fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 435 مشترک است و جایگاه 15 924 را در دسته اخبار و رسانه‌ها و رتبه 10 098 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 435 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 05 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -222 و در ۲۴ ساعت گذشته برابر -12 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.30% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.44% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 908 بازدید دریافت می‌کند. در اولین روز معمولاً 677 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 06 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 435
مشترکین
-1224 ساعت
-607 روز
-22230 روز
آرشیو پست ها
Repost from NOM
“ကနေဒါက ကျနော်တို့ကို ကျေးဇူးတင်သင့်ပါတယ်၊ အမေရိကန်ကြောင့် ကနေဒါရဲ့ အသက်တွေက ရှင်သန်ရပ်တည်နေနိုင်တာပါ၊ ဝန်ကြီးချုပ် မာ့ခ်အနေနဲ့ နောက်တခါ ကြေညာချက်တွေ ထုတ်ပြန်တဲ့အခါမှာ ဒါကို မမေ့ပါနဲ့” Davos ကိုရောက်နေချိန်မှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ NOM

Repost from NOM
ဆွစ်ဇာလန်၊ ဒါးဗို့စ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ လေစွမ်းအင်ကို ထောက်ခံတဲ့သူတွေကို မိုက်မဲတဲ့သူတွေလို့ ထရမ့်က လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။ “တရုတ်က ထက်မြက်တယ်၊ သူတို့က လေစက်တွေ ထုတ်လုပ်ပြီး စျေးကြီးကြီးနဲ့ ရောင်းချတယ်၊ ဒါကို မိုက်မဲရူးနှမ်းတဲ့သူတွေက ဝယ်ကြတယ်၊ ဥရောပတခွင့်မှာ လေစက်တွေနဲ့ ပြည့်နေပြီး အရှုံးပေါ်နေကြတာပါ၊ တရုတ်က အားလုံးနီးပါးကို ထုတ်လုပ်တာဖြစ်ပြီး လေစွမ်းအင်ခြံတွေတော့ မရှိဘူး” NOM

Repost from NOM
ဂရင်းလန်းကို စစ်ရေးအရ ကျူးကျော်ဖို့ အစီအစဉ်ကို အိမ်ဖြူတော်က ပင်တဂွန်ဆီ လက်ရှိမှာ မတောင်းဆိုရသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိ
ဂရင်းလန်းကို စစ်ရေးအရ ကျူးကျော်ဖို့ အစီအစဉ်ကို အိမ်ဖြူတော်က ပင်တဂွန်ဆီ လက်ရှိမှာ မတောင်းဆိုရသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New York Times က ဖော်ပြခဲ့ပါတယ်။ စစ်ရေးလေ့လာသုံးသပ်သူတွေက အမေရိကန်စစ်တပ်အတွက် ဂရင်းလန်းကို သိမ်းပိုက်ဖို့က မခက်ခဲဘူးလို့ ဆိုကြပါတယ်။ ဂရင်းလန်းဟာ လူဦးရေ ၅၆၀၀၀ သာရှိပြီး မြောက်ဘက်အစွန်ဆုံးမှာ အမေရိကန်အခြေစိုက်စခန်းတခုရှိပါတယ်။ ဒါပေမယ့် ပင်တဂွန်အရာရှိတွေနဲ့ အဆင့်မြင့်တပ်မှူးတွေက ထရမ့်ရဲ့ စစ်ရေးအခြေအနေဖြစ်နိုင်ခြေကို ဆက်ပြီးတော့ ပြုမူနေတာတွေအတွက် မကျေမနပ်ဖြစ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ သိရပါတယ်။ NOM

Repost from NOM
ဂရင်းလန်းကို စစ်ရေးအရ ကျူးကျော်ဖို့ အစီအစဉ်ကို အိမ်ဖြူတော်က ပင်တဂွန်ဆီ လက်ရှိမှာ မတောင်းဆိုရသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိ
ဂရင်းလန်းကို စစ်ရေးအရ ကျူးကျော်ဖို့ အစီအစဉ်ကို အိမ်ဖြူတော်က ပင်တဂွန်ဆီ လက်ရှိမှာ မတောင်းဆိုရသေးဘူးလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The New York Times က ဖော်ပြခဲ့ပါတယ်။ စစ်ရေးလေ့လာသုံးသပ်သူတွေက အမေရိကန်စစ်တပ်အတွက် ဂရင်းလန်းကို သိမ်းပိုက်ဖို့က မခက်ခဲဘူးလို့ ဆိုကြပါတယ်။ ဂရင်းလန်းဟာ လူဦးရေ ၅၆၀၀၀ သာရှိပြီး မြောက်ဘက်အစွန်ဆုံးမှာ အမေရိကန်အခြေစိုက်စခန်းတခုရှိပါတယ်။ ဒါပေမယ့် ပင်တဂွန်အရာရှိတွေနဲ့ အဆင့်မြင့်တပ်မှူးတွေက ထရမ့်ရဲ့ စစ်ရေးအခြေအေနဖြစ်နိုင်ခြေကို ဆက်ပြီးတော့ ပြုမူနေတာတွေအတွက် မကျေမနပ်ဖြစ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ သိရပါတယ်။ NOM

Breaking News ==== မယ်စဲ့ အကျဥ်းထောင်မှ ထောင်ဖောက်ပြေးလာသည့် လေယာဥ်မှူးအပါအဝင် စစ်သည်များ ၈၁ ဦးအနက် ၄၁ ဦးအား ထိုင်းနိုင်ငံ၏
+3
Breaking News ==== မယ်စဲ့ အကျဥ်းထောင်မှ ထောင်ဖောက်ပြေးလာသည့် လေယာဥ်မှူးအပါအဝင် စစ်သည်များ ၈၁ ဦးအနက် ၄၁ ဦးအား ထိုင်းနိုင်ငံ၏ ပူးပေါင်းအကူအညီဖြင့် ဆက်သွယ်ခေါ်ယူရရှိ.. - ကျန်သူများအား ဆက်လက်ချိတ်ဆက် ကယ်ထုတ်နေ။ - Crd

ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ဒေသရှိ ပုန်းခိုနေတဲ့ ဆေးကြောင် AA သူပုန်များအား ချေမှုန်းခြင်း (21-1-2026)။ - တိုက်ပွဲသတင်းစုံ

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင်မြန်မာ‌ ရွှေလေးခု၊ ငွေသုံး၊ကြေးတစ်ရရှိထား NOM၊ဇန်နဝါရီ၂၁၊၂၀၂၅ ထိုင်းန
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင်မြန်မာ‌ ရွှေလေးခု၊ ငွေသုံး၊ကြေးတစ်ရရှိထား NOM၊ဇန်နဝါရီ၂၁၊၂၀၂၅ ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ဇန်နဝါရီ၂၀ရက်မှ၂၆ရက်အထိကျင်းပလျက်ရှိသည့်(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင်ဇန်နဝါရီ၂၁ရက်က (ရေကူးအမျိုးအစား အမျိုးသား မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ ပက်လက်ကူးပြိုင်ပွဲ၊ လိပ်ပြာကူးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ တို့တွင် မြန်မာနိုင်ငံ အားကစားအဖွဲ့မှ ရွှေတံဆိပ်-၄ခု၊ ငွေတံဆိပ်-၃ခု၊ ကြေးတံဆိပ်-၁ခု ရရှိထားကြောင်းသိရသည်။အဆိုပါမြန်မာနိုင်ငံ အားကစားအဖွဲ့ပြိုင်ပွဲများဆက်လျက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

ဂမ်ဘီယာ အထူးပြုစွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလျှောက်လဲချက်များအား ဦးကိုကိုလှိုင် ကောက်နုတ်ပြောကြားခြင်း အပိုင်း(၁)

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ
+5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော် ဇန်နဝါရီ ၂၁

အေးတာပဲ တိုက်ပွဲသတင်းစုံ
အေးတာပဲ တိုက်ပွဲသတင်းစုံ

ပြည်သူသတင်းပေးခြင်း (မြင်းခြံ) ဇန် ၂၀ ရက် မနက်ပိုင်းက ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ မြင်းခြံမြို့နယ်၊ ပတ္တာရွာအနီးအား တပ်/ပသ
ပြည်သူသတင်းပေးခြင်း (မြင်းခြံ) ဇန် ၂၀ ရက် မနက်ပိုင်းက ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ မြင်းခြံမြို့နယ်၊ ပတ္တာရွာအနီးအား တပ်/ပသစ စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် ၂၀ ဦးဖြင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ - (၁) အကြမ်းဖက် ၁ လောင်း (၂) လုပ်သေနတ် ၁ လက်၊ ကျည်ဆန် ၆ တောင့် (၃) လုပ်စိန်ပြောင်း ၁၀ လက် (၄) အိုင်ကွန် ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပါမည်) - တိုက်ပွဲသတင်းစုံ

ကျောက်ဖြူမြို့နယ်၊ ပြားကျွိန်ချောင်းဖျားဒေသရှိ ဆေးကြောင် AA သူပုန်အခြေပြုနေရာများနှင့် ရိက္ခာ/ခဲယမ်းဂိုထောင်များအား ချေမှုန်းတိုက်ခိုက်ခြင်း (20-1-2026)။ တိုက်ပွဲသတင်းစုံ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပို့လွှတ်သည့် မြစ်ကျော်တာဝါတိုင်တစ်ခုအား
+1
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပို့လွှတ်သည့် မြစ်ကျော်တာဝါတိုင်တစ်ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဇန်နဝါရီ ၂၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ လျှပ်စစ် ဓာတ်အားဖြန့်ခွဲပို့လွှတ်သည့် မြစ်ကျော်တာဝါတိုင်အား ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ မဟာဓါတ်အားလိုင်း ၁၃၂ ကေဗွီ၊ ဧရာဝတီမြစ်ကျော်တာဝါတိုင် အမှတ် (၂၅၂) ၏ RCS-1 တိုင်အောက်ခြေခုံ ၄ ခုံအနက် ၃ ခုံအား PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ရာ အရှေ့မြောက်ဘက်တိုင်အောက်ခြေခုံရှိ မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် တိုင်အောက်ခြေခုံသံတိုင်အချို့ပဲ့ထွက်ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ခွဲပို့လွှတ်မှု ပြတ်တောက်ခဲ့ခြင်းမရှိကြောင်းနှင့် ပေါက်ကွဲမှုမရှိသည့် မိုင်းနှစ်လုံးအား သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်၌ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး လက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်သည့် ဦးမြင့်ဆွေ (၆၉) နှစ်၊ ဒေါ်အိဇင် (၄၁) နှစ်၊ မနှင်းသော်ထွန်း (၆) နှစ်နှင့် မောင်စိုင်းထက်ပြည့်စုံ (၃) နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ကြို့ပင်ကောက်မြို့နယ်တွင် မင်္ဂလာဆောင်ပွဲ၌ရှိနေသည့် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေ
ကြို့ပင်ကောက်မြို့နယ်တွင် မင်္ဂလာဆောင်ပွဲ၌ရှိနေသည့် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကို PDF အကြမ်းဖင်္ကသမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၂၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ဘုရားပျိုကျေးရွာနေ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးသန်းစိုး (၅၂) နှစ်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်၌ ကြို့ပင်ကောက်မြို့နယ်၊ ခုနစ်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးသန်းစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကြို့ပင်ကောက်မြို့နယ်တွင် မင်္ဂလာဆောင်၌ရှိနေသည့် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကို PDF အကြမ်းဖင်္ကသမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၂၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ဘုရားပျိုကျေးရွာနေ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးသန်းစိုး (၅၂) နှစ်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်၌ ကြို့ပင်ကောက်မြို့နယ်၊ ခုနစ်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲတွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးသန်းစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး အဘွားအိုတစ်ဦးနှင့် ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာများရ NOM ဇန်နဝါရီ ၂၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအား ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများ ဖြစ်ကြသည့် ဒေါ်မာလာ (၃၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးထွန်းအောင် (၅၃) နှစ်၊ ဒေါ်စိန်အေး (၇၅) နှစ်နှင့် မမေနဒီအောင် (၁၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၂၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေးကို၂၀၂၂ခုနှစ်ကလက်လုပ်သေနတ်ဖြင့်လုပ်ကြံခဲ့သူတက်ဆုယယာမာဂ
+4
ဇန်နဝါရီလ၂၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေးကို၂၀၂၂ခုနှစ်ကလက်လုပ်သေနတ်ဖြင့်လုပ်ကြံခဲ့သူတက်ဆုယယာမာဂါမီကိုဂျပန်တရားရုံးကယနေ့တွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်သည်။(ဓါတ်ပုံ) ၂။အသက်၇၆နှစ်ရှိတောင်ကိုးရီးယားဝန်ကြီးချုပ်ဟောင်းဟန်ဒပ်ဆူးကိုသမ္မတကစစ်အုပ်ချုပ်ရေးကြေညာနိုင်ရန်ကူညီမှုဖြင့်ယနေ့ထောင်ဒဏ်၂၃နှစ်ချမှတ်လိုက်သည်။(ဓါတ်ပုံ) ၃။အမေရိကန်သည်စင်ကာပူသို့ဒေါ်လာ၂.၃ဘီလီယံတန်ဖိုးရှိဘိုးအင်းP-8 ပင်လယ်ပြင်ကင်းထောက်လေယာဥ်ေလးစီးနှင့်တော်ပီဒိုများရောင်းချရန်ယမန်နေ့ကအတည်ပြုလိုက်သည်။(ဓါတ်ပုံ) ၄။ဒီဇင်ဘာလကဖြစ်ပွားခဲ့သောထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများအတွင်းက မောဘာဒီးယားစစ်သည်၁၁၀ကျော်သေဆုံးခဲ့သည်။(ဓါတ်ပုံ) ၅။ဗိယက်နမ်ခေါင်းဆောင်တွန်လမ်းက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများရှိသော်လည်းဗီယက်နမ်ကိုစီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်း၁၀%အထက်ရှိအောင်ကြိုးစားမည်ဟုပြောသည်။(ဓါတ်ပုံ)

ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ပုသိမ်ကြီးမြိုနယ်အတွင်း မဲရုံများ ဖွင့်လှစ်ပြင်ဆင်ထားရှိမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလု
ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ပုသိမ်ကြီးမြိုနယ်အတွင်း မဲရုံများ ဖွင့်လှစ်ပြင်ဆင်ထားရှိမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက် ဇန်နဝါရီ ၂၀၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ကျင်းပမည့် မြို့နယ်ရှစ်မြို့နယ်တွင် ပါဝင်သော ပုသိမ်ကြီးမြို့နယ်ရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၇၇၁၄၄ ဦးအတွက် မဲရုံပေါင်း ၁၃၉ ရုံ စနစ်တကျဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာအုပ်စုရှိ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်း၊ ရေထွက်ကျေးရွာအုပ်စုရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပြောင်းရွှေ့ဖွင့်လှစ်ထားသည့် ပုသိမ်ကြီးမြို့နယ် အားကစားခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်ကြီး) တို့တွင် မဲရုံများ ဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်ကြီး) ရှိ အောင်ဇမ္ဗူခန်းမ၌ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးများ၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်‌ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Repost from NOM
ကမ္ဘာ့စီးပွားရေးဖိုရမ်ပွဲကို တက်ရောက်ဖို့အတွက် ဆွစ်ဇာလန်၊ Davos ကို ထွက်ခွာခဲ့တဲ့ ထရမ့်ရဲ့ လေယာဉ်ဟာ အတိအကျမသိရသေးတဲ့ အကြောင်း
ကမ္ဘာ့စီးပွားရေးဖိုရမ်ပွဲကို တက်ရောက်ဖို့အတွက် ဆွစ်ဇာလန်၊ Davos ကို ထွက်ခွာခဲ့တဲ့ ထရမ့်ရဲ့ လေယာဉ်ဟာ အတိအကျမသိရသေးတဲ့ အကြောင်းပြချက်တွေနဲ့ နောက်ကြောင်းပြန်လှည့်ကာ ဝါရှင်တန်ကို ပြန်သွားခဲ့ပါတယ်။ NOM