cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Shwe Phee Myay News Agency

News Company

نمایش بیشتر
پست‌های تبلیغاتی
32 217
مشترکین
+32524 ساعت
+3 3527 روز
+4 21930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

🟢 နမ့်ခမ်း စေလုံးရွာက အမျိုးသားတစ်ဦး ကျွဲ ရှာရင်း မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်‌ လွေးလာဝ်ဇာရ်၊ ဇွန်လ ၃၀ ရက်၊ နမ့်ခမ်း ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ရိုင်းကျေးရွာအုပ်စု စေလုံး‌ရွာက အမျိုးသားတစ်ဦး ကျွဲ လိုက်ရှာရင်း မိုင်းနင်းမိပြီး ခြေတစ်ဖတ် ပြတ်ထွက်သွားပါတယ်။ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် ည‌နေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိတဲ့နေရာဟာ စစ်တပ်စခန်းနဲ့ ၂ မိုင်လောက် ဝေးပြီး ကင်းစောင့်‌တဲ့နေရာနဲ့ နီးတယ်လို့ ကိုယ်တိုင် နင်းမိတဲ့ အမျိုးသားက ပြောပါတယ်။ "ကျနော်တို့က လယ် လုပ်တယ်ဆိုတော့ ညနေရောက်တော့ ကျွဲရှာဖို့ သုံးနာရီခွဲကတည်းက သွားတာ။ သူများလယ်ထဲ ကျွဲ ဝင်မှာဆိုးလို့ သွားရှာတာ။ နှစ်ယောက်သွားတာ သူက အပေါ်တက်တော့ ကျနော်က အောက်ဆင်းသွားတာ။ ဖြတ်သွားတဲ့အချိန် မနင်းမိဘူး။ ကျွဲတစ်ကောင် နင်းထားတာ တွေ့တယ်။ခြေထောက်လည်းပြတ် သွေးတွေချည်းဘဲ။ ‌ကျနော်လည်း လာတဲ့လမ်းအတိုင်း ပြန်မယ်ပေါ့။ ပြန်လှည့်တော့ နင်းမိတာ" မိုင်းနင်းမိတဲ့ အမျိုးသားဟာ ဦးကျန်အေး (၄၇ နှစ်)ဆိုသူဖြစ်ပြီး ၎င်းဟာ လက်ရှိမှာ နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဦးကျန်အေးဟာ မိသားစုဝင် ၅ ဦးအတွက် စားဝတ်နေ‌ရေးကို အဓိက အလုပ် လုပ်ကိုင်တဲ့သူဖြစ်တဲ့‌အတွက်ကြောင့် အခုလို ဖြစ်သွားတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူးလို့ သူက ဆိုပါတယ်။ #ဓာတ်ပုံ- Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay.com
نمایش همه...
😢 47👍 10 4
Photo unavailableShow in Telegram
😢 7👍 3
🟢 ကျပ်ပြင်ရဲစခန်းကို TNLA နဲ့ ပူးပေါင်းတပ် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ မိုးကုတ်အနောက်ပိုင်းက နောက်ဆုံး စစ်တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင် မိုင်းရူပ၊ ဇွန်လ ၃၀ ရက်၊ မိုးကုတ် တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းကို TNLA နဲ့ ပူးပေါင်းတပ်က မနေ့ ဇွန်လ ၂၉ ရက် ည ၅ နာရီဝန်းကျင်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီရဲ့ နောက်ဆုံး တပ်စခန်းဖြစ်တဲ့ ရွှေမြဝင်းတောင်ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေပါတယ်။ မြို့တွင်းထဲနဲ့ မြို့ဘေးပတ်ဝန်းကျင်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို TNLA နဲ့ ပူးပေါင်းတပ်က လိုက်လံ ရှင်းလင်းနေပြီး မြို့ပြင်က နေရာတချို့မှာလည်း တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ စစ်တပ်ဘက်ကလည်း မနေ့ညပိုင်းမှာ ကျပ်ပြင်ရဲစခန်းနဲ့ မြို့တွင်းရပ်ကွက်တွေထဲ ဂျက်လေယာဉ်နဲ့ Y-12 တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သား ထိခိုက်မှုရှိပြီး နေအိမ်တချို့ ပျက်စီးကာ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် TNLA နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay.com
نمایش همه...
👍 49 16😁 2
👍 16 2👏 1
🟢 နောင်ချိုမြို့ထဲ ပိတ်ထားတဲ့ ဈေးဆိုင်တွေ ဖောက်ထွင်းခိုးယူခံနေရ လွေးထွေး၊ ဇွန်လ ၃၀ ရက်၊ နောင်ချို ရှမ်းမြောက် နောင်ချိုမြို့ထဲက ပိတ်ထားတဲ့ ဈေးဆိုင်တွေကို သူခိုးက ဝင်ရောက် ခိုးယူနေတာကို တွေ့နေရတယ်လို့ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို TNLA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာကြောင့် မြို့ခံတချို့က ဈေးဆိုင် ပိတ်သိမ်းပြီး ထွက်ပြေးတိမ်းရှောင်ကြလို့ သူခိုးတွေက ဝင်ရောက် ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူနေပါတယ်။ ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက “သူခိုးတွေက ဒီအချိန်မှာ သူတို့အတွက် အခွင့်ကောင်းဘဲ။ သူတို့က သိတယ် ဘယ်ဆိုင်တွေက တန်ဖိုးကြီးပစ္စည်း ရောင်းတာလဲဆိုတာကိုပေါ့။ အထူးသဖြင့် ဖောက်ခံနေရတာလည်း ဖုန်းဆိုင်၊ ကုန်မာဆိုင်တွေဘဲ” လို့ ပြောပါတယ်။ လက်ရှိ သတင်းရေးသားတဲ့ ဇွန်လ ၃၀ ရက် အထိ နောင်ချိုမြို့နယ်မှာ သူခိုးတွေ ရှိနေပြီး ပူးပေါင်းတပ်နဲ့ TNLA ကလည်း လိုက်လံဖမ်းဆီးချုပ်နှောင်ထားတာ ရှိတယ်လို့ သူက ဆိုပါတယ်။ နောက်ထပ် ဒေသခံ အမျိုးသားက “ဟိုနေ့က ည ၁၁ နာရီဝန်းကျင်မှာ ဈေးတောင်ဘက်က အောင် ဖုန်းဆိုင်ကိုလည်း ဝင်သွားတယ်။ အဲဒါကို တချို့လူထုက သူခိုးလို့ မထင်ကြဘဲ တော်လှန်ရေးတပ်တွေလို့ဘဲ ထင်နေကြတယ်” လို့ ပြောပါတယ်။ အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းကလည်း ညီနောင်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်တဲ့ မြို့နယ်ရှိ ဈေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်းတဲ့ သူခိုးကို TNLA က ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်ထိ နောင်ချိုမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ၆၀၆ ဒုံးတပ်ရင်းစခန်းတစ်ခုသာ ကျန်ရှိနေပြီး TNLA ပူးပေါင်းတော်လှန်ရေးတပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်း အသုံးပြုပြီး ခုခံတိုက်ခိုက်နေပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay.com
نمایش همه...
👍 33 6🤬 6👎 2
🤬 4
🟢 လားရှိုးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရ Gawng Loe Mu, ဇွန်လ ၃၀ ရက်၊ လားရှိုး ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်ဘက်က ဟိုင်ဂင် စာချုပ်ကို ချိုးဖောက်ပြီး ကိုးကန့်တပ်- MNDAA ရှိရာသို့ စတင်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၂ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကိုးကန့်က မနေ့ ဇွန်လ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ မနေ့ ဇွန်လ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်မှာ လားရှိုးမြို့မြောက်ဘက် နမ့်ဖူးယိုင်ရှိ ကိုးကန့်တပ် - MNDAA ရဲ့မဟာမိတ်တပ် ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနယ်မြေကို စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၅၇၉)က စတင်ဝင်ရောက်တိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ၂ နာရီကျော်ကြာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး နံနက် ၁၁ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု မအောင်မြင်တာကြောင့် ဆုတ်ခွါသွားခဲ့လို့လည်း ပါရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လားရှိုးမြို့ ဟိုပိတ်ကျေးရွာ ၁၃ မိုင်အနီးရှိ ကိုးကန့်တပ် - MNDAA မဟာမိတ်တပ်များ ကာကွယ်ရေးနယ်မြေကို လက်နက်ကျည်မျိုးစုံအပြင် ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်တာကို ခံခဲ့ရတာကြောင့် ကိုးကန့်တပ် - MNDAA မဟာမိတ်တပ်ထဲက ရဲဘော် ၂ ဦးကျဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် -MNDAA ၊ တအာင်းတပ်မတော် - TNLA နဲ့ အာရက္ခတပ်တော် - AA တို့နဲ့ အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူစာချုပ်ကို လျစ်လျူရှုပြီး စတင်တိုက်ခိုက်ခဲ့တာကြောင့် ရှမ်းမြောက်ဒေသမှာ စစ်ပွဲတွေပိုမို ပြင်းထန်လာနိုင်တယ်လို့ ကိုးကန့်တပ် - MNDAA ဘက်က ပြောဆိုထားပါတယ်။ ရှမ်းမြောက် လားရှိုးမြို့မြောက်ဘက် နမ့်ဖူးယိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဥ်နဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာလည်း ကိုးကန့်တပ်ဘက်က စတင်ဝင်ရောက်တိုက်ခဲ့တာကြောင့် တုံ့ပြန်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။ လက်ရှိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် - TNLA နဲ့ ဇွန်လ ၂၅ ရက်နေ့ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဒီနေ့နဲ့ဆို ၆ ရက်မြောက်နေ့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဇွန်လ ၂၅ ရက်ကနေ ၂၉ ရက်အထိ တိုက်ပွဲ(၅)ရက်သာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းပေါင်း (၃၀)ခု ထက်မနည်း သိမ်းပိုက်ရရှိထားသလို လက်နက်ချ အညံ့ခံသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိထားကြောင်းကို TNLA က ထုတ်ပြန်ထားပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay https://shwepheemyay
نمایش همه...
👍 87👏 9 6😢 5🥱 3
Photo unavailableShow in Telegram
😢 2👍 1
🟢‌ကျောက်မဲမှာ တိုက်ပွဲခဏငြိမ်နေတာကြောင့် ဈေးထဲမှာလူတွေ ပြန်စည်ကားနေ ဇွန်လ ၃၀ ရက်၊ ကျောက်မဲ သတင်းဓာတ်ပုံ ကျောက်မဲမြို့ထဲမှာ တအာင်းတပ်မတော် (PSLF/TNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ခဏငြိမါသက်နေတာကြောင့် ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ရပ်ကွက် ၁ ဈေးတန်းမှာ လူထုတွေ ပြန်‌လည်စည်ကားနေတာ တွေ့ရပါတယ်။ ဈေးတန်းထဲမှာ ဈေးဆိုင်တွေ အကုန်လုံးမဖွင့်သေးပေမယ့် အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဟင်းသီးဟင်းရွတ်တွေကိုအဓိကထားပြီး အရောင်းအဝယ်လုပ်နေတာကို မြင်တွေ့ရပါတယ်။ ဆက်သုံးဆီတွေကိုတော့ တန်းစီဝယ်ယူနေတာတွေကို တွေ့မြင်ရပြီး မီးပျက်နေတာကြောင့် ရေရတဲ့ နေအိမ်တွေမှာလည်း ရေတွေတန်းစီ ခပ်ယူနေတာတွေ တွေ့မြင်ရပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
نمایش همه...
👍 35 7🙏 2🔥 1
👍 25🔥 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.