fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတက မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
12 اکتبر, 03:10
12 اکتبر, ~03:11

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ ရေဖေါက်ထုတ်မှုကြောင့် ကျေးရွာ၅၀မှ ဒေသခံများအားရေလွတ်ရာသို့ပြောင်းရွှေ့ NOM၊အောက်တိုဘာ၁၂၊
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ ရေဖေါက်ထုတ်မှုကြောင့် ကျေးရွာ၅၀မှ ဒေသခံများအားရေလွတ်ရာသို့ပြောင်းရွှေ့ NOM၊အောက်တိုဘာ၁၂၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံအတွင်းရှိရေများလျော့ချနေသည့်တွက် တမံအနီးမလွှတ်ကင်းသည့်ကျေးရွာ ၅၀မှဒေသခံပြည်သူများကို ရေဘေးလွှတ်ရာသို့ရွေ့ပြောင်းပေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့မှယနေ့သတင်းထုတ်ပြန်ထားသည်။ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ၁၀ရက်တွင်အလျား၂၅၀ ပေခန့်၊ အနံ၁၀ပေခန့်မှာမြေသားလျော့ကျလာသည့်အတွက် ပြန်လည်ပြုပြင်မှုများဆောင်ရွက်နေသည့်အပြင် တမံအတွင်းရှိရေများကိုလည်းရေပိူ့လွဲမှတဆင့် လျော့ချနေသည့်အတွက်တမံအနီးရှိကျေးရွာ၅၀မှဒေသခံပြည်သူ များကို ရေဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးနေကြောင်း သိရသည်။ "လက်ရှိစာရင်းအရ မြန်အောင်မြို့နယ်မှာရှိတဲ့ ကျေးရွာ၃၀၊ အဂ်ပူမြို့နယ်အတွင်းရှိကျေးရွာ ၂၀စုစုပေါင်း ကျေးရွာ၅၀မှဒေသခံပြည်သူတွေကို ကုန်မြှင့်တွေမှာဖွင့်လှစ်ထားတဲ့ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွေ့ပေးထားပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
12 اکتبر, 02:37

ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများနှင့်ရပ်ကွက်များအတွင်းရေဝင်ရောက် NOM၊အောက်တိုဘာ၁၂၊၂၀၂၆ မန္တလေ
ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများနှင့်ရပ်ကွက်များအတွင်းရေဝင်ရောက် NOM၊အောက်တိုဘာ၁၂၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့အောက်တိုဘာ၁၂ ရက်နံနက်၉နာရီခန့်ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာများနှင့်ရပ်ကွက်များအတွင်းရေဝင်ရောက်မှုများဖြစ်ပွါးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စု၊ ညောင်ဦး-ပုဂံမြို့သစ်လမ်းတွင် ရေကျော်မှုဖြစ်ပွားခဲ့သည့်အတွက် ခရီးသွား ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ အလာတူ ညောင်ဦးမြို့နယ်ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်နှင့်ကျော်စွာရပ်ကွက် အတွင်း ရေဝင်ရောက်မှု ဖြစ်ပွားပြီး နေအိမ်ခြံစည်းရိုးအုတ်တံတိုင်း ပေ ၅၀ ခန့်ပြိုကျခဲ့ကြောင်းသိရသည်။
12 اکتبر, 02:29

ဟူသီတို့က FpVအသေခံဒရုန်းများဖြင့်ဆော်ဒီကြေးစားတပ်များကိုသုတ်သင်သည့်ဗီဒီယိုထုတ်ပြန် NOM
11 اکتبر, 21:51

ဆော်ဒီလေဆိပ်ကိုဒုံးကျည်ထိမှန်သည့် CCTVထုတ်ပြန် NOM စနေနေ့က ရီယာ့ဒ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal 3 ကို ဒုံးကျည်ဖြင့် ထိမှန်ခဲ့သည့်အချိန်ကို CCTV မှတ်တမ်းများက ပြသထားသည်။ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
11 اکتبر, 16:55

အမေရိကန်သမ္မတ၏ပြောဆိုချက်ကြောင့်ယူကရိန်းသမ္မတနှင့်မိတ်ဖက်ဥရောပခေါင်းဆောင်များစိတ်ပျက်ဒေါသထွက် NOM "ကျွန်တော်တို့ အံ့အားသင့်သွ
အမေရိကန်သမ္မတ၏ပြောဆိုချက်ကြောင့်ယူကရိန်းသမ္မတနှင့်မိတ်ဖက်ဥရောပခေါင်းဆောင်များစိတ်ပျက်ဒေါသထွက် NOM "ကျွန်တော်တို့ အံ့အားသင့်သွားပြီး Witkoff နဲ့ Kushner တို့ ပြောတာကို အသုံးမကျတဲ့သူတွေလို ထိုင်နားထောင်ခဲ့ရတယ်" မနေ့က အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တင်မကဘဲ ဥရောပကိုယ်စားလှယ်အဖွဲ့ပါ တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ဘက်က ထရမ့်ဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ အသင့်ရှိနေပြီလို့ ပြောကြားခဲ့ချိန်မှာ ယူကရိန်းနဲ့ ဥရောပကိုယ်စားလှယ်တွေအနေနဲ့ ကြားလိုက်ရတဲ့ စကားကို ယုံကြည်ဖို့တောင် ခက်ခဲသွားခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ တာဝန်ရှိသူတစ်ဦးက ခုလိုပြောကြားခဲ့ပါတယ် - "ဒါတောင်မှ သူကပဲ လူတိုင်းကို ထွက်ပေါက်မရှိတဲ့ အီရန်စစ်ပွဲထဲ ဆွဲသွင်းခဲ့တာဖြစ်ပြီး ခုတော့ ကျွန်တော်တို့ကို သစ္စာဖောက်နေပြီ… ရွေးကောက်ပွဲမတိုင်မီ သီတင်းပတ်အနည်းငယ်အလိုမှာ ခေတ္တခဏမျှသာရမယ့် လှည့်ဖြားမှုသက်သာရာကို ရဖို့အတွက်သက်သက်နဲ့ပဲ…" “ဥရောပသားတွေဟာ သူတို့ရဲ့မျက်နှာကို ညစ်ပတ်နေတဲ့ ကြမ်းသုတ်အဝတ်စနဲ့ ပွတ်တိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်”
11 اکتبر, 12:47

ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်သည် ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့ရှိ ကင်းခါလစ် (King Khalid) နိုင်ငံတကာလေဆိပ်၏ တာမီနယ် ၄ (Terminal 4) အဆောက်အအုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးသူ ဒါဇင်နှင့်ချီ၍ ရှိနေသည်။
11 اکتبر, 12:05

ယီမင်နိုင်ငံမှ ဟူသီအဖွဲ့သည် ဆော်ဒီအာရေးဗီးယား​နိုင်ငံ၏ မြို့တော် ရိယာ့ဒ် (Riyadh) ကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်ရှိ တိုက်ခိုက်နေပြီ ဖြစ်သည်။
11 اکتبر, 10:22

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် အောက်တိုဘာ ၁၁၊ ၂၀၂၆ ဧရာ
+5
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် အောက်တိုဘာ ၁၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဦးစွာ မမြရေလှောင်တမံ၊ အရေးပေါ်ရေပိုလွှဲအား မြေတူးစက် (၁)စီးဖြင့် ၃၁၂ ပေမှ ၃၀၇ ပေသို့ ထပ်မံနှိမ့်ချ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်နေမှု၊ တမံအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေတူးစက် (၃)စီး၊ မြေထိုးစက် (၁)စီး၊ မြေသယ်ယာဉ် (၇)စီးတို့ဖြင့် ဆောင်ရွက်နေမှု၊ ရေထုတ်ပြွန်မှ ရေတံခါး ၂ ပေါက်ဖြင့် ပျမ်းမျှ ၄၀၀ ကုဗပေ/ စက္ကန့်နှုန်းခန့်ဖြင့်ရေ ထုတ်လွှတ်နေမှု၊ တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျောကျနေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံအိလျောမှုအခြေအနေ၊ ကာကွယ်ထိန်းသိမ်းမှုအခြေအနေနှင့် ရေဝါချောင်းအတွင်း ရေစီးဆင်းဝင်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှု့ကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများကို ဆန်ရိက္ခာများနှင့် ပြည်သူများကြိုတင်ရွှေ့ပြောင်းရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ ပြည်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
11 اکتبر, 09:27

ဥရောပသမဂ္ဂ (EU) ၏ စဉ်းစားတွေးခေါ်ပုံ။ ဤပုံသည် နိုင်ငံတကာရေးရာနှင့် စွမ်းအင်စီးပွားရေး အခြေအနေကို သရော်ထားသည့် ပုံ အပြာရောင်မြ
ဥရောပသမဂ္ဂ (EU) ၏ စဉ်းစားတွေးခေါ်ပုံ။ ဤပုံသည် နိုင်ငံတကာရေးရာနှင့် စွမ်းအင်စီးပွားရေး အခြေအနေကို သရော်ထားသည့် ပုံ အပြာရောင်မြှား (မကောင်းသောဓာတ်ငွေ့) - ရုရှားထံမှ ဥရောပသမဂ္ဂ (EU) သို့ တိုက်ရိုက်တင်သွင်းသည့် သဘာဝဓာတ်ငွေ့ ဖြစ်သည်။  အနီရောင်မြှား (ကောင်းသောဓာတ်ငွေ့) - ရုရှားက တရုတ်နိုင်ငံသို့ ရောင်းချပြီး ထိုမှတစ်ဆင့် အာရှနှင့် အာဖရိကတိုက်တို့ကို ပတ်၍ ဥရောပသမဂ္ဂ သို့ တာဝေးတစ်ဆင့်ပြန်လည် ရောက်ရှိလာသည့် ဓာတ်ငွေ့ဖြစ်သည်။  ရုရှားထံမှ တိုက်ရိုက်ဝယ်ယူပါက ပိတ်ဆို့အရေးယူမှုများကြောင့် "မကောင်းသော ဓာတ်ငွေ့" ဟု သတ်မှတ်သော်လည်း၊ တတိယနိုင်ငံမှတစ်ဆင့် ပတ်၍ ပြန်လည်ဝယ်ယူသည့်အခါ တူညီသော ရုရှားဓာတ်ငွေ့ကိုပင် လက်ခံသုံးစွဲနေရသည့် ဖြစ်စဉ်ကို သရော်ထားခြင်း ဖြစ်သည်။
11 اکتبر, 09:08

အသိပေးကြေညာချက်
အသိပေးကြေညာချက်
11 اکتبر, 08:57

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM အောက်တိုဘာ ၁၁၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “U Kyaw Khing” TikTok အကောင့်ပိုင်ရှင်ဖြစ်သူမန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဘူးရောက်ကျေးရွာနေ ကျော်ခိုင်အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စကားအင်းရဲကင်းစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM
11 اکتبر, 08:40

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ အောက်တိုဘာ ၁၀၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “qwertyuiopasdfghjklzxcvbnm” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ ချစ်ဆွေ(ခ)ခလီလွလ်လာအား ည ၉ နာရီ ၃၅မိနစ်တွင် ချောင်းခွနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
11 اکتبر, 08:30

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ
သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ NOM အောက်တိုဘာ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာနေ ဦးထွန်းထွန်းလင်း (၃၈) နှစ်နှင့် ဦးနိုင်မင်းဟိန်း (၂၈) နှစ်တို့သည် အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၌ ကျေးရွာအနီးရှိ တောအတွင်း သစ်ပင်ခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးနိုင်မင်းဟိန်းမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးနိုင်မင်းဟိန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းထွန်းလင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအားသပိတ်ကျင်းမြို့၊ အမှတ် (၂၀) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM
11 اکتبر, 07:39

ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်ပြီး ငွေကျပ်သိန်း ၁၅၀ ခန့်အား လုယက်ယ
ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်ပြီး ငွေကျပ်သိန်း ၁၅၀ ခန့်အား လုယက်ယူဆောင်သွား NOM အောက်တိုဘာ ၁၁၊ ၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင် (၅၇) နှစ်သည် အောက်တိုဘာ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ ငွေကျပ်သိန်း ၁၅၀ ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးဝင်းမောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
11 اکتبر, 06:02

တံတားဦးမြို့နယ်၊ ရေဂမိုးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM အောက်တို
တံတားဦးမြို့နယ်၊ ရေဂမိုးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM အောက်တိုဘာ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရေဂမိုးကျေးရွာနေ ကိုရန်နိုင်လင်း (ခ) ကိုရာဇာစိုး (၄၁) နှစ်သည် အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်၌ အဆိုပါကျေးရွာရှိ ၎င်းပိုင်ဆန်စက်ဝင်းအတွင်းရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမားသုံးဦးခန့်က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
11 اکتبر, 05:57

ဖြူးမြို့နယ်တွင် DEMU ရထားတိုက်ခံရတစ်ဦးသေဆုံး NOM၊အောက်တိုဘာ ၁၁ ၊၂၀၂၆ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းဖြူးမြို့နယ်တွင် အောက်တိုဘာ ၁၀ ရက်တွင်ရထားလမ်းဖြတ်ကူးသော သားအမိနှစ်ယောက် DEMU အမြန်ရထားဖြင့် တိုက်မိပြီး တစ်သေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့‌ေကြာင်းမြန်မာ့မီးရထားမှသိရသည်။ ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲကျေးရွာအကျော် ပေါက်ပင်တံတားအနီးမှ မွန်လွဲ ၁၂ နာရီ ၅၅ မိနစ်ဝန်ကျင်းက တောကျွဲအင်းဘက်မှကညွတ်ကွင်းဘူတာဘက်သို့ မောင်းနှင်လာသော အမှတ် (၃၁) အဆန် DEMU ရထားဖြင့်တိုက်မိခဲ့ကြောင်း သိရသည်။ မိခင်ဖြစ်သူသည် ဦးခေါင်းနောက်စေ့ပွင့် ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး သားဖြစ်သူသည် ဝဲဘက်ဦးခေါင်းဖူးရောင်ဒဏ်ရာ၊ ယာလက်ကျိုးဒဏ်ရာ၊ဘယ်ခြေထောက်၊ ယာလက်ခုံ၊ ယာမျက်လုံးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ကလေးငယ်ကို ကညွတ်ကွင်း တိုက်နယ်ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းထား‌ေကြာင်းသိရသည်။
11 اکتبر, 04:23

ကရင်ပြည်နယ်အတွင်း ယခုနှစ်ဧပြီလမှစက်တင်ဘာလထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၃၉ မှု ခန့်မှန်းတန်ဖိုးကျပ်(၂၅ ဒဿမ၉၂၇) ဘီလီယံခန့် ဖမ်းမိ ကရင်ပြည်နယ်အတွင်း ယခုနှစ်ဧပြီလမှစက်တင်ဘာလထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၃၉ မှု ခန့်မှန်းတန်ဖိုးကျပ်(၂၅ ဒဿမ ၉၂၇) ဘီလီယံခန့် ဖမ်းမိခဲ့သည့်ဟု ပြည်နယ်အစိုးရအဖွဲ့ရုံး အထူးအဖွဲ့(၅/၂၀၂၆)အစည်းအဝေး တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းကပြောကြားခဲ့သည်။ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေသူများသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် နည်း လမ်းမျိုးစုံအသုံးပြုဆောင်ရွက်နေကြပြီး အကောက်ခွန်နှင့်ရသင့်ရထိုက်သည့်အခွန်အခများ ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေရာ တရားမဝင် ကုန်သွယ်မှုများအား တားဆီးဖမ်းဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိထိ‌ရောက်ရောက် အရေးယူဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ တရားမဝင်သယ်ဆောင်လာသည့် ကုန်စည်များကို စနစ်တကျ တားဆီးထိန်းချုပ်၍ တရားမဝင်ကုန်သွယ် မှုများကိုလျှော့ချပြီး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးစခန်းများ၊ ဂိတ်များနှင့် ကုန်သွယ်ရေးဇုန်တို့တွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှုများထိ ရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဦးဆောင်ကော်မတီကချမှတ်ထားသည့် စံပြုလုပ်ငန်းစဉ်(SOPs) များ၊ သက်ဆိုင် ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပူးပေါင်းစစ်ဆေးဆောင်ရွက်သွားမည်ဟုသိရသည်။
11 اکتبر, 03:04

အီလွန်မတ်စ် (Elon Musk) ကလည်း - "ယူကရိန်းအတွက် ခေါင်းဆောင်အသစ် ရှာရမယ့်အချိန် ရောက်လာပါပြီ"
အီလွန်မတ်စ် (Elon Musk) ကလည်း - "ယူကရိန်းအတွက် ခေါင်းဆောင်အသစ် ရှာရမယ့်အချိန် ရောက်လာပါပြီ"
11 اکتبر, 01:40

ယူကရိန်း တိုက်လေယာဉ်များသည် ၎င်းတို့၏ လက်နက်ခဲယမ်းများကြောင့်ပင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ ခေတ်နောက်ကျန
ယူကရိန်း တိုက်လေယာဉ်များသည် ၎င်းတို့၏ လက်နက်ခဲယမ်းများကြောင့်ပင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ ခေတ်နောက်ကျနေသော လက်နက်များကို အသုံးပြုနေရခြင်းကြောင့် တိုက်လေယာဉ်အချို့ ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းဘက်က ပြောကြားလိုက်သည်။ ခေတ်မီ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များအပါအဝင် ခဲယမ်းမီးကျောက် ပြတ်လပ်မှု အလွန်ဆိုးဝါးနေခြင်းကြောင့် ယူကရိန်းနိုင်ငံသည် သက်တမ်း နှစ် ၃၀ မှ ၅၀ ကြား ရှိပြီဖြစ်သော ဆိုဗီယက်ခေတ်လက်ကျန် R-60 ဒုံးကျည်များကို မဖြစ်မနေ အသုံးပြုနေရသည်။ ယင်းကဲ့သို့ အသုံးပြုရမှုကြောင့် ဒုံးကျည်များ ချို့ယွင်းပေါက်ကွဲကာ တိုက်လေယာဉ်များပါ ပျက်စီးဆုံးရှုံးရသည့် ဖြစ်ရပ်များ ပိုမိုများပြားလာနေသည်။ သို့သော် တစ်ချိန်တည်းမှာပင် လုံလောက်သော ပမာဏဖြင့် ရရှိနိုင်သည့် တစ်ခုတည်းသော ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များမှာ R-60 များသာဖြစ်သောကြောင့် အခြားရွေးချယ်စရာ မရှိကြောင်း ယူကရိန်းစစ်တပ်ကပြောဆိုထားသည်။
11 اکتبر, 01:38