fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 411 مشترک است و جایگاه 15 966 را در دسته اخبار و رسانه‌ها و رتبه 10 118 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 411 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 08 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -223 و در ۲۴ ساعت گذشته برابر -13 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.65% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.02% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 950 بازدید دریافت می‌کند. در اولین روز معمولاً 747 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 09 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 411
مشترکین
-1324 ساعت
-677 روز
-22330 روز
آرشیو پست ها
Repost from NOM
ကျူးဘားပြီးရင် ကိုလံဘီယာက နောက်ထပ်ပစ်မှတ်ဖြစ်လာမယ်လို့ ဆိုကာ ထရမ့်က ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပီထရိုကို သတိပေးလိုက်ပါတယ်။ “ကိုလ
ကျူးဘားပြီးရင် ကိုလံဘီယာက နောက်ထပ်ပစ်မှတ်ဖြစ်လာမယ်လို့ ဆိုကာ ထရမ့်က ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပီထရိုကို သတိပေးလိုက်ပါတယ်။ “ကိုလံပီယာက ကိုကင်းတွေပြုလုပ်ပြီး အမေရိကန်ပြည်ထောင်စုထဲကို ရောင်းချနေတာပါ၊ ဒါကို သူက စီမံခန့်ခွဲနေတာဖြစ်ပြီး ဒါကို သူ နောက်ထပ် ထပ်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
ဆူပူအကြမ်းဖက်ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ အီလမ်မြို့က ဆေးရုံတခုကို အီရန်လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဆင်နွှဲမှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အကြမ်းဖက်ဆန္ဒပြသမားတွေဟာ ဆေးရုံထဲကို ဝင်ရောက်ပြီး ဆရာဝန်နဲ့ လူနာတွေကြားမှာ ပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ သူနာပြုတွေလို့ ယူဆရတဲ့ အမျိုးသမီးတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ဆေးရုံအတွင်း မဝင်ခင် ကြားနေခဲ့ပါတယ်။ NOM

Repost from NOM
ကိုလံဘီယာကို စစ်ဆင်ရေး လုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး Air Force One ပေါ်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားချိန်မှာ ဒေါ်နယ်ထရမ့်က “ကျနော့်အတွက်တော့ ဖြစ်နိုင်ခြေရှိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားမှာ အမေရိကန်ကို လမ်း၊ ရေနံအခြေခံအဆောက်အအုံအားလုံးအပါဝင် နိုင်ငံရဲ့ နေရာအားလုံးကို အပြည့်အ၀ ထိန်းချုပ်ခွင့်ပေးဖို့ ထရမ့်က တောင်းဆိုလိုက်ပြီး ဗင်နီဇွဲလားအရေးကို အမေရိကန် တာဝန်ယူပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

ကသာမြို့ Update 👍 - တိုက်ပွဲသတင်းစုံ
ကသာမြို့ Update 👍 - တိုက်ပွဲသတင်းစုံ

ဒီဇင်ဘာလ၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်ဗင်နီဇွဲလားအပေါ်ကျူးကျော်မှုကိုဆန္ဒပြနေကြသည်။ (ဓါတ်
+3
ဒီဇင်ဘာလ၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်ဗင်နီဇွဲလားအပေါ်ကျူးကျော်မှုကိုဆန္ဒပြနေကြသည်။ (ဓါတ်ပုံ) ၂။လက်ဘနွန်တောင်ပိုင်းတွင်အစ္စရေးစစ်လေယာဥ်များကခြိမ်းခြောက်ပျံသန်းလျက်ရှိသည်။(ဗီဒီယို) ၃။ အမေရိကန်ကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောဗင်နီဇွဲလားသမ္မတမာဒူရို၏အတွင်းလူသစ္စာဖောက်ခြင်းကြောင့်မာဒူရိုကိုလွယ်ကူစွာဖမ်းဆီးနိုင်ခြင်းဟုသတင်းများထွက်ပေါ်လျက်ရှိသည်။(ဓါတ်ပုံ) ၄။တရုတ်မီဒီယာတသ်ခုကတရုတ်သည်ထရမ့်ကဗင်နီဇွဲလားကိုလျပ်တပြက်တိုက်ခိုက်သိမ်းပိုက်သည့်ပုံစံအတိုင်းထိုင်ဝမ်ကိုလုပ်သင့်သည်ဟုရေးသားဖော်ပြလိုက်သည်။ ၅။ဗြိတိန်ဝန်ကြီးချုပ်စတာမာကဗင်နီဇွဲလားကိုအမေရိကန်ကဝင်ရောက်သိမ်းပိုက်ပြီးအစိုးရအပြောင်းအလဲလုပ်သည့်ကိစ္စတွင်ဗြိတိန်လုံးဝပါဝင်ပတ်သက်ခြင်းမရှိဟုငြင်းဆိုလိုက်သည်။(ဗီဒီယို)

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတ
+5
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု နေပြည်တော်၊ ဇန်နဝါရီ - ၄

Repost from NOM
တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဘေဂျင်းအနေနဲ့ ထရမ့်ရဲ့ နည်းဗျူဟာအတိုင်း ပြုလုပ်သင့်တယ်ဆိုတဲ့ ငြင
တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဘေဂျင်းအနေနဲ့ ထရမ့်ရဲ့ နည်းဗျူဟာအတိုင်း ပြုလုပ်သင့်တယ်ဆိုတဲ့ ငြင်းခုံမှုတွေ မြင့်တက်နေတယ်လို့ Bloomberg က ဆိုပါတယ်။ ထရမ့်က ဗင်နီဇွဲလားသမ္မတကို ပြန်ပေးဆွဲခဲ့ပြီးနောက်မှာ ဒီဆွေးနွေးမှုတွေမြင့်တက်လာပြီး တရုတ်လူမှုမီဒီယာပလက်ဖောင်းတွေမှာ ကြည့်ရှုသူ သန်း ၄၄၀ အထိ ရှိလာခဲ့ပါတယ်။ Weibo မှာဆိုရင် နိုင်ငံတကာဥပဒေတွေကို အမေရိကန်ကတောင် မလေးစားတာကြောင့် တရုတ်က ဘာလို့ လေးစားနေရမှာလဲဆိုပြီး ဒဲ့တွေပြောဆိုကာ ထိုင်ဝမ်ပြသနာကို အမေရိကန်လို ဖြေရှင်းဖို့ တိုက်တွန်းလာကြပါတယ်။ တချို့ကလည်း ထိုင်ဝမ်ခေါင်းဆောင် Lai Ching-te ကို ပစ်မှတ်ထားသင့်တယ်လို့ အဆိုပြုနေကြပါတယ်။ NOM

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် D
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၂) နှစ်နှင့် (၉) နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်သို့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းတွင် ရပ်တန့်ထားသည့် မုံရွာမြို့ဘက်မှ စုန်ဆင်းလာသည့် ကျောက်မီးသွေးများတင်ဆောင်လာသော "ရွှေလွန်းပျံ" တွန်းသင်္ဘောပေါ်သို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သင်္ဘောယာဉ်ပေါ်တွင်ရှိနေသူများဖြစ်ကြသည့် ရေယာဉ်မောင်းအကူဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာနေ ဦးနေမျိုး (၂၆) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အိအိသူ (၂၇) နှစ်၊ သားဖြစ်သူ မောင်မင်းပြည့်လျှံ (၂) နှစ်၊ သမီးဖြစ်သူ မပိုးရတီထက် (၉) နှစ်၊ ရေယာဉ်စက်ဆရာဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ် (၄) ရပ်ကွက်နေ ဦးနိုင်ဦး (၄၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။   News Of Myanmar NOM

Repost from MWD News
ရှမ်းပြည်နယ်(တောင်ပိုင်း)လဲချားမြို့‌တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံသည်။ လဲချား ဇန်နဝါရီလ ၄ ရက်

Repost from MWD News
မြိတ်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းကျော် ဖမ်းဆီးရမိသည်။ နေပြည်တော်၊ ဇန်နဝါရီလ ၄ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားကားလမ်းပေါ်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခို
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားကားလမ်းပေါ်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူနှစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားကားလမ်းပေါ်သို့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်သုံးဘီးဆိုင်ကယ်တစ်စီးအား ဗုံးသီးပေါက်ကွဲစများထိမှန်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ ပခုက္ကူမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်နေ ဦးမျိုးထွန်းဦး (၄၀) နှစ်နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ဖြစ်ကြသည့် အမှတ် (၁၅) ရပ်ကွက်နေ ဒေါ်ဝင်းဌေး (၅၀) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များဖြစ်ကြသော လယ်ယာကျေးရွာနေ ကိုခန့်ဇော် (၂၂) နှစ်၊ အမှတ် (၆) ရပ်ကွက်နေ ဒေါ်ခင်မာဌေး (၅၄) နှစ်၊ အမှတ်(၅)ရပ်ကွက်နေ ဒေါ်လှိုင်လှိုင်ဝေ (၂၉) နှစ်နှင့် ဒေါ်ထွေးတင် (၆၂) နှစ်၊ ဦးကျော်မြင့် (၆၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ပညာရေးစုံညီပွဲတော်တစ်ခု၌ရှိနေသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အကြမ်းဖက်သမားမျာ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ပညာရေးစုံညီပွဲတော်တစ်ခု၌ရှိနေသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း (၅၃) နှစ်သည် ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်၌ မိုးကောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲရှိ ပညာရေးစုံညီပွဲတော်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးယဉ်မင်းထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို PDF အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ် NOM ဇန်နဝါရီ ၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေသူများဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဦး (၅၀)နှစ်၊ ဦးရင်မင်းထွန်း (၃၀) နှစ်၊ ဦးအောင်အောင် (၄၀) နှစ်နှင့် မောင်အောင်မြင့်သူ (၁၇) နှစ်တို့သည် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်၌ ကျေးရွာ၏အရှေ့မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိပေါ်တော်မူဘုန်းကြီးကျောင်းသို့ ထွက်ခွာလာစဉ် အဆိုပါဘုန်းကြီးကျောင်း၏ဝင်ပေါက်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) ရောက်လာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ဒေါ်နယ်ထရမ့်ရဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး Steven Miller ရဲ့ ဇနီးဖြစ်သူဟာ အမေရိကန်အလံက အရောင်တွေနဲ့ ခြယ်သထားတဲ့ Greenland ပုံ
ဒေါ်နယ်ထရမ့်ရဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး Steven Miller ရဲ့ ဇနီးဖြစ်သူဟာ အမေရိကန်အလံက အရောင်တွေနဲ့ ခြယ်သထားတဲ့ Greenland ပုံတပုံကို လူမှုကွန်ယက်မှာ တင်ခဲ့ပြီး “မကြာမီ” လို့ပါ ရေးသားခဲ့ပါတယ်။ Greenland ကို အမေရိကန်က ပိုင်ဆိုင်တယ်လို့ ထရမ့်က အရင်က ပြောဖူးပြီး ဒိန်းမတ်နဲ့ အငြင်းပွားစရာတွေ ဖြစ်နေတာပါ။ ဗင်နီဇွဲလားကို လုပ်ခဲ့တဲ့အတိုင်း ထရမ့်ဘက်က Greenland ဒေသကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်တယ်လို့ အားလုံးက ယူဆထားချိန်မှာ ဒီလိုမျိုး အဆင့်မြင့်အရာရှိတဦးရဲ့ ဇနီးဖြစ်သူက လုပ်ဆောင်ခဲ့တာမို့ ပိုမိုသေချာလာပြီလို့ ဆိုနိုင်ပါတယ်။ NOM

Repost from NOM
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုဟာ ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖို့ ဝမ်းမြောက်ဝမ်းသ
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုဟာ ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖို့ ဝမ်းမြောက်ဝမ်းသာ ပြင်ဆင်နေခဲ့ပေမယ့် ထရမ့်က “သူမကို လေးစားမှုမရှိတာမို့ ကျနော်တို့ပဲ ဗင်နီဇွဲလားကို အုပ်ချုပ်ပါမယ်" ဆိုပြီး သတင်းစားရှင်းလင်းပွဲမှာ ယတိပြတ်ပြောဆိုသွားခဲ့ပါတယ်။ မှတ်ချက်- လက်ရှိအချိန် ကမ္ဘာပေါ်မှာ သူမက အစိတ်ပျက်ရဆုံးပုဂ္ဂိုလ်ဖြစ်နေနိုင်ပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားကို အုပ်ချုပ်မှုမှာ ဦးဆောင်အစိုးရအဖွဲ့ရဲ့ အခန်းကဏ္ဍကို ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက တာဝန်ယူသွားမယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ပြန်ပေးဆွဲဖမ်းဆီးမှု အောင်မြင်ပြီးနောက် Mar-a-Lago မှာ ထရမ့်နဲ့ အီလွန်မက်စ်တို့ အောင်ပွဲခံညစာစားပွဲ ကျင်းပခဲ့ကြပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားအလှည့်ပြီးသွားတဲ့နောက် အီရန်နဲ့ ဒိန်းမတ်တို့ အလှည့်ကျလာလိမ့်မယ်လို့ The Guardian က ရေးသားလိုက်ပါတယ်။ ဗင်နီဇွဲလားပြ
ဗင်နီဇွဲလားအလှည့်ပြီးသွားတဲ့နောက် အီရန်နဲ့ ဒိန်းမတ်တို့ အလှည့်ကျလာလိမ့်မယ်လို့ The Guardian က ရေးသားလိုက်ပါတယ်။ ဗင်နီဇွဲလားပြီးနောက် အမေရိကန်ရဲ့ နောက်ထပ်ပစ်မှတ်ဟာ အီရန်နဲ့ အမေရိကန်ရဲ့ မဟာမိတ် ဒိန်းမတ်တို့ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ Greenland ဒေသဟာ အမေရိကန်ဗျူဟာသမားတွေရဲ့ အာရုံစိုက်မှုကို အချိန်ကြာမြင့်စွာကတည်းက ဆွဲဆောင်ထားခဲ့တာပါ။ Trump ကလည်း Tehran အပေါ် "ဆန္ဒပြသူတွေကိုကာကွယ်ခြင်း" ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ခဲ့ပြီး ကိုပင်ဟေဂင်ကိုလည်း ဒိန်းမတ်ပိုင် နယ်မြေကို "လိုအပ်ပါက ဘယ်နည်းနဲ့မဆို ထိန်းချုပ်နိုင်တယ်ဆိုတာ" ကို အမေရိကန်က တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်။ NOM

ပြန်ဝန်ဟောင်းဦးရဲထွဋ်နှင့်နန်းမွေစံတို့ပြန်လည်လွတ်မြောက်လာ NOM၊ဇန်နဝါရီ၄၊၂၀၂၅ ယနေ့လွတ်လပ်ရေးနေ့တွင်မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးမှအကျဥ်းသား/အကျဥ်းသူ၆၁၄၃ဦးကိုပြသ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိအကျဥ်းစခန်း၇ခုမှအကျဥ်းသား၁၀၄၀ဦးအကျဥ်းသူ၁၉၄ဦးတို့ပာဝင်ခဲ့သည်။ ထိုအထဲတွင်ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်နှင့်မော်ဒယ်နန်းမွေစံတို့ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။