fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

رفتن به کانال در Telegram
1 034
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-1130 روز
آرشیو پست ها
" တူ...တူ " ကိုသက်ကို ပြောနေစဉ်မှာပဲ နေသစ်ညီ၏ လက်ကိုင်ဖုန်းကထမြည်လာသောကြောင့် နေသစ်ညီစိတ်ညစ်ညူးစွာနှင့်ဖုန်းကိုကောက်ကိုင်လိုက်ရသည်။ ============================= အပိုင်း(၄)ဆက်ရန် A kyi phyu #ဧကြည်ဖြူ ၃.၆.၂၀၂၄ (တနင်္လာနေ့) " မင်္ဂလာပါ " စာချစ်သူများရှင် #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။ စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင် စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် .... စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် .. နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်... စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ် A Kyi phyu မှာ Paid group မရှိပါဘူးနော် ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင် တစ်နေ့တစ်ပိုင်းပဲ ရေးပြီး ရေးပြီးတာနဲ့တင်တာပါ စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ် ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် #AKyiPhyu #ဧကြည်ဖြူ အပိုင်း ( ၁) https://www.facebook.com/100067151540690/posts/764909259090785/ (၂) https://www.facebook.com/100067151540690/posts/765419929039718

~~aky~i~~p~h~yu~ ( ၂၈ ) နှစ်ကြာပြီးနောက် ........................................... " ဧည့်သည်ရောက်နေတယ်ဆရာ " မန်နေဂျာကိုသက်၏စကားကြောင့် နေသစ်ညီအနည်းငယ် ရင်တုန်သွားမိသည်။လုပ်ငန်းကိစ္စနှင့်လာသောဧည့်သည်ဆိုလျှင် ကိုသက်မျက်နှာကသူ့ထက်တောင်တည်ကြည်ပြီးလေးနက်နေတတ်သေးတာလေ။ယခုမူ ကိုသက်၏မျက်နှာသည် မချိုမချဉ်လိုလို ပြောင်စပ်စပ်လိုလိုမျက်နှာပေးမျိုးနှင့်။ကိုသက်မျက်နှာပေးကို အကဲခတ်ကြည့်လိုက်ပြီး တစ်ခုခုတော့တစ်ခုခုပဲဆိုသည်ကို နေသစ်ညီသိလိုက်သည်။ " ဧည့်သည်ဆိုလဲ ဝင်ခိုင်းလိုက်လေကွာ ." " ဟုတ်ကဲ့ဆရာ ...ဒါဆိုဝင်ခိုင်းလိုက်မယ်နော် " အတွန့်တက်ပြီးထပ်ပြောသောကိုသက်ကို နေသစ်ညီဘာမှပြန်မပြောဘဲနေလိုက်သည်။ကိုသက်အပြင်သို့ ထွက်သွားပြီးသည်နှင့်အခန်းတံခါးမှာ ချက်ချင်းပြန်ပွင့်လာပြီး အခန်းထဲသို့လူတစ်ယောက်ဝင်လာခဲ့လေသည်။ဝင်လာသူကိုကြည့်ပြီး နေသစ်ညီစိတ်အပျက်ကြီးပျက်သွားမိသလို ကိုသက်ကိုလည်း လက်သီးနှင့်ပြေးထိုးချင်စိတ်ပေါက်သွားရလေသည်။ " မောင်နေသစ်နေကောင်းတယ်နော်....မတွေ့တာကြာလို့်ထင်တယ်..မောင်နေသစ်ကပိုချောပိုခန့်လာပါလားကွယ် ..အသက်ကြီးလာလေလေ ...ပိုပြီးကြည့်ကောင်းလာလေလေဆိုတာ မောင်နေသစ်ကိုပြောတာထင်ပါရဲ့ကွယ်..ဟင်း...ဟင်း " ရယ်သံကြီးကြားရသည်ကိုက ကြက်သီးထစရာကြီးလို့ နေသစ်ညီတွေးလိုက်မိသည်။သို့သော်လည်း သူတို့မိသားစုတစ်စုလုံးကြောက်ရသော အဘွားဖြစ်သူဒေါ်ရတနာထိုက်၏ မိတ်ဆွေရင်းကြီးဖြစ်နေသော ဤအမျိုးသမီးကြီးကို နေသစ်ညီအောက်အည်းသည်းခံပြီး ဧည်ခံစကားပြောရုံမှလွဲ၍ မတတ်နိုင်ချေ။ " ဟို ...ဘာကိစ္စများရှိလို့လဲအန်တီ " " ဟင်း..ဟင်း ..ကိစ္စတော့ထွေထွေထူးထူးမရှိပါဘူးကွယ်.....မမကြီးက မောင်နေသစ်ဆီလူကြုံပါးခိုင်းလိုက်လို့ပါကွယ် ..ဒီမှာ ကြည့်ပါအုံး " အကြောင်းအရင်းကို ကြိုတင်သဘောပေါက်ပြီးသာဖြစ်သော်လည်း နေသစ်ညီအပိုစကားများမပြောချင်သောကြောင့် မင်္ဂလာပွဲစားအန်တီကြီးပေးသော ဓါတ်ပုံများကိုယူကြည့်လိုက်သည်။ ဓါတ်ပုံထဲတွင် မြင်လိုက်ရသောမိန်ကလေးမှာ ဆံပင်ရှည်ရှည်နှင့်ချောမောလှပသောရုပ်ရည်သွင်ပြင်ဟန်ရှိသည်။ပွဲစားအမျိုးသမိးကြိးက အရည်အချင်းတော့မဆိုးလှဟုပဲပြောရလေမလားမသိ။နေသစ်ညီ ဘယ်လောက်ပဲငြင်းငြင်းမိန်းမချောမိန်မလှလေးများကို ဘယ်ကဘယ်လို ရှာတွေ့သည်မသိ။ယူလာသမျှပုံများသည်လည်း မင်းသမီးများထက်ပင်ချောမောလှပကြသေးသည်။သူလုပ်ပုံက နေသစ်ညီအတွက်စိတ်အနှောက်အယှက်ဖြစ်စရာဆိုသော်လည်း သူ့လုပ်ငန်းနယ်ပယ်မှာတော့ အမျိုးသမီးကြီးသည် ကျွမ်းကျင်အဆင့်ဖြစ်ပုံရလေသည်။ " နာမည်က ငွေနှင်းစက်တဲ့ ...အသက်က(၂၇) ...ငွေစင်ထွန်းဆောက်လုပ်ရေးလုပ်ငန်းရဲ့သမီးအငယ်လေ " " ဗျာ..ငွေစင်ထွန်းဆောက်လုပ်ရေးက ဟုတ်လား " သည်တစ်ခါတော့ နေသစ်ညီအံ့ဩကာမျက်လုံးပြုးသွားရသည်။အံ့ဩတကြီးနှင့် ဓါတ်ပုံကိုပြန်ကြည့်လိုက်မိသည်။သည်အခါမှ ဓါတ်ပုံထဲမှ မိန်ကလေးသည်နှုတ်ခမ်းများကိုတင်းတင်းစေ့လျက်မှ သူ့ကိုစေ့စေ့ကြည့်နေသကဲ့သို့ ခံစားလိုက်ရလေသည်။သူမသည် ဆောက်လုပ်ရေးလောကတွင် မာနမင်းသမီးလေး မဟုတ်ပါလား။ထိုကဲ့သို့နာမည်ကြီးနေသော မာနမင်းသမီးလေးသည် ဘယ်အတွက်ကြောင့် သူ့နှင့်ပတ်သက်ဖို့ဖြစ်လာရပါသနည်း။ " ချောသားပဲ.....ဒါပေမဲ့ ..အသက်ကငယ်တယ်နော်....ကျွန်တော်က ( ၃၂ )နှစ်လေ " " အမယ်လေး ..မောင်နေသစ်ရယ် .....(၃၂)နဲ့ (၂၇)လေ ..ဘယ်လောက်များကွာလို့လဲကွယ်.....ဒီခေတ်ကြီးထဲမှာ ..အသက်နှစ်ဆယ်လောက်ကွာတဲ့သူတွေတောင် ယူနေကြတာပါကွယ် " " ဪ..ဟုတ်ကဲ့ပါအန်တီ ..ဒါနဲ့ ..ဒီနေ့တော့ ဒီတစ်ယောက်ပုံပဲမဟုတ်လား " " ဟုတ်တယ်ကွဲ့..မောင်နေသစ်ဘယ်လိုသဘောရလဲ ပြောပါအုံး ...နှစ်ယောက်အေးအေးဆေးဆေးတွေ့ချင်တယ်ဆိုရင် ..အန်တီစီစဉ်ပေးမယ်လေ " " ဗျာ ..ဟို...နေ..နေပါအုံးအန်တီ..ကျွန်တော်အကြောင်းပြန်ပေးပါ့မယ်ခင်ဗျာ ...အဘွားကိုပြောပြလိုက်ပါမယ်နော် ..." " ကောင်းပါပြီကွယ်..မမကြီးက..သူ့မြေးအသက်ကြီးလာပြီဆိုပြီး .... လောနေတာနဲ့အန်တီကလဲ လူကောင်းလေးလွှတ်သွားမှာစိုးလို့်ပါကွယ်....ငွေစင်ထွန်းဆောက်လုပ်ရေးကိုတော့ မောင်နေသစ်တို့ကပိုသိမှာပေါ့....အရင်ကတော့ သူဌေးမကြိးဒေါ်ငွေစင်ထွန်းကဦးဆောင်လုပ်တာလေ..ဒီနှစ်တွေထဲမှာ သူ့မြေးမလေးက လုပ်ငန်းခွင်ထဲရောက်လာပြီး နာမည်ကြီးနေတာလေ..ကောင်မလေးကရုပ်လေးကလည်းချော..တော်ကလည်းတော်တယ်လေကွယ် " " ဟုတ်..ဟုတ်ကဲ့ပါအန်တီ ..ကျွန်တော်သိပါတယ်....လူကိုပဲမမြင်ဖူးသေးတာပါ ..သူ့သတင်းတွေတော့ကြားပါတယ်.....အကြောင်းပြန်လိုက်ပါမယ်အန်တီ " " အေးပါကွယ်..ဒါတိုလဲ အန်တိပြန်တော့မယ်နော် ...ချိန်းပေးရမယ်ဆိုရင်.....ဖုန်းဆက်လိုက်နော် မောင်နေသစ်ညီ " " ဟုတ်ကဲ့ပါအန်တီ " ပြန်ဖို့အေရေးကို မပြန်နိုင်ဘဲ မှာကြားလို့်မဆုံးဖြစ်နေသောကြောင့် နေသစ်ညီ၏သဘောကျချင်ချင်ဖြစ်နေသောစိတ်လေသည်ပင် ‌ပျက်ချင်ချင်ဖြစ်သွားရလေသည်။ပွဲစားအမျိုးသမီးကြီးပြန်ထွက်သွားသည်နှင့် ကိုသက်တစ်ယောက်ပြုံးစိစိနှင့်မျက်နှာနှင့် အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ " ကိုသက်ရာ ..မင်းကွာမြားနတ်မောင်လာတာဆိုလည်း....အရိပ်အခြည်လေးတော့ပြမှပေါ့ကွ ...သူ့မှာလဲ လူတွေမကုန်နိုင်ဘူးကွာ..တကယ်ပါကွာ ..မော်ဒယ်အေဂျင်စီတွေတောင်..သူ့လောက်လူများမှာမဟုတ်ဘူး "

သုံးဆယ်ကျော်ကျော်သာရှီသေးသည်။သူ့ကိုယ်ပိုင်လုပ်ငန်းများသည်လည်းသုံးလေးခုမကရှိသေးသည်။လက်ရှိသမီးဖြစ်သူ နှင်းရည်သက်အလုပ်ဝင်လုပ်နေသော ပရိဘောကဆိုင်ကြီးသည်ပင်လျှင် အလုပ်သမားအယောက်နှစ်ဆယ်ကျော်ရှိသည်။တခြားလုပ်ငန်းများလည်းရှိသေးသည်။ဒေါ်ငွေစင်ထွန်းဦးဆောင်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသည်လည်း ဆောက်လုပ်ရေးလောကတွင် လူသိများထင်ရှားလှသည်။ပြီးလျှင် အမေနှင့်သားကလည်းကိုယ်ပိုင်ခြံနှင့်တိုက်နှင့်ကားနှင့် သီးသန့်ခွဲနေကြသူများဖြစ်သည်။ကလေးကလည်း သူ့အထိန်းတော်နှင့်သူရှိပြီးသား။ကလေးအတွက်လည်း နှင်းရည်သက်အဖို့ ဘာမှကရိကထလုပ်ပေးနေစရာမလို။ဤမျှပြည့်စုံလှသောဘဝမျိုးကို သမီးဖြစ်သူရမည်ဖြစ်၍ ဒေါ်သက်သက်မာကျေနပ်နေမိသည်မှာမဆန်းလှထင်။နှင်ရည်းသက်သည်လည်းကံအကျေိုူးပေးကောင်းလွန်းသည်လားမသိ။သူမကိုယ်တိုင်မှာ ဘွဲ့လေးတစ်ခုရပြီး စာရင်းကိုင်သင်တန်းအောင်လက်မှတ်မှလွဲ၍ မယ်မယ်ရရပြစရာအရည်အချင်းလည်းမရှိ။သို့သော်လည်း နှင်းရည်သက်၏ ဖခင်ကြီးသည် သူ၏ရုံးဌာနတွင်ဂုဏ်သတင်းကြီးသည်။ဒေါ်သက်သက်မာသည်လည် သမိးကိုအလိုလိုက်လွန်းသည်မှလွဲ၍ နေတတ်စားတတ်သည်။သို့အတွက်ကြောင့်လည်း မျိုးရိုးကောင်းသော ချွေးမမျိုးကိုလိုချင်နေသော မိုးမြင့်ထွန်၏ မိခင်ကြီးဒေါ်ငွေစင်ထွန်းက နှင်းရည်သက်ကိုချွေးမအဖြစ်လိုလိုလားလားလက်ခံခဲ့သည်။မိုးမြင့်ထွန်းတစ်ယောက်မှာတော့ သူ့အမှားအတွက် အရာရာကိုခေါင်းငြိမ့်သဘောတူလိုက်ရသည်။အကြောင်းအရင်းကို ဆန်းစစ်ကြည့်လိုက်သောအခါ သူကိုယ်တိုင်ကလည်း သူ့ကိုလိုက်ကပ်နေသောနှင်းရည်သက်ကို ပြတ်ပြတ်သားသားမငြင်းဆန်ခဲ့မိသည့်အမှားများကြောင့် မိုးမြင့်ထွန်းနှင့်နှင်းရည်သက်တို့ တူနှစ်ဖြာရွှေဂဟေဆက်ပါလို့် အဖြစ်သို့ရောက်ခဲ့ကြရလေတော့သည်။ a~k~y~ip~h~~y~u~~~~ " ဘယ်လိုလဲ မျိုးမင်း..နှင်းရည်တို့ဘယ်ကိုပြောင်းသွားလဲဆိုတာကို... မင်းစုံစမ်းလို့ရပြီးလား " သူငယ်ချင်းဖြစ်သူ၏အမေးကို မျိုးမင်းအောင်တစ်ယောက်စိတ်ပျက်လက်ပျက်နှင့်ခေါင်းယမ်းပြလိုက်သည်။ " မတွေ့ပါဘူးကွာ...ဘယ်ကိုများပြောင်းသွားကြလဲမသိတော့ဘူး ...ငါလဲလိုက်စုံစမ်းနေတာနှံ့နေပြီ ...စစ်ကိုင်း...မန္တလေးနှံ့နေရာပဲ ' မျိုးမင်းအောင်၏ စိတ်ပျက်အားလျော့သော ပုံစံကိုကြည့်ပြီး သူငယ်ချင်းဖြစ်သူကသက်ပြင်းမောကိုချလိုက်သည်။ ' အေ...လေးနှစ်တောင်ကျော်နေပြီလေကွာ..မင်းဘာလို့်ရှာနေတာလဲသူငယ်ချင်းရာ....ဒီကိစ္စနဲပတ်သက်ပြီး... ငါသိလာတာတစ်ခုရှိလို့ ..မင်းကိုလာပြောပြတာ သူငယ်ချင်း...ငါရန်ကုန်သွားတော့... နှင်းရည်သက်ကို တွေ့ခဲ့တယ် ..မင်းစိတ်မကောင်းတော့ မဖြစ်နဲ့သူငယ်ချင်း " " ဘာ..ဘာများဖြစ်လို့လဲကွာ..နှင်းဘာများဖြစ်လို့်လဲ " မျိုးမင်းအောင်က စိုးရိမ်တကြီးနှင့်မေးလိုက်သည်။ " ဘာမှမဖြစ်ဘူးဟေ့ကောင် မင်းစိုးရိမ်မနေနဲ့...နှင်းရည်သက် ရန်ကုန်မှာအိမ်ထောင်ကျနေပြီကွ " " ဘာ..ဘာပြောတယ်..နှင်းအိမ်ထောင်ကျသွားပြီဟုတ်လား ...သေချာလို့လားကွာ..သတင်းမှာတွေကြားပြီးပြောနေတာလား ...နှင်းပြောတာတော့ ...သူ့အိမ်ကငါတို့ကိုသဘောမတူလို့ စောင့်နေပါလို့မှာသွားခဲ့တာကွ " " သွားစမ်းပါကွာ ...မင်းကိုတားလို့မရလို့သာ ...ငါတို့ဒီတိုင်းကြည့်နေခဲ့ကြတာ.....နှင်းရည်သက်က မိန်းမလည်မကွ....မင်းနဲ့တွဲနေရင်းက တခြားကောင်တွေလဲမလွတ်ချင်ဘူး..ဒါတွေထားလိုက်ပါကွာ..ငါနဲငါ့သူဌေးရန်ကုန်သွားတာ မင်းသိတယ်မဟုတ်လား ...သူဌေးကဆောက်လုပ်ရေးလုပ်ငန်းအတွက်သွားတာကွ..ငွေစင်ထွန်းဆောက်လုပ်ရေးရုံးကိုသွားခဲ့ကြတာ....အဲဒီမှာနှင်းရည်သက်ကိုတွေ့ခဲ့တာ...သူကတော့ငါ့ကိုမတွေ့ပါဘူး...သူကပိုင်ရှင်ရဲ့သားနဲ့လက်ထပ်ထားတာတဲ့လေ ...ဟိုကောင်က ...ကလေးတစ်ယောက်အဖေမုဆိုးဖိုကွ...ငါတို့ထက်အသက်လည်းကြီးတယ်...မုဆိုးဖိုဆိုပေမဲ့ရေတော့လျှံတယ်လေကွာ..နှင်းရည်သက်အကြိုက်ပဲဟာ....သူကမင်းနဲ့ချစ်သူဖြစ်နေကတည်းက ... ပိုက်ဆံရှိတဲ့ကောင်တွေဆိုရင် အသေကပ်တာကွ..မင်းစိတ်မဆိုးနဲ့ကွာ..မင်းကိုတော့ ရုပ်ရည်ကြောင့်ကပ်ခဲ့တာဖြစ်မယ်...ဒီလိုမိန်းမမျိုး သူ့လမ်းသူရွေးချယ်သွားတာ ဝမ်းနည်းစရာမလိုဘူး.." " တော်..တော်ပါတော့ကွာ...သူအိမ်ထောင်ကျသွားပြီး တစ်နေရာရာမှာ အဆင်ပြေပြေရှိနေတယ်ဆိုရင် ..ငါလဲသူ့ကိုရှာစရာမလိုတော့ပါဘူး..နှုတ်ဆက်စာတစ်စောင်နဲ့ ...ရုတ်တရက်ကြီးပျောက်သွားခဲ့တဲ့ သူ့ကို ..ငါ့စိတ်ထဲတစ်မျိုးထင်နေမိလို့ လိုက်ရှာနေမိတာပါ..,သူ့ဘဝနဲ့သူဖြစ်နေပြီးဆိုရင် ...ငါနဲ့ဘာမှမဆိုင်တော့ပါဘူး....ငါလိုလူကို သူလက်မထပ်ရဲတာကိုလည်း .... အပြစ်မပြောပါဘူးကွာ " မျိုးမင်းအောင်နာကျင်စွာပြောလိုက်ရင်း သူတို့၏အိမ်လေးကို လှမ်းကြည့်လိုက်မိသည်။သူတို့အိမ်လေးသည် လက်သမားဆရာကြီးနေသောအိမ်လေးပီပီ သစ်တိုသစ်စများ။ပရိဘောဂအဟောင်းများနှင့်ပြည့်နေသည်။သူထိုင်နေသောခုံတန်းလျားနောက်ရှိ သစ်ပင်တွင်လည်း ပရိဘောဂအဟောင်းများပြုပြင်ပေးသည်။အော်ဒါလက်ခံသည်ဆိုသော စာတန်းလေးကို ချိတ်ဆွဲထားလေသည်။သူနှင့်ချစ်သူနှင်းရည်သက်၏ ဘဝသည် မိုးနှင့်မြေလိုမကွာခြားသော်လည်း နှင်းရည်သက်လိုချင်သောဘဝမျိုးကို မျိုးမင်းအောင်မပေးနိုင်သည်မှာအမှန်ပင်ဖြစ်ပါလေသည်။သည့်အတွက်ကြောင့်လည်း ချစ်သူနှင်းရည်သက်ကို မျိုးမင်းအောင်ခွင့်လွှတ်ပေးနိုင်ပါသည်။

စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) အပိုင်း(၃) akyiphyu *a*ky*iphy*u**** " မိန်းကလေးက မဆိုးပါဘူး ..အချောလေးပဲ ..မိဘမျိုးရိုးကရောကောင်းရဲ့လား ..သားတို့ဆိုင်မှာ ... စာရင်းကိုင်လုပ်နေတာဆိုတော့ ပညာရေးကတော့မနိမ့်ဘူးထင်တယ် " " ဟုတ်ကဲ့ ..စာရင်းအင်းကျွမ်းကျင်သလို ...မျိုးရိုးကလည်း ပညာတတ်မျိုးရိုးပါပဲ ..မိန်းကလေးရဲ့ဖခင်ကလည်းဝန်ထမ်းတစ်ယောက်ပါ......မိခင်ဖြစ်သူကတော့ အထည်ဆိုင်ဖွင့်ထားပါတယ် ..မောင်နှမလည်းသိပ်မများပါဘူး..မောင်နှမနှစ်ယောက်မှာ အငယ်ပါ ..အချမ်းသာကြီးမဟုတ်ကြပေမဲ့ ...ရိုးရိုးကုပ်ကုပ်နဲ့သိုသိပ်သိပ်နေတတ်ကြတဲ့မိသားစုပါ မေမေကြီး " " အင်း...တို့အတွက်တော့ ငွေကြေးထက်မျိုးရိုးဂုဏ်က အရေးကြီးတာဆိုတော့ ...မချမ်းသာတာပြဿနာမဟုတ်ပါဘူး..ဒါနဲ့နာမည်ကရောဘယ်သူတဲ့လဲ ...မင်းတို့သူဌေးလေးနဲ့ကရော..ဘယ်အနေအထားရောက်နေပြီလဲ " " ဟုတ်ကဲ့ ..နာမည်ကနှင်းရည်သက်တဲ့မေမေကြီး ..အစ်ကိုလေးနဲ့တော့ တခြားသူတွေထက်ပိုပြီးရင်းနှီးပါတယ် ....ကျွန်တော်တင်ပြထားခဲ့သလိုပါပဲ ... သူဌေးကတော်ဆုံးပြီးကတည်းက ...စိတ်ဓါတ်ကျနေတဲ့သူဌေးလေးကို... သူကပဲနှစ်သိမ့်ကူညီပေးခဲ့တာပါ ..ပြီးတော့ သမီးလေးလရိပ်နွေးနဲ့လဲအဆင်ပြေပါတယ်...အခုဆိုရင် သူဌေးလေးရဲ့အတွင်းရေးမှူးတစ်ယောက်လိုတောင်ဖြစ်နေပါပြီ ..ပြီးတော့...လရိပ်လေးအပေါ်မှာလည်း...မိခင်တစ်ယောက်လိုပုံစံမျိုးနဲ့စောင့်ရှောက်ပေးတာကိုတွေ့ရပါတယ်မေမေကြီး " အတွင်းရေးမှူးဖြစ်သူ၏ သတင်းစကားများကြောင့် ဒေါ်ငွေစင်ထွန်းပြုံးလိုက်သည်။ " အင်း..သားကြီးလည်းသူ့ဇနီးဆုံးသွားတာနှစ်နှစ်ကျော်ပြီပဲလေ...ပြီးတော့ နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း.... ကလေးမသိတတ်သေးခင်မှာပြုတာက ...ပိုကောင်းတယ်မဟုတ်လား ...မင်းတို့သူဌေးလေးနဲ့တော့ စကားသေချာပြောရတော့မယ်ထင်တယ်..တွေ့ဖို့ချိန်းပေးပါအုံး " " ဟုတ်ကဲ့ပါ မေမေကြီး " ဒေါ်ငွေစင်ထွန်း၏ စကားကိုအတွင်းရေးးမှူးဖြစ်သူ ကိုမြင့်ခိုင်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ~akyi~ph~y~~u~~ ဖျတ်ခနဲသတိဝင်လာသည်နှင့် မိုးမြင့်ထွန်းအိပ်ရာထဲမှဆတ်ခနဲကုန်းရုန်းထလိုက်သည်။သူ့အသိဉာဏ်ထဲမှာမှတ်မိနေသည်မှာ ညတုန်းကသူအတော်လေးမူးသွားသည်။မူးမူးနှင့်ဇနီးဖြစ်သူကိုလည်းအိပ်မက်မက်ခဲ့သည်။ " အစ်ကိုနိုးလာပြီးလားဟင် " တဆစ်ဆစ်ကိုက်ခဲနေသော ဦးခေါင်းကို လက်နှင်အသာဖိပြီး မိုးမြင့်ထွန်းအိပ်ရာထက်မှထထိုင်လိုက်စဉ်မှာပဲ ရုတ်တရက်နံဘေးမှ စကားပြောသံကြောင့် အလန့်တကြားနှင့် ငဲ့စောင်းကြည့်လိုက်မိသည်။ "ဟင်... နှင်း..နှင်းရည်သက် " မိုးမြင့်ထွန်းတွေ့လိုက်ရဿည်မှာ သူနှင့်တစ်အိပ်ရာထဲအတူရှီနေသော သူတို့ရုံးမှစာရင်းကိုင်မလေး နှင်းရည်သက်ပင်ဖြစ်လေသည်။ " နှင်း..နှင်းရည်သက် ...မင်း..မင်းက ...ဒီကိုဘယ်လိုရောက်နေတာလဲ " အဝတ်အစားမလှုံမခြုံနှင့် ဖြစ်နေသော နှင်းရည်သက်ကိုကြည့်ပြီး မိုးမြင့်ထွန်းတုန်လှုပ်ချောက်ချားစွားမေးလိုက်သည်။ပြီးနောက် အဝတ်အစားကင်းမဲ့နေသော သူ့ကိုယ်သူလည်း ပြန်ကြည့်လိုက်မိသည်။ မိုးမြင့်ထွန်း၏ အမေးကြောင့်နှင်းရည်းသက် ခေါင်းလေးကိုအောက်သို့ငုံ့ချလိုက်ပြီး " ဟို ..ဟို ...နှင်းရည်အိမ်ပြန်မလို့လုပ်နေချိန်မှာ ..ဆ..ဆရာက ..လူမှားပြီးအတင်းဆွဲခေါ်ထားတာပါ ..နှင်း..နှင်းရည်လည်း ..ဆ..ဆရာ့ကိုသနားလည်းသနားသလို ,,ဟို .. နှင်းရည်ကိုယ်တိုင်ကလည်း ဆရာ့ကိုချစ်နေမိတာမို့ .. မရုန်းမိတာပါဆရာ.. နှင်းရည်တောင်းပန်ပါတယ်ဆရာ..နှင်းရည်မိုက်ခဲ့မိပါတယ်..နှင်းရည်ကို ဆရာတာဝန်မယူချင်လည်းရပါတယ်...နှင်းရည်မိုက်ပစ်နဲ့ နှင်းရည်ခံပါ့မယ် " " တော်..တော်ပါတော့ကွာ..ဆရာတောင်းပန်ပါတယ်...ဆရာမှားခဲ့မိတာအတွက် တာ..တာဝန်ယူမှာပါ " မိုးမြင့်ထွန်းပြောပြီးသည်နှင့် အိပ်ရာထက်မှ အမြန်ဆုံးထလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်သည်။ရေချိုးခန်းထဲသို့ရောက်သောအခါ ရေပန်းကိုဖွင့်ချလိုက်ပြီး ယောက်ျားတန်မဲ့ငိုမိလေသည်။ " မောင့်ကို ခွင့်လွှတ်ပါနွေးရယ်...မောင်မှားသွားမိပါတယ်ကွာ....ဒါပေမဲ့ ..နွေးတောင်းဆိုခဲ့သလိုပဲ ...သမိးလေးကို တစ်သက်လုံးဂရုစိုက်ပါ့မယ်..ချစ်ပါ့မယ်ကွာ မောင်ကတိပေးပါတယ်မိန်းမရေ " မိုးမြင့်ထွန်းမှာ ယောက်ျားရင့်မာကြီးဖြစ်သော်လည်း ရင်ထဲထိခိုက်လွန်း၍ ဆုံးပါးသွားပြီးဖြစ်သော ဇနီးသည်ကို တမ်းတပြီး တစ်ယောက်တည်း ကတိတွေပေးကာ စကားတွေတတွတ်တွတ်ပြောနေမိသည်။နှင်းရည်သက်ဆိုသော စာရင်းကိုင်မလေးက သမီးလေးလရိပ်နွေးကို ဂရုတစိုက်ရှိလွန်းတာမို့ မိုးမြင့်ထွန်းကိုယ်တိုင် မျက်နှာသာပေးပြီး အိမ်ကိုအဝင်အထွက်လုပ်ခိုင်းခဲ့မိသည်မှာ နောက်ဆုံးတော့ ဤအခြေအနေသို့်ရောက်ရှိလာခဲ့ရလေသည်။ a~k~~y~i~Ph~y~~~u~ နှင်းရည်သက်၏ဖခင်ဖြစ်သူ ဦးကောင်းမြတ်သည် မျက်နှာထားတည်တည်နှင့်ရှိနေခဲ့သော်လည်း မိခင်ဖြစ်သူဒေါ်သက်သက်မာတစ်ယောက်မှာမူ အပျော်မျက်နှာကို မနည်းပင်ဖုံးဖိထားရလေသည်။ဒေါ်ငွေစင်ထွန်းလို သူဌေးမနှင့် ခမည်းခမက်တော်ရမည်ကို မည်သူက သလောမကျဘဲနေမည်နည်း။သမက်ဖြစ်သူမိုးမြင့်ထွန်းသည်လည်း ကလေးတစ်ယောက်အဖမုဆိုးဖိုဆိုသော်လည်း ရုပ်ရည်အားဖြင့်မဆိုးလှသလို အသက်အရွယ်သည်လည်း

ဇနီးဖြစ်သူ၏လက်ဖဝါးလေးကို မိုးမြင့်ထွန်းခပ်တင်းတင်းဆုပ်ကိုင်ရင်းပြောလိုက်မိသည်။ဘာကိုမျှ သိနားလည်ခြင်းမရှိသေးသော သမီးငယ်လေး လရီပ်နွေးကတော့ မိခင်ဖြစ်သူ၏ဘေးတွင် မျက်လုံးပြူးလေးများဖြင့်ရှိလေသည်။ ~ak~yip~h~~y~u~ " မေမေကိုယ်တိုင်မုန်လုပ်ပေးပါနော်..ပြီးရင်ကျောင်းလဲလိုက်ပို့ပေးပါနော် ..ကိုကိုနဲ့မသွားချင်ဘူး " ခြေလေးဆောင့်ကာ ဂျီကျနေသော ဆယ်နှစ်ကျော်အရွယ် သီရိထိုက်ရဲ့အပြုအမူကြောင့် ခင်သစ္စာမျက်နှာမပျက်အောင် သတိထားနေရသည်။သူမဘဝက တစ်ခုခုများမတော်တဆအမှားအယွင်းလုပ်မိရုံနှင့် မိထွေးဆိုသော ခေါင်းစဉ်တပ်ခံရမည်။ထို့ကြောင့်လည်း လေးနှစ်အရွယ်သားလေးကိုတောင် ဦးစားမပေးနိုင်ဘဲ လင်ပါသားသမီးနှစ်ယောက်ဖြစ်သော နေထူးထိုက်နှင့်သီရိထိုက်ကိုပိုပြီးဦးစားပေးနေရသည်။တစ်ခုခုဆိုလျှင် သားလေနေသစ်ညီသည် နောက်ဆုံးမှနေရာရသူဖြစ်သည်။သူမဘဝ ယခုလိုဖြစ်နေရသော်လည်း သားလေးနေသစ်ညီကိုမူ သူမလိုမသိမ်ငယ်စေချင်။အစ်ကိုအစ်မများ၏ နိုင်စားခံရသောဘဝမျိုးမဖြစ်စေချင်မှာ အမှန်။သည်အတွက်ကြောင့်လည်း အကြီးနှစ်ယောက်ကို သူမပစားပေးနေခဲ့ပြီး သားငယ်လေးကို သူ့ဘွားအေကြီး၏ အချစ်တော်ဖြစ်အောင် ခင်သစ္စာအစွမ်းကုန်ကြိုးပမ်းဖို့သာဆုံးဖြတ်ထားခဲ့သည်။ဆုံးဖြတ်ထားသလိုလည်းဖြစ်အောင်ကြိုးစားဖို့ သားငယ်လေးကိုပါ တိတ်တဆိတ်ပုံစံသွင်းထားလိုက်သည်။သူမတို့သားအမိသည် ထိုက်မိသားစု၏ အငယ်အနှောင်းသားအမိမဟုတ်။ခင်သစ္စာသည် ဒေါ်ရတနာထိုက်၏ တရားဝင်ချွေးမဖြစ်ပြီး နေထိုက်၏တရားဝင်ဇနီးမယားဖြစ်သလို နေသစ်ညီသည်လည်း ဒေါ်ရတနာထိုက်၏မြေအရင်းဖြစ်ပြီး နေထိုက်၏သားအရင်းဖြစ်သည်ကို လူတိုင်းအသိအမှတ်ပြုစေရမည်။ဒါသည် ခင်သစ္စာအလိုချင်ဆုံးဆန္ဒဖြစ်သည်။ ============================= အပိုင်း(၃)ဆက်ရန် A kyi phyu #ဧကြည်ဖြူ ၃.၆.၂၀၂၄ (တနင်္လာနေ့) " မင်္ဂလာပါ " စာချစ်သူများရှင် #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။ စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင် စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် .... စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် .. နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်... စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ် A Kyi phyu မှာ Paid group မရှိပါဘူးနော် ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင် တစ်နေ့တစ်ပိုင်းပဲ ရေးပြီး ရေးပြီးတာနဲ့တင်တာပါ စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ် ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် #AKyiPhyu #ဧကြည်ဖြူ အပိုင်း ( ၁) https://www.facebook.com/100067151540690/posts/764909259090785/

" ဘာပြောလိုက်တယ် ခင်သစ္စာ...ငါ့မြေးကြီးက အငယ်လေးကို ရို//က်နေတာဟုတ်လား .....ညည်းဟာလေ ရုပ်လေးကြည့်တော့ ဖြူဖြူစင်စင်နဲ့နောက်ဆုံးတော့ မိထွေးကမိထွေးပါပဲလားဟဲ့ " ခင်သစ္စာ၏ စကားမဆုံးခင်မှာဘဲ ယေက္ခမဖြစ်သူ ဒေါ်ရတနာထိုက်ဒေါသတကြီးပြောဆိုပြီး အခန်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။ " ငါ့ကို... မြေးကြိးက အားလုံးပြောပြပြီးသွားပြီး ....သူ့ကသူ့ညီလေးကိုစနေတာကို.... ညည်းကအတင်းပြေးဝင်လာပြီး ...သူ့ကိုဆောင့်တွန်းပစ်လိုက်တာတဲ့...ညည်းကိုယ်တိုင်က ..သားအရင်းနဲ့ လင်ပါသားသမီးဆိုပြီး ခွဲခြားနေတာမဟုတ်လား ခင်သစ္စာ...ညည်းတို့ကို ငါပြောပြီးသားနော်...အေး..ငါ့မြေးနှစ်ယောက်ကို သားသမီးအရင်းလို သဘောမထားနိုင်ရင်တောင် ...မိထွေးပုံစံမျိုးနဲ့မဆက်ဆံနဲ့လို့ပြောထားပြီးသားနော်...ငါပြောသလိုမလိုက်နာနိုင်ရင်တော့ ငါ့အိမ်မှာမနေကြနဲ့....မိထွေးကလင်ပါးသားသမီးတွေကို နိုင်စားတာမျိုးဘယ်တော့မှမဖြစ်စေရဘူးဟေ့...မဟုတ်မဟတ်လုပ်ဇာတ်တွေပြောဖို့လည်းမစဉ်းစားနဲ့ ..လုပ်ဇာတ်ဆိုတာ နင်တို့လိုလူကြိးတွေပဲ ခင်းတတ်ကြတာ...ဆယ်နှစ်အရွယ်ငါ့မြေးကြီးက ဘာမှမသိသေးဘူး....ပြောထားပြီးပြီနော်နေထိုက်..မင်းမိန်းမကို မင်းနိုင်အောင်ထိန်း.,.ရတနာထိုက်ကို ....ဘာမှမသိတဲ့ငနုံမကြိးလို့တော့ မထင်နဲ့ ကြားလား " သူပြောချင်ရာကိုပြောပြီး တစ်ဖက်လူကို ဖြေရှင်းခွင့်မပေးဘဲထွက်သွားသော ယောက္ခမကြီးကို ခင်သစ္စာမျက်လုံးအကြောင်သားနှင့် ငေးကြည့်နေမိသည်။ " ကိုယ်မပြောဘူးလား ခင်လေး..အမေက ဒီလိုပဲ ..သူ့မြေးတွေကိုထိလို့်မရဘူး..ခင်လေးဘက်ကပဲ ဆင်ခြင်လိုက်ပါကွာ..အစ်ကိုလည်း သားကြီးကိုနားလည်အောင် ပြောပြလိုက်ပါ့မယ်..သားကြီးက အမေ့တပည့်လက်သားတွေနဲ့ပဲ..ကျောင်းသွားကျောင်းပြန်တာမျိုးကအစ ....နေခဲ့ရတော့ နည်းနည်းလေးကြမ်းတမ်းချင်တာ အစ်ကိုလည်းသိပါတယ်..,,ဒါပေမဲ့ သားကြီးမှာ မကောင်းတဲ့စိတ်မျိုးမရှိပါဘူးကွာ...ခင်လေးကပဲ မိခင်မေတ္တာကိုပေးပြီး ...သားကြီးကိုနားလည်ပေးပါ...သားကြီးကိုပိုပြီးလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်အောင်ပြုစုပေးပါ ...အစ်ကိုတောင်းဆိုပါတယ်" " ဟုတ်..ဟုတ်ကဲ့ပါအစ်ကို " ခင်သစ္စာအံလေးကို မသိမသာကြိတ်ရင်းခေါင်းကိုငြိမ့်ပြလိုက်သည်။ " ဪ..ဒါနဲ့ ခင်လေးကိုပြောဖို့မေ့နေတာ...အစ်ကိုတို့မိသားစုတွေ ... ဒီနှစ်ကုန်ရင် ရန်ကုန်ကိုပြောင်းကြမယ်..ဟိုမှာနေဖို့တိုက်နဲ့ခြံကို ...အမေ့နဲ့အစ်ကိုလကုန်ရင်သွားကြည့်မယ်" " ရှင် ..အိမ်..အိမ်ပြောင်းမလို့်ဟုတ်လား အစ်ကို " ခင်သစ္စာ အံ့ဩတကြိးနှင့် ခင်ပွန်းဖြစ်သူကို ပြန်မေးလိုက်မိသည်။ " ဟုတ်တယ် ခင်လေး..အစ်ကိုတို့... လုပ်ငန်းတွေလဲတိုးချဲ့ချင်တယ်....ပြီးတော့ ဒီမှာက .ပတ်ဝန်းကျင်က ခင်းလေးကို အပြစ်တင်ချင်နေကြတာမဟုတ်လား....သားလေးကြီးလာတဲ့အထိ... လူတွေက ပေါက်ကရတွေပြောနေတာမျိုးတွေနဲ့ မကြုံစေချင်ဘူး.....အဲ့ဒါကြောင့် ရန်ကုန်ကိုပြောင်းကြမယ် " ‌ယောက်ျားဖြစ်သူပြောသော အကြောင်းအရာမှာ သူမတို့ သားအမိနှစ်ယောက်အတွက် အကောင်းဆုံးသော အခြေအနေဆိုသော်လည်း .မိဘများနှင့်ဝေးရာသိူ့ပြောင်းရမည်ဆိုသောကြောင့် မစိတ်ထဲမကောင်းဖြစ်သွားမိသည်။ကလေးရှစ်လအရွယ်သိူ့ရောက်ခဲ့သည်တိုင် စိတ်ဆိုးမပြေသေးသော မိဘများကို ခင်သစ္စာခွဲခွါထားရစ်ခဲ့ရပေအုံးမည်။ a~k~yi~p~h~yu~~ " တကယ်လို့များ ..ကျွန်မထွက်သွားခဲ့ရင် ..သမီးလေးကို စောင့်ရှောက်ပေးပါနော်မောင် ..." " မိန်းမရယ်..မဟုတ်တာတွေမပြောပါနဲ့နော်...ကိုယ့်မှာရှိတဲ့ပိုက်ဆံတွေ အကုန်ကုန်သွားပါစေ ..မိန်းမကိုရအောင်ကုသမှာပါ ..မဟုတ်တာတွေမပြောပါနဲ့ကွာ....ဒီမှာ .... သမီးလေးနားထောင်နေတယ်လေ " မိုးမြင့်ထွန်းက လသားအရွယ်သမီးငယ်လေးကို ဇနီးဖြစ်သူဘေးနားမှာထားလိုက်ပြီး' လက်တစ်ဖက်နှင့်ထိန်းကာပြောလိုက်သည်။ခုတင်ပေါ်တွင်ပက်လက်လေးဖြစ်နေသော နွေးနွေးသိမ့်သည် သမီးဖြစ်သူ၏လက်သေးသေးလေးနှစ်ဖက်ကို ညင်သာဆွဲယူဆုပ်ကိုင်ထားလိုက်ရင်း မျက်ရည်ကျသည်။သည်မြင်ကွင်းကို မကြည့်ရက်သော မိုးမြင့်ထွန်းမှာ မျက်နှာက်ိုတစ်ဖက်သို့လွှဲကာ အံကိုကြိတ်ထားလိုက်သည်။နှလုံးရောဂါဆိုသောရောဂါဆိုးကြီးသည် သူတို့မိသားစုကို အပြီးသတ်ခွဲခွါရန်အချိန်နီးကပ်လာခဲ့ပြီမဟုတ်ပါလား ။ " မွေးကတည်းက ရောဂါနဲ့ဖက်ပြီးလူဖြစ်လာခဲ့ရတဲ့နွေးအတွက် ..မောင်နဲ့သမီးလေးကြောင့် ...လူ့ဘဝရဲ့ပျော်ရွှင်မှုကို ပျော်ပျော်ကြီးခံစားခဲ့ရပါတယ်မောင်ရယ်...မောင့်ကိုလဲကျေးဇူးတင်ပါတယ်...မေမေတို့ဆီကိုရောက်လာခဲ့တဲ့သမီးလေးကိုလည်း ကျေးဖူးတင်ပါတယ််နော်...တကယ်လို့များ နွေတိမ်းပါးသွားခဲ့ရင် ...မောင်နောက်အိမ်ထောင်ပြုလို့ရပါတယ် ...နွေကိုတကယ်ချစ်တယ်ဆိုရင်... သမီးလေးကိုစောင့်ရှောက်ပေးပါ......ချစ်ခင်ပေးပါနော်..အဲ့ဒါဆိုရင် နွေးအ‌ေ-သဖြောင့်ပါပြီမောင်ရယ် " " တော်..တော်ပါတော့နွေးရယ်....နွေးကိုမောင်ရအောင်ကယ်မှာပါ.....ပြီး...ပြီးတော့ သမီးလေးလရိပ်နွေးက မောင်တို့ရဲ့သမီးလေးလေကွာ..မောင်ချစ်မှာပါ...ဂရုစိုက်မှာပါနွေးရယ်...မောနေပါ့မယ်နွေးရယ် စကားတွေမပြောနဲ့တော့်နော် ...တရေးလောက်အိပ်လိုက်ပါအုံးမိန်းမရယ်..."

ကလေးတစ်ယောက်ကို အရပ်ထဲကဝမ်းဆွဲသည်နှင့် တိုးတိုးတိတ်တိတ်မွေးရသောအလုပ်က လွယ်ကူလှသောအလုပ်မဟုတ်။ကျွမ်းကျင်သူလည်းဖြစ်အုံးမှ မိခင်ရောကလေးပါ အန္တရာယ်ကင်းမည်မဟုတ်လား။ ဒေါ်သက်သက်မာတို့မှာ မိသားစုကိုလိမ်ညာပြီး မသိသောအရပ်မှာ စွန့်စွန့်စားစားနှင့်တိတ်တိတ်လေး ကလေးလာ မွေးရခြင်းဖြစ်သည်။အတွင်းခန်းထဲမှ သမီးဖြစ်သူ၏ အော်ညည်းငိုယိုသံများက ဒေါ်သက်သက်မာ၏နှလုံးအိမ်ကို ဆွဲကိုင်ညှစ်နေသလိုနာကျင်ရလေသည်။ " အူဝဲ..အူဝဲ " အတွင်းခန်းထဲမှ ကလေးငိုသံကိုကြားလိုက်ရသောအခါ ဒေါ်သက်သက်မာခြေမကိုင်မိလက်မကိုင်မိနှင့် အတွင်းခန်းထဲသို့ဇွတ်ဝင်ချသွားလိုက်သည်။ " ဟယ်...မိန်ကလေးသတိလစ်သွားပြီ ..လုပ်ကြပါအုံးဟဲ့ " " သမီး..သမိး .နှင်းရည် သတိထားလေ " ဒေါ်သက်သက်မာမှာ မွေးကင်းစမြေးငယ်လေးကို မကြည့်နိုင်အားဘဲ သတိလစ်သလိုဖြစ်သွားသော သမီးဖြစ်သူဆီကို အပြေးသွားလိုက်သည်။ a~k~yi~ph~yu~~~ နှင်းရည်သက် သတိပြန်လည်ဝင်လာချိန်တွင် သူမဘေးတွင် ထိုင်နေသော မိခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူကို တွေ့လိုက်ရသည်။ " အ..အမေ..ဟို,,,ဟို ...ဘယ်ရောက်သွားပြီလဲဟင် " ကလေးလို့သုံးနှုန်းရမည်ကို ရှက်သလိုလိုဖြစ်နေမိသော နှင်းရည်သက်မှာ သူမ၏ဗိုက်ကိုလက်နှင့်အသာကိုင်စမ်းရင်း မိခင်ကြီးကိုခပ်တိုးတိုးမေးလိုက်သည်။ " အင်း ... မရှိတော့ဘူး.....အသ/က်မပါလာလို့် ..ချက်ချင်းမြေချခိုင်းလိုက်ပြီ " " ရှင်..ဟုတ်..ဟုတ်လား " မိခင်ဖြစ်သူ၏ အဖြေစကားကြောင့် နှင်းရည်သက်စိတ်ထဲမှာ ဝမ်းနည်းသလိုလိုတာဝန်ပေါ့သွားသလိုလို ခံစားချက်နှစ်မျိုးကို တစ်ပြိုင်တည်းခံစားလိုက်ရလေသည်။ " ဒါ..ဒါနဲ့ ..ယောက်ျားလေးလား..မိန်းကလေးလားဟင် ' မသိစိတ်မှသိချင်နေမိသော မေးခွန်းကို နှင်းရည်သက်လွှတ်ခနဲ့မေးလိုက်မိသည်။ " အိုအေ..အသက်တောင်မပါပါဘူးဆိုမှ ဘာလို့သိချင်နေမှာလဲ ..မသိချင်နဲ့တော့ ..ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်...သမီးနေလို့ကောင်းတာနဲ့ ပြန်ကြမယ်...အိမ်ပြန်ရောက်ရင် ဟန်မပျက်ပဲနေနော်... ဟိုအကောင်နဲ့လဲ မဆက်သွယ်နဲ့....အိမ်ပြောင်းလို့ရအောင် ညည်းအဖေကိုတိုက်တွန်းမယ် " " ဟုတ်..ဟုတ်ကဲ့ပါ အမေ " မိခင်၏စကားကို နှင်းရည်သက်ခေါင်းငြိမ့်ပြလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲချလိုက်သည်။အိပ်ရာပေါ်လှဲချလိုက်စဉ်မှာ ရင်သားအစုံကဆစ်ခနဲဆစ်ခနဲနာကျင်သောခံစားမှုမျိုးကို ခံစားလိုက်ရသည်။ a~ky~i~ph~~y~u~ " သားလေးနာမည်ကို နေသစ်ညီလို့်ပေးထားတယ်... ခင်လေး သဘောကျတယ် မဟုတ်လား " " နေသစ်ညီဟုတ်လား အစ်ကို " သားလေးနာမည်လေးကို ခပ်တိုးတိုးခေါ်ကြည့်ပြီး ခင်သစ္စာနှုတ်ခမ်းလေးတွန့်ကွေးကာ ခပ်မဲ့မဲ့လေးပြုံးလိုက်သည်။နာမည်ဆိုတာ လူတစ်ယောက်ကို အလွယ်တကူခေါ်ပြောနိုင်ဖို့အတွက် ပေးထားရုံသက်သက်မှည့်ကြတာပဲလေဆိုပြီး စိတ်ကိုဖြေသိမ့်လိုက်သည်။သို့သော်လည်း ယောက္ခမကြီးပြောခဲ့သော စကားများကို နားထဲတွင်ပြန်ကြားယောင်နေမိလေသည်။ ak~yiph~y~u~ " မင်း..မင်း..အဲ့ဒါဘာလုပ်နေတာလဲ ..နေထူးထိုက် " " ဘုတ်" ခင်သစ္စာစိုးရိမ်တကြီးအော်ဟစ်လိုက်ရင်းနှင့် နေထူးထိုက်ကို ခပ်မြန်မြန်ပင်တွန်းပစ်လိုက်သည်။ခင်သစ္စာတွန်းလိုက်သောအရှိန်ကြောင့် နေထူးထိုက်တစ်ယောက် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲဖင်ထိုင်ရက်လဲကျသွားခဲ့သည်။ " အီး ..အဘွားရေ..အဘွား.." ငိုယိုပြီး အခန်းထဲမှပြေးထွက်သွားသော နေထူးထိုက်ကို ခင်သစ္စာမကြည့်နိုင်ဘဲ ကလေးပုခက်ဆီသို့ အလျင်အမြန်ငုံ့ကြည့်လိုက်မိသည်။ပုခက်ထဲမှ သားလေးက ငိုမဲ့မဲ့မျက်နှာလေးနှင့် သူမကိုမော့ကြည့်နေခဲ့သည်။ရှစ်လသားအရွယ် သားလေးမှာ သူ့အပေါ်ကျရောက်လာသော အန္တရာယ်များကို ပါးစပ်ကထုတ်ဖော်၍မပြောပြနိုင်သေးသော်လည်း မျက်နှာအမူအရာကိုယ်အမူအရာနှင့်ထုတ်ဖော်ပြသတတ်နေပြီလေ။ခင်သစ္စာ သားလေးကို ပုခက်စင်ထဲမှ ပွေ့ချီထုတ်လိုက်သည်။ akyi~p~h~~yu~~~ " ဘယ်လိုဖြစ်ရတာလဲ ခင်လေးရယ်..သားကြီးက သူ့ညီလေးကို ချစ်လို့ချီကြည့်မလို့တဲ့လေ....ခင်လေးအစိုးရိမ်လွန်နေတာတော့မဟုတ်သေးဘူးကွာ...ခင်လေးလုပ်ပုံက သားကြီးကိုလူဆိုးလေးပုံစံဖြစ်အောင်လုပ်နေသလိုပဲကွာ..သားကြီးကလေ... ခင်လေးကိုမချစ်ရင်တောင် အငယ်တွေကို ညှာတာတတ်တဲ့ကလေးပါ ....အစ်ကို့သားသမီးတွေနဲ့သင့်မြတ်အောင်နေပါ ခင်လေးရယ်..အမေ့အကြောင်းလည်းသိတယ်မဟုတ်လား " ယောက်ျားဖြစ်သူ နေထိုက်၏ ပြစ်တင်စကားများကြောင့် ခင်သစ္စာအံကလေးကိုကြိတ်လိုက်မိသည်။ " နောက်ဆုံးတော့.... မိထွေးက မိထွေးပါပဲဆိုတဲ့ စကားမျိုးကို အမေ့ပါးစပ်ကထုတ်ပြောတာကို ..ကိုယ်မကြားချင်ဘူးခင်လေး..နောက်ကိုအစ်ကိုသားနဲ့သမီးကိုလဲ ..ခင်လေးရဲ့သားသမီးအရင်းတွေလိုပဲ သဘောထားပေးပါ..သူတို့ခမျာ မိခင်မေတ္တာငတ်နေရရှာတာပါကွာ " " မ..မဟုတ်သေးပါဘူးအစ်ကိုရယ်..ခင်လေးလေ..အစ်ကို့သားနဲ့သမီးကိုလည်း ..ခင်းလေးရဲ့သားသမီးတွေလိုပဲ သဘောထားတာပါ ....မနက်ကဖြစ်သွားတာကလဲ ..သားကြီးနေထူးက.... သားငယ်လေးကို ရို-က်နေတာအစ်ကိုရဲ့ "

စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) အပိုင်း(၂) akyiphyu *a*ky*iphy*u**** " ဒီမှာ ဒေါ်သက်သက်မာ ..ကျွန်မပြောတာကို နားထောင်ပါအုံးရှင် ..ကိုယ်ဝန်ကလရင့်နေပြီရှင့်..အခုချိန်မှလုပ်ရင် ရှင့်သမီးအတွက်ပါ ..အန္တရာယ်ရှိနိုင်တယ် သိရဲ့လား ..ရှင်တို့တွေလုပ်ချင်တယ်ဆိုရင်လဲ ...လနုနေတုန်းလာကြပါလား..အခုတော့ ကျွန်မတို့ကိုပါ ပြဿနာတက်အောင်လုပ်မလို့လား ...." " ဟုတ်...ဟုတ်ပါတယ်ဆရာမရယ်..သမီးကကိုယ်ဝန်ရှီနေမှန်းကို မသိခဲ့လို့ပါရှင်.." " အဲ့ဒီလိုအကြောင့်ပြလိုက်ရုံနဲ့လည်း ..ကျွန်မတို့ဘက်ကဘာမှလုပ်ပေးလို့မရဘူး ဒေါ်သက်သက်မာ...ရှင်းရှင်းပဲပြောမယ်နော်..ရှင့်သမီးရဲ့အသက်ကိုရင်းပြီး ဖျက်ဆီးဖို့သတ္တိရှိလား...ငါးဆယ်ငါးဆယ်တောင်မသေချာတဲ့အနေအထားမှာ ..ကျွန်မတို့ကတော့ မလုပ်ပေးပါဘူး..အကောင်းဆုံးအကြံပေးချင်တာကတော့ မွေးလိုက်ပါ....လလည်းအတော်ရင့်နေပြီဆိုတော့ မွေးဖို့လဲသိပ်မှမလိုတော့တာ...မွေးပြီးမှမစောင့်ရှောက်နိုင်ရင်လည်း ..ဂေဟာတစ်ခုခုကိုပို့ပစ်ပေါ့ရှင် ....ကျွန်မတို့ဘက်ကတော့ ဒီလိုပဲအကြံပေးနိုင်တယ် ..ကျွန်မတို့တွေက ငွေအတွက်အဓိကလုပ်စားနေကြတယ်ဆိုရင်တောင် ..ကူကယ်ရာမဲ့ဒုက္ခရောက်သွားနိုင်တဲ့ဘဝတချို့ကို ကယ်တင်ပေးချင်တာပါ...အသက်နဲ့ရင်း ပြီးတော့လုပ်ရမှာမျိုးကိုတော့... မလုပ်ပေးပါဘူး " တာဝန်ရှိဆရာမ၏စကားကြောင့် ဒေါ်သက်သက်မာတစ်ယောက်နေရာမှာတင် ပုံလျက်သားလဲကျချင်စိတ်ပေါက်သွားရလေသည်။ a~k~yi~ph~yu~~~ " ဘာလို့လဲ အမေ....ဘာဖြစ်လို့ပြန်မှာလဲ ..မလုပ်တော့ဘူးလား " သီးသန့်ခန်းထဲကို ပြန်ဝင်လာပြီး အဝတ်အစားအိတ်ကိုယူကာ ပြန်ဖို့ပြောလိုက်သောမိခင်ကိုကြည့်ပြီး နှင်းရည်သက် အထိတ်တလန့်နှင့်မေးလိုက်သည်။ " အေး..လရင့်နေပြီမို့ လုပ်လို့မရတော့ဘူးတဲ့ " ဒေါ်သက်သက်မာကတုံးတုံးတိတိနှင့်ဖြေလိုက်ပြီး လက်ဆွဲအိတ်ကိုကောက်ယူလိုက်သည်။ " အို ..လရင့်တာပဲ ဘာဖြစ်လို့်လဲ ..မွေးသေးတာမှမဟုတ်တာပဲ ..သက်သက်မဲ့မလုပ်ပေးချင်လို့ပြောကြတာနေမယ်..အမေပိုက်ဆံပေးတာနည်းလို့နေမှာပေါ့ " နှင်းရည်သက်က မိခင်ကိုမကျေမနပ်နှင့်ပြောလိုက်သည်။ " မိသက်ရယ်..ဒီပုံစံအတိုင်းအိမ်ပြန်လို့... နင့်အဖေနဲ့ နင့်အစ်ကိုသိသွားရင် ..သားအမိနှစ်ယောက်လုံးအသ/တ်ခံရမဲ့ကိစ္စကို ..ငါကပိုက်ဆံကိုနှမြောနေမှာလား ...အခုကညည်းအသ*က်နဲ့ရင်းရမှာတဲ့သိရဲ့လား....ငွေဘယ်လောက်ပေးပေး မလုပ်ပေးဘူးတဲ့ ..သေမှာမကြောက်ရင်....ကြိုက်တဲ့နေရာမှာသွားလုပ်တဲ့ " " ရှင်..ဒါ..ဒါဆိုရင် ...သမီးက ဘယ်လိုလုပ်ရမှာလဲ အမေရဲ့....ဟိုကောင်မျိုးမင်းနဲ့လဲ လက်မထပ်နိုင်ဘူး ..သူ့ကိုယူလိုက်ရင် ...သမီးတစ်သက်လုံး ထမင်းရည်သောက်နေရာမှာ....ဒီကလေးကိုလည်း မမွေးချင်ဘူးအမေ " " တော်စမ်းအမိုက်မ..စကားကိုတိုးတိုးပြောစမ်း ...မျိုး'မင်းဆိုတဲ့ကောင့်က...တဲစုတ်မှာနေတဲ့ကောင်ဆိုတာကို ..မသိဘူးလား ...ကိုယ့်ကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းမနေခဲ့ဘဲနဲ့..အခုမှမျက်ရည်ကျမနေနဲ့ အခုချိန်ကစပြီး. ..ငါစီမံတဲ့အတိုင်းပဲနေ ကြားလား " " ဟုတ်..ဟုတ်ကဲ့ပါ အမေ " နှင်းရည်သက်ခေါင်းငုံ့ကာ မျက်ရည်ကျရင်း မိခင်ဖြစ်သူ၏ပြောစကားကို နာခံဖို့သာဆုံးဖြတ်လိုက်သည်။ a~kyi~p~h~~yu " သား...သားလေးမှာခြေလက်အင်္ဂါစုံတယ်မဟုတ်လားဟင် အစ်ကို" ခင်သစ္စာစိုးရိမ်တကြီးနှင့်မေးလိုက်သည်။ " စုံပါတယ်ခင်လေးရယ်....သားလေးကလေ...ဖြူဖြူဖွေးဖွေးနဲ့ခြေတံလက်တံတွေလည်း အရှည်ကြီးပဲကွ...ဒီကောင်အရပ်ရှည်မဲ့ကောင်ကြီးကွ " ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ခင်သစ္စာရင်ထဲလှိုက်ခနဲပျော်ရွှင်သွားမိပြီး ဖခင်ကြီးကိုမြင်ယောင်လိုက်မိသည်။ခင်သစ္စာ၏ဖခင်ကြီးသည် အသားဖြူဖြူထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသသောဟန်ရှိသည်မဟုတ်ပါလား။ " ဆေးရုံမှာသုံးရက်လောက်တော့ အနားယူလိုက်အုံးနော် ခင်လေး " " ဟုတ်...ဟုတ်ကဲ့ပါ အစ်ကို..ဒါ..ဒါနဲ့....ခင်လေးတို့အိမ်ကများ ..မလာကြဘူးလားဟင်..အမေတို့ကို ...အစ်ကိုအကြောင်းမကြားပေးဘူးလား " ခင်ပွန်းဖြစ်သူကို ခင်သစ္စာမဝံ့မရဲမေးလိုက်သည်။ခင်သစ္စာ၏ အမေးကြောင့် နေထိုက်တစ်ယောက်သက်ပြင်းကိုချလိုက်သည်။ " အင်း ...အစ်ကိုကိုယ်တိုင်သွားတွေ့ပါသေးတယ်ခင်လေးရယ်...ဒါပေမဲ့ ...ခင်လေးရဲ့အစ်မမိသားစုနဲ့ပဲ တွေ့ခဲ့တယ်...မိဘတွေခရီးထွက်သွားကြတယ်တဲ့ " ကြားလိုက်ရသော စကားကြောင့် ခင်သစ္စာရင်ထဲ တလှိုက်လှိုက်နှင့် ဝမ်းနည်းအားငယ်သွားသည်။မိဘများ၏စိတ်ထဲမှာ ခင်သစ္စာသည်် သူများအိမ်ထောင်ရေးကိုဖျက်ဆီးသော အငယ်အနှောင်းတစ်ယောက်အဖြစ် သိပ်ကိုရှက်နေကြမည်ထင်ပါသည်။ " ကဲ့ပါကွာ..ခုချိန်မှာ စိတ်မကောင်းစရာတွေ မတွေးပါနဲ့ခင်လေးရယ်...နောက်တော့ ခင်လေးရဲ့မိဘတွေက ..နားလည်ခွင့်လွတ်ပေးကြမှာပါ ..ကျန်းမာရေးကိုပဲဂရုစိုက်နော်.." " ဟုတ်..ဟုတ်ကဲ့ပါအစ်ကို " ခင်ပွန်းဖြစ်သူ၏ စကားကို ခင်သစ္စာခေါင်းငြိမ့်ပြလိုက်ပြီး ပါးပြင်ပေါ်သို့လိမ့်စင်းကျလာသော မျက်ရည်စကို လက်ဖဝါးနှင့် အသာပွတ်သုတ်ပစ်လိုက်သည်။ ak~y~ip~hyu~~~

စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင် စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် .... စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် .. နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်... စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ် A Kyi phyu မှာ Paid group မရှိပါဘူးနော် ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင် တစ်နေ့တစ်ပိုင်းပဲ ရေးပြီး ရေးပြီးတာနဲ့တင်တာပါ စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ် ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် #AKyiPhyu #ဧကြည်ဖြူ

လွန်ခဲ့သော ကိုးလလောက်တုန်းက သူမနှင့်ကိုနေထိုက်တို့ စပြီးဆုံခဲ့ကြသည်။နှစ်ယောက်ဆုံတွေ့ရပုံမှာ သိပ်တော့လည်း မဆန်းပြာလှ။နှစ်ယောက်လုံးက တစ်နယ်တည်းသားချင်းမို့ မျက်မှန်းတန်းမိနေကြသည်မှာတော့ ကြာခဲ့ပြီဖြစ်သည်။နှစ်ယောက် သေသေချာချာဆုံခဲ့ကြသည့်အကြောင်းမှာ ခင်သစ္စာဘွဲ့ရပြီးစ အလုပ်ရှာနေချိန်မှာ နေထိုက်တို့အရောင်းဆိုင်ကလည်း အလုပ်ခေါ်နေချိန်နှင့်တိုးပြိး အလုပ်ဝင်ခဲ့ခြင်းကြောင့်သာဖြစ်သည်။တကယ်ဆိုလျှင် နေထိုက်တို့အရောင်းဆိုင်မှာ ခင်သစ္စာအလုပ်ဝင်လုပ်မည်ကို မိဘမျာကသဘောမကျချေ။ဤအတွက်ကြောင့်လည်း ခင်သစ္စာမှာ တိုးတိုးတိတ်တိတ်အလုပ်ဝင်လုပ်ခဲ့ခြင်းဖြစ်သည်။ခင်သစ္စာ၏မိဘများက နေထိုက်တို့မိသားစုအား သဘောမကျခြင်းအကြောင်းမှာ အကြောင်းပြချက်များစွာရှိသော်လည်း အရေးအကြီးဆုံးအကြောင်းပြချက် တစ်ခုကိုပြရမည်ဆိုလျှင်မူ နေထိုက်၏မိခင်ဖြစ်သူ ဒေါ်ရတနာထိုက်ကြောင့်ဖြစ်သည်။နေထိုက်၏ မိခင်အမည်မှာဒေါ်ရတနာထိုက်ဖြစ်သည်။နာမည်အရင်းပေပဲလားဆိုသည်ကိုမူ မည်သူမျှသေချာမသိ။သို့သော်လည်း ငွေတိုးချေးစားပြီးရွှေအပေါင်ခံသောလုပ်ငန်းလုပ်ကိုင်ခြင်းမှအစပြုပြီး ဒေါ်ရတနာထိုက်ဆိုသောအမည်နှင့်ပို၍လိုက်ဖက်လာသည်။နာမည်နှင့်လိုက်အောင်လည်း လုပ်ငန်းကအကျိုးပေးခဲ့သည်ကိုး။ပြောရမည်ဆိုလျှင် ရွှေအပေါင်ဆိုင်သေးသေးလေးမှသည် ရွှေဆိုင်ကြီးများဖွင့်နိုင်သည်အထိစီးပွားတိုးတက်ခဲ့သည်။သည်မျှတိုးတက်အောင်လည်း ဒေါ်ရတနာထိုက်က လူအများပေါ်မှာအပြောကြမ်းကြမ်းနှင့်ရက်စက်ခဲ့သည်။အနိုင်ယူခဲ့သည်။သည်လိုမျိုး ချမ်းသာကြွယ်ဝလာသော ဒေါ်ရတနာထိုက်တို့မိသားစုကို လူမှန်ကြီးဖြစ်သော ခင်သစ္စာ၏ဖခင်ကြီးက ရွံရှာသည်။တစ်နယ်တည်းသားချင်းဖြစ်သော်လည်း အဆက်ဆံလည်းမလုပ်ဘဲနေခဲ့သည်။ထိုအချိန်ကမူ ခင်သစ္စာကိုယ်တိုင်ကလည်း ဒေါ်ရတနာထိုက်ကိုရော၊သားဖြစ်သူနေထိုက်တို့မိသားစုကိုပါ စိတ်မဝင်းစားခဲ့။ပတ်သက်စရာအကြောင်းလည်းမရှိခဲ့။ဖြစ်ချင်တော့ နေထိုက်တို့ဆိုင်မှ စာရင်းကိုင်ခေါ်နေချိန်မှာ ခင်သစ္စာကလည်း အလုပ်အလွန်လိုအပ်နေချိန်ဖြစ်သောကြောင့် သွားလျှောက်ခဲ့သည်။ကံကောင်းချင်၍လား။ကံဆိုးချင်၍လားမသိ။အလုပ်လျှောက်ကြသူ အများကြီးထဲမှ ခင်သစ္စာအပါဝင် မိန်းကလေးသုံးယောက် အလုပ်ရခဲ့သည်။ထိုအချိန်က နေထိုက်မှာဇနီးဖြစ်သူနှင့်တရားဝင်ပေါင်းသင်းနေဆံဖြစ်သည်။ အမှန်မှာ ခင်သစ္စာကလည်း ဒေါ်ရတနာထိုက်ရော ၊နေထိုက်ကိုရော ဘာကိုမှစိတ်ဝင်မစားပါ။အလုပ်ရရေးသာ စိတ်ဝင်စားခဲ့သည်။ခင်သစ္စာအလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ နေထိုက်၏ အတွင်းရေးမှူးလိုမျိုးဖြစ်လာခဲ့ပြီး နေထိုက်တို့အိမ်ထောင်ရေးအဆင်မပြေမှန်းလည်းသိလာခဲ့သည်။သည်လိုနှင့် စိတ်ညစ်နေသော နေထိုက်ကို နှစ်သိမ့်အားပေးရင်း နှစ်‌ယောက်သားသံယောဇဉ်တွယ်မှန်းမသိတွယ်လာမိခဲ့ကြသည်။ချစ်သူရည်းစားမထားခဲ့ဖူးသော ခင်သစ္စာအတွက် သူမထက်ဆယ်နှစ်လောက်အသက်ပိုကြီးသော နေထိုက်ကိုရင်ခုန်လာခဲ့မိသည်။တွယ်တာလာခဲ့မိသည်။နေထိုက်နှင့်စကားပြောနေရလျှင်ပျော်သည်။နေထိုက်စိတ်ညစ်နေလျှင် နှစ်သိမ့်အားပေးချင်သည်။သည်လိုအနေအထားမှာ ကိုယ့်အခြေအနေကိုယ်တိုင်ရိပ်စားမိလားသော ခင်သစ္စက အလုပ်မှထွက်ဖို့ရန်ကြိုးစားသည်။သို့်သောလည်း ခင်သစ္စာအလုပ်ထွက်ဖို့ကြိုးစားနေချိန်မှာပဲ နေထိုက်တို့ဇနီးမောင်နှံကွာရှင်းလိုက်ကြသည်။နှစ်ယောက်သား ကွာရှင်ပြီးနောက် နေထိုက်က သားသမီးနှစ်ယောက်လုံးကိုစောင့်ရှောက်ခွင့်ရသည်။ဇနီးဖြစ်သူက နိုင်ငံရပ်ခြားသို့ ထွက်ခွါသွားခဲ့သည်။အနှစ်ချုပ်လိုက်သောအခါ နေထိုက်တို့ ဇနီးမောင်နှံကွဲကွာရခြင်းသည် ခင်သစ္စာကြောင့်ဆိုသောအတွင်းသတင်းသဲ့သဲ့ထွက်ပေါ်လာခဲ့သည်။ဗိလိန်ဖြစ်ခဲ့ရသောခင်သစ္စာကလည်း နေထိုက်ကိုချစ်ခင်စွဲလမ်းနေမိသောကြောင့် မထူးဇာတ်ခင်းခဲ့လိုက်သည်။အိမ်ထောင်ကွဲပြီးနောက် ပြိုလဲချင်နေသောနေထိုက်ကို အားပေးနှစ်သိမ့်ရင်း နှစ်ယောက်သား ချစ်သူတွေဖြစ်ခဲ့ကြသည်။ချက်ချင်းကြီးလက်ထပ်ကြဖို့ အစီအစဉ်မရှိကြသော်လည်း မမျှော်လင့်ထားသော ကိုယ်ဝန်ပြဿနာကပေါ်လာသောကြောင့် နှစ်ဖက်မိဘများ တားမြစ်နေသည့်ကြားမှ လက်ထပ်ခဲ့ရခြင်းဖြစ်သည်။ဤအချက်ကပဲ ယောက္ခမကြီးအပါအဝင်လူတော်တော်များများ၏ နှာခေါင်းရှုံ့စရာအထင်သေးစရာဘဝသို့ ခင်သစ္စာရောက်ခဲ့ရခြင်းဖြစ်သည်။စဉ်းစားကြည့်လိုက်သောအခါအဖြစ်အပျက်များအားလုံးသည် ခင်သစ္စာအချစ်ကို ကိုးကွယ်ခဲ့မိခြင်းနှင့်ရူးမိုက်ခဲ့ခြင်းကြောင့်သာဖြစ်လသည်။ a~k~~y~i~phy~~u~ ~ " ရှင်..ဘယ်...ဘယ်လိုဖြစ်လို့လဲ ဆရာမရယ်...ဘာဖြစ်လို့လုပ်လို့မရတာလဲရှင်.....ဆရာမကနာမည်ကြီးတယ်ဆိုလို့ .....ကျွန်မတို့မှာ ခရီးအဝေးကြီးက လာခဲ့ရတာပါရှင် ..,ကူညီပေးပါနော် ဆရာမ ...ဆရာမ ...မကူညီရင် ... ကျွန်မသမီးလေးဒုက္ခရောက်မှာပါရှင် ...သမီးက တက္ကသိုလ်တက်နေတုန်းပါဆရာမရယ်...ဘွဲ့ရဖို့တစ်နှစ်လိုပါသေးတယ် " ဒေါ်သက်သက်မာတစ်ယောက် လက်အုပ်ချီလုမတတ်တောင်းပန်လိုက်လေသည်။ ============================= အပိုင်း(၂)ဆက်ရန် A kyi phyu #ဧကြည်ဖြူ ၃.၆.၂၀၂၄ (တနင်္လာနေ့) " မင်္ဂလာပါ " စာချစ်သူများရှင် #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။

ခင်သစ္စာသည် ကလေးနှစ်ယောက်ကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့်ကွေးကာ ပြုံးပြလိုက်သည်။သို့သော်လည်း ကလေးနှစ်ယောက်သည် ခင်သစ္စာကို မျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်၍သာ နေကြလေသည်။အထူးသဖြင့် အကြီးကောင်လေးသည် ခင်သစ္စာကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။အသက်အရွယ်နှင့်မလိုက်အောင် အကြည့်စူးရဲလှပြီးမျက်နှာထားတင်းလှသော ကောင်လေးအား ခင်သစ္စာကလည်း စူးစူးရဲရဲပင်ပြန်စိုက်ကြည့်ပစ်လိုက်လေသည်။ ~ak~yi~P h~y-u~~~ " ဖြန်း " " မိသက် အမိုက်မ...လမ်းဘေးအဆင့်သာသာပဲရှိတဲ့ကောင်မျိုးနဲ့မှဖြစ်ရလားဟဲ့ ..အခုဘယ်လိုလုပ်ကြမလဲ ပြောလေ..ညည်းပြောစမ်းပါအုံး " သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်သက်သက်မာ ရင်ထုမနာနှင့်ပြောလိုက်သည်။ နှင်းရည်သက်မှာလည်း မိခင်ဖြစ်သူ၏ ငိုညည်းသံကိုမကြားနိုင်ဘဲ သူမ၏ဝမ်းဗိုက်လေးကိုသာ မျက်လုံးအကြောင်သားနှင့်ငုံ့ကြည့်နေမိလေသည်။ " ဒီမှာ မိသက် ..အမေပြောမယ်် သေချာနားထောင်...တို့သားအမိ... ရွာကဒေါ်လေးအိမ်ကို ခဏပြန်မယ်ဆိုပြီး... ညည်းအဖေကိုပြောမယ် ..ပြီးရင် ဟိုမှာတစ်လလောက်နေမယ်..အဲ့ဒီမှာ...ညည်းဗိုက်ကိစ္စကို ရှင်းပစ်ကြတာပေါ့ " " ရှင် ..အ..အမေ ပြောတာက " မိခင်ဖြစ်သူ၏ စကားကြောင့် နှင်းရည်သက်အလန့်တကြားနှင့် ပြန်မေးလိုက်မိလေသည်။ " အေး..ဟုတ်တယ် " " ဖျက်ချပစ်မှာလေ..ဘာဖြစ်လို့လဲ..ဘာလဲ...ညည်းကမွေးချင်လို့လားပြော.." မိခင်ဖြစ်သူ၏ အမေးကြာင့် နှင်းရည်သက်ငြိမ်ကျသွားမိသည်။သူမဗိုက်ထဲမှ ကလေးသည် ရည်းစားဖြစ်သူနှင့်ရသော သွေးသားရင်းဖြစ်သော်လည်း နှင်းရည်သက်မစွန့်စားရဲပါ။မှန်သောစကားကို ဆိုရလျှင် ချစ်သူကိုအပျော်သဘောနှင့်တွဲခဲ့မိခြင်းသာဖြစ်သည်။သူမတစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး တွဲခဲ့ခြင်းမဟုတ်။ရွယ်တူသူငယ်ချင်းများကြားမှာ ခပ်ချောချောခပ်မိုက်မိုက်ရည်းစားတစ်ယောက်ကို ပိုင်ဆိုင်ထားသူအဖြစ် ဟန်ရေးပြချင်ရုံသက်သက် တွဲခဲ့ခြင်းသာဖြစ်သည်။နှင်းရည်သက်ဆိုသောသူမသည် သာမန်မိသားစုတွင် မွေးဖွားခဲ့သော်လည်း ချမ်းသာချင်သည်။ကိုယ်ပိုင်ကားနှင့်ကျောင်းလာကြိုနိုင်သူကိုသာ အိမ်ထောင်ဖက်အဖြစ်လက်ခံချင်သည်။အပျော်ရည်းစားဘယ်လိုပဲတွဲတွဲ နောက်ဆုံးသူမ၏အိမ်ထောက်ဖက်မှာ သူမကို တိုက်နှင့်ကားနှင့်ထားနိုင်သူကိုသာလက်တွဲချင်သည်။နှုတ်ခမ်းပဲ့ချင်းမီမမှုတ်နိုင်၊မောင်တစ်ထမ်းမယ်တစ်ရွက်ဘဝကိုလည်း စိတ်ကူးပင်မယဉ်နိင်။သွေးသားဆန္ဒကို မလွန်ဆန်နိုင်၍ အကြိမ်ကြိမ်အပျော်လွန်မိခဲ့ကြသည့်အတွက်လည်း ကြိုတင်ကာကွယ်ထားပါလျက်နှင့် ယခုလို မမျှော်လင့်ထားသောအခြေအနေမျိုးဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်လေသည်။ဘယ်လိုအခြေအနေပဲရှိရှိ ရည်းစားဖြစ်သူကို လက်မထပ်ချင်။ရုပ်ရည်အားဖြင့်ကြည့်ကောင်းချောမောရုံမှလွဲ၍ သူမတို့ထက်ပင် ဘဝပေးအခြေအနေဆင်းရနုံချာလှသော ရည်းစာဖြစ်သူမျိုးမင်းအောင်ကို ဘဝလက်တွဲဖော်အဖြစ်တော့လက်မခံနိုင်။သူမကိုယ်တိုင်က လက်မခံနိုင်သော အခြေအနေမှာ မိခင်၏စကားကို နားထောင်ရန် နှင်းရည်သက်သဘောတူခေါင်းငြိမ့်လိုက်သည်။ ~ak~yiph~y~u~ " မင်းတို့ဘာသာ ... သားပဲမွေးမွေးသမီးပဲမွေးမွေး ..နာမည်ပေးရင်...ထိုက်နဲ့တော့ အဆုံးမသတ်နဲ့သားကြီးရယ်..ဒါက.... အားငယ်နေတဲ့မြေးကြီးနှစ်ယောက်အတွက် ..ဘွားအေကြီးပေးနိုင်တဲ့လက်ဆောင်မို့ပါ " မိခင်ဖြစ်သူ၏စကားကြောင့် နေထိုက်တစ်ယောက်စိတ်ပျက်လက်ပျက်နှင့်ဆိုဖာခုံပေါ် ကျောမှီချလိုက်မိပြီး "အမေရာ..ခင်လေးဗိုက်ထဲက ..ကလေးကလည်းကျွန်တော့သွေးသားရင်း..အမေ့ရဲ့မြေးအရင်းပါပဲဗျာ..သူ့အစ်ကိုအစ်မတွေနဲ့တူအောင်...နာမည်လေးတောင် ပေးခွင့်မရှိဘူးလား " " တော်စမ်းသားကြီး ...မြေးချင်းတူပေမဲ့ မွေးတဲ့မိခင်ချင်းမတူဘူးလေ...မြေးကြိးတို့ရဲ့မအေက... အမေသဘောကျတဲ့သူ...ပြီးတော့နှစ်ဖက်မိဘတွေနဲ့ခမ်းခမ်းနားနားလက်ထပ်ခဲ့ကြတဲ့သူလေ ..ဘာမဟုတ်တဲ့မင်းရုံးက စားရေးမအဆင့်လောက်နဲ့တော့မယှဉ်နဲ့ပေါ့ " " တော်ပြီဗျာ ..တော်ပါတော့အမေရာ...ခင်လေးက ဘယ်လိုအဆင့်တန်းပဲရှိရှိ..ဘယ်လောက်ပဲဆင်းရဲရဲ ခင်လေးလွယ်ထားရတာ ...ကျွန်တော့်ကလေးပါ...အမေ့မြေးအရင်းပါ..ဒါကိုတော့ အမေမမေ့ပါနဲ့..သားနဲ့သမီးကိုလဲ မျက်နှာမငယ်ရအောင်ကျွန်တော်ထားမှာပါ..အဲ့ဒီလိုပဲ မကြာခင်မွေးဖွားလာတော့မယ့်ကလေးကိုလည်း ...အမေဂရုစိုက်ပေးပါ ..ကျွန်တော်ဆိုင်ကိုသွားတော့မယ်အမေ.." စကားသံနှင့်အတူ အထဲမှလျှောက်လာသောခြေသံကို ကြားလိုက်ရသောကြောင့် ခင်သစ္စာ တံခါးရှေ့မှခပ်မြန်မြန်ထွက်ခဲ့လိုက်ပြီး မိမိတို့အခန်းဆီသို့ ပြန်ခဲ့လိုက်သည်။ အခန်းဆီသို့ရောက်သောအခါ ယောက်ျားဖြစ်သူ၏ကား ခြံထဲမှမောင်းထွက်သွားသည်ကို စောင့်ကြည့်နေမိသည်။သူမကြည့်နေစဉ်မှာပဲ ယောက်ျားဖြစ်သူ၏ကား ခြံထဲမှမောင်းထွက်သွားသည်ကိုတွေ့လိုက်ရလေသည််။မောင်းထွက်သွားသောကားကို လိုက်လံငေးမောကြည့်နေမိရင်းမှ ခင်သစ္စာမှာ အံကိုတင်းတင်းကြိတ်ကာမျက်ရည်ကျမိလေသည်။မျက်ရည်များကြားမှ မြင်ယောင်နေမိသည်မှာက သူမနှင့်ခင်ပွန်းဖြစ်သူတို့ စပြီးဆုံစည်းခဲ့ကြသောအကြောင်း။

စာရေးသူ....ဧကြည်ဖြူ #မာယာမိုးတိမ် (အခန်းဆက်ဝတ္ထု) အပိုင်း(၁) akyiphyu *a*ky*iphy*u**** မိုးဦးကျကာလဖြစ်သောကြောင့် ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် တခြိမ်းခြိမ်းတဒိန်းဒိန်းဖြင့်မိုးရာသီဲ၏ သရုပ်ကိုဖော်ပြနေခဲ့သည်။တစ်ချက်တစ်ချက်တွင် လျှပ်စီးများဝင်းခနဲလက်သွားပြီး ခြိမ်းခနဲ့ပစ်ချလိုက်သံများသည် အသည်းငယ်သူများအဖို့ ပြေးပုန်းစရာနေရာပင်မရှိလောက်အောင်ကြောက်စရာကောင်းလှပေသည်။သို့သော်လည်း ဤမျှကြောက်စရာကောင်းလှသော မိုးခြိမ်းသံများနှင့် မိုးကြိုးပစ်ချသံများသည် ဦးကျော်မြင့်နှင့်ဒေါ်ခင်အေးတို့မိသားစု၏ အိမ်တွင်းပူကို ခြောက်လှန့်နိုင်ဟန်မရှိချေ။ " ကျွန်မမှာ ကိုယ်ဝန်ရှိနေပါပြီ " " ဘာ ..အမိုက်မ ...နင့်မျက်နှာကို ငါမမြင်ချင်ဘူး....တစ်သက်လုံး...ငါ့အိမ်ရိပ်ကိုတောင် လာမနင်းနဲ့ ကြားလား " " ဖြန်း " ဦးကျော်မြင့်တစ်ယောက် ဒေါသတကြီးပြောဆိုရင်းမှ သမီးဖြစ်သူ၏ ပါးပြင်ကို သူ့၏လက်ဝါးကြမ်းကြမ်းကြီးနှင့် ဖြန်းခနဲရိုက်ချပစ်လိုက်သည်။ပြီးနောက် သမီးဖြစ်သူကို ချာခနဲကျော်ခိုင်းလိုက်ပြီး နေရာမှထွက်သွားခဲ့သည်။ " ခင်သစ္စာ အမိုက်မ...ညည်းဒီလောက်မိုက်ရလားအေ ..ယောက်ျားတွေဒီလောက် အများကြီးရှိတာကို....ဒီလိုမိသားစု..ဒီလိုလူနဲ့မှ သွားပတ်သက်ရလား...ညည်းသူ့ကို ယူရင် ..ညည်းအဖေက ညည်းကို‌ေ*သခန်းဖြတ်လိုက်မယ် ...ဒါကို ညည်းသိရဲ့လား " မိခင်ဖြစ်သူဒေါ်ခင်အေးသည် သမီးဖြစ်သူအားကြည့်ကာ မချိတင်ကဲပြောလိုက်သည်။ထိုအခါ ခင်သစ္စာတစ်ယောက် မိခင်ကိုမော့ကြည့်လိုက်ပြီး " သူတို့မိသားစုက ဘာဖြစ်လို့လဲ အမေရယ်...သူတိူ့တွေက ချမ်းသာတယ်လေ...ကျွန်မတို့မြို့မှာ လူတိုင်းလိုလိုက...ရတနာထိုက်မိသားစုကိုအားကျနေကြတာပဲလေ .... " ခင်သစ္စာတစ်ယောက် ငယ်ရွယ်သူပီပီ မိခင်ကိုပြန်လှန်ပြောဆိုလိုက်သည်။ " အေး..အဲ့ဒီလိုအထင်ကြီးနေကြတဲ့လူတွေထဲမှာ ..ငါတို့မပါဘူးခင်သစ္စာရဲ့ ..ပိုက်ဆံရှိရုံနဲ့အထင်ကြီးစရာမဟုတ်ဘူး..သူတို့ဘယ်လိုချမ်းသာလာတယ်ဆိုတာကို နင်မသိဘူးလား...ပြီးတော့ နေထိုက်ဆိုတဲ့ကောင်က ...ကလေးနှစ်ယောက်အဖေ တစ်ခုလပ်ဆိုတာ နင်မသိဘူးလား.....အိမ်ထောင်သည်ကို မြူဆွယ်တဲ့မိန်းမလို့...ညည်းကိုလူတွေပြောနေကြတာကိုရော ညည်းမသိဘူးလား " " အဲ့ဒါ ..မနာလိုလို့ပြောနေကြတာပါအမေ ..အစ်ကိုက တစ်ခုလပ်ဆိုတာမှန်ပါတယ်.... ဒါပေမဲ့ တစ်ခုလပ်ဆိုတာ လူလွတ်ပဲလေ...အိမ်ထောင်သည်မှမဟုတ်တာ ...သမီးအစ်ကို့ကိုချစ်တယ်အမေ..ပြီးတော့ သမီးချမ်းချမ်းသာသာနေချင်တယ်...လူလေးစားခံရရုံနဲ့...ငွေမရှိတဲ့ဘဝမှာမနေချင်တော့ဘူး " " အမိုက်မ..ငွေမက်တဲ့မိန်းမ ....ရတနာထိုက်ဆိုတဲ့မိန်းမအကြောင်းကို သိသိနဲ့မိုက်တဲ့ညည်းအတွက် ...ငါတို့လဲပြောစရာကုန်ပြီ ..သူတို့မိသားစုထဲကိုဝင်မယ်ဆိုရင်တော့ ..ညည်းနဲ့ငါတို့နဲ့...ဘာမှ မပတ်သက်တော့ဘူးဆိုတာ မှတ်သွာားလိုက်တော့ ခင်သစ္စာ " ဒေါ်ခင်အေးသည်‌ သမီးမိုက်ကို အပြတ်ပြောပြီးသည်နှင့် နေရာမှထွက်ခဲ့လေသည်။မိခင်ဖြစ်သူထွက်သွားသည်နှင့် ခင်သစ္စာသည်လည်း မိခင်နှင့်ဖခင်ကြီးရှိရာ အခန်းဆီသို့ လက်အုပ်ချီကန်တော့လိုက်သည်။အတန်ကြာကန်တော့ပြီးနောက် အဝတ်အစားအိတ်ကိုလက်မှဆွဲလိုက်ပြီး အိမ်ပြင်သို့ထွက်ခဲ့လိုက်သည်။အိမ်ပြင်တွင် မိုးခြိမ်းသံများကတခြိမ်းခြိမ်းအော်မြည်လျက် ရွာသွန်းနေခဲ့သည်။ခင်သစ္စာ အိမ်ပြင်သို့ထွက်လိုက်သည်နှင့် ခြံရှေ့၌ ရပ်ထားသောကားပေါ်မှ လူတစ်ယောက် အပြေးအလွှားဆင်းလာခဲ့လေသည်။ a~k~yip~h~~y~u~~~ ဒေါ်ရတနာထိုက်သည် မျက်လုံးအစုံကို မျက်တောင်ပင်မခတ်ဘဲ ချွေးမအသစ်စက်စက်ကိုကြည့်လိုက်သည်။ " ငါကတော့ သဘောမတူဘူးလို့မပြောပါဘူး....ဒါပေမဲ့ မင်းတို့ဟာက မြန်လှချည်လား ...ပထမမိန်းမနဲ့ကွဲတာမှ ငါးလမပြည့်သေးဘူး...နောက်အိမ်ထောင်ပြုတယ်...နောက်အိမ်ထောင်ပြုတာကတော့ထားပါတော့ နေထိုက်ရယ်.....ဒါပေမဲ့...မင်းတို့ဟာက ကိုယ်ဝန်ပါရှိနေတာဆိုတော့လွန်တာပေါ့ ..... မင်းတို့လုပ်ပုံနဲ့....မိန်းမနဲ့မကွဲခင်ကတည်းကများ...နှစ်ယောက်သားတိတ်တိတ်ပုန်းဖြစ်နေကြတာလားဆိုပြီး ..သူများတွေပြောကြတော့မှာပဲ " ဒေါ်ရတနာထိုက်သည် အပြစ်ပြောခြင်းမဟုတ်ဘဲ စိတ်ပူပန်၍ညည်းညူသည့်ဟန့်နှင့်ပြောလိုက်သည်။ ယောက္ခမလောင်း၏ စကားကြောင့် ခင်သစ္စာမှာ မျက်နှာမပျက်အောင် မနည်းပင်ထိန်းထားလိုက်ရသည်။ " အမေရာ..ကျွန်တော်အိမ်ထောင်ကွဲတာက ငါးလကျော်ပါပြီ...ကိုယ်ဝန်ကသုံးလပဲရှိပါသေးတယ်...သူနဲ့တရားဝင်ကွဲပြီးမှ .....ကျွန်တော်တို့အချင်းချင်းမေတ္တာမျှကြတာပါ ...အမေဘာမှ မပြောပါနဲ့ဗျာ...ကျွန်တော်တောင်းပန်ပါတယ်....ခင်လေးထတော့ ..ကိုယ်တို့သွားကြစို့ " နေထိုက်ကပြောပြောဆိုဆိုနှင့် ဇနီးလောင်းခင်သစ္စာ၏ လက်ကိုဆွဲပြီး အပေါ်ထပ်သို့ထက်ခဲ့လေသည်။ ~a~ky~i~~ph~y~u~~ နေထိုက်နှင့်ခင်သစ္စာတို့လှေကားမှ တက်လာကြစဉ် လှေကားထိပ်တွင် ရပ်နေကြသော ကလေးနှစ်ယောက်ကိုတွေ့လိုက်ကြရလေသည်။ကလေးနှစ်ယောက်မှာ နေထိုက်၏ သားနှင့်သမီးဖြစ်ပြီး သားအကြီးမှာဆယ်နှစ်အရွယ်ခန့်ရှိလေသည်။သမီငယ်မှာမူအသက်ခြောက်နှစ်ခန့်သာရှိလေသည်။

" အင်း...ဟုတ်သားပဲ..အဘွားကြားသွားလို့‌ မောင်တို့ကိုစိတ်ကောက်နေအုံးမယ်...လာကွာ..အဘွားမကြားအောင် ..မောင်တို့အခန်းမှာပဲသွားပြောကြရအာင်နော် " ============================ *ပြီးပါပြီ *** အပိုင်း(၄ဝ) ၄၀ https://www.facebook.com/100067151540690/posts/730680599180318/ ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ သတ်ပုံအမှားများ/စာသား အလွဲများကို သည်းခံခွင့်လွှတ်ပေးကြ ပါရှင်

~~~~~~~~~~ မြူတွေခြုံလွှမ်းထားသလိုဖြစ်နေတဲ့ မှုန်မှိုင်းမှိုင်းလွင်ပြင်ကျယ်ကြီးထဲမှာသစ်ခက်ရပ်နေမိတယ်။သူမနဲ့မလှမ်းမကမ်းမှာ အမျိုးသမီးတစ်ယောက်ရပ်ကာသူမကိုလှမ်းကြည့်နေခဲ့တယ်။အမျိုးသမီးကိုကြည့်ပြီး သစ်ခက်ရဲ့ရင်ထဲမှာတလှိုက်လှိုက်နဲ့ဝမ်းနည်းလာမိတယ်။ " အ...အမေ " သစ်ခက်နှုတ်ကနေ တမ်းတမ်းတတနဲ့ခေါ်လိုက်မိတယ်။ဒီအခါ အမေနဲ့အတူရပ်နေတဲ့ဖြူလွလွပုံရိပ်တစ်ခုကိုလဲမြင်လိုက်ရတယ်။နှစ်ယောက်သားက သူမကိုလက်ပြနေခဲ့ကြတာဖြစ်တယ်။ " အမေပန်းမြိုင်...အမေ‌ " သစ်ခက်အားပါးတရအော်ခေါ်ရင်းနဲပြေးလိုက်သွားမိတယ်။ " အမေ..အမေပန်းမြိုင် " " မမ..မမအိပ်မက်မက်နေတာလား " လက်မောင်းကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီးခေါ်လိုက်တဲ့ဘုန်းသိင်္ခရဲ့အသံကြောင့် သစ်ခက်မျက်လုံးတွေကိုဖျတ်ခနဲဖွင့်ကြည့်လိုက်မိတယ်။ " ကို..ကိုဘုန်း..သစ်ခက်လေ..အမေနဲ့အမေပန်းမြိုင်ကိုအိပ်မက်မက်တယ်...အမေတို့က သစ်ခက်ကိုလက်ပြနှုတ်ဆက်နေကြတယ် ကိုဘုန်းရဲ့..အဟင့် ..ဟင့် " ပြောရင်းမှသစ်ခက်ဝမ်းနည်းစိတ်ကြောင့် ငိုချလိုက်မိတယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲဆွဲသွင်းကာထွေးဖက်လိုက်ပြီး " မောင်လဲ အဲ့ဒီလိုအိပ်မက်ပဲမက်နေတာမမ...အမေနဲ့အမေအေးပုံတို့... .. မကျွတ်မလွတ်ဖြစ်နေတဲ့ဘဝကနေ ကောင်းရာဘုံဘဝကိုရောက်ရှိသွားကြပြီထင်ပါတယ်...မငိုပါနဲ့မမရယ်..အမေတို့အတွက် မောင်တို့တွေဆုတောင်းပေးကြတာပေါ့ " ချစ်သူကိုနှစ်သိမ့်လိုက်ပေမဲ့ဘုန်းသိင်္ခကိုယ်တိုင်လဲ ရင်ထဲမှာဝမ်းနည်းလာမိကာ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့ရတယ်။ ~~~~~~~~~~~ "မမကလဲ ...မောင်ပြောရင်နားမထောင်ဘူးကွာ....အဲ့ဒီသင်တန်းဆရာဆီမှာစာမသင်ရဘူး...မောင်စိတ်မချဘူး..." " အို...မောင်လဲ ...အနေအထိုင်ဆင်ခြင်နော် ...ဧည့်သည်တွေထဲမှာကောင်မလေးတွေပါလာရင် ..လိုက်ကြည့်မနေနဲ့ ...ပြီးတော့ အခုဆရာကလဲ အဘွားခေါ်ပေးထားတာ... ... " ဘွားအေကြီးကိုရှေ့မှာထားပြီး စကားများနေကြတဲ့ ဘုန်းသိင်္ခနဲ့သစ်ခက်ကိုကြည့်ပြီး ဘွားကြေးဥစိတ်မရှည်ချင်တော့ " ရန်ဖြစ်ကြပြန်ပြီးလား...နှစ်ယောက်လုံးကလေးတွေကျနေတာပဲ ...ကဲ..ပြောကြစမ်း ...အထွန်းကဘာတွေလုပ်နေတာလဲ ..မလိမ္မာဘူးလား...အသစ်တွေ့နေတာလား ...သစ်ခက်ကရောသင်တန်းဆရာနဲ့ရှုပ်နေတာလား...ဘွားအေကြီးကတော့ ..ကိုယ့်မြေးမလေးကိုအင်္ဂလိပ်စကားကေင်းကောင်းပြောတတ်ရင် ...ဘွားအေရဲ့တည်ခိုခန်းတွေကိုဦးစီးခိုင်းရအောင် စာသင်ခိုင်ထားတာလေ..အခု...ဘာတွေဖြစ်နေကြတာလဲ ...နှစ်ယောက်အဆင်မပြေကြဘူးလား ...ဘာလဲ...လမ်းခွဲကြမလား " ဘွားကြေးဥရဲ့စကားကြောင့် နှစ်ယောက်လုံးမျက်လုံးပြူသွားကြပြီး တစ်ယောက်နားကိုတစ်ယောက်ပြေးကပ်လိုက်ကြကာ " အဘွားကလဲ မဟုတ်ပါဘူးး...မမကလဲ ကျွန်တော့်ကိုပဲချစ်တာပါ...ကျွန်တော့်ကသဝန်တိုလို့ပြောမိတာပါ...ကျွန်တော်တို့ ဘယ်တော့မှလမ်းမခွဲပါဘူး " " ဟို..ဟို ..မောင်ကဘယ်သူနဲ့မှမရှုပ်ပါဘူးအဘွားရယ်...သစ်ခက်ကမောင့်နောက်ကို ...တစ်နေကုန်လျှောက်မလိုက်ရလို့ သဝန်တိုပြီးပြောမိတာပါ...မောင်ကသစ်ခက်ကိုပဲချစ်တာပါ အဘွားရဲ့ " ဘုန်းသိင်္ခနဲ့သစ်ခက်တို့ဆီက ပြိုင်တူထွက်လာတဲ့စကားသံတွေကြောင့် ဘွားကြေးဥပြုံးလိုက်မိပြိး " သွားကြ..သွားကြအရှုပ်လေးတွေ... ကိုယ့်အခန်းကိုယ်ပြန်ကြ ....တကတည်းမပြောလိုက်ချင်ဘူး ...သူတို့ပဲပိုကိုပိုလွန်းတယ် " ဘွားကြေးဥက နှစ်ယောက်သားကိုနှင်လွှတ်လိုက်ပြီး သူ့ရဲ့သူနာပြုဆရာမလေးကိုလှမ်းခေါ်လိုက်တယ်။ ~~~~~~ ဘုန်းသိင်္ခနဲ့သစ်ခက်လဲ ဘွားအေဖြစ်သူအခန်းထဲကနေ မချိုမချဉ်မျက်နှာတွေနဲ့ထွက်ခဲ့ကြတယ်။ " မောင်ကလဲလေ..အဘွားစိတ်ဆိုးသွားပြီလားမသိဘူး...သစ်ခက်ကလဲ စာမသင်ချင်ပါဘူးနော်...တစ်နေကုန်မောင့်နောက်ပဲလျှောက်လိုက်ချင်နေတာပါ..စာတတ်မှမျက်နှာမငယ်ဘဲ မောင့်နောက်ကိုလိုက်နိုင်မှာလို့ အဘွားကပြောထားလို့ စာသင်နေရတာပါ...မောင်ကလွဲရင်...ဘယ်သူ့ကိုမှစိတ်မဝင်စားပါဘူးနော် " သစ်ခက်ကဘုန်းသိင်္ခရဲ့လက်မောင့်ကိုဖက်တွယ်ပြီးပြောလိုက်တယ်။ " မောင်ကလဲ ...မောင်သွားတဲ့နေရာတိုင်းကို မမကိုခေါ်သွားမလို့ဟာကို ...မေးလိုက်တိုင်းစာသင်နေတယ်ပဲပြောနေလို့ ...သဝန်တိုပြီးပြောမိတာပါကွာ..မိန်ကလေးတွေဘယ်လောက်များများ ...မောင့်ရဲ့အချစ်ဦးကမမပဲဖြစ်ပြီးအချစ်ဆုံးကလဲမမပါပဲဗျာ...ခုတော့မောင်တို့မှာ မခွဲနိုင်လို့ လက်ထပ်ထားကြပါတယ်ဆိုမှ ..နှစ်ယောက်သား ညဘက်ရောက်မှတွေ့ရတယ်....မဟုတ်သေးပါဘူးကွာ....ကိုယ့်မိန်းမ ကိုယ့်ပြန်ခိုးပြေးရမလိုဖြစ်နေပြီ ....ဒီကိစ္စကို အဖေသိန်းနဲ့တိုင်ပင်အုံးမှပါ မဖြစ်သေးပါဘူး " " မောင်နော် ...ပေါက်တက်ကရတွေ မပြောနဲ့ ...အဘွားကြားသွားအုံးမယ် " သစ်ခက်က ဘွားကြေးဥရဲ့အခန်းကိုလှည့်ကြည့်ပြီး မျက်လုံးလေးပြူးကာ အသံတိုးတိုးနဲ့ပြောလိုက်တယ်။သစ်ခက်ရဲ့အသည်းယားစရာချစ်စရာအမူအရောကိုကြည့်ပြီး သစ်ခက်ရဲ့ကိုယ်လုံးလေးကို ဘုန်းသိင်္ခစွေ့ခနဲ့ပွေ့ချိလိုက်ပြီး နားနားကိုတိုးတိုးလေးကပ်ပြောလိုက်တယ်။

ယုံကြည့်မှုတစ်ခုနဲ့မဝံ့မရဲပတ်သက်ခဲ့မိတာကလွဲလို့် နှလုံးသားက လှုပ်ရှားခုန်လှုပ်ခြင်းမရှိခဲ့။နီးစပ်မှုရှိခဲ့ကြတာချင်းအတူတူ ဘုန်းသိင်္ခနဲ့ဆုံရချိန်တိုင်းမှာ နှလုံးသားကလှုပ်ရှားခုန်လှုပ်ခဲ့မြဲ။သူမအနေနဲ့ရန်ကုန်သွားဖို့စီစဉ်နေတယ်ဆိုပေမဲ့ ဝေးရတော့မှာကိုတွေ့ပြီး ညတိုင်းငိုခဲ့ရတဲ့ ရက်တွေကလဲ မနည်းလှ။ဒီလိုမျိုးသူမဘက်ကစိတ်လှုပ်ရှားနေခဲ့ရပေမဲ့ ဘုန်းသိင်္ခဘက်က သူမအပေါ်အစ်မတစ်ယောက်လိုသဘောထားခဲ့တယ်လို့ပဲထင်ခဲ့မိလို့ ဝမ်းနည်းခဲ့ရတယ်။ အားငယ်ခဲ့ရတယ်။အခန်းထဲမှာ သူမအတော်ကြာရပ်နေခဲ့မိပြီးမှ အခန်းထဲကပြေးထွက်ခဲ့ပြီး ဘုန်းသိင်္ခနောက်ကိုပြေးလိုက်ခဲ့မိတယ်။ ~~~~~~~~~~~ " ကိုဘုန်း...ကိုဘုန်း ..ခဏနေပါအုံး " ဘွားကြေးဥရဲ့ တိုက်ထဲကို ဝင်သွားဖို့ခြေလှမ်းပြင်နေတဲ့ဘုန်းသိင်္ခကို သစ်ခက်အလောတကြီးလှမ်းခေါ်လိုက်မိတယ်။ သစ်ခက်ရဲ့ခေါ်သံကြောင့်ဘုန်းသိင်္ခနောက်ကိုလှည့်ကြည့်လိုက်ပြီး သစ်ခက်ရှိရာကိုပြန်လျှောက်သွားလိုက်တယ်။ " ဘာလို့လဲမမ....ကျွန်တော့်အချစ်ကိုလက်ခံလိုက်ပြီးလားဟင် " သစ်ခက်ရဲ့လက်ကိုဆွဲယူလိုက်ပြီး ဘုန်းသိင်္ခဝမ်းသာအားရနဲ့မေးလိုက်တယ်။ " မ...မဟုတ်ဘူးလေ...ဟို...ကိုဘုန်းထွက်သွားတော့မယ်လို့ပြောရင် ...အဘွားစိတ်ဆင်းရဲမှာပေါ့ ..ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ...သားအတွက်လဲ အဘွားမှာခံစားနေရတယ်လေ " " ဪ...ဒါဆို အဘွားစိတ်ဆင်းရဲမှားစိုးလို့ မပြောနဲ့လို့ပြောတာပေါ့ ဟုတ်လား..မမကတော့ ဘာမှမဖြစ်ဘူးပေါ့..မမပဲထွက်သွားသွား.....ကျွန်တော်ပဲထွက်သွားသွား...ဘာမှမခံစားရဘူးပေါ့လေ..ရပါတယ်မမ...မမကဒီလိုဖြစ်စေချင်မှတော့ ...ကျွန်တော်ဘယ်မှမသွားတော့ပါဘူး...မမရန်ကုန်သွားရင် ...အဆင်ပြေအောင်ကူညီလိုက်ဖို့ပဲ အဘွားကိုပြောပေးပါ့မယ်,.,လာလေ ....အဘွားဆီမှာအကူအညီလိုက်တောင်းပေးမယ် " " ဟင်...မ...မဟုတ်...မဟုတ်ဘူးလေ " နားလည်မှုလွဲသွားပြီး သူပြောချင်ရာကိုပြောကာ သူမလက်ကိုဆွဲပြီး ဘွားကြေးဥရဲ့တိုက်ထဲကိုဆွဲခေါ်သွားတဲ့ ဘုန်းသိင်္ခရဲ့နောက်ကနေ သစ်ခက်ကန့်လန့်ကန့်လန့်နဲ့လိုက်ပါလာခဲ့ရတယ်။သူမကသူ့နောက်ကိုပြေးလိုက်လာရတဲ့အကြောင်းအရင်းမှန်ကို ရှင်းပြဖို့ကလဲမရဲ။သူကလဲ ခုမှပဲထူသွားထုံသွားပြီး သူမရဲ့အမူအရာကိုတောင် အဓိပ္ပါယ်မပေါက်နိုင်ဖြစ်နေတာ။ သူမတို့နှစ်ယောက် ဘွားကြေးဥရဲ့တိုက်ထဲကိုရောက်တော့ တိုက်ထဲမှာဘွားကြေးဥနဲ့ဘွားလေးစောမြိုင်အပြင် ဘုန်သိင်္ခရဲ့မွေးစားအဖေဖြစ်တဲ့ ဦးစံသိန်းကိုပါတွေ့လိုက်ရတယ်။ဘုန်းသိင်္ခက သူမရဲ့လက်ကိုဆွဲပြီး လူကြီးတွေထိုင်နေရာဆီကို တည့်တည့်မတ်မတ်လျှောက်သွားလိုက်တယ်။ " အဖေသိန်းလဲရောက်နေတာလား ...ဘွားလေးလဲမပြန်သေးဘူးဆိုတော့ အတော်ပါပဲ...လူစုံတုန်း ... မမအကြောင်းကိုပြောမလို့်ပါ " " ဘာများလဲမြေးလေးရဲ့...သမီးသစ်ခက် ရန်ကုန်သွားမဲ့ကိစ္စလား ...မောင်စံသိန်အသိတွေလဲ ရန်ကုန်မှာရှိတယ်ဆိုလို့် ...အဘွားကအိမ်ဈေးစုံစမ်းခိုင်းနေတာ...သမီးသစ်ခက်ကို တိုက်ခန်းလေးတစ်ခန်းလောက်ဝယ်ပေးမလားလို့လေ...တိုက်ခန်းတော့ လက်ခံရမယ်နော်သမီး " ဘွားကြေးဥကသစ်ခက်ကိုလှမ်းပြောလိုက်တယ်။သစ်ခက်မှာ ဘွားကြေးဥကိုမဝံ့မရဲနဲ့လှမ်းကြည့်လိုက်မိသလို ဘုန်းသိင်္ခကိုလဲမော့ကြည့်လိုက်မိတယ်။ဘုန်းသိင်္ခက သစ်ခက်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ဘွားအေဖြစ်သူကိုကြည့်လိုက်ပြီး " မမကို ...ရန်ကုန်မှာတိုက်ခန်းဝယ်ပေးဖို့ဟုတ်လား...မဝယ်ပေးရပါဘူးဗျာ..ကျွန်တော်ခွင့်မပြုပါဘူး....အဘွားတို့ အားလုံးကိုကျွန်တော်ပြောပါရစေ...ကျွန်တော် မမကိုလက်ထပ်ချင်တယ်...မမနဲ့လက်ထပ်ပေးပါ..." ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက်မှာမျက်လုံးပြူးသွားရသလို လူကြီးတွေလဲပါးစပ်အဟောင်းသားနဲ့ဖြစ်ကုန်ကြတယ်။ " ကျွန်တော်မမကိုချစ်တယ်..မမနဲ့လက်ထပ်ချင်တယ်...လက်ထပ်ပေးပါအဘွား " မြေးဖြစ်သူရဲ့စကားကြောင့် ဘွားကြေးဥတွေဝေသွားမိတယ်။ကိုယ့်မြေးလေးကို အကောင်းဆုံးအတော်ဆုံးအမျိုးသမီးလေးနဲ့ဖူးစာဆုံစေချင်ပေမဲ့လဲ သူ့ရင်ထဲကနှလုံးသားက ဒီကလေးမလေးကိုမှ ချစ်နေတယ်ဆိုတော့လဲ သဘောတူပေးဖို့ပဲဆုံးဖြတ်လိုက်ရတော့တယ်။ " အင်းပါကွယ် ...မြေးလေးတို့သဘောပါ....သစ်ခက်လေးကလဲအဘွားရဲ့မြေးလေးပဲဟာ ...အဘွားသဘောတူပါတယ်ကွယ်..အစောနဲ့မောင်စံသိန်ကလဲ သဘောထူလက်ခံပေးပါကွယ် " " ကျွန်မသဘောတူပါတယ် မမကြီးရယ် ... သစ်ခက်လေးကလဲ သူစိမ်းမှမဟုတ်တာပဲလေ " " ဟုတ်ကဲ့ပါ မေမေကြီး ..ကျွန်တော်ကတော့ သားလေးရဲ့သဘောပါပဲ...သားစိတ်ချမ်းသာဖို့ပဲအရေးကြိးပါတယ် " အဘွားနှစ်ယောက်နဲ့ မွေးစားဖခင်ကြီးဦးစံသိန်းရဲ့စကားကြောင့် ဘုန်းသိင်္ခနဲ့သစ်ခက်ဝမ်းသာပျော်ရွှင်သွားမိကြတယ်။ " သစ်ခက်မြေးလေး..အဘွားဆီကိုလာပါအုံးကွယ်...မြေးလေးကို အဘွားကမချစ်တော့ဘူးဆိုပြီး ဝမ်းနည်းနေတာမဟုတ်လား ...ချစ်ပါတယ်ကွယ်...သမီးကအဘွားရဲ့မြေးမဟုတ်ဘူးဆိုတာသိပေမဲ့လဲ အဘွားချစ်ပါတယ်ကွယ် " " အ...အဘွားရယ်...အဟင့်...ဟင့် " ဘွားကြေးဥရဲ့စကားတွေကြောင့် သစ်ခက်ရင်ထဲဝမ်းနည်းလှိုက်ဖို့ကာ ငိုချလိုက်မိတော့တယ်။ " အိုကွယ်..ဘာလို့်ငိုရတာလဲမြေးလေးရယ်....မငိုပါနဲ့ကွယ် " ဘွားကြေးဥက သစ်ခက်ရဲ့ပခုံးလေးကိုဖက်ပြီး နှစ်သိမ့်လိုက်တယ်။

သစ်ခက်ပြောပြီးတာနဲ့နေရာကအမြန်ထပြီးထွက်ခဲ့လိုက်တယ်။ဘွားကြေးဥမှာမတားနိုင်ဘဲ နေရာမှာဘဲငေးကြာင်ကာကျန်နေခဲ့တယ်။ ဘုန်းသိင်္ခထိုင်နေရာက အမြန်ထလိုက်ပြီး သစ်ခက်နောက်ကိုပြေးလိုက်လာခဲ့တယ်။ ~~~~~~~~ " ဒေါက် .. ဒေါက် " " မမ ..တံခါးခဏလောက်ဖွင့်ပါအုံး ..ကျွန်တော်တို့ စကားပြောရအောင် " ဘုန်းသိင်္ခက အပြေးလိုက်လာပြီး တံခါးခေါက်လိုက်တယ်။ တံခါးခေါက်ပြီး ခဏအတွင်းမှာပဲ တံခါးကပွင့်လာခဲ့တယ်။ တံခါးပွင့်သွားတာနဲ့ ဘုန်းသိင်္ခအခန်းထဲကို လျင်လျင်မြန်မြန်ဝင်လိုက်ပြီး "မမက ရန်ကုန်သွားမလို့ ဟုတ်လား ..ဘယ်သူကခွင့်ပြုလို့ သွားမှာလဲ ...ကျွန်တော့်ကိုတစ်ခွန်းမှတောင် မတိုင်ပင်ဘဲ စီစဉ်နေတယ်ပေါ့ ဟုတ်လား... " သစ်ခက်ရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်လှုပ်ပြီး ဘုန်းသိင်္ခ စိတ်တိုတိုနဲ့ မေးလိုက်တယ်။ " သစ်ခက်နဲ့ ကသစ်မြိုင်က ဘာမှမဆိုင်တော့ဘူးလေ ကိုဘုန်းရယ် ...ဆက်နေလို့မှမရတော့တာ " သစ်ခက် ခေါင်းကိုငုံ့ထားရင်းဖြေလိုက်တယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့မျက်နှာလေးကို ဆွဲ့မော့လိုက်ပြီး " ဘာလို့မဆိုင်ရမှာလဲ မမရဲ့...ကသစ်မြိုင်စံအိမ်ကို မမလဲပိုင်တယ်....မမရန်ကုန်မသွားရပါဘူး ....ကျွန်တော်နဲ့ပဲနေရမယ် ..ကျွန်တော်မမကို လက်ထပ်မှာ ...အမှုမပြီးသေးလို့ ဘာမှမပြောဘဲနေနေတာ " " ဘာ...မဘာပြောလိုက်တယ် ကိုဘုန်း " ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက်အံ့ဩတုန်လှုပ်သွားရကာ တုန်တုန်ယင်ယင်နဲ့ မေးလိုက်မိတယ်။ " ဟုတ်တယ်...ကျွန်တော် မမကိုချစ်တယ်...အမှုကိစ္စတွေပြီးတာနဲ့ ..မမကိုချစ်ခွင့်ပန်ပြီး ...လက်ထပ်ခွင့်တောင်းဖို့ပါ စီစဉ်ထားပြီးသား...အခုတော့ ဒီမှာပဲ ဖွင့်ပြောလိုက်တော့မယ် ..မမကိုကျွန်တော်ချစ်တယ် ... ကုန်ကုန်ပြောရရင်...မမကိုအထင်လွဲနေခဲ့မိတုန်းကတည်းက ချစ်နေခဲ့မိတာ...မမနဲ့ကိုစိုင်းမြတ်ချစ်သူတွေဖြစ်နေတာ သိလိုက်ရတော့ ..အတော်လေးစိတ်တိုမိခဲ့သေးတယ်....နောက်တော့မှ မမက သူ့ကိုတကယ်မချစ်ဘဲ ..ယုံကြည်ရမဲ့သူလို့ထင်နေခဲ့လို့ ဆိုတာကို... သိလိုက်ရလို့ စိတ်အေးသွားရတာ ...ကျွန်တော့်အချစ်ကို မမလက်ခံမှာလားဟင် " ဘုန်းသိင်္ခက သစ်ခက်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့ စကားတွေကြောင့် သစ်ခက်မှာ ရင်တွေတဒိန်းဒိန်းခုန်ကာ ရှက်သွားမိပြီး ဘုန်းသိင်္ခလက်ထဲကနေ အတင်းရုန်းထွက်လိုက်ပြီး ငြင်းဆန်လိုက်မိတယ်။ " အို ...လက်မခံပါဘူး...ငွေမက်တဲ့သူလို့လဲ အပြောမခံနိုင်ဘူး...ချစ်လဲမချစ်ပါဘူး " " ဗျာ ..မချစ်ဘူးဟုတ်လား....ကျွန်တော့်ကို မချစ်ဘူးပေါ့ဟုတ်လား ...ဒါဆိုရင်...ချောက်ထဲတွန်းချတဲ့သူက ကျွန်တော်မှန်းသိရဲ့နဲ့ ဘာလို့ မသိချင်ယောင်ဆောင်နေခဲ့တာလဲ ပြောပါအုံး...ပြီးတော့ ...ကျွန်တော်နဲ့မလွမ်းကို ပန်းခြံထဲမှာမြင်ပြီးတော့... စိတ်ဆိုးသွားသေးတယ်...အဲ့ဒါ ကျွန်တော့်ကိုချစ်လို့ သဝန်တိုတာ မဟုတ်လား " ဘုန်းသိင်္ခကပြုံးစစနဲ့ မေးရင်း သစ်ခက်ရဲ့လက်ကလေးကိုသူ့ရင်ဘက်မှာကပ်လိုက်တယ်။ " အို ..မဟုတ်ပါဘူး....မချစ်ပါဘူး ...ရန်ကုန်သွားဖို့ အားလုံးစီစဉ်ပြီးပြီ ...နေဖို့ထိုင်ဖို့နဲ့ အလုပ်အတွက်လဲ ...မသန္တာက အားလုံးကူညီပေးမယ်လို့ ပြောထားပြီးသား .... စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်တော့...မင်းဘ၀နဲ့ တို့နဲ့ ကဘာမှမဆိုင်ဘူး " သစ်ခက်ပြောလိုက်ရင်းနဲ့ ဘုန်းသိင်္ခ လက်ထဲကနေ အတင်းရုန်းထွက်ပစ်လိုက်တယ်။ သစ်ခက်ဘယ်လောက်ပဲရုန်းရုန်း ဘုန်းသိင်္ခကလုံးဝလွှတ်မပေးဘဲ အတင်းဖက်ထားလိုက်ပြီး '' မမ..ကျွန်တော့်ကိုတကယ်မချစ်ဘူးလားပြော ... ကျွန်တော့်ကိုထားခဲ့ပြီး ...ကသစ်မြိုင်ကနေထွက်သွားမယ်ပေါ့လေ ..မမ တကယ်လုပ်ရက်တာလား....မမတကယ်ထားခဲ့ရက်တယ်ဆိုရင်လဲ ရပါတယ် ..ကျွန်တော်လဲ ကသစ်မြိုင်ကနေထွက်သွားတော့မယ် .." ဘုန်းသိင်္ခက အံကြိတ်ကာ ပြောလိုက်ရင်း သစ်ခက်ကို အတင်းသိမ်းဖက်ထားရာကနေလွှတ်ပေးလိုက်ပြီး သက်ခက်ရဲ့ နဖူးပြင်လေးနဲ့ပါးပြင်လေးကိုနမ်းရှိုက်လိုက်တယ်။ " မင်း ...မင်းဘာလုပ်တာလဲ " သစ်ခက်ရှက်ပြီးတော့ ဘုန်းသိင်္ခကို ဆောင့်တွန်းကာ အသံမာမာနဲ့ မေးလိုက်တယ်။ " နမ်းလိုက်မိလို့ခွင့်လွှတ်ပါ.မမရယ် ..နောက်ဆုံးအနေနဲ့နှုတ်ဆက်တာပါ ..ကျွန်တော်အခုပဲ... အဘွားကိုသွားပြောပြီး ...ထွက်သွားတော့မလို့ပါ ...မမကို ထပ်တွေ့နေရရင် ... ကျွန်တော် အရမ်းခံစားနေရလို့ပါ ...မမကိုလာထပ်မတွေ့တော့ပါဘူး ...ထာ၀ရအတွက် နှုတ်ဆက်ခဲ့ပါတယ် မမ ...အဘွားကိုသွားတွေ့လိုက်အုံးမယ် " ဘုန်းသိင်္ခပြောပြီးတာနဲ့ အခန်းပြင်ကိုထွက်သွားခဲ့တယ်။အခန်းထဲမှာ သစ်ခက်တစ်ယောက်တည်း ငူငူကြီးရပ်ကာ ကျန်နေခဲ့ရတယ်။ဘုန်းသိင်္ခ ထွက်သွားတော့မယ်ဆိုတော့ ရရင်ထဲတလှိုက်လှိုက်နဲ့ဝမ်းနည်းလာမိတယ်။နှစ်ယောက်သားကြားမှာ ဘဝအခြေအနေက ကွာဟလွန်းတာမို့ သစ်ခက်ရှေ့ဆက်မတိုးချင်ပါ၊၊ငွေကြေးဥစ္စာဆိုတာအပထား။သူမဘဝကဆွေမဲ့မျိုးမဲ့ ပညာကလဲမတတ်နဲ့ ဘုန်းသိင်္ခနဲ့ဘဝအခြေအနေခြင်း အရမ်းကိုကွာဟလွန်းနေခဲ့တယ်မဟုတ်ပါလား။အထူးသဖြင့် ဘွားကြေးဥရဲ့မျက်နှာကိုမကြည့်ရဲပါ။ဘွားကြေးဥအကြောင်းကိုကောင်းကောင်းသိနေသူမို့် ရှေ့ဆက်လဲမတိုးဝံ့ပါ။အချစ်ဆိုတာကလဲ ထူးတော့ထူးဆန်းသား။စိုင်းမြတ်နဲ့ပတ်သက်ရင်

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၄၁) (ဇာတ်သိမ်းပိုင်း) akyiphyu ********* " သွေးသာအရင်းတွေဖြစ်တဲ့အစ်မကိုလဲသ*တ်...အစ်မရဲ့ သမီးကိုလဲသ*တ်တယ် ... ပြီးတော့ ဘာမှမသိသေးတဲ့ကလေးတစ်ယောက်ကိုပါ... အနုနည်းနဲ့လှောင်ပိတ်ထားပြီး ..ရက်စက်လွန်းခဲ့ရတဲ့အဓိကရည်ရွယ်ချက်က ...သားသမီးအရင်း ...ကောင်းစားဖို့ဆိုတာထက် ကိုယ်တိုင်းအတွက်လောဘတက်ခဲ့တာမဟုတ်ဘူးလား‌ ဒေါ်တင်တင်မြိုင်.." ရှေ့နေကြီးရဲ့မေးမြန်းချက်ကြောင့် ဒေါ်တင်တင်မြိုင်ကပြုံးလိုက်တယ်။သူမရဲ့အပြုံးကတကယ်လဲကြောက်စရာကောင်းလှတယ်။ " ကျွန်မနောင်တရမိပါတယ်....ဘာကိုနောင်တရမိလဲဆိုရင် ...သစ်ခက်ဆိုတဲ့ဂြိုဟ်ဆိုးမလေးကို မသ*တ်ဘဲမွေးခဲ့မိလို့်နောင်တရတယ်...ထွန်းမြတ်မောင်ဆိုတဲ့ဂြိုဟ်ကောင်လေးနဲ့စံသိန်ဆိုတဲ့ကောင်ကို မိအောင်ပြန်ဖမ်းပြီး မသ/တ်နိုင်ခဲ့လို့နောင်တရတယ် " ဒေါ်တင်တင်မြိုင်ရဲ့စကားကြောင့် လူထုပရိတ်သတ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားကြသလို နားထောင်နေတဲ့သစ်ခက်မှာလဲ ထိုင်နေရာကနေလဲကျမလိုပင် ယိုင်ခနဲဖြစ်သွားရတယ်။ဘုန်းသိင်္ခက အချိန်မီလက်ကိုလှမ်းဆွဲလိုက်တာကြောင့်သာ လဲကျမသွားခဲ့ခြင်းဖြစ်တယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။ " မွေးရာပါအကျင့်ဗီဇစရိုက်မကောင်းတဲ့လူယုတ်မာတွေမှာ ...နောင်တဆိုတာမရှိသလို ..သူတို့်မှာမေတ္တာတရား...အကြင်နာတရားနဲ့စာနာတတ်တဲ့စိတ်လဲမရှိဘူး...ဘုရားဘယ်နှစ်ဆူပွင့်ပွင့်သူတို့မှာအကျွတ်တရားရမဲ့ အသိဉာဏ်ပါမလာခဲ့ဘူး " ဒေါ်တင်တင်မြိုင်ကိုကြည့်ပြီး ဒေါ်စောမြိုင်စက်ဆုပ်ရွံရှာစွားပြောလိုက်တယ်။ " ကောက်ကျစ်ယုတ်မာလိုက်တဲ့မိန်းမ " " ‌ေ**သဒဏ်မပေးနဲ့...တစ်သက်တစ်ကျွန်းချပြီး ...နှိပ်စက်ပါ " တစ်ယောက်တစ်ပေါက်ဆူညံသံတွေကြားမှာ သစ်ခက်ငြိမ်သက်နေမိတယ်။နားထဲမှာကြားလိုက်ရတဲ့စကားတွေအတွက် နှလုံးသားတစ်ခုလုံးမီးတိုက်ခံလိုက်ရသလိုခံစားလိုက်ရတယ်။မေတ္တာအရိပ်အယောင်တစ်စွန်းတစ်စလေးများတွေ့မြင်ရမလားဆိုတဲ့မျှော်လင့်ချက်လေးက လေထဲမှာအိမ်ဆောက်မိသလိုပျောက်ပျက်သွားခဲ့ရတယ်။ " နောက်တစ်ပတ်သောကြာနေ့မှာ အမိန်ချမှတ်ပါမယ်..." " ဒုန်း " " သွားရအောင်မမ " ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကိုဆွဲယူလိုက်ပြီး နေရာကထလိုက်တယ်။သစ်ခက်အလိုက်သင့်ထရပ်လိုက်တယ်။ပြီးတော့ ရဲမေတွေဆွဲခေါ်သွားတဲ့ ဒေါ်တင်တင်မြိုင်ကို မျက်တောင်မခတ်လှမ်းကြည့်နေမိတယ်။ ~~~~~~~~~ ဦးဘိုထွန်းက ရီဝေမှိုင်းညှို့နေတဲ့မျက်ဝန်းတွေနဲ့ သားဖြစ်သူ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်တယ်။ " ကျွန်တော် ထောင်ဝင်စာလာတွေ့မှာမဟုတ်ပါဘူး....လိုအပ်တာတွေကို တခြားသူနဲ့ပို့ပေးပါမယ်....ကျွန်တော့်အတွက်တော့ မိဘနှစ်ပါးလုံး... လွန်ခဲ့တဲ့(၁၇)နှစ်ကျော်ကတည်းက‌ေ*သဆုံးသွားခဲ့ပါပြီ...အပန်းဖြေစခန်းက ... မမပန်းရိပ်ပိုင်တဲ့ မြေတွေကို ...အဘွားနှင်းမြရဲ့ဆန္ဒအတိုင်းလှူပေးလိုက်ပါပြီ ...ကျန်တဲ့မြေပေါ်မှာပဲ ...အပန်းဖြေစခန်းအသေးစားလေးဆောက်မှာပါ..အဘွားနဲ့အမေအပါအဝင် ကွယ်လွန်သွားသူတွေကို တောင်းပန်ပေးပါ...." ပြောသင့်တဲ့စကားတွေကိုပြောပြီးတော့ ဘုန်းသိင်္ခထိုင်နေရာထကာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။ဒါက နောက်ဆုံးအကြိမ်လာတွေ့ခြင်းသာဖြစ်တယ်။ ဦးဘိုထွန်းမှာ နေရာမှာထိုင်လျက် မျက်နှာကိုစားပွဲပေါ်မှောက်ကာအသံတိတ်ငိုကြွေးနေမိတယ်။ ~~~~~~~~~~ " ဟိုကလေးမကတော့ (၅)နှစ်ဆိုတော့ ..မကြာခင်ပြန်လွတ်လာမှာပေါ့ ...တင်တင်မြိုင်နဲ့ဘိုထွန်းက တစ်သက်တစ်ကျွန်းဆိုတော့ခံပေအုံးပေါ့...ဒါပေမဲ့ အခါကြီးရက်ကြီးလွတ်ငြိမ်းချမ်းသာခွင့်တွေမှာ တင်တင်မြိုင်ပါမလာအောင်တော့... ဘွားလေးက စောင့်ကြည့်ထားရမှာပဲ...တကယ်လို့များ ဟိုကလေးမလွတ်လာခဲ့ရင်လဲ ... ကသစ်မြိုင်မှာခေါ်မထားပါနဲ့မြေးလေး...ဘွားလေးတားမြစ်ပါရစေ..ဘွားလေးကတော့... သူတို့ကိုလုံးဝခွင့်မလွတ်နိုင်ဘူး " ဒေါ်စောမြိုင်က နာနာကြည်းကြည်းပြောလိုက်တယ်။ဘွားကြေးဥကတော့ ဘာမှမပြောဘဲငြိမ်သက်နေခဲ့တယ်။အတော်လေးကြာမှ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတဲ့ သစ်ခက်ကိုကြည့်လိုက်ပြီး " သမီးသစ်ခက်...သမီးလဲအဘွားတို့ကို... စိမ်းသွားစရာမလိုပါဘူးကွယ်...သမီးအတွက်အဘွားစီစဉ်ပေးထားပါတယ် ....သမီးအတွက်အိမ်တစ်လုံးစီစဉ်ပေးထာတယ်...ငွေအတွက်လဲအဘွားစီစဉ်ပေးထာပါတယ်ကွယ် " ဘွားကြေးဥရဲ့စကားကြောင့် သစ်ခက်ကဘွားကြေးဥကိုမော့ကြည့်လိုက်မိပြီး " ကျေးဇူးတင်ပါတယ်အဘွား..သမီးအတွက် အဲ့ဒါတွေမလိုပါဘူး..သမီးကို ...မသန္တာကကူညီပေးမယ်လို့ပြောပါတယ်...ရန်ကုန်သွားမှာမို့ ...သမီးကိုခရီးစရိတ်လေးပဲပေးပါနော် အဘွား " "ဘယ်....ဘယ်လိုကွဲ့ ..သမီးက ရန်ကုန်လိုက်သွားမလို့လား ...အို..မဟုတ်တာကွယ်...ရန်ကုန်မှာသမီးဘာလုပ်မှာလဲ နေဖို့ထိုင်ဖို့ကရော ...ဖြစ်ပါ့မလားကွယ် " ဘွားကြေးဥကစိုးရိမ်တကြီးနဲ့ပြောလိုက်တယ်။သစ်ခက်ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်ကာနေလိုက်တယ်။ " အမှုပြီးသွားရင် မသန္တာကလှမ်းခေါ်မယ်လို့ပြောပတယ်အဘွား...သုံးလေးရက်အတွင်း သမီးသွားရမယ်ထင်တယ်...ခရီးသွားဖို့အတွက် သမီးသွားပြင်ဆင်လိုက်ပါအုံးမယ် "

အနိုင်ယူခဲ့မိပါတယ်....နောက်တော့ ...ကျွန်မဘယ်လောက်အော်အော်ဆူဆူ...သည်းခံတတ်တဲ့ ဒေါ်ဘောက်စိန်ကို ..ကြာတော့ ကျွန်မသနားလာပါတယ်...ဒါကြောင့်လဲ ဒေါ်ဘောက်စိန်ကို ကျွန်မ အနိုင်ကျင့်အနိုင်ယူတာတွေကို လျှော့လိုက်ပြီး ...နှစ်ယောက်သားအဆင်ပြေလာပါတယ်... ဒေါ်ဘောက်စိန်ရဲ့မေတ္တာတွေကြောင့် ..ကျွန်မပြောင်းလဲလာချိန်မှာပဲ ... ဒေါ်တင်တင်မြိုင် ရောက်လာခဲ့ပြီး ..ဒေါ်ဘောက်စိန် အလုပ်ထွက်သွားပြီလို့ ပြောပါတယ်....ဘာကြောင့်အလုပ်ထွက်သွားတယ်ဆိုတာကို မသိခဲ့ရပါဘူး...ဒေါ်ဘောက်စိန်က ကျွန်မကို ကိုလုံးဝမပြောခဲ့တာမို့ ဒေါ်ဘောက်စိန်ကိုစိတ်ဆိုးခဲ့မိပါသေးတယ်... ဒေါ်ဘောက်စိန် အလုပ်ထွက်သွားတဲ့အချိန်က ..ကျွန်မအသက်(၁၆)နှစ်ကျော်ကာစဆိုတော့ လွန်ခဲ့တဲ့ဆယ်နှစ်လေက်ကပါ " " ဟုတ်ပါတယ် မသစ်ခက်နွယ်.... ဒေါ်ဘောက်စိန်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပဲ tဆုံးသွားခဲ့ပါပြီး ....tဆုံးရခြင်းအကြောင်းအရင်းက tသွးရိုးသားရိုး tသဆုံးခြင်းမဟုတ်ဘဲ ... ဒေါ်တင်တင်မြိုင်ရဲ့ပယောဂကြောင့် tသဆုံးရခြင်းဖြစ်တယ်လို့ စုံးစမ်းသိရှိရပါတယ် " သစ်ခက်နွယ် အံကို တင်းတင်းကြိတ်ကာ ဒေါ်တင်တင်မြိုင်ကို လှမ်းကြည့်လိုက်မိတယ်။ဒေါ်တင်တင်မြိုင်ကမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ စက်ရုပ် တစ်ရုပ်လို ငြိမ်သက်နေခဲ့တယ်။ ~~~~~~ " ရှေ့နေကြီးပြောသွားတာက ...သုံးပုံနှစ်ပုံကိုမြေးမလေး ပန်းရိပ်ဖြူကရမယ်...တစ်ပုံကိုတော့ မြေးငယ်လေးကရမယ်....မြေးကြီးမရှိတော့ဘူးဆိုရင်လဲ ...နှစ်ပုံကို မြေးကြီးနာမည်နဲ့မိဘမဲ့ဂေဟာကိုပေးလှူရမယ်တဲ့အစောရဲ့ ...ကြည့်ရတာ...သူတို့အဘွားမနှင်းမြိုင်က ယောက်ျားတွေကိုမယုံနိုင်ဘူးထင်ပါရဲ့အစောရယ် " ဘွားကြေးဥက ဒေါ်စောမြိုင်ကိုပြောလိုက်ရင်း မြေးမလေးအကြောင်းကိုတွေးပြီး စိတ်မကောင်းဖြစ်သွားရတယ်။မျက်ဝန်းမှာ ရစ်ဝဲလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး မြေးဖြစ်သူဘုန်းသိင်္ခကိုကြည့်လိုက်တယ်။ " ရေတံခွန်တောင်ကြားက မြေတွေကို ...မြေးလေးအကုန်လိုချင်တယ်ဆိုရင်လဲ ...အဘွားငွေထုတ်ပေးပါ့မယ်...ဂေဟာကိုငွေသားပဲလှူလိုက်ပေါ့ " ဘွားအေဖြစ်သူရဲ့စကားကြောင့် ဘုန်းသိင်္ခခေါင်းကိုခါယမ်းလိုက်ပြီး " ဟင့်အင်း အဘွား....ကျွန်တော်ရပိုင်ခွင့်ရှိတဲ့မြေကိုပဲယူပါမယ်...မမပန်းရိပ်ပိုင်ဆိုင်တာကို ...အဘွားနှင်းမြိုင်ရဲ့ဆန္ဒအတိုင်းလှူပေးလိုက်ပါ...လှူပေးပြီးရင်..ကွယ်လွန်သူတွေအတွက် အမျှအတန်းပေးဝေချင်ပါတယ်....အလှူကိုအိမ်မှာလဲလုပ်မယ်အဘွား " " အင်း ..မြေးလေးသဘောပါကွယ်....လှထွန်းတို့မိသားစုလဲ..အဘွားကိုမျက်နှာပူလို့ထင်တယ်...သူ့မိန်းမဇာတိကိုပြောင်းသွားကြပြီ...ညိုထွန်းမောင်မိုက်လိုက်တဲ့ကောင်လေး...မောင်စိုင်းမြတ်ကိုပိပိရိရိနဲ့ခေါ်လာနိုင်တယ်....အဘွားရဲ့မိတ်ဆွေဟောင်းတွေကိုကအစ လိုက်ရှာထားပြီး ...အကွက်ကျကျကိုလုပ်သွားတာလေ...တို့တော့သိပ်ကြောက်သွားပြီ အစောရေ....ကြာဖြူတို့မိသားစုကိုလဲ ...သူတို့ဦးစီးလုပ်ကိုင်နေတဲ့ တည်ခိုခန်းကို အမွေခွဲပေးလိုက်ပြီး.... ကျန်တာတွေကို မြေးလေးကိုပဲပေးလိုက်တော့မယ်..." " ဟုတ်ကဲ့...မမကြီးစီစဉ်ထားတာကောင်းပါတယ်...အားလုံးအဆင်ပြေသွားရင်တော့ ...အစောလဲ ထင်ရှူးမြိုင်ကိုပြန်ပြောင်းတော့မယ် " " ဟာ...ဘွားလေးက စခန်းသာမှာမနေဘူးလား " ဘုန်းသိင်္ခက ဘွားလေးဒေါ်စောမြိုင်ကိုမေးလိုက်တယ်။ " နေလို့်မဖြစ်ဘူးလေ မြေးလေးရယ်...ဟိုမှာ သားဒေါ်လေးမိသားစုကလဲ ..ထင်းရှူးမြိုင်မှာ အခြေချမယ်ဆိုပြီး ပြန်ရောက်လာပြီလေ...ဘွားလေးစီမံပေးရအုံးမှာပေါ့ ...မြေးလေးလဲ ထင်ရှူးမြိုင်ကိုမကြာခဏလာလည်ပါ...တူမလေးပန်းမြိုင်လိုမျိုး ဆွေ့ပြတ်မျိုးပြတ်မနေပါနဲ့ကွယ်...." " ဟုတ်...ဟုတ်ကဲ့ပါဘွားလေး.." ဒေါ်စောမြိုင်ကပြောရင်းနဲ့မျက်ရည်ကျနေသလို ဘုန်းသိင်္ခလဲ ယောက်ျားတန်မဲ့ မျက်ရည်တွေ စီးကျလာခဲ့မိတယ်။ " ဒါနဲ့ ..ဟို...သစ်ခက်လေးအဆင်ပြေရဲ့လားကွယ်...အဘွားဆီကိုလဲမလာဘူး " " ဟုတ်ကဲ့ အဆင်ပြေပါတယ်အဘွား...ဆရာဝန်ကအနားယူခိုင်းထားလို့် ...ကျွန်တော်နဲ့လဲသိပ်ပြီးမတွေ့ဖြစ်ဘူး...ရုံးချိန်းတွေလဲရှိသေးတော့ အနားယူခိုင်းထားလို့်ပါ " " အေးပါကွယ်...အဘွားလဲသူ့လေးအတွက် စိတ်မကောင်းလွန်းလို့... ဘာလုပ်ပေးရမှန်းမသိတော့ဘူး...မြို့ထဲမှာအိမ်တစ်လုံးစီစဉ်ပေးပြီး...သူ့အတွက်စရိတ်ထောက်ပံ့ပေးမလားလို့်တော့ တွေးထားတယ် " အဘွားဖြစ်သူရဲ့စကားကြောင့် ဘုန်းသိင်္ခဖျတ်ခနဲမော့ကြည့်လိုက်မိပြီး " မလောပါနဲ့အုံးအဘွားရယ်....ရုံးချိန်းတွေလဲကျန်သေးတာကို...ပြီးတော့ သူလဲဆေးကုနေရသေးတယ်လေ...အမှုပြီးမှပဲ စီစဉ်လို့ရပါတယ် " ဘုန်းသိင်္ခက ဘွားအေကြီးကိုပြောလိုက်ရင်း မသိမသာသက်ပြင်းချလိုက်မိတယ်။ ============ အပိုင်း(၄၁) (ဇာတ်သိမ်းပိုင်းဆက်ရန်) A Kyi Phyu #ဧကြည်ဖြူ ၃၉ https://www.facebook.com/100067151540690/posts/730107512570960/