fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 418 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 418 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 418
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
The Central: Developer Marga Landmark Development Co., Ltd. ​၏ အိမ်ခန်းပိုင်ရှင်များနှင့် ပြည်သူများထံသို့ ထုတ်ပြန်ချက်။
+2
The Central: Developer Marga Landmark Development Co., Ltd. ​၏ အိမ်ခန်းပိုင်ရှင်များနှင့် ပြည်သူများထံသို့ ထုတ်ပြန်ချက်။
03 اکتبر, 04:21

သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ရေးပဋိပက္ခကြောင့် ပျက်စီးခဲ့သောနေအိမ်များအတွက်ထောက်ပံ့ပစ္စည်းများပေးအပ် NOM၊အောက်တိုဘာ၃၊၂၀၂၆ စစ
သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ရေးပဋိပက္ခကြောင့် ပျက်စီးခဲ့သောနေအိမ်များအတွက်ထောက်ပံ့ပစ္စည်းများပေးအပ် NOM၊အောက်တိုဘာ၃၊၂၀၂၆ စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာမှ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေအိမ်များပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ အောက်တိုဘာ ၂ ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေးအပ်မှုသည် ပထမအကြိမ်ဖြစ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သင်္ဃန်းညီနောင်ကျေးရွာမှ နေ အိမ်(၈၇)လုံးအတွက် တစ်အိမ်လျှင် သွပ်(၄၀)ချပ်စီနှငဘိလပ်မြေ(၂၀) အိတ်စီတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ သင်္ဃန်းညီနောင်ကျေးရွာ၌ စစ်ရေးပဋိပက္ခကြောင့် နေ အိမ်(၁၇၉)လုံးပျက်စီးခဲ့ရာ ယနေ့တွင်နေအိမ်(၈၇)လုံးအတွက် သွပ်နှင့် ဘိလပ်မြေအိတ်များကိုထောက်ပံ့ပေးခဲ့ရာ ကျန်ရှိသည့်နေအိမ်များကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
03 اکتبر, 04:11

ရန်ကုန်-မန္တလေး အမြန်လမ်အချို့နေရာများတွင် မြူထူ/မြူ (Fog/Mist)ဖြစ်ပေါ်​လေ့ရှိသည့်အတွက် ယာဥ်များသတိပြုမောင်းနှင်ရန်သတိပေး NOM
ရန်ကုန်-မန္တလေး အမြန်လမ်အချို့နေရာများတွင် မြူထူ/မြူ (Fog/Mist)ဖြစ်ပေါ်​လေ့ရှိသည့်အတွက် ယာဥ်များသတိပြုမောင်းနှင်ရန်သတိပေး NOM၊အောက်တိုဘာ၃၊၂၀၂၆ ရန်ကုန်-မန္တလေး အမြန်လမ်း တ​လျှောက်ရှိ အချို့နေရာများတွင် နှစ်စဥ် ​အောက်တိုဘာလ မှ ​ဖေ​ဖော်ဝါရီလ အထိမြူထူ/မြူ (Fog/Mist)ဖြစ်ပေါ်​လေ့ရှိသည့်အတွက် ဖြစ်တက်သည့်နေရာတွင်သတိပေးလမ်းညွှန်းအမှတ်အသားများကိုစိုက်ထူထားသည့်အတွက် ယင်နေရာများရောက်ရှိပါကအရှိန်​လျှော့ဂရုပြုမောင်းနှင်ရန်လိုအပ်​​ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အသိ​ပေးထုတ်ပြန်ထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း တ​လျှောက်ရှိ အချို့​လမ်းအပိုင်းများတွင် ည နှင့် နံနက်စောပိုင်း အချိန်များ၌ အပူချိန်ကျဆင်းခြင်း၊ လေထုအတွင်း စိုထိုင်းဆများပြားခြင်းတို့ကြောင့် လမ်း​ပေါ်နှင့် လမ်း​ဘေးဝဲယာ ​မြေသားများ​ပေါ်တွင် ရေငွေ့များ စုဖွဲ့ကာ မြူထူ/မြူ (Fog/Mist)ဖြစ်ပေါ်​လေ့ရှိကြောင်းသိရသည်။
03 اکتبر, 03:19

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် (၆၈/၂၀၂၆)အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၃)ရက် ရက်စွဲဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် (၆၈/၂၀၂၆)အား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၃)ရက် ရက်စွဲဖြင့် ထုတ်ပြန်
03 اکتبر, 01:53

"ရေဘေးအကြောင်းပြုပြီး စစ်ကောင်စီက ပြည်သူအသွင်ယူကာ ရေဘေးသင့်ဒေသတွေဆီ စိမ့်ဝင်နေ" တဲ့။ ဒီလို ပုံစံ အရေးအသားရှိတဲ့ စာတွေ တော်တော
"ရေဘေးအကြောင်းပြုပြီး စစ်ကောင်စီက ပြည်သူအသွင်ယူကာ ရေဘေးသင့်ဒေသတွေဆီ စိမ့်ဝင်နေ" တဲ့။ ဒီလို ပုံစံ အရေးအသားရှိတဲ့ စာတွေ တော်တော် များများ သတင်းပေ့ခ်ျတွေ၊ နီပေါ မိသားစု အသိုင်းအဝိုင်းတွေမှာ ရေးနေကြတာ အများဆုံးတွေ့ရတယ်။ နည်းနည်းလေး အသိဉာဏ်ရှိရင်ကို...ဒီလိုစာမျိုး၊ ဒီလို အတွေးအခေါ်မျိုး မတွေး၊ မရေးလောက်ဘူး။ လူဗြိန်းနည်းပဲ စဉ်းစားကြည့်ရ‌အောင်။ လက်ရှိ ထားဝယ်၊ လောင်းလုံ ဘက်မှာ မြေပြို၊ ရေကြီးတာတွေက အကြီးအကျယ် ဖြစ်ခဲ့တာ။ တစ်ချို့နေရာလည်း ထပ်ဖြစ်မယ့် အလားအလာတွေ ရှိတယ်။ ဒီမြေပြိုတာတွေ၊ ရေကြီးတာတွေကြောင့် လူတွေ အများအပြား ဒုက္ခရောက်နေကြတယ်။ တစ်ချို့ နေစရာ အိမ်မရှိတော့ဘူး ။သောက်စရာ ရေနဲ့ စားစရာ ပစ္စည်း ဘာတစ်ခုမှ မရှိတော့ဘူး။ ကျန်းမာရေးကအစ အစစအရာရာ ပြဿနာ တက်နေကြတယ်။ အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးတွေအလာကို စောင့်မျှော်နေကြရတယ်။ ဒီလို ဒုက္ခပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ နေရာကို ပြည်သူပုံစံ အသွင်ယူပြီး ငါတို့က ဘာသွားလုပ်ရမှာလဲ။ စားစရာတောင်မရှိတဲ့ နေရာကို အသွင်ယူပြီး စစ်တပ်က ဘာသွား လုပ်ရမှာလဲ။ လာစရာရှိရင်တောင် ကယ်ဖို့၊ ကူဖို့ပဲ လာမှာပေါ့။ လာရင်လည်း ခိုးချောင်၊ ခိုးဝှက်တော့ လာမနေဘူးကွာ။ ဒီလို အရေးအသားတွေကိုကြည့်ရင်.....တချို့ နီပေါတွေက မွေးကတည်းက ကျပ်မပြည့်ကြတာလားတော့ မသိဘူး။ အတော်လေးတော့ စိတ်ကုန်ဖို့ ကောင်းတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ကောလာဟလ ဖြန့်လိုက်ရင် အကျိုးဆက်က ဘာဖြစ်သွားမယ်ဆိုတာ ဆင်ခြင် နိုင်စွမ်းမရှိကြဘူး။ နေရင်းထိုင်ရင်း....ကယ်ဆယ်ရေးတွေတန့်ပြီး မသေသင့်တဲ့ အသက်တွေ သေကုန်ကြလိမ့်မယ်။တစ်ခါတစ်လေ နီပေါ/နီပိန်းတွေရဲ့ Logic က ဘယ်လိုမှကို လိုက်လို့မမှီတော့ဘူး။ ဘာဖြစ်ချင်မှန်းလည်း မသိဘူး။ (နရီမိုး)
02 اکتبر, 23:59

မန္တလေး အလှည့်ကျမီးပေးစနစ် စတင်။
မန္တလေး အလှည့်ကျမီးပေးစနစ် စတင်။
02 اکتبر, 23:16

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်အား
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်   အောက်တိုဘာ ၂၊ ၂၀၂၆   အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရန် လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန်ကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။   ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet Karnjanakesorn နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်တို့က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် ၁၆၃ ဒသမ ၈၇၇ တန် ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ထံသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ကလည်းကောင်း၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာက ရေဘေးသင့်ပြည်သူ တစ်ဦးထံသို့ လည်းကောင်း လွှဲပြောင်းပေးအပ်သည်။   ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က APTERR အတွင်း ရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေ ဂျာထံသို့ ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ပြီးနောက် ရေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလှူဒါန်းသော ဆန်အိတ် ၁၆၃ ဒသမ ၈၇၇ တန် 50 Kg အိတ်အရေအတွက် ၃၂၇၇အိတ်ကို ခရိုင်/မြို့နယ်များမှတစ်ဆင့် စနစ်တကျခွဲဝေ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
02 اکتبر, 22:09

ပြင်သစ်နိုင်ငံ၊ လီးလ်မြို့တွင် ကျောင်းသားများက တံတားပေါ်မှ အမှိုက်ပုံးများကို သွားလာနေသော ယာဉ်များပေါ်သို့ ပစ်ချနေသည့် ဗီဒီယို။ စာသင်ကျောင်းများကို မီးရှို့ရုံနှင့် မရောင့်ရဲနိုင်ဘဲ ယခုအခါ လမ်းပေါ်ရှိ ပြည်သူများကိုပါ ပစ်မှတ်ထား လာကြသည်။ တစ်ဖက်တွင်လည်း သမ္မတ မက်ခရွန်သည် အင်တာနက်ပေါ်ရှိ လွတ်လပ်စွာ ပြောဆိုခွင့်များကို ပိတ်ပင်တားဆီးရန်သာ အလုပ်ရှုပ်နေသည်။ NOM
02 اکتبر, 21:14

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ အောက်တိုဘာ
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ   အောက်တိုဘာ ၂၊ ၂၀၂၆   လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရန် Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများအနက် ပြည်တွင်း၌ သုတေသနပြုဖွံ့ဖြိုးနိုင်မည့် နည်းပညာနယ်ပယ်များကို ဦးစားပေးသတ်မှတ်ရန်၊ EV Engineering ၊ Battery Techn-ology ၊ Power Electronics၊ Embedded Systems ၊ Charging Technology စသည့် နည်းပညာ ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။   ယနေ့မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။   ဆက်လက်၍ နည်းပညာ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ သုတေသနနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို စုစည်းအသုံးချနိုင် ရေးအတွက် EV Technology and Research Database တည်ဆောက် နိုင်ရေးကိုလည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့်နည်းပညာများ အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းတစ်ခုချင်းစီအတွက် Action Plan ရေးဆွဲအကောင် အထည်ဖော်ရန် ဆွေးနွေးပြော ကြားခဲ့သည်။   ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများက လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာလွှဲပြောင်းရေး၊ စမ်းသပ်စစ်ဆေးရေး၊ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပြည်တွင်းထုတ်လုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
02 اکتبر, 20:36

+1
ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူဆန္ဒပြမှုများအတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းအချို့- အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဆူပူဆန္ဒပြသူတစ်ဦးက မီးရှို့။ မီးသတ်သမားတစ်ဦးလည်း မီးလောင်ကျွမ်း ခဲ့ရသည်။ NOM
02 اکتبر, 20:34

ပြင်သစ်နိုင်ငံတွင် ဆူပူသောင်းကျန်းသူများက မီးလောင်နေသော ယာဉ်တစ်စီးကို မီးငြှိမ်းသတ်နေသည့် မီးသတ်သမားများကို တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့၏ မီးသတ်ကားကိုပါ ဖျက်ဆီးခဲ့ကြသည်။ NOM
02 اکتبر, 20:25

ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်၊ ပူတာအို၊ ခေါင်လန်ဖူးနှင့် နောင်မွန်အတွင်းရှိ ဒေသဖွံ့ဖြိုး
ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်၊ ပူတာအို၊ ခေါင်လန်ဖူးနှင့် နောင်မွန်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်   အောက်တိုဘာ ၂၊ ၂၀၂၆   ပူတာအိုမြို့ ရဝမ်ရိုးရာယဉ်ကျေးမှုဝင်းအတွင်းရှိ ခါကာဘိုရာဇီခန်းမ၌ ယနေ့နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကာ အခက်အခဲတင်ပြချက်များကို ဖြည့်ဆည်းပေးသည်။   အခမ်းအနားတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။   ဆက်လက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပူတာအိုမြို့နယ်၌ ဒီဂရီကောလိပ်ဖွင့်လှစ်မည့် လျာထားမြေနေရာနှင့် အစိုးရစက်မှုလက်မှုသိပ္ပံသို့ ရောက်ရှိပြီး ဒီဂရီကောလိပ်နှင့် ပူးတွဲဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များနှင့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်ပြီး ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။   ယမန်နေ့နံနက်ပိုင်းတွင် မဂွေဇ-ခေါင်လန်ဖူးကားလမ်း မိုင်တိုင် ၃၄ မိုင် ၇ ဖာလုံ၌ တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုလမ်းပိတ်ဆို့မှုများအား ရှင်းလင်း၍ ရှောင်ကွင်းလမ်းဖောက်လုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ မွန်းလွဲပိုင်းတွင် နောင်မွန်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးရှိ ဝဏ္ဏကျော်ထင် ဦးခူရှိန်ဖုန်းခန်းမ၌ တိုင်းရင်းသားအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၍ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ကာ နောင်မွန်း(အထက) ကျောင်းဝင်းအတွင်း ခါကာဘို သစ်သားကျောင်းဆောင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျောင်းအဝင်လမ်းပေ ၆၀၀ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်လျက်ရှိသည့် စာသင်ခုံနှင့်ထိုင်ခုံများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။   ညနေပိုင်းတွင် ပူတာအိုမြို့ မုဒုံ(အမက)ကျောင်း အဝင်လမ်းပေ ၁၉၂၀ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုနှင့် ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ ဂန္ဓကုဋိတိုက်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပူတာအိုမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ၌ ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
02 اکتبر, 20:22

အမေရိကန် သတင်းတင်ဆက်သူ တက်ကာ ကားလ်ဆန် (Tucker Carlson) နှင့် ဗြိတိန် နိုင်ငံရေးသမား ဂျေးကော့ဘ် ရီးစ်-မော့ဂ် (Jacob Rees-Mogg) တို့အကြား ပြောဆိုခဲ့ကြသည့် အမေးအဖြေ တက်ကာ - "နျူကလီးယားလက်နက်ကို တကယ်တမ်း အသုံးပြုတာဟာ တရားမျှတမှု ရှိတယ်လို့ ပြောလို့ရနိုင်ပါသလား။" ဂျေးကော့ဘ် ရီးစ်-မော့ဂ် - "ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့မှာ သုံးခဲ့တာကတော့ မြေကြီးလက်ခတ်မလွဲ တရားမျှတမှု ရှိပါတယ်။" တက်ကာ - "ဘာအပြစ်မှ မရှိတဲ့သူတွေကို သတ်ဖြတ်တာဟာ တရားမျှတတယ်လို့ ပြောချင်တာလား။" ဂျေးကော့ဘ် ရီးစ်-မော့ဂ် - "ဒီနေရာမှာ ကျွန်တော်တို့ ပြောနေတာက ဘာအပြစ်မှ မရှိတဲ့သူတွေအကြောင်း မဟုတ်ပါဘူး။" တက်ကာ - "လူစည်ကားတဲ့ မြို့ကြီးတွေမှာနေတဲ့ ပြည်သူတွေဟာ စစ်ပွဲအတွက် တာဝန်မရှိကြပါဘူး… အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ မီးလောင်ပြာကျသွားခဲ့ရတာပါ။"
02 اکتبر, 20:21

ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ၊ ဓာတ်အားထိန်းချုပ်ခန်းအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ချ တိုက်ခိုက်ဖျက်ဆီး   အောက်တိုဘာ ၂၊ ၂၀၂၆   အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံသို့ အကြမ်းဖက်သောင်းကျန်းသူ များက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။   ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း(Control Room) ပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါပေါက်ကွဲ မှုဖြစ်စဉ်ကြောင့် ဓာတ်အားထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်များနှင့် ပြတင်းတံခါးပေါက်မှန်များ ပျက်စီးခြင်း၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုတ်ပုံးများ (Control Panel)ကို ဗုံးစထိမှန်ခြင်း၊ ထိန်းချုပ်ကေဘယ်လ်ကြိုးများ (Control Cable) ပျက်စီးခြင်းနှင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကင်မွန်းစခန်း ဓာတ်အားခွဲရုံအား ၃၃ ကေဗွီ ကျိုက်ထိုဓာတ်အားလိုင်းဖြင့် ပြောင်းလဲ ချိတ်ဆက်၍ နောက်တစ်နေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများအား ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။                       
02 اکتبر, 20:00

ဗိုလ်တထောင် ရာဇဓိရာဇ်လမ်းရှိ ကေဘယ်ကြိုးဟောင်းများ ဖယ်ရှားရှင်းလင်း အောက်တိုဘာ ၂၊ ၂၀၂၆ ဗိုလ်တထောင်မြို့နယ် ရာဇဓိရာဇ်လမ်း၊ လင်း
+4
ဗိုလ်တထောင် ရာဇဓိရာဇ်လမ်းရှိ ကေဘယ်ကြိုးဟောင်းများ ဖယ်ရှားရှင်းလင်း အောက်တိုဘာ ၂၊ ၂၀၂၆ ဗိုလ်တထောင်မြို့နယ် ရာဇဓိရာဇ်လမ်း၊ လင်းစဒေါင်းမှတ်တိုင်အနီးရှိ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကေဘယ်ကြိုးများကို အောက်တိုဘာ ၂ ရက်တွင် ဖယ်ရှားရှင်းလင်းခဲ့သည်။ ရှင်းလင်းနေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ကြည့်ရှုစစ်ဆေးခဲ့ပြီး အသုံးမပြုတော့သည့် ကေဘယ်ကြိုးဟောင်းများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းရန် မှာကြားခဲ့သည်။ အသုံးပြုနေသည့် ကေဘယ်ကြိုးများကိုလည်း စနစ်တကျ စည်းနှောင်သပ်ရပ်စွာ ထားရှိရန်နှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သာယာလှပရေး၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
02 اکتبر, 11:35

ခိုလမ်ဒေသခံ ၁၈၆ ဦးအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစစ်ဆေး အောက်တိုဘာ ၂၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြ
+9
ခိုလမ်ဒေသခံ ၁၈၆ ဦးအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစစ်ဆေး အောက်တိုဘာ ၂၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ နားပွဲကျေးရွာအုပ်စု၊ နမ့်ဟူးနှင့် ခေးနင်းကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအား နယ်မြေခံတပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးရာတွင် ရဟန်းသံဃာ ၁ ပါးနှင့် ဒေသခံ ၁၈၅ ဦး၊ စုစုပေါင်း ၁၈၆ ဦးအား စစ်ဆေးပေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၇ ဦးကို ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် ကုသနိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။
02 اکتبر, 11:27

ထရမ့်၏ ဖိအားပေးမှု အောင်မြင်ခဲ့ပြီးနောက် ဥရောပက အရန်ဒီဇယ်ဆီ စည်ပေါင်း သန်း ၁၀၀ ထုတ်ရောင်းပေးမည် မြင့်တက်နေသော စက်သုံးဆီစျေးနှုန်းများကို ထိန်းချုပ်ရန်အတွက် G-7 နိုင်ငံများသည် ၄ လတာကာလအတွင်း အရန် ဒီဇယ်နှင့် ရေနံစိမ်း စည်ပေါင်း သန်း ၁၀၀ အထိ ထုတ်ရောင်းပေးရန် သဘောတူညီခဲ့ကြပြီး ပထမရက် ၂၀ အတွင်း အဓိက ဒီဇယ်ဆီများကို အများဆုံး ထုတ်ရောင်းပေးသွားမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် အမေရိကန်က ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့အား ဖိအားပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ NOM
02 اکتبر, 11:25

နီပေါတွေရဲ့ လော့ဂျစ်က ဒီအစိုးရ လက်ထက်မှာ ဘာဖြစ်ဖြစ် ခက်ခဲနေမှ ရမယ်။ ပြည်သူတွေဘက်က ကြည့်ရင်လည်း ခက်ခဲနေမှ ရမယ်။ ဒါမှလည်း တွေ့လား မင်းတို့ ထောက်ခံတဲ့ အစိုးရက ဘလာဘလာ ဆိုပြီး ပြောလို့ရမှာကိုး။ တကယ်လည်း ဒီ ၅ နှစ်ကာလက ခက်ခဲခဲ့တယ်။ ခက်ခဲအောင်လည်း လုပ်ခဲ့တယ်။ ဘဏ်တွေပြိုလဲတော့မှာဆိုပြီး ကောလာဟလတွေ လွှင့်ခဲ့တယ်။ ပြည်သူတွေက အကြောက်တရားကြောင့် ATM စက်တွေကို ငွေပိုပေးပြီး ဘဏ်တွေကို လုပ်ကျွေးခဲ့လိုက်ရတယ်။ ခြေဥမှာ ငွေကြေးစနစ်တွေ ဖျက်သိမ်းလို့မရတာ သိသိရက်နဲ့ ၅ ထောင်တန်တွေကို အစိုးရက ဖျက်သိမ်းတယ်ဆိုပြီး ဖွခဲ့ကြတယ်။ နိုင်ငံခြားငွေရမယ့် မြန်မာ့ရေနံရဲ့ တင်ပို့ရောင်းချမှုတွေ ပိတ်ခံရတယ်။ နိုင်ငံတကာနဲ့ ချိတ်ရတဲ့ဘဏ်တွေရဲ့ စနစ်ကို ပိတ်ဆို့တယ်။ တစ်ချို့လုပ်ငန်းတွေမှာ အစိုးရနဲ့ စပ်တူ လုပ်မရအောင် တဖက်တလမ်းက တောင်းဆိုကြတယ်။ အကျိုးဆက်က တချို့ ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းကနေ ထွက်ခွာသွားခဲ့ကြရတာပါပဲ။ ဒီတော့ ဘာဖြစ်လဲ။ အလုပ်လက်မဲ့ နှုန်း ပိုများသွားတာပေါ့။ အစိုးရ ကျပ်တည်းအောင်၊ ပြည်သူတွေ ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်သလဲ ဆိုတော့ ပြင်ပရောက်နေတဲ့ နီပေါ အသိုင်းအဝိုင်းကပဲ လုပ်ကြတယ်။ ခု နီပေါတွေ ပြောတဲ့ မင်းတို့ အစိုးရလက်ထက် ကြက်ဥ တစ်လုံး ၇၀၀ ကျပ် ဆိုတာ ဒီအကျိုးဆက်တွေပဲ။ တိုင်းပြည်မှာ ပြည်ပ Investment နည်းလာတယ်။ တချို့ လုပ်ငန်းတွေက ဆန်ရှင် လုပ်ခံရတော့ ပြည်ပကို တင်ပို့တဲ့အခါ နိုင်ငံရွေးရတယ်။ ၅ ကျပ်တန်တဲ့ ပို့ကုန်က ၃ ကျပ်သာသာ လောက် ရတော့တယ်။ ဒီတော့ နိုင်ငံခြားငွေ မပိုလျှံတော့ဘူး။ နိုင်ငံခြားငွေ အဝင်မရှိတော့ အထွက်ကို စိစစ်ပိတ်ရပြီ။ ဒါနဲ့ပဲ ပြည်ပ ပို့ကုန်ရမယ့် လုပ်ငန်းတွေက မလည်ပတ်နိုင်ဘဲ ရပ်တည်နိုင်ဖို့ ခက်ခဲ လာပြန်ရော။ ပြဿနာက ဒါပဲ။ ဒီလို ကျပ်တည်းပြီး အစိုးရ အခက်အခဲ တွေ့မှ ...စကားနာထိုးရ၊ အတင်းတုပ်ရ၊ မကောင်း ပြောရတာ အဆင်ပြေမှာကိုး။ ခု မလေးရှားကနေ ပြန်ပို့တဲ့ မြန်မာနိုင်ငံသား ကိစ္စမှာလည်း သောက်ကျင့်မကောင်းတဲ့ မီဒီယာတွေကနေ ဘင် တွေ ပြန်ပို့တာတို့၊ စစ်သင်္ဘောနဲ့ ခေါ်တာက လုံခြုံမှု မရှိဘူးတို့ စသဖြင့် နည်းပေါင်းစုံနဲ့ ခြောက်လှန့်ခဲ့ကြတာပဲ မဟုတ်လား။ တကယ်တော့ မလေးနဲ့ ထိုင်းမှာ မြန်မာကနေ တရားမဝင် သွားတဲ့သူများတယ်။ တချို့ကလည်း အဆင်ပြေပေမယ့် တချို့ကလည်း ထွက်လာပြီးမှတော့ အဆင်ပြေအောင် ရတဲ့အလုပ်ကြံဖန်လုပ်ကြရတယ်။ တခါတလေ မလေးအစိုးရက ပိုက်ဆံရှာချင်ရင် လဝက ပုဒ်မနဲ့ ခုလိုပဲ လူဖမ်းပွဲကြီး လုပ်တယ်။ လုပ်ပြီး ကန့်တွေမှာ ထိန်းသိမ်းတယ်။ ဖိုင်း ကောက်တယ်။ တချို့ ပြစ်မှု ကျူးလွန်တာဖြစ်ဖြစ်...၊ ကျွေးမွေးစရိတ်ထောင်းလာရင် ခုလို လူသိရှင်ကြား ဖုန်ခါပြန်လွှတ်တယ်။ ဒါက ဖြစ်နေကြ၊ လုပ်ရိုးလုပ်စဉ်တစ်ခုလို့တောင် ပြောလို့ရနေပြီ။ နောက်...လူပေါင်း ၁၅၀၀ ကို တသုတ်တည်း ၊ တကြိမ်တည်း ခေါ်နိုင်ဖို့က စစ်သင်္ဘော မသုံးလို့ ဘာကို သွားသုံးရမလဲ။ ဒါတောင် တပ်က မုတ္တမလို အကြီးစား စစ်ရေယာဉ်အပြင် အရန် ၂ စီးနဲ့ပါ စားရိတ်ငြိမ်း တင်ခေါ်လာခဲ့တာ။ ဒီတော့...မြန်မာနိုင်ငံ ပျက်စီးအောင်၊ ပြည်သူတွေ ကျပ်တည်း နည်းမျိုးစုံလည်း လုပ်ကြတယ်။ လုပ်တဲ့အပြင် သတင်းမှားတွေနဲ့ပါ အဆိပ်ခတ်ကြတယ်။ ဒီနိုင်ငံမှ မပျက်စီးရင် ဘယ်နိုင်ငံမှ ပျက်စီးဖို့ မရှိတော့ဘူး။ ဒီလိုပဲ တွေးမိတော့တယ်။ (နရီမိုး)
02 اکتبر, 11:18

ဟူသီလက်နက်ကိုင်အဖွဲ့က ဂျီဇန် (Jizan) နယ်စပ်ဒေသတွင် ဆော်ဒီကျောထောက်နောက်ခံပြု သမ္မတဦးဆောင်ကောင်စီ (PLC) တပ်ဖွဲ့များ အပါအဝင် ဆော်ဒီမဟာမိတ်တပ်ဖွဲ့များကို စနိုက်ပါများဖြင့် ချေမှုန်းသုတ်သင်သည့် ရုပ်သံမှတ်တမ်းများကို ထုတ်ပြန်ခဲ့သည်။ NOM
02 اکتبر, 11:14

+3
ယီမင်မှ ဟူသီတို့ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များသည် ဆော်ဒီအာရေးဘီးယားနိုင်ငံ​၏ မြို့တော် ရိယာဒ်သို့ ထိမှန်ခဲ့သည်။ NOM
02 اکتبر, 11:07