fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 554 مشترک است و جایگاه 16 071 را در دسته اخبار و رسانه‌ها و رتبه 10 062 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 554 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 16 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -270 و در ۲۴ ساعت گذشته برابر -12 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.40% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.94% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 929 بازدید دریافت می‌کند. در اولین روز معمولاً 1 248 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 17 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 17 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 554
مشترکین
-1224 ساعت
-597 روز
-27030 روز
آرشیو پست ها
မြန်မာကျောင်းသား လူငယ်များကို မြောက်ဝင်ရိုးစွန်းသို့ အခမဲ့ (၁၀) ရက်ကြာ သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထား   မေ ၂၉၊ ၂၀၂၆   ရုရှားနိုင်ငံ ROSATOM အဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို မေ ၅ ရက်မှ ဇွန် ၁၅ ရက်ကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ ၁၀ ဦးသည် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။   ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃ ရက် နောက်ဆုံးထား၍ တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများသည် အဆင့်(၁) အနေဖြင့် မေ ၅ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရာတွင် သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည့်အပြင် မေးခွန်းအားလုံးဖြေဆိုကာ သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း။   အဆင့် (၂) အနေဖြင့် မေ ၁၈ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း Webinars ဆွေးနွေးပွဲများ တက်ရောက်ရမည်ဖြစ်ပြီး အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများအပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း။   အဆင့် (၃) အနေဖြင့် ဇွန် ၅ ရက်မှ ၁၅ ရက်ကာလအတွင်း ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ရမည်ဖြစ်ပြီး အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံများမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို "Video Business Card" (ဗီဒီယိုဖြင့် မိတ်ဆက်တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲရလဒ်များကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကို ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။   အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ RAIN ကိုယ်ပိုင်အဖွဲ့အစည်းမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒားယူးစတပ်စ်က “ဗဟုသုတရေခဲခွဲသင်္ဘော (Icebreaker of Knowledge) စီမံကိန်းကို နိုင်ငံတကာအဆင့်အနေနဲ့ ကျင်းပတာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်တွေဟာ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းဆီကို စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်နဲ့ စတင်ကြမှာပါ။ ၁၀ ရက်တာအတွင်းမှာ သူတို့ဟာ ထိပ်တန်းသိပ္ပံပညာရှင်တွေ၊ သိပ္ပံပညာပြန်ကြားရေး ကျွမ်းကျင်သူတွေ၊ ဘလော့ဂါတွေနဲ့အတူ အာတိတ်ဒေသကို လေ့လာစူးစမ်းကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကမ္ဘာ့အမြင့်ဆုံးအမှတ်ကို ရရှိဖို့အတွက်သာမက ဗဟုသုတအမြင်တွေ ကျယ်ပြန့်လာစေဖို့၊ မိတ်ဆွေသစ်တွေရရှိဖို့၊ စံချိန်သစ်တွေတင်နိုင်ဖို့နဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်က
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀) ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်းသိရသည်။

အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (US SOUTHCOM) ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးသည် ဂွမ်တာနာမိုဘေး (Guantanamo Bay) တွင် ကျူးဘားစစ်ဘက
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (US SOUTHCOM) ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးသည် ဂွမ်တာနာမိုဘေး (Guantanamo Bay) တွင် ကျူးဘားစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံပြီး လုံခြုံရေးကိစ္စများဆွေးနွေး။ NOM

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ   မေ ၂၉၊ ၂၀၂၆   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။   ထိုသို့ တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စရပ်များ၊ မန္တလေးငလျင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။   တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

+1
၁။ အမေရိကန် သမ္မတ ထရမ့်က ဒဲလ် (Dell) ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဒေါ်လာ ၅ သန်းကျော်ဖိုး ဝယ်ယူခဲ့ ၂။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ဖ်က ဒဲလ် (Dell) ကုမ္ပဏီကို ဒေါ်လာ ၉ ဘီလီယံတန် စာချုပ် ပေးအပ်ခဲ့ — ပင်တဂွန် စစ်ဌာနချုပ်၏ လူမဲ့လက်နက် (ဒရုန်း) ရုပ်သံမှတ်တမ်းများ ထွက်ပေါ် ၃။ ဒဲလ် (Dell) ကုမ္ပဏီသည် စတော့ဈေးကွက်သမိုင်းတွင် ၎င်းတို့အတွက် အကောင်းဆုံးနေ့တစ်နေ့ကို ယခုလေးတင် ပိုင်ဆိုင်ခဲ့ ၄။ မှတ်ချက်ပေးသူတိုင်းက အများပြည်သူ မသိသေးတဲ့ ကုမ္ပဏီတွင်း ဒါမှမဟုတ် အစိုးရပိုင်းက အတွင်းသတင်းတွေကို ကြိုတင်သိရှိမှုအပေါ် အခြေခံပြီး ကိုယ်ကျိုးစီးပွားအတွက် ရှယ်ယာတွေ ကြိုတင်ဝယ်ယူ ကစားတာဘယ်လိုဖြစ်လို့ တရားဝင်နေရတာလဲ? ဆိုပြီး ဝိုင်းအော်နေကြသည်။ NOM

ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA): အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မကြာသေးမီက ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာ
ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ (PGSA): အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မကြာသေးမီက ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ PGSA အနေဖြင့် ယခုလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး၊ ပင်လယ်ဓားပြဆန်ဆန် ပြုမူလုပ်ဆောင်နေသော အမေရိကန်ကဲ့သို့သော နိုင်ငံမျိုး၏ ပိတ်ဆို့အရေးယူမှုကို ခံရခြင်းသည် ၎င်းတို့၏ ယခုအချိန်အထိ လုပ်ဆောင်ချက်များမှာ ကောင်းမွန်မှန်ကန်ကြောင်း ပြသသည့် သက်သေတစ်ခုဖြစ်သည်ဟု မှတ်ယူကြောင်း ဖော်ပြထားသည်။ NOM

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နိုင်တော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက်ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့်ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအားလိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။ ထို့နောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/စစ်သည်၊ မိသားစုဝင်များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူမျာအားကြည့်ရှုအားပေး မေ ၂၉၊ ၂၀၂၆ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)အရာခံ/အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစားရိပ်သို့ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖျန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်း ရိက္ခာများအားသန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန်တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် သင်တန်းကျောင်းဝန်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ပြခန်းတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ နေ့လယ်ပိုင်းတွင် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ဆက်လက်၍ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေးဇုန်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင်လုပ်ဆောင်ကြရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် မျိုးစေ့များခင်းကျင်းပြသထားမှုကိုကြည့်ရှုကြပြီး တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင်ပဲ၊ ဘူး၊ မုံညင်း၊ မုန်လာဥနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များသိုလှောင်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ နယ်မြေခံဆေးရုံတွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊စစ်သည်များနှင့် မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှု အခြေအနေများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

သထုံ-ဘားအံကားလမ်းတွင် ခရီးသည်တင် Express ကားမှ သုံးဘီးကို ကျော်တက်စဉ် ချိတ်မိပြီး သုံးဘီးတိမ်းမှောက် NOM၊မေ ၂၉၊၂၀၂၆ မွန်ပြည်န
သထုံ-ဘားအံကားလမ်းတွင် ခရီးသည်တင် Express ကားမှ သုံးဘီးကို ကျော်တက်စဉ် ချိတ်မိပြီး သုံးဘီးတိမ်းမှောက် NOM၊မေ ၂၉၊၂၀၂၆ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းတွင် ခရီးသည်တင် Express ကားမှ သုံးဘီးကို ကျော်တက်စဉ် ချိတ်မိပြီး သုံးဘီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့မေ၂၉ ရက်က သထုံ-ဘားအံကားလမ်းတွင် သထုံဘက်မှ ဘားအံဘက်သို့မောင်းနှင်နေသော EXPRESS ကား၏ ရှေ့ရှိ မောင်းနှင်နေသော သုံးဘီးသည် မြို့သစ်အရောက်၌ သုံးဘီးမှ အချက်ပြပြီး ကွေ့ရာ နောက်မှလိုက်ပါလာသော EXPRESS ကားမှ ကျော်တတ်စဉ် ကပ်ချိတ်မိ၍ သုံးဘီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် သုံးဘီးယာဉ်မောင်းနှင့် EXPRESS ကားမှ လိုက်ပါစီးနှင်းသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အမေဇုံသူဌေး၏ဒုံးပျံသည်ပစ်လွတ်စင်ပေါ်တွင်ပေါက်ကွဲမီးလောင် NOM အမေဇုံကုမ္ပဏီကို တည်ထောင်သူ ဂျက်ဖ် ဘေဇိုစ်၏ ဒုံးပျံတစ်စင်း ဖလော်ရီဒါပြည်နယ်ရှိ ပစ်လွှတ်စင် (launch pad) ပေါ်တွင် စမ်းသပ်မှုတစ်ခုအတွင်း ပေါက်ကွဲပျက်စီးသွားခဲ့သည်။ New Glenn ဒုံးပျံ၏ အင်ဂျင်များ လောင်ကျွမ်းပြီးနောက် ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အာကာသစခန်းပေါ်တွင် မှိုပုံသဏ္ဌာန် မီးတောက်ကြီး လွှတ်တက်သွားသည်။ Blue Origin ကုမ္ပဏီသည် အဆင့်နှစ်ဆင့်ပါသော အလေးချိန်ကြီးမားသည့်ဒုံးပျံကို စမ်းသပ်နေခြင်းဖြစ်ပြီး ယင်းဒုံးပျံဖြင့် ဘေဇိုစ်သည် အီလွန်မတ်စ်၏ အာကာသအင်ပါယာ (SpaceX) ကို မှီအောင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကုမ္ပဏီသည် ဤစီမံကိန်းအတွက် ဒေါ်လာ ၂.၅ ဘီလီယံ (၂၅၀၀ သန်း) သုံးစွဲထားပြီး ၂၀၁၂ ခုနှစ်မစတင်၍တည် ဆောက်နေသော ဧရာမဒုံးပျံကြီးဖြစ်ကာ ပစ်လွှတ်မှုတစ်ကြိမ်လျှင် ဒေါ်လာ ၆၈ သန်း ကုန်ကျသည်။ အီလွန်မတ်စ်က ပေါက်ကွဲမှုနှင့်ပတ်သက်၍ “အလွန်ဆိုးပါတယ်။ ဒုံးပျံဆိုတာ ခက်ပါတယ်” ဟု ပြောကြားခဲ့သည်။ Blue Origin သည် အမေဇုံ၏ အင်တာနက်ဂြိုဟ်တုများကို ပတ်လမ်းအတွင်း ပစ်လွှတ်ရန်အတွက် ဤဒုံးပျံကို အသုံးပြုရန် စီစဉ်ထားခြင်းဖြစ်သည်။

ငါန်းဇွန်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၅ နှစ်အရွယ်
+1
ငါန်းဇွန်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ မေလ ၂၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သို့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်သမဝါယမရုံးဝင်းအတွင်း လက်လုပ်စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သမဝါယမရုံးဝင်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဦးမောင်နိုင် (၅၀) နှစ်နှင့် မောင်အောင်ကောင်းမြတ် (၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ငါန်းဇွန်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

ယူကရိန်းတွင်အားကစားရုံအတွင်းဝင်ရောက်ပြီးအဓမ္မစစ်သားစုဆောင်းသူများကိုအားကစားသမားများကထိုးကြိတ်နှင်ထုတ်လိုက်သည်။

ထရမ့်ပုံဖြင့်ငွေစက္ကူထုတ်ရန်ငြင်းဆန်သူဌာနအပြောင်းခံရ NOM ၁၈၆၆ ခုနှစ်ကတည်းက သက်ရှိပုဂ္ဂိုလ်တစ်ဦးကို ငွေစက္ကူပေါ်တွင် ထည့်သွင်း
ထရမ့်ပုံဖြင့်ငွေစက္ကူထုတ်ရန်ငြင်းဆန်သူဌာနအပြောင်းခံရ NOM ၁၈၆၆ ခုနှစ်ကတည်းက သက်ရှိပုဂ္ဂိုလ်တစ်ဦးကို ငွေစက္ကူပေါ်တွင် ထည့်သွင်းဖော်ပြခြင်းမှာ တရားမဝင်ကြောင်း အမေရိကန် ဥပဒေအရသတ်မှတ်ထားသော်လည်း အေမရိကန်သမ္မတထရမ့်သည်သူ၏ ပုံတူပါဝင်သည့် ၂၅၀ ဒေါ်လာတန် ငွေစက္ကူကို ဒီဇိုင်းထုတ်ရန် ငွေပုံနှိပ်တိုက် (Bureau of Engraving and Printing) ကို ဖိအားပေးခဲ့သည်။ ထိုငွေစက္ကူသည် တရားမဝင်ကြောင်းနှင့် တရားရေးဆိုင်ရာ ကန့်သတ်ချက်များ မရှိသည့်တိုင်ထုတ်ဝေရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု ၎င်း ငွေပုံနှိပ်စက်မှူးက ပြောကြားပြီးနောက် သူမသည် ဘဏ္ဍာရေးဌာနမှ ရာထူးပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွား မေလ ၂၉၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်အောင်ဆန်း (ခ) ဆန်းဆန်း (၅၀) နှစ်သည် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ "ရှစ်တော(၂)" စားသောက်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

ဆိပ်ဖြူမြို့နယ်၊ ချထောက်ကျေးရွာနေ အခြေခံပညာမူလတန်းလွန်ကျောင်း (စမ်းရေယာဉ်) မှ လက်ထောက်မူလတန်းပြဆရာမတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွား မေ ၂၉၊ ၂၀၂၆ မကွေးတိုင်း ဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချထောက်ကျေးရွာနေ အခြေခံပညာမူလတန်းလွန်ကျောင်း (စမ်းရေယာဉ်) မှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဆန်းမြင့်ဌေး (၅၀) နှစ်သည် မေလ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်၌တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက် ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

အကြမ်းဖက်အဖွဲ့၏သတ်ဖြတ်မှုကြောင့်အပြစ်မဲ့ပြည်သူနှစ်ဦးသေဆုံး NOM၊မေ၂၉၊၂၀၂၆ အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည်နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့်PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများ တွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ခြင်းနှင့်အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးထွန်းထွန်း(၂၉)နှစ်သည် သထုံမြို့မှ ဘီးလင်းမြို့သို့ မော်တော်ယာဉ်တစ်စီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ် ကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အလားတူ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင် ကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးတင့်(၆၅)နှစ်သည် ငါးလုံးတင်ကျေးရွာမှ မုံရွာမြို့သို့ ၎င်းပိုင်မော်တော် ယာဉ် ဖြင့် ထွက်ခွာလာစဉ် ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာအနီး အရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီး၍ ဖမ်းဆီးခေါ်ဆောင် သွားကာ မှန်ချိုကျေးရွာ၏အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ မီးရထားသံလမ်းဘေး၌ ဦးစိုးတင့်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍မော်တော် ယာဉ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးစိုးတင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည်ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအားဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍PDFအမည် ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ် များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအတွက်ဝါဒဖြန့်ပေးသူကိုဖမ်းဆီး NOM၊မေ၂၉၊၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Mya Thida Win 8811” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ မြသီတာဝင်း(ခ)ရှမ်းမအား ည ၆ နာရီ ၂၅ မိနစ်တွင် မတ္တရာမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။

နေရပ်စွန့်ခွါသူများကို မိမိ ဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုကုလပြော NOM၊မေ၂၉၊၂၀၂၆ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis သည်မေ ၂၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ၌ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံစဥ်နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိ ဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။ ယာယီညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့်လွှတ်တော်အစည်းအဝေးများတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လူရွှင်တော် ပန်းသီး အသည်းကင်ဆာဖြင့် ကွယ်လွန် NOM၊မေ၂၉၊၂၀၂၆ သီး‌လေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော
လူရွှင်တော် ပန်းသီး အသည်းကင်ဆာဖြင့် ကွယ်လွန် NOM၊မေ၂၉၊၂၀၂၆ သီး‌လေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူရွှင်တော် ပန်းသီး (ခ) ဦးမျိုးဇော်သည် ယနေ့ (မေ ၂၉ ရက်)မွန်းလွဲ ၁ နာရီတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ လူရွှင်တော် ပန်းသီး(ခ) ဦးမျိုးဇော်သည် ၁၉၇၇ခုနှစ်၊အောက်တိုဘာ ၂၀ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် ၄၉နှစ်ရှိ ပြီဖြစ်သည်။ ၎င်းသည် မကွယ်လွန်မှီ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ကျန်းမာရေးအခြေအနေအရ အနုပညာလုပ်ငန်းများ လတ်တလောနားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သေးသည်။ သီးလေးသီးအဖွဲ့ဝင် ကြယ်သီး မှလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်"ချစ်သူငယ်ချင်းမောင်မျိုးဇော်(ခ) ပန်းသီး လားရာသုဂတိကောင်းပါစေ"ဟု ရေးသားဖော်ပြ ထားသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် မေ ၂၈၊ ၂၀၂၆ နိုင်ငံတ
ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်   မေ ၂၈၊ ၂၀၂၆   နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။   နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ထိုသို့ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။