fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၀) akyiphyu ********* သူမရှိရာဆီကို တည့်တည့်ကြီးပြေးချလာတဲ့ လူကိုကြည့်ပြီး ပန်းရိပ်ဖြူအထိတ်တလန့်နဲ့ကမန်းကတန်းရှောင်တိမ်းလိုက်ပေမဲ့လဲ ပြေးလာသူရဲ့လက်အစုံက ပန်းရိပ်ဖြူကိုလျှိုချောက်ထဲကိုတွန်းထုတ်ပစ်လိုက်တယ်။ " အား " ကြောက်လန့်တကြားအော်ဟစ်လိုက်ရင်း လျှိုချောက်ထဲကို ပန်းရိပ်ဖြူနောက်ပြန်ပြုတ်ကျသွားခဲ့တယ်။ပြူးကျယ်နေတဲ့ပန်းရိပ်ဖြူရဲ့မျက်လုံးအစုံက ကုန်းမြင့်ထိပ်ကို လှမ်းကြည့်နေမိတယ်။ဒီအခါချောက်ထိပ်ကနေ သူမကိုလှမ်းကြည့်နေတဲ့လူတစ်ယောက်ကိုတွေ့နေရတယ်။မသဲမကွဲမြင်နေရတဲ့ သူ့ရဲ့မျက်နှာပေါ်မှာပြုံးနေတဲ့ဂျိုကာမျက်နှာဖုံးကိုတပ်ဆင်ထားတာကို သတိထားလိုက်မိပြီးနောက်မှာတော့ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားခဲ့တော့တယ်။၊ ~~~~~~~~ " အမယ်လေး " " ကယ်ကြပါအုံး...ကယ်ကြပါအုံး " " ကျေးဇူးကန်းတွေ " လူကသစ်ရွက်ခြောက်တွေပေါ်ကနေ တလိမ့်လိမ့်နဲ့လိမ့်ဆင်းကျလာခဲ့ရင်းနဲ့ နားထဲမှာ ကြောက်လန့်တကြားနဲ့အော်ဟစ်နေတဲ့အသံ‌တွေကြားယောင်နေခဲ့တယ်။" မလုပ်နဲ့...မလုပ်ပါနဲ့ " လို့ သူမအော်ဟစ်လိုက်ပေမဲ့ ဒဏ်ရာတွေနဲ့လဲကျသွားကြတဲ့သူတွေရယ်။သူမကိုထွက်ပြေးခိုင်းနေတဲ့သူတွေရယ်။တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတွေကြားကနေ သူမအားတင်းကာ အတင်းပြေးထွက်လာခဲ့မိတယ်။သူမရဲ့ရှေ့က မြင်ကွင်းတစ်ခုလုံးကမှောင်မိုက်နေခဲ့တယ်။ပြေးနေရင်းနဲ့လဲကျတဲ့အခါ သူမ‌6သွးရူး6သွးတန်းနဲ့ပြန်ထပြေးခဲ့တယ်။ပြေးရလွန်းလို့ အသက်ပင်မရှူချင်လောက်အောင်မောပန်းနေခဲ့ပြီ။နောက်ဆုံးတစ်ကြိမ်လဲအကျမှာတော့ သူမပြန်ထဖို့စိတ်မကူးမိတော့ပါ။‌ေ*သလိုက‌ေ*သပါစေတော့လို့ စိတ်ထဲကဆုံးဖြတ်လိုက်ပြီး စိတ်ထဲတင်းထားသမျှတွေကို လွှတ်ချပစ်လိုက်တော့တယ်။ " မမလေး...မမလေး " ခေါ်သံနဲ့အတူ အေးစက်စက်လက်တွေက သူမရဲ့လက်တွေကိုလာရောက်ထိကိုင်လိုက်တာမို့ ပန်းရိပ်ဖြူသတိဝင်လာခဲ့မိပြိး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ဒီအခါသူမကိုငုံ့ကြည့်နေတဲ့ ဘုန်းသိင်္ခကိုတွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူရင်တွေတလှပ်လှပ်တုန်ကာ အတင်းကုန်းရုန်းထလိုက်မိတယ်။ " အတင်းမထနဲ့လေ...ခေါင်းမူးနေမှာပေါ့...ကျွန်တော်က... မမလေး တည်းခိုဆောင်ဘက်ပြန်သွားတယ်ထင်တယ်...အတော်လေးကြာတဲ့အထိပြန်မလာတော့မှ ,,,,တည်းခိုဆောင်ဘက်ကိုဖုန်းဆက်ကြည့်တော့မလာဘူးဆိုလို့်လိုက်ရှာတာ...တော်သေးတာပေါ့ဗျာ...ချောက်ကသိပ်မနက်သလို...ဆင်ခြေလျောချောက်မို့ပေါ့.....သစ်ရွက်ခြောက်တွေကြောင့် လူတော့ဘာမှမဖြစ်ပါဘူး ..ဒါနဲ့ . ဘယ်လိုများပြုတ်ကျရတာလဲမမလေးရယ် " ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူမဖြေဘဲအားယူကာ ကုန်းထလိုက်တယ်။ " အ " ခြေထောက်တစ်ခုလုံးက ထုံကျင်ကိုက်ခဲကာနာကျင်နေတာမို့ ပန်းရိပ်ဖြူအထိတ်တလန့်နဲ့အော်လိုက်မိတယ် ။ " ဟာဗျာ...ဘာလို့အတင်းထရတာလဲ....မမလေးလမ်းလျှောက်နိုင်မှာမဟုတ်ဘူး....ကျွန်တော်တွဲသွားပါ့မယ် .." " ဟင့်အင်း...ရ...ရပါတယ်...ကျွန်မဘာသာလျှောက်မယ် " ပန်းရိပ်ဖြူငြင်းဆန်လိုက်ပြီးတော့ ကိုယ့်ဘာသာအတင်းကုန်းရုန်းပြီးပြန်ထလိုက်တယ်။ " ဟာ...ခင်ဗျားဘာဖြစ်နေတာလဲ....ခင်ဗျားပုံစံနဲ့သွားနေရင်..မနက်ဖြန်မိုးလင်းတဲ့အထိအပေါ်ပြန်ရောက်မှာမဟုတ်ဘူး " ဘုန်းသိင်္ခကပြောပြောဆိုဆိုနဲ့သူမရဲ့ချိုင်းအောက်ကနေ ဆွဲမလိုက်တာမို့် သူမတစ်ကိုယ်လုံးကြက်သီးတွေထသွားသလို ရင်တွေတဒိန်းဒိန်းဆောင့်ခုန်သွားခဲ့တယ်။လူကလဲခြေလက်တွေတဆတ်ဆတ်တုန်နေခဲ့ပြီး ဘုန်းသိင်္ခဆီကနေရုန်းထွက်ဖို့ကို အင်အားတွေကုန်ခန်းနေသလိုခံစားနေခဲ့ရတယ်။နောက်ဆုံးမှာတော့ ဘုန်းသိင်္ခကိုဖက်တွက်ပြီး လိုက်ပါခဲ့ရတယ်။ဘုန်းသိင်္ခက သူမရဲ့ကိုယ်လုံးလေးကို သန်မာလှတဲ့သူ့လက်တွေနဲ့ထိန်းပြီးပွေ့တွဲကာသွားနေခဲ့တယ်။ဘုန်းသိင်္ခသွားနေရာနောက်ကို သူမငြိမ်သက်တိတ်ဆိတ်ကာလိုက်ပါလာခဲ့မိတယ်။လူကငြိမ်သက်နေပေမဲ့ ရင်ထဲမှာတော့ နှလုံးသားတွေပေါက်ကွဲလုမတတ် တုန်လှုပ်နေခဲ့တယ်။ ဘုန်းသိင်္ခလမ်းကိုထိန်းလျှောက်နေရင်းမှ ပန်းရိပ်ဖြူကိုအသာငုံ့ကြည့်လိုက်မိတယ်။ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့ပုံက ထိတ်လန့်သွားတာကြောင့် ငြိမ်သက်နေတာမျိုးမဟုတ်တာကို ဘုန်းသိင်္ခအကဲခတ်လိုက်မိတယ်။မျက်လုံးအကြည့်တွေကိုလဲ မျက်လွှာချကာငြိမ်သက်နေပုံက အရင်ရက်တွေနဲ့မတူတာတော့ အသေအချာပါပင်။ချောက်ထဲကိုပြုတ်အကျမှာ သူမဘာဖြစ်သွားခဲ့တာလဲ။နာရီပိုင်းအတွင်းမှာ လူတစ်ယောက်ကဒီလောက်မြန်မြန်ကြီးပြောင်းလဲနိုင်စရာ မရှိဘူးမဟုတ်လား။သို့မဟုတ်ပါက သူမရဲ့ငယ်ဘဝကို ပြန်မှတ်မိသွားခဲ့တာလား။ " မမလေး ငြိမ်လှချည်လား.....ဘာလဲ...ချောက်ထဲပြုတ်ကျသွားတော့... အတိတ်ကိုပြန်သတိရသွားတာလား " " ရှင် ...မ...မသိပါဘူး...အတိတ်ဆိုတာ ဘာကိုပြောတာလဲ...ဟို..ကျွန်မရဲ့ငယ်ဘဝလား ...မ..မမှတ်မိပါဘူး..ကျွန်မကိုလူတစ်ယောက်ကတွန်းချလိုက်တယ်လို့ စိတ်ထဲထင်နေမိလို့်ပြန်တွေးကြည့်နေတာပါ " ပန်းရိပ်ဖြူအထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ဖြေလိုက်မိတယ်။ " ဘာပြောတယ်ဗျ...မမလေးကိုတစ်ယောက်ယောက်ကတွန်းချလိုက်တာပေါ့ ဟုတ်လား..ဒါဆိုရင် ...အဲ့ဒီလူရဲ့ပုံစံကို မမလေးမြင်လိုက်လား "

ဘုန်းသိင်္ခက ပြုံးစစနဲ့ပြောလိုက်ရင်း သူ့မျက်နှာက်ိုပန်းရိပ်ဖြူရဲ့မျက်နှာရှေ့ကိုတိုးကပ်လိုက်တယ်။ဘုန်းသိင်္ခရဲ့မျက်နှာကြောင့် ပန်းရ်ပ်ဖြူဲရင်တွေတလှပ်လှပ်တုန်ကာလန့်ဖျပ်သွားရတာမို့ ထိုင်နေရာအတင်းထရပ်လိုက်မိပြီး " သွားစမ်းပါ.....လာမစနဲ့နော်..ပြီးတော့ ရှင့်ကိုမပြုံးနဲ့လို့ပြောထားတယ်လေ...ဘာလို့်ပြုံးနေတာလဲ မုန်းလိုက်တာ " ပန်းရိပ်ဖြူပွစိပွစိပြောရင်း ဘုန်းသိင်္ခနဲ့ဝေးဝေးကိုလျှောက်လာခဲ့လိုက်တယ်။ ~~~~~~~ ဘုန်းသိင်္ခနဲ့ခပ်လှမ်းလှမ်းကိုလျှောက်လာခဲ့ရင်းနဲ့ မီးလောင်ကျွမ်းထားတဲ့ သစ်ငုတ်တိုကြီးတစ်ခုနားကိုရောက်လာတော့ ပန်းရိပ်ဖြူ ရပ်ပြီးငေးကြည့်နေမိတယ်။သစ်ငုတ်တိုကြီးကိုကြည့်ပြီး တစ်ယောက်ယောက်ကိုလွမ်းဆွတ်နေသလိုလိုခံစားလိုက်ရပြီး ရင်ထဲမှာမွန်းကျပ်လာမိတယ်။ဒါက တစ်ခုခုကိုအလေးအနက်စဉ်းစားမိရင် ဖြစ်နေကြခံစားချက်ကြီးတစ်ခုပါပဲ။ဒီလိုခံစားနေရတာတွေကြောင့်လဲ တော်ရုံကိစ္စဆိုရင် ပန်းရိပ်ဖြူမစဉ်းစားခဲ့ဘူးလေ။ တွေးကောင်းကောင်းငေးကောင်းကောင်းနဲ့ ပန်းရိပ်ဖြူလျှောက်လာခဲ့မိရင်း ပတ်ဝန်းကျင်ကိုသတိထားမိချိန်မျာတော့ လူကထူပူသွားမိတယ်။သူမလျှောက်လာခဲ့တာတောင်နံရံကိုကျော်ပြီး တောစပ်တစ်နေရာကိုရောက်ရှိနေခဲ့ပြီလေ။ရုတ်တရက်ကြောက်စိတ်တွေလဲဝင်လာခဲ့ပြီး နောက်ကိုလှည့်ကြည့်လိုက်မိတော့လဲ လူနဲ့တူတဲ့အရိပ်အယောင်လေးကိုတောင်မှမတွေ့ရဘူး။ဘုန်းသိင်္ခများလိုက်လာလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့နောက်ကိုမျှော်ကြည့်လိုက်ပေမဲ ဘာဆိုဘာမှမတွေ့ရတော့ စိတ်ထဲအားငယ်မိသလိုတောင်ဖြစ်သွားရတယ်။အနောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ သစ်တောအုပ်။တောင်ဘက်ကိုလှမ်းကြည့်လိုက်တော့ အနည်းငယ်မက်စောက်ချင်တဲ့ချောက်ကမ်းပါးတစ်ခု။ချောက်ကမ်းပါးတစ်လျှောက်က သစ်ရွက်တွေနဲ့ပြည့်နေပြီး အောက်ခြေမှာတော့ စမ်းချောင်းငယ်လေးတစ်ခုကိုတွေ့မြင်နေရတယ်။လာခဲ့တဲ့လမ်းတစ်လျှောက်ကိုမျှော်ကြည့်လိုက်တော့ ရှင်းလင်းတိတ်ဆိတ်နေတဲ့ သစ်ရွက်ခြောက်တွေကြွေကျနေတဲ့လမ်းကျဉ်းလေးကိုတွေ့လိုက်ရတယ်။ဒီလမ်းကိုဖြတ်လျှောက်ခဲ့ပြီး သူမဒီနေရာကိုရောက်လာခဲ့တာတဲ့လား။သူမလမ်းလျှောက်လာခဲ့တာကို စိတ်ကသိပ်မမှတ်မိချင်။ဘုန်းသိင်္ခက်ိုရှက်ပြီး သူမဒီနေရာကိုလျှောက်လာခဲ့မိတာတဲ့လေ။ဒီလောက်ထိလျှောက်လာခဲ့မိတာကို ကိုယ်တိုင်လုံးဝသတိမထားမိခဲ့ပါ။သူမတကယ်ပဲ ရူးသွပ်နေတာလား။စိတ်ကစဉ်ကလျားရောဂါဖြစ်နေတာလားဆိုတာကို မဝေခွဲနိုင်တော့ပါ။နေရာမှာဆက်ပြီးရပ်နေချင်စိတ်မရှိတော့တာမို့ ပြန်လှည့်ဖို့ရန်ပြင်လိုက်တယ်။ဒီအချိန်မှာပဲ သူမရပ်နေရာကိုတစ်ဟုန်ထိုးပြေးချလာတဲ့လူတစ်ယောက်ကိုတွေ့လို‌က်တယ်။ ================================== အပိုင်း(၃၀)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆

" ဪ ..သူရောက်နေပြီလား ...ပန်းရိပ်က ပန်းရိပ်တို့မင်္ဂလာကိစ္စကိုဆွေးနွေးနေတာနဲ့ ကြာသွားတယ်လေ ... ကိုစိုင်းသွားရင်သွားတော့လေ ... အလုပ်ဝင်တာနောက်ကျနေအုံးမယ် ..ညကျရင် အဘွားတို့တိုက်မှာဆုံမယ်လေ ... ပန်းရိပ်လဲ အမေတို့ကိုခေါ်လာခဲ့မယ် ...အမေတို့က ပန်းရိပ်သဘောပါပဲ ကိုစိုင်းရဲ့ " အလွမ်းဆွတ်ကြားအောင် ပန်းရိပ်ဖြူပြောလိုက်ရင်း စိုင်းမြတ်ရဲ့လက်မောင်းလေးကို ဖက်တွယ်ကာ ကားဆီကို ပြန်လိုက်ပို့လိုက်တယ်။ '' သွားတော့နော် ကိုစိုင်း " စိုင်းမြတ်ရဲ့ကားလေးပန်းရိပ်ဖြူနားက ထွက်သွားတော့ ပန်းရိပ်ဖြူ တမင်ပဲရပ်ကြည့်နေလိုက်ပြီးမှ အလွမ်းဆွတ်ကို မသိမသာလှမ်းကြည့်လိုက်တယ်။ ဒီအခါ အလွမ်းဆွတ်ကလဲ လှမ်းကြည့်နေပြီးမှ သူ့ဆံပင်ရည်ရှည်တွေကို ရင်ဘတ်ရှေ့ကိုဆွဲယူလိုက်ပြီး ခေါင်းပေါ်မှာ စည်းနှောင်ထားတဲ့ လက်ကိုင်ပဝါလေးကို ဆွဲဖြည်လိုက်တယ်။ဒီလိုဖြည်လိုက်ချိန်မှာပဲ မတော်တဆလား၊တမင်ပစ်ချလိုက်တာပဲလားမသိ။လက်ကိုင်ပဝါလေးက ပန်းရိပ်ဖြူရဲ့ ခြေထောက်နားကို ပြုတ်ကျလာခဲ့တယ်။ဒီအခါ ပဝါပေါ်မှာ ချည်စနဲ့ ထိုးထားတဲ့ စိုင်းဆိုတဲ့ စာလုံးလေးကို ပန်းရိပ်ဖြူ တွေ့မြင်လိုက်ရတယ်။အလွမ်းဆွတ်က ချက်ချင်းလိုပဲ ပဝါလေးကိုပြန်ကောက်ပြီး အနားကနေထွက်သွားခဲ့တယ်။ပန်းရိပ်ဖြူ ဘာမှမဖြစ်သလို ပြုံးရုံသာပြုံးနေလိုက်တယ်။ ~~~~~~~ " ဘယ်လိုဖြစ်ရတာလဲ မမလေး .. ညဘက်ဆေးတွေလဲ မသောက်ဘဲ အိပ်တာမဟုတ်လား ...အိပ်မက်လား ...တကယ်လားဆိုတာကို လုံးဝမခွဲနိုင်ဘူးလား " ဘုန်းသိင်္ခ မေးလိုက်တော့ ပန်းရိပ်ဖြူခေါင်းကို ခါယမ်းပြလိုက်တယ်။ "မမလေးရဲ့လက် ... ကျွန်တော့်ကိုခဏပြပါ " ဘုန်းသိင်္ခ ပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူရဲ့ လက်နှစ်ဖက်ကို ဆွဲယူကြည့်လိုက်တယ်။ "အို ..ရှင်... ဒါဘာလုပ်တာလဲ " " ခဏလေးပါဗျာ....ခင်ဗျားရဲ့လက်မှာ ဒဏ်ရာတွေဘာတွေများ ကျန်ခဲ့မလားလို့်ကြည့်မလို့်ပါ...ပန်းအိုးနဲ့တစ်ဖက်လူရဲ့ခေါင်းကိုရိုက်လိုက်တယ်မဟုတ်လား " " အင်း ' ပန်းရိပ်ဖြူက ခေါင်းငြိမ့်ပြလိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကို သေချာကိုင်တွယ်ကြည့်လိုက်ပြီး " လက်မှာစပ်ဖျဉ်းဖျဉ်းနဲ့ခံစားနေရတာတွေမရှိဘူးလား " " အင်း ...ဖြစ်တော့ဖြစ်မိသလိုပဲ...ဒါပေမဲ့ကျွန်မလက်မှာမနေ့ကလဲ ဒဏ်ရာရခဲ့သေးတယ်လေ ....အဲ့ဒါကြောင့်မခွဲခြားတတ်ဘူး " " ကောင်းရော...ဒါဆိုရင်တော့ မနက်ဖြန် ဆေးတွေစစ်ထားတာအဖြေသိရမှာကိုပဲစောင့်ရမှာပဲ ...ဒါနဲ့မင်းစိတ်ထဲမှာ ဘယ်သူ့ကိုတရားခံလို့်ထင်နေလို့်လဲ " ဘုန်းသိင်္ခက သိချင်စိတ်နဲ့မေးလိုက်တယ်။ " ထင်တာကိုပြောရရင်တော့ ...အလွမ်းဆွတ်နဲ့ မဇာယုပဲ...အပေါ်ထပ်မှာက ကျွန်မအခန်းရယ်...အမေတို့အခန်းရယ်...အလွမ်းဆွတ်အခန်းရယ်ပဲရှိတာလေ ...အမေတို့်အခန်းကနေလှမ်းကြည့်ရင် ကျွန်မအခန်းကိုမြင်ရတယ်ဆိုပေမဲ့...တကယ်တမ်းကဝေးတယ်....အမေတို့က တိုက်အရှေ့ဘက်ခြမ်းမှာရှိတာ...ကျွန်မအခန်းက တိုက်ရဲ့ခြေရင်းဘင်အဆောင်မှာလေ...အလွမ်းဆွတ်ရဲ့အခန်းက အနောက်ဘက်ဆောင်မှာရှိတာ...သူ့အခန်းနဲ့စတိုခန်းကလှေကားနဲ့လဲနီးတယ်...အိမ်ပေါ်ကိုသူစိမ်းတစ်ယောက် ခိုးဝင်မယ်ဆိုရင် ...အနောက်ဘက်လှေကားကအလွယ်ဆုံးပဲလေ " ပန်းရိပ်ဖြူတွေးတွေးဆဆနဲ့ပြောလိုက်တယ်။ " မမလေးတောင်အတော်လေးတွေးတတ်လာပြီးပဲ...ဒါပေမဲ့...ညတုန်းက အလွမ်းဆွတ်ကစိုင်းမြတ်ရဲ့အခန့်းမှာရောက်နေခဲ့တာ..သူတို့ပြောနေတာကိုကြားရသလောက်ကတော့ ....သူတို့နှစ်ယောက်မတရားရုံးမှာနှစ်ဦးသဘောတူလက်ထပ်ကြမှာတဲ့...အစတုန်းကဒီနေ့စီစဉ်ထားကြပုံရတယ်...အလုပ်မပြတ်သေးလို့ဆိူပြီး နောက်ရက်ရွေ့သွားကြတယ် " " ဘာ..တောက်...တကယ်ပဲလား....သူတို့အဲ့ဒီလိုစီစဉ်ထားကြတာပေါ့ဟုတ်လား ....လူယုတ်မာကောင်...ကျွန်မကိုလဲ လက်ထပ်ကြဖို့ပြောတယ်လေ...ညနေကျရင်အဘွားအိမ်မှာဆုံမယ်လို့ ကျွန်မပြောလိုက်တယ် ...ညနေကျရင်တော့တွေ့ကြပြီပေါ့လေ " ပန်းရိပ်ဖြူကြိမ်းဝါးပြောဆိုလိုက်ရင်းလက်သီးကိုတင်းတင်းဆုပ်လိုက်မိတယ်။ " မမလေး...စိတ်ထဲရှိတဲ့အတိုင်းလိုက်မလုပ်နဲ့နော်...မမလေးကိစ္စကလွယ်မယောင်နဲ့ခက်တယ်...ညကကိစ္စသာအိပ်မက်မဟုတ်ဘူးဆိုရင်...ရန်သူတမမလေးတို့အိမ်ပေါ်မှာလဲရှိတယ်....အပြင်ကလူလဲပါတယ်....ကိုယ့်ကိုယ်ကိုသတိလေးနဲ့နေပါ...ပြီးတော့ ဖြစ်နိုင်ရင်ပြတင်းပေါက်မှန်တွေကိုမပိတ်နဲ့လိုက်ကာစကိုလဲမပိတ်နဲ့ ...ပြတင်းပေါက်က သံဇကာတွေရှိတာပဲ လူမတတ်နိုင်ပါဘူး " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူမျက်နှာရေးရဲကာ ရှက်သွားမိပ်ြီး " အို...မပိတ်လို့်ရမလား...ရှင့်အခန်းကနေလှမ်းကြည့်ရင် ...ကျွန်မအခန်းကိုလှမ်းမြင်နေရတာလေ...ပိတ်ရမှာပေါ့ .." ပန်းရိပ်ဖြူရဲ့ခပ်စွာစွာအသံကြောင့် ဘုန်းသိင်္ခမျက်မှောင်ကြုတ်လိုက်မိပြီး " ဟော့ဗျာ...မမလေးအတွက်မမလေးအခန်းကို ကူပြီးစုံစမ်းပေးပါမယ်ဆိုမှတော့ .... မမလေးရဲ့အခန်းကိုကျွန်တော်ကြည့်နေမှရမှာပေါ့...ပြီးတော့ အတွင်းအထိမြင်ရတာလဲမဟုတ်ပါဘူး...ပြတင်းပေါက်နားကိုပဲမြင်ရတာပါ..ဘာလဲမမလေးက ...ကျွန်တော့်ကိုရှက်တာလား...ပြောတော့ ကျွန်တော့်ကို ဂရုကိုမစိုက်ဘူးဆို "

ကသစ်မြိုင်စံအိမ်ကြီးထဲမှာ ဘုန်းသိင်္ခနဲ့ သန္တာအောင်အပါအဝင် အားလုံးလူစုံတက်စုံ ရောက်ရှိနေခဲ့ကြတယ်။ "စောရီရေ ..မြေးလေးကို ကူရှာပေးလိုက်ပါအုံး ...စောရီကိုတော့ မြေးလေးကိုယ်တိုင်ရှာလိုက်ပေါ့ " ပန်းရိပ်ဖြူက အလုပ်သမားတစ်ယောက်ပြီး တစ်ယောက်ကို စေ့စေ့စပ်စပ်လိုက်ရှာကြည့်လိုက်ပေမဲ့ အားလုံးဒဏ်ရာအနာတရတွေ လုံးဝကိုမရှိကြဘူး။မယုံကြည်နိုင်စရာအခြေအနေအတွက် ပန်းရိပ်ဖြူ မကျေမနပ်နဲ့ဘဲ လက်ခံလိုက်ရတော့တယ်။အားလုံးကို စစ်ဆေးပြီးသွားတော့ ပန်းရိပ်ဖြူ မကျေမနပ်နဲ့ဘဲအပေါ်ထပ်ကို ပြန်တက်လာခဲ့လိုက်တယ်။ " အားလုံး စိတ်အနှောက်အယှက်ဖြစ်သွားရင် အန်တီမြိုင်ကပဲတောင်းပန်ပါတယ်ကွယ်...သမီးလေးပန်းရိပ်က ကျန်းမာရေးမကောင်းလို့ နားလည်ပေးကြပါနော်...အားလုံးအတွက် မနက်အဆာပြေစာ ပြင်ပေးလိုက်ပါအုံး သမီးလွမ်းရေ " ဒေါ်ပန်းမြိုင်က အလုပ်သမားတွေကို တောင်းပန်လိုက်တယ်။ ~~~~~~~~~~~~~~ " ပန်းရိပ်...ကိုယ်ဒီနေ့ ...ပန်းရိပ်ကို လိုက်ပို့မလို့်စောင့်နေတာ " ကားဂိုထောင်ရှေ့မှာ စိုင်းမြတ်ကိုတွေ့လိုက်ရတော့ ပန်းရိပ်ဖြူမျက်နှာလေးတင်းသွားမိတယ်။ပြီးတော့မှ သတိဝင်လာမိပြီး မျက်နှာကိုမနည်းပြန်လျှော့လိုက်ရတယ်။ " ကိုယ်လိုက်ပို့လို့ အဆင်ပြေတယ်မဟုတ်လား ပန်းရိပ် " စိုင်းမြတ်ကမေးလိုက်ရင်းကားတံခါးကိုဖွင့်ပေးလိုက်တယ်။ " ပြေပါတယ် ကိုစိုင်း....ဘာပြောစရာရှိလို့်လဲဟင် ...သွားမယ်လေ...တော်ကြာ ကိုစိုင်းရုံးသွားတာနောက်ကျနေအုံးမယ် " ပန်းရိပ်ဖြူကပြောပြောဆိုဆိုနဲ့ကားပေါ်ကို အရင်တက်ထိုင်လိုက်တယ်။ ~~~~~~~~~~~~~ "ပန်းရိပ် ညတုန်းကအိပ်မက်ဆိုးတွေ မက်လို့ဆို...ဘွားကြေးဉပြောလိုက်လို့ " " အင်း ..ဟုတ်တယ် ... အိပ်မက်ဆိုးမက်တာပဲနေမှာပေါ့ ....သက်သေမှမပြနိုင်တာ " ပန်းရိပ်ဖြူအေးစက်စက် အသံနဲ့ ပြန်ဖြေလိုက်မိတယ်။ " သက်သေဟုတ်လား ပန်းရိပ် ....ဒါဆို အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာလို့ ပန်းရိပ်ကပြောချင်တာလား ....." စိုင်းမြတ်တအံ့တသြနဲ့ မေးလိုက်တယ်။ " အင်း ...စိတ်က ထင်မိတာပါ....တကယ်မဟုတ်ဘူးနေမှာပေါ့ " "ပန်းရိပ်ရယ် အရမ်းပင်ပန်းလို့များဖြစ်တာလား...ကိုယ်တော့ ပန်းရိပ်ကို စိတ်ပူတယ်ကွာ ..ဖြစ်နိုင်ရင် ပန်းရိပ်ကို အနီးကပ်စောင့်ရှောက်ပေးချင်တယ်... ပန်းရိပ်နဲ့ အမြန်ဆုံးလက်ထပ်ချင်တယ် " စိုင်းမြတ်ရဲ့ စကားကြောင့် ပန်းရိပ်ဖြူစိတ်ထဲ ဒေါသထောင်းခနဲထွက်သွားမိပြီး စိုင်းမြတ်ရဲ့ပါးကို ရိုက်ပစ်လိုက်ချင်စိတ်တွေဖြစ်သွားမိတယ်။ယောင်ယမ်းကာ လက်ကိုရွယ်လိုက်မိပြီးမှ အတင်းပြန်ချုပ်တည်းထားလိုက်ရတယ်။ပြီးတော့မှ မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားလိုက်ပြီး " ပန်းရိပ်ကတော့ သဘောတူပြီးသားပဲကိုစိုင်းရယ်...အမေတို့သဘောတူဖို့ပဲ အရေကြီးတာပါ ...ဒါနဲ့ ကိုစိုင်းကိုမေးချင်တာတစ်ခုရှိတယ် " " မေးလေ ပန်းရိပ် " "ဪ ..ဒီလိုပါ ...ကိုစိုင်းရဲ့ မိဘတွေကို ပန်းရိပ်မမြင်ဖူးလို့ လေ ... ပန်းရိပ်တို့ကိစ္စကို သဘောတူကြရဲ့လားလို့ " ပန်းရိပ်ဖြူရဲ့အမေးကြောင့် စိုင်းမြတ်ခေါင်းကို ငြိမ့်ပြလိုက်ပြီး " သဘောတူတာပေါ့ ပန်းရိပ်ရယ် ...ပန်းရိပ်တို့ဘက်က လက်ခံလိုက်ပြီဆိုတာနဲ့ ...ကိုယ့်မိဘတွေက လိုက်လာမှာပါ....ကိုယ်ကတော့ ကိုယ်တို့လက်ထပ်ဖို့ကိစ္စကို ...လောဖို့အတွက် ...ဘွားကြေးဥကို မနက်က ထပ်ပြောလိုက်တယ် " " ဪ ... ဟုတ်လား ...ဒါဆိုရင် ..ပန်းရိပ်လဲ ....အဖေနဲ့အမေ့ကို ထပ်ပြောလိုက်ပါ့မယ် ကိုစိုင်း " " ဟာ ...တကယ်လား ...ဝမ်းသာလိုက်တာပန်းရိပ်ရယ် " စိုင်းမြတ်က ဝမ်းသာပျော်ရွှင်စွာပြောလိုက်ပြီး ပန်းရိပ်ဖြူ ရဲ့ လက်ဖဝါးတစ်ဖက်ကို သူ့လက်နဲ့ အုပ်မိုးဆုပ်ကိုင်လိုက်တယ်။ပန်းရိပ်ဖြူ မရုန်းပါ။အလိုက်သင့် ငြိမ်သက်နေလိုက်ရင်း ကျန်တဲ့လက်တစ်ကနေ လက်သီးကို မသိမသာဆုပ်ထားလိုက်မိတယ်။သို့ပေမဲ့ အပြင်မှာတော့ပြုံးနေလိုက်ပြီး စိုင်းမြက်ရဲ့ ပခုံးပေါ်ကို ခေါင်းကို အသာမှေးတင်ထားလိုက်တယ်။ ~~~~~~~~. " ဆင်းအုံးလေ ကိုစိုင်းရဲ့ ...ပန်းရိပ်စိတ်ကြိုက်ပြင်ဆင်ထားတာတွေကို လိုက်ကြည့်ပါအုံး " ပန်းရိပ်ဖြူကားပေါ်က ဆင်းလိုက်ချိန်မှာပဲ တည်းခိုဆောင်ရှေ့မှာ မသန္တာနဲ့အတူ ရပ်နေတဲ့ အလွမ်းဆွတ်ကို တွေ့လိုက်ရတာမို့ စိုင်းမြတ်ကို ကားပေါ်ကအတင်းဆင်းခိုင်းလိုက်တယ်။စိုင်းမြတ်ကားပေါ်က ဆင်းလာတော့ စိုင်းမြတ်ရဲ့လက်မောင်းတစ်ဖက်ကို ပန်းရိပ်ဖြူဖက်တွယ်ပြီး အလွမ်းဆွတ်တို့ရပ်နေရာဆီကို လျှောက်သွားလိုက်တယ်။ " မသန္တာတို့ ရောက်နေပြီလား ..ဘုန်းသိင်္ခရော မရောက်သေးဘူးလားဟင် " " ဟုတ်ကဲ့ ကိုဘုန်းရောက်နေပြီလေ မပန်းရိပ် ....သူ့အလုပ်နေရာမှာရှိလိမ့်မယ် " သန္တာအောင်က တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၉) akyiphyu ********* " အား " အော်သံခပ်တိုးတိုးထွက်လာပြီးတော့ အခန်းကပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။ ~~~~~~~~~~~~ " အား " မနက်ခင်းအရုဏ်ဦးရဲ့အလင်းရောင်ပေါ်ထွက်လာကာစအချိန်မှာပဲ ကသစ်မြိုင်စံအိမ်ကြီးထဲက အော်သံနက်ကြီးကြောင့် အလုပ်သမားတွေအပါအဝင် ဦးဘိုထွန်းတို့ဇနီးမောင်နှံပါ အထိတ်တလန့်နဲ့ အသံထွက်ပေါ်လာရာဆီကိုပြေးထွက်ခဲ့ကြတယ်။ အသံထွက်ပေါ်လာရာနေရာကတော့ ပန်းရိပ်ဖြူရဲ့အခန်းဆီကဖြစ်တာမို့ အားလုံးပန်းရိပ်ဖြူရဲ့အခန်းဆီကိုအပြေးရောက်သွားကြတယ်။ " သမီး....ပန်းရိပ်...ဘာ...ဘာဖြစ်တာလဲ " ဒေါ်ပန်းမြိုင်နဲ့ဦးဘိုထွန်းက ရှေ့ဆုံးကနေအခန်းထဲကိုဝင်ရောက်လာခဲ့ကြပြီး သမီးဖြစ်သူကိုစိုးရိမ်တကြီးနဲ့မေးလိုက်တယ်။ ပန်းရိပ်ဖြူအခန်းထဲကိုလှည့်ပတ်ကြည့်လိုက်မိရင်း အရူးတစ်ယောက်လိုဖြစ်နေမိတယ်။ " လူ...လူသတ်သမားဘယ်ရောက်သွားလဲ အမေ...သူ...သူ...သမီးကိုသတ်ဖို့ကြိုးစားလို့ ....သူ့ခေါင်းကို ပန်းအိုနဲ့သမီးရို*က်ခွဲပစ်လိုက်တာ...သူဘယ်ရောက်သွားတာလဲ...ဘာတွေဖြစ်ကုန်တာလဲ " " သမီး...သမီးဘာတွေပြောနေတာလဲကွယ်..စိတ်ကိုထိန်းစမ်း...ကိုထွန်းအခန်းတံခါးပိတ်လိုက်ပါအုံး ..ကဲ..ကဲအလုပ်သမားတွေ....လုပ်စရာရှိတာသွားလုပ်ကြ " ဒေါ်ပန်းမြိုင်က အလုပ်သမားတွေကို သူ့နေရာသူပြန်ခိုင်းလိုက်တယ်။ဦးဘိုထွန်းက အခန်းတံခါးကိုပိတ်လိုက်ပြီး သမီးဖြစ်သူဆီကိုလျှောက်လာခဲ့တယ်။ " ဘယ်လိုဖြစ်ရတာလဲသမီး ...အဖေတို့ကိုသေချာပြောပါအုံး " ဖခင်ဖြစ်သူရဲ့အမေးစကားကြောင့် ပန်းရိပ်ဖြူကညကသူမကြုံခဲ့ရသမျှကို မိဘနှစ်ပါးကိုအစမှအဆုံးပြောပြလိုက်တယ်။ပန်းရိပ်ဖြူရဲ့စကားဆုံးတော့ ဦးဘိုထွန်းကသမီးဖြစ်သူရဲ့အခန်းထဲကိုသေချာလိုက်လံကြည့်ရှုလိုက်တယ်။ " အင်း...သမီးအခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ပုံစံတော့မရှိဘူး...ဒါနဲ့ သူခိုးရဲ့ခေါင်းကိုပန်အိုးနဲ့ရိုက်ခွဲပစ်လိုက်တယ်ဆို...ဘယ်နာကပန်းအိုးနဲ့ရိုက်လိုက်တာလဲ မှတ်မိလားသမီး " " ဟုတ်ကဲ့ မှတ်မိပါတယ်အဖေ...ဒီနားကပန်းအိုး...ဟင် " ပန်းရိပ်ဖြူဖခင်ကြီးကိုပြန်ဖြေလိုက်ရင်း စားပွဲပေါ်ကိုညွှန်ပြလိုက်တဲ့အခါမှာ စားပွဲပေါ်မှာအကောင်းတိုင်းရှိနေတဲ့ပန်းအိုးကိုမြင်လိုက်ရတာမို့ ပန်းရိပ်ဖြူုမှာ ပြောလက်စစကားပင်ရပ်တန့်သွားရပြီး ကြက်သေသေကာ ပန်းအိုးကိုကြောင်ကြည့်နေမိတယ်။ " အင်း...ဘယ်လိုလဲမြိုင်...မင်းဆရာဝန်ကတိုးတက်မှုမရှိတာလား...ဒါမှမဟုတ် သမီးလေးကိုအချိန်ဆွဲပြီးကုနေတာများလား...ကိုယ်တို့တော့ ဆရာဝန်ပြောင်းရမယ်ထင်တယ်မြိုင်...ကိုယ်တော့ သမီးကိုဒီတိုင်းကြည့်မနေနိုင်တော့ဘူး....ပြည်ပမှာသွားပြဖို့စိတ်ကူးမိတယ် " " ဒေါက်..ဒေါက်..." " မြေးလေး..ပန်းရိပ် ...မြေးလေး...ဘိုထွန်း...မင်းတို့အထဲမှာလား...တံခါးဖွင့်စမ်း " ဦးဘိုထွန်းပြောနေချိန်မှာပဲ တံခါးဝကနေ ခေါ်လိုက်တဲ့ဘွားကြေးဥရဲ့အသံကိုအားလုံးကြားလိုက်ကြရတယ်။မိခင်ကြီးရဲ့အသံကိုကြားလိုက်ရတာနဲ့ ဦးဘိုထွန်းက အခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။ " ဘာ..ဘာတွေဖြစ်နေကြတာလဲ ဘိုထွန်း...မြေးလေးဘာဖြစ်လို့လဲ ....မင်းတို့်တိုက်ကအော်သံကြားတယ်တဲ့ " ဘွားကြေးဥကမေးလိုက်တော့ ဦးဘိုထွန်းက သူသိသမျှကိုမိခင်ကြီးကိုပြောပြလိုက်တယ်။ဖခင်ကြီးပြောနေတာတွေကိုနားထောင်နေပြီးတော့ ပန်းရိပ်ဖြူခေါင်းကို အတင်းခါယမ်းလိုက်မိတယ်။ " မ...မဟုတ်ဘူးအဖေ....မဟုတ်ဘူးအဘွား...သမီးတကယ်ကြုံခဲ့တာပါ...အိပ်မက်မဟုတ်ဘူး..တကယ်ဖြစ်ခဲ့တာ...ဒီအိမ်ထဲမှာ သမီးကိုသ*တ်ချင်နေတဲ့သူရှိတယ်အမေ " ပန်းရိပ်ဖြူက အဘွားဖြစ်သူနဲ့မိဘနှစ်ပါးကို ဇွတ်အတင်းရှင်းပြနေမိတယ်။ဒေါ်ပန်းမြိုင်ကတော့ သမီးဖြစ်သူပြောသမျှကို ပြိုင်မငြင်းတော့ဘဲ ခုတင်ပေါ်မှာငြိမ်သက်စွာထိုင်နေခဲ့တယ်။ဘွားကြေးဥက သားဖြစ်သူပြောသမျှကိုနားထောင်နေပြီးတော့မှ သက်ပြင်းကိုချလိုက်တယ်။ " ဘာပဲဖြစ်ဖြစ်..မြေးလေးစိတ်ကျေနပ်အောင် ...တစ်ခုခုတော့စီစဉ်ပေးပါအုံးသားရယ် " " ဟုတ်ကဲ့အမေ...အဲ့ဒါကိုကျွန်တော်လဲစဉ်းစားနေတာ...အလုပ်သမားတွေကိုလဲတာပဲဖြစ်ဖြစ် အသစ်လဲရင်ကောင်းမလားလို့်စဉ်းစားနေတာ....ပြီးတော့ စင်္ကြန်လမ်းမနဲ့သမီးရဲ့အခန်းထဲမှာ စောင့်ကြည့်ကင်မရာတပ်မလားလို့် ...မင်းရောဘယ်လိုသဘောရလဲမြိုင် " " ကျွန်မကတော့ သမီးရဲ့သဘောပါပဲ...သမီးကျေနပ်မှလုပ်ပါ " " အဲ့ဒါတော့ သမီးလက်မခံနိုင်ပါဘူးအဖေ...သမီးကိုစောင့်ကြည့်နေတာမျိုးကိုတော့ မကြိုက်ဘူး ....ပြီးတော့ ညတုန်းက ... တရားခံရဲ့ခေါင်းကို သမီးရိုက်လိုက်တယ်...တရားခံရဲ့ ခေါင်းမှာ ဒဏ်ရာရှိလိမ့်မယ် အဖေ...ကသစ်မြိုင်က အလုပ်သမားတွေအားလုံးကို စစ်ဆေးချင်တယ်..." ပန်းရိပ်ဖြူက ဖခင်ကြီးဆီမှာ ခွင့်တောင်းလိုက်တယ်။ " အဖေတို့ ခွင့်ပြုပါတယ် သမီးရယ် ...ငါ့သမီးစိတ်ရှင်းဖို့ က အဓိကပါ ..." "အေး ..အဲ့ဒါကောင်းတယ် ... အဘွားတိုက်က အလုပ်သမားတွေကိုပါ... ခေါ်လိုက်မယ် ဟုတ်ပြီလား .." ဘွားကြေးဥကလဲ မြေးဖြစ်သူကျေနပ်အောင် ဝင်ပြောလိုက်တယ်။ ~~~~~~~

https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/

" အစ်ကိုမှားနေပြီ ...အလွမ်းကဒီပုံတွေကို အစ်ကို့ဆီကိုပို့လိုက်ရင် ဘာအကျိုးရှိမှာလဲ ...မတော်လို့်အစ်ကိုက ...ပန်းရိပ်ဖြူကိုစိတ်မချနိုင်ဖြစ်ပြီး ချက်ချင်းလက်ထပ်ဖို့ပြင်ဆင်ရင် ......အလွမ်းအတွက်အကျိုးတောင်ယုတ်နိုင်သေးတာလေ...သူတို့ပုံတွေကို အစ်ကိုဆီကိုပို့တဲ့သူက ....အစ်ကိုအကျိုးကိုလိုလားသူဖြစ်နိုင်သလို.... ပန်းရိပ်ဖြူကိုမုန်းနေတဲ့သူလဲဖြစ်နိုင်ပါတယ်....သေချာတာက အဲ့ဒီလူကအလွမ်းမဟုတ်ပါဘူးအစ်ကို " အလွမ်းဆွတ်က ငိုရှိုက်သံလေးကိုထိန်းကာပြောလိုက်တယ််။ " အစ်ကိုစိတ်မကြည်ရင် အလွမ်းပြန်တော့မယ်အစ်ကို...အလွမ်းကအားလုံးကိုကြောက်ရတဲ့သူပါအစ်ကိုရယ်...အစ်ကို့ကိုချစ်လွန်းလို့ အရဲစွန့်ပြီးလာနေရတဲ့သူပါ...အလွမ်းပြန်လိုက်တော့မယ်အစ်ကို " အလွမ်းဆွတ်ငိုသံလေးနဲ့ပြောလိုက်ရင်း ထိုင်နေရာကထလိုက်တယ်။ဒီတစ်ခါတော့ စိုင်းမြတ်ကလဲ အလွမ်းဆွတ်ကိုလိုက်မဆွဲဘဲ ဖုန်းကိုကိုင်ကာတွေတွေဝေဝေနဲ့ထိုင်နေခဲ့တယ်။စိုင်းမြတ်ရဲ့ပုံစံကိုကြည့်ပြီး အလွမ်းဆွတ်အံလေးကိုကြိတ်ပြီးအခန်းတံခါးကိုဖွင့်ရန် တံခါးလက်ကိုင်ကိုကိုင်လိုက်ပြီးမှ စိုင်းမြတ်ကို လှည့်ကြည့်လိုက်မိပြီး " မနက်ဖြန်စီစဉ်ထားတဲ့ကိစ္စက ဘယ်လိုလုပ်မှာလဲအစ်ကို....အစီအစဉ်ဖျက်လိုက်ရမှာလား " အလွမ်းဆွတ်ရဲ့အမေးကြောင့် စိုင်းမြတ်သတီဝင်လာမိပြီး အလွမ်းဆွတ်ကို ကတိပေးထားတာကို သတိရသွားမိတယ်။ " ဟို..မနက်ဖြန်ကျရင်....အစ်ကိုခရီးမသွားဖြစ်သေးဘူးအလွမ်း....ရုံးမှာအလုပ်ကိစ္စမပြတ်သေးလို့်ပါ..သုံးလေးရက်နောက်ဆုတ်လိုက်တာပါ...အစ်ကိုပေးထားတဲ့ကတိကိုမဖျက်ပါဘူးကွာ..အစ်ကိုနဲ့အလွမ်းက ဒီအခြေအနေတောင်ရောက်နေပြီပဲ ..အစ်ကိုကတိမပျက်ပါဘူး..အစ်ကိုအော်လိုက်မိတာအတွက် တောင်းပန်ပါတယ်နော်အစ်လွမ်း " စိုင်းမြတ်ကနေရာကထလိုက်ပြီး အလွမ်းဆွတ်ရဲ့ကိုယ်လုံးလေးကိုနောက်ကနေသိုင်းဖက်ပြီးတောင်းပန်ချော့မော့လိုက်တယ်။ဒီလိုချော့လိုက်တော့လဲ အလွမ်းဆွတ်မှာ စိတ်ဆိုးနေတာတွေ ပြေပျောက်သွားရပြန်တော့တယ်။ ~~~~~~~~~~~~~~~~~ " ဂျစ်....ဂျစ် " ကြမ်းပြင်ကိုလက်သည်းနဲ့ကုတ်ခြစ်နေသံလိုလိုအသံမျိုးကို နားထဲမှာကြားနေရတာမို့ ပန်းရီပ်ဖြူအိပ်ရာပေါ်မှာလူးလိမ့်နေမိရာက ခုတင်ဘေးကိုကြည့်လိုက်မိတယ်။ " ဟင် " ဒီအခါမှာတော့ ထုံးစံအတိုင်းတွေ့မြင်နေကြအမျိုးသမီးကိုတွေ့မြင်လိုက်ရတာမို့ ပန်းရိပ်ဖြူအိပ်ရာထဲကနေအတင်းကုန်းရုန်းထလိုက်တယ်။ညအိပ်မီးအလင်းရောင်မှိန်မှိန်အောက်မှာ အမျိုးသမီးက နံရံနားမှာရပ်နေခဲ့တာ။သူမမျက်နှာကိုတော့ ဘယ်လိုမှပုံဖော်လို့မရဘဲဖြစ်နေခဲ့တယ်။အမျိုးသမီးရဲတစ်ကိုယ်လုံးမှာထင်ထင်ရှားရှားမြင်နေရတာဆိုလို့် စူးစူးရဲရဲမျက်လုံးတွေပဲရှိတယ်။မီးသွေးခဲလိုမည်းနက်နေတဲ့တစ်ကိုယ်လုံးမှာ မျက်လုံးတွေကိုသာကောင်းကောင်းတွေ့မြင်နေရတယ်။ပန်းရိပ်ဖြူ အမျိုုးသမီးကိုသတိလက်လွတ်နဲ့သေချာကြည့်နေမိချိန်မှာပဲ အမျိုးသမီးရဲ့လက်တစ်ဖက်က ရှေ့ကိုဆန့်ထွက်လာခဲ့ပြီး ပြတင်းပေါက်ဆီကိုလက်ညှိုးထိုးပြနေခဲ့တယ်။အမျိုးသမီးလက်ညှိုးညွှန်ရာဆီကို ပန်းရိပ်ဖြူလိုက်ကြည့်နေမိတော့ အမျိုးသမီးက ခြံဝဆီကိုလက်ညှိုးထိုးပြနေမှန်း ပန်းရိပ်ဖြူသဘောပေါက်လိုက်တယ်။ " သွား...ရှင်ထွက်သွား...ရှင်ကဘယ်သူလဲ...ဒေါ်အေးပုံဆိုတာလား.....ကျွန်မကိုဘာလို့်လိုက်ခြောက်နေရတာလဲ...ရှင်တို့ကိုကျွန်မသ*တ်တာမှမဟုတ်တာ" ကြောက်စိတ်ဒေါသစိတ်တွေနဲ့ပန်းရိပ်ဖြူအော်ပစ်လိုက်မိတယ်၊သို့ပေမဲ့ အသံကထွက်မလာခဲ့ဘူး။အမျိုးသမီးက ပန်းရိပ်ဖြူကိုမျက်လုံးပြူးကြီူတွေနဲ့စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက်အခန်းတံခါးဆီကိုတိုးဝင်ပျောက််ကွယ်သွားခဲ့တယ်။ " ရှပ်...ရှပ် " ခြေသံကတံခါးဝမှာထွက်ပေါ်လာခဲ့တယ်။ပန်းရိပ်ဖြူနေရာကမထမိဘဲ တံခါးဝကိုငေးကြည့်နေမိတယ်။ " ကလောက် " တံခါးရှိရာဆီကို ပန်းရိပ်ဖြူငေးကြည့်နေမိချိန်မှာပဲ တံခါးဆီကအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး တံခါးကဖြည်းဖြည်းလေးလေးနဲ့ပွင့်လာတာကို ပန်းရိပ်ဖြုူတွေ့လိုက်ရတယ်။ပန်းရိပ်ဖြူမျက်လုံးအကြောင်သားနဲ့တံခါးဝကိုကြည့်နေမိတယ်။ပန်းရိပ်ဖြူကြည့်နေတုန်းမှာပဲတံခါးဝကနေ အနက်ရောင်အဝတ်စခြုံထားတဲ့လူတစ်ယောက်ဝင်လာတာကိုတွေ့လိုက်ရတယ်။ပန်းရိပ်ဖြူကနေရာကနေဝုန်းခနဲထရပ်လိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးကိုကောက်ယူပြီး ဝင်လာသူကိုချိန်ရွယ်လိုက်တယ်။ " မိပြီး...ကျွန်မကိုချောက်ချနေတဲ့သူက ရှင်လား...ငြိမ်ငြိမ်နေစမ်း..မလှုပ်နဲ့နော်..ဒီမှာတွေ့လား ခေါင်းကိုရိုက်ခွဲပစ်လိုက်မှာ...ခုချက်ချင်းရှင့်ကိုယ်ပေါ်ကအဝတ်ကိုဖယ်လိုက်စမ်း " ပန်းရိပ်ဖြူပြောရင်းနဲ့လူခေါ်ဘဲလ်ကိုနှိပ်ဖို့ပြင်လိူက်တယ်။ဒီအချိန်မှာပဲ အဝတ်နက်ခြုံထားတဲ့သူက ပန်းရိပ်ဖြူကိုအတင်းဝင်းလုံးလိုက်တာမို့ လက်ထဲကပန်းအိုးနဲ့ခေါင်းကိုရိုက်ပစ်လိုက်တယ်။ ================================== အပိုင်း(၂၉)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/

" ဗိုက်ဆာတယ်...မုန့်သွားစားလိုက်အုံးမယ် " ပန်းရိပ်ဖြူရှက်ရှက်နဲ့ပြောပြီးတော့ ဆိုင်ကယ်ပေါ်တက်ကာထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~~~ " ဆေးတွေမသောက်ဘဲနေကြည့်ပါ...မနေ့ညကလဲဘာမှမဖြစ်ဘူးမဟုတ်လား " ဘုန်းသိင်္ခပို့လိုက်တဲ့စာတိုလေးကြောင့် ပန်းရိပ်ဖြူတွေဝေသွားရတယ်။နှစ်ရက်ဆက်တိုက်ဆေးမသောက်ဘဲနေလိုက်ရင် အဆင်ပြေပါ့မလားလို့်လဲ တွေးနေမိတယ်။ " သမီး ...ဒီနေ့အလုပ်မှာပြဿနာဖြစ်တယ်ဆို ....အလုပ်သမားကို ပါးရိုက်ပစ်လိုက်တာလား " မေးသံနဲ့အတူအခန်းထဲကို ဝင်လာတဲ့မိခင်ကို ပန်းရိပ်ဖြူခေါင်းငြိမ့်ပြလိုက်မိတယ်။ " ဟုတ်တယ် အမေ..သူတို့က အလွမ်းဆွတ်စကားလောက်ကိုပဲအလေးထားကြတာကို ...အဲ့ဒါကြောင့် လုပ်လိုက်မိတာ ..သမီးမှားသွားတာလားဟင် " " အင်း ...သမီးမမှားပါဘူးကွယ်...အပန်းဖြေစခန်းရဲ့သခင်မအစစ်အမှန်က ဘယ်သူလဲဆိုတာကို ...သူတို့သိအောင်ပြပေးရမှာပေါ့....အလုပ်သမားက ကြီးစိုးတာမျိုးကိုတော့ အမေလဲသဘောမကျပါဘူး....အမေ့သမီးကို မလေးမစားလုပ်တာမျိုးကိုတော့ အမေတို့လဲ လက်မခံဘူး ...သမီးအဖေက အဲ့ဒီတစ်ယောက်ကို အလုပ်ကထုတ်ပစ်မယ်တဲ့လေ... အမေတို့သမီးကို မလေးမစားနဲ့ အထင်သေးတဲ့သူမှန်သမျှကို သမီးသည်းခံနေစရာမလိုဘူး ...အလွမ်းဆွတ်ကိုလဲ အမေသတိပေးထားရအုံးမယ် " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူဝမ်းသာသွားတာမဟုတ်ပေမဲ့ စိတ်ထဲတော့ကျေနပ်သလိုဖြစ်သွားမိတယ်။အလုပ်သမားခေါင်းဆောင်ဆိုတဲ့သူရဲ့မျက်နှာက တင်းနေပြီး အလွမ်းဆွတ်ရဲ့စကားကိုပဲဦးစားပေးနေတာကိုတော့ ပန်းရိပ်ဖြူစိတ်ထဲမကျေနပ်ဘူးလေ။ " ကဲ..ကဲ ..အိပ်တော့ သမီး ...ညနက်တဲအထိရုပ်ရှင်တွေမကြည့်နဲ့နော် " " ဟုတ်ကဲ့ပါအမေ " မိခင်ဖြစ်သူအပြင်ကိုပြန်ထွက်သွားတာနဲ့ ပန်းရိပ်ဖြူခုတင်ပေါ်လှဲချပစ်လိုက်တယ်။ဒီနေ့ညအဖို့မှာတော့ ပြတင်းပေါက်မှာလဲသွားမရပ်ဖြစ်တော့ပါဘူး။မျက်နှာချင်းဆိုင်ဖြစ်နေတဲ့တိုက်မှာ ဘုန်းသိင်္ခရှိနေတော့ စိတ်ထဲရှက်သလိုလိုဖြစ်နေတာမို့ ပြတင်းပေါက်နားကိုမသွားမိအောင် စိတ်ကိုထိန်းထားလိုက်မိတယ်။ ~~~~~~~~~~~~~ " တွီ..တွီ " ဖုန်းထဲကိုရောက်လာတဲ့ ပုံတွေကိုကြည့်ပြီး စိုင်းမြတ်ဒေါသအကြီးအကျယ်ထွက်သွားမိတယ်။ပုံတွေက ပန်ရိပ်ဖြူနဲ့ဘုန်းသိင်္ခရဲ့ပုံတွေ။ပုံတွေကိုကြည့်ရတာ နှစ်ယောက်သား သမီးရည်းစားတွေလိုပဲ ပြုံးပျော်နေကြတဲ့ပုံတွေ။ပုံတွေက ကားဂိုထောင်ကပုံတွေရော အပန်းဖြေစခန်းကပုံတွေရော တော်တော်လေးများတယ်။ပို့လိုက်တဲ့ဖုန်းနံပတ်ကိုကြည့်လိုက်တော့ စိမ်းတဲ့ဖုန်းဖြစ်နေတယ်။ဒီပုံတွေကို အလွမ််းဆွတ်က ဖုန်းနံပတ်အသစ်နဲ့ပို့လိုက်တာများလားလို့ တွေးလိုက်မိတော့ ဒေါသပိုထွက်လာမိတယ်။စိုင်းမြတ်ထိုင်နေရာက ထလိုက်ပြီး ဘုန်းသိင်္ခရဲ့အခန်းရှိရာဆီကို အရင်လျှောက်သွားလိုက်တယ်။ " ဒေါက်...ဒေါက်...ဒေါက် " တံခါးခေါက်သံခပ်ကြမ်းကြမ်းကြောင့် ဘုန်းသိင်္ခစာကြည့်စားပွဲရှေ့ကထလိုက်ပြီး လက်တော့ကို ပိတ်လိုက်တယ်။ပြီးတော့မှ တံခါးပေါက်ဆီကိုထသွားလိုက်ပြီးတံခါးကိုဖွင့်လိုက်တယ်။ " ဘယ်သူများလဲလို့ ..ကိုစိုင်းမြတ်ပါလား ...ဘာကိစ္စများရှိလို့လဲ " ဘုန်းသိင်္ခကခပ်အေးအေးပဲမေးလိုက်ပေမဲ့ စိုင်းမြတ်ရဲ့မျက်လုံးတွေကတော့ မီးထတောက်လုမတတ်ဖြစ်နေခဲ့တယ်။ " အေး...မင်းကိုသတိပေးစရာရှိလို့လာခဲ့တာ...ပန်းရိပ်နဲ့အလုပ်ကိစ္စကိုရပ်လိုက်ပါ...ပန်းရိပ်နဲ့ မပတ်သက်ပါနဲ့...ငါနဲ့ပန်းရိပ်ကမကြာခင်မှာစေ့စပ်ပြီး လက်ထပ်ကြတော့မှာ ..မင်းဝင်မရှုပ်နဲ့..." သတိလက်လွတ်နဲ့ပြောနေတဲ့စိုင်းမြတ်ကိုကြည့်ပြီး ဘုန်းသိင်္ခ မသိမသာပြုံးလိုက်မိတယ်။ " ဒီမှာ ကိုစိုင်းမြတ် သတိလေးထားပါအုံးဗျာ ....ပန်းရိပ်ဖြူက ကိုစိုင်းမြတ်ရဲ့ချစ်သူဆိုရင်လဲ ....ကိုယ့်ချစ်သူကိုပဲသတိပေးလေဗျာ...ကျွန်တော်တို့ကအလုပ်တွဲလုပ်နေကြတာဆိုတော့ အတူတူတော့တွဲပြီးတွေ့နေရမှာပဲလေဗျာ...တကူးတကကြီးချိန်းတွေ့နေကြတာလဲမဟုတ်ဘူးလေ...ယောက်ျားကယောက်ျားလိုပဲ တည်တည်ငြိမ်ငြိမ်နေစမ်းပါဗျာ ..ရုပ်ပျက်လိုက်တာ...ကျွန်တော်တို့က အန်တီမြိုင်တို့ရဲ့ ခွင့်ပြုချက်နဲ့အလုပ်အတူလုပ်နေကြတာဗျ ..ကိုစိုင်းမြတ်မကျေနပ်ရင် သူဌေးလင်မယားကိုတိုက်ရိုက်သွားပြောပါ ...ကျွန်တော်ကတော့ ကိုစိုင်းမြတ်စကားကိုနားထောင်မှာမဟုတ်ပါဘူး " " ဘာကွ ...တောက် " ဘုန်းသိင်္ခရဲ့တုံ့ပြန်စကားကြောင့် စိုင်းမြတ်တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်ပြီး နေရာကပြန်လှည့်ထွက်ခဲ့တယ်။ဘုန်းသိင်္ခကတော့ နေရာမှာကျန်ခဲ့ပြီး စိုင်းမြတ်ကိုကြည့်နေလိုက်တယ်။ ~~~~~~~~~~~~~~~ " ကိုယ့်ကို မညာနဲ့အလွမ်း...ဒီပုံတွေက... အလွမ်းမပို့ရင် ကိုယ့်ဆီကို ဘယ်သူကပို့မှာလဲ " စိုင်းမြတ်ကထပ်ပြိးတော့ စွပ်စွဲပြောဆိုလိုက်တော့ အလွမ်းဆွတ်ခေါင်းကိုငုံ့ချကာ ငိုချလိုက်တော့တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၈) akyiphyu ********* "ဘာဖြစ်လို့လဲ ပန်းရိပ် ... နင်ဘာလို့လက်ပါရတာလဲ ....နင် မကျေနပ်ရင် ငါ့ကိုပြောလို့ရပါတယ်...နင်ခိုင်းသမျှကို ငါလုပ်ပေးနေတာပဲ ....ငါ့ကို အနိုင်ကျင့်ရရင်ကျေနပ်ပါတော့ ...ဝန်ထမ်းတွေအပေါ်ကိုတော့ ဒီလိုမျိုးမလုပ်ပါနဲ့ ငါ တောင်းပန်ပါတယ် " အလွမ်းဆွတ်က အလုပ်သမားခေါင်းဆောင်ကိုကြည့်ပြီး မျက်ရည်အဝဲသားနဲ့ပန်းရိပ်ဖြူကိုလှမ်းပြောလိုက်တယ်။အလွမ်းဆွတ်ရဲ့စကားကြောင့် ဘုန်းသိင်္ခလဲအံ့ဩသွားရသလို ပန်းရိပ်ဖြူလဲပိုပြီးဒေါသထွက်သွားတာကို ဘုန်းသိင်္ခသတိထားလိုက်မိတယ်။ပြီးတော့ ပိုပြီးဆိုးသွားတာက အလုပ်သမားတွေ။အလုပ်သမားတွေရဲ့အကြည့်တွေက ပန်းရိပ်ဖြူကို ရွံရှာမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်ကုန်ကြတာ။ဘုန်းသိင်္ခကြည့်နေချိန်မှာပဲ ပန်းရိပ်ဖြူရဲ့မျက်နှာကဒေါသကြောင့် နီရဲလာပြီးရှေ့ကိုခြေလှမ်းတိုးလိုက်တာကို တွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူရဲ့ရှေ့ကို ဘုန်းသိင်္ခအမြန်လျှောက်သွားလိုက်ရတယ်။ " စိတ်ကိုထိန်းပါမမလေး...ကျွန်တော်ရှင်းပေးပါ့မယ် " ပန်းရိပ်ဖြူနားကိုကပ်ပြီး ခပ်တိုးတိုးသတိပေးလိုက်ပြီးတော့ ဘုန်းသိင်္ခနေရာကနေ ခြေလှမ်းတွေကိုရှေ့ကိုလျှောက်လိုက်ကာ အလွမ်းဆွတ်နားကိုတိုးသွားလိုက်တယ်။ " အလွမ်း...အိမ်တွင်းရေးကိစ္စတွေကို ဒီမှာမပြောပါနဲ့ဗျာ...ဒီနေရာကပန်းအိုးတွေကိုဖယ်လိုက်မှ ပိုပြီးလှသွားမှာမို့ ...ပန်းအိုးတွေရွေ့ဖို့ ကျွန်တော်ပဲ ဒီဇိုင်းလုပ်ပေးလိုက်တာပါ...ဒါပေမဲ့ဗျာ...ဝန်ထမ်းတွေရဲ့ပြောပုံကလဲမဟုတ်ဘူးလေဗျာ ...ပြောရရင်ကျွန်တော်လိုလူတောင် သူ့ကိုမလေးမစားမပြောပါဘူး ...ဘာပဲဖြစ်ဖြစ်သူကသူဌေးသမီးမဟုတ်လား လေးစားသမှုလေးတော့ထားသင့်တယ်လေ...အလွမ်းလဲလုပ်ငန်းကြီးတစ်ခုမှာ အရေးပါတဲ့နေရာကလုပ်နေတဲ့သူပဲဗျာ...အိမ်တွင်းရေးကိစ္စတွေကို အလုပ်ထဲသယ်မလာပါနဲ့ ...အလုပ်လုပ်ရတာစိတ်အနှောက်အယှက်ဖြစ်လို့်ပါ ...ဒီဲဇိုင်းပုံကို မသန္တာဆီကို ပို့လိုက်မယ်..မသန္တာနဲ့ဆက်လုပ်လိုက်ပါ " ပြောပြီးတာနဲ့ဘုန်းသိင်္ခနေရာကသွားဖို့ပြင်လိုက်တယ်။ " ကဲ..မမလေး သွားမယ်....ဒီနေရာကိုနောက်ရက်မှလုပ်ကြတာပေါ့....အခုတော့ ကျောက်တောင်ဘက်ကိုပဲ အရင်လုပ်ကြတာပေါ့ " ဘုန်းသိင်္ခကပြောပြီးတာနဲ့ အလုပ်ခွင်ထဲမှာသုံးတဲ့ဆိုင်ကယ်ဆီကိုလျှောက်သွားလိုက်တယ်။ပြီးတော့ ဆိုင်ကယ်ဟွန်းကို တီးလိုက်တယ်။ဟွန်းသံကြောင့်အလုပ်သမားတွေကလှမ်းကြည့်ကြတယ်။ဘုန်းသိင်္ခက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ပန်းရိပ်ဖြူကိုသွားဖို့အချက်ပြလိုက်တယ်။ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် တစ်စီးစီမို့ ဘုန်းသိင်္ခဆိုင်ကယ်ကိုစက်နှိုးပြီးအရင်ထွက်ခဲ့လိုက်တယ်။ ~~~~~~~~~ " အဖြေတွေသိရပြီလား " ပန်းရိပ်ဖြူက မေးရင်းနဲ့ဘုန်းသိင်္ခရဲ့ဘေးနာမှာထိုင်ချလိုက်တယ်။ပန်းရိပ်ဖြူစိတ်တွေလှုပ်ရှားနေတာကြောင့် လက်တွေပါတဆတ်ဆတ်တုန်နေခဲ့တယ်။ " အင်း ..ဆေးနာမည်နဲ့အကျိုးအာနိသင်ကို အကြမ်းမျဉ်းတော့သိရမယ် ...သေချာအတိအကျစစ်ဖို့ကတော့ ပစ္စည်းတွေပို့လိုက်ပြီးမှသိရမှာ " " ဟုတ်လား ... သိရသလောက်က ...ဘာ..ဘာတဲ့လဲဟင်....သိချင်လိုက်တာ " " အင်း ...သူရှင်းပြထားတာကတော့ ...ဆေးတွေက အိပ်ဆေးသဘောမျိုးနဲ့စိတ်ငြိမ်ဆေးတွေပဲတဲ့ ...ပြောရမယ်ဆိုရင် ...ပုံမှန်အိပ်မပျော်တဲ့သူတွေနဲ့စိတ်ဖိစီးမှုများတဲ့သူတွေသောက်တာတဲ့..မမလေးမှာအိပ်မပျော်တဲ့ရောဂါရှိတာလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူခေါင်းကိုခါယမ်းလိုက်မိပြီး " မသိဘူးလေ...ဒါပေမဲ့ ညဘက်တွေမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် ယောင်ပြီးလမ်းထလျှောက်တာတွေဘာတွေလုပ်တတ်တယ်...တစ်ခါတလေဆိုရင် တိုက်ပေါ်ကခုန်ချတာတွေပါလုပ်တတ်တယ် ...ဟိုအရင်ခေါက်တွေကလိုမျိုးပေါ့ ...အိပ်မက်ထဲမှာတော့တစ်နေရာသွားနေတယ်...ဒါပေမဲ့အပြင်မှာကျတော့ မြေကြီးပေါ်မှာအိပ်နေတာပဲလေ ..ဟင်..ရှင်ဒါဘာလုပ်တာလဲ " ပန်းရိပ်ဖြူစကားပြောနေစဉ်မှာပဲ ဘုန်းသိင်္ခကပန်းရိပ်ဖြူရဲ့လက်ကိုဆွဲလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ပန်းရိပ်ဖြူရဲ့ခေါင်းကိုချစ်မြတ်နိုးတဲ့ဟန်နဲ့ခပ်ဖွဖွပွတ်လိုက်တာမို့ ပန်းရိပ်ဖြူလန့်ဖျပ်ကာမော့ကြည့်လိုက်ပြီးအသံမာမာနဲ့မေးလိုက်မိတယ်။ဒီအခါ ဘုန်းသိင်္ခက ပန်းရိပ်ဖြူကို အသာငုံ့ကြည့်လိုက်ပြီး " တိုးတိုးပြောမမလေ...ကျွန်တော်ပြောတာပဲနားထောင် လုံးဝလိုက်မကြည့်နဲ့နော်...မျက်နှာကိုရှက်နေတဲ့ပုံလိုမျိုးနေ...ကျွန်တော်တို့ကိုချောင်းကြည့်နေတဲသူရှိတယ်ဗျ ..မကြည့်နဲ့နော် ...ဟာ... မကြည့်ပါနဲ့ဆို " ပြောနေတဲ့ကြားက ပတ်ဝန်းကျင်ကိုကြည့်ဖို့ပြင်လိုက်တဲ့ ပန်းရိပ်ဖြူရဲ့မျက်နှာကို ဘုန်းသိင်္ခက သူ့လက်နှစ်ဖက်နဲ့ဆွဲညှစ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်။၊ဘုန်းသိင်္ခရဲ့အပြုအမူကြောင့် ပန်းရိပ်ဖြူရုတ်တရက်လန့်သွားမိသလို ရင်တွေပါတလှပ်လှပ်တုန်သွားရတယ်။နှစ်ယောက်သားအကြည့်ချင်းဆုံကြခိုက်မှာ ရင်ခုန်သံတွေမြန်သွားကြပြီး ချောင်းကြည့်နေသူကိုပါ မေ့သွားသလိုဖြစ်သွားမိတယ်။တစ်ယောက်မျက်နှာကိုတစ်ယောက်သတိလက်လွတ်နဲ့ငေးကြည့်နေမိကြတယ်။ခဏအကြာမှ နှစ်ယောက်သားသတိဝင်လာသလိုဖြစ်သွားကြပြီး ထိုင်နေရာက ဝုန်းခနဲ့ထရပ်လိုက်မိကြတယ်။

J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/

" ဘာလို့ ရှင့်အခန်းက ... ကျွန်မအခန်းနဲ့တည့်တည့်မှဖြစ်နေရတာလဲ...ရှင်... ကျွန်မအခန်းကိုချောင်းကြည့်နေသေးလား " " ဟော့ဗျာ..လူကိုနှာဘူးများအောက်မေ့နေလား...အလွမ်းဆွတ်နေရာချပေးထားတဲ့နေရာမှာနေတာပဲဗျ ...မမလေးအခန်းမှန်းလဲမသိပါဘူး ...ဒီလောက်အခန်းတွေအများကြီးရှိတာကို မမလေးအခန်းနဲ့တည့်တည့်ကိုမှဘာလို့စီစဉ်ပေးတာလဲလို့် စဉ်းစားနေတာ ...အလွမ်းဆွတ်ရဲ့အကြံကိုအခုမှပဲသဘောပေါက်တော့တယ် " ဘုန်းသိင်္ခက ပြုံးစစနဲ့ပြောလိုက်တာမို့် ပန်းရိပ်ဖြူစိတ်ထဲအမြင်ကပ်သွားရတယ်။ " ပြုံးပြန်ပြီလား...ဘာပြုံးတာလဲ ...ဘာအကြံအစည်လဲပြော " ပန်းရိပ်ဖြူစိတ်တိုတိုနဲ့မေးလိုက်တယ်။ " ဟာ ...မသိချင်ပါနဲ့မမလေးရာ...တော်ကြာစိတ်တိုနေအုံးမယ် ...ပြီးတော့ အပန်းဖြေစခန်းကိုရောက်ရင်လဲ သတိလေးထားနေအုံး....အလွမ်းဆွတ်ကိုမြင်ရင် မသိချင်ယောက်ဆောင်နေနော် " " ရှင် စကားမလွှဲနဲ့နော်..ဘာအကြံလဲပြော " " တကယ်ဇွတ်ပဲဗျာ...မပြောလို့မရဘူးလား..ပြောပြလိုက်ရင် မမလေးစိတ်ဆိုးလိမ့်မယ် ....စိတ်မဆိုးပါဘူး...မအော်ပါဘူးလို့်ကတိပေးရင်ပြောပြမယ်...မအော်ဘူးလို့ကတိပေးပြီးရင်တော့ ကတိဖျက်လို့်မရဘူးနော် ...ကတိဖျက်ရင်ကျွန်တော်ကဘာမှမကူညီတော့ဘူး " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်တိုသွားပေမဲ့ သိချင်စိတ်ကြောင့် ခေါင်းငြိမ့်ပြလိုက်ရတယ်။ " ဒီလိုဗျာ...ကျွန်တော့်စိတ်ထင်ပေါ့...အလွမ်းဆွတ်က ကျွန်တော်နဲ့မမလေးကို ကြိုက်သွားစေချင်လို့ထင်တယ် " " ဘာရှင့်...ဘာပြောလိုက်တယ် " " ဟာဗျာ..လန့်လိုက်တာမမလေးရယ်..မအော်ဘူးလို့ကတိပေးထားတယ်လေ ...ကျွန်တော်က ပေးထားတဲ့ကတီကိုတည်မှသဘောကျတာဗျ...စဉ်းစားကြည့်လေဗျာ...မမလေးကသူဌေးသမီးဆိုတော့ သူမလွန်ဆန်ရဲဘူးလေ...စိုင်းမြတ်ဆိုတဲ့ကောင်ကလဲ ဘွားကြေးဥကိုမလွန်ဆန်ရဲလို့ပါဆိုပြီး သူ့ကိုပြောထားမယ်ဆိုရင်..ဒီကိစ္စမှာမမလေးဘက်ကလက်မခံမှဖြစ်တော့မှာလေ..အဲ့ဒီတော့မမလေးဘက်ကငြင်းအောင် သူအကြံထုတ်တာနေမှာပေါ့ ...ကျွန်တော်ထင်တယ်....မမလေးနဲ့ကျွန်တော်တပူးတွဲတွဲနေလိုက်ရင်...သူ့အကြံအစည်အောင်မြင်တယ်ဆိုပြီး ဝမ်းသာနေမှာပဲ...ဒီလိုထင်သွားခဲ့ရင်တော့ ကျွန်တော့်တို့အတွက်အခွင့်အရေးကောင်းတွေရနိုင်တယ် " ဘုန်းသိင်္ခပြောနေတာတွေကို ပန်းရိပ်ဖြူအံလေးကြိတ်ကာနားထောင်နေမိတယ်။ " ရှင်ပြောတာလဲဖြစ်နိုင်ပါတယ်...ဒါဆိုရင် ကိုစိုင်းမြတ်က ကျွန်မကိုဘာအကြံအစည်နဲ့လက်ထပ်ချင်တာလဲ...သူကအဘွားရဲ့လူဆိုပေမဲ့... အဘွားကတော့ အဲ့ဒီလိုလုပ်ခိုင်းမှာမဟုတ်ဘူး " "အဲ့ဒါလဲခန့်မှန်းရသလောက်တော့ ...အမွေတွေကြောင့်ပေါ့...မမလေးရမဲ့အမွေတွေကမနည်းဘူးလေဗျာ ....တကယ်လို့မမလေးနဲ့သာလက်ထပ်နိုင်ရင် ...သူကဘွားကြေးဥရဲ့အလုပ်သမားမဟုတ်တော့ဘဲ ပိုင်ရှင်ဖြစ်လာမှာလေ " " တောက် လူယုတ်မာ ....ပန်းရိပ်ဖြူအကြောင်းကိုပြရသေးတာပေါ့လေ " ပန်းရိပ်ဖြူလက်သီးကိုတင်းတင်းဆုပ်ပြီ ကြိမ်းဝါးပစ်လိုက်တယ်။ "ဒေါသကို လျှော့ပါဗျာ ....တော်ကြာ စိတ်လိုက်မာန်ပါလုပ်မိလို့ ..ဘာအကျိုးမှမရှိဘဲ ဖြစ်သွားမယ် .. အသည်းကွဲတာလဲကွဲပါ...ဒါပေမဲ့နှစ်ထပ်ကွမ်း ရှုံးတာတော့ မဖြစ်စေနဲ့.....မမလေး အဖြစ်က ရန်သူကဘယ်သူမှန်းမသိတော့ခက်တာပဲ ..ညက ရော အခန်းပြန်ရောက်သွားတော့ အိပ်မက်ဆိုးမက်သေးလား " " မမက်ပါဘူး ..ပြီးတော့ ကျွန်မ အသည်းကွဲနေတာမဟုတ်ဘူးနော် .. ကျွန်မကိုလိမ်လို့ ဒေါသထွက်နေတာ ... အရင်ကတည်းက စိတ်ထဲမသင်္ကာလို့ အလွမ်းဆွတ်ကိုလဲ ဖွင့်မေးခဲ့တာ " " အင်း...ထားလိုက်ပါဗျာ ..ဟိုရောက်ရင်သာ ကိုယ့်စိတ်ကိုထိန်းထား...ပြီးတော့ ဒီကိစ္စတွေကို ကျွန်တော်တို့ နှစ်ယောက်တည်းပဲသိပါစေနော် " " အင်းပါ " ဘုန်းသိင်္ခရဲ့ စကားကို ပန်းရိပ်ဖြူ ခေါင်းမငြိမ့်ချင်ငြိမ့်ချင်နဲ့ ပဲငြိမ့်ပြလိုက်ရတယ်။ ~~~~~~~~ " ဒီရှေ့က အပြင်အဆင်တွေကိုမကြိုက်ဘူး ...အကုန်ပြန်ပြင်မယ် ..ပန်းအိုးတွေ ဒီမှာမထားပါနဲ့ ... နေရာပြန်ရွေ့မယ်" ပန်းရိပ်ဖြူက ပန်းခြံအလုပ်သမားခေါင်းဆောင်ကို ခေါ်ပြီး သူမလိုချင်တဲ့ပုံစံကို ပြောလိုက်တယ်။ "ဟို .....ဒီနေရာက မမလေး အလွမ်းဆွတ်ရဲ့ စိတ်ကြိုက်ပြင်ဆင်ခိုင်းထားတဲ့နေရာမို့ ...မမလေးအလွမ်းဆွတ်ကို သွားမေးလိုက်ပါအုံးမယ် " " ဘာ ... ရှင်ဘာပြောလိုက်တယ် ... ကျွန်မက အပန်းဖြေစခန်းရဲ့သူဌေးဆိုတာကို မသိတာလား ..ကဲဟယ်... မသိအုံး " "ဖြန်း " " ဟာ ..မမလေး ..မလုပ်နဲ့ လေ " ဘုန်းသိင်္ခ လှမ်းတားလိုက်ပေမဲ့ အချိန်မမီတော့ပါ။လျင်မြန်လှတဲ့ ပန်းရိပ်ဖြူက အလုပ်သမားခေါင်းဆောင်ရဲ့ပါးကို ရိုက်ချပစ်လိုက်တော့တယ်။ " နင်တို့ ပြောနေတဲ့ အလွမ်းဆွတ်ဆိုတာ ငါတို့အိမ်ရဲ့ အလုပ်သမားဟဲ့ ..မသိရင်မှတ်ထား...ဘယ်မှာလဲ အလွမ်းဆွတ် ..ခုချက်ချင်းသွားခေါ်လိုက်စမ်း " ဘယ်လိုမှပြောလို့မနိုင်တော့တဲ့ ပန်းရိပ်ဖြူကို ဘုန်းသိင်္ခ စိတ်ပျက်လက်ပျက်နဲ့ပဲ ကြည့်နေမိတော့တယ်။ဒီအချိန်မှာပဲ အလွမ်းဆွတ်နဲ့ အလုပ်သမားအချို့နေရာကို ရောက်ရှိလာခဲ့တယ်။ ================================== အပိုင်း(၂၈)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/

ဘုန်းသိင်္ခကတော့ နေရာမှာရပ်ကာကျန်နေခဲ့ပြီး ပန်းရိပ်ဖြူကို လှမ်းကြည့်နေမိတယ်။ ~~~~~~~~~~~~~~~~ မနက်ခင်းအဆာပြေစာဝိုင်းက ထူးထူးခြားခြားလူစုံနေခဲ့တယ်။အထူးသဖြင့် ထမင်းစားခန်းမှာပန်းရိပ်ဖြူပါရောက်ရှိနေခဲ့တာကြောင့်ဖြစ်တယ်။ " အမယ် ..ဒီနေ့တယ်ထူးဆန်းနေပါလား...သမီးကစောစောစီးစီးနိုးနေတာလား ...ညကအိပ်ပျော်တယ်လား " ဒေါ်ပန်းမြိုင်ကပြောရင်းနဲ့သမီးဖြစ်သူဘေးမှာ ဝင်ထိုင်လိုက်တယ်။ပန်းရိပ်ဖြူက မိခင်ကိုမော့ကြည့်လိုက်ပြိး " အိပ်မက်ဆိုးတွေမက်နေလို့ စောစောနိုးလာတာအမေ ....နိုးလားတော့ဗိုက်ဆာလာလို့ အမေတို့နဲ့အတူအဆာပြေစာစားမလို့်ပါ...ဒါနဲ့အလွမ်းဆွတ်ရော မတွေ့ပါလား အမေ" ပန်းရိပ်ဖြူကပြောရင်းနဲ့အလွမ်းဆွတ်ကို လိုက်ရှာလိုက်တယ်။ပန်းရိပ်ဖြူရဲ့မေးသံကြောင့် ဘုန်းသိင်္ခကပန်းရိပ်ဖြူကိုမသိမသာလှမ်းကြည့်လိုက်မိတယ်။ " အလွမ်းက ခြံထဲကပန်းတွေခူးပြိး ...အလှပန်းအိုးတွေထိုးနေတာထင်တယ်...ပြောရင်း လာနေပါပြီး ....သမီးက အလွမ်းကိုပြောစရာရှိလို့်လား " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကိုမေးလိုက်ရင်းနဲ့မျက်နှာကိုအကဲခတ်လိုက်တယ်။ဒီအချိန်မှာပဲ အလွမ်းဆွတ်ကလဲ ထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်။ပန်းရိပ်ဖြူကအလွမ်းဆွတ်ကို မျက်နှာထားတင်းတင်းနဲ့လှမ်းကြည့်လိုက်ပြီး " အလွမ်းဆွတ်က အခုတလောပိုလှလာတယ်နော် အမေ....အလွမ်းဆွတ်ဝတ်တာတွေက သိပ်ရိုးတာပဲအမေ...အလွမ်းဆွတ်ကို အဝတ်အစားအသစ်တွေဝယ်ပေးလိုက်ပါအုံး....တော်ကြာသူဌေးကတော်တူမကလဲ မပြောင်ရောင်ဘူးလို့် သူများတွေပြောနေကြပါအုံးမယ်...ဒါမှမဟုတ် ငါ့အဝတ်ဟောင်းတွေယူလိုက်လေအလွမ်း ...နင်ကလှတော့လိုက်မှာပါ...ရုပ်လှနေရုံနဲ့လဲမပြီးဘူးမဟုတ်လား ...ပြုပြင်သင့်တာရှိရင်ပြုပြင်ရမယ်လေ....ဒါမှလဲ ကသစ်မြိုင်စံအိမ်ရဲ့တန်ဖိုးနဲ့လိုက်ဖက်မှာပေါ့ အလွမ်းဆွတ်ရဲ့ " " အို..သမီး ပန်းရိပ် ...ဘာတွေပြောနေတာလဲကွယ်...မနက်စာစားမယ်ဆိုရင်စားတော့ " ဒေါ်ပန်းမြိုင်က သမီးဖြစ်သူကိုဟန့်လိုက်တယ်။အလွမ်းဆွတ်ကတော့မျက်နှာလေးကိုအောက်ငုံ့ထားပြီး ငြိမ်သက်နေခဲ့တယ်။အလုပ်သမားတွေရဲ့အကြည့်တွေက ပန်းရိပ်ဖြူကိုမုန်းတီးတဲ့အကြည့်တွေဆိုတာကို ဘုန်းသိင်္ခအကဲခတ်လိုက်မိတယ်။သူတို့်အားလုံးရဲ့အမြင်မှာတော့ သူဌေးသမီးပန်းရိပ်ဖြူက အလွမ်းဆွတ်ကိုနှိမ်နေတာ၊အနိုင်ကျင့်နေတာပဲလို့မြင်နေခဲ့ကြတယ်။ပြောရရင် ဖခင်ဖြစ်သူဦးဘိုထွန်းကိုယ်တိုင်က သမီးဖြစ်သူကို စိတ်ပျက်တဲ့မျက်နှာထားနဲ့ကြည့်နေတာဆိုတော့လဲ အလုပ်သမားတွေကပါ မသိမသာနှာခေါင်းရှုံ့ကြတာပေါ့။ ပန်းရိပ်ဖြူထိုင်နေရာကဆတ်ခနဲထရပ်လိုက်တယ်။ပန်းရိပ်ဖြူရဲ့အပြုအမူကြောင့် ဘုန်းသိင်္ခပါလန့်သွားရတယ်။ " သမီးမစားတော့ဘူးအမေ...လမ်းမှာပဲဝင်စားလိုက်တော့မယ်နော် ....အဘွားဆီကိုသမီးခဏသွားလိုက်အုံးမယ်နော် ..သမီးသွားပြီနော်အဖေ " ပန်းရိပ်ဖြူမိဘနှစ်ပါးကို ခွင့်တောင်းပြီးတော့ ထမင်းစားခန်းထဲကထွက်ခဲ့လိုက်တယ်။ပန်းရိပ်ဖြူထွက်သွားတော့မှပဲ ဘုန်းသိင်္ခမှာသက်ပြင်းချနိုင်တော့တယ်။ ထမင်းစားခန်းထဲမှာတော့ တိတ်ဆိတ်ကာကျန်ခဲ့တယ်။ ~~~~~~~~~~~~ " ခင်ဗျားဗျာ...ပြောချလိုက်တော့မလားဆိုပြီး ...ရင်တထိတ်ထိတ်နဲ့ကြည့်နေရတာ " ဘုန်းသိင်္ခကကားမောင်းနေရင်းက ပန်းရိပ်ဖြူကိုကြည့်ပြီး ပြောလိုက်တယ်။ " ပြောချင်တာပေါ့...ပြောချင်တာမှပါးစပ်ကိုမနည်းထိန်းထားရတယ်...အားလုံးရှေ့မှာပြောချလိုက်ချင်တာ....စိုင်းမြတ်ဆိုတဲ့ကောင်ကိုလဲ ....ပါးသွားရိုက်မလို့်တွေးမိသေးတယ်...ရှင်ကတရားခံဖမ်းပေမယ်ဆိုလို့်သာ စိတ်ကိုမနည်းထိန်းထားရတာ ...သိရဲ့လား...ကဲပြော...ရှင့်ရဲ့အစီအစဉ်ကဘယ်လိုလဲ ....." " ကျွန်တော့်ရဲ့အစီအစဉ်က...သူတို့နှစ်ယောက်ကို မသိချင်ယောင်ဆောင်ပြီးလွှတ်ထားလိုက်မယ်...တိုက်မှာဖြစ်သမျှကိစ္စတွေကိုကျွန်တော်စုံစမ်းပေးမယ်လေ...ကသစ်မြိုင်စံအိမ်ကြီးပေါ်မှာတော့ မမလေးကကြည့်ပေးမှရမှာ ...တစ်ခုတော့ရှိတယ် လိုက်ချောင်းပြီးမှ ....အိပ်မက်လားတကယ်လားမကွဲပြားလို့တော့မဖြစ်ဘူးနော် " " အဲ့ဒါတော့ ..ကျွန်မလဲသေချာအာမ မခံနိုင်ဘူး " ပန်းရိပ်ဖြူစိတ်ပျက်စွာပြောလိုက်မိတယ်။ " အင်း..ကျွန်တော်မှာလိုက်တာပါတယ်မဟုတ်လား ...ဒါနဲ့ ဆေးတွေမသောက်တော့ ...ညကအဆင်ပြေတယ်မဟုတ်လား....လိုက်တောင်ချောင်းနိုင်တယ်ဆိုတော့ အဆင်ပြေတဲ့ပုံပဲ ...ပြောတော့ အိမ်တံခါးတွေကသော့ခတ်ထားတာဆို ဘယ်လိုထွက်လာခဲ့တာလဲ " " အင်း ...စတိုခန်းပြတင်းပေါက်ကခုန်ချလာတာ....ညကဆေးတွေမသောက်တော့ အရင်လောက်မအိပ်ချင််ဘူး...ဒါနဲ့အခုပေးလိုက်ရင်အဖြေကဘယ်တော့သိရမှာလဲ " " ပထမအဆင့်အဖြေလောက်ကတော့ အင်တာနက်လိုင်းရတာနဲ့သိရမှာ ...ဒါပေမဲ့အားလုံးကို ရန်ကုန်ပို့ပြိး စမ်းသပ်ခိုင်းမှာမို့နည်းနည်းကြာမယ်...နေ့လယ်ကျရင်ဒါတွေကို မေးလ်နဲ့ ပို့လိုက်မယ်...အထုပ်ကိုတော့ ညနေအဝေးပြေးဂိတ်ကိုသွားပို့မယ် သသဘက်ခါလောက်ဆိုရန်ကုန်ရောက်မှာပေါ့ ..." " ကြာလိုက်တာ ..စိတ်မရှည်ပါဘူး...ဒါနဲ့ရှင့်အခန်းကကျွန်မအခန်းနဲ့တည့်တည့်ကလား " ပန်းရိပ်ဖြူကမေးလိုက်တော့ ဘုန်သိင်္ခခေါင်းကိုငြိမ့်ပြလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၂၇) akyiphyu ********* ရုတ်တရက်ဆိုသလို နောက်ကျောကနေ ဖမ်းချုပ်ခံလိုက်ရတာမို့ ပန်းရိပ်ဖြူ အထိတ်တလန့်နဲ့ရုန်းကန်လိုက်မိတယ်။ " အု " ပန်းရိပ်ဖြူအတင်းရုန်းထွက်ပြီးအော်ဟစ်လိုက်ပေမဲ့အသံကထွက်မလာခဲ့။ဖမ်ချုပ်ထားသူက သူမရဲ့ပါးစပ်ကိုအတင်းဖိပိတ်လိုက်ပြီးတော့ ခန္ဓာကိုယ်ကို နံရံမှာကပ်လိုက်ကာ လှုပ်မရအောင်ချုပ်ထားလိုက်တာ။ " မမလေး ..အသံမထွက်နဲ့နော်..ကျွန်တော်ဘုန်းသိင်္ခပါ..ကျွန်တော့်အခန်းကိုသွားရအောင်...အသံလုံးဝမထွက်စေနဲ့နော်..." လေသံသဲ့သဲ့မျှနဲ့နားနားကိုကပ်ပြောလိုက်တဲ့အသံကြောင့် ပန်းရိပ်ဖြူရင်ထဲကကြောက်ရွံ့စိတ်တွေ နည်းနည်းပြေလျော့သွားရပြီး ဘုန်းသိင်္ခဆွဲခေါ်ရာနောက်ကို လိုက်ပါသွားရတယ်။ ~~~~~~~ ~~~~~~~~ " ရှင်ဘာလုပ်တာလဲ..ကျွန်မ သူတို့နဲ့စာရင်းရှင်းရမယ်...လူယုတ်မာတွေ ကျွန်မကိုအရူးလုပ်နေကြတယ်...နှစ်ယောက်လုံးကို အရှက်ခွဲပစ်မယ် " ဘုန်းသိင်္ခတံခါးပိတ်လိုက်တာနဲ့ ပန်းရိပ်ဖြူဒေါသတကြီးနဲ့ပြောလိုက်ရင်း အခန်းပြင်ကို ပြန်ထွက်ဖို့ပြင်လိုက်တယ်။ဘုန်းသိင်္ခက ပန်းရိပ်ဖြူရဲ့လက်ကိုအတင်းဖမ်းချုပ်ထားလိုက်ပြီးတားဆီးလိုက်တယ်။ " ခဏလောက် ကျွန်တော်ပြောတာကိုနားထောင်ပါအုံး ....ခင်ဗျားအတွက်ပြောနေတာ ...ဒီအခန်းတွေက အသံအရမ်းကျယ်ရင်အသံမလုံဘူး...တိုးတိုးပြောစမ်းပါ " " အို...ဘာလို့တိုး" ပြောလိုက်ကာမှ ပန်းရိပ်ဖြူကထအော်လိုက်တာမို့ ဘုန်းသိင်္ခက ပန်းရိပ်ဖြူကိုနောက်ကနေအတင်းသိုင်းဖက်ကာချုပ်ထားလိုက်ပြီး ပါးစပ်ကိုပိတ်ထားလိုက်တယ်။ " တိုးတိုးပြောလို့ ခင်ဗျားကိုပြောနေတယ်လေ....ခင်ဗျားကိုမကောင်းတာကြံနေသူတွေကိုမဖမ်းချင်ဘူးလား ...ဖမ်းချင်ရင်တိတ်တိတ်နေ...မဖမ်းချင်ဘူးဆိုလဲသွား ...အခုချိန် ခင်ဗျားသွားဖမ်းလိုက်ရင် အလွမ်းဆွတ်က ပိုတောင်ဝမ်းသာသွားအုံးမယ်....ဘာလို့်လဲသိလား...ခင်ဗျားရဲ့မိဘတွေက ခင်ဗျားနဲ့ကိုစိုင်းမြတ်ကိုသဘောမတူဘူး မဟုတ်လား ....ဒီအခြေအနေနဲ့မိသွားလို့ကတော့... ခင်ဗျားမိဘတွေက သူတို့ကိုချက်ချင်းပေးစားပစ်လိုက်မှာလေ....အဲ့ဒါ့ဆိုရင်ခင်ဗျားအရှုံးကြီးရှုံးမှာသေချာတယ် " ဘုန်းသိင်္ခရဲ့စကားတွေက ဟုတ်နေသလိုရှိတာမို့ ပန်းရိပ်ဖြူတွေဝေသွားမိတယ်။ " ခင်ဗျား ..ကျွန်တော်ပြောတာကိုလက်ခံတယ်ဆိုရင် ငြိမ်နေလိုက်...ငြိမ်နေရင်လွှတ်ပေးမယ်...ကျွန်တော်က မမလေးအတွက်ပြောနေတာနော် " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူငြိမ်သက်နေလိုက်တယ်။ဒီအခါ ဘုန်သိင်္ခက သူမကိုလွှတ်ပေးလိုက်ပြီး ညအိပ်မီးအိမ်ကိုဖွင့်လိုက်တယ်။ခပ်မှိန်မှိန်လင်းနေတဲ့ အလင်းရောင်အောက်မှာ ပန်းရိပ်ဖြူတွေ့မြင်လိုက်ရတာက အိပ်ခန်းတစ်ခန်းဖြစ်နေခဲ့တယ်။ပြီးတော့ သူမလက်ကိုကိုင်ထားဆဲဖြစ်တဲ့ဘုန်းသိင်္ခ။ပန်းရိပ်ဖြူ သူမလက်ကိုဆတ်ခနဲရုန်းထွက်လိုက်ပြီး ဘုန်းသိင်္ခကိုဒေါသနဲ့ကြည့်လိုက်မိတယ်။အော်ဖို့တော့စိတ်မကူးရဲတော့ပါ ။သူ့အရပ်အမြင့်ကြီးနဲ့ပန်းရိပ်ဖြူကိုဖမ်းချုပ်လိုက်ရင် သူမဘယ်လိုမှမလှုပ်နိုင်ဘူးလေ။ဒေါသစိတ်ကြောင့်တုန်တုန်ခတ်ခတ်ဖြစ်နေတာကိုထိန်းပြီး ပန်းရိပ်ဖြူမအော်မိအောင်ကြိုးစားထိန်းရင်းပြောလိုက်တယ်။ " ကျွန်မကဘာလို့ထိန်းရမှာလဲ...ရှင်ကရောသူတို့နှစ်ယောက်ဘက်ကလား...သူတို့နှစ်ယောက်ဖြစ်နေကြတာကို ရှင်သိတယ်ပေါ့လေ...သိနေရဲ့သားနဲ့ဘာလို့မပြောရတာလဲ " " ကျွန်တော်ပြောတာကိုနားထောင်အုံး...ဇွတ်မပြောနဲ့ အခုစကားတွေအများကြိးပြောလို့မကောင်းဘူး ....မနက်မှပြောမယ်...သူတို့နှစ်ယောက်ဖြစ်နေတာကို လက်ရဖမ်းမိရုံနဲ့ဘာအကျိုးမှမရှိဘူး...အဓိကက သူတို့မှာဘာအကြံအစည်တွေရှိနေတာလဲကိုသိရဖို့ အရေးကြီးတယ်....ဘာလဲ ခင်ဗျားအခုလိုမျိုး အရူးတစ်ယောက်လိုဖြစ်နေတဲ့ဘဝကိုကျေနပ်နေတာလား ...ဒါဆိုရင်လဲသဘောပဲ ...သွားဖမ်းလိုက်....လူတွေကြားအောင်အော်ပြောလိုက်လေ...သူတို့နှစ်ယောက်က ခင်ဗျားမသိအောင်ဖောက်ပြန်နေကြတာတင်မဟုတ်ဘဲ...အဲ့ဒီထက်ပိုတဲ့အကြံအစည်တွေရှိနေရင်မဖော်ထုတ်ချင်ဘူးလား " ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူငြိမ်သက်ကာတွေဝေသွားမိတယ်။ " မနက်ကျမှအကျိုးအကြောင်းကိုသေချာပြောပြမယ် ...မနက်ဖြန်ကျရင် ဆေးတွေကို သေချာယူလာခဲ့နော်...ဒီညတော့ ပြန်လိုက်တော့ ..." ဘုန်းသိင်္ခကပြောရင်းနဲ့တံခါးဝဆီကို လျှောက်သွားလိုက်တယ်။ပန်းရိပ်ဖြူကတော့ နေရာမှာတုတ်တုတ်မလှုပ်ဘဲငြိမ်သက်နေမိတယ်။ " မမလေးလာလေ ...ကျွန်တော်ကယောက်ျားလေးနော်...နှစ်ယောက်တည်းအကြာကြီးနေရင် မကောင်းဘူးဗျ " ဘုန်းသိင်္ခကခပ်တိုးတိုးလှမ်းပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူထိုင်နေရာကဆတ်ခနဲထလိုက်ပြီး ဘုန်းသိင်္ခကိုတွန်းဖယ်ပစ်လိုက်တယ်။ " ခြေသံလဲမထွက်စေနဲ့အုံး...တော်ကြာဒေါသထိန်းထားရတာတွေအလကားဖြစ်သွားမယ်..." " ပါးစပ်ပိတ်ထား..သိတယ်....ဆရာကြီးမလုပ်နဲ့ ..." ပန်းရိပ်ဖြူအံကြိတ်သံနဲ့ပြောလိုက်ရင်း လှေကားရှိရာဘက်ကိုပြန်လျှောက်ခဲ့လိုက်တယ်။စိတ်ထဲမှာတော့ အတော်လေးကိုဒေါသထွက်နေခဲ့ပေမဲ့ ဘုန်းသိင်္ခပြောတာက နည်းလမ်းကျနေတာမို့ ဒေါသကိုထိန်းပြီးပြန်လာခဲ့လိုက်တယ်။

လှေကားထစ်တွေဆုံးသွားတဲ့အခါ မှောင်မိုက်နေတဲ့စတိုခန်းထဲကိုရောက်ရှိသွားခဲ့တယ်။စတိုခန်းတံခါးကထွက်လိုက်ရင်အပြင်ကိုရောက်နိုင်ပေမဲ့ အပြင်တံခါးမကြီးတွေရဲ့သော့တွေက ပန်းရိပ်ဖြူဆီမှာမရှိဘူးလေ။ပန်းရိပ်ဖြူစတိုခန်းထဲမှာလှည့်ပတ်ကြည့်လိုက်တော့ ပြတင်းပေါက်ကိုတွေ့လိုက်ရတယ်။ပြတင်းပေါက်က သံတိုင်တွေမရှိဘဲ မှန်ပြတင်းပေါက်ဖြစ်နေတာမို့ ပန်းရိပ်ဖြူ ဝမ်းသာသွားမိပြီး ပြတင်းပေါက်ကနေ လှစ်ခနဲခုန်ဆင်းလိုက်တယ်။အိမ်ပြင်ကို ရောက်တော့ မီးအလင်းရောင်မရောက်တဲ့နေရာတွေကို လှမ်းမျှော်ကြည့်လိုက်ပြီး ခြံနောက်ဘက်ကနေကားဂိုထောင်ဘက်ဆီကို ခပ်သုတ်သုတ်ပြေးသွား လိုက်တယ်။ဒီနေ့မှာတော့ အခန်းထဲကထွက်လာတဲ့အချိန်ကစလို့ အဆင်ပြေနေတာမို့ နည်းနည်းတော့ ထူးဆန်းနေသလိုဖြစ်နေပြီး အိပ်မက်မက်နေပြန်တာများလားလို့ စိတ်ထဲက ထင်လိုက်မိပြန်တယ် အလင်းရောင်ခပ်မှိန်မှိန်ကျရောက်နေတဲ့ တိုက်ရဲ့ လှေကားကနေခြေကိုဖွဖွနင်းကာ တက်လာခဲ့လိုက်ပြီး တကယ်လို့ တံခါးပိတ်ထားရင် ဘုန်းသိင်္ခကို ဖုန်းဆက်ခေါ် ဖို့ တွေးထားလိုက်မိတယ်။ပန်းရိပ်ဖြူအဖြစ်က ကသစ်မြိုင်ရဲ့သခင်မလေးဖြစ်နေပေမဲ့ အိမ်သော့တစ်ချောင်းကိုတောင် ကိုင်ခွင့်ရှိသူတစ်ယောက်မဟုက်ခဲ့ဘူး။သို့ပေမဲ့ အလွမ်းဆွတ်ကတော့ အိမ်သော့၊ ခြံသော့၊ ကားဂိုထောင်သော့နဲ့ အပန်းဖြေစခန်းသော့တွေကိုပါ ကိုင်ခွင့်ရှိနေခဲ့တယ်။တကယ်တော့ ဒါတွေက ဘုန်းသိင်္ခပြောသလိုပဲ ပန်းရိပ်ဖြူရူးကြောင်ကြောင်ဖြစ်နေခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ မဟုတ်လား။ တံခါးဝအရောက်မှာ ပန်းရိပ်ဖြူမရဲတရဲနဲ့ တံခါးကိုတွန်းဖွင့်ကြည့်လိုက်တယ်။ကျွီခနဲ ခပ်တိုးတိုးမြည်ပြီး လှုပ်ရှားသွားတဲ့ တံခါးကြောင့် ပန်းရိပ်ဖြူ ဝမ်းသာသွားမိကာ တံခါးကို တွန်းဖွင့်ပြီး အထဲကိုဝင်လိုက်တယ်။တိုက်ရဲ့ စင်္ကြန်လမ်းတစ်လျှောက်မှ ဝါဖန့်ဖန့်မီးလုံးလေးတစ်လုံးသာထွန်းထားတယ်။ဒီကနေလျှောက်ရင် စိုင်းမြတ်အခန်းရောက်ဖို့က အကွေ့နှစ်နေရာကျော်ရမှာ။ခြေသံကို လုံးဝမထွက်အောင် သတိထားပြီး လျှောက်သွားလိုက်တယ်။စင်္ကြန်တစ်ကွေ့ကို ကျော်ပြီးတော့ နောက်တစ်ကွေ့ကို ရောက်လာချိန်မှာ လူက နှလုံးခုန်သံတွေမြန်လာခဲ့တယ်။ရှေ့ဆက်ရမှာကိုတောင် လန့်သလုံဖြစ်နေမိတာ။သို့ပေမဲ့ သူမရဲ့ သံသယတွေကမှန်ကန်လားဆိုတာကို သိချင်စိတ်ကြောင့် လူကကြောက်စိတ်တွေလျော့ပါးလာခဲ့တယ်။ပန်းရိပ်ဖြူစင်္ကြန်ကွေ့ကို ကွေ့ဖို့လုပ်လိုက်ချိန်မှာ ရှေ့ခပ်လှမ်လှမ်းက စိုင်းမြတ်ရဲ့အခန်းရှေ့မှာ ရပ်နေတဲ့အလွမ်းဆွတ်ကိုမြင်လိုက်ရတာမို ခြေလှမ်းတွေရပ်တန့်သွားရပြီး ဒေါသအကြီးအကျယ်ထွက်သွားမိတယ်။ပန်းရိပ်ဖြူအသာလှမ်းချောင်းကြည့်နေချိန်မှာပဲ အလွမ်းဆွတ်က အခန်းထဲကိုဝင်သွားခဲ့တယ်။သံသယဖြစ်ခဲ့တဲ့အတိုင်းမှန်နေတာမို့ သူမတစ်ကိုယ်လုံးအသားတွေတဆတ်ဆတ်တုန်လာခဲ့တယ်။ဒေါသစိတ်ကြောင့် ဘာကိုမှမမြင်နိုင်တော့။မိမိကိုအရူးလုပ်နေကြသူနှစ်ယောက်ကို အမိဖမ်းကာ အရှက်ခွဲပြီးတော့ ကသစ်မြိုင်ကမောင်းထုတ်ပစ်ဖို့ တွေးလိုက်မိတယ်။ပန်းရိပ်ဖြူအံကိုတင်းတင်းကြိတ်ကာ စိုင်းမြတ်ရဲ့အခန်းဆီကို သွားရန်ခြေလှမ်းပြင်လိုက်တယ်။လူကဒေါသစိတ်ကြောင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေခဲ့တယ်။ စိုင်းမြတ်ရဲ့အခန်းဆီကိုသွားဖို့အတွက် ပန်းရိပ်ဖြူစင်္ကြန်လမ်းမဆီကိုထွက်လိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို နောက်ကျောကနေတစ်စုံတစ်ယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရတယ်။ ================================== အပိုင်း(၂၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀

ပန်းရိပ်ဖြူကစိုင်းမြတ်ကိုခပ်ပြုံးပြုံးကြည့်လိုက်ရင်း စိုင်းမြတ်ရဲ့လက်ဖဝါးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ညှစ်ပြီးနှုတ်ဆက်လိုက်တယ်။နှုတ်ဆက်နေရင်းနဲ့ အလွမ်းဆွတ်ရဲ့မျက်နှာကိုမသိမသာလှမ်းကြည့်လိုက်မိတော့ အေးစက်နေတဲ့အကြည့်တွေနဲ့လှမ်းကြည့်နေတဲ့ အလွမ်းဆွတ်ကိုတွေ့လိုက်ရတာမို့ ပန်းရိပိဖြူစိတ်ထဲက မတင်မကျဖြစ်နေတဲ့စိတ်က ပိုလို့တောင်ဆိုးဝါးသွားခဲ့တယ်။ပြီးတော့ချက်ချင်းဆိုသလို စိုင်းမြတ်ရဲ့မျက်လုံးတွေကို ပန်းရိပ်ဖြူဖျတ်ခနဲမော့ကြည့်လိုက်မိပြီးနေရာကထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " သမီး ခဏနေအုံး....အမေတို့စကားပြောရအောင် " မိခင်ဖြစ်သူရဲ့ခေါ်လိုက်သံကြောင့် ပန်းရိပ်ဖြူခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်။ " အခုဘယ်အချိန်ရှိနေပြီလဲသမီး...ဒီအချိန်အထိ မောင်စိုင်းမြတ်နဲ့ရှိနေတာကို သမီးအဖေသာသိရင်စိတ်ဆိုးမှာ ..မိန်းကလေးဆိုတာ ဆင်ဆင်ခြင်ခြင်နေရတယ်သမီးရဲ့...သူနဲ့သမီးနဲ့လက်ထပ်ဖို့ဆိုတာက ရာနှုန်းပြည့်သေချာတာမဟုတ်ဘူးလေ " " ဟုတ်ကဲ့ပါအမေ..သူနဲ့ စကားပြောတာမကြာသေးပါဘူး...စောစောကအဘွားတို့တိုက်မှာစကားပြောနေတာပါ..." " အေးပါကွယ် ...သွားအိပ်တေ့ မနက်ကျရင် ...အပန်းဖြေစခန်းကိုသွားအုံးမှာမဟုတ်လား " " ဟုတ်ကဲ့အမေ...သမီးသွားအိပ်တော့မယ်နော် " ပန်းရီပ်ဖြူပြောပြီးတာနဲ့အခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~ " ဝူး...အူး..အူး " ဆွဲဆွဲငင်ငင်အူလိုက်တဲ့ခွေးအူသံတွေက အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။ခွေးအူသံတွေကြောင့် ပန်းရိပ်ဖြူတစ်ကိုယ်လုံး ကြက်သီးတွေထသွားပြီးကျောထဲကစိမ့်တက်လာသလိုဖြစ်သွားမိတယ်။အခန်းထဲမှာက မီးအမှောင်ချထားတာမို့ တစ်ခန်းလုံးမှောင်အတိဖြစ်နေခဲ့တယ်။ကိုယ့်နေနေတဲ့အခန်းဆိုတော့ ပန်းရိပ်ဖြူသိပ်မကြောက်တော့ဘူး။ပြီးတော့ သူမကြုံတွေ့နေရတာက အိပ်မက်လိုလိုဘာလိုဆိုတော့ ကြောက်စိတ်ကသိပ်မရှိဘူး။ညဆယ့်နာရီကျော်ပြန်ရောက်ကတည်းက ပြတင်းပေါက်နားမှာ ခုံချငြီးပန်းရိပ်ဖြူထိုင်နေခဲ့တာ။ပန်းရိပ်ဖြူအခန်းကနေလှမ်းကြည့်ရင် ကားဂိုထောင်တိုက်ရဲ့တစ်ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကိုမမြင်ရပေမဲ့ တကယ်လို့တစ်ယောက်ယောက်က ကားဂိုထောင်တိုက်ကိုသွားမယ်ဆိုရင်တော့ တစ်စိတ်တစ်ပိုင်းတော့မြင်ရတယ်။ပြောရရင်တစ်ဖက်က ဘဘလှထွန်းတို့ခြံဘက်ကနေ ဝင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်ခြံနောက်ကနေဝင်တာပဲဖြစ်ဖြစ်ဝင်မှသာ မမြင်ရတာ။ကသစ်မြိုင်ခြံထဲက တစ်ယောက်ယောက်သွားမယ်ဆိုရင်တော့ လမ်တစ်ဝက်အထိတော့မြင်နေရတယ်။ မြို့ပြင်စပ်ဆီကခွေးအူသံတွေကြားနေရပြီးဆိုတော့ အချိန်ကမနည်းတော့ဘူး။လူကအိပ်ချင်နေပေမဲ့ မျက်လုံးတွေကို အတင်းပြူးပြဲဖွင့်ကာ ပန်းရိပ်ဖြူထိုင်နေခဲ့တာ။ခွေးအူသံတွေ အဆက်မပြတ်ပေါ်ထွက်လာပြီး သိပ်မကြာခင်မှာဘဲ ခြံအနောက်ဘက်ဆီက မည်းမည်းအရိပ်သဏ္ဍာန်ကိုလှမ်းမြင်လိုက်ရတာမို့ ပန်းရိပ်ဖြူတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရတယ်။မည်းမည်းအရိပ်က ကားဂိုထောင်အနောက်ဘက်ကို လှစ်ခနဲလျှောက်သွားခဲ့ပြီးပျောက်ကွယ်သွားခဲ့တယ်။ပန်းရိပ်ဖြူနေရာမှာ ခဏကြာရပ်ပြီး အရိပ်ကိုကြည့်နေလိုက်တယ်။အတော်လေားကြာအောင်ရပ်နေခဲ့ပြီးမှ နေရာကနေအသာထလိုက်ပြီး အခန်းတံခါးဝဆီကိုဖြည်းညှင်းစွာလျှောက်သွားလိုက်တယ်။ပြီးတော့ တံခါးကိုအသံမမြည်အောင်တွန်းဖွင့်လိုက်ပြီး ကသစ်မြိုင်တိုက်ကြီးရဲ့အနောက်ဘက်လှေကားဆောင်နားဆီကိုထွက်လာခဲ့လိုက်တယ်။အနောက်ဘက်လှေကားဆောင်ကအသက်ကယ်လှေကားလို့ပြောရမလား အဲ့ဒီလှေကားကဆင်းသွားရင် မီးဖိုဆောင်နောက်ဘက်စတိုခန်းထဲကိုရောက်တယ်။စတိုခန်းကသော့တော့ခတ်ထားလ့မရှိဘူး။ပစ္စည်းဟောင်းတွေပဲထားတာ။လှေကားတံခါးကိုအပေါ်ကနေပဲသော့ခတ်ထားတာ။သော့ကလဲ တံခါးနားက နံရံအမြင့်ပေါ်မှာချိတ်ထားတာ။လှေကားနဲ့မနီးမဝေးကအခန်းက အလွမ်းဆွတ်ရဲ့အခန်းပဲ။ပန်းရိပ်ဖြူလျှောက်လာခဲ့ရင်းနဲ့ အလွမ်းဆွတ်ရဲ့အခန်းရှေ့ကိုရောက်တော့ ခဏရပ်နေမိတယ်။အနောက်ဘက်စင်္ကြန်လမ်းတစ်လျှောက်လုံးက စင်္ကြန်မီးခပ်မှိန်မှိန်လေးတစ်လုံးပဲထွန်းထားတာမို့ ချောက်ချားစရာတော့ကောင်းနေတယ်။တစ်လောကလုံးအိပ်စက်နေကြတဲ့ ခုလိုညသန်းခေါင်အချိန်ကချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်နေခဲ့တာ။အလွမ်းဆွတ်ရဲ့အခန်းရှေ့မှာရပ်ပြီး တံခါးကို ပန်းရိပ်ဖြူတိုးဖွဖွခေါက်လိုက်တယ်။အထဲက လှုပ်ရှားသံကိုလုံးဝမကြားရဘူး။ဒုတိယအကြိမ်မြောက်တိုးဖွဖွလေးထပ်ခေါက်ကြည့်လိုက်တယ်။အထဲကလှုပ်ရှားသံလုံးဝမကြားရဘဲ တိတ်ဆိတ်နေခဲ့တယ်။တုံ့ပြန်မှုမရှိတဲ့ အခန်းရှေ့ကနေ ပန်းရိပ်ဖြူအသာလှည့်ထွက်လာခဲ့လိုက်ပြီး အနောက်ဘက်လှေကားရှိရာကိုလျှောက်လာလိုက်တယ်။ဒီလှေကားကနေ ပန်းရိပ်ဖြူအောက်ထပ်ကိုမဆင်းဖူးဘူး။လှေကားနားကိုရောက်တော့ သော့တံချိတ်ထားတဲ့နေရာကိုကြည့်လိုက်တယ်။သော့ကနေရာမှာရှိနေတယ်။သော့ကိုယူလိုက်ပြီး လှေကားတံခါးကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားတာနဲ့အသာပြန်ခတ်ထားလိုက်ပြီး အောက်ကိုအမြန်ဆင်းလာခဲ့လိုက်တယ်။လှေကားက သိပ်မသုံးတာမို့ လှေကားမီးတွေကိုအကုန်ပိတ်ထားပြီး ကြောက်စရာကောင်းလောက်အောင်မှောင်မိုက်နေခဲ့တယ်။ပန်းရိပ်ဖြူဖုန်းမီးကိုထွန်းပြီး လှေကားအတိုင်းဆင်းလာခဲ့လိုက်တယ်။