fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
~~~~~~~ မိုးထက်ကားမောင်းနေရင်းမှနာရီကိုကြည့်လိုက်သည်။အချိန်ကနေ့ခင်း (2)နာရီ ဧည့်သည်နှင့်ချိန်းထားသောအချိန်က လိုသေး၍ ကားကို ဖြည်းဖြည်းမှန်မှန်သာမောင်းလာခဲ့သည်။ကားမောင်းနေရင်းမှ လမ်းဘေးသို့ မိုးထက် အကြည့်ရောက်သွားသည်။နေပူရှိန်ပြင်းလွန်း၍ လမ်းမပေါ်တွင် လူသွားလူလာရှင်းနေသည်။ထိုသို့ ရှင်းလင်းနေသော လမ်းဘေးတွင် တစ်ယောက်သောသူကို မိုးထက်မြင်လိုက်သည်။အဖြူနှင့်အနက်ဖက်ရှင်နှင့်အတူ အသိမဲ့သူတစ်ယောက်လို လမ်းလျှောက်နေသာ ပုံစံကိုကြည့်ပြီး မိုးထက် ချက်ချင်း မှတ်မိလိုက်သည်။မိုးထက်ကိုယ်တိုင်သတိမထားမိခင်မှာပင် ကားအရှိန်ကိုလျှော့ချလိုက်မိသည်။ တရွေ့ရွေ့လျှောက်သွားသောသူမကို ကျော်တက်ပြီး မောင်းလာခဲ့ရင်း နောက်ကြည့်မှန်မှ မိုးထက်ကြည့်လာခဲ့မိသည်။ "ဟာ " လမ်းမပေါ်သို့ယိုင်ခနဲ့ လဲကျသွားသောပုံရိပ်ကို မှန်ထဲမှမြင်လိုက်ရသည့်အခါ မိုးထက်မနေနိုင်တော့ပါ။ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး သူမလဲကျနေရာဆီသို့ အပြေးသွားလိုက်မိသည်။ ` ဒီမှာ ... ဘာဖြစ်လို့လဲ ..နေမကောင်းဘူးလား ... ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား ...အိမ်ကို လိုက်ပို့ပေးမယ် .." လက်နှစ်ဖက်ကို အားပြုထောက်၍ပလက်ဖောင်းပေါ်မှ အားယူထနေသောသူမပုံစံကိုကြည့်လိုက်ရင်း မိုးထက်ရင်ထဲကျင်ခနဲပင်ဖြစ်သွားရသည်။လက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများကို တွေ့လိုက်ရသည်။ခြေအစုံကိုကြည့်လိုက်သောအခါ မိုးထက် မျက်လုံးပြူးသွားရသည်။လမ်းမည်မျှလျှောက်လာသည် မသိသော်လည်း ကတ္တီပါဖိနပ်သဲကြိုးအောက်မှ ခြေထောက်နှစ်ဖက်လုံးမှာ မို့မောက်ရောင်အမ်းနေလေသည်။ ''ဟာ .... ဒုက္ခပါပဲ "မိုးထက်လွှတ်ခနဲ ညည်းညူလိုက်မိရင်း မထူးတော့ပြီဖြစ်၍ သတိမဲ့သူလို ဖြစ်နေသော သူမကိုဆွဲပွေ့ထူလိုက်ပြီး ကားဆီသို့ခေါ်လာခဲ့လိုက်သည်။ကားဆီသို့ ရောက်လျှင် ကားရှေ့ခန်းမှာပဲ၀င်စေလိုက်ပြီး ခါးပတ်ပတ်ပေးလိုက်သည်။သည်တစ်ခေါက်မှာတော့ သူမဆီမှ "ရှေ့ခန်းမှာ မစီးချင်ဘူး" ဟုသော အသံလည်းထွက်မလာနိုင်ပါ ။လူကသတိမရတစ်ချက်ရတစ်ချက်ပုံမျိုးဖြစ်နေသည်။သည်ပုံစံနှင့် ဘယ်ဆေးခန်းကို သွားရမလဲဟု မိုးထက် အရင်စဉ်းစားလိုက်ရသည်။ ~~~~~ "ဘယ်..ဘယ်လိုလဲရဲသူ..သူအဆင်ပြေရဲ့လား " အခန်းထဲမှ ထွက်လာသော သူငယ်ချင်းဖြစ်သူရဲသူသို့မဟုတ် ဒေါက်တာရဲသူကို မိုးထက် အလောတကြီးမေးလိုက်မိသည်။ "အဲ့လောက်စိုးရိမ်မနေပါနဲ့ဟ ...အခုက အားနည်းတာပါ ...ကြည့်ရတာ အစားမမှန် အအိပ်မမှန်ဘူးထင်တယ် ...မျက်တွင်းကလဲ ဟောက်ပက် ..... သွေးပေါင်ချိန်ကလဲ အတော်ကျနေတယ် ... အခုဆေးထိုးပေးထားတယ်...ဆေးလဲ သွင်းပေးထားတယ် ...ဆေးအရှိန်နဲ့အိပ်ပျက်ခဲ့တဲ့အရှိန်တွေကြောင့် အခုအိပ်ပျော်သွားပြီ....အိပ်ရေး၀၀အိပ်ပြီး အစားပုံမှန်စားရင် မကြာခင်ပြန်ကောင်းမှာပါ ...အေး .... ဒါမှမဟုတ် ဒီပုံအတိုင်းသွားရင်တော့ လုံးပါးပါးလိမ့်မယ် ..ဒါနဲ့ နေပါအုံး ..သူက ဘယ်သူလဲ .... မင်းရည်းစားလား ...တစ်ခါမှ မတွေ့ဖူးပါဘူး " " မဟုတ်ပါဘူး ရဲသူရာ ... ငါ့မိတ်ဆွေပါကွာ ..သူရုတ်တရက်မူးလဲသွားလို့ ..ငါလဲ မင်းဆေးခန်းကိုပဲ ခေါ်လာခဲ့လိုက်တာ ..ဒါနဲ့ ငါဝင်ကြည့်လို့ရပြီလား " " အေး ရပြီးလေသွားကြည့် " ရဲသူ၏ အဖြေကြောင့် မိုးထက် အခန်းထဲသို့ဝင်မည်ပြုစဉ် " မိုးထက် နေအုံး...အစိုးရိမ်ကြီးပြီး သူ့ကိုဟိုထိဒီထိ လိုက်မထိနဲ့ နော် ... သူ့အေးဆေးအိပ်ပါစေကွာ ..ဘေးကနေကြည့်ရုံပဲ ကြည့် နော် " ရဲသူ၏ စကားကြောင့် အခန်းထဲသို့ ဝင်မည့် မိုးထက်၏ ခြေလှမ်းများပင် တုံ့ခနဲဖြစ်သွားရလေသည်။ ~~~~~~ "ဟယ်.....ပိုးအိလေးဘယ်အချိန်က ရောက်နေတာလဲ... အန်တီမျိုးဆီကိုတော့ ဖုန်းမဆက်လိုက်ဘူးကွယ် " မျိုးမမသည် မိမိဆိုင်ထဲသို့ဝင်လိုက်သည်တွင် ပိုးအိဇင်ကို တွေ့လိုက်ရသဖြင့် ရင်ထဲစိုးထိတ်၍သွားသော်လည်း ဣန္ဒြေမပျက်အောင်ထိန်းလိုက်သည်။ကံကောင်း၍ ကိုဇင်မောင်တစ်ယောက်ဆိုင်ထဲသို့လိုက်မဝင်ဘဲ လှည့်ပြန်သွားသည်ကိုပင် စိတ်မှ ကျေးဇူးတင်လိုက်ရသည်။ " အန်တီမျိုးက ပိုးအိကို ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်ပေးချင်လို့ မျှော်နေတာ ...ဒီအတိုင်းတဆင့်ပေးလိုက်ရင်.. ပိုးအိရဲ့အသားအရည်နဲ့ မကိုက်မှာစိုးလို့လေ " မျိုးမမ၏ ဧည့်ဝတ်ပြုမှုက ထိရောက်သွားပုံရသည်။ပိုးအိဇင်၏ မျက်လုံးလေးများဝင်းလဲ့တောက်ပသွားသည်ကို မျိုးမမတွေ့လိုက်ရသည်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၈) ဆက်ရန် #ဧကြည်ဖြူ

"ဟုတ်လား ....မသိပါဘူး .... မျိုး ဖိတ်တာကို တမင်မလာချင်တာများလားလို့လေ ....အခုလဲ ဆိုင်ကို လာအားပေးဖို့ဖိတ်ပါတယ်နော် ...အလှအပနဲ့ ပတ်သက်တာမှန်သမျှ ..အမျိုးသားသုံးတွေပါ ဆိုင်မှာရပါတယ်နော်..ဒီမှာလိပ်စာကတ်ပါ " မျိုးမမကလိပ်စာကတ်လေးကို မိုးထက်ဆီသို့ကမ်းပေးလိုက်သည်။မိုးထက်က လိပ်စာကတ်ကို ခပ်ပြုံးပြုံးပင် လှမ်းယူလိုက်သည်။မျိုးမမ၏ ညှို့သောအကြည့်နှင့် လှပသောမျက်နှာကို မိုးထက် ခေတ္တမျှငေးကြည့်လိုက်သည်။မျိုးမမမှာတော့ မိုးထက်၏ စူးရှတောက်ပသော အကြည့်များကြောင့် ရင်တွေပင်ခုန်သွားရလေသည်။ "အင်း တစ်နေ့တော့.. မျိုးမမရဲ့ဆိုင်ကိုလာခဲ့ပါအုံးမယ်ဗျာ ...ကျွန်တော်အထင်တကြီးနဲ့ချစ်ရမဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လာတဲ့နေ့ကျရင် ..မျိုးမမရဲ့ဆိုင်မှာ လာအားပေးမယ်ဗျာ..." " ရှင် " မိုးထက်၏စသလိုလို နောက်သလိုလိုနှင့် ပြောလိုက်သော စကားကြောင့် မိုးထက်အားခပ်ညုညုအကြည့်များဖြင့် ကြည့်နေခဲ့မိသောမျိုးမမမှာ ခပ်လှောင်လှောင်ပြောခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။မျိုးမမ သည် မျက်နှာကိုမပျက်အောင်ထိန်းရင်း လက်ကိုစားပွဲခုံအောက်သို့ထည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပစ်လိုက်လေသည်။ ~~~~~~ "မင်းတို့ အစ်ကိုရော ... ဆိုင်ခွဲတွေမှာလဲ မတွေ့ခဲ့ဘူး " အဖြေကို ကြိုတင်သိသော်လည်း ၀တ္ထရားအရ ဆိုင်ဝန်ထမ်းလေးများကို မပိုးဖြူမေးလိုက်ပါသည်။ " ဟို ..ဟို....ဆရာက ဧည့်သည်နဲ့ အပြင်သွားပါတယ် ... ထမင်းကို အပြင်မှာစားခဲ့မယ်တဲ့ အစ်မ ...ထမင်းချိုင့်ကို အစ်မ ပြန်ယူသွားလိုက်ပါတဲ့ " " ဪ ... ဟုတ်လား " ဖြေလိုက်သောသူတို့ မျက်နှာလေးများက မပိုးဖြူ မျက်နှာကို အားနာသလို ကြည့်လို့ ။လက်ဆွဲခြင်းကြီးထဲတွင် ငါးဆင့် ချိုင့်ကို ထည့်ဆွဲလျက်လာခဲ့ရသော မပိုးဖြူကိုသူတို့လေးတွေ အားနာနေပုံရကြလေသည်။ " သူမရှိလဲ ထမင်းချိုင့်တော့ ပြန်မယူသွားပါဘူး.....ဒီထဲမှာ ဆိုင်က ဝန်ထမ်းတွေအတွက်ပါ ဟင်းတွေ ထည့်လာခဲ့တာမို့ ယူထားလိုက်ပါကွယ် ...အစ်မပြန်တော့မယ် " "ဟုတ် .. ဟုတ်ကဲ့ အစ်မ ...ကားငှားပေးလိုက်ရမလား အစ်မ " "ရတယ် ...အစ်မသွားတော့မယ်" ~~~~~~ မပိုးဖြူကားစီးချင်စိတ်လည်းမရှိသောကြောင့် လေးငါးမှတ်တိုင်ခရီးကို လမ်းလျှောက်လာခဲ့သည်။လမ်းသာလျှောက်နေရသော်လည်း လူကအားမရှိသဖြင့် ခြေလှမ်းလှမ်းလိုက်တိုင်းမောဟိုက်၍နေသည်။မပိုးဖြူ အိမ်သို့လည်းမပြန်ချင်။ဘုရားတစ်ဆူဆူ သို့သွားကာ ရင်ထဲမှသောကအပူများကို ဖြေဖျောက်ချင်သည်။လူသည်အပူသောကများ ကြုံတွေ့ရသောအခါ အမိအဖသားချင်းများနှင့် ရတနာသုံးပါးကို အားကိုးတတ်ကြသည်မဟုတ်ပါလား။မောဟိုက်နေသောရင်အစုံဖြင့်ပင် မပိုးဖြူတရွေ့ရွေ့ လျှောက်နေခဲ့သည်။လမ်းလျှောက်ရပါများလွန်း၍ သိပ်ပင်ပန်းလွန်းလျှင် ညဘက်၌ မပိုးဖြူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်သည်။ညဘက်တွေ မပိုးဖြူ အိပ်မပျော်ခဲ့သည်မှာ ကြာခဲ့ပြီလေ။ နှစ်မှတ်တိုင်ကျော်ကျော် လျှောက်လာပြီးသောအခါ မပိုးဖြူ သိသိသာသာမောပန်းလာသည်။ရေလည်း တအားငတ်လာသည်။ရှင်းပြောင်းနေသောကား လမ်းမကြီးတစ်လျှောက်တွင် မပိုးဖြူလာနေကြကုန်တိုက်ကြီးသာ ရှိသည်။ ကုန်တိုက်ထဲသို့၀င်လျှင်တော့ သောက်ရေသန့်တင်မက၊ အချိုရည်အစုံရနိုင်သလို ၊ ကော်ဖီဆိုင်လည်း ထိုင်လို့ရသည်။ဘုရားသို့သွားနေသည့် မပိုးဖြူ၏ ခြေထောက်များက ကုန်တိုက် ဆီသို့ ဦးတည်သွားလိုက်သည်။ ~~~~~ ရေသန့်နှင့် မုန့်ထုပ်များအတွက်ငွေရှင်းပေးပြီး ကုန်တိုက်အပြင်သို့ ပြန်ထွက်ရန် မပိုးဖြူ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းမှစုံတွဲကို မျက်လုံး အကြောင်သားနှင့်ကြည့်နေမိသည်။ယောကျာ်းဖြစ်သူကိုဇင်မောင်နှင့်အတူ သူ၏လက်မောင်းကို ဖက်တွယ်ထားသော အမျိုးသမီးတစ်ယောက်။နှစ်ယောက်သား၏ အပြုံးများသည် ကမ္ဘာလောကကြီး တစ်ခုလုံးကို မေ့နေကြသလိုပင် ။သူတို့ မပိုးဖြူကို မမြင်ကြပါ။မပိုးဖြူကို ကျောခိုင်းလျက် ဆန့်ကျင်ရာအရပ်ဆီသို့ လျှောက်သွားကြသည်။လျှောက်သွားနေရင်းမှ မပိုးဖြူ၏ချစ်ရပါသော ယောကျာ်းက အမျိုးသမီး၏ပခုံးကို သိုင်းဖက်လိုက်သည်ကို မပိုးဖြူမြင်နေရပါသည်။မြင်ကွင်းကို ကြည့်ရင်း ရေသန့်ဘူးကိုဖိညှစ်ကိုင်လိုက်ကာ အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ကြိုတင်သိနေရိပ်စားနေခဲ့သော်လည်း တကယ်တမ်းလက်တွေ့မြင်လိုက်ရသောအခါ လူမှာ အသက်မဲ့သွားသလို ခံစားလိုက်ရသည်။ရင်ထဲမှ ကလီစားများကိုဆွဲနှုတ်ယူခံလိုက်ရသကဲ့သို့ ရင်တစ်ခုလုံး လှစ်ဟာ၍နေသည်။မျက်လုံးအစုံမှာဖွင့်ထားပါလျက် ဘာကိုမှမမြင်၊ နားမှာလည်းဘာကိုမှမကြားတော့ ။လူမှာအေးစက်မှောင်မိုက်နေသော ချောက်ကမ်းထဲသို့ ရုတ်တရက် အတွန်းချခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။အသက်မဲ့သူလို အတန်ကြာရပ်နေခဲ့ပြီနောက် လူနှင့်အသိသိပ်မကပ်ဘဲ ကုန်တိုက်အပြင်သို့ မပိုးဖြူထွက်လာခဲ့သည်။ရေသောက်ရန်လည်း မပိုးဖြူ သတိမရပါချေ။နေ့လယ်ခေါင်ခေါင်ကြီးတွင်လမ်းမကြီးအတိုင်းကြောင်ကြောင်ငေးငေးဖြင့် မပိုးဖြူလျှောက်လာခဲ့သည်။

"ဟုတ်ကဲ့ ကျေးဇူးပါရှင် ." မိန်းမငယ်လေးများ၏ အထာကို ကျွမ်းကျင်လှသော မျိုးမမ၏ ပထမအဆင့်စည်းရုံးချက်က အောင်မြင်ပါသည်။ ပိုးအိဇင်က ပြုံးရွှင်နေသောမျက်နှာထားဖြင့် လိပ်စာကတ်လေးကို ယူလိုက်ပါလေသည်။ "သ..သမီးတစ်ယောက်တည်းလား ...အဖေတို့ မုန့်စားရအောင် ' "ဟင့်အင်း အဖေ...သူငယ်ချင်းပါတယ် ... ညမှ အဘွားတို့အိမ်ကို ဝင်ခဲ့လေ ....သမီးသွားတော့မယ် အဖေ .. ခွင့်ပြုပါအုံး အန်တီ " နှုတ်ဆက်ပြီးသည်နှင့် ပိုးအိဇင်က သူငယ်ချင်းဖြစ်သူထံသို့ ပြန်လျှောက်သွားလိုက်လေသည်။ ~~~~~ "ဖေဖေတို့ ပတ်သက်မှုကို သမီး ရိပ်မိပါတယ် ...ဒါနဲ့ အမေ့ကို ဘယ်လိုလုပ်မှာလဲ အဖေ ..." ပိုးအိဇင်က ဖခင်ဖြစ်သူကို မေးလိုက်သည်။သားအဖနှစ်ယောက်သည် အဘွားဖြစ်သူတို့၏ တိုက်အပေါ်ထပ်၀ရံတာတွင် တိုးတိုးကျိတ်ကျိတ်နှင့် ပြောဆိုနေကြခြင်းဖြစ်သည်။ " အင်း ...တကယ်လို့ မျိုးကိုအဖေလက်ထပ်မယ်ဆိုရင် သမီးရော လက်ခံနိုင်ရဲ့လားဟင် ..... အဖေက သမီးအမေရဲ့သဘောထားထက် သမီးရဲ့သဘောထားကိုပဲ သိချင်တယ် " ဖခင်ဖြစ်သူ၏ အမေးကြောင့် ပိုးအိဇင်တွေခနဲဖြစ်သွားသည်။အတန်ကြာသောအခါမှ "အခုလဲ အဖေရောအမေပါ မပျော်ကြဘူး မဟုတ်လား ...ဒီလိုနှစ်ယောက်လုံးမပျော်ရွှင်နိုင်ဘဲအတူနေမဲ့အစား ... ပြတ်ပြတ်သားသားလုပ်လိုက်ကြတာကို သမီးမတားပါဘူး....အန်တီမျိုးနဲ့ လက်ထပ်လို့ အဖေပျော်ရွှင်မယ်ဆို လုပ်ပါ .....အဖေတို့ကိစ္စတွေထဲမှာ သမီးဝင်မပါပါဘူး " သမီးဖြစ်သူ၏ စကားကြောင့် ကိုဇင်မောင်ဝမ်းသာပျော်ရွှင်သွားရသည်။ " ဒါဆိုရင် ...အဖေနဲ့ သမီးအမေလမ်းခွဲလိုက်ရင် ...သမီးက ဘယ်သူနဲ့ နေချင်တာလဲ " " ဘယ်သူနဲ့မှမနေပါဘူး အဖေ ..အဘွားတို့နဲ့ပဲနေမှာပါ ...သမီးအတွက်ဘာမှမပူပါနဲ့ ...အဖေတို့ကိစ္စတွေထဲမှာ သမီး ဝင်မပါချင်ပါဘူး " "အင်းပါ သမီးရယ် " ~~~~~~~ " ကိုမိုးထက်နောက်ကျပါလား...ဘာလဲကြည့်ရတာ မလာချင့်လာချင်နဲ့ ပွဲပြီးခါနီး အချိန်ကို မှန်းပြီးလာခဲ့တာထင်တယ် " " မဟုတ်ပါဘူး ရတနာရယ် .... ရတနာ့ပွဲကိုမှမလာရင်... ကျွန်တော့်လောက် မိုက်တဲ့သူရှိပါ့အုံးမလား " ရတနာစိုး၏ ထေ့ငေါ့သော စကားကို မိုးထက်ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်ပါသည်။ရတနာစိုးတို့မိသားစုဆွေမျိုးတစ်စုလုံးမှာ မိုးထက်တို့ကားအရောင်းစင်တာ၏ အထူးအထူးဖောက်သည်များ လို့ပင်ပြောရမည်။ထို့ကြောင့်လဲ ရတနာစိုးတို့မိသားစုဘာပွဲလုပ်လုပ် မိုးထက်မှာရောက်အောင် လာရသည်။ရတနာစိုးတို့မိသားကစုပွဲအမျိုးမျိုးကို မကြာခဏ လုပ်သည်မှာလည်း ရှင်းရှင်းပြောရလျှင် သူဋ္ဌေးသူကြွယ်၊ လုပ်ငန်းရှင်တွေချည်းရွေးဖိတ်ကာ သူတို့၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါခြင်းဖြစ်သကဲ့သို့ သူတို့ ဆိုင်အတွက် ဖောက်သည် ရှာဖွေခြင်းလည်း ဖြစ်သည်။ဤကဲ့သို့ ပွဲမျိုးကို မိုးထက်သည် စိတ်မဝင်စားလှသော် လည်း လူမှုရေးအရအရောက်လာရခြင်းဖြစ်လေသည်။ " ကဲပါ လာပါ ..ဟိုမှာ ကိုရန်ပိုင်ကြီးလဲရောက်နေတာကြာပေါ့ ... ကိုရန်ပိုင်ရေ ....ဒီမှာ ပေါ်တော်မူကိုမိုးထက်ကြီးလာပါပြီရှင် " မိုးထက်ဆိုသောအမည်နာမ ကြောင့် မျိုးမမ၏ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားရလေသည်။ဘေးခုံတွင်ထိုင်နေသော ကိုဇင်မောင်ကိုမလုံမလဲနှင့်မော့ကြည့်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ရတနာစိုးသည် မိုးထက်အား ကိုရန်ပိုင်၊ကိုဇင်မောင်နှင့် မျိုးမမတို့ရှိရာ စားပွဲသို့ ခေါ်လာခဲ့လေသည်။ကိုရန်ပိုင်သည် မိုးထက်ကိုတွေ့သည်နှင့် မျက်နှာပူအနေရခက်နေသော အခြေအနေမှ လွတ်မြောက်သွားလေဟန်ပုံမျိုးနှင့် ပြုံးပြနှုတ်ဆက်လိုက်လေသည်။ "မလားတော့ဘူးထင်နေတာ မိုးထက်ရ ... ဘယ်လိုလဲ ဒီတစ်လော အလုပ်တွေတယ်များနေပါလား ." "ဟုတ်တယ် ကိုရန်ပိုင် ... ကျွန်တော်တို့မတွေ့တာကြာပြီပဲ ..အလုပ်တွေ အဆင်ပြေရဲ့လား ....ကိုဇင်မောင်ရော အဆင်ပြေတယ် မဟုတ်လား .....မမျိုးမမရော ဆိုင်အခြေအနေ အဆင်ပြေတယ် မဟုတ်လေး " မိုးထက်က အားလုံးကို နှုတ်ဆက်စကားပြောလိုက်သည်။ "အလုပ်ကတော့ ဒီလိုပါပဲကွာ ...ဒါပေမဲ့ ကိုယ့်လူလို .....ကားလေးတစ်စီးနဲ့တော့ လျှောက်လိမ့်မနေနိုင်တဲ့ဘ၀ပါ ... " " ကိုရန်ပိုင်ကတော့ ပြောပြီဗျာ .. " လေးယောက်သား ရယ်ရယ်မောမောနှင့် စကားပြောနေကြစဉ်မှာပင် ကိုဇင်မောင်ကထိုင်နေရာမှထလိုက်ပြီး မျိုးမမဘက်သို့ ဦးတည်ကြည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ ခဏလောက် ခွင့်ပြုကြပါအုံးဗျာ ..ဟိုမှာ ကျွန်တော့်အစ်မနဲ့ယောက်ဖကို သွားနှုတ်ဆက်လိုက်အုံးမယ်" ကိုဇင်မောင်ထွတ်သွားပြီး မကြာမီမှာပင် ကိုရန်ပိုင်ကလည်း သူ့မိတ်ဆွေများကို သွားနှုတ်ဆက်သောကြောင့် စားပွဲဝိုင်းတွင် မိုးထက်နှင့် မျိုးမမသာကျန်ခဲ့လေသည်။နှစ်ယောက်သားကျန်ခဲ့သည်နှင့် မျိုးမမကမိုးထက်ကို ကြည့်လိုက်ပြီး တိုးလျလျအသံဖြင့် ပြောလိုက်သည်။ "ကိုမိုးထက်က သိပ်ကိုမာနကြီးတာလား...အဆင့်အတန်းခွဲတာလားဟင် ... မျိုးကတကူးတကဖိတ်တာကိုတော့ မလာဘူး .` မိုးထက်က မျိုးမမကိုကြည့်လိုက်ပြီး " မဟုတ်တာဗျာ...ကျွန်တော်အလုပ်များနေလို့ပါ ...အဲ့ဒီအတွက်တောင်းပန်ပါတယ်ဗျာ... ပြောရရင် ရတနာတို့ရဲ့ပါတီပွဲတွေကိုတောင် မတက်ဖြစ်တာကြာပြီလေ ... ကျွန်တော်ကဒီဆို ဟိုရောက်နဲ့လမ်းများတဲ့သူမို့ပါ "

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း ၇ ******** ကိုဇင်မောင်သည် ညို့လျသောအသံဖြင့် မျိုးမမကိုပြောလိုက်သည်။ " မျိုးတို့တွဲနေတာကြတာကို... ပတ်ဝန်းကျင်ကလဲ သိသင့်သလောက် သိကုန်ကြပြီ အစ်ကို ...တစ်ချို့တွေက မျိုးကို အထင်တသေးနဲ့ ကြည့်ကုန်ကြပြီ ... မျိုးဘယ်လိုလုပ်ရမလဲ အစ်ကို .. မျိုးမှာ ဘာသိက္ခာမှလဲမရှိတော့ပါဘူး...အစ်ကိုက အစ်ကို့ အမျိုးသမီးနဲ့လမ်းမခွဲနိုင်ဘူး မဟုတ်လားဟင် ...အဲ့ဒါကြောင့် မျိုးဘက်က နောက်ထုတ်ပေးဖို့ဆုံးဖြတ်လိုက်ရတာပါ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်တွေခနဲဖြစ်သွားရသည်။မျိုးမမကို သူလက်လွှတ်ဆုံးရှုံးမခံနိုင်သလို ဇနီးသည်ကိုကွာရှင်းပြတ်စဲကြဖို့အတွက် ပြောရန်လ ည်းနှုတ်ကမရဲဖြစ်နေခဲ့သည်။ဇနီးသည်က သူတို့အကြောင်းကိုအရင်သိရှိပြီး သူမဘက်ကကွဲကွာစကားစပြောလာလျှင်တော့ သင့်တင့်သောငွေကြေးပေးပြီး ဖြေရှင်းဖို့ရန်သူပြင်ဆင်ထားခဲ့သည်။ခက်သည်မှာ မပိုးဖြူကသူမူမမှန်မှန်းသိသော်လည်း မသိဟန်ပြုလျက်နေနေခြင်းကြောင့်ဖြစ်သည်။ကိုဇင်မောင် ရှေ့ဆ်က်၍ဘာလုပ်ရမှန်းပင်မသိတော့ပါချေ။ယခုတော့ မျိုးမမထံမှဤသို့လမ်းခွဲစကားကြားရသောအခါ ကိုဇင်မောင့်ရင်ထဲ အပူလုံးကြွလေပြီ။ " နေ ... နေပါအုံး မျိုးရယ် ... အစ်ကို့ကို အချိန်တစ်လပဲပေးပါကွာ .... အစ်ကို့ကိစ္စတွေကို အပြတ်ရှင်းပါ့မယ် .. ဒီရက်အတောအတွင်းမှာမျိုးကို အစ်လို့မိသားစုနဲ့ မိတ်ဆက်ပေးထားမယ် နော် " ကိုဇင်မောင်၏ စကားကြောင့် မျိုးမမရင်ထဲအနည်းငယ်မျှတော့ ကျေနပ်သွားရသည်။ " အစ်ကိုဒီည အိမ်ပြန်မှာလားဟင် " မျိုးမမခပ်တိုးတိုးလေးမေးလိုက်သည်၊၊ကိုဇင်မောင်အိမ်သို့ မပြန်သောနေ့များတွင် မျိုးမမသည်လည်း အိမ်သို့မပြန်ပါ။နှစ်ယောက်သားမျိုးမမ၏ဆိုင်တွင် တစ်ညတာ ကုန်ဆုံးကြစမြဲဖြစ်လေသည်။ "ဟို ... မျိုးမပြန်စေချင်ရင် မပြန်ဘူးလေ .....အစ်ကိုလဲ အိမ်ကိုပြန်ချင်စိတ်မရှိပါဘူးကွာနော် " ကိုဇင်မောင်က ပြောရင်း မျိုးမမရဲ့ကိုယ်လုံးလေးကို ထွေးဖက်လိုက်သည်။ဆိုင်ကပိတ်လိုက်ပြီးဖြစ်၍ ဆိုင်ထဲတွင်ကိုဇင်မောင်နှင့် မျိုးမမတို့မှာ လွတ်လပ်စွာပင် စကားပြောနေကြခြင်းဖြစ်လေသည်။ ~~~~ နံရံထက်ကနာရီကို မပိုးဖြူလှမ်းကြည့်လိုက်သည်။ညတစ်နာရီထိုးနေချေပြီ။မပိုးဖြူ ဆိုဖာခုံမှထကာ တီဗီကိုပိတ်လိုက်သည်။ဤညအဖို့မှာ ယောကျာ်းဖြစ်သူ ပြန်မလာတော့မှန်းသေချာသွားပြီးမို့ မပိုးဖြူအိမ်အပေါ်ထပ်သို့တက်လာခဲ့သည်။လက်ထဲတွင် နေ့ခင်းက ယောကျာ်းဖြစ်သူအတွက်ဝယ်လာခဲ့သောဝတ်စုံအိတ်ကို ယူဆောင်လာခဲ့သည်။မပိုးဖြူ အကျင့်က ဘယ်ကိုသွားသွား ယောကျာ်းနှင့် သမီးဖြစ်သူ ကြိုက်နှစ်သက်တတ်သော အရာများကိုတွေ့လျှင် အမှတ်တရ ဝယ်ယူတတ်သည်။ယခုသောအခါ ထိုအမှတ်တရ၀ယ်လာသည့်ပစ္စည်းများကိုပင် ပေးဖို့ရန် မပိုးဖြူအတွက် ခက်ခဲလွန်းနေခဲ့လေပြီ။သမီးကိုလွမ်းလွန်း၍ မျက်နှာအငယ်ခံပြီး ယောကွမအိမ်သို့ နေ့စဉ်သွားတွေ့မိသော်လည်း သမီးငယ်က သင်တန်းအမျိုးမျိုးအကြောင်းပြပြီး အပြင်သို့သာ သွားနေတတ်လေသည်။သမီးကိုတွေ့ရဖို့ရန်မှာ ယောကျာ်းဖြစ်သူနှင့်တွေ့ရဖို့ထက်ပင်ပို၍ ခက်ခဲလေသည်။သည်ကြားထဲ၌ ယော က္ခမဖြစ်သူကလည်း မပိုးဖြူကို တွေ့သည်နှင့်မဲ့ကာရွဲ့ကာဖြင့် ပြောတတ်ပြန်လေသည်။ " အပိုတွေလုပ်ပြမနေနဲ့ ..ကလေးကစာလုပ်နေတာ အနှောက်အယှက်ဖြစ်တယ် ...ဟင်းတွေဘာတွေလဲ ယူလာမနေနဲ့ ...အိမ်မှာ စားစရာတွေမှ အလျှံအပယ်ပဲ " ဤစကားများက သမီးဖြစ်သူအကြိုက် ဟင်းလျာများချက်ပြီး မပိုးဖြူသွားပို့တိုင်း ယောက္ခမကြီး၏ ပြောနေကျစကားများဖြစ်သည်။သူတို့လိုသူဋ္ဌေးအိမ်တွင် အလျှံအပယ်ပေါများမှန်း မပိုးဖြူသိတာပေါ့။ ကိုယ့်သားသမီးကို ကိုယ်တိုင်ချက်ကျွေးချင်သည်မှာ အပြစ်လား။ရှေ့ဆက်၍မပိုးဖြူ ဘယ်လိုနေရမည်၊ ဘာလုပ်ရမည်ပင်မသိပါလေတော့။ ~~~~~~~ ပိုးအိဇင်သင်တန်းပြီး၍ သူငယ်ချင်းမေဖူးနှင့်အတူ ကုန်တိုက်ထဲသို့ဝင်လာခဲ့စဉ် ဖခင်ဖြစ်သူနှင့်အမျိုးသမီးတစ်ယောက်ကိုလက်ချင်းချိတ်လျက်တွေ့လိုက်ရသောကြောင့် အံ့သြသွားရလေသည်။မေဖူးကိုနေရာတွင် စောင့်ခိုင်းထားလိုက်ပြီး ဖခင်ရှိရာဆီသို့ ပိုးအိဇင်အပြေးလေး လျှောက်သွားပြီးခေါ်လိုက်သည်။ "အဖေ" " သ ..သမီး ..ပိုးအိ " လက်ကိုကိုင်ဆွဲပြီး ခေါ်လိုက်သံကြောင့် ကိုဇင်မောင်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရသည်။မျိုးမမသည်လည်း ကိုဇင်မောင်၏လက်အားဖက်တွယ်ထားသော သူမ၏လက်ကိုခပ်မြန်မြန်ပင် လွှတ်ပေးလိုက်ရလေသည်။ ပိုးအိဇင်က မေးခွန်းပေါင်းများစွာပါသောအကြည့်ဖြင့် ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ ဒါကို ရိပ်မိသော ကိုဇင်မောင်ကလည်း သမီးဖြစ်သူနှင့် မျိုးမမကို မိတ်ဆက်ပေးလိုက်သည်။ "သမီး ...သူက မျိုးမမနိုင်တဲ့ .. မှတ်ထားနော် " "မျိုး...သူက အစ်ကို့ သမီးလေးပါ ... နာမည်က ပိုးအိဇင်တဲ့ " ကိုဇင်မောင်၏ စကားဆုံးသည်နှင့် မျိုးမမသည်အိတ်ထဲမှ လိပ်စာကတ်ကိုသွက်လက်စွာ ထုတ်ယူလိုက်ပြီး " တွေ့ရတာဝမ်းသာပါတယ်ကွယ် ...သမီးကသိပ်ကိုလှတာပဲသိလား ..ဒီမှာ အန့်တီရဲ့ဆိုင်လိပ်စာကတ်ပါ ...ဆိုင်မှာ အလှကုန်ပစ္စည်းအစုံရှိတယ်...ဆိုင်ကိုလာလည်နော် ...သမီးကိုရှားပါးအလှကုန် လေးတွေ လက်ဆောင်ပေးချင်တယ် "

မပိုးဖြူကြိုးစား၍ ထကြည့် လိုက်သည်။ခြေထောက်က စူးစူးဝါးဝါးနာကျင်သွားသည်။မပိုးဖြူတစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များပင်ကျလာသည်။နာကျင်နေရသည့်ကြားထဲမှ ဝေဝေတစ်ယောက်ရောက်လာမည်စိုးသောကြောင့် စက်လှေကားဆီသို့ လည်ပြန်ကြည့်ရသေးသည်။ "ဒီ ..ဒီမှာ .... ကျွန်မခြေထောက်ကမထောက်နိုင်ဘူးဖြစ်နေလို့ ... အ ..အပြင်ကို လိုက်တွဲပို့ပေးလို့ ရမလားဟင် ...တောင်း .. တောင်းပန်းပါတယ်ရှင် " အားနာဟန်နှင့် မဝံ့မရဲပြောနေသောသူမကိုကြည့်ပြီး မိုးထက် ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။ကိုယ်နှင့်ဝင်တိုက်ထားသည်ဖြစ်၍လည်း ကိုယ်ပဲတာဝန်မကင်းသလိုဖြစ်ရသောကြောင့် မိုးထက်ကူညီပေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ~~~~.~. "ကျေး ...ကျေးဇူးတင်ပါတယ်ရှင် ... ဒီမှာပဲထားခဲ့ပါတော့ .. ဟို.. ကျွန်မကိုတက္ကစီကားတော့....ခေါ်ပေးပါလားရှင် ." ဆွဲကိုင်ထားသောလက်ကို လွှတ်ပြီးကုန်တိုက်ရှေ့က အုတ်နံရံကိုမှီကိုင်ကာအားပြုရပ်လိုက်ရင်း မပိုးဖြူပြောလိုက်သည်။ "မင်းကဒီတိုင်းရပ်နေမလို့လား ... ဘယ်ကိုပြန်မှာလဲ .... မထူးတော့ပါဘူး ...ပို့မယ့်ပို့ကတို့ရောက်အောင်ပဲ ပို့ပေးပါတော့မယ်... " မိုးထက်က သူမလက်ထဲကို အထုပ်တွေ လွှဲပြောင်းပေးရင်း မေးလိုက်သည်။ "ဟို ...တောင်ဥက္ကလာထဲတင်ပါ ...ရှင်က တက္ကစီမောင်းတာလား ....ကျွန်မကတက္ကစီပဲစီးမှာ ....သူစိမ်းယောကျာ်းလေး ကားမစီးဘူး " ကိုးလို့ကန့်လန့်မေးခွန်းကြောင့် မိုးထက်စိတ်လဲတိုကာရယ်လည်းရယ်ချင်သွားရပြီး ခပ်ရွဲ့ရွဲ့ပြန်မေးလိုက်သည်။ "ဪ ....တက္ကစီးကားမောင်းတဲ့ လူတွေကတော့ ...သူစိမ်းမဟုတ်ဘဲ မင်းရဲ့အမျိုးတွေလား " "ရှင် .. ဟို...အဲ့ဒီလိုတော့ မဟုတ်ဘူးလေ ... တက္ကစီကားဆရာက တက္ကစီကားဆရာပေါ့ " "ကဲပါ..လာတက် ... ကျွန်တော်ကအိမ်စီးကားဆိုပေမဲ့...ငှားတဲ့သူရှိရင် လိုက်ပို့ပေးပါတယ် .... ကားခကို ခါတိုင်းငှားစီးနေကြအတိုင်းပဲပေးပေါ့ " "ဟုတ်.... ဟုတ်ကဲ ..ကျေးဇူးပါရှင် ...ဒါနဲ့ ... ကျွန်မနောက်ခန်းက ပဲစီးလို့ရတယ် မဟုတ်လား ... ကျွန်မက အိမ်ထောင်သည်ပါရှင် ... ရှေ့ခန်းမှာ အတူတူစီးလို့ မသင့်တော်ဘူးထင်တယ် ..." "ကဲ ....စီးချင်တဲ့နေရာကစီးဗျာ...မင်းမှာအိမ်ထောင်ပဲရှိရှိဘာရှိရှိ ....ကျွန်တော်လဲခင်ဗျားကိုဘာမှမလုပ်ဘူး ...၀င်တိုက်ခဲ့မိလို့ အားနာလို့လိုက်ပို့ပေးမှာ ...သွားမယ် ... ကျွန်တော်က ဧည့်သည်ကြိုရအုံးမှာ " သူမတစ်ယောက်တည်း အတွေးများပြီး သောကများနေသော အမျိုးသမီးကိုကြည့်ပြီး မိုးထက်စိတ်မရှည်သံနှင့် ပြောလိုက်သောအခါမှ ကုန်တိုက်ပေါက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့လက်ကိုအားပြုကာကိုင်ရင်း ကားထဲသို့ဝင်သည်။မိုးထက်၏ ပတ်ဝန်းကျင်ရှိ မိန်းမချောမိန်းမလှလေးများသည် မိုးထက် မောင်းသော ကားထဲတွင်လိုက်စီးချင်ကြလွန်း၍ အထာအမျိုးမျိုးပေးနေကြချိန်တွင် လူကိုမယုံသလိုလာလုပ်နေသော သူမကို စိတ်တိုသလိုတော့ဖြစ်သွားသည်။မသိလျှင် သူ့မကိုယ်သူမဆယ်ကျော်သက်အရွယ် အပျိုမလေးကဲ့သို့ကြောက်နေစိုးရွံ့နေသည့်ပုံမျိုးနှင့်ဖြစ်နေသည်လေ ။ ~ "ကျေးဇူးတင်ပါတယ်ရှင် ...ဒီမှာ ကားခပါရှင့် " "မင်းအိမ်ထဲဝင်နိုင်ရဲ့လား " ကားခပိုက်ဆံကိုပေးပြီး ကားတံခါးကိုဖွင့်နေသော သူမကို မိုးထက်မေးလိုက်သည်။ " ရပါတယ်ရှင် ... ခြေထောက်က နည်းနည်းသက်သာသွားပါပြီ " " ဪ...အင်း ....အင်း ...ဒါနဲ့ ဟိုတစ်ခါ ကုန်တိုက်ထဲမှာပိုက်ဆံအိတ်ကျခဲ့လို့ လိုက်ပေးတာကို ....ကျေးဇူးတင်စကားမပြောရသေးဘူးနော် ...မင်းသတိရရဲ့လား " '' ရှင် " ပြောပြီးသည်နှင့် မိုးထက် ကားကို မောင်းထွက်လာခဲ့လိုက်သည်။ခြံတံခါးကို ကိုင်ပြီး ကြောင်တောင်တောင်မျက်လုံးများဖြင့် ငေးကြည့်နေသူမကို နောက်ကြည့်မှန်ထဲမှ မိုးထက်မြင်နေရလေသည်။ ~~ '' ဘာ..ဘာဖြစ်လို့လဲမျိုးရယ် ...ဒီလိုရုတ်တရက်ကြီး ... မတွေ့ဘဲနေကြရအောင်လို့ ပြောတော့ ...အစ်ကိုရူးသွားလိမ့်မယ်ကွာ.... အစ်ကို့ အပေါ်မှာ ဘာတွေ မကျေနပ်လို့လဲဟင်...အစ်ကိုဘာလုပ်ပေးရမလဲပြောပါ" @@@@@@@@@@@@@@@@@@@@@ အပိုင်း (၇ ) ဆက်ရန် #ဧကြည်ဖြူ

မျိုးမမဘာမျှ ပြန်မပြောနိုင်ဘဲ ရတနာစိုးဆွဲခေါ်ရာသို့ပါလာခဲ့သည်။မျိုးမမ၏ စိတ်ထဲ၌မူ တနုံ့နုံ့နှင့် ဖြစ်နေလေသည်။တန်းဖိုး သိပ်မရှိသောအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ကြည့်လိုက်သည်နှင့်ထင်း၍လင်းနေသောပုံရိပ်။ထိုပုံရိပ်သည် မျိုးမမအထင်သေးနေခဲ့သော ပြိုင်ဘက် ဖြစ်သည်။တနည်းပြောရလျှင် တရားဝင်ပိုင်ဆိုင်ခွင့်ကို ပိုင်ဆိုင်ထားသူ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အထင်ကြီးနေခဲ့မိလေသမျှ ပြိုင်ဘက်ကိုတွေ့ရှိလိုက်ရချိန်တွင် မျိုးမမ၏မသိစိတ်တစ်နေရာမှ စိုးရိမ်ပူပန်စိတ်များဝင်ရောက်လာခဲ့လေသည်။ ~ " ဟယ် ဖြူဖြူ....နင်တစ်ယောက်တည်းလား ...စျေးဝယ်ထွက်လာတာလား ...ဒီလိုတော့လဲ အပြင်ထွက်တတ်သားပဲ " ခပ်စူးစူးအသံနှင့်အတူ လက်ကိုဖျတ်ခနဲကိုင်ဆွဲလိုက်သူမှာ မပိုးဖြူ၏ ရှားရှားပါးပါးသူငယ်ချင်းဖြစ်သူဝေဝေဖြစ်သည်။ဝေဝေ့ကိုကြည့်ပြီး မပိုးဖြူစိတ်ရှုပ်သွားမိသည်။ဝေဝေသည် သူမကိုခင်မင်စိတ်ရှိပုံရသော်လည်းအကြွားသန်လှသည်။မပိုးဖြူ၏ အားနည်းချက်နှင့်ကျရှူံးမှုကို စောင့်ကြည့်နေသူမျိုးဖြစ်သည်။ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရသော မပိုးဖြူတွင်အပေါင်းအသင်းဟု၍ မည်မည်ရရမရှိခဲ့ချေ။အိမ်ထောင်ကျပြီးမှ ခင်မင်လာရသော ဝေဝေတစ်ယောက်သာမပိုးဖြူအတွက် သူငယ်ချင်းဖြစ်လာခဲ့သည်။ဝေဝေသည်လည်း မပိုးဖြူလို သာမာန်ဆင်းရဲသောဘဝမှ ကန်ထရိုက်တာမုဆိုးဖိုသူဋ္ဌေးတစ်ယောက်နှင့် ဖူးစာဆုံခဲ့သည်။ဝေဝေ့အမျိုးသားမှာ ငွေကြေးချမ်းသာပါသည်။သို့သော်လည်း ဝေဝေသည် ဤအခြေအနေကိုပင် မကျေနပ်နိုင်ဘဲ မပိုးဖြူကိုအနိုင်ယူပြချင်နေသည်။ဝေဝေ့ အမျိုးသားနှင့်ကိုဇင်မောင်မှာ ငွေကြေးချမ်းသာတာခြင်းတူလျှင်တောင် ကိုဇင်မောင်၏ချောမော ကြည့်ကောင်းသောရုပ်ရည်ကြောင့် ဝေဝေအမြဲမကျေမနပ်ဖြစ်နေသည်ကိုလဲ မပိုးဖြူရိပ်စားမိပါသည်။သို့သော်လည်း ဤမျှလောက်နှင့်တော့ ဝေဝေ့ကိုမပိုးဖြူမရှောင်ဖယ်ပါ။ဝေဝေ့ထံတွင် မပိုးဖြူမသိရှိနားမလည်သောအကြောင်းရာများကိုလည်း သင်ယူနိုင်သည်လေ။ ယခုလိုစိတ်ညစ်စိတ်ရှုပ်ထွေးနေသော အချိန်မှ လာဆုံရသည်ကိုတော့ မပိုးဖြူ စိတ်ညစ်စိတ်ရှုပ်သွားရသည်။ "ဒီလိုလေး အပြင်တွေဘာတွေ ထွက်အုံးမှပေါ့ ဖြူဖြူရယ် ....တို့ဆိုရင်အစ်ကိုကြီးနောက်မလိုက်ရရင် .. ကိုယ့်ဘာသာလျှောက်လည်ပစ်လိုက်တာပဲ ... အစ်ကိုကြီးက တို့အတွက်ဆိုပြီးဟိုတလောကမှကားအသစ်လဲပေးထားသေးတက် သိလား...ဖြူဖြူရော ကားမ၀ယ်ဘူးလား ... မင်းချစ်ချစ်ကြီးကို ကားဝယ်ပေးခိုင်းလေကွာ ... ကိုယ့်ဘာသာ ကားမောင်းတတ်တော့ ဘယ်သွားသွား အေးအေးဆေးဆေးပဲ " " အင်း ... ပိုးဖြူကားမမောင်းရဲပါဘူးဝေဝေရယ် .. ဒီတိုင်းတက္ကစီငှားစီးလိုက်တာပဲ ပိုအဆင်ပြေပါတယ် " " အမယ်လေး သူဌေးကတော်ရယ် ...တက္ကစီစီးရတာ အဆင်ပြေတယ်ဟုတ်လား...ဒီစကားက ကိုယ်ပိုင်ကား မမောင်းဖူးသေးလို့ ပြောနေတာပါနော် .. ကိုယ်ပိုင်ကားလေးသာမောင်းဖူးကြည့်ပါလား ... ကားပေါ်ရောက်တာနဲ့လူဆိုမြောက်နေတာပဲကွ.....ကဲပါ ဒါတွေထားလိုက်ပါ ....တို့တွေဆိုင်တစ်ဆိုင်ဆိုင်ထိုင်ရအောင် ..မင်းကိုပြောစရာရှိတယ် " ဝေဝေ၏ စကားကြောင့် မပိုးဖြူလန့်သွားရသည်။ယောကျာ်းဖြစ်သူ၏ အကြောင်း တစ်စုံတစ်ရာဆိုလျှင် မပိုးဖြူမကြားချင်၊မကြားဝံ့ပါ။ သိနေခြင်းထက်မသိခြင်းက မပိုးဖြူကိုစိတ်သက်သာရာရစေမည် မဟုတ်ပါလား။ " ဟို ... ဖြူ့မှာအချိန်မရှိတော့လို့ပါနော် ဝေဝေ ... မောင် .. မောင်လာကြိုတော့မဲ့အချိန်နီးနေလို့ပါ... သွား....သွားတော့မယ်နော် " ပြောပြီးသည်နှင့် မပိုးဖြူ အပြေးတစ်ပိုင်းနှင့် ထွက်လာခဲ့မိသည်၊၊ ~~~~ "ဘုတ် " " အ " ဦးစွာ၀င်တိုက်သူမှာ မပိုးဖြူပင်ဖြစ်သလို ခြေပစ်လက်ပစ်လဲကျရသူမှာလည်း မပိုးဖြူဖြစ်ပါလေသည်။နေ့စဉ်ရက်ဆက် အိပ်ပျက်ထားသောဒဏ်နှင့် အင်အားချည်နဲ့နေသော ခနွာကိုယ်က မည်သို့မျှအရှိန်မထိုင်နိုင်ဘဲ ကုန်တိုက်၏ ဝင်ပေါက်အနီး သမံတလင်းပေါ်လဲကျသွားခဲ့ခြင်းဖြစ်သည်။ချက်ချင်းကုန်းရုန်းပြီး ပြန်ထသော်လည်း လူကမထနိုင် တော့။ဘယ်ဘက်ခြေဖမိုးမှာချက်ချင်းပင် ရောင်ရမ်းလာလေသည်။ "မင်းရရဲ့လား ....ထနိုင်ရဲ့လား " ယောကျာ်းတစ်ယောက်၏ မေးသံကိုကြားသော်လည်း မပိုးဖြူပြန်မဖြေနိုင်အားပါ ။အဝေးသို့ လွှင့်စင်ကျသွားသော ယောကျာ်းဖြစ်သူအတွက် ဝယ်လာသည့်အဝတ်အစားထုပ်ကို ကြည့်နေမိလေသည်။ ရှေ့တွင်လဲကျနေသော အမျိုးသမီးကိုကြည့်ပြီး မိုးထက် စိတ်ရှုပ်သွားမိသည်။ဆုံပဲဆုံတတ်လွန်းသောကံတရားကိုလည်း စိတ်ပျက်သွားသည်။တွေ့လိုက်ရသောအခါတိုင်း မပြေးရုံတမယ် သွားလာနေသော အမျိုးသမီးကို မြင်သည်နှင့် မိုးထက်ချက်ချင်းမှတ်မိလိုက်ပါသည်။ယခင်တစ်ခေါက်ဆုံစဉ်ကနှင့်မတူ ပို၍ပိန်သွားသော်လည်း သိသာထင်ရှားလှသောသူမမျက်နှာက မမှတ်မိစရာအကြောင်းမရှိ။ သူမကတော့ သူ့ကိုမှတ်မိပုံသိပုံလည်းမရပါ။ယခုလည်း အဝေးသို့လွင့်စင်ကျသွားသော အထုပ်ကိုသာ ပြန်ကောက်ဖို့ တွေးနေပုံရလေသည်။မိုးထက် အထုပ်ကို ကောက်ယူလိုက်ပြီး သူမဆီသို့ ကမ်းပေးလိုက်သည်။ " ရော့ ဒီမှာ မင်းအထုပ်...ထနိုင်ရဲ့လား "

"မင်းပြောပုံက ဘယ်လိုလဲ ..ငါက ဘယ်အိမ်ကစားခဲ့ရမှာလဲ ..တစ်နေကုန်အိမ်မှာနေပြီး ထမင်းလေးတောင် မချက်ထားဘူးလား .. " " ဖြူ သိပ်ပြီးနေလို့မကောင်းလို့ပါ ...ပြီးတော့... အခုတလောမောင် လဲအိမ်မှာထမင်းမစားလို့ ...မချက်ထားတာပါ ...အခုစားမယ်ဆိုရင် ချက်လိုက်မယ် .... ခဏလေးစောင့်ပါ " မပိုးဖြူ၏ စကားကြောင့် မပိုးဖြူအား ကိုဇင်မောင်သေချာကြည့်လိုက်မိသည်။သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော မျက်နှာပေါ်တွင် မျက်တွင်းများလည်း ချိုင့်၍နေသည်။ပုံစံကိုကြည့်ရသည်မှာလည်း ငူငူငေါင်ငေါင်နှင့်ဖြစ်နေသည်။ " မင်းမအိပ်ဘူးလား ..တစ်နေကုန် တီဗီပဲကြည့်နေတာမဟုတ်လား .......နေမကောင်းရင် ဆေးခန်းသွားပါလား ... မင်းကို ငွေလုံလောက်အောင်ပေးထားတာပဲ ..ကြိုက်တဲ့အထူးကုဆေးခန်းမှာ သွားပြလို့ရတယ် ... အပြင်မှာ အလုပ်ထွက်လုပ်နေရတဲ့သူက ဘာမှမဖြစ်ဘူး ..မင်းပဲတစ်ခုပြီးတစ်ခုဖြစ်နေတာ " ကိုဇင်မောင်ပြောသမျှကို မပိုးဖြူ ဘာမျှပြန်ပြောမနေတော့ဘဲ မီးဖိုခန်းဆီသို့သွားဖို့ပြင်လိုက်သည်။ "တော်ပြီ ထားလိုက်တော့ ... စားချင်စိတ်မရှိတော့ဘူး ... မင်းဘာသာသွားအိပ်လိုက်တော့ " ပြောပြီးသည်နှင့် စာကြည့်ခန်းထဲသို့သွားရန်ပြင်နေသော ယောကျာ်းဖြစ်သူကို မပိုးဖြူကြည့်လိုက်ပြီး ခပ်တိုးတိုးလှမ်းမေးလိုက်မိသည်။ "မောင် ..ဖြူက သိပ်မုန်းစရာကောင်းနေတာလားဟင် .... ဖြူ့ရဲ့ဘယ်အပြုအမူတွေက ....မောင့်တို့သားအဖတွေကို စိတ်ညစ်စိတ် ရှုပ်စေတာလဲ " စာကြည့်ခန်းဆီသို့ သွားနေသောကိုဇင်မောင်၏ခြေလှမ်းများ တုံ့ခနဲဖြစ်သွားသည်။မမေးစဖူး မေးလာသောဇနီးသည်ကို အလန့်တကြား ကြည့်လိုက်မိပြီး စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။ "မင်းဘာလို့ မလိုတာတွေကိုတွေး နေတာလဲ ပိုးဖြူ...မင်းအတွက်နေစရာစားစရာနဲ့ငွေအလုံအလောက်ပေးထားတယ်လေကွာ .. မင်းဘာစိတ်ညစ်စရာလိုလဲ..... မင်းဘ၀လောက်အေးချမ်းတာ မင်းပဲရှိတယ် .... ကိုယ်နဲ့ လက်ထပ်ပြီးက တည်းက မင်းဘာများပင်ပင်ပန်းပန်းလုပ်ရလို့လဲပြောလေ... မင်းမှာဘာပူရလဲ ...အဲ့ဒါ ဘာကိုပြဿနာရှာချင်နေတာလဲ " ယောက်ျားဖြစ်သူ၏ စကားကြောင့် မပိုးဖြူခေါင်းကိုငုံ့ကာ ငြိမ်သက်နေမိသည်။မြင်ရသော ဒဏ်ရာများထက် မမြင်ရသော နာကျင်မှုများကို မပိုးဖြူမည်သို့ ရှင်းပြရပါမည်နည်း ။"မောင် ဘာတွေလုပ်နေသလဲဆိုတာ... ဖြူသိတယ် "ဟုအော်ဟစ်ပြောလိုက်ချင်သော်လည်း ထိုစကားသည်ပင် ရုန်းထွက်ရခက်နေသော ယောကျာ်းဖြစ်သူကို ထွက်ပေါက်ပေးလိုက်သလို ဖြစ်သွားမှာစိုးကြောက်၍ မပိုးဖြူရေငုံနှုတ်ပိတ်နေလိုက်ပါသည်။"မောင်နောက်ကို ဖြူ တကောက်ကောက်မလိုက်ပေမဲ့ ...မောင့်ရဲ့ဆိုင်ခွဲသုံးဆိုင်လုံးက ဖုန်းနံပတ်တွေကို ဖြူသိတယ် မောင်ရဲ့ " ဟုသော နောက်ဆက်တွဲစကားလုံးများကိုလည်း မပိုးဖြူလည်ချောင်းဝတွင်ပင် အောင့်အည်းမျိုသိပ်လိုက်ရပါလေသည်။သူတို့မရှိလျှင်ဆိုသော အခြေအနေကို မပိုးဖြူသေမတတ်ပင်ကြောက်ရွံ့နေမိသည်။တစ်သက်လုံးစာအတွက်ဟု ရည်ရွယ်ခဲ့သော ဤအိမ်ထောင်ရေးကို လမ်းခုလတ်တွင်ရပ်တန့်လိုက်ရလျှင် မပိုးဖြူ ရှေ့ဆက်မည်သို့အသက်ရှင်ရပါမည်နည်း။ခေါင်းကို ငုံ့ထားလျက် မပိုးဖြူဆိုဖာခုံမှအသာထလိုက်ပြီး တိုးလျလျအသံဖြင့်အားယူလှမ်းပြောလိုက်မိသည်။ " ဖြူသွားအိပ်တော့မယ်နော် " အပေါ်ထပ်သို့တက်လာခဲ့သော မပိုးဖြူ၏ခြေလှမ်းများသည် ကိုယ့်နှလုံးသားကိုပင် နင်းတက်လာရသကဲ့သို့ ရင်ထဲတွင် ဆိုနင့်၍နေလေသည်။ ~~~ " မျိုး ... မျိုးခဏ ... ဟော ဟိုက တစ်ယောက်ကို ကြည့်လိုက် .... အဖြူနဲ့အနက်ဝတ်ထားတဲ့တစ်ယောက်လေ ...တွေ့လား " လက်ကိုကုတ်က နားနားသို့ ကပ်ပြောလိုက်သော ရတနာ စိုး၏စကားသံကြောင့် သူမညွှန်ပြရာသို့ မျိုးမမလှမ်းကြည့်လိုက်မိသည်။အဖြူရောင်ဘလောက်စ် အင်္ကျီ၊အနက်ရောင်ထဘီစကပ်နှင့် အမျိုးသမီးတစ်ယောက်၊ ရိုးရှင်းသောသူမရဲ့ဖက်ရှင်နှင့် သူမပုံစံလေးက အချောအလှကြီး မဟုတ်သော်လည်းပုံစံမှာ ထင်း၍နေသည်။တစ်ခါမြင်ရုံနှင့်မှတ်မိလွယ်စေပြီး ခင်မင်ဖွယ်ပုံနှင့်အမျိုးသမီးတစ်ယောက်။ သိပ်ချောသိပ်လှတာမဟုသော်လည်း သူမအနားမှဖြတ်သွားသမျှ ပုရိသတော်တော်များကတော့ အနည်းဆုံး တစ်ခါလောက်တော့ သူမကို လည်ပြန်ငေးကြည့်သွားကြသည်ကို တွေ့နေရသည်။သူမကတော့ ဘေးပတ်ဝန်းကျင်ကို သိပ်မကြည့်ဘဲ အမျိုးသားဝတ် အထည်ဆိုင်တွင်အထည်များရွေးနေခြင်းဖြစ်သည်။သူမကို ကြည့်ရင်းမျိုးမမရင်ထဲ တထိတ်ထိတ် ခုန်လှုပ်လာသည်။ "တွေ့တယ်မဟုတ်လား မျိုး ...သူက ကိုဇင်မောင့်မဟေသီ လေ .." မျိုးမမစိုးရိမ်နေသည့်ကြားမှပင် ရတနာစိုး၏စကားသံက မျိုး မမနားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသံကဲ့သို့ဝင်ရောက်လာသည်။မျိုး မမ နေရာတွင်ကြက်သေသေလျက်ရပ်နေမိသည်။အသက် (၃၅)နှစ်ကျော်ရှိသော ကလေးတစ်ယောက်အမေသည် ဤကဲ့သို့ပုံစံမျိုးဖြစ်နေလိမ့်မည်ဟု မျိုးမမလုံးဝမတွေးခဲ့မိပါချေ။ " မျိုး ... သေချာသွားကြည့်မနေနဲ့ လေကွာ ...လာ..လာသွားရအောင် "

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၆) ***** တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေသောအိမ်ကြီးထဲတွင် မပိုးဖြူတစ်ယောက်တည်း တီဗီရှေ့တွင်ထိုင်နေမိသည်။အိပ်ချင်ပါလျက် အိပ်၍မရသော အဖြစ်သည်စိတ်တိုဒေါသထွက်စရာကောင်းလှပေသည်။မည်သို့သောအကြောင်းများကိုမှတွေးတောဘဲ မပိုးဖြူအိပ်ပစ်လိုက်ချင်ပါသည်။သို့သော်လည်း မပိုးဖြူ၏ခေါင်းထဲတွင် သမီးဖြစ်သူပြောလိုက်သော အကြောင်းများကိုသာစဉ်းစားနေမိသည်။ပြီးလျှင် အိမ်သို့ပြန်မအိပ်သော ယောက်ျားဖြစ်သူအကြောင်းကိုတွေးနေမိပြန်သည်။စဉ်းစားကြည့်လျှင် မပိုးဖြူ၏ဘ၀သည် မိခင်တစ်ယောက်နှင့်မတူဘဲ ကလေးတစ်ယောက်ကိုမွေးရုံသာမွေးပေးလိုက်ရသော အငှားကိုယ်ဝန်ဆောင်သည်နှင့်ပင်တူနေသည်။ထို့နောက်အိမ်ဗာဟီရကိစ္စများကို လုပ်ကိုင်ဆောင်ရွက်နေရသော အိမ်၏အလုပ်သမားနှင့်လည်းတူလှသည်။မပိုးဖြူသည် ဤအိမ်၏ မိသားစုဝင်တစ်ယောက်ကဲ့သို့ မခံစားခဲ့ရသည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူ၏ဘဝသည် သူမနေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားဟုပင်မေးမည့်သူမရှိသော ဘဝဖြစ်သည်။အချိန်တန်လျှင် ယောက်ျားက အိမ်သုံးစရိတ်ကို သူမထံပေးမည်။လောက်ငှသည်၊ ပိုလျှံသည်ကိုလည်း မမေးမြန်း။ဇနီးဖြစ်သူ ဘာလိုအပ်သည်ကိုလည်း မမေးမြန်။ပြောပြလျှင်လည်း နားထောင်မပေး။သူသိ သူနားလည်သည်မှာ သူအိမ်ပြန်ရောက်ချိန်တွင် မပိုးဖြူကခြံ၀မှ တံခါးအဆင့်သင့်ဖွင့်ပေးရမည်သာဖြစ်သည်။ကုန်ကုန်ပြောရလျှင် ထိုအလုပ်အတွက်ပင် မိန်းမတစ်ယောက်ယူထားသကဲ့သို့ ဖြစ်နေခဲ့လေသည်။ "ဂျစ် ...ဂျစ....ဂျစ် " တီဗီဖန်သားပြင်ကို ငေးစိုက်ကြည့်လျက် မပိုးဖြူငေးချင်ရာငေးပြီး တွေးချင်ရာတွေးနေချိန်တွင် တီဗီဖန်သားပြင်မှရုပ်သံလိုင်းများပျောက်သွားပြီးနောက် တဂျစ်ဂျစ်အသံများထွက်ပေါ်နေလေသည်။မပိုးဖြူ တီဗီကိုအကြောင် သားငေးကြည့်နေမိသည်။ပြီးလျှင် ပါးပြင်ပေါ်သို့မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့ပြီး အရူးတစ်ယောက်ကဲ့သို့ မပိုးဖြူ ရေရွတ်လိုက်မိသည်။ "နင် ....နင်ကပါ ... ငါ့အနားကထွက်ပြေးချင်နေတာလားဟင် " ပြောပြီးနောက်တစ်ယောက်တည်း အားရအောင်ငိုပြီးလျှင် ဆေးသေတ္တာကိုမပိုးဖြူထယူလိုက်သည်။ဆေးသေတ္တာထဲမှ ဘာမီတွန်ဆေးလုံးများထည့်ထားသောဆေးဘူးကိုယူကာ ရှိသမျှကိုလက်ဖဝါးထဲသို့သွန်ချပစ်လိုက်သည်။ အလုံး (၂၀) ကျော်တော့ ရှိမည်ထင်ရလေသည်။လက်ဖဝါးထဲမှ ဆေးလုံးများကို ပါးစပ်ထဲသို့ထည့်လိုက်ပြီး ရေနှင့်မျှောချသော်ပစ်လိုက်သည်။ဆေးသောက်၍ပြီးသောအခါ ဆိုဖာခုံပေါ်တွင်ပင် မပိုးဖြူလှဲအိပ်ချလိုက်သည်။တဂျစ်ဂျစ်မြည်နေသော တီဗီကိုလည်းမပိတ်ပစ်ပါ။ဤအသံသည်ပင် သူမ၏အထီးကျန် နေ့ရက်များအတွက် အဖော်ဖြစ်ခဲ့သည်မဟုတ်ပါလား။ ~ ထာဝရအိပ်စက်ချင်၍ သောက်ပစ်လိုက်သော ဆေးဝါးများသည် မပိုးဖြူကိုအရွှဲ့တိုက်နေလေသည့်အလား ဆေးသောက်ပြီးချိန်မှစ၍မျက်လုံးများမှာ အကြောင်သားဖြစ်နေခဲ့ပြီး နံနက်လင်းသည့်တိုင် အိပ်၍မပျော်ဘဲရှိလေသည်။အိပ်၍မပျော်သောကြောင့် လူတစ်ကိုယ်လုံးမှာ အင်အားတစ်စက်မျှမရှိသကဲ့သို့ နုံးချိ၍နေလေသည်။မပိုးဖြူ လှဲနေရာမှထလိုက်ကာ တီဗီကိုပိတ်လိုက်ပြီးနောက် အပေါ်ထပ်အိပ်ခန်းဆီသို့ယိုင်တိယိုင်တိုင်နှင့်တက်လာခဲ့သည်။ယနေ့အတွက်တော့ မပိုးဖြူတံခါးဖွင့်ပေးရန်အချိန်ကျော်ခဲ့ပြီမဟုတ်ပါလား။ အခန်းထဲသို့ရောက်လျှင် အိပ်ရာပေါ်သို့ ဝုန်းခနဲလှဲချပစ်လိုက်သည် ~~ "ပွမ် ... ပွမ်" " ပွမ်...ပွမ် " ကာဟွန်းတီးသံခပ်သဲ့သဲ့ကို မပိုးဖြူကြားနေရသည်။လူက အားယူ၍ကုန်းရုန်းထလိုက်သော်လည်း အိပ်ရာပေါ်သို့ ပြန်၍ ယိုင်လဲကျသွားသည်။အိပ်ရာကို လက်ဖြင့်ဖိထောက်လိုက်ပြီး မပိုးဖြူ ကြိုးစား၍ထလိုက်သည်။ခေါင်းတစ်ခုလုံးအုံခဲနောက်ကျိနေပြီး တရိပ်ရိပ်မူးဝေနေသည်။အိပ်မပျော်ပါဘဲ အိပ်ရာထဲလှဲနေခဲ့သည်မှာ တစ်နေပင်ကုန်ခဲ့ပါလေပြီ။ ~ "ဘာလုပ်နေတာလဲ ... တီဗီကြည့်နေပြန်ပြီလား ..." နှေးကွေးလေးလံစွာတံခါး ဖွင့်နေသောမပိုးဖြူအား ကိုဇင်မောင်ဒေါသသံနှင့်လှမ်းပြောလိုက်ပြီး ကားကိုခြံထဲသို့ တရကြမ်းမောင်းဝင်ခဲ့လိုက်သည်။ ကိုဇင်မောင်အိမ်ထဲသို့ ရောက်သောအခါ မပိုးဖြူက ယခင်ကလို ဘာဘာညာညာလိုက်မေးမနေတော့ဘဲ တီဗီရှေ့က ဆိုဖာခုံမှာခပ်လျော့လျော့ဝင်ထိုင်နေလိုက်သည်၊၊ ကိုဇင်မောင်သည် ခြေသံကို ခပ်ဆောင့်ဆောင့်နင်းလျက် အပေါ်ထပ်သို့ တက်သွားလေသည်။မပိုးဖြူကတော့ ဆိုဖာတွင် ထိုင်လျက် ကိုဇင်မောင်ပြန်၍ဆင်းအလာကို စောင့်နေလိုက်သည်။သူပြန်ဆင်းလာလျှင် မပိုးဖြူအပေါ်ထပ်သို့ တက်ရမည်။သူဖုန်းပြောနေသည်ကို မပိုးဖြူနှောက်ယှက်ရန်စိတ်ကူးမရှိပါချေ။အတန်ကြာသောအခါ ကိုဇင်မောင်အောက်ထပ်သို့ဆင်းလာသည်ကို မပိုးဖြူတွေ့လိုက်ရသောကြောင့် အပေါ် ထပ်သို့တက်ရန် ပြင်လိုက်သည်။ " မင်းဘာလုပ်နေတာလဲ ...အဲ့ဒီမှာ ပဲတီဗီကြည့်နေတော့မှာလား ...ထမင်းစားဖို့ ပြင်ပေးလေ '" ကိုဇင်မောင့်၏စကားကြောင့် မပိုးဖြူက ကိုဇင်မောင်ကို လှမ်းကြည့်လိုက်ပြီး အားယူကာပြောလိုက်သည်။ " ထမင်းမစားခဲ့ဘူးလား ... အိမ်မှာ မနေ့ညကတည်းကဘာမှမချက်ထားဘူး " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်၏စိတ်တွင် မလုံ့မလဲဖြစ်သွားပြီး မပိုးဖြူကိုအသံမာမာနှင့် ပြန်ပြောလိုက်သည်။

တစ်ဖက်မှ မိခင်ဖြစ်သူ၏ စကားကြောင့် ကိုဇင်မောင်အံ့ဩ ထိတ်လန့်သွားရသည်။မပိုးဖြူလို အေးဆေးလှသောသူက ဘာအကြောင်းကြောင့်များ မိဘများအိမ်တွင် သွားသောင်းကျန်းရပါသနည်း။မိမိအကြောင်းကို သိသွား၍များသွားသောင်းကျန်းလေသည်လား ။ ဒါတော့ မဖြစ်နိုင်မှန်း ကိုဇင်မောင်သိပါလေသည်။ "ဘယ်သူလဲ အစ်ကို ...ဘာလဲ ဟိုတစ်ယောက်လား ...အစ်ကို့ကို ပြန်ခေါ်တာလားဟင် ..."သူခေါ်နေတာဆိုရင်လဲ သွားပါအစ်ကိုရယ် ... မျိုးကတားပိုင်ခွင့်မှမရှိတာ " ဖုန်းကိုကိုင်လျက် ပြူးပြူးပျာပျာဖြစ်သွားသော ကိုဇင်မောင်ကို ကြည့်ပြီး မျိုးမမကစိတ်မကောင်းသောဟန်ဖြင့်ပြောလိုက်သည်။ " မ ..မဟုတ်ပါဘူးမျိုးရယ်.....အစ်ကို့ အမေဆက်တာပါ ....အိမ်မှာ ဘာပြဿနာဖြစ်လို့လဲမသိဘူး...အစ်ကိုပြန်လိုက်အုံးမယ်နော်... အစ်ကို ဖုန်းဆက်လိုက်မယ်နော်မျိုး " မျိုးမမကို ချော့မော့ပြောပြီးသည်နှင့် ကိုဇင်မောင်အိမ်သို့ပြန်ရန် ကားရပ်ထားရာဆီသို့ ထွက်ခဲ့လေသည်။ ~~~~~~ " မင်းဘာဖြစ်နေတာလဲ ပိုးဖြူ ... သမီးကိုယ်တိုင်က မလိုက်ချင်တာလေ... မင်းဘာတွေ ပြဿနာရှာနေတာလဲ " ထိုင်ခုံပေါ်တွင် မလှုပ်မယှက်ထိုင်နေသော မပိုးဖြူကိုအံ့ဩတကြီး ကြည့်လိုက်ပြီး ကိုဇင်မောင် ပြောလိုက်သည်။ "ဟင့်အင်း ..သမီးလိုက်မှပြန်မှာ ...သမီးကို ခေါ်ပေး " " ကျွတ် ..ဟာကွာ ..မင်းဘာဖြစ်နေတာလဲ ...ထ အိမ်ပြန်မယ် ... ငါစိတ်မရှည်တော့ဘူးနော် ..." ကိုဇင်မောင်သည် မပိုးဖြူ ၏လက်ကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲကာ ခေါ်လိုက်သည်။မပိုးဖြူက အတင်းပြန်ရုန်းထွက်ပစ်လိုက်သည်၊၊ " အို...မသွားဘူးလို့ ပြောနေတယ်လေ ...သမီးပါမှပြန်မှာ " " အေး ဒီလောက်ဖြစ်နေတာ .. သမီးကိုခေါ်ပြီး မေးမယ် ...သူမ လိုက်ချင်ရင် မင်းဇွတ်မခေါ်နဲ့ ..ငါစိတ်မတိုချင်ဘူးနော် ' ~~~~~ "ဘာဖြစ်လို့လဲ သမီးရယ် ... ဘာလို့ အိမ်ကိုပြန်မလာချင်ရတာလဲကွယ် ... ခရီးသွားတာကို အမေ ထားခဲ့မိလို့လားဟင်..အဲ့ဒါကို အခုချိန်ထိစိတ်ဆိုးနေတုန်းလားကွယ် " သမီးဖြစ်သူကိုကြည့်ပြီး မပိုးဖြူနွမ်းလျဖျော့တော့စွာပြောလိုက်သည်။ "မဟုတ်ပါဘူး ...အဲ့ဒါက ကြာပြီပဲ သမီးသတိတောင်မရပါဘူး ... သမီးက ကလေးမဟုတ်တော့ဘူး အမေ ....ကိုယ့်ဘာသာဆုံးဖြတ်နိုင်စွမ်းရှိနေပါပြီ ....သမီးကိစ္စတွေမှာ အမေနေရာတကာ၀င်ပါနေတာကိုမကြိုက်ဘူး ..သမီးဘ၀ကို လွတ်လွတ်လပ်လပ်ပဲဖြတ်သန်းချင်တယ် ... သမီးကို တွယ်ကပ်မနေပါနဲ့တော့ ... အိမ်ပြန်လာနေဆိုလဲ နေပေးလို့ရပါတယ် ..ဒါပေမဲ့ မျက်စိဒေါက်ထောက်ကြည့်ပြီး ပြောဆိုနေတာမျိုးတွေတော့ မလုပ်ပါနဲ့ ..အမေနဲ့နေရတာ သမီးမွန်းကြပ်တယ်" သမီးဖြစ်သူပြောသမျှကို မပိုးဖြူပါးစပ်အဟောင်းသားနှင့် နားထောင်နေမိသည်။သမီး၏နှုတ်မှ စကားတစ်လုံးထွက်လာတိုင်း မပိုးဖြူ၏ နှလုံးသားက တဖြုတ်ဖြုတ်ကြွေ ကျသွားသလို ခံစားနေရလေသည်။မပိုးဖြူနေရာမှ လေးပင်စွာ ထလိုက်သည်။ "အမေပြန်တော့မယ် ...သမီးပြန်လာချင်တဲ့နေ့မှပဲ ပြန်လာခဲ့ပါ ...အမေစောင့်နေပါ့မယ် " ပြောပြီးသည်နှင့် မပိုးဖြူ အပြင်သို့ထွက်လာခဲ့သည်။မပိုးဖြူ၏ရင်ထဲတွင် ဖော်မပြနိုင်လောက်အောင်နာကျင်၍ နေသည်။ငယ်စဉ်တုန်းက မိဘနှစ်ပါးသေဆုံးသွားစဉ်အခါကပင် မပိုးဖြူရင်ထဲဤမျှလောက် မနာကျင်ရဟုထင်မိလေသည်။ တိုက်ကြီးထဲမှ ထွက်လာခဲ့ပြီး ခြံဝသို့ မပိုးဖြူရောက်လာချိန်တွင် ကိုဇင်မောင်က နောက်မှ လိုက်ပါလာခဲ့ပြီး "မင်းပြန်လိုက်တော့ ..ငါဆိုင်ကို ပြန်သွားလိုက်အုံးမယ် ...ဒီည ပစ္စည်းစာရင်းတွေကောက်ရမှာမို့ အိမ်ပြန်နောက်ကျချင် နောက်ကျလိမ့်မယ် ....အရမ်းဉာဉ့်နက်သွားရင် ဆိုင်မှာပဲအိပ်လိုက်တော့မယ် ကြားလား " ယောကျာ်းဖြစ်သူ၏ စကားကို မပိုးဖြူခေါင်းငြိမ့်ခေါင်းခါခြင်းမပြုမိပါ။ အိမ်ပြန်လမ်းအတိုင်း အသက်မဲ့သူလိုလျှောက်လာခဲ့မိလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း (၆) ဆက်ရန် #ဧကြည်ဖြူ

"ဟိတ် ..ဟိတ်နေအုံး ...ဒီမှာ ဒါ ခင်ဗျား ပိုက်ဆံအိတ်မဟုတ်လား..ကုန်တိုက်ထဲမှာ ခင်ဗျားကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာ " " ရှင် " ထိုအခါမှ မပိုးဖြူသည် သူမ၏လက်ထဲတွင် ပိုက်ဆံအိတ်မရှိတော့သည်ကို သိလိုက်သည်။ သူမကိုကမ်းပေးနေသောပိုက်ဆံအိတ်ကို ဒရောသောပါးဆွဲယူလိုက်ပြီး ရှေ့တွင်လာရပ်သောတက္ကစီကားပေါ်သို့ ခပ်မြန်မြန်တက်လိုက်သည်။ကားပေါ်သို့ရောက်မှပင် ပိုက်ဆံအိတ်လိုက်ပေးသောလူကို ကျေးဇူးတင်စကားမပြောခဲ့မိသည်ကို မပိုးဖြူသတိရလိုက်မိလေသည်။ ပိုက်ဆံအိတ်လိုက်ပေးသည်ကိုပင် ကျေးဇူးတင်စကားတစ်ခွန်းမျှမပြောဘဲ ကားပေါ်သို့ အူယားဖားယားပြေးတက်သွားသောအမျိုးသမီးကြောင့် မိုးထက်စိတ်တိုသလိုတော့ဖြစ်သွားသည်။သူမကို ကုန်တိုက်ထဲမှာဈေးဝယ်နေကတည်းက မိုးထက်သတိပြုမိခဲ့ခြင်းဖြစ်သည်။ဈေးခြင်းထဲတွင် ပစွည်းများအပြည့်ဖြင့်လှည်းကို ဟိုဒီတွန်းရင်း တစ်လောကလုံးတွင် သူမတစ်ယောက်တည်းရှိနေသကဲ့သို့အပြုံးအရယ်မဲ့သော မျက်နှာထားနှင့် ပစ္စည်းများလိုက် ရွေးနေခြင်းဖြစ်သည်။သူမရွေးနေသောပစ္စည်းများနှင့်မိုးထက်ဝယ်မည့် ပစ္စည်းများမှာတူနေသောကြောင့် မရည်ရွယ်ပါဘဲသူမနောက်မှ မိုးထက်လျှောက်လိုက်နေသကဲ့သို့ပင်ဖြစ်ခဲ့ရလေသည်။ရုတ်တရက်ရုတ်ရုတ်သဲသဲဖြစ်သောအခါ ထိုနေရာဆီသို့သူမ ပြေးကြည်သည်။ပြီးလျှင် ထိုထဲမှ ကလေးမလေးကို သမီးဟုလှမ်းခေါ်လိုက်ပြီး လက်ဆွဲကာ ကုန်တိုက်အပြင်သို့ မပြေးရုံတမယ်ထွက်သွားကြသည်။သူမရွေးထားသောဈေးလှည်းမှာ လူသွားလမ်းလယ်တွင် သည်အတိုင်း ကျန်ခဲ့သည်။ပိုက်ဆံအိတ်ကျကျန်နေခဲ့သည်ကိုပင် သတိမပြုနိုင်အားသောသူမကို အမြင်မတော်၍သာ ပိုက်ဆံအိတ်ကို ကောက်ယူပြီး လိုက်ပေးခြင်းဖြစ်သည်။သူမကတော့ ဒါတွေကို သတိပြုမိပုံပင်မရ။ တစ်လောကလုံး၏သောကများကို သူမတစ်ယောက်တည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ပုံစံမျိုးဖြစ်နေသည်။ယခုလောက်ဆိုလျှင် ကုန်တိုက်ထဲမှ၀န်ထမ်းများသည်လည်း ပစ္စည်းများအပြည့်ထည့်ထားသောဈေးလှည်းကိုကြည့်ကာ မေတ္တာပို့နေလောက်ပြီဖြစ်မည်။ မိုးထက်စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကို ယမ်းခါပစ်လိုက်မိသည်။ ~~~~~~ " မြေးလေးက ပြန်မလိုက်ပါဘူးလို့ပြောနေတာကို ညည်းမကြားဘူးလားမိပိုးဖြူ ... သွား...ပြန်တော့ " ယောကွမဖြစ်သူ၏ စကားကိုကြားသော်လည်း မပိုးဖြူ ဧည့်ခန်းထဲတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ထိုင်နေမြဲ တိုင်နေလိုက်သည်။ယနေ့အဖို့မှာတော့ သမီးဖြစ်သူမပါဘဲ အိမ်သို့မပြန်ဟု သူမဆုံးဖြတ်ထားပြီး ပေတေပြီးထိုင်နေခြင်းဖြစ်သည်။သမီးဖြစ်သူကတော့ မပိုးဖြူကို မြင်ကတည်းကပင် အပြတ်ပြောပြီးသူ့အခန်းထဲသို့ ဝင်သွားပြီ ဖြစ်လေသည်။ " သမီး ပြန်မလိုက်မချင်း ...အမေ ထိုင်စောင့်နေမယ် " သည်တစ်ခါတော့ မပိုးဖြူလည်း အလျှော့မပေးဘဲ ဇွဲကောင်းကောင်းဖြင့်ထိုင်စောင့်နေလိုက်သည်။ဤအိမ်တွင် သမီးဖြစ်သူကို မပိုးဖြူမထားခဲ့နိုင်၊မထားခဲ့ချင်တော့ပါ။ ကြာလေလေ ရိုင်းလာလေလေဖြစ်သော သမီးငယ်အတွက် မပိုးဖြူစိတ်မချထားနိုင်တော့ပါ။ယောက္ခမနှင့် ပြဿနာဖြစ်ရုံမကလို့ ဘယ်သူနဲ့ပဲ ဖြစ်ရ ဖြစ်ရသမီးကိုအိမ်သို့ရအောင် ပြန်ခေါ်ဖို့ မပိုးဖြူဆုံးဖြတ်ထားပြီးဖြစ်လေသည်။ "ညည်းက ငါတို့ကို ... မလေးမစားလုပ်နေတာပဲ မိပိုးဖြူရဲ့ ...ငါတိုက သူ့ဘိုးဘွားအရင်းတွေဟဲ့ ....ကိုယ့်မြေးဒုက္ခရောက်အောင်မလုပ်ဘူး...ညည်းလုပ်နေပုံက ငါ့တို့ကိုလာစော်ကားနေတာနဲ့တူနေပြီ " ယောက္ခမဖြစ်သူဘာပြောပြော မပိုးဖြူကတော့မတုန်မလှုပ်ဖြင့်သာ ထိုင်နေလိုက်သသည်။ "အေး ...လူစကားကိုနားမလည်သလို အဲ့ဒီမှာထိုင်နေလိုက်.... ကလေးက သူ့နားမကပ်တာလဲ မပြောနဲ့ ...လူကကျက်သရေကို မရှိဘူး... " ယောက္ခမဖြစ်သူသည် မပိုးဖြူကို ချိုးချိုးနှိမ်နှိမ်ပြောဆိုပြီးနောက် အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။ ~~~~~ "အမေက မေးနေပြီအစ်ကို ...မျိုးနဲ့အစ်ကိုက မေတ္တာမျှနေကြတာလားတဲ့" ကိုဇင်မောင်ကိုကြည့်ပြီးမျိုး မမက ချွဲတဲတဲအသံလေးဖြင့် ပြောလိုက်သည်။ "ဟုတ်လား ...မျိုးကဘယ်လို ပြန်ပြောလိုက်လဲ ... ဟုတ်တယ်လို့ ပြောလိုက်လား " ကိုဇင်မောင်က ဆိုင်ရှေ့အရိပ်အခြည်ကိုကြည့်ပြီး မျိုး မမ၏ကိုယ်လုံးလေးကို ရင်ခွင်တွင်းသို့ ဆွဲယူကာပြောလိုက်သည်။ ထိုအခါမျိုးမမသည် နှုတ်ခမ်းကို စူလိုက်ပြီးလျှင် " အို ..ဘယ်ပြောလို့ဖြစ်မလဲအစ်ကို....တော်ကြာအမေက လူကြီးချင်းတွေ့ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ...အဲ့ဒါမှ အခက်တွေ့ကုန်မှာပေါ့ ...အစ်ကိုက တမ င်အချိန်ဆွဲနေတာလားဟင် ..အခုဆို မျိုးတို့ချစ်သူတွေဖြနေကြတာပဲ နှစ်လကျော်ပြီလေ ... ဒီလိုပဲခိုး တွေ့နေရမှာလဲ ပြောအုံးလေ အစ်ကို " " အဲ့ ..အဲ့ဒါကကွာ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင် အဖြေရခက်စွာရှိနေစဉ်မှာပင် "တူ..တူ..တူ " ရုတ်တရက်ထမြည်လာသောဖုန်းသံကြောင့်ကိုဇင်မောင်ဖုန်းကို ချက်ချင်းပင်ကောက်ကိုင်လိုက်သည် " "ဟယ်လို " " ဟယ်လို သားငယ် ... မင်းအမေတို့အိမ်ကို ခုချက်ချင်းလာခဲ့အုံး ..ဒီမှာ မင်းမိန်းမအရိုင်းအစိုင်းမက အိမ်မှာလာသောင်းကျန်းနေတယ် .." "ဗျာ "

"လူပျိုကြီးကလဲ ဘာမဆိုင်ညာမဆိုင် ကြားထဲကသောကယူနေပြန်ပြီ.....ဒါနဲ့ နေပါအုံး ...ကိုဇင်မောင်က ခြေတော့အတော်ရှုပ်သားနော် ....ကြည့်ရတာ သူ့မဟေသီက ပုံတော်တော်ပျက်နေပြီထင်တယ် ....အိမ်ထောင်သက်လဲကြာ နေပြီမဟုတ်လား " " ဘယ်ကသာပုံပျက်ရမှာလဲ မိုးထက်ရ ... မျိုးမမလိုရှိုက်ဖို့ကြီး ငယ်နဲ့ရေဆေးငါးကြီးမဟုတ်ပေမဲ့ ... လှတယ်ကြည့်ကောင်းတယ် ... မင်းသူ့ကို မမြင်ဖူးဘူးမဟုတ်လား ... ကိုယ်တောင်တစ်ခါပဲဆုံဖူးတာလေ ...ကိုဇင်မောင်ကလူတော့လူလည်ပဲ ...သူ့မိန်းမကို ဝှက်ထားတာကွ ... ဘယ်ဧည့်ခံပွဲကိုမှမခေါ်ဘူး..သူ့အိမ်ကိုလဲ ဘယ်အပေါင်းအသင်းကိုမှ မဖိတ်ဘူးလေ ...ကိုယ်တောင်လမ်းမှာ ဆုံလိုက်လို့ မိတ်ဆက်လိုက်ရတာ ...အိမ်ထောင်သက်ကြာတာတော့ သူတို့သမီးလေးတောင် (၁၆)နှစ်ကျော်ပြီလေ .... သူ့အမျိုးသမီးက မင်းနဲ့အသက်တူ လောက်တယ် ... လူကချောတုန်းလှတုန်းပါဟ '' "ဪ ဟုတ်လား ... သူ့နဲ့သိနေတာကြာပေမဲ့ ...သိပ်လဲမရင်းနှီးတော့ ..သူ့ဇနီးတွေဘာတွေလဲ မသိပါဘူးဗျာ ....မိန်းမတွေလဲ နားလည်ရခက်သားဗျာ....ကိုယ့်ဘာသာကားတွေနဲ့ပဲပျော်နေတာ ကောင်းပါတယ် " ~~~~~~ "ဟယ် မိပိုး... ဟိုမှာဝေလင်းနဲ့ ကေသီပါလား ...သူတို့က ဒါဘာသဘောလဲ " သူငယ်ချင်းဖြစ်သူ မေဖူး၏ အလန့်ကြားပြောသံကြောင့် သူမလက်ညှိုးထိုးပြသော နေရာသို့ ပိုးအိဇင်လှမ်းကြည့်လိုက်မိသည်။သူငယ်ချင်းပြောသည်သည်မှာ မှန်ပါသည်။လက်ချင်းတွဲလျက် ဈေးပတ်ဝယ်နေကြသော ထိုနှစ်ယောက်မှာ ပိုးအိဇင်၏ ချစ်သူနှင့် ပိုးအိဇင်၏သူငယ်ချင်းဖြစ်သူ ကေသီဦးတို့ဖြစ်သည်။သူတို့နှစ်ယောက်ကိုကြည့်ပြီး ပိုးအိဇင်ထောင်းခနဲဒေါသထွက်သွားသည်။သူတို့ရှိရာဆီသို့ ဒေါသခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်။ " မိပိုး မညှာနဲ့နော် ..နှစ်ယောက်လုံးကို ပါးတွေချပစ်လိုက်စမ်းဟယ် ...သစ္စာမရှိတဲ့ဟာတွေ " ဘေးတွင်လိုက်ပါလာခဲ့သော မေဖူးကလည်း ဒေါသတကြီးနှင့် အားပေးအားမြှောက်ပြောရင်း လိုက်ပါလာခဲ့လေသည်။သူတို့နှစ်ယောက်လုံး ဝေလင်းနှင့်ကေသီတို့ အနားသို့ရောက်သည်နှင့် တစ်ပြိုင်နက် ပိုးအိဇင်ကဝေလင်း၏လက်ကိုဆောင့်ဆွဲပြီး ပါးစပ်ကလည်းပြောလျက် ဝေလင်း၏ပါးပြင်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်လေသည်။ "ဖြန်း " "သစ္စာမရှိတဲ့ကောင်နဲ့.. အရှက်မရှိတဲ့ဟာမ ... ငါ့ကိုညာလို့ နင့်ပါးကို ရိုက်လိုက်တာနော်ဝေလင်း ...နင့်ကိုချစ်လွန်းလို့ ...သဝန်တိုပြီးရိုက်လိုက်တာလို့တော့ မထင်နဲ့ " " ပိုးအိဇင် ...မင်း ..မင်းကများ ငါ့ပါးကို ရိုက်တယ်ဟုတ်လား ..." ပြောပြောဆိုဆိုနှင့်ဝေလင်း၏လက်က လေထဲတွင် မြောက်တက်လာသည်။ပိုးအိဇင်ကလည်း လျင်ပြီးသား၊ မြန်ပြီးသားပင်။ကျောပိုးအိတ်နှင့် ဝေလင်းကိုရိုက်ပစ်လိုက်သည်။တစ်ခဏအတွင်းမှာပင် ရန်ပွဲလေးတစ်ခုဖြစ်ပေါ်လာလေသည်။ ~~~~ " ဟယ် ... ဟိုမှာ ရန်ဖြစ်နေကြတယ် ... ကျောင်းသားလေးတွေ ထင်တယ် ... ဘယ်သူမှမဆွဲကြဘူးလား ... လုံခြုံရေးတွေ ဘယ်မှာလဲ " ဆူဆူညံညံအသံများနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်သွားသောအခြေအနေကြောင့် လူအုပ်စုရှိရာဆီသို့မပိုးဖြူသွားရောက်ကြည့်ရှုလိုက်မိသည်။ကျောင်းသားလေးတွေဆိုသောအသံကြောင့် သားသမီးရှိသူပီပီ ဘာရယ်မဟုတ်ပြေးကြည့်မိခြင်းသာဖြစ်လေသည်။လူစုစုဖြစ်နေသောနေရာသို့ မပိုးဖြူရောက်လာသောအခါ လူစုစု၏အလယ်တွင် ရပ်နေသောသမီးဖြစ်သူကို မြင်လိုက်ရသောကြောင့် မပိုးဖြူ ထိတ်ထိတ်ပျာပျာဖြင့် လူကြားထဲသို့တိုးဝင်လိုက်မိသည်။ "သမီး ....သမီးလေး ဘာဖြစ်ကြတာလဲ ...ကလေးတွေသွားတော့ ....လာ သမီး ....အမေတို့ ပြန်ကြရအောင် " မပိုးဖြူပြောရင်း သမီး၏လက်ကိုအတင်းဆွဲကာ ကုန်တိုက်အပြင်သို့ထွက်လာခဲ့လိုက်သည်။ "လွှတ်တော့ ...လွှတ်ပေးပါတော့ အမေ .....ဟိုမှာ သမီးတို့ပြဿနာက ရှင်းလို့မပြီးသေးဘူး ...အမေဘာလို့ဝင်ပါရတာလဲ ..သူတို့က သမီးကို သက်သက်ကျောတာအမေမသိဘဲနဲ့ ဘာလို့ကယ်တင်ရှင်မကြီးလို ဝင်ပါရတာလဲ ...'' "ဘာပြောတယ်သမီး ...ဘာပြဿနာပဲဖြစ်ဖြစ် လူတွေဝိုင်းကြည့်နေတာကို သမီးမတွေ့ဘူ့လား...သမီးတို့မှာ အရှက်တရား ရောအကြောက်တရားရောမရှိကြဘူးလား ... ပြဿနာဖြစ်နေရင်လဲ အေးအေးဆေးဆေး ပါးစပ်နဲ့ပြောကြပါလား ...အခုတော့တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်နေကြတာလူမြင်လို့မကောင်းဘူး ...အစကတည်းက အဲ့ဒီကောင်လေးနဲ့ သိပ်မရောဖို့ပြောထားခဲ့တယ်လေ " မိခင်ဖြစ်သူ ပြောနေသည်ကို ပိုးအိဇင်ဘာမျှမကြား။သူမစိတ်ထဲမှာဒေါသထွက်နေတာပဲသိသည်။ဝေလင်းနှင့်ကေသီဦးအပေါ် ဖြစ်နေသောဒေါသက ချက်ချင်းဆိုသလို မိခင်ဖြစ်သူအပေါ်သို့ ကျရောက်သွားသည်။ပိုးအိဇင် တက္ကစီတစ်စီးကို လက်တားလိုက်ပြီး ကားပေါ်သို့ခပ်မြန်မြန်တက်လိုက်သည်။ "မြန်မြန်လေး မောင်းပေးပါရှင် ...အိမ်ပြန်ဖို့နောက်ကျနေလို့ပါ " ပိုးအိဇင်၏ စကားမဆုံးခင်မှာပင် ကားလေးကဝေါခနဲမောင်းထွက်လိုက်လေသည်။ "သမီး ......သမီး နေအုံးလေ " မပိုးဖြူလှမ်းအော်တားလိုက်သော်လည်း မမှီတော့ပါ။ပိုးအိဇင် တက်စီးသွားသော ကားလေးက ဝေါခနဲ မောင်းထွက်သွားပြီဖြစ်ပါလေသည်။မပိုးဖြူလည်း မှီရာအငှားကားတစ်စီးကို တားစီးရန်ပြင် လိုက်စဉ်မှာပင် လူတစ်ယောက်က သူမ၏လက်ကို လှမ်းဆွဲလိုက်သည်ကို ကြုံလိုက်ရလေသည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း (၅) ****** စာကြည့်ခန်းရှေ့ရှိ မှောင်ရိပ်ခပ်ကျကျနေရာတွင် မပိုးဖြူမတ်မတ်တောင့်တောင့်ဖြင့်ရပ်၍ စာကြည့်ခန်းထဲသို့ကြည့်နေမိသည်။စာကြည့်ခန်းထဲရှိ စာဖတ်ခုံတွင်ထိုင်ပြီး ပြုံရွှင်နေသောမျက်နှာထားဖြင့် ဖုန်းပြောနေသောယောကျာ်းဖြစ်သူကိုမပိုးဖြူငေးမောကြည့်နေမိခြင်းဖြစ်သည်။အချိန်က ညတစ်နာရီထိုးနေပေပြီ။ယခုလိုအချိန်ကာလတွင် ဖုန်းပြောနေခြင်းသည် အလုပ်ကိစ္စမဟုတ်မှန်းမပိုးဖြူသိပါသည်။ သိသော်ငြားလည်း မပိုးဖြူမှာ တားမြစ်နိုင်စွမ်းမရှိပါလေ။သမီးဖြစ်သူကိုပင် အိမ်တွင်နေရန် ပြောပိုင်ခွင့်မရှိသောဘ၀မှာယောကျာ်းဖြစ်သူ မူပျက်နေမှန်းသိသော်လည်း မည်ကဲ့သို့တားမြစ်ပိတ်ပင်ရပါမည်နည်း။လွန်ခဲ့လေ သောအချိန်ကာလများကကဲ့သို့ပင် အချိန်တန်လျှင်အိမ်ပြန်လာဖို့ ကိုသာ မျှော်လင့်စောင့်စားနေရပေမည်ပေါ့။ကိုဇင်မောင်သည့် မပိုးဖြူအတွက်တော့ ကျေးဇူးရှင်လည်းဖြစ်သလို ၊ ရင်နှင့်အမျှချစ်ရသောသူလည်းဖြစ်သည်။ဤယောကျာ်း၊ဤသမီးဖြစ်သူတို့နှင့် သာခွဲခွါရမည်ဆိုလျှင် မပိုးဖြူ အသက်ပင်ရှင်နိုင်တော့မည်မထင် ။သူတို့မရှိသောဘ၀တွင် မပိုးဖြူ အသက်ဆက်ရှင်သန်နိုင်စွမ်းမရှိချေ။ထို့ကြောင့်ပင်သူတို့တွေ သူမအပေါ်နားလည်ပေးလာနိုင်မည့်နေ့ကိုသာ သူမစောင့်မျှော်နေရပေတော့မည်။ ဖုန်းကို နားမှကပ်လျက် ကြည်နူးပျော်ရွှင်နေပုံရသော ယောကျာ်းဖြစ်သူ၏မျက်နှာကို မပိုးဖြူ အတန်ကြာငေးကြည့်နေမိခဲ့သည်။ပြီးနောက်တွင် ခြေကို အသာဖော့နင်းလျက် လာရာလမ်းအတိုင်းပြန်လျှောက်ခဲ့လေသည်။ အပေါ်ထပ်သို့လှေကားထစ်များအတိုင်း မပိုးဖြူဖြည်းညှင်းစွာတက်လာခဲ့ရာ ရင်ထဲတွင်တလှပ်လှပ်လှစ်ဟာ၍နေလေသည်။ ~~~~~~ " ဟာ ....ကိုဇင်မောင်ပါလား ....ဒီလူနဲ့မျိုးမမကဘယ်လိုပါလိမ့် ...သူတို့ငြိသွားကြပြီ ထင်တယ်.....ဟိုမှာကြည့်စမ်းပါအုံး မိုးထက်ရ" ကိုရန်ပိုင်၏စကားကြောင့် သူညွှန်ပြရာသို့ မိုးထက်လှမ်းကြည့်လိုက်သည်။ထိုအခါ ကိုဇင်မောင်နှင့်အတူထိုင်နေသောမျိုးမမကိုတွေ့လိုက်ရသည်။နှစ်ယောက်သား စားသောက်နေသောပုံစံက ချစ်စခင်စဇနီးမောင်နှံများကဲ့သို့ ကြင်ကြင်နာနာရှိလှလေသည်။ဟင်းခပ်ထည့်ပေးတာ၊ တစ်ရှူးယူပေးသည်မှအစ တကယ့်ကိုသမီးရည်းစားချစ်သူစုံတွဲများပမာ တွေ့မြင်နေရလေသည်။ " မျိုးမမကလဲကွာ သူ့ရုပ်သူ့ရည်နဲ့ .. ဘာလို့များ အိမ်ထောင်သည်နဲ့မှတွဲရတာပါလိမ့် ... မင်းလိုလူပျိုလူလွတ်ကိုကျော်ပြီး.....ကိုဇင်မောင်နဲ့များဖြစ်ရတယ်လို့ကွာ ... " ကိုရန်ပိုင်၏ မချိတင်ကဲ ရေရွတ်လိုက်သောစကားသံကြောင့် မိုးထက်ပြုံးလိုက်မိသည်။ " ကဲ ... ကိုရန်ပိုင်ရေ ....သူတို့နှစ်ယောက် ကျွန်တော်တို့ကိုမမြင်ခင် ... ကျွန်တော်တို့အရင်ရှောင်ပေးလိုက်ကြပါစို့ဗျာ ...တော်ကြာ အလကားနေရင်းမျက်နှာတွေ ပူနေရရင်....အလုပ်တွေရှုပ်တယ် " ပြောပြောဆိုဆိုနှင့် ထရပ်လိုက်သော မိုးတက်ကြောင့်ကိုရန်ပိုင်လည်း ကမန်းကတန်းထရပ်ကာပြန်ဖို့ပြင်ရလေသည်။ကိုရန်ပိုင်နှင့်မိုးထက်တို့မှာ လုပ်ငန်းသဘောအရ အချိတ်ဆက်များရှိကြသောကြောင့်အဆက်အသွယ် အမြဲရှိကြပြီး ခင်မင်ရင်းနှီးကြသည်။ကိုဇင်မောင်နှင့်မူ သာမန်မိတ်ဆွေအဆင့်မျိုးသာဖြစ်ကြသည်။သွားသွားလာလာခင်ခင်မင်မင် သိပ်မရှိကြ။ ~~~~~ "မျိုးမမရဲ့ဆိုင်မှာ အလှူလုပ်တံ့နေ့ကတည်းက ထင်တော့ထင်မိသား ကွ...ကိုယ်က မျိုးမမကိုမင်းနဲ့ ငြိမယ်ထင်တာကွ မိုးထက်ရ ...ရတနာစိုးရဲ့ဧည့်ခံပွဲညတုန်းက...မင်းကို မျိုးမမခိုးခိုးကြည့်နေတာကို... ကိုယ်တွေ့တယ်လေကွာ...အဲ့ဒါ့ကြောင့် ကိုယ်က နောက်ဆုတ်လိုက်တာ ..." "ဟာဗျာ .... ကိုရန်ပိုင်ကတော့ ပေါက်ကရပြောပြီပဲ ... မိန်းမလှလေးတွေမြင်တိုင်း ကျွန်တော့်ဆီ ဇွတ်ပို့နေပါလား " မိုးထက်ကားမောင်းနေရင်းမှ ကိုရန်ပိုင်ကို လှည့်ပြောလိုက်သည်။ " ဟ...ကိုယ်ပြောတာမလွန်ဘူးလေကွာ ...ဘာလဲ မင်းကဒီတစ်သက်ချစ်သူမထား... အိမ်ထောင်မပြုတော့ဘူးလား " ကိုရန်ပိုင်က မိုးထက်ကို မေးလိုက်သည်။မိုးထက်သည် ကိုရန်ပိုင်ထက် နှစ်နှစ်ကျော်မျှငယ်သောကြောင့် ကိုရန်ပိုင်ကမိုးထက်နှင့် စကားပြောလျှင်မင်းနှင့် ငါဟုသာ ရင်းရင်းနှီးနှီး သုံးနှုန်းပြောဆိုတာများလေသည်။ " မယူဘူးတော့ ဘယ်ဟုတ်မလဲ .. ကျွန်တော့်ရင်ဘတ်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့သူနဲ့ ဆုံရင်တော့ ချစ်သူ ထားမယ် ...အိမ်ထောင်ပြုမယ်လေဗျာ ... သေချာတာက အဲ့ဒီမိန်းခလေးက မျိုးမမနိုင်မဟုတ်ဘူး ...အခုလိုအခြေအနေမျိုးနဲ့ဆို ပိုဆိုးသွားတာပေါ့ " " ဟ ...ကားသမားလူကြမ်းကြီးက အနုအရွစကားတွေပြောနေပါလား ... မင်းပြောတာလဲ ဟုတ်တယ်မိုးထက်ရ...မျိုးမမရဲ့ဒီအပြုအမူကတော့ အရှက်သိက္ခာမဲ့လွန်းတယ် ... ဆန္ဒတွေဘယ်လောက်ပဲရှိရှိ လူဆိုတာစိတ်ဆန္ဒကို ကိုယ်ကျင့်သီလသိက္ခာနဲ့ ထိန်းရတယ်...မဟုတ်ရင်လူနဲ့တိရစ္ဆာန်ဘာကွာကြတော့မှာလဲ ...ကြားထဲက ကိုဇင်မောင့် မဟေသီတော့ မျက်ရည်ပင်လယ်ဝေရအုံးမှာပေါ့ " ညည်းညည်းညူညူနှင့် ပြောနေသောကိုရန်ပိုင်ကို မိုးထက်ကြည့်လိုက်ပြီး

"ဟင့်အင်း အဖေ ..သမီးနားလည်ပေးခဲ့တာများနေပါပြီ ... အဘွားတို့ ခွင့်ပြုပေးသမျှကိစ္စမှန်သမျှကို အမေကလိုက်ပိတ်ပင်နေတာလေ ....အဘွားကပြောတယ်... အမေကငယ်ငယ်တုန်းကစားဖို့ တောင်အနိုင်နိုင်ဘ၀နဲ့ နေရတာတဲ့..အဲ့ဒါကြောင့် အငုံစိတ်နဲ့ သူများတွေ ပျော်ရွှင်ကောင်းစားနေတာမြင်ရင် သဘောမကျဘူးတဲ့ ...." အခန်းထဲမှ သမီးဖြစ်သူ၏စကားသံကြောင့် မပိုးဖြူ ခေါင်းထဲမိုက်ခနဲပင် ဖြစ်သွားရသည်။ယောက္ခမဖြစ်သူသည် ဤမျှလောက် သူမအပေါ် မုန်းတီးနေလိမ့်မည်ဟု မပိုးဖြူမထင်ခဲ့မိပါချေ။ယခုသော် နုနယ်လှသေးသော သမီးဖြစ်သူကိုပါအသုံးချနေမှန်းသိလိုက်ရသောအခါ သူမရင်တွေ ကွဲကြေသွားသလိုပင် ခံစားလိုက်ရလေသည်။နေရာတွင် မပိုးဖြူဆက်လက်ရပ်နေနိုင်စွမ်းမရှိတော့ပါချေ။ "သမီး ...သမီးဘယ်လိုပြောလိုက်တာလဲကွယ် " မပိုးဖြူ၏ အသံကိုကြားလိုက်သည်နှင့် ပိုးအိဇင်သည် နေရာမှခပ်ဆောင့်ဆောင့်ထလိုက်ပြီးလျှင် ဖခင်ဖြစ်သူကို ကြည့်လိုက်ပြီး "သမီးအိပ်တော့မယ် အဖေ ..." "သမီး .. နေအုံး " မပိုးဖြူလှမ်းထားလိုက်သော်လည်း ပိုးအိဇင်သည်သူမအခန်းရှိရာဆီသို့ ထွက်သွားပြီးဖြစ်လေသည်။ ကိုဇင်မောင်က မပိုးဖြူ၏ လက်ကို ဆောင့်ဆွဲလိုက်ပြီးလျှင် " မင်း ဒီမှာလာထိုင်အုံး ပိုးဖြူ ... မင်းဘာလို့ သမီးကိုအဲ့ဒီလောက် စိုးမိုးချင်နေရတာလဲ ... ဒီနေ့ခေတ်နဲ့ငါ့တို့ခေတ်နဲ့ကမတူတော့ဘူးဆိုတာ မင်းသိရဲ့လား ...မင်းငယ်ငယ်က ဆင်းဆင်းရဲရဲနေခဲ့ရတိုင်း...မင်းနေခဲ့ရတဲ့ဒုက္ခသည်ဘ၀လိုမျိုး သမီးကိုပါအဲ့ဒီလိုနေစေချင်တာလားပြောစမ်း...မင်းက အတ္တသိပ်ကြီးမိန်းမပဲ " " ဘာ ..ဘာပြောလိုက်တယ် ... မောင့်ပါးစပ်က ဒီလိုစကားပြောထွက်တယ်နော် ... မောင်ပြောနေတာတွေ တအားလွန်နေပြီ ...ဖြူက သမီးလေးကို စိုးရိမ်းလို့ တားမြစ်မိတာပါ.....ချုပ်ချယ်နေတာမျိုးလဲမဟုတ်ဘူး.. မောင်တို့တွေလိုတာထက်ပိုပြီး အလိုလိုက်နေလို့ ပြောနေရတာ ...မောင်မို့လို့ ဒီစကားပြောထွက်တယ် ....သမီးလေးကတော့ ငယ်သေးလို့လူကြီးတွေပြောတိုင်း လိုက်ပြောတာကို ဖြူ နားလည်ပေးလို့ရတယ် ....မောင်ကဘာသဘောလဲ ..မောင်တို့သားအဖတွေ အခုတလောဖြူ့ကိုဘာတွေများ မကျေနပ်နေကြတာလဲ ...မောင်တို့တွေ ဖြူ့ကိုရှောင်နေကြတာကိုလဲ ဖြူသိပါတယ် " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်မျက်နှာမပျက်သွားအောင် သတိထားလိုက်ရလေသည်။ " အေး ...ငါတို့သားအဖက မင်းကို ရှောင်နေတာမဟုတ်ဘူး .... မင်းက လိုတာထက်ပိုပြီး လိုက်ကပ်နေလို့ ဒီလိုတွေဖြစ်နေရတာသိရဲ့လား ... မင်းဒီလိုသာ ကြပ်ကြပ်လုပ်ကသမီးကမင်းနဲ့ဝေးရာကို ပြေးချင်နေပြီ ...အခုတောင်အိမ်မှာမနေတော့ဘူးတဲ့ ...... သူ့အဘိုးအဘွားအိမ်မှာပဲနေမယ်တဲ့...အဲ့ဒါကိုတော့ မင်းလိုက်မပိတ်ပင်နဲ့ ...အမေတို့ စိတ်ဆိုးသွားရင် ...ငါ့တို့ အိမ်ပေါ်ကခေါင်းနဲ့ ဆင်ပေးရလိမ့်မယ် .. သမီး ခရီးသွားချင်နေတာကိုလဲ... မင်း၀င်မပြောနဲ့ငါခွင့်ပြုပေးလိုက်ပြီး " ကိုဇင်မောင်သည်ပြောပြီးသည်နှင့်မပိုးဖြူဘာမျှ ပြန်မပြောနိုင်ခင် အပေါ်ထပ်သို့ ခပ်မြန်မြန်တက်ခဲ့လေသည်။ မပိုးဖြူမှာတော့ နေရာတွင်ငူငူငေါင်ပေါင်ကြီးထိုင်နေမိလေသည်။နားထဲတွင် ယောကျာ်းဖြစ်သူပြောသွားသောစကားများကိုသာ ပဲ့တင်ထပ်မျှ ကြားယောင်နေမိပြီး မျက်ရည်များသည်ပါးပြင်ပေါ်သို့ စီးကျလာခဲ့လေသည်။တွယ်တာစရာဆို၍ ခင်ပွန်းနှင့်သမီးဖြစ်သူသာရှိသောဘဝတွင် သူတို့အားမပိုးဖြူတွယ်တာခွင့်ပင်မရှိတော့ချေပြီလားဟုတွေးလိုက်မိသောအခါ၌ မျက်ရည်များက သာ၍ပင်စီးကျလာခဲ့လေသည်။ ~~~~~~~~ လစ်ဟာနေသော အိပ်ရာကို ကြည့်ပြီးမပိုးဖြူသက်ပြင်းငွေ့ငွေ့ ချလိုက်မိသည်။သူမတို့နှစ်ဦးသားကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိရပါဘဲ ခပ်ရှောင်ရှောင်လုပ်နေသောယောကျာ်းဖြစ်သူ၏ပုံစံကို မပိုးဖြူရိပ်စားမိပါသည်။ညစဉ် မပိုးဖြူဘုရားဝတ်ပြုရှိခိုးပြီးလို့ အောက်ထပ်သို့ဆင်းသွားသည့်အခါတိုင်း စာကြည့်ခန်းထဲတွင် ဖုန်းပြောနေတတ်သော ယောကျာ်းဖြစ်သူကိုမပိုးဖြူသတိထားမိပါသည်။ သူ့အလုပ်တွေများ အဆင်မပြေဖြစ်နေသလားဟုတွေးပြီး မပိုးဖြူ ခပ်မဆိတ်နေပေးခဲ့သည် ။ သို့နှင့် ယောကျာ်းဖြစ်သူနှင့်မပိုးဖြူကြားတွင်ပို၍ စိမ်းသက်လာခဲ့လေသည်။ညတိုင်းလိုလိုလည်း ညကိုးနာရီကျော်ဆယ်နာရီထိုးမှ ပြန်လာတတ်သည့်အပြင် ညစာကိုပင်အိမ်မှာမစားသည်မှာ တစ်လခန့်မျှရှိပေပြီ။ဘာအတွက်လဲ ဘာကြောင့်လဲဟု မပိုးဖြူမေးခဲ့သော်လည်း ရေရေရာရာအဖြေကို မသိခဲ့ရချေ။သေချာသည်မှာ တစ်နေ့တစ်နေ့ အိမ်ကြီးထဲတွင် မပိုးဖြူတစ်ယောက်တည်းအထီးကျန်စွာရှိနေရခြင်းပါပင်။ ~~~~~ လှေကားထစ်များအတိုင်း မပိုးဖြူခြေကို မသိမသာဖောနင်းလျက်ဆင်းလာခဲ့မိသည်။မပိုးဖြူ၏ရင်ထဲတွင် ဘာရည်ရွယ်ချက်မျှမရှိသော်လည်း ခြေထောက်များက အောက်ထပ်ရှိ စာကြည့်ခန်းဆီသို့ ညင်သာစွာရွေ့လျားသွားကြလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း ( ၅ ) ဆက်ရန် #ဧကြည်ဖြူ

"မဟုတ်ဘူး ....မျိုးကြောင့်ဆိုတာထက်...အချစ်မပါတဲ့ ဒီအိမ်ထောင်ရေးကို ... အစ်ကိုရပ်တန့်ချင်နေတာကြာပါပြီကွာ ...အစ်ကိုကလူပျိုပေါက်ဘဝမှာ သူနဲ့ဆုံခဲ့တယ် ... သူကဆင်းရဲ့လွန်းတော့ သနားခဲ့မိတယ်...သနားတာကို အချစ်လို့ထင်ခဲ့မိတာပေါ့ ... ကိုယ့်မှာအချစ်ဆိုတာကို သေချာမသိခင်မှာ အိမ်ထောင်ကျခဲ့ရတယ် ...ဒီနှစ်တွေမှာ သူ့အပေါ်ကိုသစ္စာရှိပေးခဲ့တယ် ..... ဒါပေမဲ့ အခုတော့ ကိုယ့်နှလုံးသားရဲ့အလိုကိုပဲလိုက်တော့မယ် " " သူကရော လက်ခံပါ့မလား အစ်ကို .....မျိုးကြောင့် အစ်ကိုတို့လမ်းခွဲရတာဆိုရင် မျိုးတကယ်စိတ်မကောင်းဘူး " ဤစကားကို မျိုးမမတမင်ပြောလိုက်ခြင်းဖြစ်သည်။မျိုးမမ ကြောင့် သူ့လက်ရှိဇနီးကိုကွာရှင်းပြီး သူမဆီသို့လာမည်ဆိုသောအဓိပ္ပါယ်သည် မျိုးမမ၏စိတ်ကို ကျေနပ်စေလေသည်။မိန်းမသားနှစ်ယောက်၏ယှဉ်ပြိုင်မှုတွင် မျိုးမမဘက်က အသာကြီးသာ၊အနိုင်ကြီးနိုင်ပြီး အနိုင်ရလိုက်သည့် ခံစားချက်မျိုးဖြစ်လေသည်။မိမိသာလျှင် အောင်မြင်မှုသရဖူကို ဆောင်းနိုင်သူအဖြစ် ဂုဏ်အယူကြီးယူ၊ အကျေနပ်ကြီးကျေနပ်နေမိလေသည်။မျိုးမမတစ်ယောက်တည်းအတွေးများပြီး ကျေနပ်ပီတိဖြစ်နေစဉ်မှာပင် ကိုဇင်မောင်ထံမှ စကားသံထပ်မံထွက်လာလေသည်။ " စိတ်မကောင်းမဖြစ်ပါနဲ့ မျိုးရယ် ... သူကလဲ အစ်ကိုချမ်းသာလို့ လက်ခံခဲ့တာပါ ... သူ့အတွက် ထိုက်သင့်သလောက်ပေးလိုက်ရင် ကျေနပ်ပြီးလမ်းခွဲပေးမဲ့သူပါ ....သူ့အတွက် အစ်ကိုကငွေရှာပေးတဲ့လူတစ်ယောက်အပြင်မပိုပါဘူး ... အစ်ကို့ဘဝလဲ ခြောက်သွေ့နေခဲ့တာကြာခဲ့ပါပြီ " " အစ်ကိုရယ်... အစ်ကို့အကြောင်းကြားရတော့ မျိုးစိတ်မကောင်းလိုက်တာရှင် " " ရပါတယ်မျိုးရယ် ...အခုတော့ မျိုးကိုတွေ့လိုက်ရတဲ့နေ့ကတည်းကစပြီး ...ကိုယ်ပျော်ရွှင်လာမိတယ် ..ကိုယ့်ရဲ့ဘ၀ကပြန်ပြီး သာယာစိုပြေလာတယ်.... စိတ်ချပါမျိုးရယ် ... အစ်ကို့ နောက်ကြောင်းတွေကို မရှင်းရသေးဘဲ ...မျိုးကိုသိက္ခာကျအောင်မလုပ်ပါဘူး...အစ်ကို့ကို အချိန်ခဏလောက်စောင့်ပေးပါနော် ....သူ့ကို ချက်ချင်းပြောလိုက်ရင်လျှော်ကြေးတွေမတရား တောင်းမှာစိုးလို့ လေ ..ပြီးတော့ သမီးလေးကလဲရှိသေးတော့ သမီးကို ...ကိုယ်တို့ဘက်ပါအောင် အရင်စည်းရုံး ကြည့်ချင်တယ် " သစီးဆိုသောစကားကြောင့် မျိုးမမအနည်းငယ်မျှတော့ စိတ်ရှုပ်သွားမိသည်။.ကိုဇင်မောင်ကလည်း ဒါကိုချက်ချင်းရိပ်မိလိုက်သည်။ ''သမီးကကိုယ်တို့ထက် ....သူ့အဘိုးအဘွားတွေကို ပိုခင်တွယ်တာလေ ..အခုတောင် အိမ်ကို မနည်းပြန်လာခိုင်းနေရတာ ...သမီးကပါ သူ့အမေကို ငြင်းဆန်တယ်ဆိုရင် ...သူအလွယ်တကူပဲနောက်ဆုတ်ပေးမယ်ထင်တယ် " " ဖြစ် ..ဖြစ်ပါ့မလား အစ်ကိုရယ် " မျိုးမမက မယုံမရဲဖြင့်မေးလိုက်သည်။ "ဖြစ်ပါတယ် မျိုးရဲ့ ...တစ်နေ့ တော့ မျိုးနဲ့ သမီးကို မိတ်ဆက်ပေးထားမယ်....ဒီကြားထဲတော့ မျိုးဆီကို အစ်ကို့ကိုလာခွင့်ပေးပါ မျိုးရယ် .... မျိုးကို မတွေ့ရဘဲ အစ်ကို မနေနိုင်လို့ပါ " "အစ်ကိုကလဲ " နောက်ဆုံးပိတ်ပြောလိုက်သော ကိုဇင်မောင်၏စကားကြောင့် မျိုးမမမူနွဲနွဲ့လေးပြောပြီး ကိုဇင်မောင်ကို မျက်စောင်းလေး ထိုးလိုက်သည်။ ကိုဇင်မောင်သည် သူ့အား မျက်စောင်းရွယ်နေသောမျိုးမမ၏အနားသို့ အသာတိုးကပ်လိုက်ပြီးလျှင် မျိုးမမ၏လက်ကလေးကိုသူ့ရင်ခွင်တွင်းသို့ ဆွဲယူလိုက်လေသည်။ဤသို့ အပြုအမူကို မျိုးမမကလည်း မငြင်းဆန်ပါချေ။ ~~~~~~ ''ခရီးဝေးသွားတာတော့ အမေခွင့်မပြုဘူး သမီး...လူကြီးတစ်ယောက်တောင်မပါဘဲ ..သမီးတို့တွေချည်းပဲသွားမှာကို ခွင့်မပြုနိုင်ဘူး ..ပြီးတော့ ခရီးကလည်းတစ် ရက်နှစ်ရက်ခရီးမဟုတ်ဘူး ...တစ်ပတ်ဆယ်ရက်ခရီးလေ... မဖြစ်ပါဘူးကွယ် " မပိုးဖြူ၏ စကားသံအဆုံး တွင် ပိုးအိဇင်ထံမှမကျေမနပ်သံလေးထွက်လာခဲ့လေသည်။ "ဟာ...အမေကလဲ ...အဘိုးနဲ့အဘွားကလဲခွင့်ပြုပေးလိုက်ပြီလေ..ပြီးတော့ ခရီးသွားဖို့စရိတ်ကိုအမေတို့မပေးရပါဘူး ...အဘွားတို့ပေးမှာပါ ..." "ဘယ်သူခွင့်ပြုပြု ... အမေခွင့်မပြုဘူးသမီး ..... ငွေကြောင့်ပြောနေတာမဟုတ်ဘူး...ဒီတစ်ခါတော့ အမေ့စကားကို နားထောင်ပါကွယ် " မပိုးဖြူ၏ စကားအဆုံးတွင် ပိုးအိဇင်သည်ခြေကိုဆောင့်နင်းလျက် အပေါ်ထပ်သူမအခန်းဆီသို့ တက်သွားခဲ့လေသည်။ မပိုးဖြူကတော့ တီဗီရှေ့တွင် စိတ်မောစွာထိုင်လျက် ယောကျာ်းဖြစ်သူ ပြန်အလာကို စောင့်မျှော်ရင်း ကျန်ခဲ့လေသည်။ ~~~~~ "သမီးတို့အဖွဲ့က ဆယ်ယောက်ကျော်တယ်အဖေ ..ဘာမှစိတ်မချစရာမရှိဘူး ... အမေက တမင်သက်သက် သမီးအခွင့်အရေးတွေကိုလိုက်ပိတ်ပင်နေသလိုပဲ ...သမီး အဖေတို့အိမ်မှာမနေချင်တော့ဘူး ...အဘွားတို့အိမ်မှာပဲ နေတော့မယ် " သမီးငယ်၏မျက်နှာကို ကြည့်ပြီး ကိုဇင်မောင်သက်ပြင်းချမိသည်။သမီးဖြစ်သူသည် ကိုဇင်မောင်ထင်နေသကဲ့သို့ပင် သူ့အမေနှင့်ဝေးရာကို ပြေးနေချင်သည်ကို သိလိုက်ရသည်။ "သမီးအမေက စိုးရိမ်လို့ပြောတာပါ သမီးရဲ့ ...သမီးကနားလည်ပေးရမှာပေါ့ "

ယောကျာ်းနှင့်သမီးဖြစ်သူသာ ရှိသည်လေ။မပိုးဖြူ အိမ်ထောင်ပြုလိုက်ပြီး ကတည်းကပင် ဦးလေးဖြစ်သူ၏ အိမ်သို့လည်း အလည်သွားခွင့်မရ ခဲ့။ဦးလေးမိသားစုသည်ပင်လျှင် မပိုးဖြူအား ဘဝမေ့သူ၊ကျေးဇူးကန်းသူအဖြစ် သက်မှတ်မုန်းတီးနေကြပြီဖြစ်သည်လေ။ ~~~~~~ "ဟယ်လို .. မျိုးလား ...အစ်ကိုပါ ... မျိုး အစ်ကို့ကိုစိတ်ဆိုးသွားလားဟင် ... အစ်ကို တောင်ပန်းပါတယ်ကွာ ..." ကိုဇင်မောင်သည် ဖုန်းကိုနားတွင်ကပ်လျက် တိုးလျလျမေးလိုက်သည်။ထိုအခါမျိုးမမထံမှ ချက်ချင်းပြန်ဖြေသံမကြားရဘဲ အသက်ရှူသံ ခပ်တိုးတိုးလေးကိုသာ ခပ်သဲ့သဲ့ကြားနေရလေသည်။အတန်ကြာသောအခါမှ မျိုးမမ ထဲမှ စကားသံခပ်တိုးတိုးလေး ထွက်လာလေသည်။ "မျိုး စိတ်မဆိုးပါဘူးအစ်ကိုရယ် .. ဒါပေမဲ့ မျိုးတို့ရှေ့ဆက်လို့ မဖြစ်ဘူးလေ " မျိုးမမ၏အသံတိုးလျလျလေးကို ကိုဇင်မောင်ကြားလိုက်ရလျှင် " မျိုးကို အစ်ကိုပြောစရာရှိတယ်...နောက်ရက်အစ်ကိုတို့ တွေ့ရအောင်နော် " "ဟုတ်.... ဟုတ်ကဲ့ပါအစ်ကို .. " " မျိုးကို အရမ်းသတိရတာပဲကွာ " ကိုဇင်မောင်ကတိုးဖွဖွ ပြောလိုက်သောအခါ မျိုးမမထံမှ ခေတ္တအသံတိတ်သွားသည်။အတန်ကြာသောအခါမှ မျိုးမမ၏ချိုအီအီအသံလေးက ကိုဇင်မောင့် နားထဲသို့ဝင်ရောက်လာလေသည်။ " မျိုးလဲ အတူတူပါပဲ အစ်ကို " မျိုးမမ၏ အဖြေစကားကြောင့် ကိုဇင်မောင့်၏ရင်ထဲတွင် အကျေနပ်ကြီးကျေနပ်သွားရလေသည်။ ~~~~~ '' မျိုးကိုမေးစရာရှိတယ်....တို့ကို ညာမပြောရဘူးနော် " ရတနာစိုးက မျိုးမမကို ကြည့်၍ပြောလိုက်သည်။ " မျိုးက ဘယ်သူ့ကိုညာပြောပြော မင်းရတနာ့ကိုတော့ မညာပါဘူးနော်....ဘာမေးချင်တာလဲ ...မဟုတ်မှ ကိုဇင်မောင် အကြောင်းလား '' "ဟယ် ...မျိုးကလျင်သားပဲ ... ဟုတ်တယ် ... မျိုးအပေါ် ထားတဲ့ ကိုဇင်မောင်ရဲ့စိတ်က မရိုးဘူးလို့ ရတနာထင်တယ် ...မျိုးတို့အခြေအနေက ဘယ်လိုလဲ " ရတနာစိုး၏စကားကြောင့် မျိုးမမသည် ကျေကျေနပ်နပ်ပြုံးလိုက်ပြီးလျှင် "ဟုတ်တယ် ရတနာ ..သူက တို့အပေါ် မရိုးသားဘူး ..အလိုက်သိတာလဲအရမ်းပဲ .. မျိုးရဲ့ ပါးစပ်ကတစ်ခုခုပြောလိုက်တာနဲ့ ..သူက ဖြည့်စွမ်းပေးဖို့အဆင်သင့်ပဲသိလား ရတနာ ...မှန်တာပြောရရင် မျိုးကလေ မိုးထက်ဆိုတဲ့လူကိုစိတ်ဝင်စားတာ ...သူက မျိုးကိုမတူသလိုမတန်သလို ဆက်ဆံလို့ ကိုဇင်မောင်ကို ရောလိုက်မိတာ ...အခုတော့ သူ့ရဲ့အလိုက်သိမှုတွေမှာမျိုးသာယာမိတာတော့ အမှန်ပဲရတနာ ...ဒါပေမဲ့ ရှေ့ဆက်ဖို့ဘာညာတော့ မတွေးရ သေးဘူး ..." '' အင်း မျိုးကလှတော့ ကိုဇင်မောင်ကြီး ကြွေသွားတာဖြစ်မယ် ... သူ့အိမ်သူက အိမ်တွင်းပုန်းရိုးရိုးကြီးလေ ...ကိုဇင်မောင် ဆယ်ကျော်သက်အရွယ်တုန်းက ရူးရူးမိုက်မိုက်တွေ့ခဲ့ကြတာပေါ့ .... ပြောရရင် ကိုဇင်မောင်ကလဲအိမ်ထောင်ရှိတာကလွဲရင် လူပျိုတွေထက် မသာတာဘာမှမရှိဘူးလေ ... သူ့အစ်မနှစ်ယောက်နဲ့သူ့မိဘတွေကလဲ ရတနာဆိုင်တွေ ပိုင်ကြတယ်မျိုးရဲ့ ..အဲ့ဒါကြောင့် တို့နဲ့ သိတာပေါ့ ....ကိုဇင်မောင်ရဲ့မိဘတွေက ..ကိုဇင်မောင့်ကို သူတို့နဲ့မျိုးရိုးအဆင့်အတန်းတူတဲ့ မိန်းခလေးတစ်ယောက်နဲ့ လက်ထပ်စေချင်နေတာလေ " ရတနာစိုး၏ စကားကြောင့် မျိုးမမမျက်လုံးလေးပြူးသွားရပြီး "ဟင် ... ဟုတ်လား ... သူ့တို့သားက အိမ်ထောင်ရှိနေတာကိုလေ " "ဟုတ်တယ် မျိုးရဲ့ ..ကိုဇင်မောင့် ဇနီးက တအားဆင်းရဲတယ်လေ ..မိဘတွေလဲမရှိဘူး.. ပညာရေးကလဲ အလယ်တန်းအဆင့်တဲ့ကွ ...ကိုဇင်မောင်နဲ့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ပြီးခိုးရာလိုက်ပြေးခဲ့ကြတာလေ.. အဲ့ဒီတုန်းက ကိုဇင်မောင်လဲ ကလေးသာသာစိတ်ပဲရှိသေးတာကို ...အခုတော့ သူ့အိမ်ထောင်ရေးက အဆင်ပြေပုံမရဘူးကွ ... ဒါပေမဲ့ ကိုဇင်မောင်ကမကွာရှင်းဘဲ သစ္စာရှိရှိပေါင်းနေတာတော့ ချီးကျူးစရာပဲကွာ " " ဒါ ..ဒါနဲ့ ..သူ့ဇနီးက လှလားဟင် ရတနာ" " အင်း ရုပ်ရည်ကတော့မဆိုးပါဘူး ...ဒါပေမဲ့ ပွဲမှမတိုးတာ...ကောင်းကောင်းနေကောင်းကောင်းစားနေရရင် ကျေနပ်နေတဲ့ လူစားမျိုးလေ ....ဘာပဲဖြစ်ဖြစ် ကိုဇင်မောင်က သူ့နောက်ကြောင်းတွေကိုရှင်းပစ်ပြီး... မျိုးဆီကိုလာခဲ့မယ်ဆိုရင် ..တို့တော့သဘောတူတယ်မျိုးရေ .... ကိုဇင်မောင်နဲ့သာဆိုရင် မျိုးရဲ့နောင်ရေးစိတ်အေးရပြီကွ သိလား " ရတနာစိုး၏ စကားများကြောင့်မျိုးမမ၏ရင်ထဲတွင် ကျေနပ်သလိုလိုဖြစ်သွားလေသည်။မျိုးမမအနေနှင့် ကိုဇင်မောင်ကို ချစ်သည်မချစ်သည် မသေချာသော်လည်း ကိုဇင်မောင်၏ ကြင်နာယုယမှုများကို သာယာပျော်ရွှင်နေမိသည်မှာတော့ အမှန်ပါပင်။ ~~~~~~~ " အစ်ကို ဒီစကားကိုပြောရတာက ....မျိုးကိုတန်ဖိုးထားလို့ဆိုတာကို အရင်ပြောချင်တယ် " မျိုးမမသည် ကိုဇင်မောင်၏ စကားများကို ခေါင်းကိုငုံ့ထားလျက် နားထောင်နေလေသည်။ဖွင့်ကာစဆိုင်ဖြစ်သောကြောင့် ဝယ်သူပါးသော ဆိုင်၏အနေအထားသည် ကိုဇင်မောင်ကိုအားပေးထောက်ပံ့၍နေလေသည်။ "သိပ်မကြာခင်မှာ မန်းအစ်ကို့အိမ်ထောင်ဖက်နဲ့ ကွာရှင်းတော့မယ် " "ရှင် ... မျိုး...မျိုးကြောင့်လားဟင် " မျိုးမမသည် အံ့ဩဟန်ပြုလျက် ပြောလိုက်သည်။

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထုရှည် ) အပိုင်း (၄ ) ********^ ကိုဇင်မောင်တို့ ဘုရားရင်ပြင်ပေါ်မှ ဆင်းလာကြသောအခါတွင်ည(၇)နာရီကျော်နေပြီဖြစ်လေသည်။လူကွဲသွားမည်စိုး၍ ဘုရားရင်ပြင်ပေါ်မှစ၍ မျိုးမမ၏လက်ကလေးကို ကိုဇင်မောင်ကိုင်ဆွဲထားခဲ့လေရာ ဘုရားခြေရင်းရှိ ကားရပ်ထားသည့်နေရာသို့ ရောက်သည့်တိုင် မလွှတ်ပေးမိဘဲရှိလေသည်။မျိုးမမသည်လည်း မရုန်းဘဲလိုက်ပါလာခဲ့လေ သည်။ကိုဇင်မောင်သည် မျိုးမမ၏ နုညံ့အိထွေးသောလက်ကလေးကိုဆုပ်ကိုင်ထားရင်းမှ ရင်ထဲတွင် ချစ်ကြင်နာလိုစိတ်များရုန်းကြွ၍နေလေသည်။လမ်းအတူလျှောက်လာကြရင်းမှ မျိုးမမကိုစောင်းငဲ့၍ကြည့်မိသည့်အခါတွင် ည၏ဝါနောက်နောက်လမ်းမီးရောင်များ၏အောက်တွင် မျိုးမမ၏စွဲမက်ဖွယ်ကောင်း‌လှသောအလှအပများကကိုဇင်မောင်အားညှို့ယူနေသကဲ့သို့ရှိလေသည်။ကားဆီသို့ရောက်သောအခါတွင် ကားတံခါးကိုဖွင့်လိုက်ပြီးမျိုးမမ၏ကိုယ်လုံးလေးကိုကားထဲသို့အသာအယာပင်ဖေးမကာ၀င်လိုက်စေသည်။ ~~~~~ ကိုဇင်မောင်နှင့်မျိုးမမတို့စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာ၀င်စားခဲ့ပြီးနောက် မျိုးမမအိမ်ရှိရာ ရန်ကင်းသို့ပြန်ခဲ့ကြလေသည်။အပြန်လမ်းတစ်လျှောက်တွင် မျိူးမမသည်ကားပြတင်းမှအပြင်သို့ငေးလျက်လိုက်ပါလာခဲ့သည်။ကိုဇင်မောင်မှာမူ မျိုးမမနှင့်လမ်းခွဲပြီးအိမ်ပြန်ရမည်ကိုတွေး၍စိတ်မပျေည်နိုင်ဘဲဖြစ်နေမိလေသည်။ထို့သို့ကိုဇင်မောင်စိုးရိမ်နေသည့်ကြားမှပင် ကားလေးသည် မျိုးမမတို့ခြံရှေ့သို့ရောက်လာခဲ့လေသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ....အစ်ကိုလည်း မျိုးကြောင့် ဒုက္ခတွေ များလှပါပြီ " မျိုးမမသည် ကနွဲ့ကလျ အမူအရာဖြင့် ကိုဇင်မောင်ဘက်သို့လှည့်လိုက်ပြီးလျှင် ချိုမြသောအသံလေးဖြင့် ပြောလိုက်သည်။ ထိုအခိုက်မှာပင် ကိုဇင်မောင်သည် ကားထဲရှိမီးအလင်းရောင်၏အောက်တွင် အလှကြီးလှနေသော မျိုးမမ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆွဲယူလျက် တစ်ရှိုက်မက်မက် နမ်းလိုက်လေသည်။မျိုးမမသည်လည်းငြင်းဆန်ခြင်းမပြုဘဲ တစ်ခဏကြာမျှ ငြိမ်သက်နေပြီးနောက် အတန်ကြာသောအခါတွင် ကိုဇင်မောင်၏လက်တွင်းမှခပ်သာသာရုန်းထွက်လိုက်သည်။ပြီးလျှင်တိုးလျလျအသံလေးဖြင့်မပွင့်တပွင့်ပြောလိုက်လေသည်။ "တော် ..တော်ပါတော့ အစ်ကို ...မျိုးက မိကောင်းဖခင်သားသမီးပါ ... အစ်ကိုသာ လူလွတ်တစ်ယောက်ဆိုရင် .. မျိုး ..မျိုးလေမငြင်းပါဘူး ....မျိုး ..မျိုးသွားတော့မယ် အစ်ကို " ပြောပြီးသည်နှင့် ရှက်ဝဲဝဲ မျက်နှာလေးဖြင့် အပြေးဆင်းသွားသော မျိုးမမ၏နောက်ကျောပြင်ကို ကိုဇင်မောင်သည် ငိုင်တိုင်တိုင်ဖြင့်ကြည့်နေရင်းမှ မျိုးမမပြောသွားသောစကားများသည် ကိုဇင်မောင်၏နားထဲတွင် ပဲ့တင် ထပ်၍နေလေသည်။ ~~~~~~ " ပွမ် ......ပွမ် ..." "ပွမ် ... ပွမ် " ခြံရှေ့ဆီမှ ကားဟွန်းတီးသံကြောင့် မပိုးဖြူသည်တီဗီရှေ့တွင် ငူငူငေါင်ငေါင်နှင့်ထိုင်နေရာမှနေ ခြံရှေ့သို့အပြေးလေးထွက်ခဲ့လိုက်သည်။ "မင်းကွာ ..ကြာလိုက်တာ ဘာတွေ လုပ်နေတာလဲ ....ဘာလဲ တီဗီကြည့်နေလို့လား ... အိမ်ရှေ့ကိုလဲ နားလေးဘာလေးစွင့်ထားပေါ့ကွာ " ကိုဇင်မောင်ကစိတ်တိုစိတ်မရှည်သောအသံဖြင့်ပြောလိုက်သော်လည်းမပိုးဖြူကမူ စိတ်တိုစိတ်ဆိုးဖို့သတိမရပါချေ။သုဿန်တစပြင်ကဲ့သို့တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးထဲတွင် သူမတယောက်တည်း အထီးကျန်နေရာမှ ယောကျာ်းဖြစ်သူပြန်ရောက်လာသောကြောင့် ဝမ်းသာပျော်ရွှင်သွားရလေသည်။ ~~~~~~~ "ထမင်းစားတော့မလား မောင် " " မစားတော့ဘူး စားခဲ့ပြီးပြီ ..." မပိုးဖြူမေးသည်ကို ကိုဇင်မောင်က အသံပြတ်ဖြင့်ပြန်ဖြေလိုက်သည်။ "ဒါဆိုရင် ဖြူထမင်းသွားစားလိုက်အုံးမယ် ...မောင့်ကို ဘာလုပ်ပေးရအုံးမလဲ " မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်သည် မပိုးဖြူကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးလျှင် "ထမင်းကစားနှင့်ပါလား...အပြင်သွားတဲ့သူကို စိတ်မဖြောင့်အောင် အမြဲလုပ်တယ် ...နောက်ဆိုစားနှင့် ဝမ်းချင်းဆုံတာမှမဟုတ်တာ ... ငါ့မှာ အလုပ်ကိစ္စတွေကြောင့် ဧည့်သည်နဲ့အပြင်မှာစားသင့်ရင်လဲစားရမယ်...ပြီးတော့ ဒီညစာရင်းတွေလုပ်စရာရှိလို့ ဉာဉ့်နက်မှအိပ်မှာ ... ငါ့ကို လာမခေါ်နဲ့ အရင်အိပ်နှင့် ကြားလား " "ဟုတ်ကဲ့ပါမောင် ... ကော်ဖီဖျော်လာခဲ့ပေးရမလား " " အင်း ....အင်း " ~~~~~~ တိတ်ဆိတ်ခြောက်ကပ်နေသောထမင်းစားခန်းထဲတွင် မပိုးဖြူတစ်ယောက်တည်း ထမင်းစားနေရသည်။သမီးဖြစ်သူနှင့်ယောကျာ်ဖြစ်သူအတွက် ချက်ထားသော သူတို့ ကြိုက်နှစ်သက်သည့် ဟင်းလျာများကမပိုးဖြူကို လောင်ပြောင်နေသကဲ့သို့ပင် မပိုးဖြူ ခံစားနေရလေသည်။ပိတ်ရက်တွင်ပင် လက်ဆုံစားရွင့်မရှိသော ထမင်းဝိုင်းလေးအတွက် မပိုးဖြူစိတ်မကောင်းဖြစ်ရသည်။သမီးဖြစ်သူ၏အနားသို့လည်း ကပ်ခွင့်မရ၊ ယောကျာ်းဖြစ်သူ၏ အနားသို့လည်းကပ်ခွင့်မရသော မပိုးဖြူ အဖြစ်က အလုပ်လုပ်ရင်းဖြစ်စေ၊ မိသားစုကို စောင့်စားရင်းဖြစ်စေ တီဗီလေးဖွင့်သည်ကိုပင် ယောကျာ်းကမကြိုက်သည့် သဘောမျိုးတစ်ခါတစ်ရံ အပြစ်ပြောချင်သည်ကိုလည်း မပိုးဖြူသိပါလေသည်။မပိုးဖြူ၏ ရင်၌ဖြစ်သော အထီးကျန်ဝေဒနာကို မည့်သူအားမပိုးဖြူရင်ဖွင့်ရပါမည်နည်း။ မပိုးဖြူဘ၀တွင်တွယ်တာစရာဆို၍