fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 493 مشترک است و جایگاه 16 017 را در دسته اخبار و رسانه‌ها و رتبه 10 067 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 493 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 24 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -248 و در ۲۴ ساعت گذشته برابر 1 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.08% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.11% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 260 بازدید دریافت می‌کند. در اولین روز معمولاً 639 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 25 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 493
مشترکین
+124 ساعت
-547 روز
-24830 روز
آرشیو پست ها
photo content

ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး NOM မတ် ၂၈ ၊၂၀၂၆ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နော
ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး NOM မတ် ၂၈ ၊၂၀၂၆ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းတွင် ၁၂ ဘီးကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီကျော်က ဘုရင့်နောင်တံတားအဆင်း၊ တပ်ထိပ်မှတ်တိုင်တွင် လမ်းဖြတ်ကူးလာသည့် အသက် (၄၅) နှစ် ခန့်ရှိ အမျိုးသမီးကို ၁၂ ဘီးကားက ဝင်တိုက်မိခဲ့ခြင်းကြောင့် နေရာတွင် သေဆုံးသွားကြောင်းသိရသည်။ "အဲ့ဒီအန်တီနဲ့ ရှစ်နှစ်အရွယ်ကလေးက လမ်းဖြတ်ကူးလာတာတုန်း ၁၂ ဘီးကားက ဝင်ကြိတ်သွားတာ။ ကလေးကတော့ လွတ်သွားတယ်။ သေဆုံးသူရဲ့ ပိုင်ရှင်တွေတော့ မပေါ်သေးဘူး။ ယာဉ်မောင်းကိုလည်းမိတယ်။ ယာဉ်မောင်းက ဘယ်မှတော့မပြေးဘူး။ ကားနားမှာပဲရှိတယ်။ ကျွန်တော်တို့အသင်းကားတွေမှာလည်း ဆီကပြတ်နေပေမယ့်လည်း သေဆုံးသူကိုတော့ သွားသယ်ပေးပါတယ်။ သွားရင်းနဲ့ဆီပြတ်ရင်တော့ မတတ်နိုင်ဘူးပေါ့နော်။ ရှိသလောက်ဆီနဲ့ အရောက်ပို့ပေးလိုက်ပါတယ်။" ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် အမျိုးသမီး၏ရုပ်အလောင်းကို မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုမှ ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။ NOM

+3
🚨 လက်ဘနွန်တွင် အစ္စရေးက သတင်းထောက်နှစ်ဦးကို ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ် လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ ဂျက်ဇင်း (Jezzine) လမ်းပေါ်တွင် သတင်းထောက်များ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီးကို အစ္စရေးက လေကြောင်းမှစောင့်ကြည့်ပြီး ဒရုန်းဖြင့်လုပ်ကြံတိုက်ခိုက်ခဲ့ရာ သတင်းထောက် ၂ ဦး သေဆုံးသွားခဲ့သည်။ သေဆုံးသူများမှာ အလ်-မာနာ တီဗီ (Al-Manar TV) သတင်းဌာနမှ အလီ ရှိုအစ်ဘ် (Ali Shoeib) နှင့် အလ်-မာယာဒင်း (Al-Mayadeen) သတင်းဌာနမှ ဖာတီမာ ဖတူနီ (Fatima Ftouni) တို့ ဖြစ်သည်။ NOM

ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကို PDF အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲ။
ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကို PDF အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲ။

🚨 ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည် အမေရိကန်မီဒီယာ Fox News ၏ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်တွင် ပူးပေါင်းတော့မည်ဖြစ်ကြောင်း သိရသည်။ ယခုလုပ်ရပ်သည် ယီမင်နိုင်ငံရှိ အန်ဆာအလ္လာဟ် (AnsarAllah) (ဝါ) ဟူသီ လက်နက်ကိုင် အဖွဲ့က အီရန်နှင့် ဟစ်ဇဘိုလာ တို့ကို ထောက်ခံအားပေးရန်အတွက် စစ်ပွဲအတွင်း တရားဝင်ပါဝင်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ NOM

🚨 ယူအေအီးအပေါ် ရက်သတ္တပတ် ပေါင်းများစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည့် အီရန်အစိုးရ၏ မူဝါဒကို ယခုအခါအဆုံးသတ်လိုက်ပြီ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ယူအေအီး (UAE) နိုင်ငံသည် အီရန်အား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲ စတင်ရန်နှင့် ဆက်လက်ဖြစ်ပွားနေစေရန် တက်ကြွစွာ ပါဝင်ကူညီခဲ့ကြောင်း၊ ထို့ကြောင့် ယူအေအီးအပေါ် ရက်သတ္တပတ် ပေါင်းများစွာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည့် အီရန်အစိုးရ၏ မူဝါဒကို အဆုံးသတ်ရန် ခေါင်းဆောင်ပိုင်းအဆင့်တွင် ယခုအခါ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ NOM

ဟာဇရသ် ခါတမ် အယ်လ်-အန်ဘီယာ (Hazrat Khatam al-Anbiya) ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ- အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လေကြောင်းနှင့် ရေတပ်အင်အားစုများသည် ဒူဘိုင်းတွင်ရှိသော အမေရိကန်စစ်တပ်ကို ကူညီရန်ရောက်ရှိနေသည့် ယူကရိန်းနှင့်ပတ်သက်သော ဒရုန်းဆန့်ကျင်ရေးစနစ် (anti-drone systems) သိုလှောင်ရုံတစ်ခုကို ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၂၁ ဦး၏ ကံကြမ္မာကိုမူ 'မသိရသေး' ဟု ဆိုသည်။ ဇီလန်းစကီးသည် လက်ရှိတွင် ယူအေအီး (UAE) အစိုးရနှင့် တွေ့ဆုံနေသည်။ NOM

အီရန်၏ဒုံးကျည်ထိမှန်သဖြင့်အမေရိကန်လေယာဉ်နှစ်စီးပျက်ဆိး NOM APသတင်းဌာန၏ဖော်ပြချက်အရမတ်လ၂၇ရက်နေ့တွင်အီရန်ကဒုံးကျည်များဒရုန်းမျာ
အီရန်၏ဒုံးကျည်ထိမှန်သဖြင့်အမေရိကန်လေယာဉ်နှစ်စီးပျက်ဆိး NOM APသတင်းဌာန၏ဖော်ပြချက်အရမတ်လ၂၇ရက်နေ့တွင်အီရန်ကဒုံးကျည်များဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့်ဆော်ဒီရှိပရင့်ဆူလ်တန်လေတပ်စခန်းမှအမေရိပန်၏ကေါင်းကင်ဆီဖြည့်လေယာဉ်KC-135နှင့်ဝေဟင်ကြိုတင်သတိပေးအေဝက်လေယာဉ် E-3တို့ထိမှန်ပျက်ဆီးကြောင်း၊အမေရိကန်စစ်သည်နှစ်ဒါဇင်ခန့်ထိခိုက်ဒဏ်ရာရပြီးငါးဦးမှာစိုရိမ်ရကြောင်းသိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုတောင်းခံမှု မရှိရန်မှာကြားထားဟုဆို NOM၊မတ်၂၈၊၂၀၂၆ သင်္ကြန်ကာလအတွင်း အများပြည်သူများလိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေး တို့ကိုအဝေးပြေးဝင်းရှိယာဉ်လိုင်းများအား မှာကြားထားပြီးဖြစ်သည့်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။ သင်္ကြန်ကာလအတွင်း အများပြည်သူများလိုရာခရီးသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရန်အတွက် ယာဉ်စီးခပိုမိုတောင်းခံမှု မရှိစေရေးသင့်တင့်မျှတသည့် နှုန်းထားများဖြင့် ရက်အလိုက်မှန်ကန်စွာ ရောင်းချရန်၊ သတ်မှတ်ခရီးစဉ်များအတိုင်း အဆင်ပြေစွာ ပြေးဆွဲနိုင်စေရန် အောင်မင်္ဂလာအဝေးပြေး ဝင်းနှင့် ဒဂုံ-ဧရာ အဝေးပြေးဝင်းရှိယာဉ်လိုင်းများအား မှာကြားထားကြောင်းသိရသည်။ "အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို လက်ရှိစက်သုံးဆီလုံလောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်လမ်းညွှန်ထားပါသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် စိုးရိမ်စရာမရှိပါဘူးဒါအပြင် အရံမော်တော်ယာဉ် စီစဉ်ထားမှုအနေနဲ့ သင်္ကြန်ကာလအတွင်း ခရီးစဉ်များမှ ယာဉ်အချို့ပျက်ခြင်း၊ မမျှော်မှန်းနိုင်သော ဖြစ်စဉ်များဖြစ် ပေါ်ခြင်းတို့အတွက် ယာဉ်များအချိန်မှီစီစဉ်နိုင်ရန် အလှည့်ကျစနစ်ဖြင့် အရံမော်တော်ယာဉ်များ ထားရှိသွားမှာပါ" ဟုရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။ လက်ရှိရန်ကုန်တိုင်းအတွင်းမှအနယ်နယ်အရပ်ရပ်သို့ပြေးဆွဲနေသည့်အဝေးပြေးလိုင်းများမှာ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင်ယာဉ်လိုင်းပေါင်း (၂၁၅) လိုင်း၊ ယာဉ်စီးရေ (၁၅၆၆)စီးနှင့် ဒဂုံ-ဧရာအဝေးပြေးဝင်းတွင်ယာဉ်လိုင်းပေါင်း (၁၀၃) လိုင်း၊ ယာဉ်စီးရေ (၇၂၄) စီး ဖြင့်ပြေးဆွဲပေးနေကြောင်းသိရသည်။

ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာနေ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM မတ် ၂၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကန်နီကြီးကျေးရွာနေ ဇီးပွားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဝင်းနိုင် (၅၅) နှစ်သည် မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့်က ဆိုင်းကယ်သုံးစီးဖြင့် ရောက်လာပြီး နေအိမ်ရှိ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး တို့အား လုယက်ယူဆောင်၍ ဦးဝင်းနိုင်အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓါတ်အားလိုင်းတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM မ
+1
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လျှပ်စစ်ဓါတ်အားလိုင်းတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM မတ် ၂၈၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာနှင့် ရွှေဝါမြိုင်ကျေးရွာကြားရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်အမှတ် (၃၁၁) နှင့် (၃၁၂) တို့အား မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၂ ဦးခန့်က ဆိုင်ကယ်ခြောက်စီးဖြင့် ရောက်လာပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ သဖြင့် အဆိုပါဓာတ်အားလိုင်းတိုင်နှစ်တိုင်မှာ အောက်ခြေမှ ကျိုး၍ ပြိုလဲပျက်စီးခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိကြောင်း သိရသည်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း။ NOM

ပန်းဆိုးတန်း-ဒလ ကူး ချယ်ရီသင်္ဘောလိုင်း၏ နောက်ဆုံးပြေးဆွဲချိန်များကို မတ်လ ၂၈ ရက်မှ စတင် ပြောင်းလဲမည် NOM၊မတ် ၂၈၊၂၀၂၆ ရန်ကုန်မြို့နှင့် ဒလမြို့သို့ ကူးသန်းသွားလာနိုင်သည့် ပန်းဆိုးတန်း-ဒလ ကူး ချယ်ရီသင်္ဘောလိုင်း၏ နောက်ဆုံးပြေးဆွဲဝန်ဆောင်မှုပေးသည့် သင်္ဘောအချိန်ကို ယနေ့မတ် လ၂၈ ရက်နေ့မှစ၍ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်းပြည် တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ချယ်ရီကူတို့သင်္ဘောများ၏နောက်ဆုံးပြေးဆွဲချိန်အဖြစ် ဒလ-ပန်းဆိုးတန်းအား ည ၇ နာရီခွဲအထိ လည်းကောင်း၊ ပန်းဆိုးတန်း - ဒလ ပြေးဆွဲချိန်ကို ည၈ နာရီအထိလည်းကောင်း သတ်မှတ်ထားခဲ့ရာမှ မတ်လ ၂၈ ရက် ယနေ့မှစပြီး ပန်းဆိုးတန်း - ဒလ ပြေးဆွဲချိန်အား ည ၈ နာရီအစား ည ၇ နာရီ ၄၅ မိနစ်အဖြစ် သတ်မှတ်မှာ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်- ဒလ တံတားကို ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ဒလ-ပန်းဆိုးတန်း အသွားအပြန် စီးနင်းနေသော ခရီးသည်များ ထက်ဝက်နီးပါးလျော့ကျသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား သုံးဥဦးသေဆုံးနှစ်ဦးဒဏ်ရာရ NOM၊မတ်၂၈၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁၈/၄)တွင်ယနေ့မတ်လ ၂၈ရက်နံနက်၆နာရီက ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ် ပေါ်ပါ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်ဟုမီးသတ်တပ် ဖွဲ့ မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာမန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အမြန်လမ်းအတိုင်မောင်းနှင်လာသော Honda Fit ကားသည်မိုင်တိုင်အမှတ်(၂၁၈/၄) အရောက် တွင် ကွေ့ကြေားအားအရှိန် မလျေ့ာဘဲမောင်းနှင်ခဲ့ရာတွင်မထိမ်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့ရာယာဉ်ပေါ်ပါ ဘုန်ကြီးတစ်ပါး၊ အမျိုးသား၃ဦး၊ အမျိိုးသမီးတစ်ဦးအနက် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။ "အရှိန်ကလည်းအရမ်းများတယ် ကားပေါ်မှာခါးပတ်လည်းပတ်မထားတော့ ကားပေါ်ကလူတွေအကုန်လွင့်သွားတာပေါ့ကားပေါပါတဲ့သုံးဦးတော့နေရာမှာဘဲသေဆုံတာပါ နောက်နှစ်ယောက်ကလည်းဒဏ်ရာတွေများပါတယ်လက်ရှိစိုရိမ်းရပါတယ်"ဟုပန်းတင်အမြန်လမ်းမီးသတ် စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ပြီးသေဆုံးသူ ဘုန်းကြီးတစ်ပါးနှင့် အမျိုသားနှစ်ဦးတို့နှင့် ဒဏ်ရာရရှိသည့်သူများကို မိုးစွေလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရ သည်။

ပြည်သူလူထု၏ကျန်းမာရေးနှင့်ယာဉ်ကြောရှင်းလင်းရေးအတွက်စက်သုံးဆီဆိုင်များညဖက်ရောင်းချသင့် NOM အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်လောင််စာဆီများကမ္ဘာအနှံ့ရှားပါးလာချိန်တွင်မြန်မာနိုင်ငံ၌လည်းစက်သုံးဆီဆိုင်များတွင်လေးငါးမိုင်မျှရှည်လားသောဆီတန်းစီသည့်ကါးများကိုတွေ့နေရသည်။အဆိုပါဆီတန်းစီသူများသည်တညလုံးတန်းစီထားပြီးဆီဆိုင်ဖွင့်သည့်နေ့အချိန်ရောက်မှထည့်ရသဖြင့်တညလုံးအိပ်ရေးပျက်ခံကါတန်းစီရခြင်းဖြစ်သည်။ထို့ကြောင့် ပူပြင်းသောယခုကါလ၌ရေရှည်တွင်ကါးသမားများကျန်းမာရေးထိခိုက်လာနိုင်သည်။လက်ရှိတွင်ပင်အငှါးယာဉ်မောင်းတစ်ဦးဆီတန်းစီရင်းသေဆုံးခဲ့ရပြီဖြစ်သည်။ ထို့အပြင်ဆီဆိုင်များတွင်တန်းစီနေသောကါးတန်းကြီးကြောင့်ယာဉ်ကြောပိတ်ဆို့မှုကိုသိမ်ဖြူလမ်း၊ကန်တော်ကြီးပတ်လမ်း၊ဦးဝိစာရလမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့ကဲ့သို့မြို့တွင်းတွင်သာမကဒဂုံဆိပ်ကမ်းရှိကျန်စစ်သားလမ်းကဲ့သို့သောလမ်းများပင်ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့နေရသည်။ ထို့ကြောင့်အများပြည်သူ၏ကျန်းမာရေးနှင့်ယာဉ်ကြောပိတ်ဆို့မှုမရှိစေ ရေးအတွက်စက်သုံးဆီဆိုင်များကိုညနေ၆နာရီမှနံနက်၈နာရီအတွင်းရောင်းချပေးသင့်ပါကြောင်းအကြံပြုလိုက်ရပါသည်။

အမေရိကန်စတော့၂ထရီလီယံဆုံးရှုံး NOM အီရန်ကိုတိုက်ခိုက်နေသောစစ်ပွဲကြောင့်ယခုအပတ်အတွင်းအမေရိကန်စတော့ရှယ်ယာ၂ထရီလီယဲဆုံးရှုံးသွားပ
အမေရိကန်စတော့၂ထရီလီယံဆုံးရှုံး NOM အီရန်ကိုတိုက်ခိုက်နေသောစစ်ပွဲကြောင့်ယခုအပတ်အတွင်းအမေရိကန်စတော့ရှယ်ယာ၂ထရီလီယဲဆုံးရှုံးသွားပြန်သည်။

သင်္ကြန်တွင် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထား၊ နိုင်ငံတစ်ဝန်း လမ်းလျှောက်သင်္ကြန်များ ကျင်းပရန် နေရာများ သတ်မှတ် NOM၊မတ် ၂၈၊၂၀၂၆ ၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထားရှိပြီး နိုင်ငံတစ်ဝန်း၌ လမ်းလျှောက်သင်္ကြန် ပွတော် များ ကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း လမ်းလျှောက်သင်္ကြန်ကျင်းပရန် နေရာများကို သတ်မှတ်ထား‌ ကြောင်းသိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့် နေရာများမှာ နေပြည်တော်တွင် နေပြည်တော်ရင်ပြင်၊ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့ တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ မြို့တော်ခန်းမရှေ့နှင့် ခရိုင်/မြို့နယ်များတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နန်းမြို့ကျုံးပတ်လည်၊ မိတ္ထီလာကန်ပတ်လည်နှင့် ခရိုင်/မြို့နယ်များတွင် လည်းကောင်း ပြည်သူများ ပျော် ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အတွင်းယိမ်း အကအဖွဲ့များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့်မြန်မာ့ရိုးရာယဉ် ကျေး မှု အနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိသည်။

တရုတ်သံရုံး အတွင်းလက်နက်ကိုင်ဝင်ရောက်မှုအတွက်ဂျပန်၏တောင်းပန်မှုသည်မလုံလောက်ဟုတရုတ်ပြော NOM မတ်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဂျပန်ရှိတရုတ်သံရုံးအတွင်း လက်နက်ကိုင်ဝင်ရောက်မှုအတွက်ဂျပန်၏ တောင်းပန်မှုသည် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။ လင်က ဂျပန်အနေဖြင့် စေ့စပ်သေချာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် တရုတ်နိုင်ငံအား တာဝန်ယူမှုရှိသောရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့သည်။ မတ်လ ၂၄ ရက်နေ့တွင် ဓားကိုင်ဆောင်ထားသော ဂျပန်စစ်ဘက်အရာရှိတစ်ဦးသည် တိုကျိုရှိ တရုတ်သံရုံးအတွင်းသို့ ဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက ယင်းဖြစ်ရပ်ကို ဝမ်းနည်းဖွယ်အဖြစ် ဖော်ပြခဲ့ပြီး အစိုးရအနေဖြင့် ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် အစီအမံများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကလည်း ယင်းဖြစ်ရပ်ကို အမှန်တကယ် ဝမ်းနည်းဖွယ်အဖြစ် ပြောကြားခဲ့ပြီး ၎င်း၏ဝန်ကြီးဌာနသည် လက်ရှိရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်ကို ဆန့်ကျင်သည့်တရုတ်၏ လုပ်ရပ်သည် ဂျပန်နယ်မြေကိုလည်း ခြိမ်းခြောက်ပါက ဂျပန်သည် ၎င်း၏စစ်တပ်ကို ချထားနိုင်သည်ဟု ပြောကြားခဲ့သည့် နိုဝင်ဘာလမှစ၍ တရုတ်-ဂျပန်ဆက်ဆံရေးသည် ယိုယွင်းပျက်စီးသွားခဲ့သည်။

ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြ
ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် စက်သုံးဆီများစိစစ်ရောင်းချမှု ကြည့်ရှုစစ်ဆေး မတ် ၂၇၊ ၂၀၂၆ ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ယနေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ရောင်းချပေးလျက်ရှိ Online Monitoring Center တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ရှိ အရောင်းဆိုင်များမှ ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချပေးနေမှုကို အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ ယခု Bar Code / QR Code စနစ်ကို ရန်ကုန် မန္တလေး လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေး သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ Bar Code / QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့်ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့်စက်သုံးဆီများကိုလည်း မှတ်တမ်းထားရှိ၍ ရောင်းချပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းအဖွဲ့များဖြင့်လည်း အရောင်းဆိုင်များသို့  မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာဝယ်ယူစေလိုကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါက တိုင်ကြားနိုင်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိကြောင်းနှင့် နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက ဆက်သွယ်ရန် Call Center ဖုန်းနံပါတ်များဖြစ်သည့် ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber - ၀၉ ၄၀၁၇၄၈၅၉၈ တို့ကို တိုင်းကြားနိုင်ကြောင်း သိရသည်။ NOM

အီရန်နှင့် ထိုင်း သဘောတူညီမှုရ ထိုင်းဝန်ကြီးချုပ် ချာန်ဝီရာကူးလ် က ထိုင်းရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်မည့် သဘောတူညီချက်တစ်ခုကို အီရန်နိုင်ငံနှင့်ရရှိခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ NOM