fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 435 مشترک است و جایگاه 15 924 را در دسته اخبار و رسانه‌ها و رتبه 10 098 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 435 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 05 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -222 و در ۲۴ ساعت گذشته برابر -12 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.30% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.44% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 908 بازدید دریافت می‌کند. در اولین روز معمولاً 677 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 06 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 435
مشترکین
-1224 ساعت
-607 روز
-22230 روز
آرشیو پست ها
ဒီနိုင်ငံက နိုင်ငံရေး ပြဿနာနဲ့ စိန်ခေါ်မှုတွေက ဖြေရှင်း၊ ရင်ဆိုင်ဖို့ အများကြီး ကျန်နေပါသေးတယ်။ လောလောလတ်လတ် ပြည်တွင်းမှာတောင် လက်နက်ကိုင် ပဋိပက္ခက လိပ်ခဲတည်နေတုန်းပါ။ ကိုးကန့်က ဘယ်သူ့အားကိုးနဲ့လဲတော့ မသိဘူး။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကို ပြည်ထောင်စု လမ်းမကြီး ဖောက်နေပါပြီ။ ဆိုတော့ အရင်က ဒကစ အခြေစိုက်ခဲ့တဲ့ ကိုးကန့်ဟာ ဒုတိယ UWSA နီးနီးအထိ ဖြစ်လာနိုင်မလား ပေါ့။ ချင်းရွှေဟော်မှာ ဗဟို အုပ်ချုပ်မှု မရှိရင် နယ်စပ်ကုန်သွယ်ရေးက ရလာမယ့် ဝင်ငွေရလမ်းက မေ့ထားလိုက်လို့ ရပါပြီ။ ----- ပလောင်ကလည်း သူ့အုပ်ချုပ်မှု နယ်မြေထဲက မြို့နယ်တွေကို အခွန် စကောက် နေတဲ့ အသံတွေကြားရပါလိမ့်မယ်။ ဒါက ကွတ်ခိုင်၊ သိန်းနီနဲ့ နမ္မတူ တကြောလုံး အကျုံးဝင်မယ့်သဘောပါ။ အပစ်အခတ် ရပ်ထားပေမယ့် ရန်သူကတော့ သူ့အလုပ် သူလုပ်နေတယ်လို့ ပြောလို့ရပါတယ်။ အစိုးရနဲ့ တပ်ကတော့ ရွေးကောက်ပွဲနဲ့ ကူမင်း သဘောတူညီချက်ကြား ဟန်ချက်ညီအောင် ကြိုးစားနေရတုန်းပါ။ တစ်ခုတော့ ရှိတာပေါ့။ ရွေးကောက်ပွဲ အလွန်ကာလအတွက်တော့ မမျှော်မှန်းနိုင်ဘူးပေါ့။ ဗန်းမော်အလွန်က KIA အခြေပြု တပ်စခန်းကို လေကြောင်း တိုက်ခိုက်နိုင်ခဲ့လို့ နော်ဘူ ကိုယ်တိုင် အသံထွက်လာတဲ့ ကိစ္စတွေ၊ မြဝတီမြို့စောင့်တပ်ကို တိုက်ရင် ပစ်မှတ်တွေ မှတ်ပုံတင်ထားတယ်လို့ ပြောတဲ့ အသံတွေကတော့ အားရစရာပါပဲ။ စခန်းတစ်ခုထိရင် ပြာကျတဲ့အထိ ပြန်တိုက်မယ်ဆိုတဲ့ ဟန်တွေ၊ မာန်တွေ ပြန်မြင်ရတာက ဝမ်းသာစရာ အခြေအနေလို့ ပြောလို့ရပါတယ်။ ---- တဖက်မှာတော့ အာဆီယံ ဥက္ကဋ္ဌ အသစ်က မလေးရှား လေသံ လိုက်ပြီး ရွေးကောက်ပွဲကို ဘာဘာညာညာ အသံကောင်း ဟစ်စ ပြုနေတာ တွေ့ရပါလိမ့်မယ်။ ဒေသတွင်း အဖွဲ့အစည်း ဖြစ်တဲ့ အာဆီယံထဲမှာတောင် နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံစုံကြားမှာ နေရာ တနေရာစာ ပြန်ရဖို့ မြန်မာဟာ အတော်လေး ကြိုးစားရပါဦးမယ်။ ----- ဒီတော့ အစိုးရသစ် တက်လာတာနဲ့ အပြောင်းအလဲ ချက်ခြင်း မြင်ချင်သူတွေအတွင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှု တွေ အများကြီးရှိနေတာကို သတိပြုနိုင်ကြဖို့ပါ။ အရပ်သား အစိုးရသစ် တက်လာရုံနဲ့ နိုင်ငံတကာကလည်း ဟက်ချလောင်း ဆိုပြီး ဆန်ရှင်တွေ ဖွင့်ပေးနေမှာတော့ မဟုတ်ပါဘူး။ လက်ရှိမှာတင် ICJ မှာ ဘင်္ဂလီအရေးက ပုစ္ဆာ တစ်ခု ပေးထားခဲ့ပြီးသားပါ။ ဒါက ၂၀၂၆ လောက်မှာ ရုပ်လုံး ထင်လာပါလိမ့်မယ်။ ------ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှု နဲ့ သက်ဆိုင်တဲ့ တချို့ကိစ္စတွေက နှုတ်မကျွံ ထားမိဖို့ လိုပါတယ်။ သမ္မတ ကြီး ဦးသိန်းစိန်ခေတ်ဟာ တပ်မတော် အုပ်ချုပ်တဲ့ စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီကို စနစ်တကျ လက်လွှဲ လုပ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ရှေ့မှာ ဒီမိုကရေစီ အစိုးရ ၂ ဆက်စာကို လူထုက မျက်ဝါးထင်ထင် ကြုံခဲ့ရ၊ ဖြတ်သန်းဖူးနေခဲ့ကြပြီးပြီ ဆိုတာကို သတိမလွတ်စေကြဖို့ ဖြစ်ပါတယ်။ ပြည်တွင်း ၊ ပြည်ပ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမယ့် အစိုးရသစ်ဟာ မျှော်‌လင့်သလို အရွေ့တစ်ခု မဖြစ်လာခဲ့ရင် ဒုတိယ ရွေးကောက်ပွဲ ကာလဟာ ပိုခက်ခဲ သွားနိုင်တာကို သေချာပေါက် ကြိုတွေးထားဖို့ လိုပါလိမ့်မယ်။ (နရီမိုး)

ဇန်နဝါရီလ၂၃ရက်နေ့နိုင်ငံတကာသတင်းတိုများ NOM ၁။တောင်တရုတ်ပင်လယ်ဆိုအယ်ကျွန်းအနီး ယနေ့နစ်မြုတ်သွားသောကုန်သင်္ဘောမှဖိလစ်ပိုင်သင်္
+2
ဇန်နဝါရီလ၂၃ရက်နေ့နိုင်ငံတကာသတင်းတိုများ NOM ၁။တောင်တရုတ်ပင်လယ်ဆိုအယ်ကျွန်းအနီး ယနေ့နစ်မြုတ်သွားသောကုန်သင်္ဘောမှဖိလစ်ပိုင်သင်္ဘောသား၁၇ဦးကိုတရုတ်နှင့်ဖိလစ်ပိုင်ရေတပ်မှကယ်ဆယ်ခဲ့သော်လည်းသင်္ဘောသားနှစ်ဦးမှာကယ်ဆယ်ခံရပြီးနောက်သေဆုံးခဲ့သည်။ (ဓါတ်ပုံ) ၂။ဗီယက်နမ်ကွန်မြူနစ်ပါတီသည်တိုလမ်းကိုနောက်ငါးနှစ် သက်တမ်းအတွက်ပါတီခေါင်းဆောင်အဖြစ်ယနေ့ရွေးချယ်လိုက်သည်။(ဓါတ်ပုံ) ၃။ ဟန်ဂေရီဝန်ကြီးချုပ်ကယူကရိန်းသည်လာမည့်၁၀နှစ်အတွက်ဥရောပသမဂ္ဂထံမှ၁.၅ထရီလီယံတောင်းခံနေကြောင်းစစ်ရေးအတွက်ဘီလီယံ၇၀၀နှင့်နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက်ဘီလီယံ၈၀၀ဖြစ်ကြောင်းပြောကြားသည်။ ၄။စပိန်ဝန်ကြီးချုပ်ဆန်းချက်ကအမေရိကန်သမ္မတထရမ့်၏ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်စပိန်ပါဝင်ရန်ကမ်းလှမ်းချက်ကိုပယ်ချပြီးယခုကိစ္စသည်ကုလသမဂ္ဂကသာလုပ်ဆောင်ရမည့်ကိစ္စဟုဝေဖန်လိုက်သည်။ ၅။အီရန်ဘာသာရေးခေါင်းဆောင်ခါမေနီ၏အကြံပေးယာယာဆာဖာဗီကအီရန်သည်အစ္စရေးနှင့်နောက်ဆုံးစစ်ပွဲအတွက်အသင့်ပြင်ပြီးပြီဟုကြေညာလိုက်သည်။(ဓါတ်ပုံ)

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့အား ပြင်းထန်စွာသတိပေးလိုက်ကြောင်း ထုတ်ပြန်

🇷🇺🤝🇲🇲 ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ နေကြာဆီ တန်ချိန် ၂၅၀ ကျော် လွှဲပြောင်းပေးခဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (
+2
🇷🇺🤝🇲🇲 ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ နေကြာဆီ တန်ချိန် ၂၅၀ ကျော် လွှဲပြောင်းပေးခဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မှတစ်ဆင့် ရန်ကုန်မြို့သို့ ဗီတာမင် A နှင့် D ဖြည့်နေကြာဆီ တန်ချိန် ၂၅၀ ကျော်ကို ရုရှားနိုင်ငံမှ လူသားချင်းစာနာမှုအကူအညီများ ထပ်မံပို့ဆောင်ရောက်လာခဲ့ပါသည်။ ရုရှားသံရုံးဝန်ထမ်းများသည် ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ ဒေသများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေပေးမည့် အစီအစဉ်နှင့် လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက်အပြန်အလှန်အားဖြင့်လည်းကောင်း သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးရန် ရုရှားဘက်မှ အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့ပါသည်။

Repost from NOM
ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အကြွေး ကန်ဒေါ်လာ သန်း ၂၆၀ ကို ပျက်က
ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဟာ ပေးဆောင်ဖို့ ကျန်ရှိနေတဲ့ အကြွေး ကန်ဒေါ်လာ သန်း ၂၆၀ ကို ပျက်ကွက်ခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ NOM

Repost from NOM
မက္ကဆီကိုကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရန်ကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေကို ခေါ်ယူဖွယ်ရှိတယ်လိ
မက္ကဆီကိုကနေ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရန်ကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ NATO တပ်ဖွဲ့တွေကို ခေါ်ယူဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ “ကျနော်တို့ NATO ရဲ့ အစွမ်းသတ္တိကို စမ်းသပ်သင့်ပါတယ်၊ Article-5 ကို ကျင့်သုံးပြီး NATO ကို ဒီနေရာလာစေပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နောက်ထပ်ကျူးကျော်မှုတွေကနေ တောင်ပိုင်းနယ်စပ်ကို ကာကွယ်ဖို့ ဖိအားပေးသင့်တယ်၊ ဒီလိုဆိုရင် နယ်ခြားစောင့်တပ်အရာရှိတွေလည်း တခြားတာဝန်တွေကို လုပ်နိုင်လာလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပါတယ်။ သူဟာ အစောပိုင်းကလည်း NATO မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့ လာရောက်မလားလို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။ NOM

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင် အသိပေး
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းရန် ရွေးကောက်ပွဲကော်မရှင် အသိပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးခင်ရီ၊ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Party “ Belaya Rus” ပါတီဥက္ကဌ H.E.Ms.
+8
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌဦးခင်ရီ၊ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Party “ Belaya Rus” ပါတီဥက္ကဌ H.E.Ms. Volha Chemodanova အားလက်ခံတွေ့ဆုံပြီးနှစ်နိုင်ငံပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ နှစ်ပါတီသဘောတူညီချက်ပါ အကောင်အထည်ဖော်မည့် Roadmap ပါလုပ်ငန်းစဉ်များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ #UKhinYi #StrongerMyanmar #VoteUSDP#Belarus #Myanmar

၁။ ဗိုလ်ချုပ်တွေ တိုက်ဆောက်၊ အောက်ကစစ်သည်တွေ ချိုင်းထောက် ဆိုတဲ့ စကားလုံးတွေကို တဖက်အဖွဲ့အစည်းဘက်က၂၀၂၁ အလွန်ကာလ တွေမှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြောခဲ့ကြတာ မြင်ဖူးကြလိမ့်မယ်။ ------ ၂။ လွတ်လပ်ရေးရပြီးကာလကတည်းက ရောင်စုံသောင်းကျန်းသူ အဖွဲ့အစည်းပေါင်း မြောက်များစွာနဲ့ ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရတဲ့ တပ်မတော်မှာ EA1၊EA2 တွေ ရှိခဲ့တာ မငြင်းပါဘူး။ တချို့တွေကလည်း ရထားဂိတ်၊ ကားဂိတ်တွေမှာ စာအုပ်တွေ ရောင်းနေတာလည်း ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့ကို အဓိက အလုပ်အကိုင်ပေး ၊ နေရာ ချထားရေး လုပ်ရမှာက နိုင်ငံတော်ရဲ့ တာဝန်ပါ။ ဥပဒေတွေ ပြဌာန်းပြီး ဒီလူတွေရဲ့ နောင်ရေး၊ ကျန်ရစ်သူတွေရဲ့ ဘဝတွေ ဂုဏ်သိက္ခာရှိရှိ ဖန်တီးပေးရမှာက အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ----- ၃။ ဘယ်လိုပဲ ဖြစ်စေ တစ်ဖက်မှာတော့ တပ်‌မတော်ဟာ စစ်မှုထမ်းဟောင်းဆိုတဲ့ ဗဟို အဖွဲ့အစည်းကို ဖွဲ့စည်းပြီး တက်အားသရွေ့ စောင့်ရှောက်ကြတယ်ပေါ့။ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဖော်ဆောင်ထားတဲ့ စစ်မှုထမ်းဟောင်း အိမ်ရာတွေ ....ဒါတွေက ကျန်ရစ်သူတွေကို တပ်မတော်က တဖက်တလမ်းကနေ စောင့်ရှောက် နေခဲ့တဲ့ အရာတွေပါပဲ။ ------ ၄။ ဒါတွေကို ဘာကြောင့် အကျယ်တဝင့် ပြောနေရလဲ ဆိုတော့ မနေ့က ဗိုလ်ချုပ် ကျော်သူရ တို့ဆီမှာ PDF အယောက် ၂၀ ကျော် ၊ ဒီကနေ့ လပခ မှာ အယောက် ၁၀၀ ကျော် ဥပဒေထဲ လူငယ်တွေ ပြန်ဝင်ကြတာ တွေ့ရလိမ့်မယ်။ ပြည်ဖျက်တွေရဲ့ ပြောစကားတွေ နားယောင်ပြီး CDM လုပ်ခဲ့ကြတဲ့ သူတွေ၊ လက်နက်ကိုင်တော်‌လှန်မှ ရမယ် ဆိုတဲ့ အစွန်းရောက် တွေးခေါ်မှုတွေကြားမှာ ခြေ၊ လက် အင်္ဂါတွေ ပေးဆပ်ခဲ့ကြရတဲ့ လူငယ်တွေကို NUG အနေနဲ့ ဘာတွေများ စောင့်ရှောက်ပေးမှုတွေ ရှိလဲ၊ ကာကွယ်ပေးမှုတွေ ရှိသလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာပြီလို့ပဲ ထောက်ပြချင်တာပါ။ --- ၅။ လော်ဘီတွေနဲ့ ဝန်ကြီးတွေ တိုက်ဆောက်၊ လူငယ်တွေ ချိုင်းထောင့် ဆိုတာက ခုမှ အမှန်တရား တစ်ခုပါ။ နွေဦးတော်လှန်ရေးကို ဝန်းရံပါတယ်ဆိုတဲ့ ရုပ်ရှင်အနုပညာရှင်တွေ၊ ရောင်နီ မောင်နှံ မိသားစုတွေ စသဖြင့် သူတို့ မိသားစုတွေဆိုတာ အမိုးအကာ၊ အရိပ်အောက်မှာ ပညာတွေသင်နိုင်၊ မိသားစုတွေ စုံစုံညီညီနဲ့ ဥမကွဲ သိုက်မပျက်ကြပေမယ့် ဒီတော်လှန်ရေးမှိုင်း မိခဲ့ကြတဲ့ လူငယ်တွေကတော့ အနာဂတ်တွေမဲ့၊ ခြေလက်တွေပျက်၊ ကြည့်ရှု့သူ မရှိဆိုတဲ့ အခြေအနေဆိုးကြီးကို ရင်နာနာနဲ့ ဖြတ်သန်း ရတော့မှာ အသေအချာပါပဲ။ ----- ၆။ ဆိုတော့.....အင်အား ၁၀၀ ကျော် အလင်းဝင်တယ်ဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး။ သူတို့ ရွေးချယ်တဲ့ လမဟာ မှားနေပြီ ဆိုတာကို သူတို့ သဘောပေါက်စ ပြုနေပါပြီ။ ၈၈ မှာ ဇာတ်တူသား စားကြတဲ့ ဟင်္သာကိုးသောင်း ပုံပြင်တွေက အလကားမှ မဟုတ်ဘဲ။ တောတွင်း ဥပဒေ ကျင့်သုံး၊ လက်နက်နဲ့ ကြီးနိုင်ငယ်ညှင်း ဖြေရှင်းကြတဲ့ အခြေအနေကို လူငယ်ထု အနေနဲ့လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အဖြေက ရှင်းရှင်းလေးပါ။ တရားဥပဒေအောက်ကို ဝင်ပြီး ဘဝသစ်ပြန်စမလား၊ ကျီးထိုးထိုး ခွေးစားစား ဖြစ်နေတဲ့ ဘဝမှာပဲ အဆုံးခံလိုက်မလားဆိုတဲ့ လမ်း ၂ လမ်းကို မဖြစ်မနေ ရွေးချယ်ရတော့မှာပါ။ ---- ၇။ ရွေးကောက်ပွဲပြီးဖို့ ရက်ပိုင်းအလို၊ အစိုးရသစ် ပေါ်ပေါက်ဖို့ လပိုင်းအလိုမှာ NUG ရဲ့ နွေဦးတော်လှန်ရေးက အောင်မြင်မယ်လို့ ယုံကြည်နေတုန်းလား။ စစ်မှုထမ်း ဥပဒေအရ နိုင်ငံတာဝန်ထမ်းရွက်ခဲ့ကြသူတွေတောင် သူရ ဘွဲ့တွေရပြီး နိုင်ငံတော်အဆင့် အခမ်းအနား၊ နိုင်ငံတော်ပြန်တမ်းထဲမှာ ဂုဏ်သိက္ခာရှိရှိ သမိုင်းရေးထိုးနေချိန်မှာ .....လူသတ်၊ မုဒိန်းကျင့်၊ ဆက်ကြေးကောက်တဲ့ ဘဝကြီးထဲမှာပဲ သာယာနေကြဦးမလား။ အချိန်မှီသေးတယ်လို့ပဲ သတိပေးချင်တာပါ။ (နရီမိုး)

Repost from NOM
အကြောင်းပြချက် တစုံတရာမပေးဘဲ ထရမ့်ဟာ ကနေဒါကို သူတည်ထောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းထားမှုကို ပြန်ရုတ်သ
အကြောင်းပြချက် တစုံတရာမပေးဘဲ ထရမ့်ဟာ ကနေဒါကို သူတည်ထောင်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းထားမှုကို ပြန်ရုတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ဝါစဉ် အစီအစဉ်ကို ကနေဒါဝန်ကြီးချုပ် Mark Carney က ဝေဖန်မှုတချို့လုပ်ပြီးနောက် ထရမ့်ဘက်က အခုလိုမျိုး ပြုမူလိုက်တာလည်း ဖြစ်ပါတယ်။ NOM

Repost from NOM
Davos အစည်းအဝေးအပြီး အီးယူနိုင်ငံတွေရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ထရမ့်ရဲ့ကမ္ဘာမှာ ဘယ်လိုဆက်နေထိုင်ရမလဲဆိုတာကို
Davos အစည်းအဝေးအပြီး အီးယူနိုင်ငံတွေရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ထရမ့်ရဲ့ကမ္ဘာမှာ ဘယ်လိုဆက်နေထိုင်ရမလဲဆိုတာကို ဆွေးနွေးဖို့အတွက် အရေးပေါ်ထိပ်သီးအစည်းအဝေးလုပ်ကာ စုဝေးခဲ့ကြပါတယ်။ ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့တဲ့ ဒီအစည်းအဝေးမှာ အီးယူခေါင်းဆောင်တွေက အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ဟာ ပြန်လှည့်လို့မရတော့တဲ့လမ်းကို ရွေးချယ်ခဲ့ပြီးပြီဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။ အမေရိကန်နဲ့ အရင်ဆက်ဆံရေးဆီ ပြန်သွားလို့ မရတော့ဘဲ ဂရင်းလန်းနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေက ထိတ်လန့်စရာ ကုထုံးတခုလို ဖြစ်လာပြီး ဥရောပကို သူတို့ရဲ့ အားနည်းချက်နဲ့ အမှန်တကယ် အမှီအခိုကင်းတဲ့ လိုအပ်ချက်ကို အသိအမှတ်ပြုဖို့ တွန်းပို့ခဲ့ပါတယ်။ “ဒါဟာ ဝါရှင်တန်ကို မှီခိုမှာမဟုတ်တော့တဲ့ ခေတ်သစ်တခုပါပဲ” လို့ အီးယူသံတမန်တဦးက ပြောဆိုခဲ့ပါတယ်။ “ထရမ့်အာဏာရှိနေဦးမယ့် အနည်းဆုံး နောက် ၃ နှစ်အတွင်းတော့ မဟုတ်ဘူး၊ ဂရင်းလန်းအကျပ်အတည်းက စမ်းသပ်မှုတခုပါ၊ ကျနော်တို့ သင်ခန်းစာယူခဲ့ပြီးပါပြီ” NOM

Repost from MRTV
ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံနိုင်‌ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့ကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ရှင်းလင်းပြောကြား

အသိတရားဆက်လက်အားနည်းနေသူများသည် သေပွဲဝင်နေ၍ အသိတရားမြင့်မားလာသူများကမူ အလင်းဝင်နေကြပြီ။

🇮🇷⚔️🇪🇺🇺🇸အီရန်နိုင်ငံတွင် ဆူပူအကြမ်းဖက်ဆန္ဒပြပွဲများဖြစ်ပွားစဉ်က အနောက်အုပ်စုထံမှ ထောက်ပံ့ကြေးများရထားသည့်အပြင် အနောက်အု
🇮🇷⚔️🇪🇺🇺🇸အီရန်နိုင်ငံတွင် ဆူပူအကြမ်းဖက်ဆန္ဒပြပွဲများဖြစ်ပွားစဉ်က အနောက်အုပ်စုထံမှ ထောက်ပံ့ကြေးများရထားသည့်အပြင် အနောက်အုပ်စုက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများဟုသတ်မှတ်ထားသည့် ဆန္ဒပြသူများအား လက်နက်ငယ်များဖြင့်တွေ့ရစဉ် News Of Myanmar NOM

ကော့ကရိတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲစလစ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ဖြန့်ဝေ ဇန
+2
ကော့ကရိတ်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲစလစ်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ဖြန့်ဝေ ဇန်နဝါရီ ၂၃၊ ၂၀၂၆ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိစေရေး၊ ဆန္ဒမဲပေးရာတွင် လွယ်ကူလျင်မြန်စေရေး၊ မဲဆန္ဒရှင်များ၏ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်စေရေးတို့အတွက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစလစ်စာရွက်များကို လိုက်လံပေးဝေဆောင်ရွက်ကြောင်း သိရသည်။ အဆိုပါ မဲစလစ်စာရွက်ဖြတ်ပိုင်းတွင် မဲရုံအလိုက် မဲဆန္ဒရှင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ်ပါရှိသော စာရွက်ဖြတ်ပိုင်းများကို ရပ်ကွက်ကျေးရွာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့နယ် ထီးလင်း (ကောင်ဂျာ) ကျေးရွာရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ကို တပ်မတော်ကလေကြော
+4
ဗန်းမော်မြို့နယ် ထီးလင်း (ကောင်ဂျာ) ကျေးရွာရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ကို တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သမားများကို အားပေးထောက်ခံသူ ၂၀ ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ထီးလင်း (ကောင်ဂျာ) ကျေးရွာရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်၌ တပ်မတော်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများအပါအဝင် အကြမ်းဖက်သမားများကို အားပေးထောက်ခံသူ ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်သမားများကို မလိုလားသည့်ဒေသခံများထံမှသိရသည်။ News Of Myanmar NOM

မင်းလှမြို့နယ် ရှိရေနံချက်စက်ရုံ တစ်ရုံမီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၃၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ရွာတော်ကျေး
မင်းလှမြို့နယ် ရှိရေနံချက်စက်ရုံ တစ်ရုံမီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ၂၃၊၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ရွာတော်ကျေးရွာတွင် ရေနံချက်စက်ရုံ ဇန်နဝါရီ၂၃ရက်နံနက်၆ နာရီ၁၅မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်ဖွဲ့မှ သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိ သေးဘဲ ပျက်စီးဆုံးရှုံမှုအခြေအနေကို စိစစ်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် PDF ၁၄၉ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ (ဇန်နဝါရီ
+9
မန္တလေးတွင် PDF  ၁၄၉ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ (ဇန်နဝါရီ ၂၃ ရက်နေ့)၌ PDF အဖွဲဝင် အမျိုးသား (၁၄၁) ဦးနှင့် အမျိုးသမီး (၈) ဦး၊ စုစုပေါင်း ၁၄၉ ဦးတို့သည် သေနတ် ၁၄ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

💣 မော်လူမြို့ရှိ အကြမ်းဖက် ပကဖ ရုံးကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၇ ဦးသေဆုံး NOM ဇန်နဝါရီ ၂
+7
💣 မော်လူမြို့ရှိ အကြမ်းဖက် ပကဖ ရုံးကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၇ ဦးသေဆုံး NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူမြို့ရှိ အကြမ်းဖက် ပကဖ ရုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်၌ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ခြံသန့်
လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ခြံသန့်ရှင်း​ရေးလုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၂၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်နေ ဦးသိန်းမောင် (ခ) ဂျော်နီဆန်း (၃၅) နှစ်သည် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ ဦးစောလွင်မိုး၏နေအိမ်ခြံဝင်းအတွင်း ခြံသန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM