fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၆) akyiphyu ********* " ပန်းရိပ်...ပန်းရိပ်ဘာဖြစ်လို့လဲ ...ဘာဖြစ်တာလဲ " ထိတ်လန့်တကြားနဲ့အော်လိုက်ပြိး ကြမ်းပြင်ပေါ်ကိုဘုတ်ခနဲထိုင်လျက်သားလဲကျသွားတဲ့ပန်းရိပ်ဖြူကိုကြည့်ပြီး စိုင်းမြတ်စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ဒီအချိန်မှာပဲ အခန်းပြင်ကနေခြေသံထွက်ပေါ်လာခဲ့ပြီး အခန်းဝကိုလူတစ်ယောက်ရောက်လာခဲ့တယ်။ " ကိုစိုင်းမြတ်...ကိုစိုင်းမြတ်အခန်းကအော်သံကြားလို့ ဘာဖြစ်တာလဲဗျ ...ဟာ...မမလေးပါလား...နေမကောင်းတာလား....ဘာဖြစ်တာလဲ " ရောက်လာသူက ဘုန်းသိင်္ခဖြစ်ပြီး လဲကျနေတဲ့ပန်းရပ်ဖြူကိုတွေ့တော့ ဘုန်းသိင်္ခကအခန်းထဲကိုဝင်လာပြီး ပန်းရိပ်ဖြူရဲ့ဘေးနားမှာထိုင်လိုက်တယ်။ " သူဘာဖြစ်တာလဲ ကိုစိုင်းမြတ် " ဘုန်းသိင်္ခရဲ့မေးသံကနည်းနည်းမာဆတ်နေခဲ့တယ်။ဘုန်းသိင်္ခရဲ့အသံကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီး " ခြံ,,,ခြံထဲမှာမိန်းမတစ်ယောက်...ပန်းရိပ်ကိုလှမ်းကြည့်နေတယ်...မျက်...မျက်နှာက ကြောက်...ကြောက်စရာကြိး " ပန်းရိပ်ဖြူကတုန်တုန်လှုပ်လှုပ်နဲ့ပြောရင်း ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်တယ်။ပန်းရိပ်ဖြူလက်ညှိုးထိုးပြလိုက်တာနဲ့ ဘုန်းသိင်္ခကပြတင်းပေါက်ကိုချက်ချင်းထကြည့်လိုက်တယ်။ပြီတော့ ခေါင်းကိုခါယမ်းလိုက်ပြီး " မမလေး အမြင်မှားတာလဲဖြစ်ချင်ဖြစ်မှာ...ဘာမှမရှိဘူး မမလေး....ကိုစိုင်းမြတ် မမလေးကိုကသစ်မြိုင်ကိုပြန်လိုက်ပို့ပေးလိုက်တာကောင်းမယ်ထင်တယ်...သူအရမ်းလန့်နေတယ်ထင်တယ်....သောက်ရေရှိရင်တိုက်လိုက်ပါအုံး " ဘုန်းသိင်္ခပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူကို လဲကျနေရာကထခိုင်းလိုက်ပြိး ခုံပေါ်မှာထိုင်စေလိုက်တယ်။ " မမလေးအဆင်ပြေလား ...အသက်ရှူတာကိုအောင့်မထားနဲ့ဖြည်းဖြည်းမှန်မှန်ရှုပါ " ဘုန်းသိင်္ခပြောနေချိန်မှာပဲ စိုင်းမြတ်က ရေတစ်ခွက်ယူလာပေးတာမို့ ပန်းရိပ်ဖြူကယူသောက်လိုက်တယ်။ " မမလေး အဆင်ပြေလား...ခဏထိုင်နားပြီးမှ ပြန်မလား " " ကျေးဇူးပဲဘုန်းသိင်္ခ...ရပါပြီ...ပန်းရိပ်ကို ကိုယ်လိုက်ပို့ပေးလိုက်ပါ့မယ်...အလုပ်ပျက်အောင်နှောင့်ယှက်သလိုဖြစ်သွားမိလို့်တောင်းပန်းပါတယ် " ဘုန်းသိင်္ခကပန်းရိပ်ဖြူကိုပြောနေချိန်မှာပဲ စိုင်းမြတ်က ပန်းရိပ်ဖြူနားမှာထိုင်ချလိုက်ပြိး ပန်းရိပ်ဖြူရဲ့လက်မောင်းကနေဖေးမလိုက်ရင်း ဘုန်းသိင်္ခကို လေသံအေးစက်စက်နဲ့ပြောလိုက်တယ်။ " ကျေးဇူးပါနော် ကိုဘုန်းသိင်္ခ...ဒါနဲ့နှစ်ယောက်လုံးကို ပန်းရိပ်အကူအညီတောင်းပါတယ်..ပန်းရိပ်အခုဖြစ်သွားတာကို အမေတို့အဘွားတို့ကိုမပြောပါနဲ့နော် ...ရုတ်တရက်ကြီးဆိုတော့ ပန်းရိပ်လဲလန့်သွားတာပါ...အခုဘာမှမဖြစ်တော့ပါဘူး ...ပန်းရိပ်တို့ ဧည့်ခန်းထဲမှာခဏထိုင်ပြီး စကားသွားပြောကြရအောင်လေ " ပန်းရိပ်ဖြူပြောပြီးတော့ နေရာကနေအားယူပြီးထလိုက်တယ်။ ~~~~~~~~~~~~~~ အလွမ်းဆွတ် သော့တွဲတွေကိုကိုင်ပြီး ဒေါ်ပန်းမြိုင်တို့အခန်းဆီကိုလျှောက်လာခဲ့လိုက်တယ်။အခန်းရှေ့ကိုရောက်တော့ တံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်တယ်။ " ဒေါက်...ဒေါက် " " လာပြီ...လာပြီ ..." ဒေါ်ပန်းမြိုင်ကတံခါးကိုဖွင့်ပေးလိုက်ပြီး အခန်းဝမှာအလွမ်းဆွတ်ကိုမြင်လိုက်ရတေ့ မျက်ခုံးလေးကိုပင့်လိုက်ပြီး " ဘာဖြစ်လို့လဲသမီးလွမ်း...မအိပ်သေးဘူးလား " " ဟုတ်ကဲ့ အမေပန်းမြိုင်...အလွမ်းအိပ်တော့မလို့်ပါ...အဲ့ဒါ...ဟိုလေ..ပန်းရိပ်ပြန်မရောက်သေးဘူးလို့ မဇာယုကပြောလို့်ပါ...အဘွားတို့အိမ်ကိုလိုက်ခေါ်လိုက်ရမလားအမေပန်းမြိုင် " အလွမ်းဆွတ်ရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်လုံးပြူူးသွားရပြီး " ဘယ်လို ...ပန်းရိပ်ပြန်မလာသေးဘူးလား ...ဆယ်နာရီကျော်နေပြီမဟုတ်လား...ဒီကောင်မလေးတော့ ပြောစကားကိုနားမထောင်ဖူးဘဲ ..ကဲ..လာ..လာ...သမီးလွမ်းတစ်ယောက်တည်းတော့သွားလို့်မဖြစ်ပါဘူး...အမေပန်းမြိုင်လဲလိုက်ခဲ့မယ် ..သွားရအောင် " ဒေါ်ပန်းမြိုင်ကပြောပြောဆိုဆိုနဲ့အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~~ " ဟင်...သူ့အဘွားအိမ်လဲမီးတွေပိတ်သွားပါပြီ ...ဒီကောင်မလေးဘယ်သွားတာလဲ ...အောင်မောင်းတို့်ကိုခေါ်လိုက်အုံးသမီးလွမ်း " ဒေါ်ပန်းမြိုင်ကပြောပြီးတော့ ခြံထဲကိုလှည့်ပတ်ကြည့်လိုက်တယ်။ဒီအချိန်မှာပဲ ကားဂိုထောင်ဘက်ဆီကလျှောက်လာကြတဲ့ ပန်းရိပ်ဖြူနဲ့စိုင်းမြတ်တို့ကိုတွေ့လိုက်ရတာမို့ ဒေါ်ပန်းမြိုင်ရဲ့မျက်နှာတင်းမာသွားရတယ်။ " သမီးရယ် ဘယ်တွေရောက်နေတာလဲ...အမေတို့ကလိုက်ရှာနေတာ " " သမီး ...ကိုစိုင်းမြတ်နဲ့စကားပြောနေလို့ နည်းနည်းနောက်ကျသွားတယ်အမေ...သမီးတောင်းပန်းပါတယ်နော်...သမီးဆေးသောက်ချိန်ရောက်နေပြီမို့သွားတော့မယ်အမေ...ကိုစိုင်း..ပန်းရိပ်သွားတော့မယ်နော်...စောစောအိပ်အုံးနော် "

လှေကားထစ်တွေဆုံးသွားတဲ့အခါ မှောင်မိုက်နေတဲ့စတိုခန်းထဲကိုရောက်ရှိသွားခဲ့တယ်။စတိုခန်းတံခါးကထွက်လိုက်ရင်အပြင်ကိုရောက်နိုင်ပေမဲ့ အပြင်တံခါးမကြီးတွေရဲ့သော့တွေက ပန်းရိပ်ဖြူဆီမှာမရှိဘူးလေ။ပန်းရိပ်ဖြူစတိုခန်းထဲမှာလှည့်ပတ်ကြည့်လိုက်တော့ ပြတင်းပေါက်ကိုတွေ့လိုက်ရတယ်။ပြတင်းပေါက်က သံတိုင်တွေမရှိဘဲ မှန်ပြတင်းပေါက်ဖြစ်နေတာမို့ ပန်းရိပ်ဖြူ ဝမ်းသာသွားမိပြီး ပြတင်းပေါက်ကနေ လှစ်ခနဲခုန်ဆင်းလိုက်တယ်။အိမ်ပြင်ကို ရောက်တော့ မီးအလင်းရောင်မရောက်တဲ့နေရာတွေကို လှမ်းမျှော်ကြည့်လိုက်ပြီး ခြံနောက်ဘက်ကနေကားဂိုထောင်ဘက်ဆီကို ခပ်သုတ်သုတ်ပြေးသွား လိုက်တယ်။ဒီနေ့မှာတော့ အခန်းထဲကထွက်လာတဲ့အချိန်ကစလို့ အဆင်ပြေနေတာမို့ နည်းနည်းတော့ ထူးဆန်းနေသလိုဖြစ်နေပြီး အိပ်မက်မက်နေပြန်တာများလားလို့ စိတ်ထဲက ထင်လိုက်မိပြန်တယ် အလင်းရောင်ခပ်မှိန်မှိန်ကျရောက်နေတဲ့ တိုက်ရဲ့ လှေကားကနေခြေကိုဖွဖွနင်းကာ တက်လာခဲ့လိုက်ပြီး တကယ်လို့ တံခါးပိတ်ထားရင် ဘုန်းသိင်္ခကို ဖုန်းဆက်ခေါ် ဖို့ တွေးထားလိုက်မိတယ်။ပန်းရိပ်ဖြူအဖြစ်က ကသစ်မြိုင်ရဲ့သခင်မလေးဖြစ်နေပေမဲ့ အိမ်သော့တစ်ချောင်းကိုတောင် ကိုင်ခွင့်ရှိသူတစ်ယောက်မဟုက်ခဲ့ဘူး။သို့ပေမဲ့ အလွမ်းဆွတ်ကတော့ အိမ်သော့၊ ခြံသော့၊ ကားဂိုထောင်သော့နဲ့ အပန်းဖြေစခန်းသော့တွေကိုပါ ကိုင်ခွင့်ရှိနေခဲ့တယ်။တကယ်တော့ ဒါတွေက ဘုန်းသိင်္ခပြောသလိုပဲ ပန်းရိပ်ဖြူရူးကြောင်ကြောင်ဖြစ်နေခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ မဟုတ်လား။ တံခါးဝအရောက်မှာ ပန်းရိပ်ဖြူမရဲတရဲနဲ့ တံခါးကိုတွန်းဖွင့်ကြည့်လိုက်တယ်။ကျွီခနဲ ခပ်တိုးတိုးမြည်ပြီး လှုပ်ရှားသွားတဲ့ တံခါးကြောင့် ပန်းရိပ်ဖြူ ဝမ်းသာသွားမိကာ တံခါးကို တွန်းဖွင့်ပြီး အထဲကိုဝင်လိုက်တယ်။တိုက်ရဲ့ စင်္ကြန်လမ်းတစ်လျှောက်မှ ဝါဖန့်ဖန့်မီးလုံးလေးတစ်လုံးသာထွန်းထားတယ်။ဒီကနေလျှောက်ရင် စိုင်းမြတ်အခန်းရောက်ဖို့က အကွေ့နှစ်နေရာကျော်ရမှာ။ခြေသံကို လုံးဝမထွက်အောင် သတိထားပြီး လျှောက်သွားလိုက်တယ်။စင်္ကြန်တစ်ကွေ့ကို ကျော်ပြီးတော့ နောက်တစ်ကွေ့ကို ရောက်လာချိန်မှာ လူက နှလုံးခုန်သံတွေမြန်လာခဲ့တယ်။ရှေ့ဆက်ရမှာကိုတောင် လန့်သလုံဖြစ်နေမိတာ။သို့ပေမဲ့ သူမရဲ့ သံသယတွေကမှန်ကန်လားဆိုတာကို သိချင်စိတ်ကြောင့် လူကကြောက်စိတ်တွေလျော့ပါးလာခဲ့တယ်။ပန်းရိပ်ဖြူစင်္ကြန်ကွေ့ကို ကွေ့ဖို့လုပ်လိုက်ချိန်မှာ ရှေ့ခပ်လှမ်လှမ်းက စိုင်းမြတ်ရဲ့အခန်းရှေ့မှာ ရပ်နေတဲ့အလွမ်းဆွတ်ကိုမြင်လိုက်ရတာမို ခြေလှမ်းတွေရပ်တန့်သွားရပြီး ဒေါသအကြီးအကျယ်ထွက်သွားမိတယ်။ပန်းရိပ်ဖြူအသာလှမ်းချောင်းကြည့်နေချိန်မှာပဲ အလွမ်းဆွတ်က အခန်းထဲကိုဝင်သွားခဲ့တယ်။သံသယဖြစ်ခဲ့တဲ့အတိုင်းမှန်နေတာမို့ သူမတစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာခဲ့တယ်။ဒေါသစိတ်ကြောင့် ဘာကိုမှမမြင်နိုင်တော့။မိမိကိုအရူးလုပ်နေကြသူနှစ်ယောက်ကို အမိဖမ်းကာ အရှက်ခွဲပြီးတော့ ကသစ်မြိုင်ကမောင်းထုတ်ပစ်ဖို့ တွေးလိုက်မိတယ်။ပန်းရိပ်ဖြူအံကိုတင်းတင်းကြိတ်ကာ စိုင်းမြတ်ရဲ့အခန်းဆီကို သွားရန်ခြေလှမ်းပြင်လိုက်တယ်။လူကဒေါသစိတ်ကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေခဲ့တယ်။ စိုင်းမြတ်ရဲ့အခန်းဆီကိုသွားဖို့အတွက် ပန်းရိပ်ဖြူစင်္ကြန်လမ်းမဆီကိုထွက်လိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို နောက်ကျောကနေတစ်စုံတစ်ယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရတယ်။ ================================== အပိုင်း(၂၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀

ပန်းရိပ်ဖြူကစိုင်းမြတ်ကိုခပ်ပြုံးပြုံးကြည့်လိုက်ရင်း စိုင်းမြတ်ရဲ့လက်ဖဝါးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ညှစ်ပြီးနှုတ်ဆက်လိုက်တယ်။နှုတ်ဆက်နေရင်းနဲ့ အလွမ်းဆွတ်ရဲ့မျက်နှာကိုမသိမသာလှမ်းကြည့်လိုက်မိတော့ အေးစက်နေတဲ့အကြည့်တွေနဲ့လှမ်းကြည့်နေတဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရတာမို့ ပန်းရိပိဖြူစိတ်ထဲက မတင်မကျဖြစ်နေတဲ့စိတ်က ပိုလို့တောင်ဆိုးဝါးသွားခဲ့တယ်။ပြီးတော့ချက်ချင်းဆိုသလို စိုင်းမြတ်ရဲ့မျက်လုံးတွေကို ပန်းရိပ်ဖြူဖျတ်ခနဲမော့ကြည့်လိုက်မိပြီးနေရာကထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " သမီး ခဏနေအုံး....အမေတို့စကားပြောရအောင် " မိခင်ဖြစ်သူရဲ့ခေါ်လိုက်သံကြောင့် ပန်းရိပ်ဖြူခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်။ " အခုဘယ်အချိန်ရှိနေပြီလဲသမီး...ဒီအချိန်အထိ မောင်စိုင်းမြတ်နဲ့ရှိနေတာကို သမီးအဖေသာသိရင်စိတ်ဆိုးမှာ ..မိန်းကလေးဆိုတာ ဆင်ဆင်ခြင်ခြင်နေရတယ်သမီးရဲ့...သူနဲ့သမီးနဲ့လက်ထပ်ဖို့ဆိုတာက ရာနှုန်းပြည့်သေချာတာမဟုတ်ဘူးလေ " " ဟုတ်ကဲ့ပါအမေ..သူနဲ့ စကားပြောတာမကြာသေးပါဘူး...စောစောကအဘွားတို့တိုက်မှာစကားပြောနေတာပါ..." " အေးပါကွယ် ...သွားအိပ်တေ့ မနက်ကျရင် ...အပန်းဖြေစခန်းကိုသွားအုံးမှာမဟုတ်လား " " ဟုတ်ကဲ့အမေ...သမီးသွားအိပ်တော့မယ်နော် " ပန်းရီပ်ဖြူပြောပြီးတာနဲ့အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~ " ဝူး...အူး..အူး " ဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံတွေက အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။ခွေးအူသံတွေကြောင့် ပန်းရိပ်ဖြူတစ်ကိုယ်လုံး ကြက်သီးတွေထသွားပြီးကျောထဲကစိမ့်တက်လာသလိုဖြစ်သွားမိတယ်။အခန်းထဲမှာက မီးအမှောင်ချထားတာမို့ တစ်ခန်းလုံးမှောင်အတိဖြစ်နေခဲ့တယ်။ကိုယ့်နေနေတဲ့အခန်းဆိုတော့ ပန်းရိပ်ဖြူသိပ်မကြောက်တော့ဘူး။ပြီးတော့ သူမကြုံတွေ့နေရတာက အိပ်မက်လိုလိုဘာလိုဆိုတော့ ကြောက်စိတ်ကသိပ်မရှိဘူး။ညဆယ့်နာရီကျော်ပြန်ရောက်ကတည်းက ပြတင်းပေါက်နားမှာ ခုံချငြီးပန်းရိပ်ဖြူထိုင်နေခဲ့တာ။ပန်းရိပ်ဖြူအခန်းကနေလှမ်းကြည့်ရင် ကားဂိုထောင်တိုက်ရဲ့တစ်ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကိုမမြင်ရပေမဲ့ တကယ်လို့တစ်ယောက်ယောက်က ကားဂိုထောင်တိုက်ကိုသွားမယ်ဆိုရင်တော့ တစ်စိတ်တစ်ပိုင်းတော့မြင်ရတယ်။ပြောရရင်တစ်ဖက်က ဘဘလှထွန်းတို့ခြံဘက်ကနေ ဝင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ခြံနောက်ကနေဝင်တာပဲဖြစ်ဖြစ်ဝင်မှသာ မမြင်ရတာ။ကသစ်မြိုင်ခြံထဲက တစ်ယောက်ယောက်သွားမယ်ဆိုရင်တော့ လမ်တစ်ဝက်အထိတော့မြင်နေရတယ်။ မြို့ပြင်စပ်ဆီကခွေးအူသံတွေကြားနေရပြီးဆိုတော့ အချိန်ကမနည်းတော့ဘူး။လူကအိပ်ချင်နေပေမဲ့ မျက်လုံးတွေကို အတင်းပြူးပြဲဖွင့်ကာ ပန်းရိပ်ဖြူထိုင်နေခဲ့တာ။ခွေးအူသံတွေ အဆက်မပြတ်ပေါ်ထွက်လာပြီး သိပ်မကြာခင်မှာဘဲ ခြံအနောက်ဘက်ဆီက မည်းမည်းအရိပ်သဏ္ဍာန်ကိုလှမ်းမြင်လိုက်ရတာမို့ ပန်းရိပ်ဖြူတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရတယ်။မည်းမည်းအရိပ်က ကားဂိုထောင်အနောက်ဘက်ကို လှစ်ခနဲလျှောက်သွားခဲ့ပြီးပျောက်ကွယ်သွားခဲ့တယ်။ပန်းရိပ်ဖြူနေရာမှာ ခဏကြာရပ်ပြီး အရိပ်ကိုကြည့်နေလိုက်တယ်။အတော်လေားကြာအောင်ရပ်နေခဲ့ပြီးမှ နေရာကနေအသာထလိုက်ပြီး အခန်းတံခါးဝဆီကိုဖြည်းညှင်းစွာလျှောက်သွားလိုက်တယ်။ပြီးတော့ တံခါးကိုအသံမမြည်အောင်တွန်းဖွင့်လိုက်ပြီး ကသစ်မြိုင်တိုက်ကြီးရဲ့အနောက်ဘက်လှေကားဆောင်နားဆီကိုထွက်လာခဲ့လိုက်တယ်။အနောက်ဘက်လှေကားဆောင်ကအသက်ကယ်လှေကားလို့ပြောရမလား အဲ့ဒီလှေကားကဆင်းသွားရင် မီးဖိုဆောင်နောက်ဘက်စတိုခန်းထဲကိုရောက်တယ်။စတိုခန်းကသော့တော့ခတ်ထားလ့မရှိဘူး။ပစ္စည်းဟောင်းတွေပဲထားတာ။လှေကားတံခါးကိုအပေါ်ကနေပဲသော့ခတ်ထားတာ။သော့ကလဲ တံခါးနားက နံရံအမြင့်ပေါ်မှာချိတ်ထားတာ။လှေကားနဲ့မနီးမဝေးကအခန်းက အလွမ်းဆွတ်ရဲ့အခန်းပဲ။ပန်းရိပ်ဖြူလျှောက်လာခဲ့ရင်းနဲ့ အလွမ်းဆွတ်ရဲ့အခန်းရှေ့ကိုရောက်တော့ ခဏရပ်နေမိတယ်။အနောက်ဘက်စင်္ကြန်လမ်းတစ်လျှောက်လုံးက စင်္ကြန်မီးခပ်မှိန်မှိန်လေးတစ်လုံးပဲထွန်းထားတာမို့ ချောက်ချားစရာတော့ကောင်းနေတယ်။တစ်လောကလုံးအိပ်စက်နေကြတဲ့ ခုလိုညသန်းခေါင်အချိန်ကချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့တာ။အလွမ်းဆွတ်ရဲ့အခန်းရှေ့မှာရပ်ပြီး တံခါးကို ပန်းရိပ်ဖြူတိုးဖွဖွခေါက်လိုက်တယ်။အထဲက လှုပ်ရှားသံကိုလုံးဝမကြားရဘူး။ဒုတိယအကြိမ်မြောက်တိုးဖွဖွလေးထပ်ခေါက်ကြည့်လိုက်တယ်။အထဲကလှုပ်ရှားသံလုံးဝမကြားရဘဲ တိတ်ဆိတ်နေခဲ့တယ်။တုံ့ပြန်မှုမရှိတဲ့ အခန်းရှေ့ကနေ ပန်းရိပ်ဖြူအသာလှည့်ထွက်လာခဲ့လိုက်ပြီး အနောက်ဘက်လှေကားရှိရာကိုလျှောက်လာလိုက်တယ်။ဒီလှေကားကနေ ပန်းရိပ်ဖြူအောက်ထပ်ကိုမဆင်းဖူးဘူး။လှေကားနားကိုရောက်တော့ သော့တံချိတ်ထားတဲ့နေရာကိုကြည့်လိုက်တယ်။သော့ကနေရာမှာရှိနေတယ်။သော့ကိုယူလိုက်ပြီး လှေကားတံခါးကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားတာနဲ့အသာပြန်ခတ်ထားလိုက်ပြီး အောက်ကိုအမြန်ဆင်းလာခဲ့လိုက်တယ်။လှေကားက သိပ်မသုံးတာမို့ လှေကားမီးတွေကိုအကုန်ပိတ်ထားပြီး ကြောက်စရာကောင်းလောက်အောင်မှောင်မိုက်နေခဲ့တယ်။ပန်းရိပ်ဖြူဖုန်းမီးကိုထွန်းပြီး လှေကားအတိုင်းဆင်းလာခဲ့လိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၆) akyiphyu ********* " ပန်းရိပ်...ပန်းရိပ်ဘာဖြစ်လို့လဲ ...ဘာဖြစ်တာလဲ " ထိတ်လန့်တကြားနဲ့အော်လိုက်ပြိး ကြမ်းပြင်ပေါ်ကိုဘုတ်ခနဲထိုင်လျက်သားလဲကျသွားတဲ့ပန်းရိပ်ဖြူကိုကြည့်ပြီး စိုင်းမြတ်စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ဒီအချိန်မှာပဲ အခန်းပြင်ကနေခြေသံထွက်ပေါ်လာခဲ့ပြီး အခန်းဝကိုလူတစ်ယောက်ရောက်လာခဲ့တယ်။ " ကိုစိုင်းမြတ်...ကိုစိုင်းမြတ်အခန်းကအော်သံကြားလို့ ဘာဖြစ်တာလဲဗျ ...ဟာ...မမလေးပါလား...နေမကောင်းတာလား....ဘာဖြစ်တာလဲ " ရောက်လာသူက ဘုန်းသိင်္ခဖြစ်ပြီး လဲကျနေတဲ့ပန်းရပ်ဖြူကိုတွေ့တော့ ဘုန်းသိင်္ခကအခန်းထဲကိုဝင်လာပြီး ပန်းရိပ်ဖြူရဲ့ဘေးနားမှာထိုင်လိုက်တယ်။ " သူဘာဖြစ်တာလဲ ကိုစိုင်းမြတ် " ဘုန်းသိင်္ခရဲ့မေးသံကနည်းနည်းမာဆတ်နေခဲ့တယ်။ဘုန်းသိင်္ခရဲ့အသံကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီး " ခြံ,,,ခြံထဲမှာမိန်းမတစ်ယောက်...ပန်းရိပ်ကိုလှမ်းကြည့်နေတယ်...မျက်...မျက်နှာက ကြောက်...ကြောက်စရာကြိး " ပန်းရိပ်ဖြူကတုန်တုန်လှုပ်လှုပ်နဲ့ပြောရင်း ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်တယ်။ပန်းရိပ်ဖြူလက်ညှိုးထိုးပြလိုက်တာနဲ့ ဘုန်းသိင်္ခကပြတင်းပေါက်ကိုချက်ချင်းထကြည့်လိုက်တယ်။ပြီတော့ ခေါင်းကိုခါယမ်းလိုက်ပြီး " မမလေး အမြင်မှားတာလဲဖြစ်ချင်ဖြစ်မှာ...ဘာမှမရှိဘူး မမလေး....ကိုစိုင်းမြတ် မမလေးကိုကသစ်မြိုင်ကိုပြန်လိုက်ပို့ပေးလိုက်တာကောင်းမယ်ထင်တယ်...သူအရမ်းလန့်နေတယ်ထင်တယ်....သောက်ရေရှိရင်တိုက်လိုက်ပါအုံး " ဘုန်းသိင်္ခပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူကို လဲကျနေရာကထခိုင်းလိုက်ပြိး ခုံပေါ်မှာထိုင်စေလိုက်တယ်။ " မမလေးအဆင်ပြေလား ...အသက်ရှူတာကိုအောင့်မထားနဲ့ဖြည်းဖြည်းမှန်မှန်ရှုပါ " ဘုန်းသိင်္ခပြောနေချိန်မှာပဲ စိုင်းမြတ်က ရေတစ်ခွက်ယူလာပေးတာမို့ ပန်းရိပ်ဖြူကယူသောက်လိုက်တယ်။ " မမလေး အဆင်ပြေလား...ခဏထိုင်နားပြီးမှ ပြန်မလား " " ကျေးဇူးပဲဘုန်းသိင်္ခ...ရပါပြီ...ပန်းရိပ်ကို ကိုယ်လိုက်ပို့ပေးလိုက်ပါ့မယ်...အလုပ်ပျက်အောင်နှောင့်ယှက်သလိုဖြစ်သွားမိလို့်တောင်းပန်းပါတယ် " ဘုန်းသိင်္ခကပန်းရိပ်ဖြူကိုပြောနေချိန်မှာပဲ စိုင်းမြတ်က ပန်းရိပ်ဖြူနားမှာထိုင်ချလိုက်ပြိး ပန်းရိပ်ဖြူရဲ့လက်မောင်းကနေဖေးမလိုက်ရင်း ဘုန်းသိင်္ခကို လေသံအေးစက်စက်နဲ့ပြောလိုက်တယ်။ " ကျေးဇူးပါနော် ကိုဘုန်းသိင်္ခ...ဒါနဲ့နှစ်ယောက်လုံးကို ပန်းရိပ်အကူအညီတောင်းပါတယ်..ပန်းရိပ်အခုဖြစ်သွားတာကို အမေတို့အဘွားတို့ကိုမပြောပါနဲ့နော် ...ရုတ်တရက်ကြီးဆိုတော့ ပန်းရိပ်လဲလန့်သွားတာပါ...အခုဘာမှမဖြစ်တော့ပါဘူး ...ပန်းရိပ်တို့ ဧည့်ခန်းထဲမှာခဏထိုင်ပြီး စကားသွားပြောကြရအောင်လေ " ပန်းရိပ်ဖြူပြောပြီးတော့ နေရာကနေအားယူပြီးထလိုက်တယ်။ ~~~~~~~~~~~~~~ အလွမ်းဆွတ် သော့တွဲတွေကိုကိုင်ပြီး ဒေါ်ပန်းမြိုင်တို့အခန်းဆီကိုလျှောက်လာခဲ့လိုက်တယ်။အခန်းရှေ့ကိုရောက်တော့ တံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်တယ်။ " ဒေါက်...ဒေါက် " " လာပြီ...လာပြီ ..." ဒေါ်ပန်းမြိုင်ကတံခါးကိုဖွင့်ပေးလိုက်ပြီး အခန်းဝမှာအလွမ်းဆွတ်ကိုမြင်လိုက်ရတေ့ မျက်ခုံးလေးကိုပင့်လိုက်ပြီး " ဘာဖြစ်လို့လဲသမီးလွမ်း...မအိပ်သေးဘူးလား " " ဟုတ်ကဲ့ အမေပန်းမြိုင်...အလွမ်းအိပ်တော့မလို့်ပါ...အဲ့ဒါ...ဟိုလေ..ပန်းရိပ်ပြန်မရောက်သေးဘူးလို့ မဇာယုကပြောလို့်ပါ...အဘွားတို့အိမ်ကိုလိုက်ခေါ်လိုက်ရမလားအမေပန်းမြိုင် " အလွမ်းဆွတ်ရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်လုံးပြူူးသွားရပြီး " ဘယ်လို ...ပန်းရိပ်ပြန်မလာသေးဘူးလား ...ဆယ်နာရီကျော်နေပြီမဟုတ်လား...ဒီကောင်မလေးတော့ ပြောစကားကိုနားမထောင်ဖူးဘဲ ..ကဲ..လာ..လာ...သမီးလွမ်းတစ်ယောက်တည်းတော့သွားလို့်မဖြစ်ပါဘူး...အမေပန်းမြိုင်လဲလိုက်ခဲ့မယ် ..သွားရအောင် " ဒေါ်ပန်းမြိုင်ကပြောပြောဆိုဆိုနဲ့အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~~ " ဟင်...သူ့အဘွားအိမ်လဲမီးတွေပိတ်သွားပါပြီ ...ဒီကောင်မလေးဘယ်သွားတာလဲ ...အောင်မောင်းတို့်ကိုခေါ်လိုက်အုံးသမီးလွမ်း " ဒေါ်ပန်းမြိုင်ကပြောပြီးတော့ ခြံထဲကိုလှည့်ပတ်ကြည့်လိုက်တယ်။ဒီအချိန်မှာပဲ ကားဂိုထောင်ဘက်ဆီကလျှောက်လာကြတဲ့ ပန်းရိပ်ဖြူနဲ့စိုင်းမြတ်တို့ကိုတွေ့လိုက်ရတာမို့ ဒေါ်ပန်းမြိုင်ရဲ့မျက်နှာတင်းမာသွားရတယ်။ " သမီးရယ် ဘယ်တွေရောက်နေတာလဲ...အမေတို့ကလိုက်ရှာနေတာ " " သမီး ...ကိုစိုင်းမြတ်နဲ့စကားပြောနေလို့ နည်းနည်းနောက်ကျသွားတယ်အမေ...သမီးတောင်းပန်းပါတယ်နော်...သမီးဆေးသောက်ချိန်ရောက်နေပြီမို့သွားတော့မယ်အမေ...ကိုစိုင်း..ပန်းရိပ်သွားတော့မယ်နော်...စောစောအိပ်အုံးနော် "

ပြောပြောဆိုဆိုနဲ့ အနားကိုကပ်လာပြီး သူမလက်ကိုလှမ်းဆွဲလိုက်တဲ့ စိုင်းမြတ်ရဲ့လှုပ်ရှားမှုကြောင့် ပန်းရိပ်ဖြူခြေလှမ်းတွေကို နောက်ကိုမသိမသာပြန်ဆုတ်လိုက်တယ်။ " ကိုစိုင်းက သိပ်တော်တာပဲ ..ပန်းရိပ်ကတော့ ဒီလိုတွေမရှင်းတတ်ဘူးနော် " " ပန်းရ်ပ်က ဒါတွေလုပ်စရာမလိုပါဘူး ..ကိုယ်တို့တွေ အလုပ်သမားမငှားနိုင်ရင်တောင် ကိုယ်ပဲလုပ်ပေးမှာပေါ့ " ပြောရင်းနဲ့စိုင်းမြတ်ကအခန်းတံခါးကိုပိတ်ဖို့ပြင်လိုက်တာမို့ ပန်းရိပ်ဖြူမျက်စိတွေပြာခနဲဖြစ်သွားရပြီ ကမန်းကတန်းလှမ်းတားလိုက်မိတယ်။ " ဟို...ပန်းရိပ်ပြန်တော့မယ်လေကိုစိုင်း...ဆယ်နာရီထိုးတော့မယ်လေ ..ဒါနဲ့ဘုန်းသိင်္ခရဲ့အခန်းကဘယ်နားမှားလဲ " ပန်းရိပ်ဖြူလန့်လန့်နဲ့အသံကျယ်ကျယ်စကားပြောလိုက်တော့ စိုင်းမြတ်မျက်နှာပျက်သွားတာကို သတိထားလိုက်မိတယ်။ " ပန်းရိပ်ရယ်...ကိုယ်နဲ့ရှိနေချိန်မှာ တခြားလူအကြောင်းကိုမပြောပါနဲ့ကွာ ..ကိုယ်တောင်းပန်ပါတယ်နော် ...ပန်းရိပ်မကြိုက်ရင် ကိုယ်လေပန်းရိပ်အသားကိုလုံးဝမထိပါဘူး " စိုင်းမြတ်ကဝမ်းနည်းသွားဟန်နဲ့ပြောလာတော့ သူ့အပေါ်မယုံမကြည်ဖြစ်သွားမိတာကို ပန်းရိပ်ဖြူအားနာသွားမိတယ်။ " ဟိုလေ...အဲ့ဒီလိုသဘောမျိုးမဟုတ်ပါဘူးကိုစိုင်းရယ်...ပန်းရိပ်စိတ်ထဲဘာမှမရှီပါဘူး..သိချင်ရုံသက်သက်မေးလိုက်မိတာပါ ...ပန်းရိပ်တောင်းပန်ပါတယ်နော်" ပန်းရိပ်ဖြူကမန်းကတန်းပြန်တောင်းပန်လိုက်ပြီး သူကျေနပ်သွားအောင် အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်တယ်။စိုင်းမြတ်ကလဲ ပန်းရိပ်နားကနေကပ်ပါလာခဲ့တယ်။ပန်းရိပ်ဖြူလဲ ဘာမှမဖြစ်သလိုဟန်နဲ့ ပြတင်းပေါက်နားကိုလျှောက်သွားလိုက်ပြီး ခြံထဲကိုလှမ်းကြည့်လိုက်မိတယ်။ခြံထဲကိုကြည့်မိလိုက်တဲ့ ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံက ပြူးကျယ်ဝိုင်းစက်ကာ ထိတ်လန့်တုန်လှုပ်သွားမိတယ်။ခြံကနေ သူမတို့ကိုကြည့်နေတဲ့အမျိုးသမီးတစ်ယောက်။အမျိုးသမီးရပ်နေတဲ့နေရာက မီးအလင်းရောင်သိပ်မရှိတာမို့ လူပုံကိုသဲသဲကွဲကွဲမမြင်ရဘူး။ပန်းရိပ်ဖြူမျက်လုံးအကြောင်းသားနဲ့ကြည့်နေမိစဉ်မှာပဲ အမျိုးသမီးရဲ့မျက်လုံးတွေကမီးလုံးတွေလိုစူးရဲတောက်ပလာတာကိုတွေ့လိုက်ရတယ် ။ပြီးတော့ မီးသွေးတုံးကြိးလိုမည်းနက်နေတဲ့မျက်နှာကြီးကိုပါထင်ထင်ရှားရှားမြင်လိုက်ရတယ်။ပန်းရိပ်ဖြူကြောက်စိတ်ကိုမထိန်းထားနိုင်တော့ဘဲ လွှတ်ခနဲအော်လိုက်မိတော့တယ်။ " အား " ================================== အပိုင်း(၂၆)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/

" ကိုစိုင်းကို ပန်းရိပ်စောင့်နေပါ့မယ် ...ကိုစိုင်းလဲ ပန်းရိပ်အပေါ် သစ္စာရှိပေးပါနော် ...တကယ်လို့များ ကိုစိုင်းစိတ်ပြောင်းသွားခဲ့ရင်လဲ ... ပန်းရိပ်ကို ပွင့်ပွင့်လင်းလင်းပြောပါ " " ပန်းရိပ်ရယ် ...ကိုယ့်ဘက်က ဘယ်တော့မှ စိတ်မပြောင်းပါဘူး ...ပန်းရိပ်တစ်ယောက်ကိုပဲ ချစ်ပြီး ပန်းရိပ်ကိုပဲ လက်ထပ်မှာပါ " စိုင်းမြတ်က ပြောလိုက်ရင်းနဲ့ ပန်းရိပ်ဖြူရဲ့ ပခုံးလေးကို မရဲတရဲနဲ့ ဖက်လိုက်တယ်။စိုင်းမြတ်ရဲ့ အပြုအမူအတွက် ပန်းရိပ်ဖြူမရုန်းပါ။ပန်းရိပ်ဖြူရဲ့ မျက်လုံးထောင့်စွန်းကနေ လှမ်းမြင်နေရတဲ့ အလွမ်းဆွတ်ရဲ့ အခန်းလေးက မှောင်နေပေမဲ့ ပြတင်းပေါက်နားမှာ အလွမ်းဆွတ်ရှိနေတယ်လို့ ပန်းရိပ်ဖြူ ယုံကြည်နေမိတယ်။အလွမ်းဆွတ်ရှိနေတာကို ပန်းရိပ်ဖြူတို့က မမြင်ရပေမဲ့ ပန်းရိပ်ဖြူတို့ရှိနေတဲ့နေရာကတော့ မီးတွေလင်းနေတာမို့ အလွမ်းဆွတ်ရဲ့ အခန်းကနေကြည့်ရင် ပန်းရိပ်ဖြူတို့နှစ်ယောက်ကို ကောင်းကောင်းမြင်ရနိုင်တယ်လေ။ " ပန်းရိပ်လေ ..ကိုစိုင်းအခန်းကို တစ်ခါမှ မရောက်ဖူးဘူး ....ကိုစိုင်းရဲ့ အခန်းကဘယ်နားမှာလဲဟင် ...ပန်းရိပ်အခုလိုက်ကြည့်လို့ရလားဟင် ... ပန်းရိပ်က ညဆယ်နာရီအိမ်ပေါ်ပြန်တက်ရမှာဆိုတော့ နာရီဝက်လောက်တော့ အချိန်ရပါသေးတယ် " ပန်းရိပ်ဖြူရဲ့စကားကြောင့် စိုင်းမြတ်အံ့ဩသွားမိကာ ရင်တွေပါတဒိန်းဒိန်း ဆောင့်ခုန်သွားရတယ်။ သူတို့သိလာခဲ့တဲ့ နှစ်တွေနဲ့ ချစ်သူသက်တမ်းအတွင်းမှာ ပန်းရိပ်ဖြူက ဆတ်ဆတ်ထိမခံဖြစ်ခဲ့တာလေ။ " ဘာလို့လဲဟင် ကိုစိုင်း ... ပန်းရိပ်ကို မခေါ်ချင်လို့လား " " မ ..မဟုတ်ပါဘူး ပန်းရိပ်ရယ် ....ကိုယ်နေတဲ့အခန်းကို ပန်းရိပ်စိတ်ဝင်စားတယ်ဆိုတော့ ကိုယ်အရမ်းပျော်သွားလို့ပါ ..ပန်းရိပ်ကလိုက်ကြည့်ချင်တယ်ဆိုရင် ...ခေါ်တာပေါ့ ..ပြီးတော့ ဒီတိုက်ကလဲ ပန်းရိပ်ပိုင်တဲ့တိုက်ပါပဲ " " ကိုစိုင်းနော် ..အဲ့ဒီလိုမပြောနဲ့ ...ပန်းရိပ်က ကိုယ့်ချစ်သူဘယ်လိုနေတာလဲ သိချင်လို့ လိုက်ကြည့်မှာပါနော် ... တခြားစကားတွေ မပြောပါနဲ့ " " ဟာ .. ကိုယ်က အဲ့ဒီလို သဘောနဲ့ပြောတာမဟုတ်ပါဘူး ပန်းရိပ်ရယ် " " ကဲပါ ..လာပါ...သွားရအောင် ... ခြံထဲမှာလူတွေလစ်တုန်း အမြန်သွားကြမယ် ... တော်ကြာ ဆယ်နာရီထိုးတော့မှာ ...အမေတို့ သိသွားမှရှင်းပြရခက်နေမယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ စိုင်းမြတ်ရဲ့လက်ကိုဆွဲကိုင်ပြီး ကားဂိုထောင်အပေါ်ထပ်က တိုက်ဆီကို သွားလိုက်တယ်။အပေါ်ထပ်တက်တဲ့ လှေကားက တစ်ဖက်ခြံမှာရှိတာ။ အလွမ်းဆွတ်အခန်းကလှမ်းကြည့်ရင် လှေကားဘက်ခြမ်းကို မမြင်ရဘူး။ တိုက်ရဲ့နောက်ဘက်ခြမ်းကိုပဲ မြင်ရတာ။ ဒါကြောင့်လဲ စိုင်းမြတ်ရဲ့လက်ကိုဆွဲပြီး ကားဂိုထောင်နောက်ဘက်ခြမ်းကနေတမင်ကို ပန်းရိပ်ဖြူပြေးထွက်ခဲ့တာ။ သေချာတာက ဒီအခြေအနေကို အလွမ်းဆွတ် သေချာကိုမြင်လိမ့်မယ်ဆိုတာပါပဲ။ပန်းရိပ်ဖြူရဲ့လုပ်ရပ်က ဘေးလူတစ်ယောက်ယောက်ကြည့်ရင်အထင်သေးစရာဖြစ်နေပေမဲ့ စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့ကိစ္စလေးတစ်ခုကိုရှင်းလင်းဖို့အတွက် အရဲ့စွန့်ကြိုူးစားလိုက်တာပါ။လူရယ်လို့သိလာကတည်းက လုပ်ချင်တာကိုလုပ်လိုက်ရမှ ကျေနပ်တတ်တဲ့စိတ်ကြောင့်လဲ ဒီလိုမျိုးလုပ်ပစ်လိုက်တာပဲ။ ~~~~~~~~~~~~ တိုက်ပေါ်ကိုရောက်လာခဲ့တော့ ပန်းရိပ်ဖြူရဲ့စိတ်တွေလှုပ်ရှားတုန်ဃင်လာမိတယ်။ဒါကကြောက်စိတ်လား။ရှက်ရွံ့စိတ်လား၊နောင်တစိတ်လားဆိုတာတော့ မခွဲခြားနိုင်ဖြစ်နေမိတယ်။ရှေ့ကနေဦးဆောင်သွားနေတဲ့ စိုင်းမြတ်ကိုကြည့်ပြီး သူမရဲ့ခြေလှမ်းတွေမသိမသာတုံ့နှေးလာမိတယ်။မှန်တာပြောရရင် ဒီပေါ်ကိုပန်းရိပ်ဖြူမရောက်တာနှစ်နဲ့ချီပြီးကြာနေခဲ့ပြီလေ။စိုင်းမြတ်က စင်္ကြန်လမ်းတွေကြားကနေကွေ့ပတ်ပြီးသွားနေခဲ့တာကိုကြည့်ပြီး ပန်းရိပ်ဖြူပြန်ထွက်ပြေးချင်စိတ်တွေပဲဖြစ်နေမိတယ်။ " လာလေပန်းရိပ်...ကိုယ့်အခန်းက ဒီမှာလေ " စိုင်းမြတ်ကပြောပြောဆိုဆိုနဲ့သူ့အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။အခန်းထဲကိုလှမ်းကြည့်လိုက်တဲ့အခိုက်မှာ ပန်းရိပ်ဖြူစိတ်ထဲအံ့ဩစိတ်ကလေးဖြစ်မိသွားတယ်။အခန်းကထင်တာထက်ပိုပြီး သန့်ရှင်းသပ်ရပ်နေခဲ့တယ်။အဝတ်တွေကိုချိတ်နဲ့ချိတ်ထားတာကအစ သပ်သပ်ရပ်ရပ်ရှိနေခဲ့တာ။ပန်းရိပ်ဖြူက ရုပ်ရှင်တွေကြည့်စာတွေဖတ်ပြီး အမြဲသံသယများနေတတ်သူမို့လို့လားမသိဘူး။ယောက်ျားတစ်ယောက်ရဲ့အခန်းက ဒီလောက်သန့်ရှင်းသပ်ရပ်နေတော့လဲ စိတ်ထဲမှာမယုံသင်္ကာတွေဖြစ်လာမိပြန်တယ်။ " ဝင်ကြည့်လေ ပန်းရိပ် " ပန်းရိပ်ဖြူ ကိုယ့်ဘာသာအတွေးများနေချိန်မှာပဲ စိုင်းမြတ်ရဲ့အသံကိုကြားလိုက်ရတော့ စိတ်ထဲမှာထိတ်ခနဲတုန်လှုပ်သွားမိတယ်။ "ကိုစိုင်းရဲ့အခန်းက ...သပ်ရပ်နေတာပဲ ....မသိရင်မိန်းမကရှင်းပေးထားတဲ့အတိုင်းပဲနော် " ထိန်းထားတဲ့ကြားကနေ ပန်းရိပ်ဖြူလွှတ်ခနဲပြောလိုက်မိတယ်။ " ဟာကွာ ..ပန်းရိပ်ကတော့ နောက်ပြီ ...ကိုယ်ကိုယ်တိုင်ရှင်းထားတာပါကွာ...ပန်းရိပ်မယုံဘူးဆိုရင်..ပန်းရိပ်အခန်းကို ကိုယ်လာရှင်းပေးရမလား " " အင်း..ကောင်းသားပဲ ...ပန်းရိပ်က...အလုပ်သမားတွေကိုမယုံလို့် သိပ်မရှင်းခိုင်းဖြစ်တော့အတော်ပဲပေါ့ " " ပန်းရိပ်အတွက်ဆိုရင် ကိုယ်ကအမြဲအဆင်သင့်ပါကွာ...ပန်းရိပ်ခိုင်းချင်တာခိုင်းပါ "

ပန်းရိပ်ဖြူက ဒေါ်စောရီကို ဦးတည်ပြီးမေးလိုက်တယ်။ဒေါ်စောရီက သူ့ကိုတိုက်ရိုက်မမေးရင် ဘယ်အရာကိုမှဝင်ပြောလေ့မရှိတဲ့လူမျိုးလေ။အခုတောင် ပန်းရိပ်ဖြူမေးလိုက်တော့ ဖြေဖို့အရေးကို အဘွားကိုကြည့်လိုက်သေးတာ။အဘွားကခေါင်းငြိမ့်ပြလိုက်မှသာ ဖြေတာ။ " ဟို..ဒေါ်ကြီးမှတ်မိသလောက်တော့ ....ကိုယ်လုံးက သူဌေးကတော်လိုပဲ ကိုယ်လုံးလှလှနဲ့ပဲ ...အသားဖြူတာနဲ့နည်းနည်းညိုတာပဲကွာတာ ...အရပ်အမောင်းကအစအတူတူပဲ...သမီးသေချာသိချင်ရင် သမီးတို့်အမေဆီမှာ ဓါတ်ပုံတွေဘာတွေတောင်းကြည့်ပေါ့ " " ဓါတ်ပုံတွေ အကုန်လုံးဆေးတွေဝါးနေလို့ သိပ်လဲမပီပြင်ပါဘူး...ပြီးတော့ ဒေါ်အေးပုံဆိုတဲ့အမျိုးသမိးရဲ့ပုံလဲမပါဘူးလေ " " အင်း... အလုပ်သမားပုံဆိုတော့ မသိမ်းထားတာဖြစ်မယ်....ဒါနဲ့..သမီးကဘာလို့သိချင်နေတာလဲကွယ် " ဘွားကြေးဥကမြေးဖြစ်သူကိုမေးလိုက်တယ် ။ " ဟို..သမီး အိပ်မက်ထဲမှာမက်မက်နေတဲ့ သရဲက ..ဒေါ်အေးပုံလားလို့သိချင်လို့ပါအဘွား.." " မြေးလေးရယ်...အဲ့ဒါတွေကိုအစွဲအလမ်းမထားပါနဲ့ကွယ်....အချိန်တွေလဲကြာခဲ့ပြီမို့ ...အခုလောက်ဆိုကျွတ်လွတ်သွားလောက်ပါပြီ ..ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ " " ဟုတ်ကဲ့ပါ အဘွား...ဒါနဲ့ သမီးထင်တာလေးတစ်ခုလောက်မေးအုံးမယ်...ဟိုလေ အဘွား ...သမီးတို့အပန်းဖြေစခန်းကို သွားတာကို ...ဘဘလှထွန်းတို့တွေသိတယ်ဆို...သမီးတို့မိသားစုကို ဒုက္ခရောက်စေချင်တာက ဘဘလှထွန်းတို့လဲဖြစ်နိုင်တာပဲလေ " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘွားကြေးဥမှာမျက်လုံးပြူးသွားရပြီး " အို ...မဟုတ်တာ မြေးလေးရယ်...လှထွန်းတို့မှာ ဒီလိုစိတ်ဓါတ်မျိုးတွေမရှိကြပါဘူး...ဖွဟဲ့ ...တကယ်လို့များ သမီးတို့မိသားစုမရှိရင်တောင်... အဘွားရဲ့အမွေတွေကို သူတို့မောင်နှမက အနည်းအကျဉ်းပဲရမယ်ဆိုတာ သူတို့သိပြီးသားပါ ..ကဲပါသမီးရယ်...မဟုတ်တာတွေလျှောက်တွေးမနေနဲ့တော့ ဒီရက်ပိုင်းမောင်စိုင်းမြတ်နဲ့ရော တွေ့ကြရဲ့လား " " ဟုတ်ကဲ့ တွေ့ဖြစ်ပါတယ်အဘွား...သမီးနဲ့ကိုစိုင်းရဲ့ကိစ္စကို နောက်နှစ်မှပဲစီစဉ်ဖို့ အမေတို့ပြောတယ်မဟုတ်လားအဘွား...သမီးလဲစဉ်းစားကြည့်တော့ နောက်နှစ်မှစီစဉ်တာက ပိုအဆင်ပြေမယ်လို့ထင်မိတယ် " " နောက်ဆုံးတော့ သမီးကိုယ်တိုင်က ...သမီးအမေရဲ့စကားကိုနားယောင်သွားပြီးမဟုတ်လား ...အဘွားကလဲမွေးနေ့နီးလာလို့ ...သမီးအတွက်လုံခြုံအောင် သမီးဘေးနားမှာမောင်စိုင်းမြတ်ကိုထားချင်တာပါ ...သမီးအမေက အခုလိုတွေပြောတော့ မောင်စိုင်းမြတ်ကလဲပြောပါတယ်...ယောက္ခမအမြင်မကြည်တာကိုတော့ သူလဲလက်မခံရဲဘူးတဲ့လေ...သမိးတို့အမေသဘောကျလာအောင် သူကြိုးစာမယ်တဲ့လေ " အဘွားရဲ့စကားကြောင့် ပန်းရိပ်ဖြူခေါင်းငြိမ့်ပြလိုက်ပြီး သဘောကျနှစ်ခြိုက်စွာပြုံးလိုက်မိတယ်။ဒီလိုဆိုတော့လဲ စိုင်းမြတ်က မိဘတွေကိုလေးစားပေးတာမို့ စိတ်ထဲကျေနပ်မိသွားတယ်။ ~~~~~~~~~~~~~~~~~ ပန်းရိပ်ဖြူထိုင်နေတဲ့နေရာကိုမြင်လိုက်ရတော့ ဖြုန်းခနဲ စိုင်းမြတ်စိတ်မောသွားမိတယ်။ဒီလောက်ကျယ်တဲ့ ကသစ်မြိုင်ခြံကျယ်ကြီးထဲမှာ ပန်းရိပ်ဖြူရှိနေတဲ့နေရာက အလွမ်းဆွတ်ရဲ့အခန်းကနေလှမ်းကြည့်လိုက်ရင် တန်းခနဲမြင်ရတဲ့နေရာဖြစ်နေခဲ့တယ်လေ။စိုင်းမြတ်တုန်လှုပ်သွားမိတဲ့စိတ်ကိုပြန်ထိန်းလိုက်ပြီး ပန်းရိပ်ဖြူဆီကို ဟန်မပျက်လျှောက်သွားလိုက်တယ်။ " ပန်းရိပ်က ကိုယ့်ကိုဖုန်းဆက်တယ်ဆိုတော့ အံ့ဩသွားတာပဲ ..ကိုယ်လဲပန်းရိပ်ကို သတိရနေတာနဲ့ ဖုန်းဆက်မလားတွေးနေတာ " စိုင်းမြတ်ကပြောရင်းနဲ့ပန်းရိပ်ဖြူရဲ့ဘေးနားမှာဝင်ထိုင်လိုက်တယ််။ " ပန်းရိပ်တို့စေ့စပ်ဖို့ကိစ္စကို အမေတို့သဘောကျစီစဉ်ဖို့ပဲ ကိုစိုင်းဘက်ကလက်ခံလိုက်တယ်လို့ အဘွားကပြောတယ်...ကျေးဇူးပါနော်ကိုစိုင်း " " ရပါတယ် ပန်းရိပ်ရယ်...အစတုန်းကတော့ ...ကိုယ်လဲ ပန်းရိပ်ကိုစိတ်ပူတာပဲသိတော့ ...အန်တီမြိုင်တို့ဘက်ကိုမစဉ်းစားမိဘူးလေ..နောက်တော့ သေချာစဉ်းစားကြည့်လိုက်တော့မှ ....မကြာခင်မှာအမွေတွေလွဲပြောင်းယူရမဲ့ ပန်းရိပ်ကို ..ကိုယ်ကအတင်းလက်ထပ်ချင်တယ်ဆိုတော့ မရိုးသားသလိုဖြစ်နေတယ်လေ...အဲ့ဒါကြောင့်ကိုယ်စဉ်းစားလိုက်မိတာက ပန်းရိပ်အမွေတွေလွဲပြောင်းယူပြီးရင်....ပန်းရိပ်ရဲ့အမွေတွေကို အန်ကယ်ထွန်းတို့ကိုပဲ ...အပ်နှံထားလိုက်ပြီး ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ပဲ ပန်းရိပ်ကိုတင့်တောင့်တင့်တယ်ထားမယ်လို့်တွေးလိုက်မိလို့လေ...ကိုယ့်ကို ပန်းရိပ်စောင့်နေပေးမယ်မဟုတ်လား... ကိုယ်ပိုပြီးအလုပ်ကြိုးစားပါ့မယ်ကွာ...ကိုယ့်ကြောင့် ပန်းရိပ်ဘယ်တော့မှမျက်နှာမငယ်စေရပါဘူး " " ဟုတ်ကဲ့ ကိုစိုင်း .. ပန်းရိပ် စောင့်နေပါ့မယ်ရှင် " "ဝမ်းသာလိုက်တာ ပန်းရိပ်ရယ် ... ကျေးဇူးတင်ပါတယ်ကွာ " ပန်းရိပ်ဖြူခေါင်းငြိမ့်ပြလိုက်တော့ စိုင်းမြတ်က သူမရဲ့လက်ဖဝါးလေးကို ခပ်တင်းတင်းဆုပ်ကိုင်လာခဲ့တယ်။ပန်းရိပ်ဖြူလဲ ရှက်သွားတာမို့ သူမလက်ကို အတင်းပြန်ရုန်းထွက်ဖို့လုပ်လိုက်မိတယ်။ဒီချိန်မှာပဲ အလွမ်းဆွယ်ရဲ့အခန်းဆီက ပြတင်းပေါက်လိုက်ကာစလှုပ်ရှားသွားတာကို မျက်လုံးထောင့်ကနေမြင်လိုက်ရတာမို့ ရုန်းထွက်ဖို့ပြင်နေတဲ့လက်ကို ရပ်တန့်လိုက်ပြီး စိုင်းမြတ်ရဲ့ ပခုံးစွန်းပေါ်ကို ခေါင်းလေးမှီချလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၅) akyiphyu ********* ဘုန်းသိင်္ခရဲ့အော်သံကြောင့် ပန်းရိပ်ဖြူသတိဝင်လာမိပြီး " ဪ...အင်းပါ...ကြားပါတယ်ရှင်...ဘာလို့အော်တာလဲ...သူ့ကိုအော်ရင်တော့မကြိုက်ဘူး....သူများကိုလာအော်နေရလား..." ပန်းရိပ်ဖြူမကေမနပ်နဲ့ပြောလိုက်ရင်း မျက်စောင်းထိုးပစ်လိုက်တယ်။ " အော်မိလို့ ဆောရီးပါဗျာ...ကျွန်တော်လဲ ...ခင်ဗျားဆီကနေ ... အော်ငေါက်တတ်တဲ့အကျင့်တွေကူးသွားတာထင်တယ် ...တော်ကြာ မစခင်ကတည်းက တလွဲတွေလုပ်မိမှာစိုးလို့ပြောနေတာပါ " " စိတ်ချပါ...ကျွန်မလဲညာပြောဖို့စဉ်းစားနေတာ ...ပြောရမှာစိတ်တော့မလုံဘူး...ဒါပေမဲ့ကြိုးစားကြည့်ရမှာပေါ့ " ပန်းရိပ်ဖြူပြောရင်းက သက်ပြင်းကိုချလိုက်မိတယ်။ညာပြောရတာက ပန်းရိပ်ဖြူအတွက်အခက်ဆုံးအလုပ်ပဲလေ။အထူးသဖြင့် မိဘတွေကိုမညာချင်တာပါ။ ~~~~~~~~~~~~~~ " မောင်ဘုန်းသိင်္ခကို ပြဿနာမရှာဘဲ အလုပ်တွေအဆင်ပြေနေတယ်ဆိုတော့...အဖေတို့တောင် အံ့ဩနေတာ ....ဒါနဲ့ သမီးတို့ တောင်ကြားလမ်းထဲဝင်သွားသေးတယ်ဆို ...သမီးဝင်ရဲပြီလား...ဘာမှမဖြစ်ဘူးလား " ဦးဘိုထွန်းက သမီးဖြစ်သူကို မေးလိုက်တယ်။ " ဖြစ်တာပေါ့ အဖေ ... သမီးလန့်ပြီး အော်တာပေါ့ ...လဲကျသွားပေမဲ့ အရင်ကလိုတော့ သတိလစ်မသွားဘူး " " ဟုတ်လား ....ဒါဆိုရင်...သမီးရဲ့ကျန်းမာရေးကတော်တော်လေး ကောင်းလာပြီထင်တယ်နော်မြိုင် " " ဟုတ်တယ်ကိုထွန်း ...မြိုင်လဲ သတိထားမိတယ်....ဒီလကုန်မှာ.. သမီးကိုဆရာဝန်ကြီးနဲ့ သေချာစမ်းသပ်ကြည့်အုံးမလားလို့လေ " ဒေါ် ပန်းမြိုင်က ဦးဘိုထွန်းကို ပြောလိုက်တော့ ဦးဘိုထွန်းက ထောက်ခံတဲ့သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ " အဘွားဆီကို သမီးခဏသွားလိုက်အုံးမယ်နော် အမေ " " သွားလေသမီး...ညဆယ်နာရီတော့မကျော်စေနဲ့နော်သမီး ...အဘွားက လူကြီးဆိုတော့ စောစောအိပ်တတ်တာ " " ဟုတ်ကဲ့ပါ အမေ " ပန်းရပ်ဖြူ မိခင်ကိုခေါင်းငြိမ့်ပြလိုက်ပြီး အဘွားဖြစ်သူရဲ့တိုက်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~!~~~~ " အပန်းဖြေစခန်းမှာအလုပ်လုပ်နေတာအဆင်ပြေရဲ့လား သမီး ...တောင်ကြားဘက်ကိုသိပ်မသွားနဲ့နော် " " ဟုတ်ကဲ့ပါအဘွား ...အဆင်ပြေပါတယ်...အဘွားကိုမေးစရာရှိလို့လာခဲ့တာ " " မေးလေသမီး...ဘာမေးမလို့်လဲ " ဘွားကြေးဥက မြေးဖြစ်သူပန်းရိပ်ဖြူရဲ့အမေးကိုပြန်ပြောလိုက်တယ်။ " ဟိုလေအဘွား....အပန်းဖြေစခန်းမှာဆုံးသွားခဲ့တဲ့ အလုပ်သမားအဒေါ်ကြီးကို အဘွားသိလားဟင်...သူကဘယ်လိုပုံစံမျိုးလဲ .." မြေးဖြစ်သူရဲ့အမေးကြောင့် ဘွားကြေးဥ အတော်ကြာ စဉ်းစားနေပြီးမှ " အင်း....အဲ့ဒီတုန်းက သမီးတို့အမေနဲ့အဆင်မပြေလို့... ကသစ်မြိုင်ကို အဘွားကမရောက်ဖြစ်တော့ အလုပ်သမားမိန်းမကိုသိပ်မသိဘူး...နာမည်ကတော့ အေးပုံဆိုလား...သမီးတို့အမေက သနားလို့ခေါ်လာတာတဲ့လေ...သိတဲ့သူတချို့ပြောတာတော့ ...မိန်းမကအချောသားတဲ့ ...အသားညိုတာကလွဲလို့ချောတယ်တဲ့...ကသစ်မြိုင်ကိုရောက်လာတော့ ပိုပြီးတသွေးတမွေးဖြစ်လာလို့် ...ပတ်ဝန်းကျင်ကတောင် ပြောကြတယ်တဲ့...ဒါပေမဲ့သိတယ်မဟုတ်လား..သမီးတို့အမေမတတ်ပက သူပဲသိသူပဲတတ်တော့ ...သူ့အိမ်မှာသူခေါ်ချင်တဲ့သူမှန်သမျှကိုခေါ်ထားတာ...မိန်းမက သမီးလေးတစ်ယောက်ရှိတယ်လေ ... မြေးလေးနဲ့အတူပျောက်သွားတဲ့ ကလေးမလေးပေါ့ ...အဘွားက သမီးတို့အဖေကိုအမြဲပြောတယ်...အလုပ်သမားခေါ်ရင် ဆယ့်လေးနှစ် ...ဆယ့်ငါးနှစ်အရွယ်လေးတွေနဲ့အသက်ကြီးတာတွေကိုပဲခေါ့်လို့ပြောခဲ့တာ ... သမီးတို့ အမေကနားလဲမထောင်ပါဘူး...အဆိုးဆုံးက သူ့တူမကိုခေါ်ထားတာပဲ ...ဒါတွေက ကြာလာရင်အမွေကိစ္စတွေပါရှုပ်လာနိုင်လို့ တားခဲ့တာလေ...ပြီးတော့အလွမ်းဆွတ်ရဲ့အမေက ... အမေတူအဖေတူသမီး... ဗီဇကောင်းတာမဟုတ်ဘူး..မြို့ပေါ်ကပျောက်သွားပြီးမှ ကလေးတစ်ယောက်နဲ့ပေါ်လာတာ...ပြီးတော့ ကလေးကိုသမီးတို့အမေဆီမှာအပ်ထားပြီး ...လူမျိုးခြားတစ်ယောက်နဲ့နိုင်ငံခြားကိုလိုက်သွားတယ်ဆိုလားပဲ ' ပန်းရိပ်ဖြူက အလုပ်သမားအမျိုးသမီးကြီးအကြောင်းကိုမေးလိုက်ပေမဲ့ အဘွားကသူ မကျေမနပ်ဖြစ်ခဲ့တာတွေက်ို အကုန်ဖွင့်ပြောနေတော့တာမို့ အဘွားကျေနပ်အောင် နားထောင်ပေးလိုက်တယ်။လိုရင်းကိုသိရဖို့က ဒီလောက်တော့စိတ်ရှည်ရမှာပေါ့လေ။ " နောက်ဆုံးတော့ အဘွားစိုးရိမ်တဲ့အတိုင်းဖြစ်လာခဲ့တာပါပဲလေ...တကယ်ဆို သမီးတို့ အပန်းဖြေစခန်းမှာ...ညသွားအိပ်တာကို အဘွားတောင်မသိဘူးလေ...ကသစ်မြိုင်ကအလုပ်သမားတွေပဲသိကြတာလေ ...ဒါကိုဓ//ါးပြတိုက်ခံရတယ်ဆိုတော့ ....အလုပ်သမားတွေထဲကနေ လက်ထောက်ချခံရလို့ပေါ့ ....ဖြစ်ပြီးမှအလုပ်သမားတွေကို ...အတင်းစစ်တော့လဲ မပေါ်ပါဘူး...အဲ့ဒီတော့မှ အလုပ်သမားတွေအကုန်လုံးကိုအလုပ်ထုတ်ပစ်လိုက်တာလေ...ပြောရရင် သမီးတို့အမေကြောင့် မြေးလေးအထွန်းပျောက်သွားရတာပဲ " ဘွားကြေးဥကပြောနေရင်းမှအာခြောက်လာတာမို့ ဒေါစောရီဆီက သောက်ရေတစ်ခွက်တောင်းလိုက်တယ်။ " ဒါဆိုရင် ..ဒေါ်အေးပုံကို ပိန်လားဝလားတောင် အဘွားကမသိဘူးလား ...ဒေါ်ကြီးစောရီရောမမြင်ဖူးဘူးလား "

A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/

" ဘာလဲ ....ကျွန်တော်ပြောတာ ခက်နေလို့လား ..မလုပ်နိုင်ဘူးလား " မျက်လုံးပြူးလေးနဲ့ ကြည့်နေတဲ့ ပန်းရိပ်ဖြူကို ဘုန်းသိင်္ခကစိတ်မရှည်သလို မေးလိုက်တယ်။ " မ ..မဟုတ်ပါဘူး....ဒါပေမဲ့ ဒီဆေးတွေက ဆရာဝန်ကြီးပေးထားတာလေ ... ဆေးတွေကို အမေနဲ့ကျွန်မကလွဲပြီး ဘယ်သူမှ ကိုင်ခွင့်မရှိဘူး ...ပြောရရင် အဖေတောင်မကိုင်ဘူး " " အင်းလေ ... ဟုတ်ပါပြီ ..အဲ့ဒါဆို ...မင်းသောက်နေတဲ့ဆေးတစ်ခုချင်းစီရဲ့နာမည်နဲ့ဆေးရဲ့ အကျိုးအပြစ်ကိုရော သေချာသိလား....ဆရာဝန်ပေးတဲ့ အတိုင်းပဲသောက်နေတာမဟုတ်လား....ဆရာဝန်ကိုရောယုံလား " " အင်း ....အဲ့..အဲ့ဒါတော့ ဟုတ်တယ်...ဒါ.....ဒါပေမဲ့ ဆေးမသောက်ဘဲနေလို့ဖြစ်ပါ့မလားဟင် ....တော်... တော်ကြာ " ပန်းရိပ်ဖြူစိုးရိမ်ပြီး တုန်တုန်ယင်ယင်နဲ့ ပြောလိုက်မိတယ်။ တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ပန်းရိပ်ဖြူကို ဘုန်းသိင်္ခက မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး " ဒီမှာ ...ကျွန်တော့်ကိုကြည့်...ကျွန်တော်ပြောတာကို သေချာနားထောင် ... ဆေးမသောက်ရင်... အမှားတစ်ခုခုလုပ်မိမလားဆိုပြီး စိုးရိမ်နေတာမဟုတ်လား ...ကျွန်တော်ပြောမယ် ..မင်းဒီဆေးတွေကို သောက်လာတာ နှစ်တွေဘယ်လောက်ကြာနေပြီလဲ ... ဒါပေမဲ့ ရောဂါကအရှင်းမပျောက်ဘူးမဟုတ်လား....နှစ်ရှည်လများသောက်နေခဲ့ရတဲ့ဆေးတွေကို တစ်ရက်လောက်မသောက်ဘဲနေရုံနဲ့တော့ ဘာမှမဖြစ်ဘူး....တကယ်လို့ဖြစ်လဲ....အိပ်မပျော်တာနဲ့ခေါင်းမူးတာလောက်ပဲဖြစ်ချင်ဖြစ်မှာ...တစ်ရက်တည်းဆေးမသောက်ရုံနဲ့တော့ ချက်ချင်းကြီးရူးမသွားနိုင်လောက်ပါဘူး...ကံကောင်းရင် အရင်ရက်တွေထက်အဆင်ပြေရင်တောင်ပြေအုံးမှာ ....လုပ်ချင်စိတ်ရှိရင်လဲလုပ်ပေါ့ " ဘုန်းသိင်္ခရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူခဏတော့တွေဝေသွားမိတယ်။အတော်လေးကြာတော့မှ ခေါင်းကိုခါယမ်းလိုက်ပြီး " အင်းလေ...ဒီနေ့တော့မရတော့ဘူး...မနက်ဆေးတွေလဲသောက်ပြီးသွားပြီ...မနက်ဖြန်လုပ်ကြည့်မယ်..တကယ်လို့်များ တစ်ရက်တည်းဆေးမသောက်ရုံနဲ့အားလုံးကိုမေ့သွားပြီး ရူးသွာရင်တော့လဲ ကျွန်မကံပေါ့ " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘုန်းသိင်္ခရယ်မောလိုက်ပြီး " အင်း..ရူးသွားရင်လဲ ခင်ဗျားလူက ..ခင်ဗျားကိုဆက်ချစ်ချင်ချစ်မှာပေါ့...အခုတောင်စိတ်မမှန်တာကိုသိသိနဲ့ချစ်နေတာမဟုတ်လား " " ဘာရှင့် ...ဘာပြောလိုက်တယ် " " ဟာ...ဟေ့... မအော်နဲ့လေ...တော်ကြာအပြင်ကအလုပ်သမားတွေကြားသွားပြီး တစ်မျိုးထင်နေပါအုံးမယ်....ကျွန်တော်ကသူငယ်ချင်းတွေလိုခင်လို့်စနောက်တာပါ...လူတွေကတစ်ယောက်နဲ့တစ်ယောက်ခင်မင်သွားရင်... ဒီလိုပဲစနောက်ကြတယ် မှတ်ထား...ဒါနဲ့ ...မင်းတို့ စေ့စပ်တော့မှာဆို...ဘယ်တော့စေ့စပ်ကြမှာလဲ " " ဟင်...ဒီအကြောင်းကို ရှင်ကဘယ်လိုသိတာလဲ...ဒါကကျွန်မတို့မိသားဝင်တွေပဲသိကြတာပါ " " ဟုတ်တယ်လေ...ခင်ဗျားရဲ့လူပဲပြောပြတာလေ " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြုစိတ်ထဲတစ်မျိုးတော့ဖြစ်သွားမိတယ်။ " အင်း...မစေ့စပ်ဖြစ်သေးပါဘူး...အမေတို့ကနောက်နှစ်မှလို့ပြောတယ် " " ဪ...ဟုတ်လား...မင်းပြောတော့ သူ့ကိုအပြည့်အဝမယုံကြည်သေးဘူးဆို ...စေ့စပ်မယ်ဆိုတော့လဲ လက်ခံတာလား ....လူတစ်ယောက်ကိုလက်ထပ်ဖို့စဉ်းစားလိုက်ပြီဆိုကတည်းက ...သူ့ကိုယုံကြည်လို့ပေါ့,.,,,မင်းဖြစ်နေတာတွေနဲ့ပတ်သက်ပြီး သူကဘာမှမပြောဘူးလား...မင်းကရောမပြောပြဘူးလား " ဘုန်းသိင်္ခမေးလိုက်မှပဲ ပန်းရိပ်ဖြူလဲ ကိုယ့်ကိုယ်ကိုစဉ်းစားကြည့်လိုက်မိပြီး " ဟုတ်သားပဲ ရှင်ပြောမှစဉ်းစားမိတယ်...ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုစိုင်းနဲ့တစ်ခါမှမပြောဖူးဘူး...သူကအမြဲအလုပ်ရှုပ်နေတာကြောင့်လဲပါမယ်ထင်တယ်....ကိုစိုင်းကပြောတယ်...ကျွန်မရဲအမွေတွေကိုစွန့်လွှတ်ခိုင်းပြီး ကသစ်မြိုင်နဲ့ဝေးရာကိုခေါ်သွားမယ်တဲ့လေ...အဲ့ဒါကြောင့်လဲ ကျွန်မလက်ခံခဲ့တာပါ...ကိုစိုင်းမြတ်ကအဘွားအတွက်လဲအားကိုးရတယ်လေ ...ပြီးတော့ သူကရှေ့နေမဟုတ်လား .... ကျွန်မရဲ့ပြဿနာတွေကိုလဲ လိုက်ပြီးဖြေရှင်းပေးနိုင်တယ်လေ " " အင်း ..ကောင်းပါတယ်ဗျာ....ကိုယ့်တွက်ကိန်းနဲ့ကိုယ်ပေါ့ ....ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်သတိထားပါ...ခင်ဗျားပြောသလိုပဲ လူတိုင်းကမယုံကြည်ရဘူးဆိုတာကိုမမေ့နဲ့ ...ဘယ်အရာမဆိုသေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ " " ဟုတ်ကဲ့ပါ ..အကြံပေးလို့ ကျေးဇူးပါပဲ ..ဒါဆိုရင် မနက်ဖြန်စကြမယ်နော်...နေ့တိုင်းသောက်ရတဲ့ အားဆေးဖျော်ရည်ရော ယူလာရမှာလား " " အင်း ... ယူလာခဲ့လေ ... နည်းနည်းခွဲပြီးယူလာခဲ့ ..ဘူးသေးသေးလေးထဲ ထည့်လာခဲ့ ... ဘယ်သူမှတော့ မရိပ်မိစေနဲ့နော် ..ဒါကအရေးကြီးတယ် ...မိသားစုတွေအပါအ၀င် ဘယ်အလုပ်သမားမှ မသိစေနဲ့နော် ...တကယ်လို့ တစ်ယောက်ယောက်က သိသွားလို့ ဘယ်ယူသွားတာလဲမေးရင် ... မသောက်ချင်လို့ ပစ်လိုက်တာလို့ပြော...ဆေးတွေသောက်လဲ မသက်သာလို့ ငြီးငွေ့လာလို့ ပစ်လိုက်တာလို့ ပြောနော် ...မင်းပုံစံက ဟန်ဆောလိမ်ညာပြောတတ်ပုံမရဘူး ...ဘာပဲဖြစ်ဖြစ်ရှေ့လျှောက် ညာပြောသင့်ရင်ညာပြောရမယ် ....ဟော့ဗျာ ကျွန်တော်ပြောနေတာကြားရဲ့လား ....ဘာတွေစဉ်းစားနေတာလဲ " ငေးငေးငိုင်ငိုင်နဲ့ကြည့်နေတဲ့ ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်းသိင်္ခစိတ်မရှည်နိုင်ဘဲအော်ပစ်လိုက်တယ်။ ================================== အပိုင်း(၂၅ )ဆက်ရန်

" ဘုန်း ..ဘုန်းသိင်္ခ ..." ဘုန်းသိင်္ခကို ပန်းရိပ်ဖြူလှမ်းခေါ်လိုက်ချိန်မှာပဲ မီးတွေက ဖျတ်ခနဲပိတ်ကျသွားပြီး တောင်ကြားလမ်းတစ်ခုလုံးမှောင်ကျသွားခဲ့တယ်။မီးတွေ မှောင်ကျသွားတာနဲ့တစ်ပြိုင်နက် ပန်းရိပ်ဖြူလဲ ကြောက်လန့်တကြားနဲ့ ထအော်လိုက်မိတော့တယ်။ " အား...ကြောက်တယ်...ကြောက်တယ် ..... မီး.... မီးတွေလောင်နေတယ်..မီးတွေလောင်နေတယ် ...ကယ်ကြပါအုံး...ကယ်ကြပါအုံး ... ပြေး... ပြေးတော့ ...အား " ပန်းရိပ်ဖြူကြောက်လွန်တာကြောင့် သတိကင်းလွတ်သူလိုဖြစ်သွားခဲ့ပြီး အော်ဟစ်ရင်း ရှေ့ကို ကမူးရှူးထိုးနဲ့ပြေးထွက်လာခဲ့မိတယ်။မှောင်မှောင်မည်းမည်းထဲပြေးလွှားခဲ့ရင် ပန်းရိပ်ဖြူရဲ့ ခြေထောက်တွေညွှတ်ခွေကျကာ ပစ်လဲကျသွားရတော့တယ်။ဒီအချိန်မှာ တစ်စုံတစ်ယောက်က သူမကို ပွေ့ဖက်လိုက်တာကို သိလိုက်ပေမဲ့ ပန်းရိပ်ဖြူအသံမထွက်နိုင်ဘဲ ဆွံ့အသလိုဖြစ်နေမိတယ်။ " မမလေး....မမလေးသတိထားလေ ... ဘာမှမဖြစ်ဘူး ...မီးပျက်သွားတာပါ ..ကျွန်တော်ရှိတယ်လေ ... ဘာမှမဖြစ်ဘူး ဖုန်းမီးထွန်းလိုက်အုံးမယ် " ဘုန်းသိင်္ခပြောနေချိန်မှာပဲ မီးတွေက ဖျတ်ခနဲပြန်လင်းလာခဲ့တယ်။မီးတွေပြန်လင်းလာတော့မှ ပန်းရိပ်ဖြူလဲသတိပြန်ဝင်လာခဲ့မိပြီး ဘုန်းသိင်္ခကို မော့ကြည့်လိုက်မိတယ်။ ဒီအခါ ဆောင့်ကြောင့်ထိုင်ကာ သူမကိုပွေ့ဖက်ထားတဲ့ ဘုန်းသိင်္ခကိုတွေ့လိုက်ရပြီး သူမကိုယ်တိုင်ကလဲ ဘုန်းသိင်္ခကို ဖက်ထားမိတာကို သိလိုက်ရတယ်။ နီးကပ်လွန်းတဲ့အနေထားကြောင့် ပန်းရိပ်ဖြူရင်တွေ တဒိန်းဒိန်းဆောင့်ခုန်သွားရသလို ထိတ်လန့်တုန်လှုပ်နေတဲ့ စိတ်ကြောင့် ဘုန်းသိင်္ခကိုတွန်းဖယ်ပစ်လိုက်မိတယ်။ " ဖယ်..ဖယ်..ရှင်...ရှင်ဘာလုပ်တာလဲ ...အမေ့ " ပန်းရိပ်ဖြူရှက်ရှက်နဲ့ ကိုယ့်ဒေါသနဲ့ကိုယ်ပြောပြီးတော့ ဘုန်းသိင်္ခကိုတွန်းဖယ်ပစ်လိုက်ပြီး အတင်းကုန်းထလိုက်ရာ လူကခြေလက်တွေ တုန်ယင်နေတာမို့ ပြန်လဲကျသွားရတယ်။လဲကျတော့လဲ ဘုန်းသိင်္ခဆီကိုမှ တည့်တည့်လဲကျသွားရတာလေ။ " ဟာ...သတိထားလေ ..မင်းကို ဘာမှမလုပ်ပါဘူး ..အဖြစ် သည်းမနေပါနဲ့ သခင်မလေးရဲ့ ...ခေါင်းထဲမူးပြီးလဲကျသွားတာကို ...ချက်ချင်းထလို့ ဖြစ်မလား...သတိထားမှပေါ့ ...ခဏလေးပဲ ငြိမ်ငြိမ်လေးထိုင်နေလိုက် ..ဘာမှမဖြစ်ဘူး ..ကြောက်စရာလဲ မရှိဘူး ...စိတ်ထဲတစ်မျိုးဖြစ်လာရင် ကျွန်တော့်ကိုအော်ပစ်လိုက်....သနားလို့အော်ခွင့်ပြုတာနော် ...အော်လို့ရတုန်း အော်ထား " ပြုံးစစမျက်နှာထားနဲ့ ပြောလာတဲ့ ဘုန်းသိင်္ခကြောင့် ပန်းရိပ်ဖြူစိတ်ထဲက ကြောက်စိတ်တွေပါ ပြေလျော့သွားသလိုခံစားလိုက်ရတယ်။ ဒီအခါ ဘုန်းသိင်္ခက သူ့ခါးကြားမှာ ချိတ်ဆွဲထားတဲ့ရေဘူးကို ပန်းရိပ်ဖြူဆီကို ကမ်းပေးလိုက်ပြီး " ရေသောက်လိုက်ပါအုံး ...ခုနတုန်းက ဘာတွေအော်တာလဲ မှတ်မိရဲ့လား " ဘုန်းသိင်္ခကမ်းပေးတဲ့ ရေဘူးကိုလှမ်းယူလိုက်ရင်း ပန်းရိပ်ဖြူငြိမ်သက်ကာ စဉ်းစားနေမိတယ်။ " ခုနတုန်းက ... ကျွန်မတစ်ကိုယ်လုံးမီးတွေလောင်နေသလုံ အရမ်းကိုပူနေခဲ့တာ...နားထဲမှာ အော်သံတွေလဲကြားတယ်..ပြေးလို့ပြောနေတဲ့ အသံတွေလဲကြားနေရတယ် " " ဟုတ်လား ...အဲ့ဒါ ...ငယ်ငယ်တုန်းကဖြစ်ခဲ့တာတွေကို သတိရသွားတာထင်တယ် ... ကျန်တာ ဘာတွေသတိရသေးလဲ" ဘုန်းသိင်္ခထပ်မေးလိုက်တော့ ပန်းရိပ်ဖြူခေါင်းလေးကို ခါယမ်းလိုက်မိတယ်။ " ဟင့်အင်း ... အဲ့ဒီလိုဖြစ်လာတာနဲ့ခေါင်းထဲမူးလာပြီး အားမရှိတော့သလို ခံစားလာရတာပဲ ...တစ်ခုခုကို အားစိုက်ပြီးစဉ်းစားလိုက်တာလဲ အဲ့ဒီလို ခံစားရတော့တာပဲ " ပန်းရိပ်ဖြူရဲ့ စကားကြောင့် ဘုန်းသိင်္ခကပန်းရိပ်ဖြူရဲ့ မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်ပြီး " အိပ်ပျော်နေတဲ့သူထက် အိပ်ချင်ယောင်ဆောင်နေတဲ့သူက ပိုပြီး အနှိုးရခက်တယ်တဲ့ ...ခင်ဗျားတကယ်ပဲ အိပ်ပျော်နေတာလား ...အိပ်ချင်ယောင်နေတာလား မသိပေမဲ့ ကျွန်တော်ရအောင်နှိုးပေးမယ် ... ဒါကိုလက်ခံလား " " အဲ့..အဲ့ဒါ ဘာကိုပြောတာလဲ ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ ..ကျွန်မနားမလည်ဘူး .. ရှင်က ကျွန်မဟန်ဆောင်နေတာ ..လိမ်နေတာလို့ ပြောချင်တာလား " ပန်းရိပ်ဖြူမျက်နှာပျက်ပျက်နဲ့ ဘုန်းသိင်္ခကိုပြန်မေးလိုက်မိတယ်။ " ကျွန်တော်ပြောတာက ... မင်း အထိတ်ကိုမေ့နေတာပဲဖြစ်ဖြစ် ....မသိစိတ်က မေ့ထားချင်တာပဲဖြစ်ဖြစ် ပြန်သတိရအောင်ကူညီပေးမယ်လို့ ပြောတာ ...ကျွန်တော်ကူညီပေးမယ်လို့ ပြောနေတာကို လက်ခံတာ လက်မခံတာက မင်းသဘောပဲ ....ဘာပဲဖြစ်ဖြစ် အတိတ်ကို ပြန်သတိရရင် တခြားသူတွေအတွက် ဘာမှမဟုတ်ရင်တောင်.... မင်းအတွက်တော့ထူးခြားမှာပေါ့ " ဘုန်းသိခိရဲ့စကားတွေကို ပန်းရိပ်ဖြူနားထောင်နေရင်းကနေ ဘုန်းသင်္ခကိုကြည့်ပြီး မေးလိုက်မိတယ်။ " ဟုတ်ပြီလေ ..ရှင်ကူညီတာကို လက်ခံမယ်ဆိုရင် အရင်ဆုံး ဘာလုပ်ရမှာလဲပြောကြည့် " " အင်း ...မခက်ပါဘူး ..ပထမဆုံးအနေနဲ့ ...တစ်နေ့တာလုံး မင်းသောက်နေရတဲ့ဆေးတွေကိုမသောက်ဘဲသိမ်းထားပြီး ..ကျွန်တော့်ကိုပေးရမယ် " " ရှင် " ဘုန်းသိင်္ခရဲ့ စကားကြောင့် ပန်းရိပ်ဖြူမှာအံ့ဩ သွားရကာမျက်လုံးအစုံမှာ ပြူးကျယ်သွားရတော့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၄) akyiphyu ********* အလွမ်းဆွတ်ပုံစံကိုကြည့်ပြီး ပန်းရိပ်ဖြူစိတ်ထဲမှာတစ်မျိုးဖြစ်သွားရပြီး တစ်ခုခုကိုမကျေနပ်သလိုဖြစ်သွားမိတယ်။ " ပန်းရိပ်သွားတော့မယ် ကိုစိုင်း " စိုင်းမြတ်ကိုနှုတ်ဆက်လိုက်ပြီး ပန်းရိပ်ဖြူဘာမှမဖြစ်သလိုဟန်နဲ့ထွက်လာခဲ့လိုက်တယ်။ခြေလှမ်းတွေကို ကသစ်မြိုင်စံအိမ်ကြီးဘက်ကို အမြန်လှမ်းခဲ့လိုက်ပြီး အပြေးဝင်ခဲ့လိုက်တယ်။တိုက်ထဲကိုရောက်တော့မှ အလွမ်းဆွတ်ရှိနေရာပန်းခြံဆီကို လှမ်းကြည့်လိုက်မိတယ်။ဒီအခါမှာတော့ စိုင်းမြတ်ကိုလှမ်းကြည့်နေဆဲဖြစ်တဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရတယ်။ပြီးတော့ စိုင်းမြတ်ကလဲ အလွမ်းဆွတ်ကိုလှမ်းကြည့်နေတာကို ပန်းရိပ်ဖြူသတိထားလိုက်မိတယ်။ ဒီမြင်ကွင်းကို ပန်းရိပ်ဖြူအတော်ကြာကြည့်နေမိပြီးမှ အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ ~~~~~~~~ " ဘယ်လိုလဲ သမီး ...အဆင်ပြေရဲ့လား ...မောင် ဘုန်းသိင်္ခနဲ့စကားများသေးလား " ဒေါ်ပ်န်းမြိုင်က သမီးဖြစ်သူကိုမေးလိုက်တယ်။ " စကားတော့မများပါဘူးအမေရယ် ...ဒါပေမဲ့ အမေတို့ အလုပ်သမားက ... သူ့ကို ဆရာကြီးလုပ်ရင်လဲ မကြိုက်ဘူး ..အော်ရင်လဲမကြိုက်ဘူးလေ " " အင်း ..ဒါကတော့ မောင်ဘုန်းသိင်္ခကပညာရှင်မို့ မာန်လေးတော့ရှိတာပေါ့ သမီးရယ် .. မာနကြီးရလောက်အောင်လဲ မောင်ဘုန်းသိင်္ခကတော်တယ်လေ... သမီးကနောက်ဆိုရင် အပန်းဖြေစခန်းကို အုပ်ချုပ်ရမှာပဲမို့ သမီးစိတ်တိုင်းကျအောင် ပြင်ဆင်ခိုင်းနော် " " ဟုတ်ကဲ့ပါ အဖေ " ပန်းရိပ်ဖြူက ဖခင်ကြီးကို ခေါင်းငြိမ့်ပြလိုက်ချိန်မှာပဲ အလွမ်းဆွတ်တစ်ယောက် ဗန်းတစ်ဗန်းကိုကိုင်ပြီး အခန်းထဲဝင်လာတာကို တွေ့လိုက်ရတယ်။ဗန်းကို စားပွဲပေါ်တင်လိုက်ချိန်မှာတော့ အားဆေးဖျော်ရည်သုံးခွက်ကို တွေ့လိုက်ရတယ်။ "ကဲ ...သမီး ..မအိပ်ခင်အားဆေးသောက်လိုက်အုံး ..သမီးလွမ်းလဲအလုပ်တွေပင်ပန်းတယ်မဟုတ်လား ..အားဆေးသောက်အိပ်နော် " " ဟုတ်ကဲ့ပါ အမေပန်းမြိုင် " " အင်း ....သမီးလွမ်းရှိနေလို့သာ .....အမေပန်းမြိုင်တို့လဲ သက်သာနေတာ...လုပ်ငန်းကိစ္စပြီးသလောက်လေးကို ပြောပြပါအုံးသမီးလွမ်း... ထိုင်ပါအုံးကွယ် " ဒေါ်ပန်းမြိုင်က မေးရင်း က အလွမ်းဆွတ်ကိုခုံမှာထိုင်ခိုင်းလိုက်တယ်။ မိခင်ဖြစ်သူရဲ့ဘေးမှာဝင်ထိုင်လိုက်တဲ့ အလွမ်းဆွတ်ကို ပန်းရိပ်ဖြူမျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်မိတယ်။ ဒီအခါမှာ နှုတ်ခမ်းလေးကိုတွန့်ကွေးကာပြုံးလိုက်ပြီး လှမ်းကြည့်လာတဲ့ အလွမ်းဆွတ်ရဲ့ မျက်နှာအမူအရာကြောင့် ပန်းရိပ်ဖြူရင်တွေဆတ်ခနဲတုန်သွားရပြီး ကြက်သီးတွေပါ ထသွားသလိုခံစားလိုက်ရတယ်။ ~~~~~~~~~ " လာလေ ... ဘာလဲ ကျွန်တော့်ကို မယုံလို့လား " ဘုန်းသင်္ခက ပန်းရိပ်ဖြူကို လှည့်ကြည့်ပြီးမေးလိုက်တယ်။ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူမျက်နှာပျက်ပျက်နဲ့ ခေါင်းခါယမ်းပြလိုက်ပြီး " ဟင့်အင်း ..မ...မဟုတ်ဘူး .... အဲ့ဒီထဲဝင်ရမှာ တစ်မျိုးကြီးပဲ...မဝင်ချင်ဘူး ...ကြည့်နေရုံနဲ့ တင်အသက်ရှူကျပ်လာလို့ " " အရင်က၀င်ဖူးလို့လား " " အင်း ... တစ်ခါဝင်ဖူးတယ်...အထဲလဲရောက်ရောမေ့လဲသွားတာပဲ...အဲ့ဒီကတည်းက ထပ်မဝင်ရဲတော့ဘူး " ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘုန်းသိင်္ခက တောင်ကြားလမ်းလေထဲ အရင်ဝင်လိုက်ပြီး " အခုက အရင်နဲ့မတူတော့ဘူး ... နေရာတွေလဲ ပြုပြင်နေပြီ...လမ်းနာမည်ကိုလဲ ချစ်သူလမ်းကြားလို့ပေးထားတယ် ... အပြင်ကနေပဲ လှမ်းကြည့်ကြည့်ပါအုံး " ဘုန်းသိင်္ခရဲ့ တိုက်တွန်းတဲ့စကားကြောင့် ပန်းရိပ်ဖြူ မဝံ့မရဲနဲ့ ကျောက်တောင်အဝနားကိုလျှောက်သွားလိုက်တယ်။ " အင်း ... ကျွန်တော့်စိတ်ထင်...မမလေးရဲ့ငယ်ဘဝကို မေ့နေတာက... ဒီလမ်းကြားနဲ့များပတ်သက်နေလို့လား ...အလွမ်းပြောတာတော့ လူဆိုးတွေလာတော့ ဒီတောင်ကြားလမ်းကနေ ထွက်ပြေးကြတာတဲ့....အရဲစွန့်ပြီး လျှောက်ကြည့်ပါလား ....ကျွန်တော်လဲရှိနေတာပဲ...ကံကောင်းရင် အရင်က အကြောင်းတွေကို ပြန်မှတ်မိချင်မှတ်မိမှာ " ဒီတစ်ခါ ဘုန်းသိင်္ခပြောလိုက်တဲ့စကားကိုတော့ ပန်းရိပ်ဖြူစိတ်ထဲလက်ခံသွားမိတာမို့ တောင်ကြားလမ်းထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ " အသက်ကိုမှန်မှန်ရှူ ... ကြောက်စိတ်ဖြစ်လာရင် ကျွန်တော့်ကို စကားလှမ်းပြောလိုက်နော် ..ကျွန်တော်ရှေ့ကလျှောက်မယ် " ဘုန်းသိင်္ခက ပြောပြောဆိုဆိုနဲ့ ရှေ့ကလျှောက်သွားလိုက်တယ် ။တောင်ကြားလမ်းက ပြင်ဆင်နေချိန်ဖြစ်ပေမဲ့လဲ မီးတွေထွန်းထားတာမို့ တောင်ကြားလမ်းထဲမှာ မှောင်မနေဘဲမီးတွေလင်းနေခဲ့တယ်။ဘုန်းသိင်္ခက ရှေ့က လျှောက်သွားရင်းက ပန်းရိပ်ဖြူကို စောင့်ကြည့်နေလိုက်တယ်။ စပြီး၀င်လာကာစက စိတ်ထဲမှာ ဘာမှသိပ်မခံစားရဘဲနဲ့ အထဲကိုဝင်လာတာနဲ့အမျှ ပန်းရိပ်ဖြူရဲ့စိတ်တွေမွန်းကျပ်သထက်မွန်းကျပ်လာခဲ့တယ်။လမ်းလျှောက်နေရင်းနဲ့ ခြေလက်တွေတုန်ယင်လာခဲ့ပြီး လည်ချောင်းတစ်လျှောက်ပူလောင် အက်ကွဲလာသလိုခံစားနေရတယ်။တဖြည်းဖြည်းနဲ့ ရင်တွေတလှပ်လှပ်တုန်လာသလို တစ်ကိုယ်လုံးချွေးစေးတွေပါထွက်လာခဲ့တယ်။ဘယ်လိုမှဆက်ပြီး ရှေ့ဆက်လျှောက်ဖို့အင်အားမရှိတော့တာမို့ ဘုန်းသိင်္ခကိုလှမ်းခေါ်ဖို့ ကြိုးစားအားယူလိုက်တယ်။

အမှတ်တမဲ့မေးလိုက်တဲ့ ပန်းရိပ်ဖြူရဲ့မေးခွန်းကြောင့် စိုင်းမြတ်လန့်ဖျပ်သွားမိပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်မေးလိုက်မိတယ်။ ဖြုန်းခနဲလန့်သွားတဲ့ပုံစံပေါက်သွားတဲ့ စိုင်းမြတ်ကိုကြည့်ပြီး ပန်းရိပ်ဖြူခေါင်းကိုအသာခါယမ်းလိုက်ပြီး " ဘာမှမဟုတ်ပါဘူး ကိုစိုင်းရယ်...ညတုန်းကပန်းရိပ်အိပ်မက်ဆိုးတွေမက်နေလို့်လေ ...အိပ်မက်ထဲမှာ စာကြည့်ခန်းထဲမှာ သရဲခြောက်ခံရလို့်လေ " " ဟာ...မက်ပြန်ပြီလား ပန်းရိပ်ရယ်...ဒါနဲ့ အိပ်မက်ထဲမှာယောင်ပြီးလမ်းထလျှောက်သွားသေးတာလား " စိုင်းမြတ်က ပန်းရိပ်ဖြူရဲ့လက်ကလေးတစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး စိုးရိမ်တကြိးနဲ့မေးလိုက်တယ်။ " ဟင့်အင်း လမ်းတော့ထမလျှောက်ဘူး ကိုစိုင်း " " တော်သေးတာပေါ့ကွာ ...ပန်းရိပ်ကိုစိတ်မချဘူးကွာ ....ဖြစ်နိုင်ရင် ပန်းရိပ်နားမှာအနီးကပ်စောင့်ရှောက်ပေးချင်တယ် " " ဒိလောက်လဲ စိတ်မပူပါနဲ့ ကိုစိုင်းရယ်....အမေတို့ကလဲ ပန်းရိပ်အန္တရာယ်ကင်းအောင် ....တစ်အိမ်လုံးကိုစီမံပေးထားပါတယ်...ပြတင်းပေါက်တွေကအစ ...အလွယ်တကူဝင်လို့ထွက်လို့မရအောင်လုပ်ပေးထားပါတယ်...ပြီးတော့ တိုက်တံခါးကိုလဲ သေချာပိတ်ထားတာမို့ ဘာမှမဖြစ်ပါဘူး ...ပန်းရိပ်သွားတော့မယ်နော် ....အမေမျှော်နေလောက်ပြီ.." ပန်းရိပ်ဖြူက စိုင်းမြတ်ကိုနှုတ်ဆက်လိုက်ပြီး ကသစ်မြိုင်စံအိမ်ကြိးဘက်ကိုပြန်ဖို့ပြင်လိုက်တယ်။စိုင်းမြတ်က ပန်းရိပ်ဖြူရဲ့လက်ကလေးတစ်ဖက်ကို လွှတ်မပေးသေးဘဲ ပန်းရိပ်ဖြူကိုစိတ်မချနိုင်စွာငေးကြည့်နေတယ်။ " ပန်းရိပ်အတွက် စိတ်ချပါ...ကိုစိုင်းလဲသွားနားတော့လေ " ပန်းရိပ်ဖြူကဒုတိယအကြိမ်မြောက် နှုတ်ဆက်လိုက်ပြီးတော့ ပြန်ဖို့ပြင်လိုက်ချိန်မှာပဲ ခပ်လှမ်းလှမ်းပန်းခြုံတွေကြားကနေ ပန်းတွေခူးရင်းနဲ့ သူမတို့ရှိရာကိုလှမ်းကြည့်နေတဲ့ အလွမ်းဆွတ်ကိုဖျတ်ခနဲတွေ့လိုက်ရတယ်။ ================================== အပိုင်း(၂၄ )ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂ဝ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690//posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/

" ဘာ...မင်းဘာပြောလိုက်တယ်အလွမ်း...ဒီစကားကအစ်ကို့ကိုခြိမ်းခြောက်တဲ့စကားလား " စိုင်းမြတ်မယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့ မေးလိုက်တယ်။ " မ...မဟုတ်ပါဘူးအစ်ကို ...အစ်ကိုမှားနေပြီ ...အလွမ်းက အဲ့ဒီအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူးရှင်...အလွမ်းအတွက် ပြင်ဆင်ချိန်လေးပေးဖို့တောင်းဆိုတာပါ...ဒီလိုပြောတာကို အစ်ကိုမကြိုက်ဘူးဆိုရင် ထပ်မပြောတော့ပါဘူး..အလွမ်းတောင်းပန်ပါတယ်အစ်ကိုရယ် အဟင့်..ဟင့် " အလွမ်းဆွတ်ပြောနေရင်းက ဝမ်းနည်းလွန်းတာမို့ ငိုချလိုက်မိတယ်။ အလွမ်းဆွတ်ငိုတာကိုမြင်တော့ စိုင်းမြတ်မျက်နှာပျက်သွားမိပြီး အလွမ်းဆွတ်ဘေးနားမှာပြောင်းပြီးထိုင်လိုက်ကာ အလွမ်းဆွတ်ကို အမြန်ပြန်ချော့လိုက်ရတယ်။ " အစ်ကိုက အဲ့ဒီလိုသဘောနဲ့ပြောတာမဟုတ်ပါဘူးအလွမ်းရယ်...အစ်ကိုပြောတာလွန်သွားလို့အစ်ကိုတောင်းပန်ပါတယ်ကွာ...အလွမ်းပြောတာကို အစ်ကိုလက်ခံပါတယ်...အန်တီမြိုင်တို့ကလဲ လက်မခံသေးဘူးလို့ပြောထားတော့... ဘွားကြေးဥကို စကားလှအောင်ပြောပြီးတော့အစ်ကိုရှောင်လိုက်ပါ့မယ်...အလွမ်းအတွက်လဲ အစ်ကိုသေချာစီစဉ်ပေးပါမယ်....ဆေးတွေလဲမှန်မှန်သောက်နော်အလွမ်း ....မဖြစ်မနေမို့အစ်ကိုလက်ထပ်ရမယ်ဆိုရင်တောင် ...အလွမ်းကိုပစ်မထားပါဘူး ....အချိန်ကာလတစ်ခုအထိပဲ အစ်ကို့ကိုစောင့်ပေးပါကွာ... " စိုင်းမြတ်က အလွမ်းဆွတ်ရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ချော့မော့လိုက်တယ်။အလွမ်းဆွတ်ကလဲ ချော့မဲ့သူရှိမှ ပိုပြီးငိုချင်လာတာမို့ စိုင်းမြတ်ရဲ့ရင်ခွင်ထဲမှာတသိမ့်သိမ့်ရှိုက်ငိုနေမိတော့တယ်။ " မငိုပါနဲ့တော့ အလွမ်းရယ်..အစ်ကိုမှားသွားပါတယ်...လောလောဆယ်တော့ အစ်ကိုနဲ့အလွမ်းရဲ့အကြောင်းကို တခြားသူတွေမသိစေချင်သေးဘူး ...တကယ်လို့ အလွမ်း အစ်ကို့ကိုမယုံဘူးဆိုရင် ....အစ်ကိုနဲ့အလွမ်းတရားရုံးမှာနှစ်ဦးသဘောတူလက်ထပ်ထားကြမယ်လေ " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတ်မယုံကြည်နိုင်အောင်ဖြစ်သွားရတယ်။ " တ...တကယ်လားအစ်ကို ...တကယ်ပြောတာလားဟင် " အလွမ်းဆွတ်မျက်ရည်တွေအဝဲသားနဲ့မယုံမရဲမေးလိုက်မိတယ်။ " တကယ်ပေါ့အလွမ်းရယ် ..အစ်ကို့ကိုမယုံလို့လား...နောက်တစ်ပတ်တနင်္လာနေ့ကျရင် အစ်ကိုမန္တလေးသွားစရာရှိတယ်...အလွမ်းလဲတစ်ခုခုအကြောင်းပြပြီးထွက်လာခဲ့ပါ...အစ်ကိုတို့မြိုင်သာမြို့နယ်တရားရုံးမှာလက်ထပ်ကြမယ်..ပြီးရင်အစ်ကိုက မန္တလေးဘက်ဆက်သွားမယ်လေ... အလွမ်းက အပန်းဖြေစခန်းကို ပြန်လေ " " တ...တကယ်ပြောတာလားအစ်ကို....တကယ်လားဟင်....ဝမ်းသာလိုက်တာအစ်ကိုရယ်...အလွမ်းအရမ်းဝမ်းသာတာပဲရှင်..ကျေးဇူးလဲတင်ပါတယ်အစ်ကို " အလွမ်းဆွတ်ပျော်ရွှင်ကြည်နူးစွာပြောလိုက်ရင်းနဲ့ စိုင်းမြတ်ကိုပြန်လည်သိုင်းဖက်လိုက်တယ်။ ~~~~~~~~~~~~~~~ " ပန်းရိပ် " ပန်းရိပ်ဖြူကားပေါ်က ဆင်းလိုက်ချိန်မှာပဲ ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ စိုင်းမြတ်ကိုတွေ့လိုက်ရတယ်။စိုင်းမြတ်ရဲ့မျက်နှာကသိပ်မကြည်။ဘုန်းသိင်္ခကို ကြည့်တဲ့အကြည့်တွေက ကြောက်စရာတောင်ကောင်းနေတယ်။ " ကိုယ်တို့ စကားခဏလောက်ပြောရအောင်ပန်းရိပ် " " ဟုတ်ကဲ့ ကိုစိုင်း " စိုင်းမြတ်ရဲ့လေသံမာမာကြောင့် ပန်းရိပ်ဖြူစိတ်ထဲမကျေမနပ်ဖြစ်သွားရပေမဲ့ ခေါင်းကိုအသာငြိမ့်ပြလိုက်ပြီး စိုင်းမြတ်နောက်ကိုလိုက်ခဲ့လိုက်တယ်။ " ကဲ ကိုယ့်ကိုရှင်းပြပါအုံး...လူတကာကိုမယုံတဲ့ ပန်းရိပ်ဖြူက ...ဘုန်းသိင်္ခဆိုတဲ့ကောင်ကိုယုံနေတာလား ...သူနဲ့အလုပ်အတူတွဲလုပ်ရမယ်ဆိုတာကို ကိုယ့်ကိုဘာလို့မပြောတာလဲ ...ဘာလဲ ပန်းရိပ်ကကိုယ့်အပေါ်ကိုသစ္စာဖောက်ချင်နေတာလား " " နေအုံး ကိုစိုင်း....ပန်းရိပ်ပြောမယ်....သူနဲ့အလုပ်တွဲလုပ်တယ်ဆိုတာကမွေးနေ့ပွဲအတွက် အဖေတို့်က ခွင့်ပြုလို့်လုပ်တာ.....ပန်းရိပ်ရဲ့ဘဝမှာ အလုပ်လုပ်ရတယ်ဆိုတာက ဒါပထမဆုံးအကြိမ်ပါပဲ...ဒါကြောင့်မို့ ဘုန်းသိင်္ခနဲ့အလုပ်အတူလုပ်ဖို့လက်ခံလိုက်တာ...ကိုစ်ုင်းကိုပြောပြမလို့ပဲ စကားအေးအေးဆေးဆေးပြောချိန်မရလို့မပြောရသေးတာ...ဒီညနေပြောပြမယ်လို့စိတ်ကူးထားပြီးသားပါ....ပန်းရိပ်ကိုမဟုတ်တာလာမစွပ်စွဲနဲ့နော် မကြိုက်ဘူး....ပန်းရီပ်လဲမဟုတ်တာမလုပ်ဘူး ...မကျေနပ်ရင် ကိုစိုင်းကြိုက်သလိုဆုံးဖြတ်လို့ရတယ်နော် " ပန်းရိပ်ဖြူစိတ်တိုတိုနဲ့ပြန်အော်လိုက်တော့ စိုင်းမြတ်တစ်ယောက်လေသံပျော့သွားရတယ်။ " ကိုယ်က ပန်းရိပ်ကိုချစ်လို့သဝန်တိုပြီးပြောမိတာပါကွာ....ကိုယ်တောင်းပန်ပါတယ်နော် ...ပန်းရိပ်ကနေ့တိုင်းသွားရမှာလား " စိုင်းမြတ်ရဲ့လေသံကပျော့သွားတာမို့ ပန်းရိပ်ဖြူစိတ်ကိုပြန်ထိန်းလိုက်ပြီး " နေ့တိုင်းတော့လဲ မဟုတ်ပါဘူး....မွေ့နေ့ပွဲအတွက်အလှဆင်ဖို့ပဲ ပန်းရိပ်မှာလုပ်ပိုင်ခွင့်ရှိတာပါ ...အပန်းဖြေစခန်းရဲ့အလုပ်ပိုင်းတွေက ပန်းရိပ်မှစီမံပိုင်ခွင့်မရှိတာ ....အချိန်လဲမကြာလောက်ပါဘူး " " အင်းပါ...နောက်ရက်တွေ ကိုယ်အလုပ်စောစောမသွားရရင် ...ပန်းရိပ်ကိုလိုက်ပို့ပေးမယ်နော် " " ဟုတ်ကဲ့ပါ....လိုက်ပို့ပေးလေ .....ဪ...ဒါနဲ့ ညတုန်းက ကိုစိုင်းဘယ်အချိန်အိပ်တာလဲဟင် " " ဟင်....ဘာ....ဘာဖြစ်လို့လဲပန်းရိပ်...."

" ဟို ...အမေတို့အဘွားတို့ပြီးရင် ..ကိုစိုင်းကိုယုံပါတယ်...ဒါပေမဲ့ အပြည့်အဝ ယုံကြည်တာမျိုးတော့မဟုတ်ဘူး " "ဪ ..ဒါဆို..ကျွန်တော့်ကို ရောယုံလား " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ပန်းရိပ်ဖြူအဖြေရခက်သလိုဖြစ်သွားပြီးမှ " ရှင့်ကိုတော့ ... ယုံတာမယုံတာထက် ....ကသစ်မြိုင်က ဆွေမျိုးတွေနဲ့ မပတ်သက်နိုင်ဘူးထင်လို့လေ ... ရှင်တို့ကို ကုမ္ပဏီကလွှတ်လိုက်တာဆို ..." "ဒါဆိုရင် ... ယုံတာမယုံတာနဲ့ မပတ်သက်ဘူးပေါ့ ... မယုံရတဲ့လူစာရင်းထဲမှာရော ..ယုံရတဲ့လူစာရင်းထဲမှာရော ကျွန်တော်မပါဘူးပေါ့ " ဘုန်းသိင်္ခက ခပ်ရွဲ့ရွဲ့ မေးလိုက်တာကို ပန်းရိပ်ဖြူက ခေါင်းငြိမ့်ပြလိုက်တယ်။ " ဟုတ်ပြီလေ ..ကျွန်တော်ပြောမယ်နော် ... မင်း....ကျွန်တော့်ကိုယုံကြည်နိုင်မယ်ဆိုရင်တော့ ...မင်းအခုဖြစ်နေတာတွေက အိပ်မက်မက်နေတာတွေလား...တကယ့်အဖြစ်မှန်တွေလားဆိုတာ သိရအောင် ကျွန်တော်ကူညီပေးနိုင်တယ် ... တစ်ခုတော့ရှိတယ် .....ကျွန်တော်ကူညီပြီးစုံစမ်းပေးမှာကို ဘယ်သူ့ကိုမှမပြောရဘူး...မင်းရဲ့အဘွားကအစ မင်းရဲ့ရည်းစားကိုလဲ မပြောရဘူး ... နောက်ပြီးတော့ ကျွန်တော်ပြောသမျှကိုလဲ အတတ်နိုင်ဆုံး လိုက်နာပေးရမယ် .. ဥပမာ ဒီနေ့ညစာကိုလုံးဝမစားရဘူးဆိုရင် မစားတာမျိုးတွေပေါ့ ..ကျွန်တော်ပြောတာတွေကို လက်ခံတယ်ဆိုရင်ပြော...ကျွန်တော်ရန်ကုန်မပြန်ခင် ..ခင်ဗျားကို ကူညီပေးခဲ့မယ် " ဘုန်းသိင်္ခရဲ့ စကားကြောင့် ပန်းရိပ်ဖြူတွေဝေကာ ငြိမ်သက်နေမိတယ်။ " အေးဆေးစဉ်းစားပါ ...ဒီရက်ပိုင်းတွေမှာတော့ ကျွန်တော်တို့အလုပ်တူတူလုပ်ရမှာမဟုတ်လား ...ဒီရက်တွေအတွင်းမှာ စဉ်းစားပေါ့ " ဘုန်းသိင်္ခပြောလိုက်တော့ ပန်းရိပ်ဖြူတွေတွေဝေဝေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ~~~~~~ " အလွမ်း...ဘာဖြစ်လို့လဲ...အလွမ်းကအပြင်မှာချိန်းတော့ အစ်ကိုလန့်သွားတာပဲကွာ " စိုင်းမြတ်က အဆောင်တဲဝက လိုက်ကာစကိုပြန်ပိတ််လိုက်ပြီး အလွမ်းဆွတ်နားမှာဝင်ထိုင်ရင်း မေးလိုက်တယ်။ဆိုင်က စခန်းသာမြို့နဲ့မိုင်အနည်းငယ်ဝေးတဲ့ ဟိုင်းဝေးလမ်းဘေးမှာရှိတဲ့ဆိုင်။စုံတွဲတွေအလာများတဲ့ဆိုင်မို့ ခြံဝန်းကျယ်ကြီးထဲမှာ အဆောင်တဲလေးတွေနဲ့အေးအေးဆေးဆေးစကားပြောလို့်ရတဲ့ဆိုင်မျိုးမို့ တော်ရုံတော့ ပတ်ဝန်းကျင်ကိုဂရုစိုက်စရာမလိုဘူး။ဒါပေမဲ့ အသိတစ်ယောက်ယောက်တွေ့သွားမှာကို စိုင်းမြတ်စိုးရိမ်နေမိတယ်။ " အစ်ကိုနဲ့စကားသေချာပြောချင်လို့ပါအစ်ကို ...ညဘက်တွေ့ရတော့လဲ ...ဘုန်းသိင်္ခကြားမှာစိုးလို့် စကားသေချာမပြောရဘူးလေ ....စိတ်မပူပါနဲ့အစ်ကို ဒီနေ့တော့... ပန်းရိပ်ဒီဘက်ကိုမလာနိုင်ပါဘူး...ပန်းရိပ်ကအခုရေတံခွန်တောင်မှာရောက်နေပါတယ် " အလွမ်းဆွတ်ရဲ့စကားကြောင့် စိုင်းမြတ်အံ့ဩသွားရပြီး " ဘာ...ဘာပြောလိုက်တယ်အလွမ်း..ပန်းရိပ်ကရေတံခွန်တောင်ကိုရောက်နေတယ် ဟုတ်လား...ဘယ်သူနဲ့သွားတာလဲ ...ဘာကိစ္စရှိလို့လဲ ..ဘွားကြေးဥလဲဘာမှမပြောပါဘူး " " ဘွားကြေးဥစီစဉ်တာမဟုတ်ဘူးအစ်ကို...အမေပန်းမြိုင်တို့စီစဉ်တာပါ...ပန်းရိပ်ရဲ့ မွေးနေ့ကို အပနးဖြေစခန်းမှာကျင်းပမလို့်တဲ့လေ ...အဲ့ဒါသူ့စိတ်ကြိုက်စီစဉ်ရအောင် ဘုန်းသိင်္ခနဲ့အလုပ်တွဲလုပ်ခိုင်းထားတာ " ဘုန်းသိင်္ခဆိုတဲ့နာမည်ကိုကြားလိုက်ရတာနဲ့ စိုင်းမြတ်မျက်နှာပျက်သွားရပြီး " ဘယ်..ဘယ်လို ..ဘုန်းသိင်္ခနဲ့ဟုတ်လား....အဲ့ဒါကို ပန်းရိပ်ကလက်ခံတယ်လား...သူကတခြားသူတွေကိုမှမယုံတတ်တာ.....ပြီးတော့ အန်တီမြိုင်တို့ကလဲ ဘာသဘောလဲကွာ..ကိုယ့်သားသမီးကို ရွယ်တူယောက်ျားလေးနဲ့ အလုပ်အတူတွဲလုပ်ခိုင်းထားရလား " မကျေမနပ်ဖြစ်နေတဲ့ စိုင်းမြတ်ကိုကြည့်ပြီး အလွမ်းဆွတ်ရင်ထဲမှာနာကျင်သွားရတယ်။အလွမ်းဆွတ်တစ်ယောက်လုံးကိုရှေ့မှာထားပြီး ပန်းရိပ်ဖြူကိုစိုးရိမ်ပြနေတာကတော့ တော်တော်လေးကိုနာကြည်းဖို့ကောင်းလွန်းနေတယ်။ " အစ်ကို့စိတ်တွေ အဆင်မပြေရင်လဲ ...အလွမ်းပြန်တော့မယ်အစ်ကို " အလွမ်းဆွတ်နှုတ်ခမ်းလေးကိုကိုက်ကာပြောလိုက်မိတယ်။ " မ...မဟုတ်ပါဘူး...အလွမ်းရယ်...ပန်းရိပ်ကတခြားသူစိမ်းယောက်ျားတစ်ယောက်နဲ့အလုပ်တွဲလုပ်တယ်ဆိုတာကို မယုံနိုင်လို့်ပါ ...အလွမ်းဘာပြောမလို့လဲပြောလေ " စိုင်းမြတ်စိတ်တိုနေတာကို ထိန်းလိုက်ပြိး ဟန်မပျက်ပြောလိုက်ရင်းနဲ့ အလွမ်းဆွတ်ကိုကြည့်လိုက်တယ်။ " ဟုတ်ကဲ့ အစ်ကိုနဲ့ပန်းရိပ်စေ့စပ်တော့မယ်လို့ ဘွားကြေးဥကပြောတယ်...အဲ့ဒါတကယ်လားအစ်ကို " " ဟို...အဲ့ဒါက အစ်ကိုတို့စေ့စပ်ထားရုံပါပဲ...လက်ထပ်တာကကြာအုံးမယ်ထင်တယ် " " ဘာပဲဖြစ်ဖြစ် ...အစ်ကိုတို့လက်ထပ်ကြတော့မယ်ဆိုတော့ အလွမ်းကဘယ်လိုနေရမှာလဲအစ်ကို...ကသစ်မြိုင်ကထွက်သွားရတော့မှာလား ...အခုချိန်တော့ အလွမ်းထွက်သွားဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးအစ်ကိုရယ်...ဖြစ်နိုင်ရင် စေ့စပ်ပွဲကိုလဲမလောစေချင်သေးဘူး ....အခုကအမေပန်းမြိုင်တို့က တားနေပေမဲ့လဲ ...ဘွားကြေးကကဇွတ်စီစဉ်ဖို့လုပ်နေတာကို အလွမ်းသိတယ် ....အစ်ကိုသာအလွမ်းဘက်ကိုနည်းနည်းလောက်ဖြစ်ဖြစ်ငဲ့ညှာပေးရင် ....ဒီလိုမျိုးချက်ချင်းကြီးတော့ မစီစဉ်သင့်ပါဘူး..အစ်ကိုနဲ့အလွမ်းအတူတူနေနေကြတာကို... ပန်းရိပ်သိသွားခဲ့ရင် ဘယ်လိုဖြစ်သွားမယ်ထင်လဲ အစ်ကို "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၃) akyiphyu ********* " နေအုံး ..ဆိုင်ကယ်နဲ့မသွားနဲ့ ကားနဲ့သွားမယ်...ကျွန်မစိတ်ရှုပ်နေလို့ ကားပဲလွတ်လွတ်လပ်လပ်စီးချင်လို့ " ဆိုင်ကယ်ထုတ်ဖို့ပြင်နေတဲ့ ဘုန်းသိင်္ခကိုပန်းရိပ်ဖြူက လှမ်းပြောလိုက်တယ်။ " ဗျာ...မမလေးကကျွန်တော်နဲ့လိုက်စီးမလို့လား...တစ်စီးစီးမှာမဟုတ်ဘူးလား " ဘုန်းသိင်္ခက ဆိုင်ကယ်ကိုကိုင်ထားရင်းက ပန်းရိပ်ဖြူကိုလှည့်ကြည့်ပြီးမေးလိုက်တယ်။ " မဟုတ်ဘူး ...ရှင်နဲ့လိုက်မှာ " ပန်းရိပ်ဖြူက ခပ်တည်တည်နဲ့ပြောပြိး သူမကားပေါ်မှာတက်ထိုင်လိုက်ပြီး ဘုန်းသိင်္ခကိုလှမ်းအော်လိုက်တယ်။ " ဪ...လာလေ...ဘာလုပ်နေတာလဲ..ကျွန်မကားကိုမောင်း ..." ပန်းရိပ်ဖြူအော်လိုက်တာကြောင့် ဘုန်းသိင်္ခမှာကားပေါ်ကိုအမြန်တက်လိုက်ရတယ်။ ~~~~~~~~~ " ဒါနဲ့ ... မမလေးအပန်းဖြေစခန်းကိုလိုက်မယ်ဆိုတာကို .....မမလေးရဲ့လူရောသိရဲ့လား " ဘုန်းသိင်္ခက ကားမောင်းနေရင်းက ပန်းရိပ်ဖြူကိုလှည့်မေးလိုက်တယ်။ " ဟင့်အင်း ..မပြောရသေးဘူး..မနက်က သူစောကြိးထသွားလို့် မတွေ့လိုက်ရဘူး...ညနေမှပြောတော့မယ် ...ဒါနဲ့...ရှင့်ကိုမေးစရာရှိတယ် " " မေးအုံးမှာလား ...ဘာတွေမေးအုံးမှာလဲ...မေးတော့မေးနော်မအော်နဲ့...အော်ရင်မဖြေဘူး " " ဘာပြောတယ် " ပန်းရိပ်ဖြူ လွှတ်ခနဲအော်လိုက်မိပြီးမှ ဘုန်းသိင်္ခရဲ့အကြည့်စူးစူးတွေကြောင့် ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်။လူတကာကိုအော်ခဲ့တဲ့ ပန်းရိပ်ဖြူမှာ ဘုန်းသိင်္ခကိုတော့အော်ဖို့လန့်နေမိတယ်။ဘုန်းသိင်္ခက ပညာရှင်အနေနဲ့လာခဲ့တာမို့ မာနကြီးတာလားတော့မသိဘူး။ပန်းရိပ်ဖြူကို တစ်ခါမှတလေးတစားမပြောဖူးဘူး။သူ့ပါးစပ်ကနေ ပန်းရိပ်ဖြူကိုမမလေးလို့ခေါ်နေတာလဲ တမင်ခေါ်နေတာမှန်း ပန်းရိပ်ဖြူသိတာပေါ့။သခင်မလေးဆိုတဲ့နာမ်စားထက်စာရင် မမလေးကနားထောင်လို့ကောင်းသေးလို့ ပန်းရိပ်ဖြူကလဲဘာမှမပြောဘဲနေလိုက်တာ။သေချာတာက ပြောရင်လဲရမဲ့ပုံမဟုတ်ဘူးလေ။သူနဲ့ အပန်းဖြေစခန်းမှာ တွေ့တုန်းကပဲကြည့်လေ ပန်းရိပ်ဖြူအော်ထုတ်လိုက်တာနဲ့တကယ်ထားပစ်ခဲ့တာလေ။ဘုန်းသိင်္ခရဲ့ပုံစံက သိပ်ပြီးအချိုးမပြေပေမဲ့လဲ ပန်းရိပ်ဖြူအပေါ်မှာ တခြားအလုပ်သမားတွေလို လေးစားဟန်ဆောင်တာမျိုး၊ကြောက်ဟန်ဆောင်တာမျိုးတွေမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောတတ်တာကိုတော့ ပန်းရိပ်ဖြူကသဘောကျတယ်။ဒါကြောင့်လဲ တခြားသူတွေနဲ့စကားသိပ်ပြောလေ့မရှိတဲ့ ပန်းရိပ်ဖြူက သူ့နဲ့စကားတွေပြောတာ။သူနဲ့ဆိုင်ကယ်လိုက်စီးတာ၊ကားလိုက်စီးတာတွေကိုလုပ်ခဲ့မိတာပေါ့။ပြောရမယ်ဆိုရင် ပန်းရိပ်ဖြူက အလွမ်းဆွတ်မောင်းတဲ့ကားကိုတောင်လိုက်စီးတဲ့သူမဟုတ်ဘူးလေ။ " ကဲ မေးမှာဆို..ဘာမေးမှာလဲ မေးလေ " နှစ်ယောက်သားကြားမှာတိတ်ဆိတ်နေတာကို ဘုန်းသိင်္ခကစပြီးပြောလိုက်တယ်။ " အင်း...ဒီလိုပါ...ညတုန်းကရှင်ဘယ်အချိန်အိပ်တာလဲ " ပန်းရိပ်ဖြူရဲ့အမေးကြောင့် ဘုန်းသိင်္ခက ပန်းရိပ်ဖြူကို ငဲ့စောင်းကြည့်လိုက်ပြီး " ညတုန်းက အိပ်တာစောတယ်...ဆယ်နာရီလောက်ဖြစ်မယ်ထင်တယ် ...ဘာဖြစ်လို့်လဲ " " ညတစ်နာရီလောက်တုန်းက ရှင်တို့နားမှာ ...ခိုးကြောင်ခိုးဝှက်နဲ့သွားနေတဲ့ လူတစ်ယောက်ကို ကျွန်မတွေ့တယ်...အဲ့ဒါနဲ့ ကျွန်မလဲသေချာအောင်လာကြည့်မလို့ အောက်ထပ်ကိုဆင်းသွားသေးတယ်...အောက်ထပ်ရောက်တော့....ဟို...ဟိုလေ...သရဲခြောက်ခံရသလိုဖြစ်ပြီး ..ဘာဖြစ်သွားမှန်းမသိပါဘူး ...သတိပြန်ဝင်လားတော့ ကျွန်မအခန်းထဲပြန်ရောက်နေပြီး မိုးတောင်လင်းနေပြီလေ...အဲ့ဒီတော့မှအိပ်မက်မက်နေမှန်းသိတာ...ဒါပေမဲ့ကျွန်မစိတ်ထဲမှာတော့ တကယ်လိုပဲထင်နေမိတယ်...အဲ့ဒါကြောင့် ညတုန်းကရှင်တို့တိုက်ကိုသူခိုးတွေဘာတွေကပ်သေးလားလို့မေးမလို့ " ပန်းရိပ်ဖြူရဲ့ စကားအဆုံးမှာ ပန်းရိပ်ဖြူရဲ့မျက်နှာကိုဘုန်းသိင်္ခသေချာစိုက်ကြည့်လိုက်ပြီး " ဘယ်လို...မင်းက ခြံထဲမှာလူကပ်လို့ဆင်းကြည့်မလို့ အောက်ထပ်ကိုဆင်းလာတယ်...အဲ့ဒီမှာ သရဲခြောက်ခံလိုက်ရပြီး သတိလစ်သွားတယ်ပေါ့...သတိပြန်ရလာတော့မှ မင်းကြုံခဲ့ရတာတွေက တကယ်မဟုတ်ဘဲ ...အိပ်မက်ဖြစ်နေခဲ့တယ်လို့ပြောတာလား ...." " အင်း ဟုတ်တယ်...ဒါပေမဲ့ စိတ်ထဲမှာတော့ တကယ်လိုပဲ ထင်နေမိတယ် " ပန်းရိပ်ဖြူရဲ့ စကားကြောင့် ဘုန်းသိင်္ခတွေခနဲဖြစ်သွားပြီးမှ " အိပ်မက်လား ...တကယ်ဖြစ်ခဲ့တာလားဆိုတာကို သေချာမမှတ်မိတော့ဘူးပေါ့ ...အမြဲတမ်း အဲ့ဒီလိုမရေမရာ ခံစားနေရတာပဲလား " " အင်း ..အများအားဖြင့်တော့ အဲ့ဒီလိုပဲ.....အပန်းဖြေစခန်းမှာ ဖြစ်တဲ့ညတုန်းကလဲ အဲ့လိုပဲလေ...ကျွန်မအိပ်မက်ထဲမှာတော့ ကျောက်တောင်နားမှာ ရောက်နေခဲ့တာ ...သတိရလာတော့ ပန်းခြံထဲမှာဖြစ်နေတယ် " " အင်း ...မင်းဖြစ်နေတာတွေကို နားထောင်ရတာလဲ ဆန်းကြယ်လိုက်တာ...အခုလိုဖြစ်နေတာတွေအားလုံးက ..တကယ်တော့ အတိတ်ကို မင်းသတိမရလို့ဖြစ်နေတာတွေပဲ ...ကသစ်မြိုင်မှာ ဘယ်သူတွေကို မင်းမယုံဘူးလဲ " " အင်း ... အားလုံးကို မယုံဘူး...အဘွားရယ်..အမေ့နဲ့ အဖေ့ကိုပဲယုံတယ် " " ဪ..ဒါဆိုရင် .. မင်းရည်းစားကိုရောမယုံဘူးလား ... " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ပန်းရိပ်ဖြူတွေခနဲတစ်ချက်စဉ်းစားကြည့်လိုက်ပြီးမှ