803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၅)
(ဇာတ်သိမ်းပိုင်း )
********
အမှောင်ထုရဲ့အောက်မှာ ခြေသံလုံလုံနဲ့လှုပ်ရှားနေကြတဲ့ အရိပ် တွေက ဦးအောင်ဒင်နဲ့ ခက်ဝေလတ်ရဲ့အခန်းရှိရာဆီကို ဦးတည်သွားလာနေကြတယ်။ အခန်းရှေ့ကိုရောက်တဲ့အခါ တစ်ယောက်ကအခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်တယ်။တံခါးခေါက်လိုက်ပေမဲ့ အထဲကတုံ့ပြန်သံကို မကြားရဘဲရှိတယ်။ဒုတိယအကြိမ်မြောက် တံခါးခေါက်ပြီးချိန်မှာလဲ အခန်းထဲက တုံ့ပြန်သံမကြားရဘဲ တိတ်ဆိတ်၍သာနေတယ်။ဒီလိုတိတ်ဆိတ်နေတဲ့အခြေအနေကို ကြည့်ပြီး တံခါးကိုခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်ကြတယ်။တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် အခန်းထဲကို ဓါတ်မီးတွေနဲ့ ထိုးကြည့်လိုက်ကြတယ်။အဲ့ဒီအခါ အခန်းထဲမှာ လူရှိမနေဘဲ အခန်းကတိတ်ဆိတ်နေတယ်။ အခန်းထဲဝင်ရောက်လာသူနှစ်ဦးက အခန်းရဲ့နေရာအနှံ့ကို ၀င်ရောက်ရှာဖွေလိုက်ကြတယ်။အတန်ကြာအောင် ရှာပြီးတဲ့အခါ ရှာဖွေနေသူထံက အသံထွက်လာခဲ့တယ်။
"ဘာမှမတွေ့ဘူး "
"ဒီမှာမတွေ့ရင် အဘိုးကြီးအခန်းမှာသွားရှာမယ်...ဟိုကောင်ဘယ်ရောက်သွားလဲ အပေါ်ထပ်အခန်းမှာလား "
" မရှိပါဘူး ...၀င်ရှာပြီးပြီ လူလဲမရှိဘူး ...ဘာမှလဲ မရှိဘူး "
" ဒါဆို ဒီအခန်းထဲမှာပဲရှိမှာပဲ ...အပေါ် ထပ်က အဘိုးကြီးရဲ့အခန်းလွတ်ထဲမှာများသွား သိမ်းထားတာလား "
"မဖြစ်နိုင်ဘူး ..အပေါ်ထပ်က အဘိုးကြီးအခန်းက... လူတကာဝင်ထွက်နေတာ ထားမှာမဟုတ်ဘူး ..ဒီနှစ်ခန်းမှာပဲရှာ ..ဟိုကောင်ရောက်လာရင် မှောက်သွားအောင် ရိုက်ပစ်လိုက် ... အသက်အန္တရာယ်တော့မဖြစ်စေနဲ့နော် အမှုပတ်နေမယ် "
တစ်ယောက်ကပြောပြီး ဦးအောင်ဒင်ရဲ့အခန်းထဲကိုဝင်သွားလိုက်တယ်။ ဦးအောင်ဒင်ရဲ့ အခန်းထဲမှာတော့ ဦးအောင်ဒင် တစ်ယောက် ခုတင်ပေါ်မှာ အိပ်မောကျနေပြီး အခန်းဟာ တိတ်ဆိတ်မှောင်မိုက်နေခဲ့တယ်။အခန်းထဲဝင်လာသူတွေက စားပွဲတွေနဲ့ဗီရိုတွေကို ဓါတ်မီးတွေနဲ့ထိုးရင်း သူလိုချင်တာကိုရှာဖွေလိုက်ကြတယ်။
~~~~
တစ်ခြံလုံးတစ်အိမ်လုံးမှောင်အတိကျသွားတဲ့ အမှောင်ရိပ်အောက်မှာ ခက်ဝေလတ်ငြိမ်သက်စွာရပ်နေမိတယ်။ညသန်းခေါင် တိုင်နေပြီဖြစ်ပေမဲ့ သူဘယ်လိုမှ အိပ်မပျော်နိုင်သေးတာမို့ ချစ်သူနဲ့ဆုံနေကြဝရံတာမှာ လာရောက်ရပ်နေမိခြင်းပါပင်။ဆုံစည်းဖို့မဖြစ်နိုင်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀အခြေအနေအတွက် အနာဂတ်ခရီးကတစ်စစီကျိုးပဲ့ပျက်စီးသွားခဲ့ရပြီဖြစ်တယ်။ချစ်သူကို အဖြစ်မှန်တွေကိုဖွင့်ပြောပြဖို့ရန် သူ့မှာသတ္တိလဲမရှိ၊ ခွန်အားလဲမရှိပါ။ချစ်ရသူအတွက် သူနောက်ဆုံးလုပ်ပေးနိုင်တာက အဖြစ်မှန်တွေကိုဖော်ထုတ်ပေးလိုက်ခြင်းသာဖြစ်တယ်။ အဖြစ်မှန်တွေကို ဖော်ထုတ်လိုက်ဖို့ဆိုတာကလဲ သူ့အတွက်တော့ မိသားစုဆိုတဲ့ တံတိုင်းကြီးက အကာအရံတစ်ခုဖြစ်နေခဲ့ပြီ။ရှေ့ဆက်၍သူဘာလုပ်ရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ပြီးပြီဆိုပေမဲ့ ရင်ထဲမှာတော့ထိခိုက်နာကျင်နေမိတယ်။ဖုန်းကိုကိုင်ပြီး အကြိမ်ကြိမ်ခေါ် မိမလိုဖြစ်နေတဲ့ စိတ်ကို ခက်ဝေလတ်မနည်းထိန်းချုပ်ထားရတယ်။
"ဝုန်း "
"ဒုန်း "
"အား "
" အမယ်လေး "
ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့အတူ ရုတ်တရက်အသံနက်ကြီးတွေနဲ့ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့အသံတွေကြောင့် ခက်ဝေလတ် အသံလာရာဆီကိုပြေးထွက်လာခဲ့မိတယ်။ခက်ဝေလတ်နည်းတူ အပေါ်ထပ်ဆီမှပြေးလွှာဆင်းလာကြတဲ့ ခြေသံတွေထွက်ပေါ်လာခဲ့တယ်။
"ဘာဖြစ်တာလဲ ...အောက်ထပ်က မီးကဘာဖြစ်တာလဲ ... မီးတွေဘယ်သူပိတ်ထားတာလဲ ...ဒေါ်ခိုင် ... ဒေါ်ခိုင် မီးတွေဖွင့်လေ... "
အပေါ်ထပ်လှေကားကနေအော်ဟစ်ပြောလိုက်တဲ့ မိခင်ဖြစ်သူရဲ့အသံကိုကြားလိုက်ရတဲ့အခါ မှ ခက်ဝေလတ်ရင်ထဲက ပူပန်စိတ်ကအနည်းငယ်မျှလျော့ကျသွားခဲ့ရတယ်။ဖုန်းမီးကိုဖွင့်လိုက်ပြီး အောက်ထပ် မီးခလုတ်ရှိရာကို အပြေးသွားကြည့်လိုက်တယ်။ အနားရောက်တော့ ထင်ထားတဲ့ အတိုင်း မှိန်းခလုတ်တွေကိုပိတ်ထားတာတွေ့လိုက်ရတယ်။ခက်ဝေလတ် မီးခလုတ်ကိုအလျင်အမြန်ဖွင့်လိုက်ရင်း မိခင်ဖြစ်သူကိုလှမ်းအော်သတိလိုက်တယ်။
"အမေ ..အောက်ထပ်ကို ဆင်းမလာနဲ့အုံး ..အန္တရာယ်များတယ်..မဆင်းလာနဲ့နော် "
အောက်ထပ်ကမီးတွေလင်းသွားချိန်မှာ အပေါ်ထပ်လှေကားထိပ်မှာ ရပ်နေသူတွေက ဒေါ်ဝေဝေမာနဲ့မနီလာတို့မိသားစုဖြစ်တယ်။ ဦးမင်းလတ်အပါအဝင်ကျန်တဲ့မိသားစုဝင်တွေကိုတော့ မတွေ့ရ။
"မနီလာ အောက်ဆင်းမလာနဲ့ ..ကလေးတွေကိုခေါ်ပြီး အပေါ် မှာပဲနေပါ "
အစ်မဖြစ်သူကို အော်ပြောလိုက်ရင်း ခက်ဝေလတ်စခန်းကိုဖုန်းဆက်လိုက်တယ်။မီးဖွင့်လိုက်တဲ့အချိန်မှာခပ်စေစောက ကြားလိုက်ရတဲ့အသံတွေ ခေတ္ထ တိတ်ဆိတ်သွားပြီး အရှေ့ဘက်စင်္ကြန်မှာပြေးလွှားသံတွေကို ကြားလိုက်ရတာမို့ အဘိုးဖြစ်သူအတွက် စိုးရိမ်ပြီး အခန်းရှိရာဆီကို ပြေးသွားလိုက်မိတယ်။သားဖြစ်သူရဲ့ အမူအရာကိုကြည့်ပြီး ဒေါ်ဝေဝေမာက စိုးရိမ်တကြီးလှမ်းအော်လိုက်ပြီး အူယားဖားယားပြေးဆင်းလာခဲ့တယ်။
"သားငယ် သတိထားအုံး ...ဇွတ်ဝင်မသွားနဲ့နော်.."
"ဟယ်လို ....ကိုခက်ဘာတွေဖြစ်နေတာလဲ ... အဆင်ပြေရဲ့လားဟင် ...အိမ်မှာ ပြဿနာတက်နေသေးလား "
ဖုန်းကိုင်လိုက်တာနဲ့ ဖူးငုံ ပွင့်မှာ ကျန်တဲ့ကိစ္စတွေကို သတိမရဘဲ စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။ခက်ဝေလတ်ဆီက ချက်ချင်းပြန်ဖြေသံကို မကြားရဘဲ အသက်ရှူသံပြင်းပြင်းကိုသား ကြားနေရတယ်။ အတော်လေးကြာတော့မှ ခက်ဝေလတ်ဆီက စကားသံထွက်လာခဲ့တယ်။
"ကျွန်တော် တောင်းပန်ပါတယ် နွေ ... အားလုံးအတွက် ကျွန်တော်တောင်းပန်းပါတယ်... ကျွန်တော်ကို မေ့ပစ်လိုက်ပြီး ရန်ကုန်ကိုပဲ ပြန်လိုက်ပါနော် ... ကျွန်တော်တို့ရှေ့ဆက်ဖို့ မဖြစ်နိုင်လို့ပါ ကျွန်တော်တောင်းပန်ပါတယ် "
သူပြောချင်ရာကိုပြောပြီး ခက်ဝေလတ်ဘက်က ဖုန်းချသွားခဲ့တာမို့ ဖူးငုံပွင့်မှာဘာမှပင်မေးချိန်ပြောချိန်မရလိုက်ပါ။ခက်ဝေ လတ်ရဲ့ စကားတွေကြောင့်ဖူးငုံ ပွင့်ရင်ထဲမှာ ဗလောင်ဆူကာကျန်ခဲ့တော့တယ်။
~~~~~
သန်းခေါင်ညရဲ့အမှောင်ထုအောက်မှာ သုခမြိုင်စံအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ကာငြိမ်သက်နေခဲ့တယ်။ အိမ်ကြီးတစ်ခုလုံးမှာလဲ ခပ်မှိန်မှိန်စင်္ကြန်မီးအလင်းရောင်တွေကလွဲလို့ အိပ်ခန်းတွေတိုင်းဟာ မှောင်မိုက်နေခဲ့တယ် ။ဒီအချိန်မှာပဲ အောက်ထပ်ကမီးတွေအားလုံးရုတ်တရက်ပျက်သွားကြကာ အမှောင်ကျသွားခဲ့တယ်။အမှောင်ထုရဲ့ အောက်မှာ အရိပ်မည်းအချို့ဟာ အောက်ထပ်ရှိ အရှေ့ဘက်စင်္ကြန်အတိုင်းတရွေ့ရွေ့လှုပ်ရှားသွားလာနေကြတယ်။
@@@@@@@@@@@@@@@@
အပိုင်း (၂၅ ) ဆက်ရန်
#ဧကြည်ဖြူ
" တော်စမ်း ..တော်တော့လို့ ပြောနေတယ်မဟုတ်လား ... မနက်ဖြန် မနက်လင်းတာနဲ့ မင်းရန်ကုန်ကို သွားတော့ ....ဒီကိစ္စတွေအားလုံး ကိုမေ့ပစ်လိုက် ... အမေတို့ကိုလဲ မင်းဆက်သွယ်စရာမလိုဘူး ...မင်းအတွက် ငွေလုံလောက်အောင် အမေထည့်ပေးလိုက်မယ်....ပြီးတာတွေလဲ အားလုံးပြီးခဲ့ပြီ ... နှစ်တွေလဲကြာခဲ့ပြီ.....ကာယကံရှင်တွေရဲ့မိသားစုတွေလဲ အခုချိန်လောက်ဆိုနေသားကျနေပါပြီကွယ် "
" ဘယ်လိုပြောလိုက်တယ် အမေ ...နေသားကျနေပြီဟုတ်လား ..ဘယ်သူကနေသားကျတာလဲ အမေတို့လား ...တကယ်လို့များ..သေဆုံးသွားတဲ့သူတွေနေရာမှာ ကျွန်တော်တို့ဆိုရင်ရော အမေတို့နေသားကျနေမှာပဲလား ..."
" သားငယ် မင်းကိုတော်တော့လို့ ပြောနေတယ် မဟုတ်လား ... မင်းပါးစပ်ကိုပိတ်လိုက်တော့လို့ ... ဒီလောက်နှစ်တွေကြာမှ မင်းကဘာတွေလုပ်ချင်နေတာလဲပြော ..ပြီးတော့ မင်းဒါတွေကိုဘယ်ကသိခဲ့တာလဲ "
"အမေတို့ပဲပြောနေခဲ့ကြတာလေ မှတ်မိရဲ့လား ... လာရှုပ်တဲ့သူမှန်သမျှကို ရှင်းပစ်မယ်လို့အန်တီညိုပြောခဲ့တာလေ ...အမေတို့တွေ ညနက်သန်းခေါင်ကြီးမှာပြောနေကြတာကို ကြားလို့ ... အဘိုးရဲ့ မီးခံသေတ္တာကိုအဲ့ဒီညမှာပဲ ကျွန်တော်ရှာခဲ့တယ်.... မီးခံသေတ္တာထဲကရတဲ့ သဲလွန်စတွေနဲ့ ပိတောက်စုရွာကို သွားစုံးစမ်းခဲ့တယ် ..ပိတောက်စုရွာကိုရောက်တော့မှ ကျွန်တော်အားလုံးကို ဇာတ်ရည်လည်သွားခဲ့တယ်... ပြီးတော့ ဖြစ်ပျက်သမျှအားလုံးကိုဆက်စပ်မိသွားခဲ့တယ်...လွန်ခဲ့တဲ့ (၁၃)နှစ်က ကိုသက်နဲ့ အဖေတို့တွေ ပြဿနာဖြစ်ပြီးတော့... ကျွန်တော်တို့ညီအစ်ကိုရယ်အမေနဲ့အဘွားကိုပဲထားခဲ့ပြီး ....အဘိုးနဲ့အဖေတို့တွေခရီးထွက်သွားခဲ့ကြတယ်..ပြန်လာတော့ ပေးရမဲ့ငွေတွေကိုဆပ်လိုက်ပြီး... ကျွန်တော်တို့ မြို့ထဲဘက်ကတိုက်ခန်းကို ပြောင်းခဲ့ကြတယ်လေ...နောက်တော့ အဘိုးကအမွေရတယ်ဆိုပြီး .. ရုတ်တရက်ကြီး ကျွန်တော်တို့ ချမ်းသာသွားကြတယ် ... ဒါတွေက ဒီလိုပုံစံနဲ့ရလာခဲ့တယ်ဆိုတာကို ကျွန်တော်လုံးဝမထင်ခဲ့မိဘူး ... ဘယ်သူတွေ ဘာပဲဖြစ်ဖြစ်အမေနဲ့အဘိုးကိုတော့ ကျွန်တော်ယုံကြည်ခဲ့မိတယ် ...ကျွန်တော့်မိသားစုက ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့အမှုကြီးကို ကျူးလွန်ထားပြီး ဒီလိုမျက်နှာပြောင်တိုက်ပြီး နေနိုင်တာကို ကျွန်တော်မယုံကြည်နိုင်ဆုံးပဲ ...ကျွန်တော့်ဆီမှာ အဘိုးတို့ အဖေတို့ မကောင်းမှုလုပ်ထားတဲ့ သက်သေတွေအားလုံးစုမိနေပြီ ...ကျွန်တော်အားလုံးကို ဖော်ထုတ်မယ် "
" ဘာ ..ဘာပြောတယ် သားငယ် ..သက်သေတွေ ဟုတ်လား ..ဘာသက်သေတွေလဲ .... အဲ့ဒါတွေ ဘယ်မှာပဲ ..အဲ့ခါတွေ အားလုံးအမေ့ကိုပေးပြီး သား ရန်ကုန်ကိုဖြစ်ဖြစ်သွားတော့ နော် ... မိနွေနဲ့သားကချစ်သူတွေ မဟုတ်လား ...သားတို့ ရန်ကုန်မှာ သွားနေပြီး လက်ထပ်လိုက်ကြလေသားငယ် ..သားတို့ကို အမေသဘောတူပါတယ်...သားတို့အတွက် ငွေအရင်းအနှီးလဲအမေ ထုတ်ပေးလိုက်ပါ့မယ် "
တောင်းပန်းတိုးလျှိုးသံနဲ့ ပြောနေတဲ့မိခင်ဖြစ်သူကို ခက်ဝေလတ်ကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။
" ဒါတွေကိုအမေသိခဲ့ရဲ့နဲ့အဖေတို့ကို ဘာလို့မတားခဲ့တာလဲ ..လူ့အသက်လေးသက်တောင် အမေရဲ့ "
"သားရယ် အမေတောင်းပန်ပါတယ်နော် ... အဲ့ဒီလောက်ထိ ဖြစ်ခဲ့မယ်လို့ အမေမထင်ခဲ့မိတာပါ ...အဲ့ဒီတုန်းက သားကြီးနဲ့ဖြစ်ခဲ့တဲ့မိန်းခလေးဘက်က ... သူတို့ တောင်းတဲ့ငွေကိုမပေးနိုင်ရင် သားကြိုးကိုတိုင်မယ်လို့ပြောခဲ့တယ် ... ဟောင်းကစားသမားတွေကလဲ သားအဖေနဲ့သားအဒေါ်ကိုငွေတွေပြန်မဆပ်ရင်သတ်မယ်လို့ပြောနေလို့ ...ကြံရာမရတဲ့အဆုံးမှာ လုပ်ခဲ့မိတာပါ ...အဲ့ဒီတုန်းက အဘွားကြီးမသိအောင် ပစ္စည်းတွေကို၀င်ခိုးရုံပဲလို့ပြောခဲ့လို့ အမေလဲသဘောတူခဲ့တာပါ....နောက်တော့ ပစ္စည်းတွေရလာခဲ့ပြီးပြန်လာကြတော့မှ ... ပစ္စည်းတွေယူနေတုန်းမှာ အဘွားကြီးကနိုးသွားလို့ ...အဘွားကြီးကိုလက်လွန်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ် ..နောက်တော့ထပ်သိရတာက သူတို့ခြံထဲကပြန်အထွက်မှာ ဘေးခြံက လူကတွေ့သွားခဲ့တယ်တဲ့...ဒါနဲ့ပဲ အဲ့ဒီမိသားစုကိုပါနှုတ်ပိတ်ဖို့ဖြစ်ခဲ့ရတယ်ဆိုတာကို အားလုံးပြီးမှ အမေသိခဲ့ရတာပါ ...အားလုံးဖြစ်ပြီးသွားမှတော့ အမေဘယ်လိုလုပ်ရမလဲ သားရယ် ..အမေ့မိသားစုကိုကာကွယ်ရုံအပြင် အမေဘာတတ်နိုင်မှာလဲ ...အခု သားလဲအမေ့လိုပဲ မိသားစုကို ကာကွယ်ပေးပါနော် .. ကျန်တဲ့သူတွေကိုမကြည့်ဘဲ သားရဲ့အဘိုးနဲ့သားအဖေကိုပဲ ကြည့်ပေးပါနော် ... သားအဘိုးရောအဖေရော အသက်ကြီးလှပါပြီကွယ်..."
မိခင်ရဲ့ စကားကြောင့် ခက်ဝေလတ်အဘိုးဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။ထိုအခါ ဘိုးအေဖြစ်သူက ခုတင်ပေါ်မှာပက်လက်အနေအထားကနေမျက်ရည်တွေရွှဲနေတဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်နေတာကိုတွေ့လိုက်ရတယ်။
"သားမှာသက်သေတွေရှိတယ်ဆိုရင် အမေ့ကိုပေးနော် သားလေး ... ဒီရတနာပစ္စည်းတွေလဲ သားပဲယူသွားလိုက်နော် ..''
သူ့လက်မောင်းကိုဖက်ကာ ငိုပြီးတောင်းပန်နေတဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး ခက်ဝေလတ်ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေမိတယ်။
ဒီအချိန်မှာပဲ အခန်းပြင်ဘက်မှ တိတ်တဆိတ်နားထောင်နေတဲ့ လူရိပ်တစ်ရိပ်က ခြေကို ဖော့နင်းလျက် ထွက်ခွါသွားခဲ့လေတယ်။
~~~~~
"တူ ...တူ ..တူ "
ခပ်တိုးတိုးမြည်လာတဲ့ဖုန်းသံကြောင့် ဖူးငုံပွင့် ဖုန်းကို ကမန်းကတန်း ကောက်ကိုင်လိုက်တယ်။
" ဘယ်လို ..တကယ်လားနွေ ...အဲ့ဒီခွက်ငုဝါဆီမှာရှိသေးလား .. ရှိသေးရင် သိမ်းထားလိုက်ပါနွေ ... အဲ့ဒါက အရေးကြီးတဲ့ သက်သေတစ်ခုပဲ ''
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့် နှုတ်ဆွံ့အသွားမိပြီး
"အရေးကြီးသက်သေဟုတ်လား ကိုနေလင်း ... ဒါပေမဲ့ အဲ့ဒီခွက်ကို ...မငုဝါက ခက်ဝေလတ်ကို ပေးလိုက်တယ်တဲ့ ..ဘယ်လိုလုပ်မလဲဟင် "
" ဟာ ...ဒုက္ခပါဘဲ ... ဘယ်လိုဖြစ်ရတာလဲ ..ခဏနော်နွေ ..ငုဝါဆီကို ဖုန်းဆက်ကြည့်လိုက်အုံးမယ် "
နေလင်းထံမှ ဖုန်းချသွားတဲ့ အခါ မိဘတွေနဲ့ ပတ်သက်တဲ့ ဖူးငုံပွင့်ရင်ထဲက ပူပင်သောကတွေက အနည်းငယ်ပြေလျော့သွားခဲ့ရတယ်
~~~~~~~
"ဒါက ဘာသဘောလဲအဘိုး...ဒီဆေးလိပ်ခွက်ကို ...ကျွန်တော့်ကိုပေးပြီး ဘာလုပ်စေချင်တာလဲ....အဘိုးတို့လုပ်ခဲ့တာတွေကို သွားဖော်ထုတ်ရမှာလား ပြောပါအုံး "
"ဒုန်း "
"ခွမ်း "
ခက်ဝေလတ်စိတ်ထိခိုက်
နာကျင်စွာ ပြောလိုက်ပြီး လက်ထဲက
ဆေးလိပ်ပြာခွက်ကို နာနာကြည်းကြည်းနဲ့ နံရံဆီကိုပစ်ပေါက်လိုက်တယ်။ဖန်ခွက်လေးက နံရံနဲ့ ပြင်းထန်စွာရိုက်မိကာ ခွမ်းခနဲကျကွဲသွားခဲ့ပြီး ခွက်ထဲကနေတဖျပ်ဖျပ်လက်နေတဲ့ကျောက်ပွင့်တွေက ကြမ်းပြင်ပေါ်မှာပျံ့ကျဲကျသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ခက်ဝေလတ်အံ့ဩမင်သက်စွာ ငေးကြောင်ကြည့်နေမိတယ်။အဘိုးဖြစ်သူဦးအောင်ဒင်က ခက်ဝေလတ်ကို တောင်းပန်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ပြီး ပျံ့ကျဲနေတဲ့ ရတနာတွေကို လက်ညှိုးထိုးပြလိုက်တယ်။
"ဪ ..ဒါတွေက အဖေတို့ ရှာနေတဲ့ ရတနာတွေလား .... ဘာလဲ ဒါတွေကို ကျွန်တော့်ကိုပေးမလို့လား ....ကျွန်တော်မယူဘူး .... ဒါတွေကသွေးစွန်းနေတဲ့ပစ္စည်းတွေပဲ...အဘိုးညာတယ်...အဘိုးကျွန်တော့်ကို ညာရက်တယ်ဗျာ ...အဘိုးနဲ့အဘွား ကျွန်တော်တို့အိမ်ကိုစရောက်တုန်းက ...ကျွန်တော်ဘာပြောခဲ့လဲ ...အဘိုးတို့ကို ကျွန်တော်ရှာကျွေးမယ်လို့ ပြောခဲ့တယ်လေ ....အဘိုးဘာလို့ဒီလိုလုပ်ရတာလဲဗျာ ... အဘိုးလုပ်ခဲ့တာတွေကို မှတ်မိရဲ့လား ပြောစမ်းပါအုံး အဘိုး ..."
" မြေး ..မြေးရေး "
ဒေါသတကြီးနဲ့ ပြောနေတဲ့ မြေးဖြစ်သူကို ဦးအောင်ဒင်ကအာလေးလျှာလေးသံကြီးနဲ့ ခေါ်လိုက်တယ်။
"မခေါ်ပါနဲ့ ...ကျွန်တော့်ကို မခေါ်ပါနဲ့တော့ဗျာ....အဘိုးတို့အားလုံးကို သက်ဆိုင်ရာကို ကျွန်တော်ကိုယ်တိုင်အပ်မယ် "
" ဒုန်း "
ခက်ဝေလတ်ရဲ့စကားမဆုံးခင်မှာ အခန်းတံခါးကဒုန်းခနဲ မြည်အောင်ပွင့်လာခဲ့ပြီး အခန်းထဲကို ဒေါ်ဝေဝေမာဝင်လာရောက်လာခဲ့တယ်။ဒေါ်ဝေဝေမာက အခန်းထဲကိုရောက်တာနဲ့ သားဖြစ်သူခက်ဝေလတ်ရဲ့ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်။
"လူမိုက် ...နားထောင်နေလို့ အကောင်းမှတ်နေလား ... လမ်းဘေးမှာ ဈေးရောင်းရတဲ့ ဘ၀က၀န ဒီလိုဘ၀နဲ့နေရတာကို ကျေးဇူးမတင်ဘဲ အပြစ်ပြောတယ်ပေါ့ ဟုတ်လား ... မင်းသုံးခဲ့ဖြုန်းခဲ့တဲ့ ပိုက်ဆံတွေကဘယ်ကထွက်လာတာလဲ သိရဲ့လား...ဒီကိစ္စတွေအားလုံးက မင်းတို့အတွက်ရင်းခဲ့တာပဲ..မင်းက ဘာတွေသိလို့ဒီလိုပြောနေရတာလဲ "
" တော်ပါတော့ဗျာ ..တော်ပါတော့ ...ကျွန်တော်လမ်းဘေးမှာ ဈေးရောင်းခဲ့ရလို့ အမေ့တို့ကို ညည်းညူပြခဲ့ဖူးလို့လား ... မလုပ်ချင်ဘူးလို့ ပြောခဲ့လို့လား ...ဟုတ်ပါတယ် .. ကျွန်တော်လဲသုံးခဲ့ပါတယ်ဖြုန်းခဲ့ပါတယ် ... ဒါပေမဲ့ ဒီငွေတွေက ရိုးရိုးသားသားရတယ် လို့ထင်ခဲ့မိလို့ သုံးခဲ့မိတာ...ဒီလို ငွေတွေမှန်းသိရင်... အဲ့ဒီအချိန်တည်းကအားလုံးဖော်ထုတ်ခဲ့မှာ "
"ဘာပြောတယ် ..ဖော်ထုတ်မယ် ဟုတ်လား ... မင်းကဘာကို ဖော်ထုတ်မှာလဲ ... ဘာတွေကိုသိလို့ ဘာတွေကိုဖော်ထုတ်မှာလဲ ပြောလေ "
ဒေါ်ဝေဝေမာ သားဖြစ်သူကို ဒေါသတကြီးနဲ့ပြောလိုက်တယ်။ခက်ဝေလတ်က မိခင်ကို တစ်ချက်ကြည့်လိုက်ပြီး ကြမ်းပေါ်မှာ ကျကွဲနေတဲ့ဖန်ဆေးလိပ်ပြာခွက်နဲ့ ပျံ့ကျဲနေတဲ့ ရတနာပစ္စည်းတွေကို လက်ညှိုးထိုးပြလိုက်ပြီး
"ဒါတွေက အမေတို့တွေရှာနေတဲ့ ပစ္စည်းတွေမဟုတ်လား ...ဒီပစ္စည်းတွေရဲ့ ပိုင်ရှင်အစစ်အမှန်ကတော့ ပိတောက်စုရွာကဒေါ်အုန်းကြည်ဆိုတဲ့အဘွားတစ်ယောက်လေ ... အဲ့ဒီအဘွားကို အဘိုးတို့တွေလုပ်ကြံခဲ့ပြီး ...အဘွားအိုကြီးပိုင်ဆိုင်တဲ့ ရတနာပစ္စည်းတွေကို အကုန်ယူခဲ့ကြတာလေ .....ဒါတင်မကသေးဘူး ...အဘွားကြီးရဲ့ ဘေးခြံက မိသားစုကိုလဲ နှုတ်ပိတ်ခဲ့တာတွေ အားလုံးကို ကျွန်တော်သိပြီးပြီ ..."
"ဘာ ..ဘာပြောတယ် ....မင်း...မင်းပါးစပ်ကိုပိတ်လိုက်စမ်းသားငယ် "
ဒေါ်ဝေဝေမာက အထိတ်လန့်နဲ့တားမြစ်လိုက်ရင်း သားဖြစ်သူရဲ့ပါးစပ်ကို လက်နဲ့ အတင်းဖိအုပ်ကာ ပိတ်ပစ်လိုက်တယ်။
"မင်း ..မင်း ..ဒါတွေကို ဘယ်လိုသိတာလဲ သားငယ် ... မင်းကို ဘယ်သူပြောတာလဲ ... မင်းဒီလိုလုပ်နေရင် မင်းအတွက်အန္တရာယ်ရှိတယ်ဆိုတာကို မင်းသိရဲ့လား "
စိုးရိမ်ထိတ်လန့်နေတဲ့ အမူအရာနဲ့ပြောနေတဲ့ မိခင်ဖြစ်သူကို ခက်ဝေလတ်ကြည့်လိုက်ပြီး နာနာကျင်ကျင်နဲ့မေးလိုက်မိတယ်။
"ဘယ်လိုအန္တရာယ်ရှိတာလဲ အမေ ....ဘာလဲ ကျွန်တော့်ကိုပါနှုတ်ပိတ်ကြမလို့လား "
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၄)
******
ငုဝါရဲ့စကားတွေကိုကြားရတဲ့အခါ ဖူးပုံပွင့်နားမလည်နိုင်အောင်ဖြစ်သွားခဲ့မိတယ်။ခက်ဝေလတ်က ခရီးသွားနေတယ်ပြောပြီး မြို့မှာပဲရှိနေခဲ့တာလား။ ဒါဆို ဘာအတွက် သူမကိုညာရတာလဲ။ခက်ဝေလတ်တစ်ယောက် သူမ မသိအောင်ဘာတွေများလုပ်နေတာလဲ။ ဖူးငုံပွင့်ရင်ထဲမှာ အတွေးပေါင်းများစွာနဲ့ ဗလောင်ဆူလာမိတယ်။
" ကိုခက်ကို နွေဖုန်းခဏလောက်ဆက်ချင်တယ် မငုဝါ "
" အင်း ..ဆက်လေနွေ ... ငုဝါ သွားအိပ်တော့မယ်နော် ''
အခန်းထဲကနေ ငုဝါထွက်သွားတာနဲ့ ဖူးငုံပွင့်ဖုန်းကိုထုတ်ပြီး ဆက်လိုက်တယ်။ဖုန်းကဝင်သွားပေမဲ့ တစ်ဖက်ကဖုန်းမကိုင်ဘဲရှိတယ်။ပထမတစ်ကြိမ်ဖုန်းကျသွားပြီး နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပေမဲ့ ဖုန်းကကိုင်သူမဲ့နေခဲ့တယ်။ဖူးငုံပွင့် ဖုန်းကိုကိုင်ကာငြိမ်သက်နေမိတယ်။သူမအပေါ် သူဒီလောက်ရက်စက်နေပြီလား။
"ဖုန်းကိုင်ပါကိုခက် ..ပြောစရာတွေရှိတယ်...ဖုန်းမကိုင်ရင် သုခမြိုင်ကို နွေလိုက်လာမှာနော် "
ဖုန်းဆက်လို့မရတာမို့ဖုန်းကိုမက်ဆေ့ပို့ထားလိုက်တယ်။ငုဝါပြောပုံအရဆိုရင် ဖန်ဆေးလိပ်ပြာခွက်က ဘွားကြည်ဆီမှာ ဖူးငုံတွေ့ဖူးတဲ့ ဆေးလိပ်ပြာခွက်ဖြစ်လိမ့်မယ်ထင်တယ်။ဆေးလိပ်ပြာခွက်ဆိုပေမဲ့ ဖန်အကြည်သားနဲ့ လုပ်ထားတဲ့အလွန်လှပတဲ့ခွက်တစ်ခုပင်။ဖန်အကြည်သားဆိုပေမဲ့ အတွင်းကိုမြင်ရတာမျိုးမဟုတ်ဘဲ မှန်လိုမျိုးကြည်လင်ပြောင်လက်နေခြင်းမျိုးဖြစ်တယ်။ဒါကြောင့် ဦးအောင်ဒင်ရဲ့အခန်းထဲမှာ ဖန်ဆေးလိပ်ပြာခွက်ကိုတွေ့လိုက်တုန်းက ဖူးငုံပွင့်စိတ်ထဲမြင်ဖူးသလိုဖြစ်နေခဲ့တာပင်။ဆေးလိပ်ပြာခွက်မို့ ဖူးငုံပွင့်အရေးတယူမထားခဲ့။ထိုဆေးလိပ်ပြာခွက်ကို ဦးအောင်ဒင်စိတ်မချနိုင်ဖြစ်နေတာ။နောက်ဆုံး ဖန်ခွက်ကို သူမဆီမှာအပ်ပြီး ခက်ဝေလတ်ဆီကို ပို့ခိုင်းခဲ့တာတွေက ဦးအောင်ဒင်က တတယ်ပဲ ဦးအောင်မိုးဖြစ်နေခဲ့တာလား။ ဦးအောင်မိုးသာအမှန်ဆိုရင် ဘွားကြည်ရဲ့ သေဆုံးမှုက ဦးအောင်မိုးရဲ့ လုပ်ကြံမှုလား။ဒီလိုဆိုရင် သူမမိသားစုကဒီကိစ္စမှာဘယ်လိုပါဝင်ပတ်သက်နေခဲ့တာလဲ။ဘွား ကြည်ဆုံးတဲ့မနက်က မိခင်ဖြစ်သူနဲ့အစ်ကိုက မြို့ဈေးကိုသွားခဲ့ကြတယ်တဲ့။ဒါကတိုက်ဆိုင်မှုလား၊၊သေချာတာက ဘွားကြည်ဆုံးချိန်မှာ ဖူးငုံပွင့်တို့အိမ်မှာ ဖခင်ဖြစ်သူတစ်ယောက်တည်းကျန်ခဲ့တာဖြစ်တယ်။ ပြီးတော့ အဖေက ဒေါ်ညိုညိုမာနဲ့ မရိုးမသား ဆက်ဆံရေးမဟုတ်ခဲ့ရင်တောင် နှစ်ယောက်ကြားမှာ ပတ်သက်မှုတော့ရှိခဲ့ပုံပင်။ဒေါ်ညိုညိုမာလိုလူမျိုးနဲ့ ဖခင်ဖြစ်သူက ဘာအတွက်ပတ်သက်ခဲ့တာလဲ။အရာအားလုံးကို ဖူးငုံပွင့်ဆက်စပ်တွေးတောကြည့်လိုက်မိပြီး အထိတ်တလန့်နဲ့ ထိုင်နေရာကနေ ထရပ်လိုက်မိပြီး ဖုန်းနံပတ်တစ်ခုကို တုန်တုန်ယင်ယင်နဲ့ နှိပ်လိုက်မိတယ်။
"ဟယ်လိုနွေ ပြောလေ..."
ဖုန်းထဲက နေလင်းရဲ့အသံကို ကြားလိုက်တာနဲ့ ဖူးငုံပွင့် အလောတကြီးနဲ့ မေးလိုက်မိတယ်။
" ဟယ်လို ကိုနေလင်း ...ကိစ္စတွေ ဘာထူးသေးလဲ ...ကိုနေလင်း က လောကိုပြန်မလာသေးဘူးလား "
ဖူးငုံပွင့်ရဲ့ အလောတကြီးမေးသံကြောင့် နေလင်းမှာ ထိတ်လန့်သွားရပြီး
"ဘာဖြစ်လို့လဲနွေ ..အရေးကြီးကိစ္စရှိနေလို့လား "
" အရေးကြီးတာထက် ကိုနေလင်း စုံစမ်းထားတာတွေကို ပြောပြလို့ရရင် ....ကျွန်မအကုန်သိချင်တယ် ''
"ဘာကိုသိချင်တာလဲ နွေ ... ကိုယ်စုံစမ်းလို့ရသမျှကို ...နွေ့ကိုပြောပြခဲ့တယ်လေ "
" ဟုတ်ပါတယ် ....ဒါပေမဲ့ ကိုနေလင်းပြောတဲ့အထဲမှာ... ကျွန်မမိဘတွေအကြောင်း လုံးဝကိုမပါခဲ့ဘူးနော် ... ဒါက ကျွန်မမိဘတွေအကြောင်းသတင်းမရတာလား ..ဒါမှမဟုတ်ရတဲ့သတင်းကို ထိန်ချန်ထားတာလား...ကျွန်မအားလုံးသိချင်တယ် "
ဖူးငုံပွင့်စီတ်လှုပ်ရှားစွာ အမောတကောမေးလိုက်တာမို့ နေလင်းမှာ သက်ပြင်းမောကိုချလိုက်ပြီး
"ကိုယ်ပြန်ရောက်ရင် အားလုံး ပြောပြပါ့မယ် ... နွေရော သုခမြိုင်မှာဘယ်အချိန်ထိဆက်နေအုံးမှာလဲ ..ဦးအောင်ဒင်က ဘွားကြည်ရဲ့အလုပ်သမားဆိုတာသေချာနေပြီမို့ နွေမနေသင့်တော့ဘူးလေ "
" ဟုတ်ကဲ့ပါ ကိုနေလင်း ...နွေ မနက်ကပဲ သုခမြိုင်ကနေအလုပ်ထွက်လာခဲ့ပါပြီ ...အခု မငုဝါတို့အိမ်မှာရောက်နေတာပါ "
ဖူးငုံပွင့်ရဲ့စကားကြောင့် နေလင်းမှာ အံ့ဩဝမ်းသာသွားပြီး စိုးရိမ်တကြီးမေးလိုက်မိတယ်။
"ဟုတ်လား ...ဘာပြဿနာဖြစ်လို့လဲ ...ချက်ချင်းအလုပ်ထွက်လိုက်တာအကြောင်းရှိလို့လားနွေ ..အခုရော အဆင်ပြေရဲ့လား "
" အဆင်ပြေပါတယ် ကိုနေလင်း ...ဖြစ်နိုင်ရင် ကျွန်မမိဘတွေနဲ့ပတ်သက်တဲ့သတင်းကို ဆိုးဆိုး ကောင်းကောင်း အကုန်သိချင်ပါတယ်....မထင်ကောင်းပေမဲ့ ကျွန်မစိတ်ထဲမှာ ဒွိဟဖြစ်နေတယ်ကိုနေလင်း ... ကျွန်မမိဘတွေကရော ဦးအောင်မိုးနဲ့ ပူးပေါင်းကြံစည်ခဲ့ပြီးမှ အဝေမတည့်လို့ နှုတ်ပိတ်ခံလိုက်ရတာလားလို့ စိတ်ကထင်နေမိတယ်....."
" ဟာ ..မဟုတ်တာ..မင်းဘာတွေ လျှောက်တွေးနေတာလဲ နွေရယ်...ခဏပဲ သည်းခံစောင့်ပါ ....ဒီအဖြစ်မှန်တွေပေါ်ဖို့ သိပ်မကြာတော့ပါဘူး နွေ ... အချိန်တန်ရင် ကိုယ်အားလုံး ပြောပြပါ့မယ်..ဒါပဲနော် နွေ ...အစစအရာရာ ဂရုစိုက်ပါ
"ခဏ ..ခဏလေးပါကိုနေလင်း ....ပြောစရာရှိသေးတယ်....ဦးမင်းခိုင်က မငုဝါအဖေကို လက်ဆောင်ပေးခဲ့တဲ့ဖန်ဆေးလိပ်ပြာခွက်မှာဘွားကြည်နာမည်နဲ့ ပိတောက်စု ရွာနာမည်ပါနေခဲ့တယ်တဲ့ ..ကြည့်ရတာဘွား ကြည်ပစ္စည်းဖြစ်မယ်ထင်တယ် "
ဖန်ဆေးလိပ်ပြာခွက်တဲ့လေ ....အဒီဆေးလိပ်ပြာခွက်က ရှေးခေတ်လက်ရာဆိုပြီး အဖေ့ကိုညာပြီးပေးသွားတာလို့ ငုဝါကတောထင်တာပဲ ..အဖေကလဲ သူ့ညီဆီကလက်ဆောင်မရစဖူးရလို့ ...သေတဲ့အချိန်ထိကို တမြတ်တနိုးသိမ်းသွားရှာတာလေ ... ပစ္စည်းက ရှေးဟောင်းလက်ရာစစ်မစစ်တော့မသိဘူး...ဆေးလိပ်ပြာခွက်မှာတော့ ကြည်ပိတောက်စုဆိုတဲ့ စာတန်းလေးပါတယ် "
"ဘယ် ..ဘယ်လို ...ကြည် ပိတောက်စုဟုတ်လား မငုဝါ ''
ငုဝါရဲ့စကားကြောင့် ဖူးငုံ ပွင့်အထိတ်တလန့်နဲ့ ထိုင်နေရာက ဝုန်းခနဲထရပ်ပြီးမေးလိုက်မိတယ်။
"ဟုတ် .. ဟုတ်ပါတယ်နွေ ...ဘာ ...ဘာဖြစ်လို့လဲဟင် "
ဖူးငုံပွင့်ရဲ့ အထိတ်တလန့်ပုံစံကြောင့် ငုဝါကထိတ်ထိတ်လန့်လန့်နဲ့ ပြန်မေးလိုက်တယ်။
" အဲ့ ..အဲ့ဒီပြာခွက်လေး ဘယ်မှာလဲဟင် မငုဝါ ... နွေခဏလောက် ကြည့်လို့ရမလားဟင် "
ဖူးငုံပွင့်တုန်တုန်ယင်ယင် ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။
"ဟင် ...အဲ့ ..အဲ့ဒီခွက်က အခုငုဝါ မှာမရှိတော့ဘူး နွေရဲ့ ..ကိုခက်ယူသွားတယ် ... သူ့ကို လေးလေး အကြောင်းတွေပြောပြလိုက်တော့ ...ကိုခက်လဲနွေ့လိုပဲ အဲ့ဒီခွက်ကိုကြည့်ပါရစေဆိုပြီး တောင်းကြည့်ပြီး ...ခဏငှားသွားခဲ့တယ် ..ငုဝါတော့ အဲ့ဒီဟာကိုမုန်းလွန်းလို့ ပြန်မပေးလဲရတယ်လို့ ပြောလိုက်တယ် "
"ရှင် ....ကိုခက်ယူသွားတယ်ဟုတ်လား .. သူ ဘယ်တုန်းကယူသွားတာလဲ မငုဝါ ..."
ဖူးငုံပွင့် မယုံကြည်နိုင်စွာ မေးလိုက်တယ်။
" လွန်ခဲ့တဲ့လေးငါးရက်ကပဲ နွေ "
" ရှင် ...လွန်ခဲ့တဲ့လေးငါးရက်က ဟုတ်လား "
@@@@@@@@@@@@@@@@@@
အပိုင်း (၂၄) ဆက်ရန်
#ဧကြည်ဖြူ
ငုဝါကို အမျိုးမျိုးချော့မေးခဲ့ပေမဲ့ ငုဝါကလဲမဖြေခဲ့ဘူးလေ ..နောက်တော့ ငုဝါက အိမ်ထောင်ပြုတော့မယ်လို့ပြောလိုက်မိတော့ ...ပစ္စည်းတွေကို သူမရတော့မှာသိပ်စိုးရိမ်သွားတာလေ ..ဒါနဲ့ပဲ ဒေါ်ညိုညိုမာတို့နဲ့ ပေါင်းပြီးကြံစည်ခဲ့တာ...အဲ့ဒီတုန်းက ငုဝါကလဲ အရှက်အကြောက်ကြီးခဲ့တော့ သက်ဝေလတ်နဲ့ လက်ထပ်ခဲ့လိုက်တယ် ... လက်ထပ်ပြီး သုခမြိုင်ကိုစလိုက်သွားတဲ့နေ့ကတည်းက ဖုန်းလဲပျောက်သွားခဲ့ပေမဲ့... သူတို့ ဒီလိုကြံစည်ထားလိမ့်မယ်လို့ လုံးဝမစဉ်းစားခဲ့မိဘူး ... ငုဝါကိုယ်တိုင် ကလဲ သက်ဝေလတ်နဲ့ဖြစ်ခဲ့တဲ့ကိစ္စကို အရှက်ကြီးရှက်နေမိတော့ ကျန်တာတွေကိုဂရုမထားခဲ့မိဘူး ..တကယ်တော့ လေးလေးက ငုဝါကိုသုခမြိုင်စံအိမ်မှာ အကျဉ်းချထားပြီး ...သူကိုယ်တိုင်က ဒီအိမ်မှာ ငုဝါရဲ့ရတနာပစ္စည်းတွေကို စိတ်ကြိုက်ရှာနေခဲ့တာပဲ ...ငုဝါမှာတော့ ဒါတွေကိုမသိဘဲ ...တစ်နေ့တော့ အိမ်ထောင်ရေးအဆင်ပြေလာမှာပါဆိုပြီး ကြိတ်မှိတ်သည်းခံနေခဲ့တာ .နွေသုခမြိုင်ကို မရောက်ခင်လေးမှာပဲ ..တစ်ရက်တော့ သက်ဝေလတ်အရက်တွေ အလွန်အကျွံမူးလာပြီး ...ငုဝါကိုလက်သီးတွေနဲ့လဲထိုးတယ် ..ပြီးတော့ မူးမူးနဲ့ ရတနာပစ္စည်းတွေဘယ်မှာလဲဆိုပြီး မေးပြီးရိုက်တော့တာပဲ...အဲ့ဒီနေ့က တကယ်ကိုငရဲခန်းလိုဖြစ်နေပေမဲ့... လူကြီးတွေတစ်ယောက်မှ လာမတားကြဘူးလေ .. အဲ့ဒီအချိန်မှာမှ ငုဝါလဲကိုယ့်အဖြစ်ကို ရိပ်မိလာခဲ့တယ်လေ ... လေးလေးနဲ့ပဲတွေ့ခွင့်ရလို့ လေးလေးကိုအကူအညီတောင်းတော့လဲ လေးလေးကမသိချင်ယောင်ဆောင်နေခဲ့တယ် ... ပြောရရင် ဒီကိစ္စတွေကို နားလည်သွားပြီး...ကွာရှင်းဖို့ပြောခဲ့ချိန်မှာ ... ငုဝါ ရဲ့ဗီဒီယိုတွေကို ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ အရှက်သည်းပြီး ရေငုံနှုတ်ပိတ်နေခဲ့မိသေးတယ် ..နောက်ဆုံး မခံနိုင်တဲ့အဆုံးမှာ တွန်းလှန်ဖို့လုပ်တော့ ပိတ်လှောင်ခံလိုက်ရတယ်လေ .. နွေနဲ့ကိုခက်ရောက်လာလို့သာပေါ့ .. မဟုတ်ရင် ငုဝါတော့ လုံးပါးပါးပြီး သေမှာပဲ ....အခုချိန်ထိတောင် သက်ဝေလက်ရိုက်နှက်ခဲ့တဲ့ဒဏ်ရာတွေကိုဆရာဝန်ပြနေရတုန်းပဲ နွေရဲ့ ..သူတို့ရဲ့ အကြံအစည်က ငုဝါကို တဖြည်းဖြည်းမျဉ်းသတ်ပြီး ...ငုဝါပိုင်ဆိုင်တာတွေကို ခွဲယူဖို့ကြံစည်းထားခဲ့ကြတာလေ ... ဒီအစီအစဉ်တွေအားလုံးကို ကြိုးကိုင်တဲ့သူက ငုဝါရဲ့ ဦးလေးအရင်းခေါက်ခေါက်ဖြစ်နေတာကို ပိုရင်နာမိတယ်...သူသာ ကောင်းကောင်းမွန်မွန်နဲ့တောင်းခဲ့ရင် ငုဝါကမပေးဘဲနေမလား ..အခုတော့ သူမို့လုပ်ရပ်တယ် "
ငုဝါက နာနာကြည်းကြည်း ပြောလိုက်ရင်း အံလေးကို ကြိတ်လိုက်တယ်။ငုဝါကို ကြည့်ပြီး ဖူးငုံ ပွင့်စိတ်မကောင်းဖြစ်သွားမိတယ်။
" ဒါနဲ့ ကိုသက်ဝေလတ်နဲ့ ကွာရှင်းဖို့ကိစ္စကရော... ဘယ်လိုဖြစ်သွားပြီလဲမငုဝါ "
" ဒါက အဆင်ပြေသွားပြီး နွေရဲ့ ... ဦးမင်းလတ်နဲ့ဒေါ်ဝေဝေမာကိုယ်တိုင်ကပဲ ငုဝါကိုလာတောင်းပန်ပြီး တရားရုံးမှာကွာရှင်းပြီးသွားပြီ ...ဒါပေမဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ... ငုဝါဘက်က မကျေနပ်လို့ အားလုံးကိုတရားစွဲနိုင်အောင် ကြိုးစားနေတယ် ...ဒီထက်အရေးကြီးတာက ..လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကားအက်ဆီးဒင့်ဖြစ် ပြီး သေဆုံးခဲ့ကြရတဲ့ ...ငုဝါရဲ့မိဘနှစ်ပါးသေဆုံးခဲ့တဲ့အမှုကို တိုင်ချက်ပြန်ဖွင့်ထားတယ် ... ဦးလေးအပါအ၀င် ကြံစည်သူတွေအားလုံးကို ငုဝါခံစားရသလိုပြန်ခံစားရအောင်.. ပြန်လုပ်ဖို့ ငုဝါ ဆုံးဖြတ်ချက်ချပြီးသွားပြီး "
လေးနက်ပြတ်သားစွာ ပြောနေတဲ့ငုဝါကို ဖူးငုံပွင့်ငေးမောကြည့်နေမိတယ်။
" ငုဝါ အကြောင်းတွေကို ပြောပြီးပြီမို့ ...နွေ့အကြောင်းတွေကိုလဲ အမှန်တိုင်းပြောပါ ..အဲ့ဒါမှ ကူညီနိုင်စရာရှိရင်.... ငုဝါကူညီနိုင်မှာပါ ... မကြာခင်ရက်ပိုင်းက ကိုစိုင်းရဲ့သူငယ်ချင်း ...ကိုနေလင်းနဲ့ ဖုန်းပြောလိုက်ရတာမို့ .... နွေ့အကြောင်းတချို့တလေကို ...ငုဝါသိနေပါပြီ.... နွေ သုခမြိုင်ကို ဘာလို့ရောက်နေတာလဲဆိုတာကိုပါ ငုဝါသိပါတယ်... ပြီးတော့ ပြောပြစရာရှိသေးတယ်နွေ ... လွန်ခဲ့တဲ့ ရက်တွေက ကိုခက်ကငုဝါဆီကို ဖုန်းဆက်ပြီး လေးလေးအကြောင်းကို မေးတယ် ... မေးတာကလ ထူးထူးဆန်းဆန်း လွန်ခဲ့တဲ့ (၁၃)နှစ်က အကြောင်းတဲ့လေ ... ဖြစ်ချင်တော့ ငုဝါကမှတ်မှတ်ရရလွန်ခဲ့တဲ့(၁၃) ကျော်က လေးလေးရဲ့အကြောင်းတွေကိုမှတ်မိနေခဲ့တယ်... အဲ့ဒီတုန်းက ငုဝါတို့မိသားစုကို အရမ်းဒုက္ခပေးခဲ့တာမို့ လေးလေးကြောင်းတွေကို ငုဝါကအားလုံးနီးပါး မှတ်မိနေခဲ့မိတာလေ ... အဲ့ဒါကြောင့် အဲ့ဒီတုန်းက လေးလေးပေါင်းသင်းခဲ့တဲ့သူတွေကိုလဲ မှတ်မိသလောက်ပြောပြလိုက်တယ် ... အဲ့ဒီအချိန်းတုန်းက လေးလေးက လောင်းကစားကြွေးတွေ ပတ်လည်ဝိုင်းနေခဲ့ပြီး အသတ်ခံရတော့မယ်ပြောလို့... အဖေတို့ကခြံကိုပါပေါင်ပေးခဲ့သေးတယ် ..ဒါပေမဲ့ လိုတဲ့ငွေကမပြည့်လို့ အဘွားနဲ့ အဖေ့ကိုပါ ရန်လုပ်ခဲ့သေးတာလေ ..နောက်မကြာပါဘူး... ဆယ်ငါးရက်ရက်နှစ်ဆယ်လောက်နေတော့ ...ငွေထုပ်ကြီးပိုက်ပြီး ပြန်ရောက်လာခဲ့တယ် .... လောင်းကစားနိုင်တယ်ဆိုလား...
ဒါပေမဲ့ အလကားပါ ...ငွေတွေသာပါလာတာ ပေါင်ထားတဲ့ခြံကိုတော့ပြန်မရွေးပေးဘဲ ...တည်းခိုခန်းအဟောင်းတစ်ခုကိုဝယ်လိုက်ပြီး ..သူ့လုပ်ငန်းသူလုပ်ခဲ့တာလေ ..စီးပွားရေးအဆင်ပြေလာလို့ဆိုပြီး ...အဖေ့အတွက်ပါလာခဲ့တဲ့လက်ဆောင်က ဘာလဲသိလား ...
ပါးပြင်ပေါ်ကိုမျက်ရည်တွေတလိမ့်လိမ့်စီးကျလာခဲ့တယ်။ဖူးငုံပွင့်အကြည့်တွေကို လွှဲလိုက်ပြီး လမ်းမကြီးအတိုင်း တစ်လှမ်းချင်းလှမ်းလျှောက်လာခဲ့တယ်။
" တီ ...တီ..တီ ..."
လမ်းအကွေ့မှာ အနားကပ်ပြီးတီးလိုက်တဲ့ကားဟွန်းသံကြောင့် ဖူးငုံပွင့်လမ်းဘေးမှာ ရပ်တန့်ပြီးရှောင်ပေးလိုက်တယ်။ သို့ပေမဲ့ ကားကဖူးငုံပွင့်ရဲ့ဘေးနားမှာရပ်လိုက်ပြီး ကားထဲက အသံချိုချိုလေးတစ်သံထွက်ပေါ်လာခဲ့တယ်။
"နွေ ...လာ ကားပေါ်တက်...ငုဝါ နောက်ကျသွားပြီထင်လို့ ..ဦးဗလကိုအမြန်မောင်းခိုင်းခဲ့ရတာ "
ကားပေါ်မှာငုဝါကိုမြင်လိုက်ရတာမို့ ဖူးငုံပွင့်အံ့ဩသွားမိပြီး
"မ ..မငုဝါ ...ဘယ်လိုရောက်လာတာလဲဟင် .. နွေပြန်မှာကို ဘယ်လိုသိတာလဲဟင် "
"ကဲပါ ...အဲ့ဒါတွေနောက်မှမေးပါနွေရယ် ... ကားပေါ် အရင်တက်ပါ ...အိမ်ရောက်ရင် အားလုံးရှင်းပြပါ့မယ် "
ငုဝါက ဖူးငုံပွင့်ရဲ့အမေးကို မဖြေဘဲ့ ကားတံခါးကိုဖွင့်လိုက်ပြီး ဖူးငုံပွင့်ကို ကားထဲကိုအရင်ဝင်စေလိုက်တယ်။ ကားလေးကဖူးငုံ ပွင့်တို့ကိုတင်ဆောင်ပြီး ကားလမ်းမအတိုင်း တရိပ်ရိပ်မောင်းနှင်လာခဲ့တယ်။
~~~~
"ဒီအခန်းက ...နွေ့အတွက်ပြင်ပေးထားတဲ့အခန်းပဲ..ညကအားချင်းကြီးပြင်လိုက်ရလို့ အဆင်ပြေပါ့မလားမသိဘူး ... ငုဝါတို့အိမ်မှာ နွေကြိုက်သလောက်နေလို့ရတယ်နော် "
ငုဝါက အခန်းရဲ့ ပြတင်းပေါက်တွေကို လိုက်ဖွင့်ရင်းပြောလိုက်တယ်။ငုဝါရဲ့ လှုပ်ရှားမှုတွေကိုကြည့်ရင်း ငုဝါကို ဖူးငုံပွင့်ထပ်ပြီးမေးလိုက်မိပြန်တယ်။
" နွေပြန်ရမယ်ဆိုတာကို မငုဝါဘယ်လိုသိတာလဲဟင် ..မငုဝါကို ဘယ်သူပြောလိုက်တာလဲ "
ဖူးငုံပွင့်ရဲ့အမေးကြောင့် ငုဝါက ဖူးငုံပွင့်ဘေးမှာဝင်ထိုင်လိုက်ပြီး သက်ပြင်းကိုချလိုက်တယ်။
"ကိုခက်ဖုန်းဆက်တာလေ ..ညကတည်းကဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာ...နွေကရန်ကုန်ပြန်မယ်ဆိုရင်လဲ ... ကားပေါ်ထိ သေချာလိုက်တင်ပေးဖို့ ...တကယ်လို့ မပြန်ဖြစ်သေးရင်လဲ ..အပြင်ကိုတစ်ယောက်တည်း မသွားခိုင်းပါနဲ့တဲ့ ... ဂရုစိုက်ပေးပါတဲ့လေ ... ပြီးတော့ ကိုခက်က သူဒီလိုမှာတာတွေကို... နွေ့ကိုပြန်မပြောဖို့ ...တို့ကိုပြောသွားသေးတယ် ..ဒါပေမဲ့ ငုဝါကတော့နွေနဲ့ကိုခက်ကို... ငုဝါတို့လိုမဖြစ်စေချင်လို့ ပြောပြတာပါ"
ငုဝါရဲ့စကားတွေကို ကြားလိုက်ရတဲ့အခါ ဖူးငုံပွင့်ငိုချင် စိတ်ကိုထိန်းမထားနိုင်တော့ဘဲ မျက်နှာပေါ်ကို လက်ဖဝါးနဲ့အုပ်ပြီး အားပါးတရငိုချလိုက်မိတယ်။
ငုဝါက ငိုနေတဲ့ဖူးငုံပွင့်ရဲ့ပခုံးလေးကို ခပ်ဖွဖွပုတ်ပေးပြီး နှစ်သိမ့်လိုက်တယ်။
ဖူးငုံပွင့်က အတော်ကြာအောင်ငိုလိုက်ပြီးတော့မှ ငုဝါကို မော့ကြည့်လိုက်မိပြီး
"သူဘာပြောသွားသေးလဲဟင် မငုဝါ ... နွေ့ကို ဘာမှာသွားသေးလဲဟင် "
ဖူးငုံပွင့်ရဲ့အမေးကို ငုဝါက လေးတွဲ့စွာခေါင်းယမ်းလိုက်ရင်း
"နွေ့ကိုဂရုစိုက်ပေးဖို့ကိုတော့ သေချာလေးမှာသွားတယ် ...ကျန်တာတော့ ဘာမှမပြောဘူး ... နွေတို့ကြားမှာ ဘာဖြစ်ခဲ့လဲမသိပေမဲ့ ...သေချာတာက ကိုခက်က နွေ့ကိုသိပ်ပြီးစိတ်ပူနေတာသိသာတယ် ... အမှန်တိုင်းပြောရရင် ဒီသုံးလေးရက်အတွင်းမှာပဲ... နွေ့ကို ရန်ကုန်ပြန်ပို့ပေးဖို့ကို... တို့ကို အကူအညီတောင်းသွားတယ် "
ငုဝါရဲ့စကားအဆုံးမှာ ဖူးငုံပွင့်အံလေးကိုကြိတ်လိုက်မိပြီး
"သူပြန်ခိုင်းတိုင်း နွေမပြန်ဘူး မငုဝါ ..နွေ့မှာလုပ်စရာတွေအများကြီးရှိသေးတယ် ... နွေလဲ မငုဝါကိုဒုက္ခမပေးချင်ပါဘူး ... အပြင်တည်းခိုခန်းမှာပဲ နွေတည်းပါ့မယ် မငုဝါ "
"အို ..ဘယ်လိုပြောလိုက်တာလဲ နွေရယ်... ငုဝါရဲ့အိမ်မှာ စိတ်ကြိုက်နေလို့ရပါတယ် ... ငုဝါကိစ္စတွေကို နွေကူညီပေးခဲ့သလို .. နွေ့ကိစ္စတွေကိုလဲ ငုဝါက ကူညီပေးရမှာပေါ့ ....."
~~~~~
တစ်နေသာကုန်သွားတယ် ခက်ဝေလတ်ဆီက ဘာအကြောင်းမှမကြားရတာမို့ ဖူးငုံပွင့်စိတ်အား လျော့ကာမှိုင်တွေနေမိတယ်။ဖူးငုံပွင့်ဘက်က ဖုန်းစပြီးဆက်ဖို့ကျတော့လဲ အသိစိတ်ကခွင့်မပြုဖြစ်နေခဲ့တယ်။
" နွေအိပ်ပြီလားဟင် ... ငုဝါတို့ စကားခဏလောက် ပြောရအောင်လေ "
အခန်းပြင်က ငုဝါရဲ့အသံကြောင့် ဖူးငုံပွင့်တံခါးထဖွင့်ပေးလိုက်တယ်။ငုဝါက အခန်းထဲကို ၀င်လာခဲ့ပြီး အလှပြင်ခုံမှာဝင်ထိုင်လိုက်ကာ ဖူးငုံပွင့်ကိုကြည့်လိုက်တယ်။
" နွေအိပ်ချင်နေပြီလားဟင် .. မအိပ်ချင်သေးရင် ငုဝါအကြောင်းကိုပြောပြချင်လို့ပါ ..."
''မအိပ်ချင်သေးပါဘူး မငုဝါ ...နွေလဲ မငုဝါအကြောင်းကို သေချာသိချင်နေတာ...ကွာရှင်းဖို့ကိစ္စကလဲ ဘယ်လိုဖြစ်သွားပြီလဲဟင် "
ဖူးငုံပွင့်မှာ ရင်ထဲကဝေဒနာကိုမျိုသိပ်ပြီး ပြန်မေးလိုက်မိတယ်။
"အင်း ... အဲ့ဒီအကြောင်းတွေကို ပြောပြချင်နေတာ ..ဖြစ်ပုံက ဒီလိုပါနွေ ... အသားထဲကလောက်ထွက်တယ်လို့ပြောရမှာပဲ ..အားလုံးက ဦးလေးမင်းခိုင်ရဲ့ အကြံအစည်တွေပါ ... သူ့ရည်ရွယ်ချက်က ... ငုဝါရဲ့မိဘတွေ ငုဝါကိုပေးခဲ့တဲ့ရတနာပစ္စည်းတွေကို အပိုင်သိမ်းချင်တာလေ ...
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၃)
*****
" အမေ "
တံခါးဝမှာ ဒေါသမျက်နှာနဲ့ရပ်နေတဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး ခက်ဝေလတ်အလန့်တကြား ခေါ်လိုက်မိတယ်။
"ခက်ဝေလတ် ..မင်း ..မင်းကွာ ... မင်းကို သိပ်အထင်ကြီးခဲ့တာ သိရဲ့လား ..."
ဒေါ်ဝေဝေမာရဲ့နှုတ်က မချိတင်ကဲ ရေရွတ်သံထွက်ပေါ်လာပြီး သားဖြစ်သူကိုဆောင့်ဆွဲကာခေါ် လိုက်တယ်။ ဒီအခါ ခက်ဝေလတ်က ဖူးငုံပွင့်ကိုရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်လှည့်ကြည့်လိုက်ပြီး မိခင်ဖြစ်သူဆွဲခေါ်ရာနောက်ကို လိုက်ပါသွားခဲ့တယ်။
ဖူးငုံပွင့်မှာ နေရာမှာတင်ခြေစုံရပ်လျက် ထိတ်လန့်တုန်လှုပ်ပြီးကျန်ရစ်ခဲ့တော့တယ်။
~~~~~
"အသုံးမကျတဲ့ကောင် ..ကြိုက်စရာရှားလို့ အိမ်မှာခိုင်းထားတဲ့ အိမ်စေကိုမှကြိုက်ရလား ..မင်းအဆင့်အတန်းက အဲ့ဒီလောက်ပဲရှိတာလား ခက်ဝေလတ်ရဲ့ ...ပြောစမ်းပါအုံး ... "
ဒေါ်ဝေဝေမာက ဒေါသနဲ့ ပြောရင်း သားဖြစ်သူကိုထုရိုက်ပစ်လိုက်တယ်။ခက်ဝေလတ်ကတော့ မိခင်ကိုဘာမှပြန်မပြောဘဲမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး ငြိမ်သက်နေခဲ့တယ်။
" မင်းအခုချက်ချင်း အပေါ်ထပ်ကိုပြောင်းဖို့ပြင် .. အဲ့ဒီမိန်းမလည်မကို ... မနက်လင်းတာနဲ့ အိမ်ကနေ မောင်းထုတ်ပစ်မယ် "
ဒေါသတကြီးနဲ့ ပြောဆိုလိုက်တဲ့ ဒေါ်ဝေဝေမာရဲ့စကားကြောင့် ခက်ဝေလတ် မိခင်ကိုမော့ကြည့်လိုက်ပြီး
"ကျွန်တော်သူနဲ့လမ်းခွဲမှာပါ အမေ...အမေပြောတဲ့စကားတွေအားလုံးကိုလဲ ကျွန်တော်နားထောင်ပါ့မယ် .. အမေ သူ့ကိုပြန်လွှတ်မှာမဟုတ်လား ပြန်လွှတ်လိုက်ပါ .. ဒါပေမဲ့ သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းမပြောပါနဲ့ အမေ.. သူ့အသားကိုနာကျင်အောင်လဲမလုပ်ပါနဲ့ ..အဲ့ဒီလိုဆိုရင် ကျွန်တော်သူနဲ့လမ်းခွဲမှာပါ ..သူထွက်သွားရင်တောင် နှုတ်မဆက်ပါဘူး .. တကယ်လို့ အမေသူ့ကိုရန်ရှာခဲ့ရင်တော့... ကျွန်တော်အမေ့ဆီကနေ ထာ၀ရထွက်သွားလိုက်တော့မယ်..ကျွန်တော်က ပြောပြီးရင် ကတိတည်တတ်တာကို အမေသိပါတယ် "
" ဟုတ်ပြီလေ မင်းပြောတဲ့အတိုင်း ငါလုပ်မယ် ... မင်းဘက်ကလဲ ပေးထားတဲ့ကတိကိုတည်ပါစေ ..ဒီညမင်းအပေါ်ထပ်မှာ ပြောင်းနေပါ "
မိခင်ဖြစ်သူရဲ့စကားကို လိုက်နာပြီး ခက်ဝေလတ်က မိခင်နဲ့အတူ အပေါ်ထပ်ကိုတက်ခဲ့လိုက်တယ်။လှေကားထစ်တွေကို တက်နေတဲ့ ခက်ဝေလတ်ရဲ့ပုံစံက အသိမဲ့နေသူလို ဖြစ်နေခဲ့တာကို မိခင်ဖြစ်တဲ့ ဒေါ်ဝေဝေမာရိပ်စားမိလိုက်ပေမဲ့ ဒေါသတွေကိုမျိုသိပ်ပြီး အပေါ်ထပ်ကို ဟန်မပျက် တက်ခဲ့လိုက်တယ်၊၊
~~~~~~
"မိန်းမလည်မ ....ငါ့သားကို အမိဖမ်းချင်တယ်ပေါ့ ဟုတ်လား .. ရော့..ဒီမှာ ညည်းတွက်သုံးလစာကြိုထုတ်ပေးလိုက်တယ် ..မနက်မိုးလင်းတာနဲ့ ငါတို့အိမ်ကနေထွက်သွား ... ငါ့သားကို နှုတ်ဆက်စရာမလိုဘူးနော် ... "
ဒေါ်ဝေဝေမာက လုပ်အားခငွေကို စားပွဲပေါ်ပစ်တင်လိုက်ပြီး အသံမာမာနဲ့ပြောလိုက်တယ်။
" ကျွန်မပြောတာကြားတယ်နော် ဒေါ်ခိုင် .. မနက်ကျရင် ကျွန်မတို့မနိုးခင် သူ့ကိုသုခမြိုင်ကနေထွက်သွားခိုင်းလိုက်ပါ "
"ဟုတ်ကဲ့ပါ မဝေ "
ဒေါ်ခိုင်ကဘာကိုမှ သေချာနားမလည်နိုင်သေးဘဲ ဒေါ်ဝေဝေ မာကို ခေါင်းငြိမ့်ပြလိုက်တယ်။ဒေါ်ဝေဝေမာက ငွေကိုချပေးခဲ့ပြီး ခြေသံခပ်ပြင်းပြင်းနဲ့ လှေကားရှိရာဆီကို ပြန်လျှောက်သွားခဲ့တယ်။ဖူးငုံပွင့်ကတော့ ဆိုဖာခုံဘေးမှာ မတ်မတ်တောင့်တောင့် ရပ်ကာ နှုတ်ကဆွံ့အနေခဲ့မိတယ်။
ဒီအခြေအနေဒီမြင်ကွင်းကို ခက်ဝေလတ်တစ်ယောက် အပေါ်ထပ်လှေကားနားကနေ တွေတွေကြီးရပ်ကြည့်နေမိပြီး မိခင်ဖြစ်သူ အပေါ်ထပ်ကိုပြန်တက်လာတာကို တွေ့လိုက်ရမှ ရပ်နေရာကနေ သူ့အိပ်ခန်းဆီကို လေးလံတဲ့ခြေလှမ်းတွေနဲ့လျှောက်သွားလိုက်တယ်။
~~~~~
အရုဏ်ဦးရဲ့အလင်းနုနုက အရှေ့ဆီကနေထွက်ပေါ်လာခဲ့ပြီ။ ဖူးငုံပွင့်ကျောပိုးအိတ်လေးကို လွယ်လိုက်ပြီး ပိန်သေးကိုနှုတ်ဆက်လိုက်တယ်။
"အစ်မသွားတော့မယ်နော် ပိန်သေး... ဒီအထုပ်လေးကို ကိုခက်ဝေလတ်ဆီကိုပေးပေးပါနော်... တခြားသူတွေမသိပါစေနဲ့နော် အဘိုးကပေးခိုင်းတာလို့ ပြောလိုက်နော် "
" မနွေ ဘာလို့ပြန်မှာလဲဟင် ... မနွေမရှိရင် ပိန်သေးနေတတ်ပါ့မလားမသိဘူး "
ပြောရင်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ပိန်သေးကိုကြည့်ပြီး ဖူးငုံပွင့်ပါ မျက်ရည်တွေကျလာမိတယ်။ညကတည်းက မိခင်ဖြစ်သူနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့တဲ့ချစ်သူက သူမဆီကိုဖုန်းလဲမဆက်သလိုစာလဲမပို့ခဲ့ပါ။ တစ်ညလုံးလိုလို တစ်ခဏလေးမျှပင်မအိပ်စက်ဘဲ ဖုန်းဘေးနားမှာ ဖူးငုံပွင့်ထိုင်စောင့်ရင်း မိုးစင်စင်လင်းခဲ့ပေမဲ့ ချစ်သူဆီက အကျိုးအကြောင်းပြန်စာပင်မရခဲ့။အခုတော့ သူမပြန်ရပေတော့မယ်။သုခမြိုင်စံအိမ်ကြီးတစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်စွာရှိနေဆဲပါပင်။
"မိနွေ ပြီးပြီလား .. တော်ကြာ မဝေတို့နိုးလာတော့မှာမို့ သွားတော့ နော် "
"ဟုတ်... ဟုတ်ကဲ့ပါ ဒေါ်ကြီး "
~~~~~~
ဒေါ်ခိုင်ဖွင့်ပေးတဲ့ ခြံတံခါး၀ကနေ ဖူးငုံပွင့်ထွက်လာခဲ့ပြီး သုခမြိုင်စံအိမ်ကြီးကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်မိတယ်။အိမ်ကြီကတိတ်ဆိတ်နေပြီး ဖူးငုံပွင့်ကိုခပ်စိမ်းစိမ်းကြီးကြည့်နေသလို ခံစားနေရတယ်။ခြံတံခါးကို သော့ခတ်ပြီးထွက်သွားတဲ့ဒေါ်ခိုင့်ကို ဖူးငုံပွင့်လိုက်လံငေးမောကြည့်နေမိရင်း
ဦးမင်းလတ်ရဲ့ အေးစက် တင်းမာလှတဲ့ အသံကြောင့် သက်ဝေလတ်ရောဒေါ်ဝေဝေမာပါ ငြိမ်သက်တိတ်ဆိတ်သွားကြတယ်။
~~~~~
အပူပင်ကင်းကင်းနဲ့ အိပ်ပျော်နေတဲ့ ပိန်သေးကိုကြည့်ပြီး ဖူးငုံပွင့်အံလေးကိုကြိတ်ထားမိတယ်။အိပ်ချိန်တန်နေပြီဖြစ်ပေမဲ့ မျက်လုံးကဘယ်လိုမှ အိပ်မပျော်နိုင်ဖြစ်နေပြီး စိတ်ကခက်ဝေ လတ်ဆီကိုသာ ရောက်နေမိတယ်။ပြန်ရောက်ကတည်းက မျက်နှာလေးထောင်မြင်ခွင့်မရသေးတဲ့ချစ်သူ။ သူ့အဘိုးအတွက် ညစာကိုတောင် ဘယ်အချိန်လာထွက်ယူသွားမှန်း ဖူးငုံပွင့်မသိလိုက်ရပေ။စိတ်ဆိုးရမှာလား၊ စိတ်ပူရမှာလားမဝေခွဲနိုင်တဲ့ ဒီအခြေအနေမှာ ဖူးငုံပွင့်ရင်တစ်ခုလုံးပူလောင်နေတယ်။
~~~~~
အိပ်မပျော်နိုင်တဲ့ အခြေအနေမှာ ဖူးငုံပွင့်ဝရံတာဆီကိုထွက်လာခဲ့လိုက်တယ်။
ဝရံတာရဲ့ တံခါးပေါက်ဆီကို အရောက်မှာ ခပ်ဟဟပွင့်နေတဲ့ တံခါးပေါက်ကြောင့် ရင်တွေတထိတ်ထိတ်ခုန်လှုပ်သွားရတယ်။
"ကိုခက်လား "
" ကိုယ်က နွေအိပ်သွားပြီလို့ထင်နေတာ "
ဖူးငုံပွင့်ရဲ့မေးသံအဆုံးမှာ ခက်ဝေလတ်ဆီက စကားသံထွက်လာတာမို့ ဖူးငုံပွင့်ဝမ်းသာသွားမိပြီး သူ့အနားကိုအလောတကြီးလျှောက်သွားလိုက်တယ်။
" ကိုခက် အဆင်ပြေရဲ့လားဟင် ... နေမကောင်းဖြစ်နေတာလား..ပြီးတော့ ... "
" နွေရယ် "
" အို ..ကို ..ကိုခက် "
စကားမဆုံးခင်မှာဘဲ ခက်ဝေလတ်က သူမကိုယ်လုံးလေးကို ဆွဲယူသိမ်းဖက်လိုက်တာမို့ ဖူးငုံပွင့်ရင်တွေဒိန်းခနဲဆောင့်ခုန်ကာ လန့်ဖျပ်သွားမိတယ်။သူမကို ဖက်ထားတဲ့ ခက်ဝေလတ်ရဲ့လက်တွေက တင်းကြပ်သထက်တင်းကြပ်လာပြီး သူ့ဆီကရှိုက်သံလိုလိုကြားလိုက်ရတာမို့ ဖူးငုံပွင့်ထိတ်လန့်သွားမိပြီး ရင်ခွင်ထဲကအတင်းရုန်းထွက်ကာ မေးလိုက်မိတယ်။
" ကို ..ကိုခက်ဘာဖြစ်တာလဲဟင် ..ကိုခက်ငိုနေတာလား "
" ချောက် ''
ခက်ဝေလတ်ရဲ့လက်ကိုဆွဲကိုင်လှုပ်ယမ်းပြီး ဖူးငုံပွင့်စိုးရိမ်ပူပန်စွာမေးနေချိန်မှာပဲ ချောက်ခနဲမီးခလုတ်ဖွင့်သံနဲ့အတူ ဝရံတာမီးလင်းလာတာမို့ နှစ်ယောက်သား အထိတ်ထိတ်အလန့်လန့်နဲ့ တံခါးဝကိုကြည့်လိုက်မိကြတယ်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၃ ) ဆက်ရန်
#ဧကြည်ဖြူ
ထူထူထောင်ထောင်မရှိလှတော့။အပြင်ထွက်ဖို့လဲခေါ်လဲ မရဘဲ အိပ်ပဲအိပ်နေတော့တာ။
"ဟွင်း ..ဟွင်း .... မြေးရေး .. မြေးရေး "
သူမကိုတွေ့တာနဲ့ မပီ့တပီနဲ့ စကားလှမ်းပြောတဲ့ ဦးအောင်ဒင် ရဲ့အနားကို ဖူးငုံပွင့်လျှောက်သွားလိုက်တယ်။ အနေကြာလာပြီမို့ ဦးအောင်ဒင်ရဲ့ မပီမသစကားတွေကိုလဲ သူမအတော်အတန်နားလည်လာခဲ့ပြီးဖြစ်တယ်။
"ကိုခက်ဝေလတ်ကိုမေးတာလား အဘိုး ... သူမကြာခင်ပြန်လာတော့မှာပါ "
သူမပြောတာကို ဦးအောင်ဒင်က ငြိမ်သက်စွာနားထောင်နေပြီမှ သူလက်တစ်ဖက်နဲ့ အိပ်ရာဘေးက ဆေးလိပ်ပြာခွက်လေးကိုယူလိုက်ပြီး ဖူးပုံပွင့်ဆီကိုလက်ကမ်းပေးလာတယ်။အစကတော့ ဦးအောင်ဒင်ရဲ့အပြုအမူကို ဖူးငုံပွင့်နားမလည်နိုင်ဘဲ ကြောင်ငေးကြည့်နေမိတယ်။သူဒီလောက် သဲသဲလှုပ်နေတဲ့ ဖန်ဆေးလိပ်ပြာခွက်ကို သူမဆီကိုကမ်းပေးနေတာကို လုံး၀နားမလည်ဖြစ်နေခဲ့တာ။ နောက်မှ သူ့ပါးစပ်ကမပီမသထွက်လာတဲ့ စကားသံတွေကို မှန်းဆပြီး နားလည်သလိုပြန်မေးလိုက်မိတယ်။
" ကိုခက်ဝေလတ်ကို ..ဒါပေးပေးရမှာလား အဘိုး "
ဖူးငုံပွင့်မေးလိုက်တော့ ဦးအောင်ဒင်ကခေါင်းကို အဆက်မပြတ်ငြိမ့်ပြလာတယ်။
"ကိုခက်ဝေလတ်လာမှ အဘိုး ကိုယ်တိုင်ပေးလိုက်လေ "
ဖူးငုံပွင့်ကပြောလိုက်တော့ ဦးအောင်ဒင်က ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်ပြီး အာလေးလျှာလေးအသံကြီးနဲ့ ဝူးဝူးဝါးဝါးပြန်ပြောရင်း ဆေးလိပ်ဖန်ခွက်လေးကို ဖူးငုံပွင့်ဆီကိုအတင်းထိုးပေးနေခဲ့တယ်။
"ဟုတ်ကဲ့ သိပါပြီအဘိုး ...ကိုခက်ဝေလတ်ပြန်မလာခင်အထိ ..ဒီဆေးလိပ်ခွက်ကို သိမ်းပေးထားရမှာလား "
ဖူးငုံပွင့်ရဲ့ အမေးကိုဦးအောင်ဒင်က ခေါင်းတဆတ်ဆတ် ငြိမ့်ပြတာမို့ ဖူးငုံပွင့်ဆေးလိပ်ပြာခွက်လေးကို လျှော်မဲ့အဝတ်တွေနဲ့အတူယူလာခဲ့လိုက်တယ်။
~~~ ~
"ဟယ်လို ကိုခက်...ပြန်မလာသေးဘူးလားဟင် ..ဒီနေ့ဆို ဆယ်ရက်တောင်ရှိပြီလေ .. ရှင့်အဘိုးလဲ အရင်လောက်မလန်းဘူးသိလား "
ဖူးငုံပွင့်က တတွတ်တွတ် ပြောနေပေမဲ့ ခက်ဝေလတ်ဘက်က အသံတိတ်နေတာမို့ ဖူးငုံပွင့်စိတ်ထဲစိုးရိမ်သွားမိတယ်။
" ကိုခက် ဘာဖြစ်လို့လဲဟင် ..နေမကောင်းဘူးလား ..ဖျားနေတာလား "
ဖူးငုံပွင့်စိုးရိမ်တကြီးမေးလိုက်ပေမဲ့ ခက်ဝေလတ်ဘက်က အသံချက်ချင်းထွက်မလာခဲ့ဘဲ အတော်လေးကြာမှ တိုးလျလျ အသံနဲ့ထွက်ပေါ်လာခဲ့တယ်။
"လွမ်းလိုက်တာကွာ ...အစစအရာရာ ဂရုစိုက်နော် .. ကိုယ်မကြာခင်ပြန်လာခဲ့မယ် ...ဒါပဲနော် ကိုယ်အရမ်းပင်ပန်းနေလို့ အိပ်တော့မယ် '"
"နေ ....နေပါအုံး......ကိုခက် ငိုနေတာလားဟင် ..ဘာ..ဘာဖြစ်လို့လဲဟင်ကိုခက် "
ငိုသံပေါက်နေတဲ့ ခက်ဝေလတ်ရဲ့စကားသံကြောင့် ဖူးငုံပွင့်ထိတ်ထိတ်လန့်လန့်နဲ့ မေးလိုက်ပေမဲ့ ခက်ဝေလတ်ဆီမှဖြေသံချက်ချင်းထွက်မလာဘဲ
"ဒီ...ဒီမှာ အရမ်းအေးနေလို့ပါကွာ .. ဒါပဲနော် ဂရုစိုက်နေပါ .. ဝရံတာမှာထွက်ရပ်မနေနဲ့နော်နွေ "
သူပြောချင်တာကိုပြောပြီး ဖုန်းချသွားတဲ့ ခက်ဝေလတ်ကြောင့် ဖူးငုံပွင့်ရင်မောစွာကျန်ခဲ့ရတယ်။
~~~~~
"မနွေ... ကိုခက်ပြန်လာပြီသိလား "
" ဟင် .. ဘယ် ..ဘယ်တုန်းက ရောက်တာလဲ ... ဘယ်..ဘယ်သူတံခါးသွားဖွင့်ပေးလိုက်တာလဲ "
ပိန်သေးရဲ့ စကားကြောင့် ဖူးငုံပွင့်ရင်တွေတဒိန်းဒိန်းဆောင့် ခုန်သွားရပြီး ပိန်သေးကို တုန်တုန်ယင်ယင်နဲ့ ပြန်မေးလိုက်မိတယ်။
"မနွေရေချိုးနေတုန်းကပြန်ရောက်လာလို့... ပိန်သေးပဲတံခါးသွားဖွင့်ပေးလိုက်တာ ... အစ်ကိုလေးကတောင် မနွေဘယ်မှာလဲလို့ မေးသွားသေးတယ် ''
"ဟင် .. ဟုတ်လား .. ဘာခိုင်းစရာရှိလို့လဲမသိဘူး... သွားမေးလိုက်အုံးမယ် "
ပြောပြီးတာနဲ့ ခက်ဝေလတ်ရဲ့ အခန်းရှိရာဆီကို သွားဖို့ပြင်လိုက်တဲ့ ဖူးငုံပွင့်ရဲ့ခြေလှမ်းတွေက ပိန်းသေးရဲ့နောက်ဆက်တွဲစကားကြောင့် လမ်းခုလတ်မှာတင် ရပ်တန့်သွားရတယ်။
"အခုတော့ မသွားနဲ့အုံးမနွေ...အစ်ကိုလေးက အရှေ့ဘက်င်္ကြန်တံခါးကိုပါပိတ်သွားပြီး သူ မခေါ်မချင်း ဘယ်သူမှမလာစေနဲ့လို့ မှာသွားတယ် ''
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်ရင်ထဲမှာ စိုးရိမ်ပူပန်သွားမိသလို အရှေ့ဘက်ဆောင်ဆီကို ပြေးသွားချင်စိတ်ကိုလဲ မနည်းပင် ထိန်းထားလိုက်ရတယ်။
~~~~~
"သားငယ်ပြန်ရောက်နေပြီဆို... ထမင်းလာမစားဘူးလားဒေါ်ခိုင် "
ဒေါ်ဝေဝေမာက ထမင်းစား ပွဲမှာဝင်ထိုင်လိုက်ရင်း ထမင်းချက်ဒေါ်ခိုင်ကိုမေးလိုက်တယ်၊၊
"ဟုတ်ကဲ့ သူပင်ပန်းလာလို့ အေးအေးဆေးဆေးနားချင်တယ်ဆိုပြီး စင်္ကြန်တံခါးပါပိတ်ထားပါတယ် မဝေ .. သူဌေးကြီးအတွက် ထမင်းပွဲတော့ လာထွက်ယူသွားပါတယ် "
"ဟုတ်လား ..နေများမကောင်းလို့လား .... သားကိုသွားကြည့်လိုက်အုံးမယ် ..ရှင်စားနှင့်လေ ကိုမင်းလတ် "
ပြောပြီးတာနဲ့ ဒေါ်ဝေဝေမာက ထိုင်နေရာမှပြန်ထလိုက်တော့ သက်ဝေလတ်က မိခင်ကို မော့ကြည့်လိုက်ပြီး မကျေမချမ်း ပြောလိုက်တယ်။
" အလကားပါ ..သူ့အပြစ်အတွက်ကြောက်လို့ ထွက်မလာတာနေမှာပေါ့ ..အစကတည်းက ကြောက်လို့ ထွက်ပြေးသွားတာပဲဟာ "
သက်ဝေလတ်ရဲ့ စကားကြောင့် ဦးမင်းလတ်က မျက်နှာထားတင်းတင်းနဲ့ မော့ကြည့်လိုက်ပြီး
"ကိုသက် မင်းပါးစပ်ကို ပိတ်ထား စမ်း ..ဝေဝေ မင်းလဲထမင်းစားမှာ ကိုစား...မင်းသားက ကလေး မဟုတ်တော့ဘူး "
"အမေပြောတော့ လွယ်လိုက်တာ...သူကလူကသာမတုန်မလှုပ်နဲ့ သူ့ပစ္စည်းတွေကိုတော့ သိပ်သိတတ်တာ...ဘယ်အချိန်မေးမေးသူ့မှာ ငွေမရှိဘူးဆိုတာချည်းပဲ ..."
"ကဲ ...တော်ကြတော့... အခုဒီကိစ္စက မင်းခိုင်ကိစ္စဖြစ်သွားပြီး ...ငါတို့လဲ အပြန်အလှန်အနေနဲ့ကူနိုင်သလောက်ကူပေးခဲ့တာ နင်အသိပဲ မိညို ...ဒါနဲ့ အဲ့ဒီရတနာတွေက ရောတကယ်ရှိလို့လား ... သူ့အစ်ကိုက ဘာလုပ်ငန်းတွေရှိလို့လဲ ... မင်းခိုင်က သူ့စိတ်ထင်တာကို ပြောနေတာမဟုတ်ဘူးလား "
ဦးမင်းလတ်က မကျေမနပ်နဲ့ပြောလိုက်တယ်။ ဦးမင်းလတ်ရဲ့ စကားကို ဒေါ်ညိုညိုမာက ဆတ်ဆတ်ထိမခံပြန်ဖြေရှင်းလိုက်တယ်။
"အို ..သေချာပါတယ် ခဲအိုရယ် ... ရတနာကုန်သည်ဆီက သူသတင်းရလိုက်တာပဲဟာ ... "
"အေး သေချာတယ်ဆို ..အဲ့ဒီပစ္စည်းတွေက ဘယ်မှာလဲ ... ငုဝါမှာပါလာတဲ့ ရတနာပစွည်းဆိုလို့ ..နားကပ်နဲ့ဆွဲကြိုးပဲရှိတာလေ... သူတို့အိမ်မှာလဲ သုံးလေးလလုံးရှာတာ မရှိဘူးဆို ... မင်းခိုင်က ဘာလုပ်လုပ်သေချာရေရာမှုရှိတာမဟုတ်ဘူး ... ဟိုအရင်ကငွေကိစ္စတွေဖြစ်တာလဲ သူ့အသုံးမကျတာတွေကြောင့်ဖြစ်ခဲ့တာ ...ဒိုင်ကြီးကိုမတင်ဘဲ ငွေကိုဗြောင်လိမ်စားလိုက်ပြီးမှ ငါ့ကိုဇွတ်ငြင်းခဲ့တာ... တကယ်တော့ ဂဏန်းတွက်ပြီးမှ လယ်ဂျာထဲကိုသူသွင်းပြီး လုပ်ကြံခဲ့တာ .. အဲ့ဒီတုန်းက ငါလဲထူပူနေလို့ မရိပ်မိခဲ့တာ .. အေး တစ်ခါတည်းပြောလိုက်မယ် မိညို ..နောက်နောင် ဒီလိုကိစ္စတွေနဲ့ ငါတို့ကို မရှုပ်နဲ့တော့လို့ပြောလိုက် ....ခြိမ်းခြောက်တာမျိုးလဲ လုပ်ဖို့တွေးမနေနဲ့လို့ ပြောလိုက်.. သွားရင်လဲ အားလုံးတူတူသွားရမှာပဲ .. နင့်ကိုလဲ နင့်ရသင့်တာကို ပေးပြီးပြီမို့ ... နင်လဲသူနဲ့ ဆက်ပတ်သက်နေမယ်ဆိုရင် ထွက်သွားလိုက်တော့ ..ငါတို့အသက်ကြီးနေပြီမို့ အေးဆေးနေချင်နေပြီ "
" ဘယ်လိုပြောလိုက်တယ် ခဲအို ....ညိုက ရသင့်ရထိုက်တာကို ရပြီးပြီဟုတ်လား .. ဘယ်သူပြောလဲ ...ဒီအိမ်ကြီးကိုရောင်းရင်ညို့အတွက်လဲတစ်စုပါသေးတယ်လေ ခဲအိုရဲ့...ဒါတောင် အစ်ကို့အဖေဝှက်ထားတဲ့ပစ္စည်းတွေကို ထည့်မပြောသေးဘူးနော် ..."
ဒေါ်ညိုညိုမာရဲ့ တစ်ခွန်းမကျန်ပြန်ပြောလိုက်တဲ့စကားကြောင့် ဦးမင်းလတ်ရဲ့မျက်နှာက မေးကြောချည်းတွေ ထောင်ထလာအောင်ဒေါသထွက်သွားခဲ့တယ်။ ဒီအခြေအနေကို ရိပ်စားမိလိုက်တဲ့ဒေါ်ဝေဝေမာက ထိုင်နေရာမှထလိုက်ပြီး
"အခန်းထဲသွားရအောင် ကိုမင်းလတ် .. နင်လဲ စကားပြော ဆင်ခြင်စမ်းမိညို ....ဒီနေ့အချိန်ထိ ညည်းဆီကနေ ... ငါတို့အိမ်စရိတ်ရယ်လို့ တောင်းဖူးလားပြောပါအုံး ... အေး ပြီးတော့အဖေ ဝှက်ထားတယ်ဆိုတာကရော သေချာလို့လား ..ပစွည်းစာရင်းရှိနေလို့လား ပြောအုံး....အခုလဲ အဖေ့အခြေအနေကို ညည်းမြင်တဲ့အတိုင်းပဲလေ ..တချို့ကိစ္စတွေကို မှတ်တောင်မှတ်မိလို့လား ...ဒီအခြေအနေလောက်ဆိုရင် ကျေနပ်တော့ပေါ့ဟယ် .. နင့်အသက်လဲ ငါးဆယ်နားကပ်နေပြီနော် .. လောင်းကစားကိုရောမင်းခိုင်ဆိုတဲ့ကောင်ကိုပါ စွန့်ပစ်သင့်နေပြီ သိရဲ့လား .. နောက်ဆို နင်တို့ကိစ္စတွေမှာ ငါ့သားတွေကို ဆွဲမထည့်နဲ့တော့ ..နင်တို့လိုလူတွေက ဘယ်လောက်ရရလောက်မဲ့ဟာတွေမဟုတ်ဘူး ..သက်ဝေလတ်မင်းလဲအချိုးတွေပြင် .. မင်းပါလောင်းကစားပဲလုပ်နေမယ်ဆိုရင် ...ဒီအိမ်ကိုရောင်းပြီးစိတ်ကြိုက်သာလုပ်ကြ... ငါလဲ လောကကြီးကို စိတ်ကုန်နေပြီ "
ဒေါ်ဝေဝေမာက အားလုံးကို မာန်မဲပြောဆိုလိုက်ပြီး သားဖြစ်သူရဲ့ အခန်းထဲကထွက်ခဲ့လိုက်တယ်။ ~~~~~.
အခန်းထဲကနေဒေါ်ဝေဝေမာ ထွက်လာချိန်မှာ ဖူးငုံပွင့်အခန်းထောင့်ရဲ့ အမှောင်ရိပ်ကျတဲ့နေရာမှာ အသက်ကိုအောင့်ထားကာရပ်နေလိုက်တယ်။ ဒေါ်ဝေဝေမာတို့ပြောနေတဲ့ စကားတွေကိုဖူးငုံ ပွင့်လုံးစေ့ပတ်စေ့ နားမလည်နိုင် ပေမဲ့ ဦးမင်းလတ်နဲ့ ဒေါ်ဝေဝေမာအပါအဝင် သူတို့အားလုံးမှာ လူသိမခံဝဲ့တဲ့ကိစ္စတွေရှိနေတာကို သိလိုက်ရတယ်။ငုဝါရဲ့ ကိစ္စမှာလဲ သူတို့အားလုံးပူးပေါင်းကြံစည်ထားခဲ့ပုံပင်။ဒါပေမဲ့ကိစ္စတွေက သူတို့ထင်သလိုဖြစ်မလာခဲ့တော့ အချင်းချင်း သွေးကွဲလာခဲ့ကြပုံပင်။
~~~~~
"ဟယ်လို နွေ .. ငုဝါအိမ်ပြန်ရောက်နေပြီနော် ... အရေးအကြောင်းရှိရင် နွေလာလို့ရတယ်နော် .. လာမယ်ဆိုရင် လာကြိုပေးမယ် "
" ဟုတ်ကဲ့ ..မငုဝါ အဆင်ပြေတယ် မဟုတ်လားဟင် ..."
ဖုန်းဆက်လာတဲ့ ငုဝါကို ဖူးငုံပွင့်ပြန်မေးလိုက်တယ်။
"ပြေပါတယ်နွေ ... ငုဝါတို့ဆုံမှ ဒီကိစ္စတွေအားလုံးကို သေချာပြောပြမယ် ..ငုဝါမှာ အရေးတကြီး ကိစ္စတစ်ခုကျန်သေးတယ်လေ .. နွေလဲ အဲ့ဒီအိမ်မှာသတိထားနေ နော် ..သူတို့ကတစ်မိသားစုလုံး လူစိတ်ရှိကြတာမဟုတ်ဘူး ..ငုဝါ သဘောအရတော့ နွေ့ကိုအလုပ်က ထွက်စေချင်ပြီ "
"ဟုတ်ကဲ့ပါ မငုဝါ ....နွေလဲ မကြာခင် အလုပ်ထွက်ဖို့စီစဉ်ထားပြီးသားပါ ..ရန်ကုန်မပြန်ခင်မငုဝါဆီကိုလာလည်ပါ့မယ်..ဒါပဲနော် မငုဝါ "
ဖူးငုံပွင့် ဖုန်းကိုချလိုက်ပြီးဦးအောင်ဒင် အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ခက်ဝေလတ်တစ်ယောက် ခရီးထွက်သွားလိုက်တာ လေးငါးရက်ကနေ ဆယ်ရက်ပင် ပြည့်ပေတော့မယ်။ ဒီဆယ်ရက်အတောအတွင်းမှာ အဘိုးအိုကြီး ဦးအောင်ဒင်ခမျာလဲ မြေးကိုလွမ်းလို့ပဲလားဒါမှမဟုတ်သားသမီးတွေက သူ့အခန်းထဲဟိုရှာဒီရှာ လုပ်ရင်း စစ်ဆေးမေးမြန်းခံနေရလို့ပဲလားရယ်မသိ လူကအတော်လေးပြန်ကျသွားခဲ့တယ် ။ခက်ဝေလတ်ရှိတုန်းကလို
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၂)
********
နေလင်းရဲ့စကားကို ဖူးပုံပွင့်စိတ်လှုပ်ရှားစွာနားထောင်နေမိတယ်။
''သက်ဝေလတ်က မိန်းမပြသာနာနဲ့လျော်ကြေးတောင်းခံရပြီး ထောင် ကျမလို့ပါဖြစ်ခဲ့တယ်.... ဦးမင်းလတ်တို့ကလဲ သုံးလုံးချဲထီးကိစ္စမှာငွေတွေမလျော်နိုင်လို့ အသက်
ကိုပါရန်ရှာခံခဲ့ရသေးတယ်...ဒါပေမဲ့ တစ်လအတွင်းမှာ အဲ့ဒါတွေကို ရှင်းပေးသွားခဲ့ပြီး တိတ်တဆိတ်ပြောင်းသွားခဲ့ကြတယ်.... ငွေမရှိလို့ အသက်ကို ရန်ရှာခံနေရတဲ့သူတွေက ငွေသိန်းရာကျော်ကို တစ်လအတွင်းမှာ ပေးဆပ်နိုင်ခဲ့တာက မယုံကြည်နိုင်စရာဖြစ်ခဲ့တယ် ... ပြီးတော့ တိုက်ဆိုင်တာက သူတို့အဲ့ဒီလိုဖြစ်နေချိန်က ..အဘွားလေးဆုံးတဲ့အချိန်နဲ့တစ်လတည်းပဲ ... သူတို့ လှိုင်သာယာကနေပြောင်းသွားပြီး နှစ်နှစ်ကျော်ကြာမှ ကလောကို ပြောင်းခဲ့ကြတာ...ကြားထဲက (၂) အတွင်းမှာ ဘယ်မှာနေခဲ့လဲ ကွင်းဆက်ပြတ်နေခဲ့တယ် ..."
ကြားလိုက်ရတဲ့ စကားတွေကြောင့် ဖူးငုံပွင့်စိတ်မောစွာ သက်ပြင်းချလိုက်မိပြီး
" ကွင်းဆက်ပြတ်နေတဲ့ နှစ်နှစ်ကို .. ကျွန်မစုံစမ်းပေးပါ့မယ်ကို နေလင်း ''
"ဘယ်လို မဟုတ်တာ .. မင်းစုံစမ်းလို့ မဖြစ်ဘူး ...ငုဝါဆီက သတင်းကြားရသလောက်တော့ သူတို့မိသားစုမှာ အငယ်ကောင်တစ်ယောက်ပဲ လူစိတ်ရှိပုံရတယ် ... မင်းလဲအဲ့ဒီအိမ်ကနေအမြန်ဆုံးထွက်သွားသင့်ပြီ "
" ဟုတ်ကဲ့ပါ ...ကိုနေလင်းလဲဂရုစိုက်ပါနော် "
နေလင်းဆီက ဖုန်းချသွားချိန်မှာ ဖူးငုံပွင့်အတွေးများစွာနဲ့ကျန်နေခဲ့တယ်။ခက်ဝေလတ်တစ်ယောက် ခရီးထွက်သွားတာဒီနေ့ဆိုရင် သုံးရက်ရှိနေခဲ့ပြီ။သုံးရက်အတွင်းမှာ နှစ်ယောက်သားညဘက်တွေသာ ဖုန်းခဏပြောဖြစ်ကြပြီး နေ့ခင်းဆိုရင် အဆက်အသွယ်မလုပ်ဖြစ်ကြပေ။ ရှေ့ဆက်ဘာတွေဖြစ်လာမယ်မှန်းမသိပေမဲ့ အကြောင်းအရာတွေက ပိုသိလာရလေ ပိုပြီးကြောက်စရာကောင်းလာလေလေဖြစ်လာခဲ့တာမို့ ဖူးငုံ ပွင့်တွေးပြီးကြောက်နေမိတာတော့အမှန်ပင်။
~~~~~~
"ဒါတွေက ဘယ်လိုဖြစ်ရတာလဲလေးလေး... အိမ်အကောင်းကြီးကို ဘာတွေလုပ်ထားတာလဲ "
အိမ်ရဲ့ထပ်ခိုးတွေနဲ့ နံရံအချို့ကို ဖြိုဖျက်ထားတာမို့ ဦးလေးဖြစ်သူကို နားမလည်နိုင်စွာ ငုဝါမေးလိုက်တယ်။
''အိမ်ပြင်နေတယ်လို့ မင်းကို ပြောထားပြီးသားလေ "
ဦးမင်းခိုင်က အသံမာမာနဲ့ ပြန်ဖြေလိုက်တယ်။
"ပြန်ပြင်ရလောက်အောင် အိမ်က ပျက်စီးမနေဘူးလေ ... ပြီးတော့ ဦးဗလနဲ့ဒေါသီကိုရော ဘာလို့ အလုပ်ထုတ်ပစ်လိုက်ရတာလဲ ..ဦးလေးလစာပေးနေရလို့လား ပြောပါအုံး ...ဦးဗလတို့ လင်မယားကို အဖေတို့ခေါ်ထားခဲ့တာမို့ ...ငုဝါတစ်သက်လုံးခေါ်ထားမှာလို့ လေးလေးကိုပြောပြီးသားလေ "
" မင်းဒီအိမ်မှာမရှိလို့ ငါလုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဘာဖြစ်လဲ ...မင်းမကျေနပ်ရင် ခြံဖို့ငွေအမ်းပေးရင် ငါချက်ချင်းထွက်သွားပေးမယ်....မင်းဆီမှာ မင်းအဖေ ပေးထားတဲ့ရတနာပစ္စည်းတွေရှိတယ်မဟုတ်လား ...အဲ့ဒီထဲကပေးလေ "
ဦးလေးဖြစ်သူရဲ့ စကားကြောင့် ငုဝါအံလေးကိုကြိတ်လိုက်ပြီး
" ဟုတ်ပြီလေ ... ဒါဆိုရင် လေးလေးရဲ့အလုပ်သမားတွေကို ချက်ချင်းပြန်ခိုင်းလိုက်တော့ ...မနက်ဖြန်ကျရင် ငွေရှင်းဖို့ရှေ့နေ့ ရုံးမှာတွေ့ပါမယ်...ငွေရှင်းပြီးတာနဲ့ လေးလေးပစ္စည်းတွေ အကုန်ယူပြီးပြောင်းသွားပေးပါ..လေးလေးဘာလို့ အခန်းတွေကို ပြုပြင်နေလဲမသိပေမဲ့ အိမ်ကိုရောခြံကိုရောမြေလှန်ရှာရင်တောင် အမှိုက်အပြင်ဘာမှထွက်လာမှာမဟုတ်တာ သေချာတယ် ..... အိမ်ပိုင်ရှင်က သုံးလေးလလောက် အိမ်ကိုဒီတိုင်းပစ်ထားခဲ့တယ်ဆိုကတည်းက သိသင့်တာပေါ့ .."
ငုဝါရဲ့ စကားအဆုံးမှာ ဦးမင်းခိုင်တစ်ယောက် နေရာကနေမျက်နှာထားတင်းတင်းနဲ့ ထွက်သွားခဲ့တယ်။ငုဝါကတော့ ဦးလေးဖြစ်သူရဲ့ ကျောပြင်ကိုကြည့်ပြီး သက်ပြင်းမောကိုချလိုက်မိတယ်။
"ဦးဗလနဲ့ဒေါ်ကြီသီတို့လဲ ..ဒီနေ့တော့ အိပ်မဲ့အခန်းတွေကိုပဲရှင်းကြပါ .. နောက်ရက်မှ အလုပ်သမားတွေခေါ်ပြီး တစ်အိမ်လုံးပြန်ရှင်းရမှာပဲ ... ညဘက်အိပ်ရင်လဲ ... ငုဝါတို့သတိဝရိယနဲ့အိပ်မှ ဖြစ်မယ် ..ဦးလေးအရင်းခေါက်ခေါက်ဆိုပေမဲ့ ယုံကြည်ထားလို့ မရတော့ဘူး ... အခုချိန်မှာ ငုဝါအတွက်ယုံကြည်ရတဲ့သူဆိုလို့ ဦးကြီးနဲ့ဒေါ်ကြီးပဲရှိတာ့တယ် "
ငုဝါက ဦးဗလနဲ့ ဒေါ်သီကို အားကိုးတကြီးနဲ့ ပြောလိုက်မိတယ်။
~~~~~
"ဒီကောင်မက ဗီဒီယိုကိုဘယ်လိုလုပ်ရတာလဲ... တစ်ချိန်လုံးကျွန်တော်နဲ့ တူတူရှိနေတာပဲလေ...သူ့မှာဖုန်းလဲမရှိပါဘူး ..."
သက်ဝေလတ်က မကျေနပ်နိုင်ဘဲပြောလိုက်တယ်။
" သူ့မှာ မင်းမသိအောင်ရထားတဲ့ ဖုန်းရှိလို့နေမှာပေါ့... ဒီအိမ်မှာမင်းရဲ့ညီအပြင်ဘယ်သူက ဒါကိုလုပ်ရဲမှာလဲ .."
ဒေါ်ညိုညိုမာက မကျေမနပ်ပြောလိုက်တယ်။
" အဲ့ဒါကြောင့် ဒီကောင်ပြန်လာကတည်းက ကျွန်တော်ကြည့်မရတာ "
သက်ဝေလတ်က အဒေါ်ဖြစ်သူရဲ့စကားကိုသံယောင်လိုက်ပြောလိုက်ပြီး မိခင်နဲ့ ဖခင်ကို ကြည့်လိုက်တယ်။ဖခင်ဖြစ်တဲ့ ဦးမင်းလတ်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေပြီး ဒေါ်ဝေဝေမာက သား နဲ့ ညီမကိုကြည့်ကာ
"တော်စမ်းသားကြီး...မင်းတို့ထင်ရာကို ဇွတ်မပြောနဲ့... ဒါတွေအားလုံးက မင်းတို့အသုံးမကျလို့ ဖြစ်တာလေ .... သုံးလေးလလောက်သည်းခံပြီးချော့ပေါင်းနေတော့ ဘာဖြစ်မှာမို့လို့လဲ ...မင်းတို့စိတ်တွေချည်းပဲ "
"ဟုတ်ကဲ့ ဒေါ်ကြီး "
ဖူးငုံပွင့်နဲ့ ပိန်သေးတို့ ဒေါ်ခိုင်ရဲ့ခိုင်းစေမှုကြောင့် အပေါ်ထပ်ကို တက်ခဲ့ရတော့တယ်။
~~~~~
"နေ့လယ်က ဘယ်သွားတာလဲ ...ဘာမှလဲမပြောသွားတော့ စိတ်ပူလိုက်တာ .. အိမ်မှာကလဲ ပြဿနာတက်နေတော့ ပိုဆိုးတယ် "
ဖူးငုံပွင့်က ခက်ဝေလတ်ရဲ့ မျက်နှာကိုငေးစိုက်ကြည့်ပြီး မေးလိုက်တယ်။
"အင်း ..အရေးတကြီးကိစ္စလေးပေါ်လာလို့ပါ...သူတို့ကိစ္စကလဲ မငုဝါကိုယ်တိုင်ဖြေရှင်းနိုင်ပါပြီ ...နွေစိတ်မပူပါနဲ့တော့ ..ပြီးတော့ နွေ့ကို ကိုယ်ပြောစရာရှိတယ် ..ကိုယ်တစ်ရက်နှစ်ရက်လောက် ခရီးထွက်စရာရှိတယ် .. အဲ့ဒါ နွေ့ကိုထားခဲ့ရမှာစိတ်မချဘူး... နွေလဲ အလုပ်ထွက်ပြီးပြန်တော့ကွာနော် "
ခက်ဝေလတ်ရဲ့စကားကြောင့် ဖူးငုံပွင့်အံ့သြသွားရပြီး
"ကိုခက်ပြောတော့ လကုန်မှထွက်ဆို..အားချင်းကြီး ဘယ်လိုထွက်လို့ရမှာလဲ .. ဒါနဲ့ ကိုခက်ကဘယ်သွားမလို့လဲဟင် "
ဖူးပုံပွင့်ရဲ့ အမေးကိုခက်ဝေ လတ်ဖြုန်းခနဲ ပြန်မဖြေဘဲ တိတ်ဆိတ်နေပြီးမှ
"အလုပ်ကိစ္စအတွက် သူဌေးနဲ့သွားတွေ့ရမှာနွေရဲ့ ...ရန်ကုန်ရုံးမှာ တာဝန်ကျဖို့ကိုလဲ ဆွေးနွေးရအုံးမယ် ..သူဌေးနဲ့အတူ တောင်ကြီးရုံးခွဲတွေမှာပါ လိုက်လေ့လာရမှာဆိုတော့သုံးလေးငါးရက်လောက်ကြာမယ်ထင်တယ် ... "
"ကိုခက်ရယ် သုံးလေးရက်ပဲကြာမှာမဟုတ်လား ...ဘာပဲဖြစ်ဖြစ်လကုန်မှ ပြန်လိုက်တော့မယ်လေ ... ဒီမှာလဲဘာကိစ္စမှမရှိတော့ဘူးဆိုတော့ ...နွေ့အတွက်စိတ်ပူစရာမှ မရှိတာ ....ကိုခက်ခရီးသွားနေချိန်မှာ အဘိုးကို နွေကြည့်ပေးထားမယ်လေ "
ဖူးငုံပွင့်ရဲ့စကားကြောင့် ခက်ဝေလတ် သက်ပြင်းကိုချလိုက်ပြီး ဖူးငုံပွင့်ရဲ့ ပခုံးလေးကိုဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိပြီး
"ပြောရခက်လိုက်တာကွာ ... မင်းကို အိမ်မှာထားခဲ့ပြီး သွားရမှာကို စိတ်မဖြောင့်ပါဘူး....ဘာကိစ္စထဲမှဝင်မပါဘူးလို့ ကတိပေးမလားပြော...နွေကတိပေးမှ ကိုယ်စိတ်ချမှာ...အရေးအကြောင်းဆို မငုဝါလိုပဲစခန်းကိုဖုန်းဆက်နော် ... ''
"အင်းပါ ကိုခက်ရယ်...ပိန်သေးတို့နဲ့အတူ အိမ်အလုပ်တွေပဲလုပ်မှာပါ စိတ်မပူနဲ့နော် ...ကိုခက်လဲ ဂရုစိုက်နော် ... ကျန်းမာရေးကိုလဲ ဂရုစိုက်နော် "
"ဟုတ်ကဲ့ပါဗျာ ... ကိုယ်ပြောတာတွေကိုလဲနားထောင်နော်နွေ "
ဖူးငုံပွင့်နဲ့ ခက်ဝေလတ်တို့တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မှာကြားရင်း နှစ်ယောက်သားတစ်ယောက်လက်ကိုတစ်ယောက်ခပ်တင်းတင်းဆုပ်ကိုင်ထားမိကြတယ်။
~~~~~~~
"အဖေ ဒီလိုပဲရေငုံနှုတ်ပိတ်နေလို့တော့မဖြစ်ဘူးနော် ....အဖေ့သားနဲ့အဖေ့ချွေးမမိန်းမလည်အကြောင်းကို သိတယ်မဟုတ်လား .... အခုလဲသူတို့ဆီမှာ ပွဲရုံရော ..စိုက်ပျိုးရေးခြံတွေအပြင်အထည်ဆိုင်ကြီးနှစ်ဆိုင်ပါရှိတယ် ....ပြီးတော့ အဖေ့မြေး သက်ဝေလတ်ကလဲ တည်းခိုခန်းဖွင့်မလို့ဆိုလားဘာလား...တကယ်တမ်း ဘာမှမရှိတာက ကျွန်မတို့သားအမိပါ အဖေရဲ့ .. အစ်ကိုကြီးကို အဖေပိုပေးခဲ့ တာမဟုတ်လား.....ဒီတစ်ခါတော့ အဖေဝှက်ထားတဲ့ပစွည်းတွေထဲက ကျွန်မတို့သားအမိကိုပေးပါအဖေ ....မဝေတို့ ညီအစ်မတွေနဲ့အတူမနေချင်တော့ဘူး...ရန်ကုန်မှာပြောင်းနေချင်တယ်... ပစ္စည်းတွေကို အဖေ့မြေးအငယ်ကောင်ကိုပေးဖို့ တွေးမနေနဲ့နော်...အဖေ့သမီးကျွန်မကမုဆိုးမပါ ...ပစွည်းတွေဘယ်မှာဝှက်ထားလဲဆိုတာပြောပါအဖေ "
ဦးအောင်ဒင်ရဲ့အခန်းထဲက စကားသံတွေကြောင့် ဦးအောင်ဒင်အတွက်နေ့လယ်အဆာပြေစာယူလာခဲ့တဲ့ဖူးငုံပွင့်မှာ အခန်းရှေ့မှာ ခြေစုံရပ်ပြီးငြိမ်သက်နေမိတယ်။ဒေါ်ခင်မိုးတစ်ယောက်ထူးထူးခြားခြား နေ့လယ်ခင်းကြီးပြန်ရောက်လာတာမို့ ဖူးငုံပွင့်စိတ်ထဲ စိုးထိတ်နေခဲ့မိတာ။တကယ်လဲ ဒေါ်ခင်မိုးကအကြံအစည်နဲ့ ပြန်လာခဲ့တာဖြစ်နေတယ်။ဒီရက်ပိုင်းမှာ ခက်ဝေလတ်ကလဲ ခရီးထွက်သွားပြီး ကျန်တဲ့မိသားစုတွေကလဲ သက်ဝေလတ်နဲ့ငုဝါရဲ့ အမှုကိစ္စအတွက် အလုပ်တွေရှုပ်နေကြတာမို့ ဦးအောင်ဒင်ကို အာရုံထဲမှာ ရှိကြပုံကိုမရဘူး။ ဒီလိုအချိန်မှာ ဒေါ်ခင်မိုးတစ်ယောက် မနက်ဘက်ဆိုင်သွားလဲနောက်ကျတတ်ပြီး အိမ်ထဲမှာတစ်ခုခုကိုရှာနေတာကိုတော့ သူ့တို့အားလုံးကိုသတိထားစောင့်ကြည့်နေခဲ့တဲ့ ဖူးငုံပွင့်တစ်ယောက်သာ သတိထားမိနေခဲ့တာဖြစ်တယ်။ အခန်းထဲကနေ ဒေါ်ခင်မိုးထွက်မလာခင်မှာ ဖူးငုံပွင့်မီဖိုးခန်းဘက်ကိုခပ်သွက်သွက်ပြန်လျှောက်လာခဲ့လိုက်တယ်။
~~~~~~
"ဟယ်လို ကိုနေလင်းပြောလေ.... ဘယ်သူမှ မရှိပါဘူး "
ဖူးငုံပွင့်ဖုန်းကိုကိုင်ပြီးပြောလိုက်တယ်။
''ကိုယ်စုံစမ်းလို့ရတဲ့သတင်းကို ပြောပြမလို့နွေ ... လွန်ခဲ့တဲ့ (၁၃) နှစ်ကျော်က ဦးမင်းလတ်တို့မိသားစုမှာလူသိပ်မသိတဲ့ပြဿတွေဖြစ်ခဲ့တယ်... ''
@@@@@@@@@@@@@@@@@@
အပိုင်း(၂၂ )
#ဧကြည်ဖြူ
ငုဝါရဲ့စကားကြောင့်ဖူးငုံးပွင့်ပြုံးကာ ခေါင်းကိုခပ်ဖြည်းဖြည်း ခါယမ်းလိုက်မိတယ်။
"ကျွန်မကို အလုပ်ခေါ်လို့ ကျေးဇူးတင်ပါတယ် မငုဝါ ...ဒါပေမဲ့ ဒီလကုန်ရင်ကျွန်မ ရန်ကုန်ပြန်တော့မှာပါ ... ရန်ကုန်မှာက ဒေါ်လေးတစ်ယောက်တည်းကျန်ခဲ့လို့ပါ... "
" ဪ ..အဲ့ဒီလိုလား .....တကယ်လို့လိုအပ်တဲ့ အကူအညီရှိရင်ပြောနော် နွေ..အားလုံးအတွက်ကျေးဇူးတင်ပါတယ်....ငုဝါသွားတော့မယ်နော်..ခုတစ်ခါတည်း နှုတ်ဆက်ခဲ့ပါတယ် ..သူတို့တွေရှေ့မှာ စကားပြောလို့မဖြစ်လို့ ထပ်ပြီး နှုတ်မဆက်တော့ဘူးနော် "
နှုတ်ဆက်စကားပြောပြီး ထွက်သွားတဲ့ငုဝါကိုကြည့်ပြီး ဖူးငုံပွင့်ပါဝမ်းသာပျော်ရွင်နေမိတယ်။
ဖူးငုံပွင့်ပေးလိုက်တဲ့ ကင်မရာလေးကငုဝါအတွက် အနိုင်တိုက်ပေးနိုင်တဲ့ လက်နက်တစ်ခုဖြစ်ပါစေလို့ပဲ ဖူးငုံပွင့်ဆုတောင်းနေမိတယ်။
~~~~~
" ငုဝါ ..ငုဝါ ...မင်းတံခါးဖွင့်စမ်း ... မဖွင့်ဘူးလား .... သော့ရှိလားအန်တီညို . ..."
ဦးမင်းခိုင် ပြန်သွားပြီးတစ်နာရီကျော်အတွင်းမှာ သက်ဝေလတ်နဲ့ ဒေါ်ညိုညိုမာ အိမ်ကိုပြန်ရောက်လာခဲ့ပြီး ငုဝါနေတဲ့ အခန်းရှေ့မှာ အော်ဟစ်သောင်းကျန်းနေကြခြင်းဖြစ်တယ်။တစ်အိမ်လုံးမှာ အလုပ်သမားတွေနဲ့ ဦးအောင်ဒင် တစ်ယောက်သာရှိတာကိုသိတာမို့ သက်ဝေလတ်တို့ တူအရီးက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ငုဝါကို အော်ဟစ်ဆဲဆိုနေကြခြင်းဖြစ်တယ်။
"ဒုက္ခပါပဲ မနွေရယ်...အစ်ကိုလေး ခက်ဝေလတ်ကလဲ ခုနလေးတင်ပဲ အပြင်ထွက်သွားတာ ..မငုဝါတော့ အရိုက်ခံရမလားမသိဘူး "
ပိန်သေးက အနားကပ်ပြီး တိုးတိုးပြောလိုက်တာမို့ ဖူးငုံးပွင့်အံ့ဩသွားရပြီး ပြန်မေးလိုက်မိတယ်။
"ကိုခက်ဝေလတ် အပြင်သွားတယ်ဟုတ်လား .. "
" ဟုတ်တယ်လေ မနွေ..ခုနပဲဆိုင်ကယ်နဲ့ထွက်သွားတာ ...အဘိုးကို ကြည့်ဖို့တောင် မမှာသွားဘူး ...ဘာတွေ အရေးကြီးနေလို့လဲ မသိဘူး "
ပိန်သေးရဲ့ စကားကြောင့် ဖူးငုံပွင့်စိတ်ထဲပူသွားမိတယ်။အပြင်ထွက်လေ့မရှိတဲ့သူက သူမကို မပြောမဆိုဘဲအရေးတကြီး ထွက်သွားတယ်ဆိုတာ့ ပူပန်မိတာအမှန်။ညတုန်းက အပေါ်ထပ်မှာ ပြဿနာတွေဖြစ်ပြီးတော့ နှစ်ယောက်သားခဏတစ်ဖြုတ်တွေ့လိုက်ကြတာကလွဲလို့ မနက်လင်း တော့ ခက်ဝေလတ်မျက်နှာကို ဖူးငုံပွင့်မမြင်ရသေးပါလေ။ ဦးအောင်ဒင်ကို မနက်အဆာပြေစာ သွားပို့တော့လဲ ခက်ဝေလတ် အခန်းကပိတ်ထားခဲ့တယ်။
"ဒုက္ခပါပဲ မနွေရယ် ..မငုဝါတော့ သေအောင်အရိုက်ခံရတော့မယ် ထင်တယ်... ဘယ်လိုလုပ်ကြမလဲဟင် "
အိမ်ပေါ်ထပ်ဆီက တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့တံခါးကို ထုရိုက်သံတွေပေါ်ထွက်နေတာမို့ ပိန်သေးက အလန့်လန့်အဖျပ်ဖျပ်နဲ့ပြောလိုက်တယ်။ ဖူးငုံပွင့်လဲဘာလုပ်လို့လုပ်ရမှန်းဖြစ်သွားမိတယ်။မတတ်နိုင်တဲ့အဆုံးမှာ ရဲ့ကိုဖုန်းဆက်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဖူးငုံပွင့်ဖုန်းကိုထုတ်လိုက်တယ်။ ဒီအချိန်မှာပဲ ခြံဝက ဟွန်းတီသံကျယ်ကျယ်လောင်လောင်ကိုကြားလိုက်ရတာမို့ ဖူးငုံပွင့်ဝမ်းသာအားရနဲ့ ခြံ၀ကို ပြေးထွက်ခဲ့မိတယ်။
~~~~~
ဖူးငုံပွင့်ခြံဝကိုရောက်ချိန်မှာတော့ ခြံဝမှာရပ်နေတဲ့ တူညီဝတ်စုံနဲ့ရဲနှစ်ယောက်ကိုကြည့်ပြီး အံ့သြသွားမိဝယ်။
"ဒီအိမ်မှာ မငုဝါရှိတယ်နော်...သူ့ကို ရန်မူဖို့လုပ်နေကြတယ်လို့ စခန်းကို ဖုန်းဆက်ထားလို့ပါ ...တံခါးဖွင့်ပေးပါ ...ကျွန်တော်တို့ ဝင်စစ်ဆေးပါမယ် "
"..ဟုတ် ... ဟုတ်ကဲ့ "
ရဲသားရဲ့ စကားအဆုံးမှာ ဖူးငုံပွင့်ခြံတံခါးကို ဖွင့်ပေးလိုက်တယ်။
"ဒါနဲ့ မငုဝါဘယ်မှာလဲ "
"ဟုတ်ကဲ့ ...အိမ်အပေါ်ထပ်မှာပါရှင် "
ဖူးငုံပွင့်ဖြေလိုက်တာနဲ့ ရဲနှစ်ယောက်က ခြံထဲကိုအပြေးဝင်သွားပြီး အိမ်ထဲအထိအပြေးဝင် ရောက်သွားကြတယ်။ဖူးငုံပွင့်မှာ ရဲနှစ်ယောက်ရဲ့နောက်ကနေ ကမန်းကတန်းပြေးလိုက်ခဲ့ရတော့တယ်။
--~~~~~~~
သက်ဝေလတ်နဲ့ ဒေါ်ညိုညိုမာက ငုဝါရှိနေတဲ့အခန်းတံခါးကို သော့နဲ့ဖွင့်လိုက်ပေမဲ့ အထဲကနေ ငုဝါကအခန်းတံခါးကိုခုံတွေအဆင့်ဆင့်ခံပိတ်ထားတာမို့ တံခါးက ပွင့်ရုံသာပွင့်ပြီးတွန်းဖွင့်မရဖြစ်နေခဲ့တယ် ။
"မင်း အသားမနာချင်ရင် ..ခုချက်ချင်းတံခါးဖွင့်စမ်း...အပြင်မှာ မင်းအကောင်လဲမရှိဘူး...ခေါင်းကြောမမာနဲ့နော် "
'ဒုန်း ..ဒုန်း ....."
သက်ဝေလတ်က ကြိမ်းမောင်းပြောဆိုပြီး တံခါးကိုထပ်မံကန်းကျောက်ထုရိုက်ပစ်လိုက်ချိန်မှာပဲ ရဲနှစ်ယောက်က အပေါ်ထပ်ကိုရောက်လာခဲ့ပြီး
"နှစ်ယောက်လုံးရပ်လိုက်ပါ ...မငုဝါကသူ့ကို သူ့ခင်ပွန်းနဲ့အဒေါ်ဖြစ်သူက ...အသက်ကိုရန်မူဖို့ ကြိုးစားနေတယ်လို့ ...ဖုန်းဆက်အကြောင်းကြားလို့ စစ်ဆေးဖို့ ရောက်လာတာပါ ...နှစ်ယောက်လုံးငြိမ်ငြိမ်လေးရပ်နေပါခင်ဗျာ ...အခန်းထဲက ဘယ်သူလဲ ..မငုဝါလားခင်ဗျာ "
"ဟုတ်.. ဟုတ်ပါတယ်ရှင် ကျွန်မငုဝါပါရှင် ...ကျွန်မကိုကယ်ကြပါအုံးရှင် ''
ရဲတွေရဲ့မေးသံကြောင့် ငုဝါက အခန်းထဲကနေ ပြန်လည်အော်ဟစ်ဖြေဆိုလိုက်တယ်။
~~~~
"ကဲ ကိုသက်ဝေလတ်နဲ့ဒေါ်ညိုညိုမာတို့လဲ ... စခန်းကိုလိုက်ခဲ့ကြပါ ..မငုဝါလဲလိုက်ခဲ့ပါ "
ရဲနှစ်ယောက်နဲ့အတူ ငုဝါတို့ ပါသွားကြပြီးတဲ့နောက်မှာ သုခမြိုင်စံအိမ်ကြီးက ပြန်လည် တိတ်ဆိတ်သွားခဲ့တယ်။
" မိနွေနဲ့ ပိန်သေး....အပေါ်ထပ်က အကျိုးအပဲ့တွေကိုအမြန်သွားရှင်းကြစမ်း ..."
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း(၂၁)
********
"အိမ်ကိုပြန်ပြင်နေတယ် ... တည်းခိုခန်းအသေးစားလေးဖြစ်ဖြစ်ဖွင့်မလားလို့လေ .. တူမလေးမှာလဲ အလုပ်မရှိတော့ လုပ်ငန်းတစ်ခုလောက်ရှိသွားတာပေါ့ "
"ဘယ်လိုပြောလိုက်တယ် လေးလေး .. တည်းခိုခန်းဟုတ်လား ... အဲ့ဒီအိမ်က လေးလေးတစ်ယောက်တည်းပိုင်တာမဟုတ်ဘူးနော် .. လေးလေးလုပ်ချင်တိုင်းလုပ်လို့မရဘူး ..အခု အိမ်ကိုသွားကြည့်မယ် ..."
ငုဝါကထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ဦးလေးဖြစ်သူကို ဒေါသတကြီးနဲ့ပြောလိုက်တယ်။ ဦးမင်းခိုင်ကလဲ ငုဝါကိုပြန်အော်လိုက်တယ်။
"မင်းစကားပြောတာမရိုင်းနဲ့ ငုဝါ .. အဲ့ဒီခြံက ငါ့မိဘတွေပိုင်တဲ့ ခြံပဲ ..တကယ်ဆိုအစ်ကိုကြီးမရှိတော့ရင် မင်းကိုမပေးဘဲနေလို့ရတယ်ကွသိရဲ့လား ... အစ်ကိုကြီး မျက်နှာကြောင့် ပေးတယ်ဆိုတာကိုသိရဲ့လား "
ဦးလေးဖြစ်သူရဲ့စကားအဆုံးမှာ ငုဝါကထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီး
"အဲ့ဒါဆို လေးလေးပြောလို့ပြောရအုံးမယ် ..လွန်ခဲ့တဲ့ဆယ်သုံးနှစ်က လေးလေးရဲ့လောင်းကစားကြွေးတွေကိုဆပ်ဖို့ ခြံကိုပေါင်ခဲ့တာကို ငုဝါမသိဘူးထင်နေလား ...အဘွားကိုယ်တိုင် အဖေတို့ကိုပြောနေတာကိုကြားခဲ့တာ.... နောက်တော့ ခြံကို အဖေနဲ့အမေပဲပြန်ရွေးယူခဲ့ပြီး အိမ်ကိုလဲအဖေတို့ပဲဆောက်ခဲ့တာ ....အဲ့ဒီနောက်ပိုင်းမှာလေးလေး ငွေတွေရလာတော့လဲအိမ်ကိုတစ်ပြားတစ်ချပ်မှပြန်မဆပ်ဘဲ တည်းခိုးခန်းဟောင်းတစ်ခုကိုပြန်ဝယ်လိုက်တာလေ ..အဘွားဆုံးတာတောင် နာရေးစရိတ်ပေးခဲ့လို့လားပြောပါအုံး ..အဲ့ဒီအိမ်နဲ့ ခြံက အဖေ့နာမည်နဲ့ဆိုတာကိုလဲ ငုဝါသိပြီးသားပဲ ... ကိုယ်တွေတူအရီး နှစ်ယောက်တည်းမို့ မပြောဘဲနေခဲ့တာ... ရှေ့ဆက်ပြီး လေးလေးဒီလိုဆက်လုပ်နေရင် ငုဝါသည်းမခံတော့ဘူးနော် "
စကားကိုတစ်လုံးချင်း တိကျပြတ်သားစွာပြောနေတဲ့ တူမဖြစ်သူကိုကြည့်ပြီးဦးမင်းခိုင် မျက်လုံးအပြူးသားနဲ့အံ့သြနေခဲ့တယ်။အင်မတန်အေးဆေးပြီး လူကြောက်တတ်တဲ့ တူမဖြစ်သူက ဒီလိုပြောင်းလဲသွားတာကို ဦးခိုင်မှာ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။
" ငုဝါ ..မင်းဘာလို့ ဒီလောက် ပြောင်းလဲသွားတာလဲ ....ရိုင်းလာလိုက်တာ ..... လူတွေကို သံသယနဲ့ လိုက်ကြည့်နေတာပေါ့ ဟုတ်လား ....မောင်သက်ဝေ လတ်ကိုလဲ မင်းဒီလိုပဲစွပ်စွဲခဲ့တာလား "
ဦးလေးဖြစ်သူရဲ့စကားကြောင့် ငုဝါကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
"စွပ်စွဲတာလား...တကယ်လားဆိုတာ လေးလေးကိုရှင်းပြလဲအပိုပဲလေ ..... ဒါကတရားရုံးရောက်မှ ရှင်းရမဲ့ကိစ္စပါ ..လေးလေးတို့ ဘာတွေ ကြံစည်နေကြလဲမသိပေမဲ့ ... ငုဝါရဲ့ မိဘတွေဆောက်ခဲ့တဲ့ အိမ်ကိုဖျက်ဆီးဖို့ကြိုးစားရင် .. လေးလေးအတွက် တစ်ပြားတစ်ချပ်မှမရဘဲ ဖြစ်သွားအောင်လုပ်ပစ်မှာနော် "
"ဘာပြောတယ် ....မင်း စကားပြောတာရိုင်းစိုင်းလှချည်လား..အဲ့ဒီအိမ်ကငါနဲ့မဆိုင်ရင်တောင် ခြံကိုငါလဲပိုင်တယ် .. အဲ့ဒီအိမ်ကို မထိစေချင်ရင်ခြံဖိုးငွေအမ်းလိုက်လေ "
" စိတ်ချပါ ငွေရှိတဲ့နေ့ အမ်းပေးမယ် ...အခုတော့ အမ်းစရာငွေလဲမရှိသေးဘူး ... အိမ်ကိုဘာမှ ထပ်လုပ်ဖို့မကြိုးစားပါနဲ့ ..ကဲ ဦးလေးလဲပြန်ပါတော့ ..ငုဝါရဲ့ကိစ္စတွေကို ရှေ့နေနဲ့ပဲဆွေးနွေးတော့မှာပါ .."
ငုဝါ ရဲ့စကားကြောင့် ဦးမင်းခိုင်တောက်တစ်ချက်ခေါက်လိုက်ပြီး ထပြန်သွားခဲ့တယ်။
~~~~~
"မငုဝါဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ "
ခက်ဝေလတ်ကငုဝါနဲ့စကားပြောလိုက်တယ်။
" ကိုခက်ကိုကျေးဇူးတင်ပါတယ်.... အရင်ဆုံး ကျွန်မအတွက် ဖုန်းတစ်လုံးလိုအပ်ပါတယ် ..... ကျွန်မအီးမေးလ်သုံးချင်တယ် ..."
"ရပါတယ် .... လောလောဆယ် ကျွန်တော်ဖုန်းယူသုံးလဲရပါတယ်....ဒါနဲ့ ဒီမှာပဲဆက်နေမှာလား ..အိမ်ပြန်မှာလား ..."
" ကျေးဇူးပါကိုခက်..အိမ်ပြန်လို့မဖြစ်သေးဘူးထင်တယ် ... လေးလေးပုံစံက မူမမှန်ဘူး ...ကျွန်မအရင်လိုတုံးအနေလို့မဖြစ်တော့ဘူးလေ ... ကျွန်မ ဖုန်းခဏသုံးမယ်နော်... ပြီးတော့ ...ဟိုလေ ကိုခက်မှာ ဖုန်းဆက်လို့ရမဲ့ ဖုန်းအပိုတစ်လုံးလောက်ရှိရင် ဒီနေ့တစ်နေ့လောက် ငုဝါကိုပေးသုံးပါလားရှင် "
" ဪ ..ဟုတ်ကဲ့ ရပါတယ် မငုဝါ ''
ငုဝါဖုန်းသုံးနေချိန်မှာ ခက်ဝေလတ်က အဝေးကိုရှောင်ထွက်ခဲ့လိုက်တယ်။
~~~~~
"နွေ့ကို ကျေးဇူးတင်ပါတယ်နော် ... တို့တွေ စကားခဏလောက်ပြောရအောင် "
ငုဝါက အလုပ်လုပ်နေတဲ့ ဖူးငုံပွင့်နားကိုလျှောက်လာပြီး ပြောလိုက်တယ်။
"ဟုတ်ကဲ့ ကျေးဇူးတင်ဖို့မလိုပါဘူး မငုဝါ ... အစစအရာရာ အောင်မြင်အောင်ကြိုးစားပါနော် ..ဒါနဲ့ ဘာပြောမလို့လဲမငုဝါ ပြောလေ..."
ဖူးငုံပွင့်က ငုဝါကိုကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။
"ဒီလိုပါ ... နွေ့ကို ငုဝါနဲ့ အလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းချင်လို့ပါ..."
"ရှင် "
ငုဝါရဲ့စကားကြောင့် ဖူးငုံပွင့်အံ့ဩသွားမိပြီး ယောင်ယမ်းပြီးထူးမိသွားရတယ်။
"မအံ့ဩပါနဲ့နွေ ... တို့ နွေ့ရဲ့ သတ္တိကိုသဘောကျတယ် ... နွေ့ကို အလုပ်သမားတစ်ယောက်အဖြစ်အလုပ်ခေါ်တာမဟုတ်ဘူးနော် ..အလုပ်တူတူတွဲလုပ်ဖို့ တွဲဖက်အနေနဲ့ ခေါ်တာပါ .... တို့ ညနေကျရင် ဒီအိမ်ကနေထွက်သွားတော့မယ် ....နွေ့ရဲ့ဖုန်းနံပတ်ပေးလိုက်ပါ ....နေဖို့အိမ်ရတာနဲ့ နွေဒီကနေ အလုပ်ထွက်လာခဲ့ပြီး တို့ဆီကိုလာခဲ့ပါ "
