cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Story Time

نمایش بیشتر
پست‌های تبلیغاتی
3 797
مشترکین
-224 ساعت
-307 روز
-7830 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

My Boyfriend In Orange ============================= L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။ မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို တားရင်း ပိတ်မိသွားတဲ့မိုအဲကို ခရောဆုကဲကပဲ ထပ်လာကယ်ခဲ့ပါတယ်။ ကယ်တင်ရှင် တဖြစ်လဲ နွေးထွေးတဲ့ရင်ခွင်ရှိတဲ့ မီးသတ်သမားလေး ခရောဆုကဲကို မိုအဲကတော့ အပီကြွေသွားပါပြီ။ ခရောဆုကဲကတော့ ခပ်အေးအေးနေတတ်ပြီး အလုပ်ကြိုးစားတဲ့ စည်းကမ်းကြီးတဲ့သူမျိုးဖြစ်ပါတယ်။ အရင်ကအဖြစ်အပျက်တစ်ခုကြောင့် ရည်းစားလည်းထပ်မထားဘဲ အလုပ်ကိုပဲ စိတ်နှစ်ပြီး တာဝန်ကျေပွန်ချင်တဲ့ မီးသတ်သမားကောင်းပါ။ မိုအဲတစ်ယောက် ရေခဲတုံးကြီးကို ဘယ်လို အရည်ဖျော်ပစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရင်ခုန်စွာ ရှုစားနိုင်ပါပြီ။
نمایش همه...
👍 1
825.71 MB
Photo unavailableShow in Telegram
Classic Again ============================= ဒီကားက​တော့ netflix က​ထွက်ထားတဲ့အသစ်စက်စက် Drama ကား​ကောင်း​​လေးပါ ဘိုတာဆိုတဲ့​ကောင်မ​လေးကသူ့အ​​မေရဲ့ဘီရိုကိုဖွင့်ရင်း သူ့အ​မေရဲ့အချစ်ဦးနဲ့အပြန်အလှန်​ရေးခဲ့ကြတဲ့ ရည်းစားစာ​လေးကို အမှတ်မထင်​တွေ့သွားတယ် သူ့အ​မေရဲ့အချစ်ဇာတ်လမ်း​လေးက သူ့အချစ်ဇာတ်လမ်းလိုမျိုး၃ပွင့်ဆိုင်ဇာတ်လမ်းဖြစ်​နေ​တော့ ​ ကျောင်းကdrama club အတွက်သူဇာတ်ညွှန်း​ရေး​ပေးလိုက်တယ် သူ့အ​မေရဲ့ အချစ်ဦးကတအားကိုကဗျာဆန်ပြီး တအားချစ်တတ်တာ​လေး​တွေ, အရင်​​ခေတ်ကရည်းစား​တွေတစ်​ယောက်နဲ့ တစ်​ယောက်ဆက်သွယ်ပုံ​လေး​တွေက တအားချစ်ဖို့​ကောင်းတာ​လေး​တွေကို ဒီကားထဲမှာ တကယ့်Classicဆန်ဆန်​တွေ့ရမှာပါ မင်းသမီးရဲ့အချစ်ဇာတ်လမ်း​​လေးက​ကော ​happy ending လား ဆိုတာ ဒီကား​လေးကိုဆက်ပြီးကြည့်ကြပါလို့
نمایش همه...
467.81 MB
My Blue Summer ============================= ” ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ ” (လော့ကျီ) “ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ ” (ရှန့်ဟွိုင်နန်) တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။ အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။
نمایش همه...
1148.93 MB
Superheroes =============================  ဒီဇာတ်ကားလေးရဲ့နာမည်က‌တော့ Superheroesတဲ့။ ဒါပေမယ့်စူပါဟီးရိုးတွေအကြောင်းတော့မဟုတ်ဘူး။ မာကိုဆိုတဲ့ ရူပဗေဒဆရာတယောက်နဲ့အန်နာဆိုတဲ့ ပန်းချီဆရာမလေးတို့အတွဲရဲ့အချစ်ဆိုတဲ့အရာတခုကို အချိန်တွေကြာလာတာနဲ့အမျှ အန်နာရဲ့ Superheroes ဆိုတဲ့ သူတို့အကြောင်းရုပ်ပြစာအုပ်လေးအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတဲ့ပုံပေါ့။   သူတို့နှစ်ယောက်စတွေ့ခဲ့ကြတာက တံခါး၀လေးတခုအောက်မှာ မိုးခိုနေရင်းနဲ့။ မာကိုကတော့ စိတ်မြန်လက်မြန်လုပ်တတ်ပြီး သူ့အတွက် အချိန်ဆိုတာ အပြင်မှာတကယ်မရှိတဲ့အရာလို့ လက်ခံထားတဲ့သူ။ အန်နာကတော့ပျော်ပျော်နေသေခဲ ယောကျာ်းတယောက်ကို တညထက်ပိုမတွဲသလို realtionship တခုမှာ တသက်လုံးချစ်ရမှာကို အရမ်းကြောက်တဲ့ကောင်မလေး။ ဒီလိုသူတို့နှစ်ယောက်ရဲ့စတွေ့ကြတဲ့အချိန်ကနေ ဆယ်နှစ်ကြာပြီးတဲ့ မျက်မှောက်အချိန်အထိ သူတို့ရဲ့အချစ်ခရီးလမ်းမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြအခိုက်အတန့်လေးတွေ သူတို့ရဲ့ခံစားချက်လေးတွေ လျှို့ဝှက်ချက်လေးတွေ ဘ၀အနိမ့်အမြင့်တွေကို ဒီဇာတ်ကားမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။   ပရိတ်သတ်ကြီးကိုမေးခွန်းလေးတခုပဲ မေးစရာရှိတာကတော့ လူတယောက်ကိုတသက်လုံး သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့အတွက်က ဘယ်လိုစူပါပါဝါမျိုးတွေ လိုအပ်မှာပါလဲ။
نمایش همه...
👍 1
755.45 MB
What We Forgot to Remember ============================= ဒီတခါတော့ အရှေ့တောင်အာရှဇာတ်ကားလေးဖြစ်တဲ့ ဗီယက်နမ် အချစ်ကားလေး ကိုခံစားကြည့်ကြပါဦး … ဇာတ်လမ်းအကျဉ်းလေးက… လိုအန်ဆိုတဲ့ ဂျာနယ်လစ်မလေးက အလုပ်ကြိုးစားတဲ့ ထက်ထက်မြက်မြက်ကောင်မလေးပါ တနေ့ သူ့အဖေက စိတ်ကျန်းမာရေးဆေးရုံမှာ တက်နေရင်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး ဆေးရုံမှာ မသင်္ကာစရာ ကိစ္စတွေရှိနေတာကို သတိထားမိသွားလို့ ပြသနာရင်းမြစ်ကို စုံစမ်းဖို့လုပ်ပါတော့တယ်။ ဒီမှာ လူမိုက်အဖွဲ့တစ်ခုရှိတယ်…ဘင် ဆိုတဲ့ ကောင်လေးက လူမိုက်အဖွဲ့က အောက်ဆုံးအဆင့် တောက်တိုမယ်ရကောင်လေး…. လိုအန်စုံစမ်းနေတဲ့ ပြသနာကို ဆက်မစုံစမ်းအောင် ဖြဲခြောက်ခိုင်းလိုက်တဲ့ဘင်နဲ့ ထက်မြက်တဲ့လိုအန်တို့ ဘယ်လိုတလွဲတွေနဲ့ ဆုံတွေ့ကြမယ်… ဘယ်လို အချစ်ဇာတ်လမ်းတွေ ဖန်းတီးမိကြမလဲဆိုတာ…။ ဗီယက်နမ်ကားလေးဆိုတော့ ယဉ်ကျေးမှုလဲ သိပ်မကွာသလို ဇာတ်လမ်းလေးကလဲ ကြည့်လို့လဲကောင်းတဲ့အတွက် အချစ်ကားလေးတွေ ကြည့်ချင်နေသူတွေအတွက်တော့ အိုကေ စိုပြေပါပဲဗျာ။
نمایش همه...
👍 1 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.