cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Yangon Division News 2024

ရန်ကုန်တိုင်းဒေသကြီးသတင်းများ

نمایش بیشتر
پست‌های تبلیغاتی
1 537
مشترکین
+224 ساعت
+457 روز
+7630 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဒဂုံတောင်တွင်လူငယ်တစ်ဦးကြိုးဆွဲချသတ်သေ NOM၊ဇူလိုင်၁၊၂၀၂၄ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊(၁၈)ရပ်ကွက်၊ကျွန်းရွှေမြိုင်လမ်း၊အမှတ်(၁၆၈၅)နေအိမ်တွင်အသက်၁၆နှစ်အရွယ်လူငယ်တစ်ဦးသည်ဇူလိုင်လ၁ရက်နံနက်၉း၁၀နာရီအချိန်ကကြိုးဆွဲချသတ်သေသွားကြောင်းသိရသည်။ ကြိုးဆွဲချသတ်သေသူမှာမောင်ဇော်နိုင်ထွန်း(အသက်၁၆နှစ်)ဖြစ်ပြီးနေအိမ်အပေါ်ထပ်ထုတ်တန်းတွင်အဝါရောင်အဝတ်စကိုသုံးပြီးကြိုးဆွဲချသတ်သေခြင်းဖြစ်သည်။မိခင်ဖြစ်သူကိုရဲတပ်ဖွဲ့ကမေးမြန်းရာသားဖြစ်သူသည်လွန်ခဲ့သောတစ်လကမိခင်ကိုကျူရှင်တက်ချင်ကြောင်းပြောရာမိခင်ကကျူရှင်ခမပေးနိုင်​သေးကြောင်းပြောခဲ့သည်။သားဖြစ်သူစိတ်ညစ်နေသဖြင့်မိခင်ကယနေ့ဇူလိုင်လ၁ရက်နေ့တွင်ကျူရှင်လခပေးမည်ဟုပြောစဥ်သားဖြစ်သူကအိမ်​ပေါ်တက်သွားပြီးကြိုးဆွဲချသတ်သေသွားခြင်းဟုသိရသည်။ #NOM https://t.me/YangonUSDP2024
نمایش همه...
Yangon Division News 2024

ရန်ကုန်တိုင်းဒေသကြီးသတင်းများ

👍 1
"ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသောအန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း" ရန်ကုန်၊ ဇူလိုင် ၁ အများပြည်သူလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊စဥ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေးတို့အတွက်ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသောအန္တရာယ် ရှိသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်၊ကြည့်မြင်တိုင်၊စမ်းချောင်း၊ဗဟန်းနှင့်လှိုင်မြို့နယ်များသို့ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ ကေဗွီ ဘုရင့်နောင်-ဆင်မလိုက်(၃၊၄)ဓာတ်အားလိုင်းများတစ်လျှောက်တွင်ဇွန် ၃၀ နံနက် ၉နာရီမှ မွန်းလွဲ၁ နာရီအထိ ယာယီဓာတ်အားပိတ်၍ဆောင်ရွက်ခဲ့ကြသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အ နောက်ပိုင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာက အနီးကပ်ကြီးကြပ်၍ ကမာရွတ်နှင့် လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှမြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ ဝန်ထမ်းများ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဥ်နှင့်အားကစားကွင်းများဌာနမှဝန်ထမ်းများ စုစုပေါင်း၈၇ ဦး၊Pluck FormTruck နှစ်စီး၊အမှိုက်သိမ်းယာဥ်နှစ်စီးတို့ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ချစ်ဆောင် YESC
نمایش همه...
👍 1
ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေသူများအား  ဖော်ထုတ်ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန်လ ၃၀ ရက်
نمایش همه...
👍 2 1
ဆိုင်ကယ်ကိုရှောင်တဲ့ ခရီးသည်တင်ကား အရှိုန်လွန်တိမ်းမှောက်မှုကြောင့် ခရီးသည် ၉ ဦးဒဏ်ရာရ ရန်ကုန်၊ဇွန် ၃၀ ပဲခူး- ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီးဟာ ဆိုင်ကယ်ကို တိမ်းရှောင်ရာကနေ အရှိုန်လွန်စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ် (၂)လမ်းမ၊ ရထားသံလမ်းကွေ့(ရှမ်းတဲကြီး ရေကန်အနီး)မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိမ်းမှောက်ခဲ့တဲ့ယာဥ်က ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ကမ္ဘာကျော်ခရီးသည်တင်ယာဉ်ဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသွားတဲ့ လူနာ ၉ ဦးကို မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ပေးထားရတယ်လို့ သိရပါတယ်။
نمایش همه...
👍 1
သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ... အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ... ပီး တကိုယ်လုံးအေးစက်လာပီး ... Pressure , Oxygen , Platelet Count တွေ ကျ ၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ် အရည်တွေ ဝင်အောင် တိုက်ရတယ် ... ( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် ) အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင် Expired ဖြစ်သွားကြပါတယ် .... ၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ... အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် .... မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ... သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ... 103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ... Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ... ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင် သင့်တို့လဲ ကူးစက်နိုင်ပါတယ် ... မပေ့ါ့ဆကြပါနဲ့ ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ် #crd_to_owner_with_respect
نمایش همه...
👍 5
Photo unavailableShow in Telegram
စမ်းချောင်းမြို့နယ်အတွင်း 16:40ခန့်တွင် ဖီဒါလိုင်း ဓာတ်အားပြန်တင်ချိန် မကြီးကြီးလမ်းနှင့်ပြည်လမ်းထောင့်၌ T-piller ပွင့်ထွက်သွားပြီး Cable lug ချို့ယွင်းသွားပါသဖြင့် Underground ဌာနဖြင့် အမြန်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ကျွန်းမြောက်ရပ်ကွက်နှင့် မြေနီတောင်ရပ်ကွက်ရှိ နေရာအချို့ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
نمایش همه...
👍 2
Photo unavailableShow in Telegram
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၃၀ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကြိမ်ဆွဲခြင်းများ အတွင်း မုန့်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
نمایش همه...
👍 1
ရန်ကင်းမြို့နယ်အတွင်း ကျန်းမာရေး အ ထောက်အကူပြုလုပ်ငန်းများဆောင်ရွက် ရန်ကုန် ဇွန် ၂၉ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင်ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများကိုစဥ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အမှတ်(၈)ရပ်ကွက်၊ နှင်းဆီလမ်း၊ ကံဘဲ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးပိုစတာပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယဥ်မွန်
نمایش همه...
👍 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.