fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ယူနန်ပြည်နယ် အမြဲတမ်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ယူနန်ပြည်နယ် အမြဲတမ်းဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ကျောက်ကျွင့်မင်နှင့် အဖွဲ့အားတွေ့ဆုံ   အောက်တိုဘာ ၁၊ ၂၀၂၆   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ယူနန်ပြည်နယ်၊ အမြဲတမ်းဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ကျောက်ကျွင့်မင်နှင့်အဖွဲ့သည့် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမတွင် တွေ့ဆုံခဲ့သည်။   ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
01 اکتبر, 02:17

ဒူဘိုင်းလေယာဉ်အကြမ်းဖက်မှုနောက်ဆုံးသတင်း NOM ယမန့်နေ့ကဖြစ်ပွါးခဲ့သောဖလိုင်းဒူဘိုင်းလေကြာင်းလိုင်းပေါ်မှဓားထိုးခံရသောလေယာဉ်မှူးသည်အိန္ဒိယနိုင်ငံသားဖြစ်ပြီးဓားနှင့်ထိုးသူတွဲဖက်လေယာဉ်မှူးသည်အိုမန်န်ုင်ငံသားဖြစ်ကြောင်းသိရသည်။တွဲဖက်လေယာဉ်မှူးသည်လေယာဉ်ကိုအပိုင်စီးပြီးခရီးသည်၁၇၂ဦးနှင့်အတူလေယာဉ်ကိုအသေခံထိုးစိုက်ဆင်းရန်ကြံစည်ခဲ့သော်လည်းခရီးသည်များကဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သလိုဓားအထိုးခံထားရသောအိန္ဒိယလေယာဉ်မှူးကလည်းလေယာဉ်ကိုဆော်ဒီတွင်အရေးပေါ်ဆင်းသက်န်ိင်ခဲ့ကြောင်းအစ္စရေးဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
30 سپتامبر, 21:50

+5
အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေးသင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများ ရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိသည်။ စက်တင်ဘာ ၃၀၊ ၂၀၂၆
30 سپتامبر, 10:34

မလှိုင်မြို့နယ်တွင်အမျိုးသားသုံးဦးရေဆင်းချိုးရာမှ ရေနစ်‌ေသဆုံး စက်တင်ဘာ၃၀၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းပင်
မလှိုင်မြို့နယ်တွင်အမျိုးသားသုံးဦးရေဆင်းချိုးရာမှ ရေနစ်‌ေသဆုံး စက်တင်ဘာ၃၀၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၊ ကျောက်စီရေကန်တွင် စက်တင်ဘာ၃၀ရက် ယနေ့ည‌ နေ၅နာရီကအမျိုးသားသုံးဦး‌ ရေနစ်သေဆုံးခဲ့‌ ကြောင်းလူမှုကူညီရေးအသင်းမှသိရသည်။ ဖြစ်စဉ်မှာအမျိုးသားသုံးဦးရေဆင်းချိုးရာမှ ရေနစ်နေကြောင်း သတင်းအရမလှိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးအမျိုးသားသုံးဦး၏ရုပ်အလောင်းများအား ညောင်ပင်တဲကျေးရွာ လူမှုကူညီရေးအသင်းမှ မလှိုင်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။
30 سپتامبر, 10:07

အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီးက လူနှစ်ဦးကို နောက်မှ ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ပြီး ယာဉ်ကိုထားကာ ထွက်ပြေးရန်ကြိုးစားသည့် ယာဉ်မောင်းကို ဖမ်းဆီးတရားစွဲဆိုထား NOM၊စက်တင်ဘာ၃၀၊၂၀၂၆ အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီးက လူနှစ်ဦးကို နောက်မှ ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ပြီး ယာဉ်ကိုထားကာ ထွက်ပြေးရန်ကြိုးစားသည့် ယာဉ်မောင်းကို ဖမ်းဆီးတရားစွဲဆိုထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံက သိရသည်။ စက်တင်ဘာ ၂၉ ရက် ၊ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ၊ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၆၈/၄နှင့် ၆၈/၅ကြား (နေပြည်တော် မှ ရန်ကုန်သို့)(အပြန်လမ်း)တွင် မောင်းနှင်လာသည့် Toyota Noah အနက် ရောင်ယာဉ်သည် လက်ယာဖက်ယာဉ်ကြောနှင့်ကပ်လျက် မြေသားပေါ် တွင် လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးအား နောက်မှ ဝင်ရောက်တိုက် မိခဲ့သော်လည်း ယာဉ်မောင်းမှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ မဆက်သွယ်သတင်းမပို့ဘဲ ယာဉ်အားထား၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်‌ကြောင့် လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ထိုသို့ယာဉ်တိုက်မှုဖြစ်ပွားစဉ်ယာဉ်ကိုရပ်တန့်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ သတင်းပို့အစစ်ဆေးခံရန် ပျက်ကွက်ခဲ့သော 2H/…. Toyota Noah မောင်းနှင်သူ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးရှာဖွေဆောင်ရွက်ရာ စက်တင်ဘာ ၃၀ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် မိုင် ၆၉/၄ အနီးတွင် လမ်းဘေး၌ ကားတား၍ထွက်ခွာရန်ကြိုးပမ်းစဉ် ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းကြောင့် အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပါက နီးစပ်ရာအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရဲကင်း/ရဲစခန်းများသို့ မဖြစ်မနေ အမြန်သတင်းပို့ရန်နှင့် အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ "တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော် ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ"ဟု ဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန်လိုအပ်ကြောင်း၊ လူ/စက်ဘီး/ထော်လာဂျီ/လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီး များဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန် နှင့် ယာဉ်မောင်းသည် ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဉ်တိုက်မှု ကျူးလွန်မိသူယာဉ်မောင်းမှာ အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ခံစားရမည်ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကိုတိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသော ယာဉ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်ကို အထူးသတိပေးအပ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
30 سپتامبر, 09:07

အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြိုကျမှုဖြစ်ပွား NOM၊စက်တင်ဘာ၃၀၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အမရပ
အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြိုကျမှုဖြစ်ပွား NOM၊စက်တင်ဘာ၃၀၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာတွင် ယနေ့(စက်တင်ဘာ၃၀ရက်)မွန်းလွဲ၁၂နာရီ၅၁မိီနစ်က ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ရာ နေအိမ် ၅ လုံးပြို ကျမှုဖြစ်ပွါးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ အမရပူရမြို့နယ်၊ဥယျာဥ်တော်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ကမ်းပါးပြိုကျခဲ့ပြီးမြစ်ကမ်းဘေးရှိ နေအိမ် ၅ လုံး ပြိုကျခဲ့ပြီး ကျန်ရှိနေအိမ်များကိုလည်း အရေးပေါ် ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ရကြောင်းသိရသည်။ ဒုဌဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်း၊ တောင်သမန်အရန်မီးသတ်စခန်း၊ ရွှေကြက်ယက်အရန်မီးသတ်စခန်း၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ကူညီရေးအသင်းများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
30 سپتامبر, 08:26

ယူကရိန်းတွဲဘက်လေယာဉ်မှူးကရုရှားကပ္ပတိန်ကိုဓားဖြင့်ထိုး NOM ဖလိုင်းဒူဘိုင်းလေကြောင်းလိုင်း၏ဒူဘိုင်း-တယ်လ်အဗစ်ခရီးစဉ်အတွင်းယူကရိန်းလူမျိုးတွဲဘက်လေယာဉ်မှူးကလေယာဉ်ကပ္ပတိန်ရုရှားလေယာဉ်မှူးကိုလေယာဉ်မောင်းခန်းအတွင်းဓားဖြင့်အချက်များစွာထိုးပြီးလေယာဉ်ကိုမြေပြင်သို့ပျက်ကျရန်ထိုးစိုက်ဆင်းခဲ့သော်လည်းခရီးသည်များနှင့်လေယာဉ်အဖွဲ့သားများကယူကရိန်းလေယာဉ်မှူးကိုဖမ်းဆီးချုပ်နှောင်ပြီးလေယာဉ်မောင်းနှင်မှုအတွေ့အကြုံရှိသည့်ခရီးသည်တစ်ဦးကဝင်ရောက်မောင်းနှင်ကါလေယာဉ်ကိုဆော်ဒီအာရေးဗီးယားလေဆိပ်သို့ဘေးကင်းစွာဆင်းသက်ပေးခဲ့သည်။
30 سپتامبر, 07:25

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသား တစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ NOM စက်တင်ဘာ ၃၀၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ် ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း     ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊စက်တင်ဘာလ ၃၀ ရက်အထိ မြဝတီ မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၇၁ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၉၈၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၈၂ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၅၇၈ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၀၄ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။ NOM
30 سپتامبر, 07:00

photo content
+3
30 سپتامبر, 06:59

မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်
မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM စက်တင်ဘာ ၃၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာနေ ဦးဝင်းဗိုလ် (၆၁) နှစ်သည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ အဆိုပါကျေးရွာအနီးရှိ ဒေသအခေါ် မဲသဲဆည်ကန်သို့ သွားရောက်စဉ် မဲသဲဆည်ကန်အနီးသို့ အရောက်၌ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှု ကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းဘူးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM
30 سپتامبر, 06:57

အယ်လ်နီညိုဖြစ်စဥ်ရှိ၍ အပူရှောင်စခန်းများနှင့် မီးဘေးလုံခြုံရေးကြိုတင်စီမံရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား NOM၊စက်တင်ဘာ၃၀၊၂၀၂၆ အယ်လ်နီညိုဖြစ်စဥ်ရှိ၍ မီးဘေးလုံခြုံရေးနှင့် အပူရှောင်စခန်းများသတ်မှတ်ခြင်းတို့ကိုကြိုတင်စီမံဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ဧရာဝတီတိုင်းသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက် ၍ ဧရာဝတီတိုင်းအတွင်းကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားရန်၊ ချောင်းကော၊ မြောင်းကောများကို စည်ပင်အဖွဲ့က စက်ယန္တရားများဖြင့်တူးဖော်ရန်နှင့် ရေသွင်းရေထုတ် မြောင်းများ၊ ချောင်းများကိုရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနက တူးဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရေငန်ဝင်ရောက်နိုင်သည့် ဖျာပုံခရိုင်၊ လပွတ္တာခရိုင်တို့တွင် ရေချိုရရှိရေးအတွက် ကြိုတင်စုဆောင်းထားရန်၊ မိုးရာသီအကုန်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုမကြုံတွေ့ရစေရေးအတွက် ရေချိုထိန်းသိမ်းခြင်း၊ မိုးရေစုဆောင်းခြင်း၊စိုက်ဧကများရေရရှိရေးနှင့် ရေချိုရရှိရေးအ တွက် သက်ဆိုင်ရာဌာနများက ကြိုတင်စီမံဆောင်ရွက်ရန်၊ အယ်လ်နီညိုကြောင့် အပူရှိန်မြင့်မားပြီး ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေများရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများက မီးဘေးလုံခြုံရေးများကြိုတင်စီမံဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။ ထို့ပြင် အပူရှောင်စခန်းများတွင် သောက်သုံးရေရရှိရေးစီမံပေးရန်နှင့် ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိရောက်စွာတုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
30 سپتامبر, 01:44

အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်သစ်ရဖို့ ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေဟာ တိုးတက်မှု သိပ်မရှိဘဲ ခက်ခဲကြန့်ကြာနေပါတယ်
အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်သစ်ရဖို့ ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေဟာ တိုးတက်မှု သိပ်မရှိဘဲ ခက်ခဲကြန့်ကြာနေပါတယ်။ Axios သတင်းရဲ့ အဆိုအရ အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ အီရန်ဘက်က တောင်းဆိုထားသလို၊ အမေရိကန်ဘက်ကလည်း နျူကလီးယားဆိုင်ရာ စွန့်လွှတ်ပေးမှုတွေ တောင်းဆိုထားတာကြောင့် ဆွေးနွေးပွဲတွေမှာ အဖြေရှာမရဘဲ တန့်နေတာ ဖြစ်ပါတယ်။ အမေရိကန်ဘက်က ဇွန်လတုန်းက ရရှိခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) အတိုင်း ပြန်လည်လိုက်နာဆောင်ရွက်မှသာ နျူကလီးယားဆိုင်ရာ စွန့်လွှတ်ပေးမှုတွေကို စဉ်းစားမယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပြီး၊ အမေရိကန်ဘက်ကတော့ လိုက်လျောပေးစရာ အကြောင်းမရှိဘူးလို့ ယူဆထားပါတယ်။ လက်ရှိမှာတော့ ကာတာ၊ ပါကစ္စတန်နဲ့ အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်ပေးလျက် ရှိပါတယ်။
29 سپتامبر, 22:39

ဆက်လက်ပြီး တက်ရောက်လာသူများက NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးမှုပုံစံ၊ ဆွေးနွေးမည့်အကြောင်းအရာ၊ ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အခြေခံမူများရရှိရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပါဝင်လာစေရေး၊ EAO များ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ ပြည်သူလူထုအခြေပြုဆွေးနွေးပွဲများ၊ ဖိုရမ်များကျင်းပပြုလုပ်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပထမနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့ပြီး ဆွေးနွေးပွဲဒုတိယနေ့ကို စက်တင်ဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။      
29 سپتامبر, 22:35

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး စက်တင်ဘာ ၂၉၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၁-၄-၂၀၂၆ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ် ခဲ့သည်။ ထိုသို့ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေ အတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောကြားရာတွင် EAO များ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် မတူညီသောရည်မှန်းချက်၊ လိုလားချက်များနှင့်စပ်လျဉ်းပြီး EAO များနှင့် အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်စားပြုသည့် နိုင်ငံရေး ပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာအောင် အားလုံးမှ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေး မှူး(၁) စဝ်စိုင်းငင်းက ပြောကြားရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်လာအောင် သင့်လျော်မည့်လမ်းကြောင်းများဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းကို သိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အရေးကြီးဆုံးဖြစ်သည့် ယုံကြည်မှုတည်ဆောက် ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် စီမံဆောင်ရွက်ထားမှု အခြေအနေများ၊ NCA –S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် တိကျသည့် သဘောတူညီချက်များ ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
29 سپتامبر, 22:35

(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက် စက်တင်ဘာ ၂၉၊ ၂၀၂
(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက် စက်တင်ဘာ ၂၉၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖိုရမ် (XII Saint Petersburg International United Cultures Forum) သို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကတ်သရင်းနန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။ ထို့အတူ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ဖိုရမ်တွင် မြန်မာနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်းသန်း ၄၀ က တွေ့ရှိခဲ့သည့် ပရိုင်းမိတ်များအား ယဉ်ကျေးမှုအမွေအနှစ် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက် မည့်အစီအစဉ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ အနာဂတ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်သည် အဓိကအခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်မှုတို့ကို တက်ရောက်ဆွေးနွေးသည်။ ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင် တက်ရောက်အမှာစကားပြောကြားသည့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံများမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားသတင်း ဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခဲ့သည်။ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ ထို့ပြင် ရုရှားသတင်းဌာနများ၏ တွေ့ဆုံ မေးမြန်းမှုများကို ဖြေကြားခြင်း၊ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်များတွင်လည်း ရှင်းလင်းဆွေးနွေးခဲ့သည်။ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
29 سپتامبر, 22:34

သတင်းထောက် - "မြောက်ကိုရီးယားကျတော့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ရှိပြီး အီရန်ကျတော့ ဘာလို့ ပိုင်ဆိုင်ခွင့်မရှိတာလဲ ခင်ဗျာ။" သမ္မတ ထရမ့် - "ဘာလို့လဲဆိုတော့ ကင်ဂျုံအွန်က ကျုပ်နဲ့ မိတ်ဆွေတွေ ဖြစ်နေလို့ပဲ။ သူ ကျုပ်ကို ကြိုက်တယ်။ တစ်ကမ္ဘာလုံးမှာ ကျုပ်တစ်ယောက်တည်းကိုပဲ သူ သဘောကျတာ။ အားလုံး အဆင်ပြေသွားမှာပါ။ ဘာလို့လဲဆိုတော့ သူက ကျုပ်ကို ကြိုက်တယ်။ လေးလည်း လေးစားလို့ပဲ။" NOM
29 سپتامبر, 22:33

အကြမ်းဖက် ARSA နှင့် အကြမ်းဖက် AA အဖွဲ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် AA အဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း အ
အကြမ်းဖက် ARSA နှင့် အကြမ်းဖက် AA အဖွဲ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် AA အဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း အကြမ်းဖက် ARSA ထုတ်ပြန်.. မှိုင်းဝေ
29 سپتامبر, 22:25

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပ စက်တင်ဘာ ၂၉၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများကမ်း၍လည်းကောင်း၊ အတီး အမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
29 سپتامبر, 20:02

ကိုယ်ချင်းစာ တရားဆိုတာကို အောင်လအန်ဆန်း နားလည်ရင် ကောင်းမယ်။ တကယ်လို့များပေါ့လေ။ ပြောင်းပြန်တွေးကြည့်တာပါ။ ခု Gym ရဲ့ အောက်ခံ
ကိုယ်ချင်းစာ တရားဆိုတာကို အောင်လအန်ဆန်း နားလည်ရင် ကောင်းမယ်။ တကယ်လို့များပေါ့လေ။ ပြောင်းပြန်တွေးကြည့်တာပါ။ ခု Gym ရဲ့ အောက်ခံကြမ်းပြင်နေရာမှာ ဗုဒ္ဓပုံ မဟုတ်ဘဲ ခရစ်တော် ယေရှူရဲ့ ပုံဆိုရင် ဒီကောင် လုပ်ပါ့မလားပေါ့။ ဒီနိုင်ငံမှာ ဖက်ဒရယ်အကြောင်း ပြောပြီး တိုင်းပြည်ကို လက်နက်ကိုင် ပုန်ကန်တာလည်း ကရင် KNDO ပဲ။ ဗမာလူမျိုးကြီး ဝါဒလို့ ပါးစပ်က ပြောပြီး ဖြူးမှာ လူပေါင်း ၂၀၀၀ လောက် ကလေး၊ မိန်းမ မချန် သတ်သွားတာလည်း KNDO ဆိုတဲ့ ကရင်တွေပဲ။ လက်ရှိ ၁၀၂၇ မှာလည်း ဘုရားစေတီတွေကို ဖြိုဖျက်ပြီး မိုက်မိုက်ရိုင်းရိုင်း လုပ်ပြတာလည်း ကိုးကန့် MNDAA ပဲ။ တစ်ခါ....ချစ်သုဝေရဲ့ အဖေ ဆိုရင်လည်း ဘုရားပုံကို ပေါက်ကရ လုပ်ပြီး စော်ကားတာရှိသေးတယ်။ ပြောချင်တာက ....ဗမာ လူမျိုးကြီးဝါဒနဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးတွေကို ပေါက်ပန်းလေးဆယ်ပြောပြီး ဒီနိုင်ငံမှာ အများဆုံး ကိုယ်းကွယ်တဲ့ ဘာသာတစ်ခုကို စော်စော်ကားကား လုပ်နေကြတာက တိုင်းရင်းသား အမည်ခံတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်နေကြတာ အတွေ့ရများတယ်။ အောင်လအန်ဆန်း ဆိုလည်း မြန်မာပြည်ကိုယ်စားပြုတယ် ဆိုလို့ တတိုင်းပြည်လုံးက ချစ်လိုက်ရတာ၊ အားပေးလိုက်ရတာ။ တကယ်တော့ စီးပွားရေးအရ ကြည့်ရင်....ဒါက ပမိုရှင်းဆင်းတာထက်မပိုဘူး။ မြန်မာပြည် ပြန်လာတော့ တပ်မတော်ဘက်ကလည်း နိုင်ငံဂုဏ်ဆောင်လို့ ဂုဏ်ပြုချီးမြှင့်မှုတွေတောင် တစ်ခုတ်တရ လုပ်ပေးခဲ့ဖူးတယ်။ တစ်နိုင်ငံလုံးက ဘာသာမခွဲခြား၊ လူမျိုး မခွဲခြားဘဲ ဒီလောက် သူကောင်းပြုတာတောင် ကျေးဇူးဆပ်တဲ့ ပုံစံက မိုက်ရိုင်းလွန်းတယ်။ ဒါမျိုးက ကျွန်တော် မသိလိုက်လို့ပါ။ သတိမထားမိလိုက်လို့ပါ ဆိုပြီး ဆင်ခြေပေးလို့မရဘူး။ အပေါ်ကဆိုထားခဲ့သလို ဗုဒ္ဓ ပုံ မဟုတ်ဘဲ ယေရှုပုံ ဆိုရင် လုပ်မလားပေါ့။ ဘယ်လုပ်မလဲ။ တကယ်လို့များ တစ်စုံတစ်ယောက်က ယေရှုပုံကို ခုလိုလုပ်ထားတာမျိုးများ ရှိခဲ့ရင်....၃ ၊ ၄ ယောက်နဲ့ ဖွဲ့ထားကြတဲ့ အဖွဲ့အစည်းပေါင်း သောင်းခြောက်ထောင်က ကန့်ကွက်ကြောင်း အသံတွေ ထွက်ပြပါလိမ့်မယ်။ တစ်ခါ...မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ‌ တွေက သူတို့ဘာသာရေး ကို နှိမ်ကွပ်နေပါတယ်၊ လူမျိုးကြီး ဝါဒ ကျင့်သုံး နေပါတယ်ဆိုပြီး ငိုချင်းချပြပါလိမ့်မယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်သင့်တယ်လို့ ယူဆတယ်။ (နရီမိုး)
29 سپتامبر, 20:02

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် စက်တင်ဘာ ၂၉၊ ၂၀၂၆ မလေးရှားနိုင်င
မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် စက်တင်ဘာ ၂၉၊ ၂၀၂၆ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသားစိစစ်ပြီး သူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် တပ်မတော် (ရေ) မှ စစ်ရေယာဉ် (မုတ္တမ)၊ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့သည် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ရေ၊လေ) တို့အနေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနတာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး စစ်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြောင်း သတင်းရရှိသည်။
29 سپتامبر, 20:00