fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 402 مشترک است و جایگاه 15 937 را در دسته اخبار و رسانه‌ها و رتبه 10 119 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 402 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -199 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 8.26% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.89% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 024 بازدید دریافت می‌کند. در اولین روز معمولاً 731 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 402
مشترکین
-824 ساعت
-577 روز
-19930 روز
آرشیو پست ها
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ
တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်၌ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင် (ဝမ်မိုင်)ရှိ လေးဒေ (၁၉) နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လီလှ (၁၉) နှစ်၊ ကောင်းကိုင်ကျေးရွာ၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နယ်နှင့် ငြိမ်းချမ်း (၁၇) နှစ် အားဖော်ကျေးရွာ၊ နားယောင်းကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်နေသူတို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၄၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် လေးဒေ၊ လီလှနှင့် ငြိမ်းချမ်း တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

Repost from News Of Myanmar
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သာ
+1
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်နေ ဦးချစ်ကိုကို (၅၇) နှစ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်က လက်နက်ငယ်များကိုင်ဆောင်လျက် MARK II အမျိုးအစားအဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းအရ ဖမ်းဆီးခံရသူအားပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ လယ်တီရပ်ကွက်၊ ကန်သာယာဈေး၏အရှေ့ဘက် ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်အားတွေ့ရှိရသဖြင့် ပိတ်ဆို့ဖမ်းဆီးစဉ်အကြမ်းဖက်သမားလေးဦးမှာ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဖမ်းဆီးခံရသူ ဦးချစ်ကိုကိုအား ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၎င်းယာဉ်ပေါ်မှ AK-47 ကျည်ဘောက် ၁ ခု၊ MA-3 ကျည်ဘောက် ၂ ခု၊ ၇.၆၂×၃၉ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၃၁ တောင့်၊  လက်ကိုင်ဖုန်း ၁ လုံး တို့အားသိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ တိမ်းရှောင်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းအကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ လယ်တီရပ်ကွက်ရှိ စမ်းမြရောင်ခြည်ဘုန်းကြီးကျောင်းအတွင်းမှ AK-47 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ MA-3 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၇.၆၂×၃၉ ကျည် ၂၈ တောင့်၊ ၅.၅၆ ကျည်၂၄ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

လွိုင်လင်၊ ပင်လောင်း၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပို
+3
လွိုင်လင်၊ ပင်လောင်း၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်၊ ပင်လောင်း၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဘိန်းစိုက်ခင်း ၂၄၂ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ကျူနိမ့်ကျေးရွာ၏အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၀ ဧကခန့်၊ အရှေ့ဘက် ၄ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧကခန့်နှင့်အရှေ့တောင် ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧကခန့်တို့အားလည်းကောင်း။ အလားတူ နံနက် ၇ နာရီအချိန်မှ မွန်းလွဲ ၂ နာရီခွဲအချိန်ထိ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က တောင်ပါခါး (ခ) မီလန်းကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧကခန့်နှင့် မြောက်ပါခါး (ခ)မီလန်းကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၃ ဧကခန့်တို့အား လည်းကောင်း။ အလားတူ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီအချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပြင်သာကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၈ ဧကခန့်နှင့် အရှေ့ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ခန့်တို့အားလည်းကောင်း။ အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ နောင်စုံကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား လည်းကောင်း။ ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ထီတလီးကျေးရွာ၏အနောက်ဘက် ၆ ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၇ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သာ
+1
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများ ဖမ်းဆီးသွားခဲ့သည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိ NOM ဒီဇင်ဘာ ၂၃၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်နေ ဦးချစ်ကိုကို (၅၇) နှစ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နဋရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးခန့်က လက်နက်ငယ်များ ကိုင်ဆောင်လျက် MARK II အမျိုးအစားအဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းအရ ဖမ်းဆီးခံရသူအားပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ လယ်တီရပ်ကွက်၊ ကန်သာယာဈေး၏အရှေ့ဘက် ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်အားတွေ့ရှိရသဖြင့် ပိတ်ဆို့ဖမ်းဆီးစဉ်အကြမ်းဖက်သမားလေးဦးမှာ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဖမ်းဆီးခံရသူ ဦးချစ်ကိုကိုအား ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၎င်းယာဉ်ပေါ်မှ AK-47 ကျည်ဘောက် ၁ ခု၊ MA-3 ကျည်ဘောက် ၂ ခု၊ ၇.၆၂×၃၉ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၃၁ တောင့်၊  လက်ကိုင်ဖုန်း ၁ လုံး တို့အားသိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်အချိန်၌ တိမ်းရှောင်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းအကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ လယ်တီရပ်ကွက်ရှိ စမ်းမြရောင်ခြည်ဘုန်းကြီးကျောင်းအတွင်းမှ AK-47 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ MA-3 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၇.၆၂×၃၉ ကျည် ၂၈ တောင့်၊ ၅.၅၆ ကျည်၂၄ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ဂျော်ဂျီယာနိုင်ငံ၏ ပြည် တွင်းလုံခြုံရေးဌာနအကြီးအကဲ ဟောင်းကို လာဘ်စားမှုဖြင့် ဖမ်းဆီး NOM ေဂျာ်ဂျီယာနိုင်ငံပြည်တွင်းလုံခြုံရေး
ဂျော်ဂျီယာနိုင်ငံ၏ ပြည် တွင်းလုံခြုံရေးဌာနအကြီးအကဲ ဟောင်းကို လာဘ်စားမှုဖြင့် ဖမ်းဆီး NOM ေဂျာ်ဂျီယာနိုင်ငံပြည်တွင်းလုံခြုံရေးဌာနအကြီးအကဲ ဟောင်းကိုတူရကီရင်းနှီးမြှုပ်နှံသူတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၁ သန်း လက်ခံရရှိခဲ့ပြီး ဂျော်ဂျီယာစီးပွားရေးသမားတစ်ဦးထံမှလည်း ၁.၅ သန်းခန့် လက်ခံခဲ့သည်ဟု ဆိုကာဖမ်းဆီးလိုက်သည်။ ထို့အပြင် အတိုက်အခံပါတီ ၏ဖုန်းခေါ်ဆိုမှုစင်တာများကို ကာကွယ်ပေးခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၁.၃ သန်း လာဘ်ခံခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ရမည်းသင်းတွင် ကားနှင့် ဆိုင်ကယ်ကတိုက်မိ အမျိုးသားတစ် ဦးနှင့် အမျိုးသမီး တစ် ဦးသေဆုံး NOM၊ဒီဇင်ဘာ ၂၃၊၂၀၂၅ မန္တလေးတိုင်း‌ဒေသကြီ
ရမည်းသင်းတွင် ကားနှင့် ဆိုင်ကယ်ကတိုက်မိ အမျိုးသားတစ် ဦးနှင့် အမျိုးသမီး တစ် ဦးသေဆုံး NOM၊ဒီဇင်ဘာ ၂၃၊၂၀၂၅ မန္တလေးတိုင်း‌ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်း ကြက်ရှာလမ်းခွဲ အလှူခံဌာနရှေ့တွင်ဒီဇင်ဘာ ၂၁ ရက် ညနေ ၄း၁၀ နာရီ ခန့်ကကားနှင့်ဆိုင်ကယ်တိုက်မိရာအမျိုးသားတစ် ဦးနှင့် အမျိုး သမီး တစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ အလှူငွေထည့်ရန် ရပ်သည့်ကားကို နောက်က ဆိုင်ကယ်မှဝင်တိုက်ခဲ့ရာ ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားနှင့် အမျိုးသမီးတို့ သေဆုံးသွားခဲ့ပြီး ကားအတွင်းမှယာဉ် မောင်း လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါမတော်တဆမှုကြောင့် မော်တော်ကားနောက်ပိုင်းလည်း မီး လောင်ခဲ့ပြီး ဆိုင်ကယ် မီးလောင်ခဲ့၍သေဆုံးသူများသည်ရမည်းသင်းမြို့ ရွာတန်းအုတ်ဖိုရွာမှ ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို ဒီဇင်ဘာ၂၃၊၂၀၂၅
မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို ဒီဇင်ဘာ၂၃၊၂၀၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ‌ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး ဒီဇင်ဘာလ ၂၃၊ ၂၀၂၅ ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ယနေ့ မွန်းလွဲပိုင်းက ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်၍ ကြေညာခြင်းမပြုမီ မိုင်းဆတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် စိစစ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် MEVM စက်များထားရှိရာ နယ်မြေခံတပ်နယ်ရှိ ဘုရင့်နောင်ခန်းမတွင် မဲပေးစက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့များနှင့် MEVM ဆိုင်ရာနည်းပညာထောက်အကူပြုအဖွဲ့များအား တွေ့ဆုံပြီး MEVM စက်များ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ခွဲဝေထားရှိမှုနှင့် ဘတ်ထရီများ အားသွင်းထားရှိမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြား သည်။ ဆက်လက်၍ မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက် နေရာချထားမှုပုံစံဖြင့် မဲရုံခင်းကျင်းထားရှိမှုများလိုက်လံကြည့်ရှုစစ်‌ဆေးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အသေးစိတ်လမ်းညွှန်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

photo content
+3

မြစ်ကြီးနား-မန္တလေးကွင်းလမ်းကို ပိတ်ကားများရာနှင့်ချီ ပိတ်မီပြီးသောင်တင်နေ NOM၊ဒီဇင်ဘာ၂၃၊၂၀ဝ၅ မြစ်ကြီးနား-မန္တလေးသွားသည့် ကွင
မြစ်ကြီးနား-မန္တလေးကွင်းလမ်းကို ပိတ်ကားများရာနှင့်ချီ  ပိတ်မီပြီးသောင်တင်နေ NOM၊ဒီဇင်ဘာ၂၃၊၂၀ဝ၅ မြစ်ကြီးနား-မန္တလေးသွားသည့် ကွင်းလမ်းကိုဒီဇင်ဘာ ၂၁ရက်နံနက်ပိုင်းက ကပိတ်လိုက်သည့်အတွက် မြစ်ကြီးနားနှင့်မန္တလေးမြို့များမှလာသည့်အတက်အဆင်းကားများရာနှင့်ချီပိက်နေကြောင်းကို မြစ်ကြီးနား-မန္တလေး ခရီးသည်တင်ကားလေးမောင်းသူတစ်ဦးကပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်က ရွှေဘိုနဲ့ ခင်ဦးတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး လမ်းမကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က ပိတ်ထားခဲ့သည့်အတွက် ကားများမှာကွင်းရှောင်လမ်းကို အသုံးပြုပြီးမောင်းနှင်ခဲ့ရာ ယခုကွင်းရှောင်လမ်းပါထပ်ပိတ်လိုက်သည့်အတွက်ကားများပိတ်မိနေကြောင်းသိရသည်။ မန္တလေး မြစ်ကြီးနားကားလမ်းပိတ်ထားချိန်တွင်ကုန်ကားနှင့်ခရီးသည်တင်ကားများသည် အင်းတော်မြို့ရှောင် ကွင်းလမ်းကို အဓိကထားအသုံးပြုသွားလာနေရ သော်လည်းယခုအခါကွင်းလမ်းပါပိတ်လိုက်သော ကြောင့် ခရီးသွားလာ သည့်ပြည်သူများပါ အခက်ခဲဖြစ်လာကြောင်းသိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အမြတ်ငွေကျပ် ၈ ဘီလီယံကျော်ရရှိ ဒီဇင်ဘာ ၂၃၊၂၀၂
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အမြတ်ငွေကျပ် ၈ ဘီလီယံကျော်ရရှိ ဒီဇင်ဘာ ၂၃၊၂၀၂၅ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)အနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် အမြတ်ငွေကျပ် ၈ဒသမ ၈၇၉ ဘီလီယံကျော် ရရှိခဲ့ ပြီး ရန်ကုန်တိုင်းဒေသကြီး၏အစိုးရအဖွဲ့၏အစုရှယ်ယာ ရင်းနှီးငွေကျပ် ၃၁ ဘီလီယံအနက် ငွေကျပ်သုံးဘီလီယံကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း YUPTဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။ ဒီဇင်ဘာ ၂၁ ရက်က အင်းယားလိတ်၌ ပြုလုပ်သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) ၏ အထူးအထွေထွေ အစည်းအဝေးနှင့် ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ YUPT ကုမ္ပဏီအနေဖြင့် စတင်တည်ထောင်စဉ်မှ (၇)နှစ်တာကာလအတွင်းအရှုံးများဆက်တိုက် ပေါ်ခဲ့သော်လည်းပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍အမြတ်များရရှိခဲ့ကာယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်စာရင်း ရှင်းတမ်းအရ ဝင်ငွေမှာကျပ် ၂၉ ဒသမ ၃၁၅ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။

မြန်မာဘောက်ဆင်ဒိုင်သင်တန်းသို့ဂျပန်ဒိုင်ချုပ်လာရောက်ပို့ချ NOM၊ဒီဇင်ဘာ၂၃၊၂၀၂၅ မြန်မာဘောက်ဆင်ကော်မရှင်MBCမှဖွင့်လှစ်သင်ကြားနေသ
+1
မြန်မာဘောက်ဆင်ဒိုင်သင်တန်းသို့ဂျပန်ဒိုင်ချုပ်လာရောက်ပို့ချ NOM၊ဒီဇင်ဘာ၂၃၊၂၀၂၅ မြန်မာဘောက်ဆင်ကော်မရှင်MBCမှဖွင့်လှစ်သင်ကြားနေသောဒိုင်လူကြီးသင်တန်းသို့ဂျပန်ဘောက်ဆင်ကော်မရှင်မှဒိုင်ချုပ်မစ္စတာ တာနာကာနှင့်ဒိုင်လူကြီးမစ္စတာအီဇုမိ တို့လာရောက်သင်ကြားပို့ချလျက်ရှိသည်။အဆိုပါဒိုင်သင်တန်းကိုဒီဇင်ဘာလ၂၁ရက်မှ၂၄ရက်နေ့အထိ သိမ်ဖြူအားကစားခန်းမတွင်ဖွင့်လှစ်ပြီးမြန်မာဒိုင်၁၁ဦးတက်ရောက်လျက်ရှိသည်။လာမည့်ဖေဖော်ဝါရီလတွင်ကျင်းပမည့်မြန်မာဘောက်ဆင်ကော်မရှင်၏ပြိုင်ပွဲတွင်အဆိုပါဒိုင်များကတာဝန်ယူကြီးကြတ်မည်ဖြစ်ပြီးအဆိုပါပွဲများတွင်အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်သူများကိုကမ္ဘာ့ဘောက်ဆင်ကောင်စီ(WBC)၏လိုင်စင်ရဒိုင်များအဖြစ်အသိအမှတ်ပြုမည်ဟုသိရသည်။

ကျောက်တလုံးကြီးမြို့တွင် အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက် ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင
+3
ကျောက်တလုံးကြီးမြို့တွင် အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက် ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်အဖွဲ့ (၇) ဖွဲ့ အခမဲ့ကွင်း‌ဆင်းစစ်ဆေးကုသပေးခြင်းကို ပထမနိမ္မိတသပိတ်မြတ်ဘုရားတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာသရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ ကွင်းဆင်းကုသမှုဆောင်ရွက်ရာတွင် သမားတော်ဆရာဝန်အဖွဲ့၊ တိုင်းရင်းဆေးဆရာဝန်အဖွဲ့၊ သွားဆရာဝန်အဖွဲ့၊ အရေပြားဆရာဝန်အဖွဲ့၊ မျက်စိဆရာဝန်အဖွဲ့၊ သားဖွားမီးယပ်ဆရာဝန်အဖွဲ့၊ ကလေးအထူးကုဆရာဝန်အဖွဲ့မှ အထူးကုများက ကျောက်တလုံးကြီးမြို့ရှိ သွေးတိုး၊ဆီးချို၊နှလုံး၊ ကျောက်ကပ်၊ လေဖြတ်ဝေဒနာရှင်များ၊ ခါးနာ၊ ဒူးနာ၊ ခြေထောက်နာ ဝေဒနာရှင်များ၊ သွားကိုက်၊ သွားပိုးစားဝေဒနာရှင်များ၊ အရေပြားအနာများ၊‌ ဝဲ၊ နှင်းခူ၊ ပွေး၊ အင်ပြင်များ၊ ဝက်ခြံပေါက်လွန်းသူများ၊ မျက်စိအနီးမှုန်၊ အဝေးမှုန်၊ မျက်စိကိုက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ရာသီမမှန်သူများ၊ ကလေးနှာစေး၊ ချောင်းဆိုး၊ ဝမ်းလျှော၊ အော့အန်သူများအား အခမဲ့စစ်ဆေး ကုသပေးလျက် ရှိကြောင်းသိရသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ကျောက်တလုံးကြီးမြို့တွင် ကွင်းဆင်းကုသမှုဆောင်ရွက်ပေးလျက်ရှိသော အထူးကုအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး ကောင်ဝိန်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ လူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် အခမဲ့ကွင်းဆင်းကုသမှုအစီအစဉ်အား နေ့လယ်(၁) နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာတွင် အမှိုက်ကောက်သူနှစ်ဦး ဗုံးသီးကို ထုရိုက်ရာမှပေါက်ကွဲပြီးသေဆုံး NOM ဒီဇင်ဘာ၂၃၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင
+1
တောင်ဥက္ကလာတွင် အမှိုက်ကောက်သူနှစ်ဦး ဗုံးသီးကို ထုရိုက်ရာမှပေါက်ကွဲပြီးသေဆုံး NOM ဒီဇင်ဘာ၂၃၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာ၊ (၁၄) ရပ်ကွက်၊ ကြက်မောက် (၁) လမ်း၊ အမှတ်မရှိ ကျူးကျော်အိမ်တွင် ဒီဇင်ဘာ လ ၂၂ ရက် ညနေ ၄း၁၀ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးရာ အိမ်ရှေ့တွင်အမျိုးသားနှစ်ဦးသည် မျက်နှာစုတ်ပြတ်၊ ခြေလက်ပြတ်တောက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရသည်။ အနီးတွင်ပေါက်ကွဲထားသည့် ၄၀ မမဗုံးသီးတစ်လုံးနှင့် မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးတွေ့သဖြင့်နေအိမ်ကိုဆက်လက်ရှာဖွေရာ ရွှံ့များပေနေသည့် မပေါက်ကွဲသေးသော ၄၀ မမဗုံးသီး ၇ လုံးထပ်မံတွေ့ရှိခဲ့သည်။ အိမ်နီးချင်းများကိုမေးမြန်းချက်အရ သေဆုံးသူနှစ်ဦးမှာ ဆိုင်ကယ်ကယ်ရီမောင်း/အမှိုက်ကောက်သူစိုးညီညီစိုး (၃၇ နှစ်)နှင့် ဖိုးဇော် (၃၀ နှစ်) တို့ဖြစ်ပြီး အမှိုက်ပုံမှကောက်လာသောဗုံးသီးများ၏ ကြေးများကိုရောင်းစားရန် ထိပ်ဖူးကိုဖြုတ်ရာမှပေါက်ကွဲသေဆုံးခြင်းဟုသိရသည်။ News Of Myanmar NOM

ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ရေချိုထွက်ကုန် ပိဿာချိန် သုံးသိန်းခန့် ကုန်စည်စီးဆင်း ရန်ကုန် ဒီဇင်ဘာ ၂၂၊ ၂၀၂၅ ရန်ကုန်မြို့ရှိ မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးတင်ပို့ရာ ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်ကုန်စည်စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ဈေးသာယာ ရေးအဖွဲ့မှသိရသည်။ ကုန်စည်စီးဆင်းလျက်ရှိ ရန်ကုန်တိုင်း ဒေသကြီးရှိ လူဦးရေခုနစ်သန်းခန့် ရေချိုထွက်ကုန်စားသုံးနိုင်ရန်နှင့် ကျန်သောဒေသများမှ ပြည်သူများ စားသုံးနိုင်ရန် နေ့စဉ်ရွှေပိတောက် ငါးဈေးကြီးနှင့် ကြည့်မြင်တိုင် မြို့နယ်ဗဟိုစံပြငါးဈေးတို့မှ ရေထွက်ကုန်များကို ဖြန့်ဖြူးပေးလျက်ရှိရာ ယခုဆောင်းရာသီ၌ ရွှေပိတောက် ငါးဈေးကြီးမှတစ်ရက်လျှင် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်နှင့်အတူ ရေငန်ထွက်ကုန် ပိဿာချိန် တစ်သိန်းခွဲအထိ ကုန်စည်စီးဆင်း လျက်ရှိသည်။ “ပြီးခဲ့တဲ့လတွေမှာ ရေချိုကုန် အဝင်နည်းခဲ့ပေမယ့် နိုဝင်ဘာလ ဆန်းကစပြီး ကုန်အဝင်မှန်လာတယ်။ ဒီလဆိုရင် တစ်ရက်ကို ကုန်ချိန် နှစ်သိန်းခွဲ၊ သုံးသိန်းနီးပါး ပြန်ဝင်နေပါပြီ။ သူ့ရာသီဖြစ်တဲ့အတွက် ငါးမွေးကန်တွေက ငါးဖော်လာကြတယ်။ ဧပြီလအထိ ပုံမှန် ငါးအဝင်ကောင်းနေမှာပါ။ ရန်ကုန်အပြင် ပုသိမ်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ မော်လမြိုင်နဲ့ မြဝတီ အထိ ရေထွက်ကုန်တွေ စီးဆင်းနေပါတယ်။ မိုးရာသီထက်စာရင် ကုန်ပစ္စည်း ပုံမှန်ဝင်လာတဲ့အတွက် ဈေးနှုန်းနည်းနည်း အေးသွားပေမယ့် အရောင်းအဝယ် ကောင်းလာပါပြီ။ ကုန်ဝင်များရင်သာ အကြွေးစနစ်နဲ့ တင်ပို့ပေးရတဲ့ အခက်အခဲတော့ရှိတယ်။ အထူးသဖြင့် ကုမ္ပဏီတွေပါ။ ပြည်တွင်းမှာ ပုံမှန်စားသုံးမှုရှိနေတဲ့ ဈေးကွက်ထက် ငါးမြစ်ချင်းများများစားသုံးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ငါးမြစ်ချင်းဈေးကွက် တစ်ခုပွင့်သွားမယ်ဆိုရင် မွေးမြူရေးငါးဈေးကွက် ဦးမော့လာပြီး စီးပွားရေးပိုပြီး အဆင်ပြေလာ မယ်လို့မြင်တယ်။ ကုန်ကြမ်းကနိုင်ငံထဲမှာ အဆင်သင့်ရှိနေပြီးသားပါ” ဟု ရွှေပိတောက် ငါးဈေးသာယာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောသည်။ အဓိကတင်ပို့လျက်ရှိ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးမြစ်ချင်းများကိုရန်ကုန်မြို့ရှိ ငါးဈေးကြီး နှစ်ခုအပြင် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံများသို့အဓိက တင်ပို့လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်လက်များမှတစ်ဆင့်အခြားနိုင်ငံများသို့ ပြုပြင်ထုပ်ပိုး၍ တင်ပို့လျက်ရှိကြောင်း ရေချို/ရေငန် လုပ်ငန်းရှင်များထံမှ သိရသည်။ ရွှေပိတောက် ငါးဈေးသို့မွေးမြူရေးငါးများ ဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါးများနှင့် သဘာဝရေပြင်မြစ်၊ ချောင်းများမှ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ်အပါအဝင် ရေချိုထွက်ကုန် အမယ် ၃၀ နှင့် ရေငန်ထွက်ကုန်အမယ် ၁၅ မျိုး ဝင်ရောက်လျက်ရှိကြောင်း၊ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးသို့ ရေချိုထွက်ကုန်အချို့နှင့် စံပြငါးဈေးဆိပ်ကမ်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရေငန်ထွက်ကုန် မျိုးစုံဝင်ရောက်လျက်ရှိကြောင်း သိရသည်။ နေ့စဉ်ဖွင့်လှစ် ရန်ကုန်မြို့ပြ၏ ရေထွက်ကုန် စားသုံးမှုလိုအပ်ချက်ကို နေ့စဉ်ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံ၏ ရေထွက်ကုန်စီးဆင်းမှုတွင် အဓိကအခန်းကဏ္ဍ၌ ရပ်တည်လျက်ရှိသည့် ရွှေပိတောက် ငါးဈေးကြီးအား နံနက် ၃ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ဖွင့်လှစ်လျက်ရှိကာ ဈေးရုံ ပေါင်းခုနစ်ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်းပေါင်း ၉၀ ကျော်ဖြင့် နေ့စဉ်ရေထွက်ကုန် ဝယ်ယူသူ၊ ဖြန့်ဖြူးသူ၊ ကုန်တင် ယာဉ်၊ ငါးသယ်ရေယာဉ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

photo content

သာယာဝတီမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး သာယာဝတီ ဒီဇင်ဘာ ၂၃၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ သာယာဝတီခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သာယာဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သာယာဝတီမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုဇယာားပုံစံ (၆၆/၆) တွင် ပါရှိပြီး အသက် (၁၈)နှစ်ပြည့်၍ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) ခြင်းနှင့် Biometric (UID) ကတ်ပြုလုပ်ပေးခြင်းတို့ကို One Stop Service ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ပေးနေမှုအား သာယာဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

photo content
+3

+3
ဒီဇင်ဘာ၂၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ကွန်ဂိုနိုင်ငံတွင်သမ္မတနှုတ်ထွက်ရန်ပြည်သူများဆန္ဒပြနေသည်။(ဗီဒီယို) ၂။တိုင်းပြည်အတွင်းမငြိမ်မသက်ဖြစ်နေမှုကြောင့်အိန္ဒိယနိုင်ငံနယူးဒေလီရှိဘင်္ဂလားဒေ့ရှ်သံရုံးသည်ဗီဇာဝန်ဆောင်မှုလုပ်ငန်းကိုယာယီပိတ်ပင်လိုက်သည်။(ဓါတ်ပုံ) ၃။အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနက၂၀၂၆ခုနှစ်တွင်မိမိသဘောအလျောက်နိုင်ငံအတွင်းမှထွက်ခွာမည့်တရားမဝင်နေထိုင်သူများကိုတစ်ဦးလျင်ဒေါ်လာ၃၀၀၀ပေးမည်ဟုကမ်းလှမ်းလိုက်သည်။ ၄။အီရန်နိုင်ငံနေရာအနှံ့တွင်ဒုံးပျံများပစ်ခတ်စစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယို) ၅။အင်ဒိုနီးရှားတွင်ရေကြီးမှုကြောင့်ပြည်သူထောင်နှင့်ချီပြီးသေဆုံးချိန်တွင်ဂါဇာသို့အင်ဒိုနီးရှားကစစ်သားထောင်ချီစေလွှတ်မည့်ကိစ္စကိုပြည်သူများအကြားမကျေနပ်မှုများမြင့်တက်လာသည်။(ဓါတ်ပုံ)

ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည်။
ရွေးကောက်ပွဲကျင်းပရန် ၅ ရက်သာ လိုတော့သည်။