fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 428 مشترک است و جایگاه 15 927 را در دسته اخبار و رسانه‌ها و رتبه 10 104 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 428 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 06 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -221 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.42% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.20% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 922 بازدید دریافت می‌کند. در اولین روز معمولاً 771 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 07 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 428
مشترکین
-924 ساعت
-627 روز
-22130 روز
آرشیو پست ها
Repost from MRTV
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြား တရားရင်ဆိုင်မှုနှင့်ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်) မှ IR ပါမောက္ခ ဒေါက်တာဆင့်ဆင့်မြတ်၏ ပြောကြားချက်

Repost from MRTV
အပြည်အပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံအကြား တရားရင်ဆိုင်နေမှုနှင့် ပတ်သက်ပြီး အမေရိကန် စာရေးဆရာ Mr. Rick Heizman ၏ ပြောကြားချက်

NLD လက်ထက်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုပြီး ဗုဒ္ဓဘာသာ နိုင်ငံကို ဆွဲချ ထားခဲ့တာ အများကြီးပဲ။ ဒီအကျိုးဆက်က ခုထိပုံရိပ်ကြီးနေတုန်းပဲ။ ဥပမာ အင်းစိန် ရွာမ ဆရာတော် ဘုရားကြီးတွေ ဦးဆောင်တဲ့ မဘသ ကို နိုင်ငံတော်အဆင့်ကနေ အရေးယူပြီး ဖျက်သိမ်းဖို့အထိ ကြိုးစားခဲ့ကြတာကိုပဲ အရင်ကြည့်။ သူတို့လက်ထက်မှာ ယဉ်ကျေးလိမ္မာ သင်တန်းတွေပိတ်ပင်၊ တခြား ဘာသာဝင်တွေ မျက်နှာကြည့်ရလို့ ဗုဒ္ဓ အဆိုအမိန့်တွေတောင် မြန်မာ့အလင်း သတင်းစာကနေ ဖယ်ရှားပေးခဲ့ရတာက ဒေါ်စု ဦးဆောင်တဲ့ NLD လက်ထဲမှာပဲ ရှိခဲ့တာ ပဲမဟုတ်ဘူးလားပေါ့။ အဲ့ဒီခေတ်ကာလက ဘယ်လောက်တောင် အနီ ထောက်ခံသူတွေ စရိုက်ဆန်ခဲ့ကြသလဲဆိုတော့ ကိုဗစ်ကာလမှာ ကိုဗစ်ကူးစက်ခဲ့တဲ့ စာသင်တိုက်တစ်ခုလုံးကိုတောင် ကျိန်စာတွေ တိုက်ခဲ့ကြတာပဲလေ။ စရိုက်ဆိုးတွေနဲ့ ရှင်သန်ကြတာကို အဓိက ပြောလိုတာပါ။ ----- ဗုဒ္ဓဘာသာ ကိုးကွယ်မှု အနိမ့်ဆုံး ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ နိုင်ငံ တစ်ခုကို လစ်ဘရယ်စံနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး လူမျိုးဘာသာပေါင်းစုံ ညီညွှတ်ရေးဆိုပြီး ဘုရားသားတော်တွေကို ကြမ်းတပြေးတည်း ထိုင်ခိုင်ထားတဲ့ စီမံချက်တွေကိုပဲ ပြန်သတိရကြဦးပေါ့။ ------ ခု ဖြစ်နေတဲ့ ဘင်္ဂလီအရေးမှာလည်း ရိုဟင်ဂျာ မရှိပါဘူး ဆိုတဲ့ နိုင်ငံတော်အဆင့် ပြည်တွင်းပညာရှင်တွေရဲ့ ရပ်တည်ချက်ကိုတောင် ဒေါ်စုအနေနဲ့ ရဲရဲ ရပ်တည်ခဲ့တာ မဟုတ်ပါဘူး။ ------ ကုလားကို ကုလားလို့ ခေါ်ရင်တောင် ရိုင်းစိုင်းတဲ့ မိဘက မွေးလာတဲ့ သဘော၊ ဘုန်းကြီးသေတာက ဘာမှ မဖြစ်ဘူး၊ ဗလီက သူတို့ဘာသာရဲ့ အသက်ဆိုပြီး ပြောခဲ့တဲ့ စကားတွေက ဒေါ်စု နှုတ်က ထွက်ခဲ့တဲ့ စကားလုံးတွေပါ။ ----- လက်ရှိ ရင်ဆိုင်နေရတဲ့ ဘင်္ဂလီ ပြဿနာမှာလည်း ၈၂ ခု နှစ် ၊ နိုင်ငံသား ဖြစ်မှု ဥပဒေကို ပြောင်းလဲဖို့၊ တနည်းအားဖြင့် တနှစ်ကို ၄ သားလောက် ကျနေတဲ့ လူမျိုးစုအတွက် ကလေးသူငယ်ဆိုင်ရာ မွေးစားခွင့်(နိုင်ငံသား ခံယူနိုင်ခွင့်ပါတဲ့) ဥပဒေမျိုးကိုတောင် အာဏာရချိန်မှာ ပြဌာန်းခဲ့တာ အထင်အရှားပဲလေ။ ----- ကိုယ်တွေနိုင်ငံက ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာ ၊ တိုင်းရင်းသား စသဖြင့် ခိုင်ခိုင်မာမာ ရှိတဲ့ နိုင်ငံတစ်ခုပါ။ မူလမျိုးနွယ်စုကို အတင်းအကြပ်ဖယ်ရှားပြီး လူမျိုးပေါင်းစုံနဲ့ နိုင်ငံ ဖွဲ့ထားတဲ့ စရိုက်စုံ နိုင်ငံ တစ်ခု မဟုတ်ပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုပြီး တချို့ လစ်ဘရယ်စံနှုန်းတွေအတွက် ကိုယ့်နိုင်ငံရဲ့ ဖြစ်တည်မှုတွေကို ပြောင်းပေးစရာ မလိုဘူးလို့လည်း မြင်ပါတယ်။ (နရီမိုး)

+1
ဇန်နဝါရီလ၁၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဗင်နီဇွဲလားကိုအမေရိကန်ကတိုက်ခိုက်စဥ်စစ်သား ၄၇ဦးအပါအဝင်၈၃ဦးသေ ဆုံးကြောင်းဗင်နီဇွဲလားကကြေညာသည်။ ၂။ကီယက်ဗ်မြို့တော်ဝန်ကလျပ်စစ်နှင့်အပူငွေ့မပေးနိုင်သည့်အတွက်မြို့သူမြို့သားများမြို့ကိုစွန့်ခွာရန်ဒုတိယအကြိမ်ပန်ကြားလိုက်သည်။ ၃။ကနေဒါဝန်ကြီးချုပ်ကသဘာဝဓါတ်ငွေ့ရည်၅၀ကုဗတန်ကိုကနေဒါကထုတ်လုပ်နိုင်ပြီးအားလုံးကိုအာရှစျေးကွက်သို့ရောင်းချမည်ဟုပြောသည်။(ဗီဒီယို) ၄။အမေရိကန်လေယာဥ်တင်သင်္ဘောအီဗရာဟင်လင်ကွန်းသည်ဖျက်သင်္ဘောသုံးစီး၊ရေငုတ်သင်္ဘောတစ်စီးတို့နှင့်အတူအရှေ့အလယ်ပိုင်းဒေသသို့ဦးတည်ခုတ်မောင်းလျက်ရှိသည်။(ဓါတ်ပုံ) ၅။ယူအေအီးနိုင်ငံ၏ဒေသတွင်းသြဇာလွှမ်းမိုးလာမှုကိုကန့်သတ်ရန်ဆော်ဒီ၊အီဂျစ်နှင့်ဆိုမာလီတို့သည်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန်စာချုပ်ချုပ်ဆိုလိုက်သည်။

Repost from NOM
+1
ဆီးရီးယားနိုင်ငံမှာ ကာ့ဒ်ပြည်နယ်တည်ထောင်ရန်နဲ့ ကာ့ဒ်လူမျိုးတိုက်ခိုက်ရေးသမားများကို ထောက်ခံတဲ့ လူငယ်ဆန္ဒပြပွဲများတွေဟာ ကာ့ဒ်လူဦးရေအများစုနေထိုင်တဲ့ တူရကီမြို့တွေမှာ အရှိန်အဟုန်မြင့်တက်လာနေပါတယ်။ NOM

လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး တွင်ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ခရီးသည် ၉ဦးဒဏ်ရာရှိပြီးတစ်ဦးသေဆုံး NO
လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး တွင်ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ခရီးသည် ၉ဦးဒဏ်ရာရှိပြီးတစ်ဦးသေဆုံး NOM၊ဇန်နဝါရီ၁၆၊၂၀၂၆ ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင် စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁)နှင့် (၁၇၇/၂)ကြားတွင် ယနေ့(ဇန်နဝါရီ၁၇ရက်)နံနက်၁၀နာရီခန့်က ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားစာခရီးသည် ၉ဦးဒဏ်ရာရှိပြီးတစ်ဦးသေဆုံခဲ့ကြောင်းမီးသတ်မှသတင်းထုတ်ပြန်ထားသည်။ နမ့်စမ်မြို့နယ်၊ မှခရီးသည် ၁၁ဦးဖြင့်ထွက်ခွာလာသောခရီးသည်တင်ကားသည်လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁)နှင့် (၁၇၇/၂)ကြား အရောက်တွင် အရှိန်များပြီးပြီးလမ်းဘေးချောက်ထဲကာတိမ်း မှောက် သွားခဲ့ရာ ယာဉ်ပေါ်ပါအမျိုးသားသုံးဦးနှင့်အမျိုး သမီးခြောက်ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။

Repost from NOM
အာဏာရညွန့်ပေါင်းအစိုးရရဲ့ အစိတ်အပိုင်းတစ်ခုတဲ့ ဂျာမနီ SPD ပါတီဟာ Lufthansa လေယာဉ်တွေက Starlink တွေကို ဖယ်ရှားပစ်ချင်နေပါတယ်။
အာဏာရညွန့်ပေါင်းအစိုးရရဲ့ အစိတ်အပိုင်းတစ်ခုတဲ့ ဂျာမနီ SPD ပါတီဟာ Lufthansa လေယာဉ်တွေက Starlink တွေကို ဖယ်ရှားပစ်ချင်နေပါတယ်။ ဘာကြောင့်လဲဆိုရင် Elon Musk နဲ့ ဆက်စပ်နေပြီး ပြဿနာတွေရှိတဲ့ ဝန်ဆောင်မှုလို့ ယူဆနေတာကြောင့် ဖြစ်ပါတယ်။ NOM

ICJ နဲ့ပတ်သက်ပြီး အရင်တုန်းက We stand with You ဆိုပြီး နိုင်ငံတော်စရိတ်နဲ့ ပါသွားခဲ့ကြတဲ့ သူတွေ.....ဒါက လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ပါဘူး။ အစိုးရညွှန်ကြားချက်အတိုင်း တပ်ကဆောင်ရွက်ရတဲ့ နယ်မြေတည်ငြိမ်ရေး Operation ပါဆိုပြီး ပြောခဲ့ကြ၊ ဆိုခဲ့ကြသူတွေ....ခုချိန် တုပ်တုပ်တောင် မလှုပ်နိုင်ကြဘူးဆိုတာက..... NUG ရပ်တည်ရေးအတွက် လူ့အခွင့်အရေး ဝန်ကြီးဆိုသူတွေကိုယ်တိုင် NUG သာ တရားဝင်အစိုးရ ဖြစ်လာခဲ့ရင် ၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြစ်မယ်ဆိုပြီး တရားဝင် ဆိုခဲ့ကြသလို၊ လက်ရှိ NUG ရဲ့ အစိုးရ အဖွဲ့အစည်းထဲမှာ ဘင်္ဂလီကို ဒုဝန်ကြီး ပေးထားကတည်းက NUG ကို လောခဲ့ကြတဲ့ လော်ဘီတွေကအစ၊ NLD ပါတီကို ဝန်းရံခဲ့ကြတဲ့ ပြည်ပြေး အနုပညာသည် ဆဲလ်လီတွေကအလယ် NUG ကိုယ်တိုင်တောင်အဆုံး .....ICJ အမှုမှာ ဂိမ်ဘီယာရဲ့ တရားစွဲမှုက မှားပါတယ် ဆိုတာ ရဲရဲ တောက် မပြောနိုင်ကြတော့ဘူး။ အဓိက ကတော့ လူနဲ့ မူ အင်စတီးကျူးရှင်း မကွဲကြတဲ့ အဖြစ်ပါပဲ။ ဒေါ်စု ထောင်ထဲ မကြွခင်ကတည်းက ရှိနေခဲ့တဲ့အမှု၊ ဒေါ်စု ရှိတုန်းကတော့ ဒီအမှုနဲ့ပတ်သက်ရင် We stand with You တွေ လုပ်ခဲ့ကြ၊ အော်ခဲ့ကြ သူတွေက ဒေါ်စု မရှိချိန်ရောက်မှာ ICJ အမှုဟာ စစ်တပ်မှားပါတယ် ဆိုပြီး လက်ညိုး ကွက်ထိုးချင်ပုံပဲ။ ဒီအမှု၊ ဒီပြဿနာက ဘွားတော်က ကိုဖီအာနန်ကြီး ခေါ်ချလာကတည်းက နိုင်ငံတကာ Issues ပုံစံ ဖြစ်သွားခဲ့တာကို ငြင်းမရပါဘူး။ ဒါလည်း ဘွားတော်ပုံစံ၊ ဘွားတော် အတွေး ဖြစ်ပုံမရဘူး။ နောက်ကွယ်မှာ သီးခြား အာဂျင်တာ ရှိပုံပဲ။ ပြည်တွင်း ပညာရှင်တွေက ပြည်တွင်းပြဿနာ ပုံစံနဲ့ကိုင်တွယ်ပါလို့ ဝေဖန်ချိန်၊ ကိုဖီအာနန်ဆိုတာ တွေ့ရှိချက်ပဲ ပြောမှာ၊ လိုက်နာ အကောင်အထည် ဖော်စရာ မလိုပါဘူးလို့ ပြောခဲ့တာကလည်း ဘွားတော် ပါးစပ်ပါပဲ။ နောက်ဆုံး ဘာဖြစ်လာလဲဆိုတော့ ကိုဖီအာနန်‌ရဲ့ အစီရင်ခံစာမှာ ၈၂ ခုနှစ်နိုင်ငံသား ဥပဒေက နိုင်ငံတကာ စံနှုန်း မပြည့်ဝဘူး ဆိုတာတွေ ဖြစ်လာတာပဲ မဟုတ်ဘူးလား။ ဒီနိုင်ငံမှာ ဘင်္ဂလီက အင်္ဂလိပ်ခေါ်ချလာလို့ ရှိနေခဲ့တယ်လို့ ဆိုရရင်တောင် ICJ ပြဿနာက ဒေါ်စု မွှေးလိုက်တဲ့ မီးပွှားကနေ ပိုကြီးကျယ်လာတဲ့ ကိစ္စလို့ ဆိုလို့ရပါတယ်။ ဒီနိုင်ငံကို ဒုက္ခပေးတာခြင်းကတော့ အတူတူပါပဲ။ ပေးပုံပေးနည်းသာ ကွဲပြားသွားတာပါ။ (နရီမိုး)

ဗန်းမော်မှာတော့ KIA တွေ သောက်သောက်လဲပဲ - တိုက်ပွဲသတင်းစုံ
+1
ဗန်းမော်မှာတော့ KIA တွေ သောက်သောက်လဲပဲ - တိုက်ပွဲသတင်းစုံ

ရန်ကုန်မြို့ လေထု အနီရောင်အဆင့်တွင်ရှိ NOM၊ဇန်နဝါရီ၁၇၊၂၀၂၉ ရန်ကုန်မြို့ လေထု အနီရောင်အဆင့်တွင်ရှိနေသည်ဟု EHS myanmar က ထုတ်ပြန်သည်။ ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲတိုင်းတာချက်အရ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) မှာ အနီရောင်အဆင့် (Unhealthy) တွင် တည်ရှိနေခြင်းဖြစ်သည်။ " US AQI 155 နှင့် PM2.5 level 61.9 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၂၀) သို့ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်သည်။ မသန့်သောလေရှုရှိုက်မိပါက နှလုံး နှင့် အဆုတ်ကို ထိခိုက်စေနိုင်ပြီးရောဂါအခံရှိသူများ၊ ကလေးသူငယ်များ နှင့် အသက်အရွယ်ကြီးသူများအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အနေအထားဖြစ်ပါတယ်" ဟု EHS Myanmar က ထုတ်ပြန်သည်။ ယင်းကြောင့် ယနေ့(ဇန်နဝါရီ ၁၇) ရက်တွင် အပြင်ထွက်မည့်သူများအနေဖြင့် PM2.5 ကာကွယ်နိုင်မည့် Mask များ မဖြစ်မနေ တပ်ဆင်သွားလာသင့်ပါကြောင်း EHS myanmar က အကြုံပြုထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်ကလည်း ရန်ကုန်မြို့၏ လေထုအညွန်းကိန်းမှာ အနီရောင်အဆင့်တွင် ရှိနေခဲ့ပြီး ကမ္ဘာ့အဆင့် ၂၁ တွင် ရှိနေခဲ့ကြောင်း သိရသည်။

အညာဘက်မှာတော့ နွေဦး Condo တွေ ပြားပြားဝပ် ပြောင်သလင်းခါနေပါပြီ - တိုက်ပွဲသတင်းစုံ

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူးနှင့်အတူ အိန္ဒိယတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များအား တွေ့ဆုံ နေပြည်တော် ဇန်နဝါရီ ၁၆ အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး တက်ရောက်သည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနား ကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur ၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး၊ ရေတပ်စစ်သံမှူးနှင့် ၎င်းတို့၏ဇနီးတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် (၇၈)နှစ်မြောက် အိန္ဒိယတပ်မတော်နေ့အထိမ်းအမှတ် Video clip ကိုပြသပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Jaswinder Singh Gill က အိန္ဒိယ-မြန်မာ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူးတို့က ဂုဏ်ပြု နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူးတို့က အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ထို့ပြင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM ဦးဆောင်သောအဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် အဆိုပါဟိုတယ်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်
+1
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း အိန္ဒိယသမ္မတနိုင်ငံ၏ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ အိန္ဒိယတပ်မတော်၊ အမှတ်(၃) တပ်မကြီးမှူး Lieutenant General AS Pendharkar, AVSM, YSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များအား တွေ့ဆုံ

Repost from NOM
အမေရိကန်က ခြိမ်းခြောက်မှုဖြစ်လာတဲ့အချိန် ကနေဒါဟာ တရုတ်နဲ့ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဝန်ကြီးချုပ် Mark Carney က ကြေညာလိုက်ပါတယ်။ NOM

Repost from NOM
“အခုအခါမှာ ကနေဒါအနေနဲ့ အမေရိကန်ထက် တရုတ်ကို ပိုမိုခန့်မှန်းနိုင်တဲ့ မဟာမိတ်အဖြစ် ရှုမြင်ထားပါတယ်” - ကနေဒါဝန်ကြီးချုပ် Mark Carney NOM

Repost from NOM
ကနေဒါဟာ LNG အားလုံးကို အာရှဆီပေးပို့သွားမယ်လို့ တရုတ်ကို အလည်အပတ်ခရီးရောက်နေချိန်အတွင်း ကနေဒါဝန်ကြီးချုပ် Mark Carney က ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့ နိုင်ငံတွေကို အခွန်ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က ခ
ဂရင်းလန်းကို အမေရိကန်က သိမ်းပိုက်မယ့် သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့ နိုင်ငံတွေကို အခွန်ကောက်ခံမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒိန်းမတ်ထိန်းချုပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကန်က ထိန်းချုပ်မယ်လို့ ထရမ့်က ဆက်တိုက်ပြောနေခဲ့တာပါ။ ဥရောပနိုင်ငံတွေက ဒီအပေါ်မှာ ဆန့်ကျင်မှုတွေ ရှိနေပြီး ဥရောပတပ်သားအချို့ကို ဂရင်းလန်းဆီ စေလွှတ်နေပြီလည်းဖြစ်ပါတယ်။ NOM

ပေါက်ကိုယ်တော် ဦးဆောင်သော သာရိပေါက်ဝံသာနုပရဟိတအသင်း က ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ကြော
+1
ပေါက်ကိုယ်တော် ဦးဆောင်သော သာရိပေါက်ဝံသာနုပရဟိတအသင်း က ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်

နိုဗယ်ဆုတံဆိပ်ကိုသူများသို့လွှဲပေးနိုင်သော်လည်းလကွခံရရှိသူသည်နိုဗယ်ဆုရှင်မဟုတ်ဟုနိုဗယ်ကော်မတီကြေညာ NOM ဗင်နီွဲလားအတိုက်အခံခေါ
နိုဗယ်ဆုတံဆိပ်ကိုသူများသို့လွှဲပေးနိုင်သော်လည်းလကွခံရရှိသူသည်နိုဗယ်ဆုရှင်မဟုတ်ဟုနိုဗယ်ကော်မတီကြေညာ NOM ဗင်နီွဲလားအတိုက်အခံခေါင်းဆောင်မာချာဒိုကသူရရှိထားသောငြိမ်းချမ်း​ေရေးနိုဗယ်ဆုကိုအမေရိကန်သမ္မတထံပေးအပ်လိုက်သည်။ထိုသို့ပေးအပ်ခြင်းအ​ပေါ်နိုဗယ်ဆုကော်မတီကေအာက်ပါအတိုင်းကြောချက်ထုတ်ပြန်လိုက်သည်။ "နိုဘယ်ဆုကို ကြေညာပြီးသည့်နောက်တွင် ရုပ်သိမ်းခြင်း၊ ခွဲဝေခြင်း သို့မဟုတ် အခြားပုဂ္ဂိုလ်များထံ လွှဲပြောင်းခြင်းများ ပြုလုပ်မရ။ ဆုံးဖြတ်ချက်သည် နောက်ဆုံးအဆုံးအဖြတ်ဖြစ်ပြီး အမြဲတမ်းအတည်ဖြစ်သည်။ ဆုတံဆိပ်သည်ပိုင်ရှင် ပြောင်းသွားနိုင်သော်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်မဟုတ်" ဟု ကော်မတီက X လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြခဲ့သည်။