fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 394 مشترک است و جایگاه 15 937 را در دسته اخبار و رسانه‌ها و رتبه 10 119 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 394 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -199 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 8.26% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.89% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 024 بازدید دریافت می‌کند. در اولین روز معمولاً 731 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 394
مشترکین
-824 ساعت
-577 روز
-19930 روز
آرشیو پست ها
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ဖြေဆိုရမည် NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ကာဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ မတ် ၁၁ ရက်တွင် မြန်မာစာဘာသာ၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ် ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီတင်ဘာသာ၊ မတ် ၁၆ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတိုအားဖြေဆိုရမည်ဖြစ်သည်။ ထိုသို ဖြေဆိုရာ၌ နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကာ မတ် ၁၅ ရက်သည် တနင်္ဂနွေနေ့ဖြစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအား ပိတ်ရက်အဖြစ်သတ်မှတ်ပေးထားကြောင်းသိရသည်။ -

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြ
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၉

Repost from MWD NEWS
PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ - စံပယ်နံသာ ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား လုံခြုံရေးတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ပြုပြင်ပြီးစီးသည်။ ရန်ကုန် ၊ ဒီဇင်ဘာလ - ၁၉ ရက် ။

photo content
+8

photo content
+9

တပ်မတော်စစ်ကြောင်းများက PDF အမည်ခံပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ
+9
တပ်မတော်စစ်ကြောင်းများက PDF အမည်ခံပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိ နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၉

ဟာသသရုပ်ဆောင် ညောင်ညောင်၏ စျာပနအားအနု ပ ညာရှင်များလိုက်လံပို့ဆောင် NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှို
+1
ဟာသသရုပ်ဆောင် ညောင်ညောင်၏ စျာပနအားအနု ပ ညာရှင်များလိုက်လံပို့ဆောင် NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပန အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၉ ရက်မွန်းတည့် ၁ နာရီတွင်  ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ စျာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊ ပာာသသရုပ်ဆောင်များနှင့်ရှပ်ရှင်အသိုင်ဝိုင်းမှသူများလိုက်လံပို့ဆောင်ခဲ့ကြောင်းသိရသည်။ သရုပ်ဆောင် ညောင်ညောင်သည် (ဒီဇင်ဘာ ၁၇ ရက်) ည ၇နာရီခန့်တွင် ရန်ကုန်မြို့၊‌မြောက်ဥက္ကလာပမြို့နယ်ရှိ OSC  ဆေးရုံတွင် အသည်းရောဂါကြောင့်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

Repost from MWD News
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးသည်။ နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ ရက်

ဒီဇင်ဘာလ၁၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂရိ၊ပိုလန်နှင့်ပြင်သစ်တွင်လယ်သမားများသည်တောင်အမေရိကနှင့်ယူကရိန်းမှစျေးပေါသောအစားအသေ
+1
ဒီဇင်ဘာလ၁၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂရိ၊ပိုလန်နှင့်ပြင်သစ်တွင်လယ်သမားများသည်တောင်အမေရိကနှင့်ယူကရိန်းမှစျေးပေါသောအစားအသောက်များတင်သွင်းမှုကိုဆန္ဒပြနေကြသည်။(ဓာတ်ပုံ) ၂။ချက်ပြည်ထဲရေးဝန်ကြီးသစ်သည်၂၀၂၂ခုနှစ်မှစ၍ချက်ပြည်ထဲရေးဝန်ကြီးရုံးတွင်လွှင့်ထူထားသောယူကရိန်းအလံကိုဖယ်ရှားလိုက်သည်။ ၃။ယူကရိန်းကါကွယ်ရေးဝန်ကြီးကဥရောပနိုင်ငံ၁၆နိုင်ငံသည်ရုရှားနှင့်ထြစ်နေသောစစ်ပွဲတွင်ယူကရိန်းကိုထောက်ပံ့ပေးနေကြောင်းပြောသည်။ ၄။ထိုင်ဝမ်မြေအောက်ဘူတာရုံတွင်ဓာတ်ဆီဗုံးနှင့်မီးခိုးဗုံးခွဲတိုက်ခိုက်မှုကြောင့်၉ဦးဒဏ်ရားသည်။ ၅။ဘင်္ဂလားဒေ့ရှ်ဆန္ဒပြပွဲ၏ခေါင်းဆောင်တစ်ဦးကိုသေနတ်သမားများကလုပ်ကြံသဖြင့်စင်ကါပူသို့ပို့ဆောင်ဆေးကုသစဉ်သေဆုံးသွားသည့်အတွက်ယနေ့ဘင်္ဂလားဒေ့ရှ်တွင်လူသိန်းချီဆန္ဒပြသည်။

🏆ပဒါန်းဒေသ၊ ဂုတ်ကြီးရွာအနီးရှိ AA သူပုန်စခန်းများအား ချေမှုန်းမှုမှတ်တမ်း🏆 ပဒါန်းဒေသ၊ နတ်ရေကန်တောင်စခန်း၏ အရှေ့မြောက်ဘက် မီ
+9
🏆ပဒါန်းဒေသ၊ ဂုတ်ကြီးရွာအနီးရှိ AA သူပုန်စခန်းများအား ချေမှုန်းမှုမှတ်တမ်း🏆 ပဒါန်းဒေသ၊ နတ်ရေကန်တောင်စခန်း၏ အရှေ့မြောက်ဘက် မီတာ ၇၀၀၀ ခန့်မှာရှိသည့် ဂုတ်ကြီးရွာအနီးရှိ AA သူပုန် စခန်းများအား ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့သည်။ - ရန်သူအခိုင်အမာ ခံစစ်ဆင်ထားတဲ့ ဂုတ်ကြီးရွာ တာဝါတိုင်စခန်း၊ ရဲစခန်း၊ ဘုရားကုန်း၊ စာသင်ကျောင်းနှင့် ရွာအတွင်းအား စစ်ကြောင်းများဖြင့် ဒီ ၁၅ ရက်နေ့မှစ၍ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက် AA သူပုန်ဘက်ကလည်း စိတ်ကြွဆေးစားပြီး အပြင်းအထန် ခုခံလျက်ရှိ၍ တစ်ဆင့်ချင်း ခြေကုတ်ရယူပြီး ချဉ်းကပ် ပိတ်ဆို့ထားခဲ့သည်။ - စိတ်ကြွဆေးရှိန် ကျဆင်းလာချိန် ရန်သူမှာ ပြင်းပြင်းထန်ထန် ခုခံနိုင်ခြင်းမရှိတော့ဘဲ ဖရိုဖရဲဖြစ်နေချိန်တွင် စစ်ကြောင်းများက မိမိရည်မှန်းချက်နေရာများအား ရဲဝံ့စွန့်စားစွာ ကျားတက်ထိုးပြီး တိုက်ခိုက်ခဲ့ရာ ဂုတ်ကြီးရဲစခန်းနှင့် စာသင်ကျောင်းအား ဒီ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်းကောင်း၊ တာတိုင်စခန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီခန့်တွင်လည်းကောင်း၊ ဘုရားကုန်းအား ဒီ ၁၇ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်လည်းကောင်း ၃ ရက်(နီးပါး) တိုင်တိုင် ဆေးရှိန်နဲ့တောင့်ခံနေသည့် ရန်သူ့စခန်းကုန်းများအား အောင်မြင်စွာသိမ်းပိုက်ရရှိခဲ့ပြီး ရွာအား အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။ - တိုက်ပွဲတွင် မိမိစစ်သည် ၁ ဦး အသက်ပေးလှူခဲ့ရပြီး စစ်သည် ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ထံမှ အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၇ လက် (RPG အပါ)၊ ကျည်မျိုးစုံ ၅၀၀ ခန့်၊ ကျည်အိမ် ၁၀ ခု၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဗုံးသီး ၅ လုံး၊ ပစ်ကျင်း/ဘန်ကာ အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ပါသည်။ - ရန်သူသည် မြန်မာ့တပ်မတော်သားများ၊ ပြည်သူ့စစ်ထမ်းများ၏ ရဲစွမ်းသတ္တိများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။ - ထိုတိုက်ပွဲမှ သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်လက်မှတ်များ၊ စစ်မြေပြင်အဆင့်တိုးများ၊ ချီးကျူးဂုဏ်ပြုလက်မှတ်များအား မကြာမီ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားရန်ရှိသည်ဟု သိရပါကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ပါသည်။ - Congratulations ပါ မြန်မာ့တပ်မတော်သားများ - တိုက်ပွဲသတင်းစုံ

🏆Congratulations ပါ ဂုတ်ကြီး🏆 - အလောင်းပုံများနှင့် သတင်းအသေးစိတ် ထပ်မံဖော်ပြပါမည်။ - တိုက်ပွဲသတင်းစုံ
+3
🏆Congratulations ပါ ဂုတ်ကြီး🏆 - အလောင်းပုံများနှင့် သတင်းအသေးစိတ် ထပ်မံဖော်ပြပါမည်။ - တိုက်ပွဲသတင်းစုံ

ဟာသသရုပ်ဆောင် ညောင်ညောင်၏ စျာပနအား အနုပညာ််ရှငများလိုက်လံပို့ဆောင် NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှို
+1
ဟာသသရုပ်ဆောင် ညောင်ညောင်၏ စျာပနအား အနုပညာ််ရှငများလိုက်လံပို့ဆောင် NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပန အခမ်းအနားအား ယနေ့ (ဒီဇင်ဘာ ၁၉ ရက်)မွန်းတည့် ၁ နာရီတွင် ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ ရေး ဝေးသုဿန်၌ ပြုလုပ်ခဲ့ကြောင်းသိရည်။ စျာပနအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များ၊ ပာာသသရုပ်ဆောင်များနှင့်ရှပ်ရှင်အသိုင်ဝိုင်းမှသူများလိုက်လံပို့ ဆောင်ခဲ့ကြောင်းသိရသည်။ သရုပ်ဆောင် ညောင်ညောင်သည် (ဒီဇင်ဘာ ၁၇ ရက်) ည ၇နာရီခန့်တွင် ရန်ကုန်မြို့၊‌မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံတွင် အသည်းရောဂါကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

Repost from NOM
ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြလူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ရှာရစ်ဖ်အူစမန်ဟာဒီဟာ ပြီးခဲ့တဲ့အပတ်အတွင်းက ဒါကာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခ
ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြလူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ရှာရစ်ဖ်အူစမန်ဟာဒီဟာ ပြီးခဲ့တဲ့အပတ်အတွင်းက ဒါကာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး မနေ့က သေဆုံးသွားခဲ့ပါတယ်။ သူ့သေဆုံးမှုအတွက် ဆူပူမှုတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေက သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးပေးဖို့ တောင်းဆိုနေကြပါတယ်။ သူဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဗလီတခုကနေ ပြန်လာချိန် ဆိုင်ကယ်စီးလာတဲ့ မျက်နှာဖုံးစွပ်သေနတ်သမားတွေက ပစ်ခတ်ခဲ့တာပါ။ ဒီနောက်မှာ စင်ကာပူက ဆေးရုံကို လေယာဉ်နဲ့ ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာပြုတ်ကျရေး ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူပါ။ တရားခံတွေရဲ့ သတင်းကို ပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၄၂၀၀၀ ပေးမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ NOM

ကရင်နှဧ်သစ်ကူးနေ့လူပင်လယ်ဖြစ်အာင်စည်ကား NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ယနေ့ကျရောက်သောကရင်နှစ်သစ်ကူးပွဲတော်ကိုတိုင်းရင်းသားကျေးရွာတွင်ကျင်
+2
ကရင်နှဧ်သစ်ကူးနေ့လူပင်လယ်ဖြစ်အာင်စည်ကား NOM၊ဒီဇင်ဘာ၁၉၊၂၀၂၅ ယနေ့ကျရောက်သောကရင်နှစ်သစ်ကူးပွဲတော်ကိုတိုင်းရင်းသားကျေးရွာတွင်ကျင်းပရာလူလေးသိန်းကျော်ပါဝင်ဆင်နွှဲပြီးလူပင်လယ်သဖွယ်ကြက်ပျံမကစည်ကားခဲ့သည်။အားကစားပွဲများလည်းထည့်သွင်းကျင်းပရာရိုးရာလက်ဝှေ့၊ချောတိုင်တက်၊ခေါင်းအုံးရိုက်၊လက်လှဲပွဲမျာူပါဝက်သည်။

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများသို့ စတုတ္ထအကြိမ် ထောက်ပံ့ငွေများနှင့်  အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ် NOM ဒီဇင်ဘာ ၁၉၊ ၂၀၂၅ ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်း၏မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ သုံးလစာအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများစနစ်တကျနေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ပြန်လည် ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး၊ ကုန်စည် ပို့ဆောင်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့်  မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့်၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများအားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နမ့်ဘော်ဝမ်(က) နှင့် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ နောင်ယား(က)၊ မင်းစုနှင့် ဈေးပိုင်းရပ်ကွက်တို့မှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများသို့ သုံးလစာထောက်ပံ့ငွေများ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။  ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။ ယခု အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဌာနဆိုင်ရာ ၇၆ ခုမှ ဝန်ထမ်း၂၃၂၅ ဦးနှင့် မိသားစုဝင် ၃၄၃၂ ဦး၊ ပြည်သူ ၁၀၅၄၅ ဦး စုစုပေါင်း ၁၆၃၀၂ ဦး တို့အတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သုံးလအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ် ၉၇၈ ဒသမ ၁၂၀ သန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ၄၈၁ လုံးအတွက် ငွေကျပ် ၇၉ ဒသမ ၇၀ သန်း၊ ဘေးသင့်ပြည်သူ ၁၅၇၉ ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၇.၈ ကျပ်သန်း၊ စုစုပေါင်းငွေကျပ် ၁၀၆၅ ဒသမ ၇၁၅ သန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၃၇၁ စုံ အား ပေးအပ်ခဲ့ကြောင်းသိရသည်။ 

photo content
+3

Repost from NOM
ဂါဇာကို အစ္စရေးတို့ စတင်တိုက်ခိုက်ချိန်ကစလို့ လက်ရှိအချိန်အထိ အစ္စရေးစစ်သားပေါင်း ၆၁ ဦးအထိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လ
ဂါဇာကို အစ္စရေးတို့ စတင်တိုက်ခိုက်ချိန်ကစလို့ လက်ရှိအချိန်အထိ အစ္စရေးစစ်သားပေါင်း ၆၁ ဦးအထိ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ NOM

Repost from NOM
မြောက်ကယ်ရိုလိုင်းနားက Statesville လေဆိပ်မှာ လေယာဉ်တစင်းပျက်ကျခဲ့ပြီး မီးလောင်ခဲ့ကာ လိုက်ပါခဲ့သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတ
+1
မြောက်ကယ်ရိုလိုင်းနားက Statesville လေဆိပ်မှာ လေယာဉ်တစင်းပျက်ကျခဲ့ပြီး မီးလောင်ခဲ့ကာ လိုက်ပါခဲ့သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလေယာဉ်ဟာ NASCAR ပြိုင်ကားအသင်းက ပိုင်ဆိုင်တာဖြစ်ပြီး သေဆုံးခဲ့တဲ့သူတွေဟာ အသက် ၅၅ နှစ်အရွယ် နာမည်ကျော် ပြိုင်ကားမောင်းသမားဟောင်း Greg Biffle နဲ့ သူ့မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ NOM

Congratulations 🏆🏆🏆 - စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအား တပ်မတော်က အပြည့်အဝထိန်းချုပ် - တိုက်ပွဲသတင်းစုံ
+3
Congratulations 🏆🏆🏆 - စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာအား တပ်မတော်က အပြည့်အဝထိန်းချုပ် - တိုက်ပွဲသတင်းစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ် (၅၃/၂၀၂၅) ကို ဒီဇင်ဘာလ(၁၈)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ် (၅၃/၂၀၂၅) ကို ဒီဇင်ဘာလ(၁၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်