fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 408 مشترک است و جایگاه 15 958 را در دسته اخبار و رسانه‌ها و رتبه 10 126 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 408 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 09 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -203 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.90% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.95% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 980 بازدید دریافت می‌کند. در اولین روز معمولاً 739 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 10 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 408
مشترکین
اطلاعاتی وجود ندارد24 ساعت
-587 روز
-20330 روز
آرشیو پست ها
+4
ဒီဇင်ဘာလ၃၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။တရုတ်သမ္မတ ရှီကျင့်ဖျင်ကရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအသစ်များ ဖြစ်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်သွားရန် အသင့်ရှိသည် ဟု ယနေ့ပြောကြားခဲ့သည်။(ဓါတ်ပုံ) ၂။တရုတ်လွတ်မြောက်ရေးတပ်မတော်သည်ဖရီးဂိတ်စစ်သင်္ဘောများ၊ဖျက်သင်္ဘောများ၊တိုက်လေယာဥ်များဖြင့်ထိုင်ဝမ်ကျွန်းပတ်လည်တွင်ဒုတိယနေ့အဖြစ်စစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယိုများ) ၃။ရုရှားဒူးမားလွှတ်တော်ဥက္ကဌကရုရှားသမ္မတစံအိမ်တော်ကိုဒရုန်းများဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းသည့်ကိစ္စသည်ခွင့်လွှတ်ရန်မရှိပဲပြင်းထန်စွာပြန်လည်တုန့်ပြန်ရမည်ဟုယနေ့ပြောလိုက်သည်။ ၄။သြစတေလျနိုင်ငံဆိပ်ဒနီဆိပ်ခံတံတားနှင့် အော်ပရာအဆောက်အဦတွင်မီးရှူးမီပန်းများပစ်ဖောက်ပြီးနှစ်သစ်ကိုကြိုဆိုခဲ့သည်။(ဓါတ်ပုံ) ၅။ထိုင်းကဖမ်းဆီးထားသောကမ္ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးလိုက်သည်။(ဓါတ်ပုံ)

သံလျင်တွင်ဘုန်းကြီးကျောင်းရှေ့တံမြက်စည်းလှဲနေသည့်အမျိုးသမီးထံမှဆွဲကြိုးလုပြေး NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ သံလျင်မြို့နယ်၊အောင်သီရိလမ်မကြီး၊ရွှေကျင်ကျောင်းရှေ့တွင်တံမြက်စည်းလှဲနေသည့်အမျိုးသမီးတစ်ဦးကိုဒီဇင်ဘာလ၃၁ရက်နံနက်၅း၀၀နာရီအချိန်၌လူတစ်ဦးကတွန်းလှဲပြီးလည်ပင်းတွင်ဝတ်ဆင်ထားသည့်ရွှေဆွဲကြိုးကိုဖြတ်တောက်လုယူသွားကြောင်းသိရသည်။ ဒဏ်ရာများဖြင့်အမျိုးသမီးတစ်ဦးသံလျင်ဆေးရုံတွင်ရောက်နေကြောင်းသတင်းအရရဲတပ်ဖွဲ့ကဆေးစာသွားရောက်ရေးသားပြီးရန်ကုန်ဆေးရုံကြီးသို့ပို့​ဆောင်ပေးလိုက်သည်။ ဖြစ်စဥ်မှာအောင်သစ္စာလမ်းနေဒေါ်နွဲ့နွဲ့မော်သည်ရွှေကျင်ကျောင်းရှေ့၌တံမြက် စည်းလှဲနေစဥ်အသက် ၂၀ခန့် အမည်မသိအမျိုးသားလူငယ်တစ်ဦးကဒေါ်နွဲ့နွဲ့မော်အား လမ်းဘေးရေမြောင်းအတွင်းတွန်းချကာလည်ပင်းတွင်ဆွဲထားသည့်ရွှေဆွဲကြိုးနှင်လော့ကက်သီး (တန်ဖိုးငွေကျပ်ရှစ်သိန်းခန့်)ကိုလုယူထွက်ပြေးသွားခြင်းဖြစ်သည်။ဒေါ်နွဲ့နွဲ့မော်မှာရေမြောင်းအတွင်းပြုတ်ကျရာမှနှာခေါင်းနှင့်နှုတ်ခမ်းကြားပြတ်ရှဒဏ်ရာတစ်ချက်၊ဦးခေါင်းဝဲဖက်ချိုစောင်းပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့သည်။ရဲတပ်ဖွဲ့ကပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စဥ့်ကိုင်မြို့နယ်၌ အဝေးပြေးခရီးသည်တင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား ကားတစ်စီးလုံးပျက်စီး NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ မန္တလေးတိုင်း၊ စဥ
+1
စဥ့်ကိုင်မြို့နယ်၌ အဝေးပြေးခရီးသည်တင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား ကားတစ်စီးလုံးပျက်စီး NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၃၁ ရက်နံနက် ၆း၄၀ နာရီ ခန့်က အဝေးပြေးခရီးသည်တင် Express ကားတစ်စီးမီး လောင် မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ စဉ့်ကိုင်မြို့နယ်၊ ကြေးနီကန်ကျေးရွာအနီး၊ ပလိပ် - စကားအင်းလမ်းပေါ်တွင် အဝေးပြေးခရီးသည်တင် Express ကား(၁)စီးမီး လောင်မှုဖြစ်ပွား ကြောင်းသတင်းအရစဉ့်ကိုင်မြို့နယ်မီးသတ်စခန်း၊ ပလိပ်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန် မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားကြောင်း သိရသည်။ "ဖြစ်စဉ်ကိုတော့ပြောလို့မရပါဘူး ကန့်သက်ထားတာတွေရှိပါတယ် ဒါကြောင့်ကျွန်တော်တို့ဘက်ကပြောရမှာအဆင်မပြေပါဘူး ကျွန်တော်တို့ရဲ့ page မှာတင်ထားတာအမှန်ပါဘဲ"ဟု စဥ်ကိုင်မြို့နယ်မီးသတ်ဦးစီးမှူးကပြန်လည်ဖြေကြားခဲ့သည်။ မီးလောင်မှုကြောင့် ကားတစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့ရပြီး လိုက်ပါလာသည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရရှိမှုမရှိခဲ့ကြောင်း မီးသတ်မှထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၂၅ခုနှစ်အတွက်ကမ္ဘာ့ထိပ်တန်းသတင်းများ NOM ၁။ဇန်နဝါရီ ထရမ့်သည်အမေရိကန်၏၄၇ဦးမြောက်သမ္မတအဖြစ်ဇန်န ဝါရီလ၂၀ရက်နေ့တွင်ကျမ်း သစ္စာဆိုသည်။အမေရိကန်သမိုင်းတွင် သက် တမ်းနှစ်ကြိမ်ဆက် တိုက် မဟုတ်ပဲ သက်တမ်းခြားပြီးသမ္မတနှစ်ကြိမ်ဖြစ်သည့်ပထမဆုံးသူဖြစ်ခဲ့သည်။ ၂။ဖေဖော်ဝါရီ ဆောဒီနိုင်ငံရီယာ့ဒ်မြို့တွင် ဖေဖော်ဝါရီလ ၁၈ရက်၌အမေရိကန်နှင့်ရုရှားဝန်ကြီးအဆင့်တွေ့ဆုံပြီးယူကရိန်းငြိမ်းချမ်းရေးအတွက်ဆွေးနွေးသော်လည်းယူကရိန်းကိုမဖိတ်ကြားသဖြင့်အမေရိကန်နှင့်ဥရောပသမဂ္ဂကြားတင်းမာမှုဖြစ်ခဲ့သည်။ ၃။မတ် မြန်မာနိုင်ငံမန္တလေးမြို့တွင်ပြင်းအား၇.၆မဂ္ဂနီကျုရှိငလျင်ကြီး မတ်လ၂၈ရက်ကလှုတ်ရာမြန်မာနိုင်ငံတွင်လူ၅၄၅၆ဦး၊ထိုင်းတွင်၁၀၃ဦးနှင့်ဗီယက်နမ်တွင်တစ်ဦးသေဆုံးပြီးအပျက်အစီးပမာဏ ဒေါ်လာ၁၁ဘီလီယံရှိသည်။ ၄။ဧပြီ ပုတ်ရဟန်းမကြီးဖရန်စစ်(အသက်၈၈နှစ်)သည်ဧပြီလ၂၁ရက်တွင်ဗာတီကန်နန်းတော်၌ ကွယ်လွန်သည်။ ၅။မေ အမေရိကန်ဖွားပထမဆုံးသောပုပ်ရဟန်းမင်း ကြီးအဖြစ်ပုပ်လီယို ၁၄ကိုမေလ၈ရက်တွင်ရွေးချယ်ခန့်အပ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်၄ ရက်စစ်ပွဲမေလ၇ရက်မှ၁၀ရက်နေ့အထိဖြစ်ပွားသည်။ ၆။ဇွန် အီရန်နှင့်အစ္စရေးသည်ဇွန်လ၁၃ရက်မှ၂၄ရက်နေ့အထိ၁၂ရက်ကြာစစ်ပွဲဖြစ်သည်။ ၇။ဇူလိုင် ထိုင်းနှင့်ကမ္ဘောဒီးယားသည်ဇူလိုင်လ၂၄ရက်တွင်နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးအမေရိကန်သမ္မတထရမ့်၏ဖြန်​ဖြေမှုဖြင့်၂၈ရက်တွင်အပစ်အခတ်ရပ်စဲသည်။ ၈။သြဂုတ် ဂြိုဟ်၆လုံးနှင့်လတို့သြဂုတ်လ၁၄ရက်မှ၂၀ရက်နေ့အထိတစ်တန်းတည်းတည်ရှိခဲ့သည်။ ၉။စက်တင်ဘာ အမေရိကန်ရှေးရိုးစွဲနိုင်ငံရေးသုံးသပ်သူချာလီကာ့ခ်သည်ယူတားဗယ်လီတက္ကသိုလ်တွင်စက်တင်ဘာလ၁၀ရက်ကဟောပြောနေစဥ်သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရသည်။ ၁၀။အောက်တိုဘာ အမေရိကန်သမ္မတထရမ့်၏ကမကထပြုလုပ်မှုဖြင့်အောက်တိုဘာ လ ၉ရက်တွင်အစ္စရေးနှင့်ဟားမတ်စ်တို့အပစ်အခတ်ရပ်စဲပြီးဟားမတ်စ်ကဖမ်းထားသောဓါးစာခံများအနက်အသက်ရှင်ကျန်သူ ၂၀ ကိုလွှဲပြောင်းပေးအပ် သည်။ ၁၁။နိုဝင်ဘာ သီရိလင်္ကာနိုင်ငံသိ့နိုဝင်ဘာလ၂၈ရက်တွင်ဝင်ရောက်တိုက်ခတ်သောဆိုင်ကလုန်းဒီဝါကြောင့်လူ၆၄၃ဦးသေဆုံးပြီး၁၈ဦးဒဏ်ရာရကာ၁၈၃ဦးပျောက်ဆုံးသည်။ ၁၂။ဒီဇင်ဘာ ပြင်သစ်ရုပ်ရှင် သရုပ်ဆောင်နှင့်တိရိစ္ဆာန်အခွင့်အရေးကာကွယ်သူမင်းသမီးကြီးဘရစ်ဂျစ်ဘားဒေါ့(အသက်၉၁နှစ်)သည်ဒီဇင်ဘာလ ၂၈ရက်တွင်ကွယ်လွန်သည်။ ယူကရိန်းကဒရုန်း၉၁စီးဖြင့်ရုရှားသမ္မတ၏စံအိမ်တော်ကို ဒီဇင်ဘာလ၂၉ရက်ညကတိုက်ခိုက်ရန်ကြိုးစားသော်လည်းရုရှားကဒရုန်းအားလုံးကိုပစ်ချခဲ့သည်။

photo content
+3

ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းအား ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင် ဒီဇင်ဘာ၃၁၊၂၀၂၅
+1
ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းအား ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင် ဒီဇင်ဘာ၃၁၊၂၀၂၅

ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းအား ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင် ဒီဇင်ဘာ၃၁၊၂၀၂၅
ရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲဆွယ်စည်းရုံးခြင်းအား ဇန်နဝါရီ ၁၂ ရက်မှစတင်ကာဆောင်ရွက်နိုင် ဒီဇင်ဘာ၃၁၊၂၀၂၅

New Year Countdown အတွက်ယာဉ်လိုင်း၇ခုပြေးဆွဲပေးမည် NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ပြည်သူ့ရင်ပြင်တွင် New Year countdown ကြို/ပို့ ပြုလုပ်ပေးခြင်းကို ယခင်နှစ်ကအတိုင်း ယာဉ်လိုင်း (၇) လိုင်းဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်ပြည်သူ့ရင်ပြင်မှ မြို့တွင်း ဆူးလေအထိ YRTC Mini bus သုံး စီး လည်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေ ဒီဇင်ဘာ၃၁၊၂၀၂၅
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်အား စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေ ဒီဇင်ဘာ၃၁၊၂၀၂၅

အစ္စရေး၏အသိအမှတ်ပြုမှုတရားမဝင် NOM တူရကီသမ္မတကအစ္စရေးသည်ဆိုမာလီနိုင်ငံမှခွဲထွက်သည်ဟုကြေညာထားသောဆိုမာလီလန်းကိုနိုင်ငံတစ်ခုအဖြစ
အစ္စရေး၏အသိအမှတ်ပြုမှုတရားမဝင် NOM တူရကီသမ္မတကအစ္စရေးသည်ဆိုမာလီနိုင်ငံမှခွဲထွက်သည်ဟုကြေညာထားသောဆိုမာလီလန်းကိုနိုင်ငံတစ်ခုအဖြစ်အသိအမှတ်ပြုခြင်းသည်တရားမဝင်ဟုယနေ့ပြောသည်။ယမန်နေ့ကတူရကီသို့ဆိုမာလီသမ္မတလာရောက်ဆွေးနွေးပြီးနောက်တူရကီကယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂျာမနီရှိဘဏ်တစ်ခုဖောက်ထွင်းခံရပြီးယူရိုသန်း၃၀သူခိုးများလက်ပါသွား NOM ဂျာမနီဘဏ်တစ်ခု၏ ငွေတိုက်အတွင်းသို့ သူခိုးများက ချိုးဖျက်
ဂျာမနီရှိဘဏ်တစ်ခုဖောက်ထွင်းခံရပြီးယူရိုသန်း၃၀သူခိုးများလက်ပါသွား NOM ဂျာမနီဘဏ်တစ်ခု၏ ငွေတိုက်အတွင်းသို့ သူခိုးများက ချိုးဖျက်ဝင်ရောက်ကာ ယူရို ၃၀ သန်း (ဒေါ်လာ ၃၅ သန်း) တန်ကြေးရှိ ငွေသားနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့က ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံအနောက်ပိုင်းမြို့တစ်မြို့ဖြစ်သော ဂဲလ်ဇင်ကီးချင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဤပစ္စည်းခိုးမှုတွင် သူခိုးများသည် ငွေသား၊ ရွှေနှင့်လက်ဝတ် လက်စားများ သိမ်းဆည်းထားသော အပ်ငွေသေတ္တာပေါင်း ၃၀၀၀ ကျော်ကိုလည်း ချိုးဖျက်ယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်ပတ်သက်ပြီး မီဒီယာများမေးမြန်းထားသည့်များနှင့် သိသင့်သည့် အချက်အလက်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်

ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးစိန်ဦးကို ခန့်အပ်တာဝန်ပေး ဒီဇင်ဘာ၃၀၊၂၀၂၅
ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးစိန်ဦးကို ခန့်အပ်တာဝန်ပေး ဒီဇင်ဘာ၃၀၊၂၀၂၅

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၂၅ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှိဖျက်ဆီး နေပြည်တော် ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၆ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၄ ထပ် အဆောက်အအုံ ၁ လုံး၊ ၂ ထပ်အဆောက်အအုံ ၂ လုံးနှင့် ၁ ထပ်အဆောက်အအုံ ၃ လုံး စုစုပေါင်း တရားမဝင် အဆောက်အအုံ ၆ လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၅၂၅ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂ ထပ်အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၇၆ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် KK park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၂၅ လုံးကို စနစ်တကျဖြိုချဖ
+8
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၂၅ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိ NOM ဒီဇင်ဘာ ၃၀၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဒေါ်ရီရီမြင့် (၆၄) နှစ်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် NOM ဒီဇင်ဘာ ၃၀၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်အတွင်းသို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံး၏ မြောက်ဘက်နှင့် အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ လမ်းများပေါ်သို့ ရှော့တိုက်ဒုံးသီး ၂ လုံးနှင့် မုံရွာစီးပွားရေးတက္ကသိုလ်ဘောလုံးကွင်းအနီးသို့  ရှော့တိုက်ဒုံးသီး ၁ လုံးတို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်အတွင်း၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ
+2
ကချင်ပြည်နယ်အတွင်း၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်များ၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနို
+1
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်များ၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ ဓားများ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ ဓားများဖြင့်ထိုးခုတ်သတ်ဖြတ် NOM ဒီဇင်ဘာ ၃၀၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေငန်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ရေငန်းကျေးရွာနေ ဦးမြင့်လွင် (ခ) သိန်းဆွေ (၅၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးရောက်လာပြီး လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ အဆိုပါကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၈ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၊ လမ်းမကြီး၏အနောက်ဘက် ၃ ဖာလုံခန့်အကွာအရောက် ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်လွင် (ခ) သိန်းဆွေတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM