြည့်တာပါ။ ၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို ပြင်နိုင်ဖို့ ၊ ဂမ်ဘီယာ ခင်းလာတဲ့ နိုင်ငံရေးထောင်ခြောက်ဟာ စစ်တပ်ကို တရားစွဲဖို့ ဆိုတာထက် ဒီနယ်မြေမှာ ဒီလူမျိုးစုကို လူမျိုးတုံး သတ်ဖြတ်ကြောင်း စီရင်နိုင်ရင် နိုင်ငံတကာနဲ့ ဥပဒေ အကာအကွယ် သေချာပေါက် ရောက်လာတော့မှာပါ။ ဆိုတော့....၁၉၄၅ မတိုင်ခင် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ၊ ၁၉၅၀ ကာလ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေမှာတောင် ရခိုင်ရွာပေါင်း ၂၀၀ လောက် ပျောက်ခဲ့ကြရသလို လက်ရှိ လူနည်းစု ပါလို့ ပြောပြီး နိုင်ငံသားဖြစ်ခွင့် ကြိုးစားနေသူတွေက မူလတိုင်းရင်းသားဖြစ်တဲ့ မြို၊ သက် တို့ထက် အင်အား အရ ‌ထောင်ချီ ကွာနေပါပြီ။ ဒါ့ကြောင့်လည်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်မှာ ဘယ်လူမျိုးစု အများဆုံး ရာခိုင်နှုန်း ဖြစ်နေပြီလဲ ဆိုတာ တချက် ပြန်တွက်ကြည့်ကြပေါ့။ သေချာတာကတော့ ဒီအမှုဟာ ရှုံးလို့ မဖြစ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ဥပဒေကြောင်းအရ နိုင်ခဲ့ရင်တောင် တအိမ်တည်းမှာ လူ ၇၀ လောက်နေကြတဲ့ ဒီမျိုးနွယ်တွေရဲ့ ဘေးအန္တရာယ်ကို ကာကွယ်ဖို့ နိုင်ငံတော်အဆင့် အစီအမံတွေ လုပ်ကြရပါတော့မယ်။ (နရီမိုး)

ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကတတိယအကြိမ် ထောက်ပံ့ NOM၊ဇန်နဝါရ
ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကတတိယအကြိမ် ထောက်ပံ့ NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကဇန်နဝါရီ ၁၇ရက်နှင့်၁၈ရက်တို့တွင်တတိယ အကြိမ် ထောက်ပံ့ငွေများ ပေအပ်ခဲ့သည့်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်ရှိ ညောင်ဝန်း၊ မိုင်းသောက် သလဲဦးအင်း၊ အိုင်ထောင့်ကြီး၊ သားလေး၊ မင်းချောင်း နှင့် ကျေးစားရွာတို့မှအိမ်ထောင်စု၆၀၉စုအတွက် အိမ်ထောင်စု တစ်စုလျင် ငွေသားကျပ်(၄)သိန်းနှုန်းဖြင့် သိန်း (၂,၄၃၆) ကျပ်ကို အိမ်ထောင်စုများ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၁) သင်တန်းဖွင့်ပွဲကျင်းပ။
+4
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၁) သင်တန်းဖွင့်ပွဲကျင်းပ။

ဇန်နဝါရီ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ်၊ မအူပင်ကျေးရွာရှိ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပ
+3
ဇန်နဝါရီ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ်၊ မအူပင်ကျေးရွာရှိ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းစခန်းကို တပ်မတော်က ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ၁၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂရင်းလန်းကျွန်းသို့စေလွှတ်ထားသောဂျာမန်တပ်ဖွဲ့များသည်ကျွန်းတွင်တစ်ရက်သာ နေပြီး အစို
+1
ဇန်နဝါရီလ၁၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂရင်းလန်းကျွန်းသို့စေလွှတ်ထားသောဂျာမန်တပ်ဖွဲ့များသည်ကျွန်းတွင်တစ်ရက်သာ နေပြီး အစိုးရကအရေးပေါ်ပြန်ခေါ်သဖြင့်ပြန်လည်ထွက်ခွါသွားသည်။(ဓာတ်ပုံ) ၂။ဆီးရီးယားအစိုးရတပ်များကရက်ကါမြို့ကိုသိမ်းပိုက်ပြီးနောက်ဒီမိုကရက်တစ်ဆီးရီးယားသူပုန်များကဖမ်းဆီးထားသည့် ISISအကြမ်းဖက် သမားအားလုံးကိုထောင်မှလွှတ်ပေးလိုက်သည်။(ဗီဒီယို) ၃။ပိုလန်ဝန်ကြီးချုပ်ကနေတိုးတပ်ဖွဲ့၏အရင်းအမြစ်၈၀%မှာဥရောပသမဂ္ဂထံမှမဟုတ်ပဲအမေရိကန်၊တူရကီ၊ကနေဒါ၊ဗြိတိန်နှင့်ပိုလန်တို့မှဖြစ်ကြောင်းပြောလိုက်သည်။ ၄။ဥရောပသမဂ္ဂသည်အမေရိကန်ကုန်ပစ္စည်း တန်ဖိုး၉၃ဘီလီယံပေါ်တွင်အကေါက်ခွန်တိုးမြှင့်ကေါက်ခံရန်စီစဉ်လျက်ရှိသည်။ ၅။တရုတ်နိုင်ငံ၏လူဦးရေသည် လေးနှစ်ဆက်တိုက်ကျဆင်းလျက်ရှိရာ၂၀၂၅ခုနှစ်ကုန်တွင် ၃.၃၉သန်းလေိာ့ပြီးစုစု ပေါင်းလူဦးရေ ၁.၄၀၅ဘီလီယံသာရှိကြောင်းအစိုးရကကြေညာသည်။

တောကျွဲအင်းကိုလာတိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေကို တပခ တိုင်းမှူးအသစ်မှ ကောင်းကောင်းသမပေးလိုက်ပြီ.. မှိုင်းဝေ
+3
တောကျွဲအင်းကိုလာတိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေကို တပခ တိုင်းမှူးအသစ်မှ ကောင်းကောင်းသမပေးလိုက်ပြီ.. မှိုင်းဝေ

လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင်မြန်မာနိုင်ငံမှရန်ကုန် မြို့ပါဝင် NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့
လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင်မြန်မာနိုင်ငံမှရန်ကုန် မြို့ပါဝင် NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှရန်ကုန်မြို့ပါဝင်နေ ကြောင်း World Air Quality Index (AQI) က ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက် ၁၁ နာရီတွင် ထုတ်ပြန် ထားကြောင်းသိရသည်။ ရန်ကုန်မြို့၏လေထုညစ်ညမ်းမှုအခြေအနေမှာ ယနေ့(ဇန်နဝါရီ ၁၉ ရက်) တွင် ကမ္ဘာ့နိုင်ငံ ၁၂၆ နိုင်ငံ အနက် အဆင့်(၁၀) ၊ညွှန်းကိန်း အဆင့်(၁၇၂) တွင်ရှိနေကြောင်း၊ နိုင်ငံတကာလေထုအရည်အသွေး ညွှန်းကိန်း(Air Quality Index - AQI) အဆင့်အရ ညွှန်းကိန်းအဆင့်(၁၅၁ မှ ၂၀၀) ကြားသည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။ လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာကြုံတွေ့ရလျှင် အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများကိုခံစားရနိုင်သကဲ့သို့ အသည်းနှင့် ပန်ကရိယ ကိုထိခိုက်နိုင်ပြီး အာရုံကြော စနစ်ကိုပါထိခိုက်စေနိုင်ကြောင်း သက်ဆိုင်ရာဆရာဝန်များက အသိပေး ပြောဆိုထားသည်။

ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအ တွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တ တိ ယအကြိမ် ထောက်ပံ့ NOM၊ဇန်န
ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင် ကြောင့် ထိခိုက်ခံစားသူများအ တွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း တ တိ ယအကြိမ် ထောက်ပံ့ NOM၊ဇန်နဝါရီ၁၉၊၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကဇန်နဝါရီ ၁၇ရက်နှင့်၁၈ရက်တို့တွင်တတိယ အကြိမ် ထောက်ပံ့ငွေများ ပေအပ်ခဲ့သည့်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြီးခဲ့သည့် မတ်လအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်ရှိ ညောင်ဝန်း၊ မိုင်းသောက်၊ သလဲဦးအင်း၊ အိုင်ထောင့်ကြီး၊ သားလေး၊ မင်းချောင်း နှင့် ကျေးစားရွာတို့မှအိမ်ထောင်စု(၆၀၉)စုအတွက် အိမ်ထောင်စု တစ်စုလျင် ငွေသားကျပ်(၄)သိန်းနှုန်းဖြင့် သိန်း (၂,၄၃၆) ကျပ်ကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။