803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
"ဟုတ်ပါတယ် ဆရာမ ....မောင်ကျော်စွာဦးကိစ္စကြောင့် ပွဲရုံမှာအလုပ်တွေပုံနေလို့ ခုတလောစောစောသွားနေရတယ် "
ကျွန်မ၏ အမေးကို ပြန်ဖြေပြီးထွက်သွားသော လူယုံတော်ကြီးဦးသက်အောင်ကို ငေးကြည့်နေမိသည်။ဦးသက်အောင်သည် ရုပ်ရည်မှာ ကြည့်ကောင်းသည့်ထဲမပါသော်လည်း အသားညိုစိမ့်စိမ့်၊အရက်ထောင်ထောင်မောင်းမောင်းနှင့် အကြည့်ရဆိုးသူတစ်ယောက်တော့ မဟုတ်ပါချေ။အသက်အရွယ်အားဖြင့်လည်း ငါးဆယ်ကျော်သေးပုံမရပေ။သို့ပါလျက် အိမ်ထောင်ဘက်မရှာဘဲ နေသည်မှာ အနည်းငယ်မျှတော့ ထူးဆန်းနေပေသည်။ပြီးတော့ ပို၍ထူးဆန်းသူမှာ သူဌေးကြီးဦးထွန်းရှိန်များဖြစ်နေမလားဟု ကျွန်မတွေးမိပြန်သည်။တကယ်ဆိုလျှင် မိမိ၏ဇနီးဖြစ်သူနှင့် အသက်အရွယ် မတိမ်းမယိမ်းယောကျ်ားသားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားခြင်းသည် တော်တန်ရုံ သံယောစဥ်ကြောင့်နှင့်တော့ မဖြစ်နိုင်ဟုထင်မိသည်။
****
ကျွန်မ အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးပြီး ခေါင်းထဲကပါနောက်ကျိလာသည်မို့ သူဌေးကြီး၏ အခန်းသို့ ခပ်မြန်မြန်ပင်လျှောက်လာခဲ့လိုက်သည်။သူဌေးကြီး၏ အခန်းနားသို့ ရောက်လာသောအခါ ညကဝတ်စုံနက်နှင့်လူအကြောင်းကို ထပ်၍သတိရမိသွားပြန်သည်။ မျက်နှာကို မမြင်လိုက်ရသော်လည်း လျှင်မြန်ဖျတ်လတ်သောသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။
ပြီးတော့ ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ထူးဆန်းသော အဖြစ်အပျက်များဖြစ်နေသည်မှာသေချာသည်။ထို့ပြင် သူဌေးသမီးလေးရတီချိုနှင့်ခင်ပွန်းဖြစ်သူတို့၏တိုက်တိုက်ဆိုင်ဆိုင်သေဆုံးမှုသည်လည်း ထူးဆန်းနေပြန်သည်။သီဟထွန်းရှိန်အပါအဝင် မိသားစုများ၏ပုံစံများမှာလည်း အနည်းငယ်ထူးဆန်းနေကြသည်မှာ အမှန်ပင်။
ပို၍ထူးဆန်းနေသည်မှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်နေသည်မဟုတ်ပါလား။မကြာခဏ ဆိုသလိုမက်နေသော ထူးထူးဆန်းဆန်းအိပ်များနှင့် ညဥ့်နက်သန်းခေါင်တွင်ကြားရတတ်သော အသံများသည် တော်ရုံတန်ရုံကြောက်လန့်တတ်သူဆိုလျှင်တောင် ခံနိုင်ရည်ရှိမည်မထင်ပါ။ကျွန်မသည်ပင်လျှင် သူဌေးကြီးဦးထွန်းရှိန်အား ထားပစ်ခဲ့ရမည်ကို စိတ်မကောင်းဖြစ်နေမိသလို အိမ်ပြန်သွားပါကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိိုမည်သူ မရှိသောဘဝမို့ ကြိတ်မှိတ်သည်းခံ၍နေခြင်းဖြစ်သည်။
" ဂျစ်...ဂျစ်.."
ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ်လျှောက်နေရာမှ အခန်းတစ်ခန်းဆီမှ တစ်စုံတစ်ခုကို ကုတ်ခြစ်နေသံလိုမျိုးကြားလိုက်ရတာမို့ ဘေးပတ်ဝန်းကျင်မှ အခန်းများဆီသို့ နားစွင့်ကြည့်လိုက်သည်။အသံသည် ကျွန်မနှင့်အနီးကပ်ဆုံးအခန်းထဲမှ ကြားနေရခြင်းဖြစ်လေသည်။ကျွန်မလှမ်းလက်စ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး
အသံလာရာ အခန်းဆီသို့ ကြည့်လိုက်မိသည်။
"ဘုရားရေ "ကျွန်မနှုတ်မှ ခပ်တိုးတိုးဘုရားတလိုက်မိသည်။ကျွန်မရောက်နေသည်မှာ ရတီချိုနေခဲ့ဖူးသော အခန်းဖြစ်နေလေသည်။သည်အခန်းသည်အမြဲပိတ်ထားသော အခန်းပင် မဟုတ်ပါလား။ကျွန်မ စူးစမ်းလိုစိတ်နှင့် တံခါးဝနားသို့ ကပ်သွားလိုက်မိသည်။
" ကျွိီ ကျွီ...." အခန်းတံခါးသည် ကျွန်မတွန်းမဖွင့်ရပါဘဲ အလိုအလျောက်ပွင့်သွား၍ ကျွန်မရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားရပြီး ခြေထောက်များမှာ ရှေ့သို့ဆက်မလှမ်းရဲဘဲ အခန်းထဲသို့ မရဲတရဲနှင့်လှမ်း၍ ကြည့်လိုက်မိလေသည်။
" ဟင် "
အခန်းထဲမှ မြင်လိုက်ရသော
မြင်ကွင်းကြောင့် ကျွန်မခေါင်းထဲ၌ မိုက်ခနဲဖြစ်သွားပြီး အခန်းတံခါးဘောင်ကို ကမန်းကတန်းလှမ်းကိုင်လိုက်ရလေသည်။
-------------
အပိုင်း ( ၇ )ဆက်ရန်
****
ဧကြည်ဖြူ
အိပ်ပျော်နေရာမှ ဖျတ်ခနဲလန့်နိုးလာသောအခါ အရုဏ်ဦး၏ ကျေးငှက်သံများကိုပါ ကြားနေရလေသည်။ကျွန်မ အိပ်ရာထဲမှလူးလဲထလိုက်ပြီး ညကအဖြစ်အပျက်များကို အိပ်မက်လေလား၊တကယ်လားဟု ဇဝေဇဝါနှင့်တွေးနေမိလေသည်။သေချာရေရာစွာ မဆုံးဖြတ်နိုင်သော်လည်း အမှန်တကယ်တွေ့ကြုံခဲ့ရသလို ခံစားနေရသည်။ကျွန်မ စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကိုခါယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့
ခြေ
နှစ်ဘက်ကို တွဲလဲချပြီး မတ်တတ်ထရပ်လိုက်ရင်း အခန်းထောင့်ကို မဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။
" အ " မတ်တတ်ထရပ်လိုက်သည်နှင့် ခြေချင်းဝတ်ဆီမှစူးခနဲ နာကျင်သွားတာမို့ ခြေထောက်ကိုငုံ့ကြည့်လိုက်မိသည်။
" ဟင် " ခြေချင်းဝတ်နားတွင် အနည်းငယ်ရောင်နေသည်ကို တွေ့လိုက်ရသည်မို့ ညကအိပ်မက်ထဲတွင် လှေကားမှပြုတ်ကျသည်ကို သတိရသွားမိပြီး အံ့သြထိတ်လန့်သွားရလေသည်။
***
နာနေသော ခြေချင်းဝတ်ကိုထိန်း၍ လှေကားထစ်များမှ ကျွန်မခပ်ဖြည်းဖြည်းဆင်းခဲ့ရင်း ညကအဖြစ်ကိုသာတွေးနေမိသည်။
လှေကားအဆုံးစင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ညကဝင်ပုန်းခဲ့သော အခန်းရှေ့ အရောက်၌ အခန်းတံခါးကိုတွန်းဖွင့်ကြည့်လိုက်ရာ အလွယ်တကူပင်ပွင့်သွားသည်။ပွင့်သွားသောတံခါးမှ အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အခန်းထဲတွင် မှောင်မည်းတိတ်ဆိတ်နေသည်မှအပ ထူးခြားသောအရိပ်အခြည်ကိုမတွေ့ရပေ။
ကျွန်မ စိတ်ရှုပ်ထွေးစွာပင် သူဌေးကြီး၏အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ပြီးနောက် နံနက်အဆာပြေစာ စားရန်အတွက် ထမင်းစားခန်းဘက်သို့ထွက်ခဲ့လိုက်သည်။
****
ထမင်းစားခန်းထဲတွင် တိတ်ဆိတ်နေသည်။အိမ်ရှင်တစ်ယောက်တစ်လေ၏ အရိပ်အခြည်ကိုမှ မတွေ့ရသလို ယခင်နေ့များက
နံနက်စောစော၌ ထမင်းစားခန်းထဲတွင် ရှိနေတတ်သော မိလုံးနှင့် ကျန်အလုပ်သမားများကိုလည်း မတွေ့ရဘဲ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်၍ နေလေသည်။ကျွန်မ မီးဖိုခန်းဘက်ဆီသို့ လျှောက်လာလာခဲ့လိုက်သည်။
မီးဖိုခန်းထဲသို့ ရောက်သော့ခါ ဦးဖိုးထော်နှင့်စကားပြောနေသော မိလုံးကိုတွေ့လိုက်ရလေသည်။ကျွန်မလည်း ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိလေသည်။မိလုံးနှင့်ဦးဖိုးထော်တို့မှာမူ ကျွန်မကို မြင်ပုံမရဘဲ နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်နှင့်တစ်စုံတစ်ရာကို ပြောနေကြလေသည်။တစ်ချက်တစ်ချက်တွင် ဦးဖိုးထော်သည် စကားပြောနေရင်းမှ မိလုံး၏ခေါင်းကို လက်နှင့်ခပ်ဖွဖွပုတ်တတ်လေသည်။
ကျွန်မ မိလုံးတို့၏ ထိုမြင်ကွင်းကို ကြည့်နေရင်းမှ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေလေသည်။ထိုအခိုက်အတန့်မှာပင် မိလုံးသည် ကျွန်မရပ်နေသည်ကိုမြင်သွားပြီး ဦးဖိုထော်နှင့် ပြောလက်စ စကားကိုရပ်ပစ်လိုက်လေသည်။
"ဆရာမလေးပါလား....မနက်စာစားတော့မလား ဆရာမလေး...ဒီမနက်အလုပ်နည်းနည်းများနေလို့ မနက်စာပြင်ပေးဖို့နောက်ကျသွားတယ် ဆရာမလေး "
"ရပါတယ်... မိလုံးရယ်... မဆာသေးပါဘူး...ခဏနေရင် သူဌေးကြီးနဲ့ခြံထဲလမ်းလျှောက်ထွက်ရမှာမို့... တစ်ခုခုကြိုစားထားရုံပါ...ဒါနဲ့ဒေါ်ကြူနဲ့မိခိုင်ကိုလည်းမတွေ့ပါလား "
" ဘယ်တွေ့မလဲ ဆရာမလေးရယ်...မနက်အရုဏ်တက်ကတည်းက ခြံထဲမှာပန်းပင်တွေစိုက်ဖို့ဆိုပြီး သူဌေးကတော်နဲ့ခြံထဲရောက်နေတယ်လေ...ပန်းတွေကနိုင်ငံခြားမျိုးတွေမို့ ဦးလေးဖိုးထော်ကိုတောင် မလုပ်ခိုင်းဘူးတဲ့လေ "
ကျွန်မနှင့်မိလုံး စကားပြောနေစဥ်မှာပင် ဦးဖိုးထော်သည် ခေါင်ကြီးငုံ့လျက် ကျွန််မဘေးမှ ခပ်ယို့ယို့ပင်ဖြတ်သွားလေသည်။ကျွန်မလည်း အမှတ်တမဲ့ ဦးဖိုးထော်ကိုလိုက်ကြည့်နေမိလေသည်။အသားအရောင် ညိုညိုမွဲမွဲနှင့် ခန္ဓာကိုယ်တုတ်ခိုင်သော ဦးဖိုးထော်၏ ပုံစံမှာ အသက်ကြီးသော်လည်း ဖျတ်လတ်သန်မာပုံရလေသည်။အမြဲတမ်းလိုလို ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားတတ်သောကြောင့် မျက်နှာသွင်ပြင်ကိုမူ အသေအချာမမြင်ဖူးပါချေ။ကျွန်မ ဦးဖိုးထော်အားလိုက်ကြည့်နေသည်ကို မိလုံးလှမ်းကြည့်နေမှန်း မျက်လုံးထောင့်စွန်းမှ မြင်နေရလေသည်။
"ဆရာမလေး...ထမင်းစားခန်းထဲသွားနှင့်လေ ...မိလုံးနောက်ကလိုက်လာခဲ့မယ် "
****
မိလုံး ပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မမိလုံးကို အကဲခတ်ကြည့်နေမိပြီး ကျွန်မထင်သလို မဖြစ်ပါစေနှင့်လို့ စိတ်ထဲမှ ဆုတောင်းနေမိသည်။"အိုးချင်းထား အိုးချင်းထိ" ဆိုသော်လည်း အသက်အရွယ်ကွာခြားလွန်းလှသည် မဟုတ်ပါလား။
***
စားသောက်ပြီး၍ သူဌေးကြီး၏အခန်းသို့ပြန်လာခဲ့ရာ လမ်းတွင် လူယုံတော်ကြီးဦးသက်အောင်နှင့် မျက်နှာချင်း ဆုံမိလေသည်။ဦးသက်အောင်သည် ကျွန်မကိုတွေ့သည်နှင့် ပြုံး၍နှုတ်ဆက်လေ၏။ကျွန်မလည်း ဦးသက်အောင်ကို ကြည့်၍ ညကအဖြစ်ကိုသတိရလိုက်မိလေသည်။ညက တွေ့ကြုံခဲ့ရသော အဖြစ်များသည် အိပ်မက်မဟုတ်ဘဲ တကယ်ံ့အဖြစ်အပျက်သာဆိုလျှင် ကြည့်ရသည်မှာ ဤစိန်ပန်းမြိုင်မှ လူများသည် ပစ္စည်းတစ်ခုခုရှာနေကြပုံရသည်။ထိုပစ္စည်းသည် ဘာပစ္စည်းမှန်း သေချာမသိသော်လည်း အရေးကြီးပုံရလေသည်။ပြီးလျှင် ကေသီတင်နှင့်သီဟထွန်းရှိန်တို့သည်လည်း ထိုပစ္စည်းကိုပင် ရှာနေကြပုံရလေသည်။
ကျွန်မလည်း ဦးသက်အောင်ကို နှုတ်ဆက်ပြုံး ပြုံးပြလိုက်ရင်း
"ပွဲရုံသွားတော့ မလို့လား အန်ကယ်"
သီဟထွန်းရှိန်၏ အသံပင်မဟုတ်ပါလား။
" တော်စမ်း...နင်ပါးစပ်ပိတ်ထားစမ်း...နင်လိုကောင်မျိုးနဲ့မောင်နှမတော်ရတာ သိပ်စိတ်ပျက်စရာကောင်းတယ်...နင်လည်းအဲ့ဒီပစ္စည်းကိုအသည်းအသန်ရှာနေတာကို ငါတို့မသိဘူးများထင်နေလား... သွားရှာလေ...သွားရှာ...နင်သိပ်ရှာချင်နေတဲ့ ကျော်စွာဦးရဲ့အခန်းမှာ သွားရှာတော့လေ "
နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားများကို ကျွန်မနားထဲ၌မကြားနိုင်တော့ပါချေ။ကျွန်မစိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိပြီး ထိထိခိုက်ခိုက်ခံစားလိုက်ရပြီး ခြေစုံရပ်၍ ကြောင်အနေမိလေသည်။
"တောက် " ပြင်းထန်သော တက်ခေါက်သံကြောင့် ကျွန်မဆတ်ခနဲတုန်သွားမိသည်။တက်ခေါက်သံသည် အခန်းထဲမှလာသည်လား ၊ ကျွန်မရှေ့မှ အမျိုးသမီးဆီမှ လာသည်လား သေချာမခွဲခြားနိုင်သော်လည်း ထိုအမျိုးသမီးသည် မျက်ထောင့်နီကြီးနှင့် ကျွန်မကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်မို့ ကျွန်မလန့်ဖျပ်ပြီး အမျိုးသမီး၏နောက်သို့ ခပ်သွက်သွက်လှမ်းသွားခဲ့မိသည်။
တစ်ထစ်၊နှစ်ထစ် ၊ လှေကားထစ်များကို တထစ်ပြီးတထစ် ကျော်ဖြတ်ခဲ့ရာမှ ရုတ်တရက်ဆိုသလို ကျွန်မ၏ခြေထောက်သည် လေဟာနယ်ကိုသာ နင်းချလိုက်မိလေသည်။
အသံပင်မထွက်နိုင်ဘဲ လှေကားထစ်များမှ ကျီန်မ တလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။
ကံကောင်းထောက်မစွာပင် ကျွန်မပြုတ်ကျသော နေရာမှာ အောက်ခြေသို့ ရောက်လုနီးပြီဖြစ်၍ ခြေထောက်အနည်းငယ် နာကျင်သွားရုံမှအပ ထိခိုက်ဒဏ်ရာမရတာမို့ ချက်ချင်းပင်ထရပ်လိုက်ပြီး အမျိုးသမီး၏နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။ "ဟင် " သူဌေးကြီး ဦးထွန်းရှိန်၏ အခန်းသို့သွားနေသော အမျိုးသမီး၏ နောက်ကျောပုံရိပ်ကိုသာ ခပ်ဝါးဝါးမြင်လိုက်ရပြီး လုံးဝပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတော့ စင်္ကြန်လမ်းပေါ်တွင် ကျွန်မတစ်ယောက်တည်းငူငူချည်းရပ်နေမိလေသည်။ စင်္ကြလမ်းသည် တိတ်ဆိတ်နေသည်။လှေကားဘေး နံရံရှိတိုင်ကပ်နာရီမှ တစ်ချပ်ချပ်မြည်သံသည် ခပ်မှန်မှန်ပေါ်ထွက်နေသည်။စင်္ကြန်လမ်းတစ်လျှောက်ကြည့်ရသည်မှာ အရိပ်မည်းကြီးများယိမ်းထိုးလှုပ်ရှားနေသည်ဟုပင် မြင်ယောင်လာမိလေသည်။ကျွန်မ ကြောက်လန့်တကြားနှင့် ကျွန်မ အခန်းရှိရာဆီသို့ ပြန်ပြေးရန်ပြင်လိုက်စဥ်မှာပင် ကျွန််မဘေးရှိ အခန်းထဲမှ လှုပ်ရှားသံတစ်ခုကိုကြားလိုက်ရပြီး ၊မရှေးမနှောင်းမှာပင် စကားပြောသံကိုပါ ကြားလိုက်ရလေသည်။
" ရှင့်ကိုရှင် သိပ်ဟုတ်လှပြီးလို့ထင်မနေနဲ့ကိုသက်အောင်...
ရှင်ဘာတွေလုပ်နေလဲဆိုတာ ကျွန်မအကုန်သိတယ်.....တကယ်ဆို ရှင်က စိန်ပန်းမြိုင်အိမ်ကြီးရဲ့ အလုပ်သမားတစ်ယောက်ပဲ... ရှင့်ကိုအချိန်မရွေးနှင်ထုတ်ပစ်လိုက်လို့ရတယ်..."
" ဟား...ဟား..ဟားးးလုပ်လိုက်စမ်းပါဗျာ...ခင်ဗျားနှင်ထုတ်ရဲရင်နှင်ထုတ်လိုက်စမ်းပါး...ခင်ဗျားနဲ့ ခင်ဗျားရဲ့တိတ်တိတ်ပုန်းကောင်တို့ရဲ့ အရှုပ်ထုတ်တွေကိုသက်သေနဲ့တကွဖော်ထုတ်လိုက်မှာပေါ့...ပြီးတော့ ကျုပ်ကိုခင်ဗျားမြူဆွယ်ဖြားယောင်းပြီး ခိုင်းခဲ့တာတွေကိုပါ ခင်ဗျားသားနဲ့ရှေ့နေတွေဆီမှာဖော်ထုတ်လိုက်ရုံပဲပေါ့ "
"ဘာ...ရှင်...ရှင်ယုတ်မာလှချည်လားဟင် "
" ယုတ်မာတယ် ဟုတ်လား...တကယ်တမ်းယုတ်မာတာကဘယ်သူလဲ ပြောပါဦး...မကောင်းတဲ့အလုပ်မှန်သမျှတော့ ကျုပ်ကိုခိုင်းပြီး စံစားတော့ ခင်ဗျားတို့ပဲစံစားမယ်ပေါ့လေ...ဘယ်မှာလဲ ကျုပ်ရပိုင်ခွင့်..မစို့မပို့ ဟိုကခိုးဒီကခိုးလို့ရတဲ့ငွေလား...သူဌေးကြီးရဲ့သေတမ်းစာမှာ ကျုပ်နာမည် မပြောနဲ့ ခင်ဗျားနာမည်ပါရင်တောင်ကံကောင်း...ရှင်းရှင်းပဲပြောမယ်...ကျုပ်အများကြီး မမျှော်လင့်ဘူး ကျုပ်တို့ရှာနေတဲ့ပစ္စည်းတွေကို ကျုပ်ပဲတွေ့တွေ့ ခင်ဗျားပဲတွေ့တွေ့ တစ်ယောက်တစ်ဝက်ခွဲယူပြီး ဒီအိမ်ကြီးကနေ အမြန်ဆုံးထွက်သွားချင်တယ် "
အသံများ ပြန်လည်တိတ်ဆိတ်သွားပြီး အခန်းဝနားသို့လျှောက်လာသော ခြေသံကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့် နီးစပ်ရာအခန်းထဲသို့ ခပ်မြန်မြန်ပင်ဝင်ပုန်းလိုက်ရသည်။ကျွန်မ အခန်းထဲသို့ရောက်သည်နှင့် အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများကိုကြားရပြီး ခြေသံများမှာ တဖြည်းဖြည်းဝေးကွာတိတ်ဆိတ်သွားလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီး အပြင်သို့ လှမ်း၍အရိပ်အခြည်ကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်လုံး ငြိမ်သက်တိတ်ဆိတ်နေလေသည်။ကျွန်မ အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်စဥ်မှာပင်
"အို "သူဌေးကြီး၏ အခန်းဘက်ဆီမှလျှောက်လာသော မည်းမည်းအရာတစ်ခုကိုတွေ့လိုက်ရလေသည်။ထိုမည်းမည်းအရာသည် ကျွန်မရှိရာဘက်ဆီသို့ တရွေ့ရွေ့နှင့်လျှောက်လာလေသည်။ကျွန်မ ကမန်းကတန်းပင် အခန်းထဲသို့ပြန်ဝင်လိုက်ပြီး ထိုအရိပ်မည်းကြီးအခန်းရှေ့မှ ဖြတ်သွားသည့်အချိန်၌ အသက်ရှုပါအောင့်ထားမိလေသည်။ပြီးနောက် ခပ်ဟဟပွင့်နေသော တံခါးပေါက်မှ မသိမသာချောင်းကြည့်လိုက်သောအခါ ထိုမည်းမည်းအရာကြီးမှာ အနက်ရောင်ခေါင်းစွပ်နှင့်အနက်ရောင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
****
#စိန်ပန်းမြိုင်မှအိမ်နီကြီး
အပိုင်း ( ၆ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
***
ညအိပ်မီးအလင်းရောင်ပြာလဲ့လဲ့အောက်တွင် အခန်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိရာ အခန်းထောင့်တွင် ဆောင့်ကြောင့်ကြီးထိုင်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"အား ..."ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း အသံသည် အပြင်သို့ ထွက်မလာပါချေ။ထိုနည်းတူ ခန္ဓာကိုယ်တစ်ခုလုံးလည်းလှုပ်ရှား၍ မရအောင်ရှိလေသည်။ထိုမိန်းမသည် ဆံပင်ဖားလျားကြီးချထားပြီး မျက်လုံးပြူးကြီးများဖြင့် ကျွန်မကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ကျွန်မကြောက်လန့်တကြားနှင့် မျက်လုံးကိုအားကုန်မှိတ်ချလိုက်မိသည်။
" ဟင်း...ဟင်း..ဟင်း "အက်ကွဲကွဲရှတတအသံကဲ့သို့သော ညည်းညူသံကြီးမှာ ထပ်မံထွက်ပေါ်လာပြန်လေသည်။ကျွန်မ မဝံ့မရဲဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သောအခါ
"ဟင်" ထိုမိန်းမသည် သူထိုင်နေသောနေရာမှ ကြမ်းပြင်ကို သူ၏လက်သည်းရှည်ကြီးများဖြင့်ကုတ်ခြစ်၍နေလေသည်။
ကျွန်မလည်း ထိုမြင်ကွင်းကို တုန်တုန်လှုပ်လှုပ်နှင့် ကြည့်နေမိပြီး အိပ်မက်လေလား၊တကယ်လားဝေခွဲမရနိုင်ဘဲ ဖြစ်နေမိလေသည်။ထိုသို့ ကြည့်နေစဥ်မှာပင် ထိုမိန်းမ၏ပုံရိပ်သည် ဖျတ်ခနဲပျောက်ကွယ်သွားလေသည်။ကျွန်မမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး၌ ဇောချွေးများပြန်နေပြီး တဆတ်ဆတ်တုန်၍နေဆဲဖြစ်လေသည်။
" လာ...လိုက်...ခဲ..."
" အမလေး " နား နားသို့ကပ်၍ ပြောလိုက်သကဲ့သို့ ကြားလိုက်ရသော လေးတွဲတွဲအသံကြီးကြောင့် ကြောက်လန့်တကြားအော်လိုက်မိသော်လည်း နှုတ်ခမ်းအစုံသည်ဖွင့်ဟ၍ မရနိုင်အောင်ဖြစ်နေပြန်လေသည်။အသံရှင်ကို ကျွန်မအထိတ်တလန့်နှင့်မော့ကြည့်လိုက်မိသည်။
" အို...ဘုရား" တံခါးပေါက်မှ မြင်ကွင်းကြောင့် ကျွမ်မစိတ်ထဲမှ ဘုရားကိုအကြိမ်ကြိမ်တလိုက်မိသည်။တံခါးပေါက်တွင် တော့ အကောင်အထည်မပီပြင်သော ဖြူဖြူအရိပ်ကြီးသည် လှုပ်ရှားယိမ်းထိုးနေပြီး
ကြည့်နေရင်းမှပင် မိန်းမတစ်ယောက်ဖြစ်သွားပြန်ပြီး ကျွန်မရှိရာသို့ ခေါင်းချည်းသက်သက်လှည့်၍စောင်းငဲ့ကြည့်နေသည်။ထို့နောက်တံခါးဝမှ အပြင်သို့ထိုးထွက်သွားလေသည်။တံခါးမှာ ပွင့်၍နေလေသည်။ကျွန်မလည်း ညှို့ငင်ခံထားရသူပမာ အိပ်ရာထက််မှ ဖြည်းလေးစွာထလိုက်ပြီး ထိုထိတ်လန့်တုန်လှုပ်စရာ မိန်းမနောက်သို့ တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့မိလေသည်။
အခန်းထဲမှ ထွက်လိုက်သည်နှင့် စင်္ကြန်လမ်းတစ်ခုလုံး မှိန်ပျပျအလင်းရောင်မှ လွဲ၍ ချောက်ချာဖွယ်ရာကောင်းလောက်အောင်တိတ်ဆိတ်နေပြန်သည်။
"ရှပ်..ရှပ်...ရှပ် "စင်္ကြန်လမ်းထက်၌ ထိုမိန်းမ၏ ရှပ်တိုတ်သွားနေသော တရှပ်ရှပ်ခြေသံများထွက်ပေါ်နေသော်လည်း မည်သည့်အခန်းကမျှ တုပ်တုပ်မလှုပ်ကြဘဲ တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။ကျွန်မတို့သည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ကိုကျော်စွာဦး၏အခန်းဘက်သို့ သွားရာစင်္ကြန်လမ်းခွဲသို့ ရောက်သောအခါ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိလေသည်။
" အို" စိတ်ထဲမှ အထိတ့်တလန့်ရွေရွတ်လိုက်မိသည်။မှိန်ပျပျအလင်းရောင်အောက်ရှိ စင်္ကြန်လမ်းပေါ်တွင် မည်းမည်းအရိပ်များမှာ ဟိုသည်ရွေ့လျားနေကြသည်ဟု ထင်မိသည်။ကျွန်မ မြင်ကွင်းကိုဆက်မကြည့်ရဲတော့ဘဲ မျက်နှာအမြန်လွှဲလိုက်ရလေသည်။
စင်္ကြန်လမ်းတစ်လျှောက် တစ်ခန်းပြီးတစ်ခန်းကျော်ဖြတ်ခဲ့ပြီး သီဟထွန်းရှိန်၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းနားသို့ရောက်ရှိခဲ့လေသည်။ထိုစင်္ကြန်လမ်း၏အဆုံး သီဟထွန်းရှိန်၏ အခန်းနားတွင် မင်းပိုင်ဦး၏ အခန်းပါရှိသည်။ထိုအခန်းများဆီသို့ ကျွန်မ လှမ်းမျှော်ကြည့်လိုက်မိပြန်သည်။ အခန်းများသည် မှောင်မည်းတိတ်ဆိတ်နေလေသည်။
ကျွန်မတို့နှစ်ယောက်သည် တဖြည်းဖြည်းနှင့် လှေကားရှိရာသို့နီးကပ်လာကြလေ၏။ရှေ့မှတရွေ့ရွေ့သွားနေသော ကြောက်စရာထိုမိန်းမသည် လှေကားနားရောက်ခါနီးမှ အခန်းတစ်ခန်းရှေ့အရောက်တွင် မတ်မတ်ရပ်နေလေသည်။ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် ထိုအခန်းနံရံသို့ တိုးကပ်ရပ်လိုက်သည်တွင် အခန်းထဲမှ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသည်မို့ ကျွန်မခေါင်းနားပန်းများပင် ကြီးသွားရလေသည်။ဤသည်အခန်းသည် ကျွန်မသိသလောက် ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ကျွန်မရောက်သည့်နေ့မှစ၍ ယနေ့အထိနေထိုင်သူမရှိသောအခန်းသာဖြစ်သည်။ကျွန်မ တုန်တုန်လှုပ်လှုပ်နှင့် အခန်းနံရံနားသို့ ကပ်ပြီး အထဲမှအသံများကိုနားစိုက်ထောင်လိုက်သည်။
"နင်လိုအရူးက ငါ့ခံစားချက်ကိုဘာသိမှာ... " မိန်းမတစ်ယောက်၏ အသံကိုဦးစွာကြားလိုက်ရလေသည်။အသံတွေကို ခွဲခြားနိုင်သော ကျွန်မအတွက် ထိုအသံသည် ကေသီတင်၏ အသံမှန်းချက်ချင်းသိလိုက်သည်။ကေသီတင်နှင့်စကားပြောနေသော တစ်ဖက်သူမှာ မည်သူမည်ဝါမှန်း မသိရသော်လည်း ကေသီတင်၏အသံကို နားထောင်ရသည်မှာ အတော်လေးပင်ဒေါသထွက်နေဟန်ရှိလေသည်။
" တော်စမ်းပါ...ပါးစပ်ပါတိုင်း လျှောက်ပြောမနေနဲ့... သည်အိမ်ထဲကအပ်တိုတစ်ချောင်းကိုတောင် ရဖို့မျှော်လင့်မနေနဲ့...ပြီးတော့ ခင်ဗျားတို့တွေသိပ်လိုချင်နေတဲ့ဟာကိုလည်း ဒီတစ်သက်ရှာတွေ့မယ် မထင်နဲ့...ဘယ်တော့မှမတွေ့ဘူးမှတ်ထား ...မမရတီမရှိတော့တဲ့ နောက်ပိုင်း ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးက ကျွန်တော်အတွက်ပဲ...မကေသီနဲ့ဘာမှမဆိုင်ဘူးသိရဲ့လား " ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားရလေသည်။ထိုအသံ ၊ ထိုအသံသည်
နောက်သို့ဆုတ်လိုက်မိသည်။
" ဆရာမလေး "
နောက်သို့ပြန်လှည့်ပြေးရန်ပြင်နေရာမှ ရင်းနှိီးသော အသံကြောင့် အရိပ်မည်းကြီးကို သေချာကြည့်လိုင်မိလေတော့သည်။
" မိ...မိလုံး..အမလေး လန့်လိုက်တာမိလုံးရယ်...ဒီအခန်းက ရတီချိုစာဖတ်ခန်းမို့ဝင်ခွင့်မရှိဘူးဆို..."
" သန့်ရှင်းရေးလုပ်နေတာပါ...ဆရာမလေးရယ်... အစ်ကိုကျော်စွာဦးလည်းမရှိတော့ဘူးဆိုတော့ ...ဒီအခန်းကိုကျွန်မပဲသန့်ရှင်းရေးတာဝန်ယူရတော့မှာပေါ့ "ဟု ပြောရင်းမှ ပြုံးနေသောမိလုံးကို ကျွန်မတစ်ချက်ငေးကြည့်နေမိလိုက်သည်။
" မိလုံးရယ်... ကျွန်မကလန့်နေတာ... အသက်တောင်မရှူဝံ့ဘူး ...သန့်ရှင်းရေးလုပ်မယ်ဆိုလည်း ပြောတာမဟုတ်ဘူး...ကျွန်မ ဝိုင်းကူရှင်းမှာပေါ့ "
ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်ပြီး နီးစပ်ရာစာအုပ်တစ်အုပ်ကိုဆွဲယူကြည့်လိုက်သည်။
"မထိနဲ့ "မာထန်စွာ ထွက်ပေါ်လာသောအသံနှင့်အတူ မိလုံးသည်ကျွန်မလက်ထဲမှစာအုပ်ကိုဆတ်ခနဲဆွဲယူလိုက်သဖြင့် ကျွန်မအံ့သြတုန်လှုပ်ပြီးမိလုံးကိုကြည့်လိုက်မိလေသည်။
"မမလေးရတီချိုက သူ့စာအုပ်တွေကို သူစိမ်းတွေကိုင်တာ မကြိုက်လို့ပါ...စိတ်မဆိုးပါနဲ့ဆရာမလေး...မမလေးရတီချိုမရှိတော့ပေမဲ့...မိလုံးကတော့ မမလေးပြောခဲ့တာတွေကို သေတဲ့အထိလိုက်နာသွားမှာမို့ပါ " မိလုံး၏အသံသည် အေးစက်ပြတ်သားနေလေသည်။မျက်လုံးများမှာလည်းစူးရဲတောက်ပနေလေ၏။ကျွန််မ မိလုံး၏ပုံစံကိုမယုံကြည်နိုင်စွာ ငေးကြည့်နေမိရင်းမှ စကားလမ်းကြောင်းကိုလွှဲလိုက်ရလေသည်။
" ဒါနဲ့ဒီအိမ်ကြီးမှာ ရတီချိုပုံတစ်ပုံမှကို မချိတ်ထားဘူးနော် "
ကျွန်မ အမေးကြောင့် မိလုံးသည် ရီဝေသောမျက်ဝန်းများဖြင့် အခန်းထောင့်တစ်နေရာသို့ စိုက်ကြည့်နေပြီးမှ
"ဟုတ်တယ်...မမလေးရတီချိုရက်လည်ပြီးတာနဲ့ မမလေးဓါတ်ပုံတွေကိုအကုန်ဖြုတ်ပစ်တာလေ...မြင်ရင်စိတ်မကောင်းဖြစ်ကြမှာစိုးလို့တဲ့လေ... ဒါနဲ့...ဆရာမလေးကိုမေးရဦးမယ်...အစ်ကိုကျော်စွာဦးဆုံးသွားတာကို ဆရာမလေးဘယ်လိုထင်လဲ ..ရဲတွေပြောသလို သူ့ဘာသာအရက်မူးလွန်ပြီးပြုတ်ကျတာလား...ဒါမှမဟုတ် တစ်ယောက်ယောက်ကများတွန်းချလိုက်တာလား...ဆရာမလေးအထင်ကိုပြောပါဦး "
"ရှင် "မိလုံး၏ ထင်မှတ်မထားသော မေးခွန်းကြောင့် ကျွန်မမှာကြောင်အသွားရလေသည်။မိလုံးလို ရိုးရိုးအအနှင့်လူက ဒီလိုမေးခွန်းမျိုးမေးလိမ့်မည်ဟု မထင်ခဲ့သည်မှာတော့အမှန်ပါပင်။
" ကျွန်မ မသိပါဘူး...မိလုံးရယ်...မိလုံးကရောဘယ်လိုထင်လို့လဲ "
"မထင်တော့မထင်တတ်ပါဘူး ဆရာမလေးရယ်..မမလေးရတီချိုလိုပဲ အစ်ကိုကျော်စွာဦးလည်း လှေကားကပြုတ်ကျပြီး ဆုံးသွားတော့အရမ်းတိုတ်ဆိုင်နေလို့ပါ...ပြီးတော့ အစ်ကိုကျော်စွာဦးက အိမ်သားတွေနဲ့လည်း သိပ်အဆင်မပြေဘူးလေ...အထူးသဖြင့်အစ်ကိုလေးသီဟထွန်းရှိန်နဲ့မတည့်ဘူးလေ "
***
ညသည်နက်သထက်နက်လာပေပြီ။စိန်ပန်းမြိုင် တစ်အိမ်လုံးရှိ လူများသည်လည်း အိပ်မောကျ၍နေလောက်ကြပေပြီ ။ကျွန်မမှာသာ နေ့ခင်းကမိလုံးပြောလိုက်သောစကားများကို နားထဲ၌ကြားယောင်နေပြီး အိပ်မပျော်နိုင်ဘဲရှိနေလေသည်။ဤအိမ်ကြီးထဲ၌ ဖြစ်ပွားသွားခဲ့သော သေဆုံးမှုများသည် မတော်တဆလား၊တစ်ယောက်ယောက်၏ ပယောဂကြောင့်လေလားဆိုသည်ကိုတော့ သေဆုံးသွားကြပြီဖြစ်သော ကာယကံရှင်များမှသာ သိပေလိမ့်မည်။သို့သော် ဤအကြောင်းကိုတွေးလိုက်မိတိုင်း၌ ကျွန်မ၏စိတ်သည် ရှုပ်ထွေးလာသည်။ကြောက်လန့်လာသည်။ထို့ပြင် စိုးရိမ်သောကများနှင့်အမျိုးအမည်မသိသော ခံစားမှုများလည်း ခံစားနေရသည်။ထို့ပြင် တွေ့စက တည်ငြိမ်အေးဆေးသည်ဟု ထင်ရသလောက် တဖြည်းဖြည်းနှင့်ဂျစ်ကန်ကန်မိုက်ကန်းကန်းပုံဖြစ်လာသော သီဟထွန်းရှိန်၏အကြောင်းကို တွေးနေမိလေသည်။
-------------
" ဟင်း...ဟင်း...ဟင်း..." မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိသော်လည်း မသဲမကွဲကြားနေရသော ညည်းညူသံကြီးကြောင့် ကျွန်မ ဖျတ်ခနဲ လန့်နိုးလာသည်။
" ဟင်း ဟင်း ဟင်း ဟင်း "မသဲမကွဲကြားနေရသော ညည်းသံကြီးကို ပို၍ပီပီပြင်ပြင်ကြားလိုက်ရပြီးအသံသည် ပို၍နီးကပ်လာသလိုပင်ထင်ရလေသည်။ထိတ်လန့်တုန်လှုပ်ဖွယ် မသတီစရာညည်းညူသံကြီးကြောင့် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ကျောထဲကပါ စိမ့်တက်ပြီးအေးလာသည်မို့ အိပ်ရာဘေးမှ ညအိပ်မီးအိမ်၏ခလုတ်ကိုခပ်မြန်မြန်ပင် လက်နှင့်ဖိနှိပ်၍ဖွင့်လိုက်သည်။
မှောင်မိုက်နေသော အခန်းထဲ၌ ညအိပ်မီးအိမ်၏ ပြာလဲ့လဲ့အလင်းရောင်က ခပ်မှိန်မှိန်ပေါ်ထွက်လာလေသည်။ပြာလဲ့လဲ့အလင်းရောင်၏အကူအညီဖြင့် တစ်ခန်းလုံးကို ကျွန်မ ကျီးကန်းတောင်းမှောက်လိုက်ကြည့်လိုက်သည့်အခါမှာတော့ အခန်း၏ထောင့် တစ်နေရာတွင် ဆောင့်ကြောင့်ကြီးထိုင်ကာမျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"အ မ လေး "ကျွန်မ ကြောက်လန့်တကြားအော်ဟစ်လိုက်သော်လည်း အသံသည် လည်ချောင်းဝမှာပင် တစ်ဆို့နေပြီး အပြင်သို့ထွက်မလာသလို ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လှုပ်ရှား၍မရနိုင်ဘဲ ဖြစ်နေလေသည်။
------------
အပိုင်း ( ၆ )ဆက်ရန်
****
ဧကြည်ဖြူ
" ထူးထူးခြားခြားဘာမှတော့ မဖြစ်ပါဘူး... သူနေလို့သိပ်မကောင်းဘူးလို့တော့ပြောပါတယ် "
" ဟုတ်ကဲ့....ဒီလောက်ဆိုရပါပြီ...အိမ်သားတွေအားလုံးလုပ်စရာရှိတာ ဆက်လုပ်ကြပါဗျာ "
သီဟထွန်းရှိန်၊ကေသီတင်နှင့် ဧည့်သည်အဖြစ်ရောက်ရှိနေသည်မှာ သုံးရက်ပင်မပြည့်သေးသော မင်းပိုင်ဦးအပါအဝင်ကျွန်မနှင့်အတူ အိမ်အလုပ်သမားများအားလုံး ဧည့်ခန်းထဲမှ ထွက်ခဲ့ကြသော်လည်း ဒေါ်မာလာတင်နှင့်လူယုံတော်ကြီး ဦးသက်အောင်မှာမူ ဧည့်ခန်းထဲတွင် ရဲမှူးနှင့်အတူ ကျန်ရစ်ခဲ့လေသည်။
***
ငယ်စဥ်ကပင်မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး ဆွေမျိုးရင်းချာမရှိသော ကိုကျော်စွာဦး၏ နောက်ဆုံးခရီးသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ပြီးဆုံးသွားခဲ့လေသည်။
------------
ရက်လည်ပြီးခါစ အိမ်ကြီးထဲတွင် ဟိုယခင်ကထက်ပင် ပို၍တိတ်ဆိတ်ခြောက်ကပ်နေလေသည်။
အိပ်ပျော်နေသော သူဌေးကြီး၏ မျက်နှာကို ကျွန်မ ကရုဏာသက်စွာငေးကြည့်နေမိသည်။သမီးဖြစ်သူကို ဆုံးရှုံးပြီး သုံးလမပြည့်ခင်မှာပင် သားမက်ဖြစ်သူသည်လည်း သမီးကဲ့သို့ အဖြစ်ဆိုးနှင့် လူ့လောကမှ ထွက်ခွါသွားရသည်ကို သိသောနေ့မှစ၍ သူဌေးကြီး၏ကျန်းမာရေးအခြေအနေသည် မသိမသာဆိုးရွားလာလေသည်။အိမ်သူအိမ်သားများမှာလည်း သီဟထွန်းရှိန်မှလွဲ၍ ကျန်လူများမှာ သူဌေးကြီးဦးထွန်းရှိန်အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ထင်မှတ်ထားပုံမရကြပါလေ။ဧည့်သည်ဖြစ်သူ မင်းပိုင်းဦးပင်လျှင် တစ်နေ့ကိုနှစ်ကြိမ်လောက်ဝင်တွေ့တတ်သေးလေသည်။သူဌေးကတော် ဒေါ်မာလာတင်နှင့်သမီးဖြစ်သူကေသီတို့မှာမူ အသုဘကိစ္စမပြီးခင်ကတည်းကပင် သားအမိနှစ်ယောက် ကားတစ်စီးနှင့်အပြင်ထွက်သွားလိုက် ၊ပြန်လာလိုက်ဖြင့် သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြလေသည်မို့ လာကြည့်ဖို့နေနေသာသာ သတိရကြဟန်ပင်မရှိကြပါချေ။မိသားစုကံနည်းပါးလှသော သူဌေးကြီးကိုကြည့်ပြီး ကျွန်မကိုယ်ချင်းစာသနားမိလေသည်။ကျွန်မသည်လည်း မိဘနှစ်ပါးလုံးမရှိကြတော့ဘဲ ဦးလေးဖြစ်သူ၏အိမ်တွင်နေရသည်ဖြစ်၍ သူဌေးကြီးကဲ့သို့ပင် အထီးကျန်ခဲ့ရသည်မဟုတ်လား။ထို့ကြောင့်ပင်လျှင် ရန်ကုန်မြို့ကြီးနှင့် ဝေးကွာလှသော ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။
ကျွန်မ သူဌေးကြီး၏ခုတင်ဘေး ခုံပေါ်တွင်ထိုင်နေရာမှထရပ်လိုက်ပြီး သူဌေးကြီး၏ စာကြည့်ခန်းဘက်သို့ထွက်ခဲသည်။
စာကြည့်ခန်းဝသို့ရောက်သောအခါ တံခါးကိုအသာဆွဲဖွင့်လိုက်သည်။သူဌေးကြီး၏စာကြည့်ခန်းထဲသို့ ရတီချိုနှင့်သူဌေးကြီးမှလွဲ၍ မည်သူမှဝင်လေ့မရှိဟု မိလုံးပြောဖူးသည်။ယခုအခါ သူဌေးကြီးရောရတီချိုပါ စာကြည့်ခန်းထဲ မဝင်နိုင်တော့သည်မို့ စာကြည့်ခန်းသည်အမြဲတိတ်ဆိတ်ခြောက်ကပ်နေသည်။တစ်ခါတစ်ရံ၌မူ မိလုံးက အခန်းသန့်ရှင်းရေးဝင်လုပ်လေ့ရှိသော်လည်း စာကြည့်ခန်းထဲ၌ ကြာကြာမနေရဟုဆိုသော ဒေါ်မာလာတင်၏အမိန့်ကြောင့်စာကြည့်ခန်းလေးသည်လည်းသူ၏ပိုင်ရှင်ကဲ့သို့ အထီးကျန်လှလေသည်။
ကျွန်မ တံခါးကိုခပ်ဖြည်းဖြည်းဖွင့်ပြီးဝင်ခဲ့လိုက်သည်။ပြီးနောက် စာအုပ်စင်များကြား လျှောက်ကြည့်ရင်း စင်ပေါ်မှစာအုပ်တစ်အုပ်ကိုဆွဲယူဖတ်ကြည့်လိုက်သည်။
" သန်းခေါင်ယံလူသတ်သမားများ" ဆိုသော စာအုပ်ခေါင်းစဥ်ကြောင့် ရင်ထဲ၌ ထိတ်ခနဲလှုပ်ရှားသွားမိပြီး အတွင်းစာမျက်ကို ဖတ်ကြည့်လိုက်မိလေသည်။
" ရှပ်...ရှပ်...ရှပ် "
" ကျွီ....ကျွီ..... "
စာအုပ်ဖတ်နေစဥ်မှာပင် တရှပ်ရှပ်ခြေသံနှင့်အတူ အရာဝတ္တုတစ်ခုကို တရွတ်ဆွဲနေသော အသံမျိုးကိုကြားလိုက်ရသည်မို့ ခေါင်းနားပန်းတွေ ကြီးသွားသလိုခံစားလိုက်ရသည်။နေ့ခင်းကြောင်တောင်ဖြစ်၍ ကြောက်စရာမဟုတ်သော်လည်း ဤအခန်းထဲတွင် ကျွန်မတစ်ယောက်တည်းရှိနေသည် မဟုတ်ပါလား ။ပြီးလျှင် ဤစိန်ပန်းမြိုင်အိမ်ကြီး၌ လူနှစ်ယောက်တောင် အစိမ်းသေသေထားကြသည်လေ။ကျွန်မသည် မည်သို့ပင် လူမမာများကြားလူသေများကြား၌ အလုပ်လုပ်ခဲ့ရသူဖြစ်သော်လည်း မိန်းမသားပီပီ ထိတ်လန့်ကြောက်ရွံ့စိတ်ကတော့ ဖြစ်ပေါ်မိသည်ပင်။
"ရှပ်...ရှပ်...ရှပ် "
" ကျွီ......ကျွီ..."
အသံများသည် ဆက်လက်၍ ထွက်ပေါ်လာပြန်သည်။ကျွန်မ၏ နှလုံးခုန်သံများသည်လည်း သိသိသာသာပင်မြန်ဆန်လာလေသည်။ကျွန်မကြောက်ရွံ့စိတ်ကိုထိန်းရင်း အသံကြားရာ စာကြည့်ခန်း၏ အတွင်းဘက် ချောင်းကျသောနေရာဆီသို့ သတိနှင့်လျှောက်လာခဲ့သည်။ထိုအတွင်းဘက်တွင် အခန်းတစ်ခန်းရှိသေးသည်။သို့သော်ထို့အခန်းသည် သွားလေသူ ရတီချို၏သီးသန့်စာဖတ်ခန်းဖြစ်၍ ကျော်စွာဦးမှအပ
မည်သူမျှဝင်ခွင့်မရှိဟု မိလုံးပြောဖူးသည်။
ကျွန်မ ထိတ်လန့်စိတ်နှင့်အတူ တရွေ့ရွေ့လျှောက်ခဲ့သည်။အခန်းသည် ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။ကျွန်မလည်း အသက်ပင်ရဲရဲမရှူဝံ့ဘဲ စာအုပ်စင်များကြားမှလမ်းလေးအတိုင်းလျှောက်လာခဲ့ရင်း အတွင်းခန်း၏တံခါးနားသို့ ရောက်ရှိလာခဲ့လေသည်။အခန်းတံခါးသည် ခပ်ဟဟပွင့်နေသည် ။အခန်းထဲ၌အနည်းငယ်မှောင်နေပြီ ထိုအမှောင်ရိပ်ထဲတွင် ကုန်းကုန်းကွကွဖြင့်လှုပ်ရှားယိမ်းထိုးနေသော မည်းမည်းအရာကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှာထိတ်လန့်တုန်လှုပ်ကာ နှုတ်ဖျားမှအသံပင် ထွက်မလာဘဲ လက်ထဲမှစာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေသည်။အသံကြောင့် အရိပ်မည်းကြီးသည် ကျွန်မရှိရာသို့ ဖျတ်ခနဲ လှည့်ကြည့်လာလေ၏။ကျွန်မ ကြောက်လန့်တကြားနှင့်ခြေလှမ်းများ
အပိုင်း ( ၅ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
******
သွေးပျက်ဖွယ် မြင်ကွင်းကြောင့် လှေကားထိပ်တွင် ခေတ္တမျှ ကြက်သေသေလျက် ရပ်နေမိသော ကျွန်မ ။ သတိဝင်လာသည်နှင့် တစ်ပြိုင်နက် အောက်ထပ်သို့ ဒရောသောပါးပြေးဆင်းခဲ့သည်။လှေကားခြေရင်းသို့ရောက်သည်နှင့် လဲကျနေသူ၏ဘေးတွင်ထိုင်ချလိုက်ပြီး သွေးခုန်နှုန်းကိုစမ်းရန်ပြင်လိုက်စဥ် အရက်နံ့များထောင်းခနဲရလိုက်သလို လက်သည်လည်းအေးစက်တောင့်တင်းနေသော အထိအတွေ့ကိုသာ ခံစားလိုက်ရသောကြောင့် ထိတ်လန့်တကြားနှင့် ထိုသူ၏မျက်နှာကိုကြည့်လိုက်မိလေသည်။
"အို....သူ...သူ...ကိုကျော်စွာဦးပါလား.... "
ကျွန်မ ကိုကျော်စွာဦး၏ အသက်ကင်းမဲ့နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးကို စိတ်မကောင်းစွာကြည့်နေမိသည်။အိမ်ရှိ မိသာစုများအားလုံးလည်း ကိုကျော်စွာဦး၏ သက်မဲ့ခန္ဓာကိုယ်ကြီးအနားသို့ ရောက်ရှိလာကြလေသည်။
" အား "
" အ..မ..လေး "
" ဘယ်....ဘယ်လိုများဖြစ်ရတာလဲ... ပြောကြပါဦး...ဘယ်သူအရင်မြင်တာလဲ ပြောကြပါဦး " ဒေါ်မာလာတင်၏ မေးလိုက်သောအသံသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ထွက်ပေါ်လာလေသည်။
" ဟို...ဟို...ကျွန်မ
...ကျွန်မ အရင်မြင်တာပါမမကြီး..." ဒေါ်မာလာတင်၏ အမေးကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သော အသံတစ်သံကြောင့် အသံလာရာဆီသို့ အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြလေသည်။အထစ်ထစ်အငေါ့ငေါ့နှင့်ဖြေလာသောသူမှာ သိပ်မကြာခင်ကမှ ရောက်လာသော အိမ်အကူအသစ်ဖြစ်ပြီး ယခုအချိန်ထိပင် ကြောက်ရွံ့ထိတ်လန့်စိတ်ပြေသေးပုံမရဘဲ တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်နေလေသည်။
--------
အချိန်က နံနက်ဆယ်နာရီကျော်ပေပြီ။
"အိမ်သားအားလုံး ဧည့်ခန်းထဲမှာ လူစုပေးပါ...ကျွန်တော်တို့ တာဝန်ရှိတဲ့အတိုင်း နည်းနည်းပါးပါးမေးမြန်းစရာရှိလို့ပါ "
မြို့နယ်ရဲစခန်းမှ ရောက်လာသောတာဝန်ကျရဲမှူး၏စကားကြောင့် အိမ်သားများအားလုံး အသီးသီးနီးစပ်ရာခုံတွင် ငြိမ်သက်စွာထိုင်လိုက်ကြလေသည်။
ကျွန်မလည်း ခုံလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး အိမ်သားများကို မသိမသာအကဲခတ်ကြည့်လိုက်သည်။ပထမဦးစွာ ဒေါ်မာလာတင်ကို ကြည့်လိုက်သောအခါ ဒေါ်မာလာတင်၏ မျက်နှာသည် အေးစက်စက်နှင့် ခံစားမှုမဲ့သလိုထင်ရလေသည်။
လူယုံတော်ကြီးဦးသက်အောင်ကို ကြည့်မိသောအခါတွင်လည်း ဒေါ်မာလာတင်ကဲ့သို့ပင် အေးစက်မှုန်မှိုင်းသော မျက်နှာနှင့်သာရှိလေသည်။ထပ်မံ၍ ကေသီတင်၏ မျက်နှာကို မသိမသာကြည့်လိုက်မိသည်။ ကေသီတင်သည် အတော်လေးငိုထားဟန်ရှိလေ၏။ဖြူနုသော မျက်နှာမှာ အနီဘက်သို့လုနေပြီး မျက်ခွံများမှာမို့အစ်နေလေသည်။ထို့နောက် သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်ရာ သီဟထွန်းရှိန်သည် တည်တည်ငြိမ်ငြိမ်ပင်ထိုင်နေပြီး မျက်လုံးများမှာ ငြိမ်သက်လျက်တစ်စုံတစ်ရာကို တွေးတောစဥ်းစားနေပုံရလေသည်။ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အတန်ကြာငေးကြည့်နေမိလေရာ သီဟထွန်းရှိန်သည်လည်း ကျွန်မကိုလှမ်း၍ ကြည့်လာသည်မို့ အကြည့်ကို မိလုံးတို့ဆီသို့ ကမန်းကတန်းလွှဲလိုက်ရလေသည်။မိလုံးသည် ခေါင်းကိုငုံလျက် ကြမ်းပြင်သို့သာ စိုက်ကြည့်၍နေလေသည်။ကျန်အလုပ်သမားအသစ်နှစ်ယောက်ဖြစ်သော ဒေါ်ကြူနှင်မိခိုင်တို့မှာလည်း မိလုံးနှင့်နည်းတူပင် ခေါင်းကြီးများကိုငုံ့ထားကြလေသည်။
ခြံစောင့်ကြီးဦးဖိုးထော်မှာလည်း ထိုနည်းတူပင် ခေါင်းကြီးငုံ့ကာ မလှုပ်မယှက်နှင့်ထိုင်နေလေသည်။ ကြည့်ရသည်မှာ အိမ်ကြီးရှင်သူဌေးများ၏ရှေ့မို့ ခေါင်းများကိုငုံ့ထားကြဟန်ရှိလေသည်။ကျွန်မ သက်ပြင်းမောကို မသိမသိမှုတ်ထုတ်လိုက်ပြီး နောက်ဆုံးကျန်သူ မင်းပိုင်ဦးထံသို့ အကြည့်ကို လွှဲလိုက်လေသည်။ထိုအခါ မင်းပိုင်ဦးသည်လည်း ကျွန်မကိုလှမ်း၍ကြည့်နေလေသည်။မင်းပိုင်ဦး၏အကြည့်ထဲတွင် စိတ်ညစ်စိတ်ရှုပ်ထွေးနေသောပုံစံကိုတွေ့ရလေသည်။
" အဲ့ဒီတော့... အလောင်းကို ပထမဆုံးတွေ့တာက အိမ်အကူမလေးပေါ့...ဒါဆိုမနေ့ညက ကိုကျော်စွာဦးကို ဘယ်အချိန်ကနောက်ဆုံးတွေ့ခဲ့ကြတာလဲ...တစ်ယောက်ယောက်တော့ တွေ့မိမှာပါ "
အမေးရှိသော်လည်း အဖြေမရှိ။တစ်ယောက်ဆီကမျှအသံထွက်မလာချေ။ကျွန်မ သီဟထွန်းရှိန်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။သီဟထွန်းရှိန်သည် နှုတ်ခမ်းကို တင်းတင်းစေ့၍ ခပ်မဆိတ်နေသလို မိလုံးသည်လည်း ခေါင်းကိုငုံ့၍ထားလေသည်။ကျွန်မ ရဲမှူး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်မိသည်။ရဲမှူးကြီး၏ မျက်နှာသည်တည်ငြိမ်အေးဆေးလွန်းနေသည်။ကြည့်ရသည်မှာ ကိုကျော်စွာဦး၏ သေဆုံးမှုသည် သူ့ဘာသာ မတော်တဆဖြင့် လှေကားမှပြုတ်ကျသည်ဟု တွက်ဆထားပုံရသည်။
"မနေ့က နေဝင်ချိန်လောက်မှာ ကိုကျော်စွာဦးနဲ့ ကျွန်မတို့ ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ပါတယ်... အဲ့နောက်ပိုင်း မတွေ့ရပါဘူး "
ကျွန်မ၏ အသံကြောင့် ရဲမှူးနှင့်အိမ်သားများ၏ အကြည့်များသည်ကျွန်မထံသို့စုပြုံရောက်ရှိလာကြလေသည်။
" ဒါဆို.. ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ရတာပေါ့...ဒါနဲ့ ကျွန်မတို့ဆိုတော့ ဒီကညီမအပြင် ဘယ်သူတွေရှိသေးတာလဲ "
" ကျွန်မနဲ့ ကိုသီဟထွန်းရှိန်ရယ် မိလုံးရယ်ပါ "
" ဒါဆို... အဲ့ဒီအချိန်က ထမင်းစားခန်းထဲမှာ ထူးထူးခြားခြားဘာများမြင်ခဲ့ကြားခဲ့ကြသေလဲ "
ရဲမှူး၏စကားအဆုံး၌ သီဟထွန်းရှိန်နှင့်မိလုံးကို ကျွန်မလှမ်းကြည့်လိုက်မိသည်။သူတို့နှစ်ယောက်ကလည်း ကျွန်မကိုလှမ်း၍ကြည့်နေလေသည်။
"မဝတ်ရည်က လူတိုင်းနဲ့ခင်မင်လွယ်တာပဲနော် "
ကသီဟထွန်းရှိန်၏စကားကြောင့် ကျွန်မဖျတ်ခနဲမတ်တပ်ထရပ်လိုက်မိသည်။
" မင်း ဘာကိုပြောချင်တာလဲသီဟထွန်းရှိန် "ကျွန်မ၏အသံသည် ဒေါသသံအနည်းငယ်စွက်နေမှန်း ကျွန်မကိုယ်တိုင်ပင်သတိမထားလိုက်မိပါလေ။
" ဘာသဘောမှမဟုတ်ပါဘူးဗျာ...ကျွန်တော်စကားမှားသွားရင်ကျွန်တော်ကပဲတောင်းပန်ပါတယ် "
သူကတောင်းပန်လိုက်သော်လည်းကျွန်မစိတ်ထဲမှာ ကသီကအောက်ဖြစ်သွားရသည်မို့
မျက်နှာထားတင်းတင်းနှင့်ပင်သူ့ကိုလှမ်းကြည့်နေလိုက်သည်။ထိုအခါတွင်တော့ သီဟထွန်းရှိန်သည် သူမဟုတ်သကဲ့သို့ခေါင်းကိုငုံ့ထားလေ၏။ခေါင်းကြီးငုံ့ပြီး ထမင်းကိုအဆက်မပြတ်တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသော သီဟထွန်းရှိန်၏ပုံစံကိုကြည့်ကာ ကျွန်မလှစ်ခနဲပြုံးလိုက်မိလေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်မပြုံးလိုက်စဥ်ခဏ၌ သီဟထွန်းရှိန်ကလည်း ကျွန်မကိုလှမ်းကြည်သည်မို့ ကျွန်မမျက်နှာကို ပြန်၍စူပုတ်ထားလိုက်လေသည်။
***
" ဖလပ်....ဖလပ်..." အိပ်မက်လိုလို ၊တကယ်ကြားရသလိုလိုနှင့်နားထဲမှာ အသံအချို့ကြားရသောကြောင့် ကျွန်မလန့်နိုးလာပြီး အသံကိုသေချာနားစွင့်နေလိုက်သည်။အသံကပြတင်းပေါက်ဘက်မှာလာနေခြင်းဖြစ်မှန်း ကျွန်မသိလိုက်သည်။ခုတင်ထက်မှဆင်းကာပြတင်းပေါက်နားသို့ ကျွန်မလျှောက်သွားကြည့်လိုက်သည်။ပြတင်းပေါက်သို့ရောက်သော်ခါ လိုက်ကာစကိုဖယ်ပြီး မှန်ပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်လိုက်သည်။အပြင်တွင်မှောင်မိုက်နေပြီး ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။ခြံထဲသို့ အာရုံစိုက်၍ကြည့်လိုက်ရာ ပိန်းပိိတ်အောင်မှောင်နေသော အမှောင်ထုကိုကြည့်ရသည်မှာကျောချမ်းစရာကောင်းလှပေးသည် ။ကျွန်မ လိုက်ကာစကိုပြန်ဆွဲပိတ်လိုက်ပြီး ခုတင်ရှိရာသိုပြန်လျှောက်လာခဲ့သည်။
" ကျစ် "ခုတင်းနားရောက်ခါနီးတွင် အသံတစ်သံကိုထက်ကြားလိုက်ရပြန်သည်။အသံသည် မည်သည့်အသံမှန်းမသိသော်လည်း အခန်းပြင်မှလာသောအသံဖြစ်သည်မှာသေချာသည်။အခန်းတံခါးနားသို့တိုးကပ်လျှောက်သွားလိုက်ပြီး အခန်းတံခါးကိုအနည်းငယ်ဟလိုက်ကာ အခန်းပြင်သို့ချောင်းကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်ရှင်းလင်းနေသည်။လှေကားထိပ်ဘက်ဆီသို့ လှမ်းကြည့်လိုက်သောအခါမှာလည်း ရှင်းလင်းတိတ်ဆိတ်နေပြန်သည်။ကျွန်မခန်းတံခါးကိုပြန်ပိတ်လိုက်သည်။ယခင်ကစိတ်နှင့်သာဆိုလျှင်လှေကားနားလောက်အထိ သွားလျှောက်ကြည့်မိမည်ဖြစ်သော်လည်း သီဟထွန်းရှိန်၏မျက်နှာကိုမြင်ယောင်ပြီး အခန်းထဲသို့ပြန်ဝင်ခဲ့လိုက်သည်။
****
" တီ...တီ...တီ.." မည်မျှအိပ်ပျော်သွားသည်မသိ နှိုးစက်မှတတီတီမြည်သံကြားမှကျွန်မလန့်နိုးသွားပြီးအိပ်ရာထဲမှလူးလဲထလိုက်သည်။နှိုးစက်ကိုမနက်လေးနာရီခွဲသံပတ်ပေးထားသည်။မနက်လေးနာရီခွဲသည်နှင့်အိပ်ရာထကိုယ်လက်သန့်စင်ပြီးဘုရားခန်းသို့သွားကာ ဘုရားသောက်တော်ရေလဲ ၊ဆီမီးကပ်လှူကာ ဘုရားရှိခိုးပုတီးစိတ်သည်မှာ ကျွန်မ၏နေ့စဥ်အကျင့်တစ်ခုဖြစ်လေသည်။မနက်ခြောက်နာရီမထိုးခင်မှာကျွန်မ၏လုပ်စရာရှိသည်များကိုလုပ်ပြီး ခြောက်နာရီထိုးသည်နှင့်တစ်ပြိုင်နက်အောက်ထပ်ရှိသူဌေးကြီးဦးထွန်းရှိန်၏အခန်းသို့သွားရောက်ရမည်ဖြစ်လေသည်။
ကျွန်မ မှန်တင်ခုံရှေ့မှာထိုင်ပြီပြင်ဆင်ပြီးနောက် ဘုရားဝတ်ပြုရန်အတွက်ဘုရားခန်းဘက်သို့ထွက်ခဲ့လေသည်။အချိန်သည် မနက်ငါးနာရီခန့်ရှိပြီဖြစ်သော်လည်း အိမ်ကြီးရှင်များမှာ မနက်ခြောက်နာရီကျော်ခုနှစ်နာရီထိုးခါနီးမှအိပ်ရာမှနိုးကြသည်မို့ အိမ်ကြီးထဲတွင်တိတ်ဆိတ်ငြိမ်သက်နေလေသည်။အောက်ထပ်တွင်တော့ မိလုံးတို့အလုပ်သမားများ နိုးနေကြပြီးမနက်စာအတွက်ချက်ပြုတ်ဖို့ပြင်ဆင်နေကြမည်ဖြစ်သော်လည်း မီးဖိုခန်းထဲမှာသာ အလုပ်များနေတတ်ကြသည်။တိတ်ဆိတ်နေသောစင်္ကြန်လမ်းအတိုင်း ကျွန်မလျှောက်လာခဲ့သည်။ ဘုရားခန်းသည် လှေကားထိပ်မရောက်ခင် အရှေဘက်သို့သွားသောစင်္ကြန်လမ်းမှသွားရမည်ဖြစ်သည်။ထိုစင်္ကြန်လမ်းမှလျှောက်သွားပြီးအဆုံးတွင် အခန်းနှစ်ခန်းရှိပြီး ဘယ်ဘက်အခန်းမှာ သီဟထွန်းရှိန်၏ အခန်းဖြစ်ပြီးဘုရားခန်းမှာ ညာဘက်မှအခန်းဖြစ်လေသည်။
ကျွန်မလည်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး အရှေ့ဘက်စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့လိုက်လေသည်။ထိုအချိန်မှာပင်
" အ မ လေး " တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ကြီးထဲတွင် အောက်ထပ်မှ အသံနက်ကြီးနှင့် ကြောက်လန့်တကြားအော်ဟစ်လိုက်သော အသံကို ချောက်ချားဖွယ်ရာကြားလိုက်ရလေသည်။ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်ထဲတွင်ဒိန်းခနဲဆောင့်ခုန်သွားပြီး လှေကားထိပ်သို့ ပြေးလွှားကြည့်လိုက်လေသည်။
" အ မလေး "လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မလည်းတုန်လှုပ်ချောက်ချားစွာအော်ဟစ်လိုက်မိပြီး လူမှာမိုက်ခနဲပင်ဖြစ်သွားရသည်မို့ လှေကားလက်ရန်းများကိုအားပြု၍ထိုင်ချလိုက်ရလေသည်။ကျွန်မထိုင်နေသော လှေကား၏အဆုံးသမံတလင်းပေါ်တွင်တော့ လူတစ်ယောက်သည် ခြောက်သွေ့စပြုနေပြီဖြစ်သော သွေးအိုင်ထဲတွင် မှောက်ခုံကြီးလဲကျနေလေသည်။
------------
အပိုင်း ၅ ဆက်ရန်
***
#ဧကြည်ဖြူ
မရွှေမိကိုအိပ်မက်မက်နေသည်ကို မတွေးတောတတ်အောင်ဖြစ်နေမိသည်။ကျွန်မကုန်းကမူလေးရှိရာသို့ လှမ်းသွားရန်ပြင်လိုက်သည်။
"ဖျပ်...ဖျပ်... ဖျပ်..."
ထိုစဥ်မှာပင် နောက်ကျောဘက်ဆီမှ တဖျပ်ဖျပ်လျှောက်လာသော ခြေသံကြားလိုက်ရသောကြောင့် ကျောထဲ၌ စိမ့်ခနဲဖြစ်သွားပြီး အနောက်သို့ ကမန်းကတန်းလှည့်ကြည့်လိုက်မိသောအခါ
ပခုံးထက်တွင် တစ်စုံတစ်ရာကိုထမ်းလာပြီး ခြေကားကား လက်ကားကားနှင့်တရွေ့ရွေ့လှမ်းလာသော မည်းမည်းကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရလေသည်။တဖြည်းဖြည်းနီးကပ်လာသော မည်းမည်းကောင်ကြီးကိုကြည့်ကာ ကျွန်မနေရာတွင်ပင်ကြက်သေသေလျက်ရပ်နေမိလေသည်။ ထိုမည်းမည်းကောင်ကြီးသည် ကျွန်မနားသို့ရောက်သောအခါရပ်တန့်လိုက်ပြီး လက်တစ်ဖက်မှာ လေထဲသို့မြောက်တက်လာလေသည်။
" အား " ထိတ်လန့်တုန်လှုပ်စွာ ကျွန်မအသံကုန်အော်ဟစ်လိုက်သည်။
" ဆရာမလေး....ဆရာမလေး ဘာဖြစ်တာလဲ သတိထားပါဦး....ကျွန်တော်ပါ ခြံစောင့်ဦးဖိုးထော်လေ..."
ခြံစောင့်ကြီး ဦးဖိုးထော်၏ အသံကိုကြားမှ ကျွန်မမှာ ပြန်လည်အသိဝင်လာလေသည်။လူမှာမူ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်နှင့်ဖြစ်နေသည်မို့ မြေကြီးပေါ်သို့ ထိုင်ချလိုက်ရလေသည်။
" ဦး...ဦးဖိုးထော်ရယ်...လန့်သွားတာပဲ...အသံမပေးဘာမပေး "
" ဒါနဲ့...ဆရာမလေးက ဒီတောအုပ်ထဲဘာလာလုပ်တာလဲ..."
" ပျင်းလို့ လမ်းလျှောက်ထွက်လာတာပါ ဦးဖိုးထော်ရယ် "
ကျွမ်မ၏ အဖြေစကားကိုကြားသောအခါ ဦးဖိုးထော်သည် ကျွန်မကိုစူးစူးရဲရဲတစ်ချက်စိုက်ကြည့်ပြီးနောက်
" မထွက်နဲ့...ဒီတောအုပ်ထဲဘယ်တော့မှလမ်းမလျှောက်နဲ့ဆရာမလေး "
" ရှင်...ဘာ...ဘာဖြစ်လို့လံဦးဖိုးထော်..."
"ဒီတောအုပ်က သူဌေးကြီးကျန်းမာစဥ်က အမဲပစ်ထွက်တဲ့နေရာပဲ... ပိုးကောင်မွှားကောင်တွေရှိသလို တောကောကြီးတွေလည်းရှိတယ်...နောက်ဘယ်တော့မှာ ဒီဘက်ကိုမလာနဲ့ လမ်းလျှောက်ချင်ရင်ခြံအရှေ့ဘက်မှာလည်းအကျယ်ကြီးပါ ကြိုက်သလောက်လျှောက်လို့ရတယ် ဆရာမလေး "
***
အချိန်က နေဝင်ဖျိုးဖျ။ညစားကို ခပ်စောစောပင်စားလေ့ရှိသော ကျွန်မ ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။ယနေ့မှထူးထူးခြားခြား ထမင်းစားခန်းထဲတွင် ကျွန်မထက်ဦးသူတစ်ယောက်ရောက်နေလေသည်။ထိုသူမှာ ကိုကျော်စွာဦးပင်ဖြစ်ပါလေသည်။ကိုကျော်စွာဦးသည် ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ဆုံရခဲသော သူဖြစ်သည်။ကျွန်မသည် ကိုကျော်စွာဦးနှင့်ရင်းနှီးမှုသိပ်မရှိလှသည်မို့ ထမင်းစားခန်းထဲသို့ဝင်ရန်ချီတုံချတုံဖြစ်နေမိပြီး အခန်းဝမှာအသာရပ်နေမိလေသည်။ကိုကျော်စွာဦးသည် ထမင်းကိုဖြည်းလေးစွာစားနေပြီ မိလုံးသည် ကိုကျော်စွာဦး၏အနားတွင်ရပ်ကာ ကိုကျော်စွာဦး၏ထမင်းပန်းကန်ထဲသို့ ဟင်းများကိုဂရုတစိုက်နှင့်ခပ်ထည့်ပေးနေ၏။ပန်းရောင်အင်္ကျီလက်ပြတ်နှင့်အပွင့်ကြီးအခက်ကြီးများပါသောထဘီကိုခပ်တင်းတင်းဝတ်ထာပြီးသနပ်ခါးအဖွေးသားနှင့်ညိုညိုတုတ်တုတ်မိလုံး၏ပုံစံမှာ လှသည်ဟုမဆိုသာသော်လည်း ကြည့်ပျော်ရှူပျော်ရှိ၏။မိလုံးသည် ကျွန်မကိုမမြင် ကိုကျော်စွာဦးကိုသာ ကြည့်၍နေလေသည်။မိလုံး၏ပုံစံကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ တစ်မျိုးတစ်မည်ခံစားလိုက်ရပြီး အခန်းပြင်သို့ပြန်လှည့်ထွက်ရန်ပြင်လိုက်သောအခါ ကိုကျော်စွာဦးသည် ခြေသံကြားသွား၍ထင်သည် လှည့်၍ကြည့်လာလေသည်။မိလုံးကမူ ကျွန်မကိုမြင်သောအခါ ခပ်ပြုံးပြုံးပင်ရှိလေသည်။
" သြော် ဆရာမပါလား...ညနေစာ စားမလို့ထင်တယ်...လာပါဆရာမ ကျွန်တော့်ကိုအားမနာပါနဲ့...ကျွန်တော်လည်းစားလို့ပြီးနေပါပြီ "
"အို...မဟုတ်တာ...အေးဆေးစားပါရှင်... ကျွန်မကကိုကျော်စွာဦးကိုအားနာလို့ဝင်မလာတာပါ...ဒါနဲ့ ဒီနေ့ ကိုကျော်စွာဦးအလုပ်ကပြန်လာတာစောတယ်နော် "
" ဟုတ်တယ် ဆရာမ...ကျွန်တော်ဒီနေ့ နေလို့သိပ်မကောင်းလို့ ခပ်စောစောပဲပြန်လာလိုက်တာ "
"နေမကောင်းဘူးလား...ဆေးလိုရင်ပြောလေ ...တော်တန်ရုံဆေးလောက်တော့ ကျွန်မမှာရှိပါတယ် "
" ကျေးဇူးတင်ပါတယ် ဆရာမလေး...ကျွန်တော်အလုပ်ကအပြန်မှာ ဆေးခန်းဝင်ပြခဲ့ပါတယ် "
ကိုကျော်စွာဦးနှင့်ကျွန်မ စကားစမြည်ပြောရင်းထမင်းစားနေစဥ်မှာပင် ထမင်းစားခန်းတံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး သီဟထွန်းရှိန်ဝင်လာလေသည်။သီဟထွန်းရှိန်သည် ကိုကျော်စွာဦးနှင့်ကျွန်မအား ခပ်စူးစူးစိုက်ကြည့်၍ စားပွဲ၏ထိပ်ဘက်ခုံမှာဝင်ထိုင်လိုက်သည်။
" မိလုံး...ထမင်းပွဲပြင်ပေး " ဟိန်းခနဲထွက်လာသော သီဟထွန်းရှိန်၏အသံကြောင့်ကျွန်မမှာလန့်ဖျန့်ကာ ခန္ဓာကိုယ်ပင် ဆတ်ခနဲတုန်သွားလေသည်။ကျော်စွာဦးမှာမူ မတုန်မလှုပ်နှင့်ပင် ထမင်းစားခြင်းကိုလက်စသတ်လိုက်ပြီး "ကျွန်တော် သွားတော့မယ်နော် ဆရာမ "ဟုနှုတ်ဆက်ကာ ထမင်းစားခန်းထဲမှထွက်သွားလေသည်။ကျွန်မမှာ ကိုကျော်စွာဦးကို ခေါင်းသာငြိမ့်ပြလိုက်ပြီး အသံပင်မထွက်ရဲ။သီဟထွန်းရှိန်သည် စားပွဲ၏ထိပ်ဘက်မှနေပြီး ကျွန်မကိုခပ်စူးစူးစိုက်ကြည့်နေလေသည်။ကျွန်မမှာ လက်တုန်တုန်ခြေတုန်တုန်နှင့်ပင် ထမင်းစားခြင်းကိုအမြန်အပြီးသတ်လိုက်ပြီး စားပွဲခုံမှထရန်ဟန်ပြင်လိုက်သောအခါ သီဟထွန်းရှိန်သည် ကျွန်မအားလှမ်း၍ကြည့်သည်မို့ ထိုင်ရမလိုထရမလိုနှင့်ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလေသည်။
" မဝတ်ရည် "
နာမည်ကို ခေါ်လိုက်သံကြောင့် ကျွန်မအံ့သြသွားရပြီး သီဟထွန်းရှိန်ကိုမဝံ့မရဲလှမ်းကြည့်လိုက်မိလေသည်။
ဒေါ်မာလာတင်၏ စကားကိုနှုတ်ဆိတ်၍သာနားထောင်နေလေသည်။
" ဖြစ်နိင်ရင်တော့ တူမလေးကိုမြှုပ်နှံထားတဲ့နေရာကို ကျွန်တော်တို့ကိုလိုက်ပြပေးပါဦး...ပြီးတော့ဒိီကကျွန်တော့်တူအတွက်အကူအညီတောင်းရတာကိုလည်းတကယ်အားနာပါတယ် "
" အို မဟုတ်တာကိုအောင်နိူင်ရယ် ဘာအားနာစရာရှိလဲ ကိုယ့်အချင်းချင်းတွေပဲဟာ "ဒေါ်မာလာတင်သည် ထိုစကားကိုပြောပြီးနောက် မိသားစုများကို မသိမသာလှမ်းကြည့်လေသည်။ဒေါ်မာလာတင်၏အကြည့်ကို လူယုံတော်ကြီး ဦးသက်အောင်နှင့်သားမက်ဖြစ်သူကျော်စွာဦးတို့က စိတ်ဝင်တစားရှိနေကြသော်လည်း ကေသီတင်နှင့်သီဟထွန်းရှိန်မှာမူ သူတို့နှင့်မဆိုင်သကဲ့သို့ရှိလေသည်။ကျွန်မမှာလည်း ထိုင်ခုံမှာထိုင်နေရသော်လည်း သူတို့၏မိသားစုဆွေမျိုးကိစ္စသည် ကိုယ်နှင့်မသက်ဆိုင်သည်မို့ စိတ်မသက်မသာဖြစ်မိလေသည်။
"ကဲ... တစ်လက်စကတည်း အားလုံးကိုမှာထားရဦးမယ်...နောက်အပတ်ကစပြီး...ကိုအောင်နိုင့်တူ မောင်မင်းပိုင်ဦးက တို့ရဲ့စိန်ပန်းမြိုင်အိမ်ကြီးမှာ အချိန်ခဏလောက်နေမှာမို့ အားလုံးက မိသားစုတွေလို နွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးဖို့တောင်းဆိုပါတယ်...ပြီးတော့မိလုံးတို့အဖွဲ့က မောင်မင်းပိုင်ဦးနေဖို့အတွက် အပေါ်ထပ်က အခန်းတစ်ခန်းကိုသေချာလေးပြင်ဆင်ပေးထားကြပါ "
ဒေါ်မာလာတင်၏ စကားဆုံးသွားသောအခါ ကျွန်မအလန့်တကြားဖြင့် မင်းပိုင်ဦး၏မျက်နှာကိုကြည့်လိုက်မိလေသည်။ကျွန်မအကြည့်ကြောင့် မင်းပိုင်ဦးကလှစ်ခနဲတစ်ချက်ပြုံးပြလိုက်သည်မို့ ကျွန်မ မလုံမလဲနှင့်သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိသည်။
"ဘုရားရေ "ကျွန်မစိတ်ထဲမှ နေ ဘုရားတလိုက်မိအောင်ပင် သီဟထွန်းရှိန်၏ မျက်နှာမှာတင်းမာနေသည်ကိုတွေ့လိုက်ရလေသည်။
****
အချိန်က မွန်းလွဲနှစ်ချက်ကျော်ပေပြီ ။သူဌေးကြီးဦးထွန်းရှိန်သည် ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ကျွန်မလည်း ပြတင်းဝနားတွင်ထိုင်၍စာအုပ်ဖတ်နေရင်းမှ ငိုက်မျဥ်းလာသလိုရှိလာတာမို့ အခန်းအပြင်သို့ထွက်ခဲ့သည်။
နေ့လယ်နေ့ခင်းဖြစ်၍ ဒေါ်မာလာတင်တို့မိသားစုတွေ မရှိကြသောကြောင့် အိမ်ကြီးသည်တိတ်ဆိတ်နေပြန်သည်။ခုတလော အိမ်ကပ်လှပါသည်ဆိုသော သီဟထွန်းရှိန်သည်ပင် အပြင်သို့ မကြာခဏသွားတတ်လေသည်။
ကျွန်မ အခန်းထဲမှ ထွက်လာပြီးနောက် မီးဖိုဆောင်ဘေး စင်္ကြန်လမ်းအတိုင်းလျှောက်ခဲ့သည်။နောက်ဖေးမီးဖိုချောင်ထဲတွင် အလုပ်သမားအသစ်ဖြစ်သူ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတစ်ယောက်သာ အိုးခွက်ပန်းကန်များကို တိုတ်ချွတ်ဆေးကြောနေသည်ကို တွေ့ရလေသည်။ကြည့်ရသည်မှာ မိလုံးနဲ့နောက်ထက်အလုပ်သမားလေးမှာ မင်းပိုင်ဦးလာလျှင်နေဖို့ အခန်းအားသွားရှင်းနေခြင်းဖြစ်မည်ထင်သည်။မင်းပိုင်ဦးအကြောင်း ခေါင်းထဲသို့ရောက်လာသောအခါ ကြည်လင်နေသောစိတ်က နောက်ကျိရှုပ်ထွေးသွားရပြန်လေသည်။ကျွန်မ စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ နောက်ဖေးတံခါးမကြီးနားသို့ရောက်ရှိလာသည်။တံခါးကို ဆွဲဖွင့်လိုက်ပြီး ခြံထဲသို့ ဆင်းခဲ့လေသည်။ခြံထဲတွင်လည်းတိတ်ဆိတ်၍နေလေသည်။ခြံထဲရှိ ခြံစောင့်ကြီး ဦးဖိုးထော်သည်လည်း ခြံကျယ်ကြီး၏တစ်နေရာရာတွင် သစ်ပင်ပန်းပင်များကိုစိုက်ပျိုးပြုပြင်နေမည်ထင်သည်။ ကျွန်မ သစ်ပင်ကြီးများကြားမှ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ခြံနောက်ဘက်သည် ခြံရှေ့ထက် သစ်ပင်ကြီးများပိုများပြီး နေ့ခင်းကြောင်တောင်၌ပင် အနည်းငယ်မျှချောက်ချားစရာကောင်းလေသည်။ကျွန်မလည်း တစ်လောကမက်ခဲ့သော အိပ်မက်ကိုသတိရကာ ကျောချမ်းသလိုလိုတော့ ခံစားနေရလေသည်။
သစ်ပင်ကြိုသစ်ပင်ကြားမှအတန်ကြာလျှောက်လာပြီးသော်ခါ ခြံ၏အဆုံး တောအုပ်အစပ်သို့ရောက်ရှိလာလေသည်။စိန်ပန်းမြိုင်အိမ်ကြီးသည် မြို့လေး၏အထွက် အိမ်ခြေကျဲပါးလှသောနေရာတွင် တစ်သီးတစ်သန့်တစ်ထီးတစ်နန်းရှိနေ၍ ပတ်ဝန်းကျင်၌ ညဘက်မပြောလေနှင့် နေ့လယ်နေ့ခင်း၌ပါ သွားလာသူမရှိသလောက်ရှားပါးလေသည်။
ကျွန်မတောစပ်တွင်ရပ်၍ တော့အုပ်ထဲသို့ဝင်သွားသောလမ်းလေးကိုငေးကြည့်နေရင်း မရွှေမိ၏လက်ယပ်ခေါ်နေသောပုံစံကို မျက်စိထဲမြင်ယောင်လာမိပြီး အယောင်ယောင်အမှားမှားနှင့်တောလမ်းလေးအတိုင်းလျှောက်ဝင်ခဲ့မိလေသည်။
" ကျွီ....ကျွီ...."
"ရှီး....ရှိီး...ရှိီး...."တောအုပ်ငယ်ထဲမှ အမျိုးအမည်မသိသော အသံပေါင်းစုံကိုကြားနေရသလို တစ်ကိုယ်လုံးရှိ သွေးများဖျဥ်းဖျဥ်းမြည်လာသကဲ့သို့
ကြက်သီးများပါထလာလေသည်။သို့သော်လည်း လှမ်းလက်စခြေလှမ်းများမှာရပ်တန့်၍ မရနိုင်ဘဲရှေ့သို့သာလှမ်းနေမိလေသည်။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တောအုပ်လေးထဲမှ အလင်းရောင်သည် မှေးမှိန်ဖျော့တော့လာပြီး အမှောင်များလွှမ်းခြုံလာသည်ဟု ခံစားနေရလေသည်။ကျွန်မ လှမ်းလက်စ ခြေလှမ်းများကိုရပ်တန့်ပြီး အရှေ့သို့ မျှော်ကြည့်လိုက်မိသည်။ရှေ့တည့်တည့်၌မြင်နေရသည်မှာ သစ်ပင်ပုလေးများများပြားစွာပေါက်ရောက်နေသောကုန်းကမူလေးတစ်ခု။ထိုကုန်းကမူလေးကိုကြည့်၍ ရင်ထဲတလှပ်လှပ်မူးဝေလာသလို နားထင်သွေးကြောများလည်းတထိတ်ထိတ်ဆောင့်တိုးလာလေသည်။ထိုနေရာ။ထိုနေရာသည် အိပ်မက်ထဲ၌ မရွှေမိရပ်ခဲ့သောနေရာနှင့်ထပ်တူထပ်မျှတူနေလေသည်။တကယ်ဆိုလျှင် မရွှေမိသည် ကျွန်မရောက်ပြီး မကြာမီမှာပင် အလုပ်ထွက်သွားသည်ဖြစ်၍ မရွှေမိနှင့်ကျွန်မမှာ ခင်မင်ရင်းနှီးမှုသိပ်မရှိခဲ့ဘဲ မကြာခဏဆိုသလို
သတ်ပုံအမှားများကို သည်းခံပေးကြပါရန်တောင်းပန်အပ်ပါသည်
အပိုင်း ( ၄ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
***
အယောင်ယောင်အမှားမှားနှင့် လက်ထဲမှပြုတ်ကျသွားသောဆေးဘူးမှာ ဒေါ်မာလာတင်၏ ခြေထောက်နားသို့လိမ့်ဆင်းသွားလေသည်။ဒေါ်မာလာတင်သည် သူ့ခြေထောက်နားမှ ဆေးဘူးကိုအသာကောက်ယူလိုက်ပြီး ချိုမြပြုံးရွှင်သော မျက်နှာထားနှင့်စကားဆိုလာလေသည်။
" ဆရာမလေး အရမ်းပင်ပန်းနေတယ်ထင်တယ်... ခဏသွားနားလိုက်ပါဦး...ဒီလိုပါပဲ ကျွန်မနဲ့ဆရာမလေးတစ်ယောက်တစ်လှည့်ပြုစုနေရတာပဲ...အစ်ကိုကြီးအတွက်မို့ပင်ပန်းတယ်လို့မခံစားရပါဘူးရှင်...အိမ်အလုပ်တစ်ဖက်နဲ့မို့ တစ်ခါတလေအစ်ကိုကြီးကို ဆရာမလေးလက်ထဲအပ်ထားရပေမဲ့ ဆရာမလေးကိုလည်းအားနာလှပါတယ် "
ဒေါ်မာလာတင်၏ အသံသည် မကြားရစဖူးချိုလွန်းအီလွန်းလှပေသည်။ထို့ပြင် သစ်လွင်တောက်ပမှုမရှိတော့သည့် တစ်ပတ်နွမ်းပါတိတ်ဝမ်းဆက်ကိုဝတ်ထားပြီးလျှင် အမြဲတမ်းကာလာရောင်စုံနှင့်ခြယ်သထားသော မျက်နှာမှာလည်းအခြယ်အသကင်းလျက်ရှိလေသည်။ထိုသို့ဒေါ်မာလာတင်၏ပြောင်းလဲနေသော ပုံစံကိုကြည့်ပြီး အံ့သြမင်သက်နေမိချိန်မှာပင် မထင်မှတ်ထားသောသူကိုပါ တွေ့လိုက်ရ၍
ရင်ထဲ၌ သိသိသာသာလှုပ်ရှားခုန်လှုပ်သွားပြီးကြောင်အမ်း၍ ငေးကြည့်နေမိလေသည်။
"ဆရာမ... ခဏလောက် အနားသွားယူလိုက်ပါ "
ဒေါ်မာလာတင်၏ အသံကို ဒုတိယအကြိမ်မြောက်ကြားလိုက်ရမှ ဖျတ်ခနဲအသိဝင်လာပြီး အခန်းထဲမှ ယောင်ယောင်ကန်းကန်းနှင့်ထွက်ခဲ့မိလေသည်။ကျွန်မထွက်လာသောအခါ သူလှမ်းကြည့်နေသည့်ကို မျက်လုံးထောင့်စွန်းမှမြင်နေရလေသည်။
ခြံ၏အရှေ့ဘက်ပန်းခြံလေးထဲမှ ဒါန်းပေါ်တွင်ထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကိုငေးမောကြည့်နေမိသည်။ခြံထဲတွင် သစ်ပင်ကြီးများ၏ အရိပ်ကြောင့်အေးမြ၍နေလေသည်။တစ်ချက်တစ်ချက်တိုတ်ခတ်လိုက်သော လေပြည်လေညင်းလေးများကြောင့် အတန်ငယ်ရှုပ်ထွေးသွားသောစိတ်အစဥ်သည် ပြန်လည်လန်းဆန်းလာလေသည်။
" မတွေ့တာကြာပြီနော် " အသံနှင့်အတူအနားသို့ရောက်လာသောသူ။စိတ်သည်ပြန်လည်ရှုပ်ထွေးသွားမိပြန်လေသည်။
" ငါးနှစ်ကျော်ပြီလေ... အဆင်ပြေလား...ရှင့်အမေရောကျန်းမာရေးကောင်းသွားပြီလား "
" အမေ ဆုံးသွားပါပြီ "
" သြော်... စိတ်မကောင်းပါဘူးရှင် "
" ဒါနဲ့ ...ဝတ်ရည်က ဒီကိုဘယ်လိုရောက်နေတာလဲ "
" အသိသူနာပြုဆရာမတစ်ယောက်ရဲ့အကူအညီနဲ့ရောက်လာတာပါ..နယ်ဆိုပေမဲ့ရန်ကုန်ထက်လစာများပြီး ကြိုတင်လစာလည်းထုတ်ပေးတယ်လေ...ရှင်ရောသူဌေးကြီးနဲ့ဘာတော်တာလဲ "
" ဘာမှမတော်ပါဘူး...သူဌေးကြီးဦးထွန်းရှိန်ရဲဆုံးသွားတဲ့ဇနီးက ကိုယ့်အဒေါ်ယောကျ်ားရဲ့အစ်မလေ...ကိုယ်ကအမေဆုံးပြီးကတည်းက... အဒေါ်မိသားစုနဲ့နိုင်ငံခြားကိုလိုက်သွားခဲ့တာ..."
" ဒါနဲ့...ဝတ်ရည် ကိုယ့်ကိုအရမ်းမုန်းနေလားဟင်..."
ကျွန်မ သူ့မျက်နှာကိုစူးခနဲ့မော့ကြည့်လိုက်မိသည်။စာလေးတစ်စောင်သာထားခဲ့ပြီး ပျောက်ချင်းမလှပျောက်သွားခဲ့သော ချစ်သူဟောင်းနှင့်ငါးနှစ်ကျော်ကြာမှပြန်ဆုံတွေ့ရခြင်းသည် ဟိုယခင်ကလို ရင်ကိုလှုပ်ခတ်နိုင်စွမ်းတော့မရှိတော့ပါချေ။ကျွန်မအမှတ်မထင်ပင်မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။
"ကျွန်မသွားတော့မယ်...သူဌေးကြီးကိုဆေးတိုတ်ရမယ့်အချိန်ရောက်နေပြီ "
ကျွန်မ သူ့ကိုကျောခိုင်းလိုက်ပြီး အိမ်ထဲသို့ပြန်ဝင်ရန်ပြင်လိုက်စဥ်မှာပင် စိတ်ထဲမှ တစ်စုံတစ်ယောက်၏စောင့်ကြည့်နေသလိုခံစားနေရသည်မို့ အိမ်ကြီး၏ အပေါ်ထပ်ကို လှမ်းကြည့်လိုက်မိလေသည်။
" အို " သီဟထွန်းရှိန်သည် ပြတင်းပေါက်တွင်မတ်မတ်ကြီးရပ်၍ ကျွန်မတို့နှစ်ယောက်အားစူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။ကျွန်မလည်း ထိတ်ခနဲခုန်လှုပ်သွားသောစိတ်ကို ဟန်မပျက်အောင်ထိန်းရင်းအိမ်ကြီးထဲသို့ ခပ်သုတ်သုတ်ပြေးဝင်ခဲ့မိလေသည်။
******
" ဆရာမလေး...ခဏလောက်ထိုင်ပါဦး
ဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်လို့ "
ဧည့်ခန်းထဲတွင် အိမ်ရှိမိသားစုအကုန်စုရုံး ရောက်ရှိနေကြသည်။ကျွန်မနီးစပ်ရာခုံမှာ ဝင်ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေသော သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိလေသည်။သီဟထွန်းရှိန်သည် မရယ်မပြုံး ခပ်တင်းတင်းမျက်နှာနှင့်ပြန်ကြည့်လေသည်။
"အစ်ကိုကြီး နေမကောင်းဖြစ်ကတည်းက ကိုအောင်နိုင်တို့ကို အကြောင်းကြားဖို့ သမီးလေးရတီချိုကို ကျွန်မပြောပါသေးတယ်...ကိုအောင်နိုင်တူမက ကိုအောင်နိုင်တို့တွေ တိုင်းတစ်ပါးကနေ သွားရခက်လာရခက်နဲ့စိတ်မကောင်းဖြစ်နေမှာစိုးလို့အကြောင်း
မကြားချင်ဘူးတဲ့လေ...ခုတော့ရှင်... " ဒေါ်မာလာတင်သည် စကားပြောနေရင်းမှ ပါးပြင်ပေါ်သို့စီးးကျလာသော မျက်ရည်စများကိုလက်ကိုင်ပုဝါနှင်အသာတို့ထိသုတ်လိုက်လေ၏။
"တကယ်ပါရှင်... ပွဲရုံအလုပ်တွေကတစ်ဖက် ၊အစ်ကိုကြီးကိုလည်းစိတ်ပူနေရတာနဲ့သမီးလေးခမျာ ညညအိပ်မပျော်ဘူးထင်ပါရဲ့ရှင်... အခါတိုင်းညတွေလည်း အပေါ်ထပ်သူ့တို့လင်မယားအခန်းနဲ့အောက်ထပ်ကအစ်ကိုကြီးအခန်းကို ညဥ့်နက်သန်းခေါင်သွားလာနေကြပါ....အဲ့ဒီညကမှဘယ်လိုများဖြစ်တယ်မသိပါဘူးရှင် အိမ်ကြီးကကြီးလွန်းတော့ မနက်အိမ်သားတွေနိုးမှ လှေကားခြေရင်းမှလဲကျနေတာတွေ့တာ...ကံဆိုးလှတဲ့ကျွန်မသမီးလေးပါ...ဖြစ်နိုင်ရင်သူ့အစား ကျွန်မပဲဖြစ်လိုက်ချင်တယ်.." ဒေါ်မာလာတင်သည် ပြောရင်းမှလက်ကိုင်ပုဝါလေးနှင့်မျက်လုံးထောင့်စွန်းကိုသုတ်ပြန်လေသည်။ဧည့်သည်များမှာမူ
" မိလုံးက... စိန်ပန်းမြိုင်ကမိသားစုတွေအကြောင်းကိုအတော်လေးသိတာပဲနော် " ကျွန်မက စသလိုလိုနှင့်ပြောပြီး မိလုံး၏မျက်နှာကိုအကဲခတ်ကြည့်လိုက်လေသည်။ကျွန်မစကားကြောင့် မိလုံးသည် ကျွန်မကိုစူးခနဲတစ်ချက်စိုက်ကြည့်လိုက်ပြီး " သိတာပေါ့...ဆရာမရယ်....မိလုံးအသက်ဆယ့်ငါးနှစ်ကတည်းက ဒီအိမ်ကိုရောက်နေတာလေ...ခုဆိုမိလုံးအသက်နှစ်ဆယ့်သုံးနှစ်တောင်ပြည့်တော့မယ်လေ "
" ဟုတ်လား...ဒါနဲ့မရွှေမိကမိလုံးထက်အသက်ကြီးပုံပဲနော် "
" ဟုတ်ကဲ့...မရွှေမိက အသက်အစိတ်ကျော်ပြီဆိုတော့ မိလုံးထက်အသက်ပိုကြီးသလိုလှလည်းလှပါတယ်...ဒါပေမဲ့မရွှေမိက....."
" ဆရာမ....ဆရာမရှိလား... "
မိလုံး၏ စကားအဆုံးမသတ်နိုင်ခင်မှာပင် အခန်းဝမှခေါ်သံကြားလိုက်ရလေသည်။ခေါ်သံကိုကြားသည်နှင့်တစ်ပြိုင်နက် မိလုံးသည်မျက်နှာကိုမဲ့ရွှဲလိုက်ပြီး
" ကြားလား ဆရာမလေး...ခေါ်ပုံကမာရေကျောရေနဲ့...အဲ့ဒါအသစ်ရောက်လာတဲ့အလုပ်သမားလေ...နောက်တစ်ယောက်ကအသက်ကြီးကြီးရုပ်ဆိုးဆိုးမိန်းမကြီးလေ ဆရာမတွေ့ပြီးပြီလား "
"တွေ့ပြီးပါပြီ မိလုံးရယ် " ကျွန်မ မိလုံးကိုပြန်ဖြေလိုက်ရင်း အခန်းဝသို့ထွက်ခဲ့လိုက်သည်။
" ကျွန်မရှိပါတယ်...သူဌေးကတော်ခေါ်လို့လား ရှင် "
" မခေါ်ပါဘူး...မကြာခင်ဧည့်သည်လာတော့မှာမို့ အဆင်သင့်ပြင်ထားဖို့ပြောခိုင်းလိုက်တာ "
****
ကျွန်မလည်း သူဌေးကြီး၏ အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး ခုတင်အောက်ခြေမှခလုတ်ကိုဆွဲလိုက်ပြီး ခုတင်ကိုအပေါ်သို့အနည်းငယ်မတင်လိုက်သည်။သူဌေးကြီးသည် ကျွန်မ၏လှုပ်ရှားမှုများကို ငြိမ်ငြိမ်သက်သက်ပင်ကြည့်နေလေသည်။
" နေရတာ သက်သောင့်သက်သာရှိရဲ့လား ဆရာ " သူဌေးကြီးသည် ကျွန်မ၏ အမေးကို ခေါင်းကိုအသာငြိမ့်ပြ၍ဖြေလေသည်။
" ဒီနေ့ ဧည့်သည်တွေလာမှာတဲ့ ဆရာ ၊ကြည့်ရတာဆရာကြီးရဲ့ဧည့်သည်တွေဖြစ်မယ်... "
" လာပါ...ဝင်ပါရှင်...အစ်ကိုကြီးကရှင်တို့ကိုမျှော်နေတာကြာလှပေါ့...အစ်ကိုကြီးအခြေအနေကအတော်လေးတော့ ကောင်းလာပါပြီရှင် ...မျက်နှာလေးကြည့်ပါလားကြည်လို့ဝင်းလို့လေ...ကျွန်မလည်းအစ်ကိုကြီးကိုပြုစုရင်းတစ်ဖက်မို့ အချိန်မအားတာနဲ့ရှင်တို့ဆီမဆက်သွယ်ဖြစ်တာပါ ရှင် " ပြောပြောဆိုဆိုနှင့် ဝင်လာကြသော ဒေါ်မာလာတင်နှင့်ဧည့်သည်
များသည် သူဌေးကြီး၏ ခုတင်ဘေးသို့လျှောက်လာကြသည်မို့ ကျွန်မခုတင်ဘေးမှ အသာဖယ်ပေးလိုက်ပြီး ဒေါ်မာလာတင်နှင့်ဧည့်သည်များအား ခေါင်းကိုညွတ်၍ အရိုအသေပြုလိုက်ပြီး ခေါင်းပြန်မော့လိုက်ချိန်တွင် မြင်လိုက်ရသော ဒေါ်မာလာတင်၏ပုံစံကြောင့် အံ့သြမင်သက်၍ကြည့်နေမိလေသည်။ထိုစဥ်မှာပင် ဒေါ်မာလာတင်ဘေးမှ ဧည့်သည်တစ်ယောက်က ကျွန်မကိုလှမ်း၍ ကြည့်လာလေသည်။ထိုသို့ ကြည့်လာသောဧည်သည်၏ မျက်နှာကိုတွေ့မြင်လိုက်ရသောတခဏ၌ ကျွန်မသည် အံ့သြတုန်လှုပ်သွားမိပြီး လက်ထဲမှ ဆေးဘူးသည်ပင် အောက်သို့ပြုတ်ကျသွားရလေသည်။
******
အပိုင်း ( ၄ ) ဆက်ရန်
A Kyi Phyu
#eကြည်ဖြူ
ယခုလို မမြင်စဖူးသီဟထွန်းရှိန်၏ စိတ်ဆိုးနေသောပုံစံကိုမြင်လိုက်ရသည့်အခါမှာတော့ တုန်တုန်လှုပ်လှုပ်နှင့်ပင်နှုတ်ဆိတ်၍နေမိလေသည်။သီဟထွန်းရှိန်သည် တုန်တုန်ယင်ယင်ဖြစ်နေသော ကျွန်မကိုတစ်ချက်ကြည့်ပြီး အခန်းဝတံခါးနားသို့လျှောက်သွားလိုက်ပြီး အပြင်သို့ချောင်းကြည့်နေလေသည်။ထိုနောက် ကျွန်မရှိရာဆီသို့ လျှောက်လာပြီး လက်ကိုဆွဲကာ စင်္ကြန်လမ်အတိုင်း ခပ်မြန်မြန်ပင်လျှောက်သွားလေသည်။အတန်ကြာလျှောက်ပြီးနောက် ကျွန််မ၏အခန်းရှေ့သို့ ရောက်သောအခါ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ကျွန်မကို အခန်းထဲသို့ တွန်းထည့်လိုက်ပြီး " အိပ်တော့ "ဟု အသံပြတ်နှင့်ပြောကာ ထွက်သွားလေသည်။ ကျန်ခဲ့သော ကျွန်မမှာတော့ သူပြောသလို အိပ်မပျော်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်ခြင်း၊ရင်ဖိုရခြင်းစသော အတွေးပေါင်းများစွာနှင့် မိုးစင်စင်လင်းခဲ့ရလေသည်။
***
ညကအိပ်ရေးပျက်ထားပေမဲ့ မနက်ခြောက်နာရီထိုးပြီးသည်နှင့် သူဌေးကြီး၏ အခန်းထဲသို့အရောက်လာရမည်ဖြစ်သော ကျွန်မမှာ ယနေ့လည်းတာဝန်ဝတ္တရားမပျက်ဘဲ သူဌေးကြီးအားကိုယ်လက်သန့်စင်ပေးခြင်းစသောဝေယျာဝစ္စများအားလုပ်ကိုင်ပေးပြီး နံနက်ခင်းတွင် သောက်ရမည့်ဆေးဝါးများကိုတိုတ်ကျွေးပေးပြီးနောက် အခန်းအားလေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါးများ၊လိုက်ကာစများကို လိုက်လံဖွင့်လှစ်လိုက်လေသည်။ထိုအချိန်မှာပင် အခန်းထဲသို့ ဒေါ်မာလာတင်တစ်ယောက်ဝင်လာပြီး
"ဆရာမ....ဒီနေ့အစ်ကိုကြီးကို သပ်သပ်ရပ်ရပ်လေးပြင်ဆင်ပေးထားပါနော် ...နေ့လည်ဧည့်သည်တွေလာမှာမို့ပါ...ပြီးတော့ဒီအခန်းထဲရောစာကြည့်ခန်းကိုပါကြည့်ကောင်းအောင်ပြင်ထားခိုင်းလိုက်ပါ...ဆရာမလေးခိုင်းဖို့မိလုံးကိုလွှတ်လိုက်မယ်"
ဒေါ်မာလာတင်သည် ပြောစရာရှိတာပြောပြီး အခန်းအပြင်သို့ ကြွကြွရွရွလှလှပပလေးပြန်ထွက်သွားလေသည်။ခုတင်ထက်မှလင်ယောကျ်ားဖြစ်သူသူဌေးကြီးဦးထွန်းရှိန်ကိုမူ တစ်ချက်လေးမျှပင်ငဲ့ကြည့်မသွားပါချေ။
******
နံနက်ခုနှစ်နာရရီကျော်လောက်တွင် နံနက်နေရောင်ခြည်ရရန်အတွက် နာရီဝက်လောက်နေပူဆာလှုံပြီးချိန်မှာတော့ သူဌေးကြီးသည် ပင်းပန်းသောဒဏ်၊ဆေးအရှိန်များကြောင့် နံနက်ကိုးနာရီလောက်တွင် တရေးထပ်၍အိပ်လေသည်။သူဌေးကြီးအိပ်ပျော်သွားသည်နှင့်ကျွန်မလည်း မိလုံးကိုဝိုင်းကူရန်အတွက် စာကြည့်ခန်းဘက်သို့ကူးခဲ့လိုက်သည်။
မိလုံးသည် ကျွန်မကိုမြင်သောအခါ လှမ်း၍ရယ်ပြလေသည်။မိလုံးသည်အိမ်အကူဆိုသော်လည်း မျက်နှာဝိုင်းဝိုင်းခန္ဓာကိုယ်တောင့်တောင့် အသားအရေညိုညိုညက်ညက်နှင့်ကြည့်ပျော်ရှုပျော်ပုံရှိလေသည်။
ကျွန်မ မိလုံးဘေးမှာဝင်ထိုင်လိုက်ပြီ ညကအကြောင်းတွေကို မိလုံးကိုပြောသင့်မပြောသင့်တွေးမိလေသည်။ကျွန်မအတွက် သည်အိမ်ကြီးမှာ မိလုံးကိုမှ မပြောလျှင်လည်းအခြားပြောစရာလူမရှိသည်မှာတော့သေချာလေသည်။
" ဒါနဲ့... မိလုံးကိုမေးရဦးမယ် ...မရတီချိုကလှလားဟင် "
" လှတာပေါ့...ဆရာမလေးရယ်...ဆံပင်လေးဖားလျားချပြီးဂါဝန်အရှည်များဝတ်ထားရင် အရုပ်မလေးလိုအရမ်းချစ်စရာကောင်းတာ...ပြီးတော့စိတ်သဘောထားလည်းတအားကောင်းတာလေ ...မိလုံးတို့လိုအလုပ်သမားတွေအတွက် တစ်လတစ်ခါ အဝတ်အစားသစ်တွေဝယ်ပေးသလိုအစားအသောက်ဆိုရင်လည်း သူစားသမျှမိလုံးတို့ကိုကျွေးတာလေ...ပြောရင်းမမလေးကိုသတိရလိုက်တာဆရာမရယ် "မိလုံးသည် သူ့စကားကို အဆုံးသတ်လိုက်ပြီး မျက်လုံးထောင့်ကို လက်နှင့်ပွတ်သုတ်နေလေသည်။
" စိတ်မကောင်းမဖြစ်ပါနဲ့ မိလုံးရယ်...မင်းမမလေးကိုသတိရရင် ဘုရားရှိခိုးတိုင်းအမျှဝေလေ "
" ဝေပါတယ် ဆရာမလေးရယ်...ဒါပေမဲ့ မိုးလင်းကမိုးချုပ်အလုပ်နဲ့လက်နဲ့မပြတ်တဲ့ မိလုံးတို့ဘဝက ညဘက်အလုပ်ပြီးတာနဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့်
ဘုရားကိုပုဆိန်ပေါက်ရှိခိုးပြီးချက်ချင်အိပ်ပျော်သွားတတ်တော့ အမျှပေးဝေးဖို့ကိုမနည်းကြိုးစားနေရတယ် ဆရာမလေးရေ "
" အင်း...ကျွန်မနားလည်ပါတယ်မိလုံးရယ် "
" မမလေးရတီချိုရှိတုန်းက ဒီလောက်မပင်ပန်းဘူးဆရာမလေးရဲ့၊မမလေးဆုံးသွားပြီးမှ မကေသီတင်ရဲ့ဒဏ်ကိုမခံနိုင်လို့ အလုပ်သမားတွေထွက်သွားကြတယ်လေ ...အလုပ်သမားအသစ်ထက်မခေါ်ဘဲနေတော့ မိလုံးတို့ပိုပင်ပန်းတာပေါ့...ဒါကြောင့်မို့လည်း...မရွှေမိကပြန်မလာတာပေါ့... "
" မိလုံးတို့ကို မတရာခိုင်းပေမဲ့ သူတို့မိသားစုတွေအချင်းချင်းတော့ အဆင်ပြေကြပုံပဲ...မရတီချိုမရှိတော့တာတောင်သူ့ခင်ပွန်းကအတူနေတယ်ဆိုတော့လေ "
" ဘယ်ကသာ အဆင်ပြေရမှာလဲ ဆရာမရယ်... ၊မနှစ်ကဘဘကြီးနေမကောင်းစဖြစ်ကတည်းက မမလေးရတီချိုက အလုပ်ကနားလိုက်ပြီး အစ်ကိုကျော်စွာဦးကို ပွဲရုံလုပ်ငန်းတွေဦးစီးခိုင်းထားတာမို့ အစ်ကိုကျော်စွာဦးကို မချစ်သော်လည်းအောင့်ကာနမ်းနေကြရတာလေ"
" ဟင်...ဟုတ်လား....ဒါဆိုသီဟထွန်းရှိန်နဲ့ရောအဆင်ပြေရဲ့လား "
" အမလေး...ပိုဆိုးတာပေါ့...ဆရာမလေးရယ်... အစ်ကိုလေးသီဟထွန်းရှိန်ကလေ ဘဘကြီးနဲ့မမရတီချိုကလွဲရင်ဘယ်သူနဲ့မှမတည့်ဘူး... အရင်ကဆိုအိမ်မှာတောင်နေတာမဟုတ်ဘူး...မမလေးရတီချိုဆုံးခါနီးရက်ပိုင်းလောက်ကမှ အိမ်ပြန်လာနေတာလေ "
သရဲတစ္ဆေဆိုသည်များကို အကြောက်အလန့်သိပ်မရှိသောလည်း စိန်ပန်းမြိုင်ဆိုသော ဤအိမ်ကြီးကိုရောက်မှပင် ကြောက်စိတ်များဝင်ကာ အမျိုးမျိုးအဖုံဖုံတွေ့ကြုံနေရခြင်းဖြစ်လေသည်။
ရေဘူးကို စားပွဲခုံပေါ်သို့ ပြန်တင်လိုက်ပြီး ခုတင်ပေါ်တက်ထိုင်ကာ လက်အုပ်လေးချီ၍ ဘုရားကိုအာရုံပြုကန့်တော့လိုက်သည်။စိတ်ထဲမှလည်း ဘုရားဂုဏ်တော်များကို ရွတ်ပွားနေမိလေသည်။ထိုစဥ်မှာပင်
" ရှပ်....ရှပ်...ရှပ်..." အခန်းပြင်မှ တရှပ်ရှပ်သွားနေသော ခြေသံကိုကြားလိုက်ရသည်မို့ ဘုရားကိုအာရုံပြုကန်တော့နေရင်းမှ ကျွန်မနားစွင့်လိုက်မိသည်။
" ရှပ်....ရှပ်...ရှပ်..." ခြေသံကိုထပ်မံ ကြားရပြန်လေသည်။သည်တစ်ခါတော့ အသံက ပို၍ပီပြင်ထင်ရှားလာသည်။သေချာသည်မှာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ပင်ကြားရခြင်းဖြစ်လေသည်။ကျွန်မ ခုတင်ပေါ်မှ အသာဆင်းလိုက်ပြီး တံခါးနားသို့ လျှောက်သွားလိုက်ပြီး တံခါးကိုခပ်ဖြည်းဖြည်းဖွင့်၍ အပြင်သို့ချောင်းကြည့်လိုက်သောအခါ အမျိုးသမီးတစ်ယောက် စင်္ကြန်လမ်းအတိုင်းလျှောက်သွားသည်ကိုမြင်လိုက်ရလေသည်။ထိုအမျိုးသမီးသည် ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း၌ ကျောပေါမှ ဆံပင်ရှည်ကြီးများဝဲခါလှုပ်ယမ်းသွားသည်မှာ ကြည်၍ပင်ကောင်းနေလေသည်။အမျိုးသမီးသည် ခပ်ဖြည်းဖြည်းလျှောက်သွားနေရင်းမှ သီဟထွန်းရှိန်ရှိရာ အခန်းဘက်သို့ အတန်ကြာငေးမောကြည့်နေလေသည်။ထို့နောက် အနောက်ဘက်လသာဆောင်ရှိရာ ကျော်စွာဦး၏ အခန်းဘက်သို့သွားဟန်ပြင်လိုက်ပြီးမှ ရုတ်တရက်ဆိုသလိုပင် ကေသီတင်၏အခန်းရှိရာ စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ကျွန်မသည်လည်း ထိုအမျိုးသမီး၏လှုပ်ရှားမှုများကိုငေးမော၍ နောက်မှတရွေ့ရွေ့လိုက်ပါသွားမိလေသည်။အမျိုးသမီးသည် စင်္ကြန်လမ်းအတိုင်း သွားနေရင်းမှ ကေသီတင်၏အခန်းကိုကျော်သွားသောအခါ လသာဆောင်ဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ကျွန်မလည်း ထိုအမျိုးသမီး၏နောက်သို့အမီလိုက်နိုင်ရန် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်စဥ်မှာပင် ကေသီတင်၏ အခန်းထဲမှ စကားသံခပ်တိုးတိုးကိုကြားလိုက်ရသောကြောင့် ကျွန်မ၏ လှမ်းလက်စခြေလှမ်းများမှာ ရပ်တန့်သွားရလေသည်။
" ဒီကိစ္စက...ကေသီနဲ့မဆိုင်ဘူး...အားလုံးရတီချို့ကြောင့်ဖြစ်တာ ၊ သူ့ကိုယ့်သူအထင်ကြီးလို့... သူ့မာနတွေကြောင့်ဖြစ်တာ ၊တကယ်ဆို ကေသီဘက်ကတောင်နာသေးတယ် " ဒေါသသံအနည်းငယ်စွက်နေသော ကေသီတင်၏စကားသံထဲတွင် ရတီချို၏နာမည်ကိုကြားလိုက်ရသောကြောင် ကျွန်မအာရုံစိုက်နားစွင့်ရင်း အခန်းတံခါးဝနားသို့ကပ်ကာ အထဲသို့ မြင်ရလိုမြင်ရငြားချောင်းကြည့်ရန်ပြင်လိုက်လေသည်။
အခန်းတံခါးနားသို့ကပ်သွားချိန်၌ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ယောက်သည် နောက်ဘက်မှနေ၍ ကျွန်မ၏ခန္ဓာကိုယ်အား သိမ်းဖက်ချုပ်နှောင်လိုက်ပြီး လက်ဝါးဖြင့်ပါးစပ်ကိုပိတ်ကာ ဆွဲခေါ်၍သွားခြင်းကိုခံလိုက်ရလေသည်။
" အီ...အစ် ...အစ်..." ကျွန်မလည်း အားရှိသလောက်တွန်းထိုးရုန်းကန်နေသော်လည်း ထိုသူ၏လက်များမှာ သန်မာလွန်းသောကြောင့် ထိုသူ၏ဆွဲခေါ်သွားရာနောက်သို့ တရွေ့ရွေ့နှင့်ပါသွားရလေသည်။ထို့နောက် သူသည် အခန်းတစ်ခန်းအား လျင်လျင်မြန်မြန်ပင်ဆွဲဖွင့်လိုက်ပြီး ကျွန်မကိုပါအခန်းထဲသို့ ဆွဲသွင်းလိုက်ပြီးလျှင် တံခါးကိုခပ်မြန်မြန်ပြန်ပိတ်လိုက်လေသည်။ကျွန်မလည်း ချုပ်နှောင်မှုအားလျော့သွားသော ထိုသူ၏လက်မှ အမြန်ပင်ရုန်းထွက်လိုက်လေသည်။
" ရှင် ....ရှင်..ဘယ်သူလဲ...ကျွန်မကိုဘာလုပ်မလို့လဲ... ကျွန်မနားကပ်မလာနဲ့နော် "
ကျွန်မလည်း ထူပူကြောက်လန့်နေ၍ ရှေ့မှလူကို သတိထားမကြည့်မိဘဲ တွန်းထိုးရုန်းကန်အော်ဟစ်၍ရန်ပြန်လုပ်မိသောအခါ ထိုသူသည် ကျွန်မ၏နှုတ်ခမ်းအစုံအားလက်ဝါးနှင့်ထက်မံဖိပိတ်လိုက်ပြီး အသံမာမာနှင့်ခပ်တိုးတိုးငေါက်ငမ်းလေသည်။
" တိတ်တိတ်နေ...ပြောချင်ရာဇွတ်ပြောမနေနဲ့....ဆရာမကို ကျွန်တော်ဘာမှမလုပ်ဘူး စိတ်ချ "
ထိုသူ၏ အသံကိုကြားလိုက်ရသောအခါမှ ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်များပြောလျော့သွားရပြီး
" ရှင်...ရှင် ကိုသီဟထွန်းရှိန် ... ဒါ..ဒါဘာလုပ်တာလဲ ဟင် ... "
" ဘာလုပ်တာလဲဆိုတာ ဆရာမကို ကျွန်တော်ကမေးရမှာ... ညသန်းခေါင်ကြီး မကေသီအခန်းရှေ့မှာ ဆရာမဘာလုပ်နေတာလဲပြောလေ...ညနက်ရင်အခန်းထဲကနေ အခန်းပြင်ကိုမထွက်ဖို့ဆရာမကို ကျွန်တော်ပြောထားတယ်လေ "
" အို...ကျွန်မကလည်းထွက်ချင်လို့ထွက်တာမဟုတ်ပါဘူး...ညနက်သန်းခေါင်ကြီးခြေသံတွေကြားလို့ထွက်ကြည့်တာရှင့်... "
" ခြေသံဟုတ်လား...ဘာခြေသံလဲ...အဲ့ခြေသံတွေ...အဲ့လူတွေကိုခင်ဗျားပဲမြင်နေ ၊ခင်ဗျားပဲကြားနေတာ...သရဲတစ္ဆေစာအုပ်တွေဖတ်ပြီးစိတ်ကူးတွေယဥ်နေတာရပ်တော့...ကိုယ့်အန္တရာယ်ကိုယ်သတိထားဦး... နောက်တစ်ခါညနက်တွေအခန်းအပြင်ကိုထွက်ရဲထွက်ကြည့် ကျွန်တော့်အကြောင်းသိမယ် "
သီဟထွန်းရှိန်သည် အသက်နှစ်ဆယ့်လေးနှစ်သာရှိသေး၍ ကျွန်မထက် လေးနှစ်ခန့်ငယ်သော်လည်း မြင့်မားသောအရပ်အမောင်း၊ယောကျ်ားပီသသောပုံစံနှင့်အေးဆေးတည်ကြည်သော မျက်နှာထားဟန်ပန်ကြောင့် စတွေ့ကတည်းကပင် သီဟထွန်းရှိန်အားရှိန်နေမိသော ကျွန်မမှာ
မရွှေမိသည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ အိမ်ကြီး၏ အနောက်တံခါးမကြီးအဝသို့ ရောက်သွားပြီး တံခါးကိုဖွင့်ကာ ခြံထဲသို့ဆင်းသွားလေသည်။ ကျွန်မလည်း အိမ်ပြင်သို့ ထွက်သွားသော မရွှေမိကိုကြည့်၍ အိမ်တံခါးဝနားတွင် ခြေစုံရပ်နေမိလေသည်။ခြထဲ၌မူ လဆန်းခါစရက်ဖြစ်၍
လ၏အလင်းရောင်အနည်းငယ်မျှ ရှိသော်လည်း ခြံထဲရှိသစ်ပင်ရိပ်များကြောင့် အလင်းရောင်သည် ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့်သာရှိလေသည်။အလင်းရောင် မှုန်တိမှုန်ဝါးကြား၌ သစ်ပင်များ ယိမ်းထိုးလှုပ်ရှားနေပုံမှာ မကောင်ဆိုးဝါးများမြူးတူးပျော်ပါးနေပုံနှင့်ပင်တူနေလေသည်။မရွှေမိသည် မှုန်ပျပျအလင်းရောင်အောက်၌ မတ်မတ်ကြီးရပ်လျက် ကျွန်မကိုလက်ယပ်၍ ခေါ်ပြန်လေသည်။မျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်၍ ခေါ်နေသောမရွှေမိ၏ပုံစံကိုကြည့်ပြီး ကျွန်မရင်ထဲမှ တဒိန်းဒိန်းဆောင့်ခုန်လာပြီး အသက်ရှုတွေပါကြပ်လာသည်မို့ နောက်သို့ပြန်လှည့်ပြေးချင်စိတ်များ ဖြစ်ပေါ်လာလေသည်။မရွှေမိသည် ကျွန်မ၏ဖြစ်အင်ကို မသိဘဲ လက်ယပ်၍ ခေါ်နေလေသည်။ကျွန်မလည်း ခေါင်းကိုအစွမ်းကုန်ခါယမ်းပြလိုက်ပြီး
" ကျွန် ....ကျွန်မ ...မ... မလိုက်ချင်တော့ဘူး...မရွှေမိရယ်....ခြံထဲကအရမ်းမှောင်တယ် "ဟုအော်ပြောလိုက်သော အခါ
"တောက် " မရွှေမိက " တက် "တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ခါးကြီးထောက်လျက် စူးရဲသောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေလေသည်။ညအမှောင်၌ စူးရဲတောက်ပနေသော မရွှေမိ၏မျက်လုံးအစုံကိုကြည့်ပြီး ကျွမတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။
" လာ ခဲ့ " ဝမ်းခေါင်းသံကြီးနှင့်ခေါ်လိုက်သကဲ့သို့ အသံသြသြကြီးနှင့် ခေါ်လိုက်သော မရွှေမိ၏ ခေါ်သံအဆုံး၌ ကျွန်မသည် အညှို့ခံရသူပမာ ခြံထဲသို့ တရွေ့ရွေ့ဆင်းသွားမိလေသည်။
" မလိုက်ဘူး...ကျွန်မ မလိုက်တော့ဘူး မရွှေမိ " ကျွန်မသည် ကိုယ့်ခြေထောက်များကို ကိုယ်တိုင်မထိန်းချုပ်နိုင်တော့သလို နှုတ်မှပါအော်ဟစ်ငြင်းဆန်နေသော်လည်း နှုတ်ခမ်းအစုံနှင့်လျှာသည် အာစေးထည့်ခံထားရသူပမာ အသံမှာပြင်ပသို့ ထွက်မလာဘဲ လည်ချောင်းဝမှာတင် တစ်ဆို့ပျောက်ကွယ်သွားလေသည်။
" ဂီး "
" အား " ရုတ်တရက် ခေါင်းတည့်တည့်ထက်မှ ငှက်ဆိုးထိုးသံကြီးထွက်ပေါ်လာသည်မို့ ကြောက်လန့်တကြားအော်လိုက်မိသော်လည်း အသံကလည်ချောင်းဝ၌သာ တစ်ဆို့နေပြီ ပြင်ပသို့ထွက်မလာပါချေ။မရွှေမိတစ်ယောက်ကတော့ သစ်ပင်ကြိုသစ်ပင်များကြားမှ တရွေ့ရွေ့သွားနေပြီးခြံ၏နောက်ဘက် တောအုပ်အစပ်သို့ ရောက်သောအခါ ကျွန်မရှိရာဆီလည်ပြန်လှည့်ကြည့်လာပြီး တောထဲသို့ ဆက်လျှောက်သွားလေသည်။
" အူး....အူး....ဝူး....ဝူး....ဝူးး " တောထဲသို ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ကြားလိုက်ရသော ခွေးအူသံများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများအေးခဲသွားသလိုခံစားလိုက်ရပြီး ခေါင်းထက်မှဆံပင်မွှေးများပါ ထောင်ထလာလေသည် ။
မရွှေမိသည် တောအုပ်ထဲ၌ အတန်ကြာသွားပြီးသောအခါ မတ်မတ်ကြီးရပ်၍ တစ်နေရာသို့စူးစူးရဲရဲကြီးစိုက်ကြည့်နေလေသည်။ကျွန်မလည်း အညှို့ခံထားရသူပမာ မရွှေမိနားသို့ လျှောက်သွားပြီး မရွှေမိကြည့်နေသော နေရာသို့လှမ်းကြည့်လိုက်သောအခါ သိပ်အနက်ကြီးမဟုတ်သော်လည်း ခပ်စောက်စောက်ဖြစ်နေသော ချောက်ထဲ၌ အမျိုးသမီးတစ်ယောက်သည် ကျွန်မတို့ရှိရာဆီသို့ လှမ်းမော့၍ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။လှမ်းကြည့်နေသော ထိုအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ကျွန်မရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာလေသည်။ထိုစဥ်မှာပင် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုတ်ခတ်သွားပြီးသစ်ပင်များယိမ်းထိုးလှုပ်ရှားသွားသောကြောင့် မှုန်ဝါးဝါးအလင်းရောင်အောက်၌ အမျိုးသမီး၏ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖပ်မျက်နှာကြီးကို တွေ့မြင်လိုက်ရလေသည်။
" ဟင်....မ...မရွှေမိလား...မ...မရွှေမိက... အောက်ကိုဘယ်လိုရောက်သွား...သွား " ကျွန်မသည် အထစ်ထစ်အငေါ့ငေါ့နှင့်ဘေးနားမှာရပ်နေသော မရွှေမိကိုလှည့်ကြည့်ပြီး ပြောလိုက်သောအခါ မမြင်ရသောလက်တစ်စုံမှ ကျွန်မကို ချောက်ထဲသို့ခပ်ပြင်းပြင်းဆောင့်တွန်းချလိုက်လေသည်။
" အား " သံကုန်ဟစ်၍ အော်လိုက်သော ကျွန်မအသံသည် ပြင်ပသို့မထွက်လာသော်လည်း " ဘုတ် "ခနဲမည်အောင်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်သွားရသောကြောင့် သတိပြန်ဝင်လာပြီး လဲနေရာမှလူးလဲထလိုက်ပြီး ပတ်ဝန်းကျင်ကိုကမန်းကတန်းကြည့်လိုက်မိလေသည်။ပတ်ဝန်းကျင်၌ ကျွန်မမြင်လိုက်ရသည်မှာ ခုတင်တစ်လုံးနှင့်စာအုပ်အနည်းငယ်စီရီတင်ထားသောစားပွဲခုံတစ်ခု ၊ အလှပြင်ပစ္စည်းများအနည်းငယ်တင်ထားသော မှန်တင်ခုံတစ်ခုနှင့် အခန်းထောင့်တစ်နေရာ၌ အဝတ်သုံးလေးထည်ကိုချိတ်နှင့်ချိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ဒါသည် ကျွန်မ၏အခန်းမဟုတ်လား။ကျွန်မသည် မယုံကြည်နိုင်ခြင်းများစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး စာကြည့်စားပွဲပေါ်မှရေဘူးကိုယူလိုက်ပြီးရေကိုအငမ်းမရမော့သောက်လိုက်လေသည်။တကယ်ဆို ကျွန်မသည် ခုတင်ပေါ်မှ ပြုတ်ကျရလောက်အောင်အထိ အအိပ်ဆော့သူတစ်ယောက်မဟုတ်ပေ။လည်ချောင်းထဲသို့ ရေများစီးဝင်သွားသောအခါ လှုပ်ရှားတုန်လှုပ်နေသောစိတ်သည် အတန်ငယ်တည်ငြိမ်လာပြီး ကိုယ့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေမိလေသည်။အိပ်မက်သည် တကယ်ဖြစ်ရပ်ကဲ့သို့ပင် ပီပြင်ထင်ရှားလွန်းလှလေသည်။ကျွန်မသည် လူနာများ၊လူအိုများ၊လူသေများကြားတွင် အလုပ်လုပ်ခဲ့ရသူမို့
အပိုင်း ( ၃ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
****
" ဘယ်.....ဘယ်သူလဲ "
ကျွန်မရဲ့မေးသံအဆုံးမှာ ကျွန်မဘက်သို့ ဖြည့်လေးစွာလှည့်လာသော ထိုအမျိုးသမီးကိုကြည့်၍ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။သို့သော်လည်း ထိတ်လန့်တုန်လှုပ်နေသည့်ကြားမှ သိချင်စိတ်ကပြင်းပြလာသောကြောင့် မျက်လုံးအစုံအားမရဲတရဲနှင့် ဖွင့်ကြည့်လိုက်သောအခါ
"မ...မရွှေမိ...မရွှေမိဘယ်တုန်းကပြန်ရောက်နေတာလဲ "
မရွှေမိသည် ကျွန်မ၏အမေးကိုမဖြေဘဲ ကျွန်မကိုကျောခိုင်းလိုက်ပြီး စင်္ကြန်လမ်းအတိုင်းလျှောက်သွားပြီးနောက် ကျွန်မရှိရာဆီသို့ ပြည်လှည့်ကြည့်လာပြီး လက်ယပ်၍ခေါ်လေသည်။မရွှေမိ၏အပြုအမူကြောင့် ကျွန်မလည်း ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိပြီး မရွှေမိနောက်မှ ထက်ကြပ်မကွာလိုက်ခဲ့မိလေသည်
အပေါ်ထပ်တွင် ကျွန်မအပြင် သီဟထွန်းရှိန် ၊ကေသီတင်နှင့်ကျော်စွာဦးတို့၏ အခန်းများရှိသော်လည်း ကျွန်မ၏အခန်းသည် အပေါ်ထပ်၏ မြောက်ဘက်ချောင်အကျဆုံးနေရာ၌တည်ရှိပြီး သီဟထွန်းရှိန်၏အခန်းမှာ အရှေ့ဘက်လသာဆောင်နားရှိ ဘုရားခန်းဘေးမှ အခန်းဖြစ်ပြီး ကေသီတင်၏အခန်းမှာမူ ကျွန်မနှင့်ဆန့်ကျင့်ဘက် တောင်ဘက်လသာဆောင်အနီး၌ရှိသလို ကျော်စွာဦး၏အခန်းကတော့ အနောက်ဘက်လသာဆောင်အနီး၌တသီးတသန့်ဖြင့် ရှိလေသည်။ကျော်စွာဦးနေသော ထိုအခန်းသည် ရတီချိုရှိစဥ်ကတည်းက အတူသုံးခဲ့သော အခန်းဟု မိလုံးတော့ပြောပြဖူးသည်။ထိုသို့ တစ်ခန်းနှင့်တစ်ခန်းကြား အခန်းလွတ်များစွာ ခြားထားကြသည်မို့ အခန်းတစ်ခန်းခန်း၌ တော်တန်ရုံကိစ္စတစ်ခုခုဖြစ်လျှင် အခြားတစ်ခန်းမှ သိဖို့ရာခဲယဥ်းလောက်အောင် အိမ်ကြီးက ကြီးမားလွန်းလှသဖြင့် အပေါ်ထပ်တွင် ကျွန်မနှင့်မရွှေမိမှလွဲ၍ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
မရွှေမိသည် ရှေ့မှနေ၍ အခန်းလွတ်များကို ကျော်ဖြတ်၍စင်္ကြန်လမ်းအတိုင်းသွားနေပြီနောက် လှေကားထိပ်သို့ရောက်ရှိသောအခါ ခေါင်းကြီးငိုက်စိုက်ချ၍ လှေကားအတိုင်းဖြည်းလေးစွာ ဆင်းသွားလေသည်။
ညအိပ်မီးအလင်းရောင် မှိန်ပျပျအောက်၌ ခြေတစ်ဖက်ကို တရွတ်ဆွဲ၍ ဆံပင်ဖိုးရိုးဖားရား အဝတ်အစားဖရိုဖရဲနှင့်မရွှေမိ၏ ပုံစံကိုကြည့်ရသည်မှာ ကျောချမ်းစရာတော့ ကောင်းလှပေသည်။
မရွှေမိသည် လှေကားအဆုံး အောက်ထပ်သို့ရောက်သောအခါ ငူငူကြီးရပ်၍နေပြန်လေသည်။ ကြည့်ရသည်မှာ ကျွန်မကိုစောင့်နေပုံရလေသည်။
ကျွန်မတို့ အောက်ထပ်သို့ရောက်သောအခါ အောက်ထပ်တစ်ထပ်လုံးတွင်လည်း တချောက်ချောက်မြည်နေသော တိုင်ကပ်နာရီမှ အသံကလွဲ၍ တိတ်ဆိတ်နေလေသည်။ကျွန်မလည်း လှေကားခြေရင်းတွင်ရပ်၍ သူဌေးကြီးဦးထွန်းရှိန်၏ အခန်းသို့ မျှော်ကြည့်မိလေသည်။အောက်ထပ်တွင် သူဌေးကြီး ဦးထွန်းရှိန်နှင့်ဒေါ်မာလာတင်တို့၏ အခန်းအပြင် သူဌေးကြီး၏လူယုံတော်ဦးသက်အောင်၏အခန်းလည်း ရှိလေသည်။ထို့ပြင် အောက်ထပ်၌ လွတ်နေသောအခန်းများကျန်နေပါသေးသော်လည်း ကျွန်မကို အောက်ထပ်၌ မနေခိုင်းခြင်းကို ကျွန်မမှာ နားမလည်နိုင်အောင်ဖြစ်ရသည်။တကယ်ဆိုလျှင် လူနာစောင့်ရှောက်သူက အနည်းဆုံးတော့ လူနာ၏ ဘေးချင်းကပ်အခန်းမှာနေရမှာ မဟုတ်လား။သူဌေးကြီး၏သမီး ရတီချိုရှိစဥ်ကတော့ ဖခင်ကြီးကိုအနီးကပ်ပြုစုနိင်ရန်အတွက် သူဌေးကြီး၏ ဘေးကအခန်းမှာ ယာယီနေထိုင်ခဲ့သည်တဲ့လေ။ဒါသည်လည်း မိလုံးပြောပြ၍ သိခြင်းသာဖြစ်လေသည်။ယခုအခါထိုအခန်းကို ပိတ်၍ထားပြီး ထိုအခန်းဘေး၌ ဦသက်အောင်၏အခန်းရှိလေသည်။ဦးသက်အောင်သည် တစ်ကိုယ်တည်းသမားဖြစ်ပြီး သူဌေးကြီး၏အထူးအရေးပေးခံရသူမို့ အိမ်မကြီး၏ဧည့်ခန်းဘေးမှအခန်းတွင်နေခဲ့ပြီး ရတီချိုဆုံးသွားသောအခါမှညရေးညတာ၌ သူဌေးကြီးကိုပြုစုစောင့်ရှောက်နိုင်ရန်အတွက် အခန်းပြောင်းခဲ့သည်တဲ့။နောက်ညာဘက်ဘေးကတစ်ခန်းမှာတော့ သူဌေးကြီး၏ကိုယ်ပိုင်စာကြည့်ခန်းဖြစ်ပြီး ဘေးမှအခန်းမှာမူ ဒေါ်မာလာတင်က အနေများလေသည်။ဒေါ်မာလာတင်သည် ခင်ပွန်းဖြစ်သူ သူဌေးကြီးဦးထွန်းရှိန်နှင့်တစ်ခန်းတည်းအတူနေသည်ဆိုသော်လည်း ကိုယ့်ခုတင်နှင့်ကိုယ် နေရသည်ကိုပင် " ဆေးနံ့တွေကြာကြာမခံနိုင်ဘူး "ဟုသော အကြောင်းပြချက်ဖြင့် ထိုသို့နေခြင်းဖြစ်လေသည်။
မရွှေမိသည် စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားနေရင်းမှ ထမင်းစားခန်း ၊ မီးဖိုဆောင်များကို ကျော်ဖြတ်လာပြီးနောက် အနောက်ဘက်စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ထိုစင်္ကြန်ဘေးရှိအခန်းများသည် မရွှေမိနှင့်မိလုံးတို့လို့ အလုပ်သမားများ၏ အခန်းများဖြစ်လေသည်။ မရွှေမိသည် ရှေ့မှတရွေ့ရွေ့သွားနေရင်းမှ ခပ်ဟဟဖွင့်ထားသော အခန်းတစ်ခန်းရှေ့သို့အရောက်တွင် ခြေလှမ်းအစုံကို ရပ်တန့်လိုက်ပြီး အခန်းထဲသို့ကြည့်နေလေသည်။ ကျွန်မလည်း မရွှေမိကြည့်သော အခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ မရွှေမိ၏ အခန်းဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်။အခန်းသည် မှောင်မိုက်တိတ်ဆိတ်နေပြီး တကျွီကျွီမြည်နေသော တံခါးသံကြောင့် တကိုယ်လုံးကြက်သီးများထလာရသည်မို့ အခန်းထဲသို့ ဆက်မကြည့်ရဲတော့ဘဲ တရွေ့ရွေ့သွားနေသောမရွှေမိနောက် ခပ်သုတ်သုတ်လိုက်သွားမိလေသည်။
