Love Story♡
رفتن به کانال در Telegram
437
مشترکین
اطلاعاتی وجود ندارد24 ساعت
-87 روز
-1830 روز
آرشیو پست ها
437
ကျွန်တော်ကလေ
သနားခြင်းထက်
ဂရုဏာထားခြင်းကိုပိုနှစ်သက်တယ်
ပြီးတော့ မုန်းခြင်းထက်
မေ့ပြစ်ခြင်းကိုပိုနှစ်သက်တယ်
သင်တို့ေကာဘာကိုနှစ်သက်ကြလဲခဗျ
437
တိမ်တွေကိုချစ်သောအားဖြင့်
စီးကရက်တွေကိုမြတ်နိုးပါတယ်။
တိမ်တွေဆီကိုယ်မရောက်နိုင်တဲ့အခါ စီးကရက်ငွေ့တွေက
အစားထိုးရာတစ်ခုပေါ့ဗျာ။
#nyein
437
သို့..ခင်
မင်းလေးရယ့်အပြုံးအောက်မှာ ကိုယ်ကျရှုံးနေပီကွယ်
ကိုယ့်အဖြစ်ကလေ..စစ်မရောက်ခင်မြှားကုန်နေတယ့်စစ်သည်လိုပါဘဲ
စချစ်ကတည်းက ကိုယ့်နှလုံးသားကခင့်အတွက်ပါ ခင်ရယ်..
#Leo
437
ဒီလိုမိုးရာသီထဲ ရန်ကုန်က လမ်းတွေပေါ်
ငါတို့ခြေရာထပ်ခဲ့တဲ့ ညတွေ
မင်းပြန်လွမ်းနေမလား အသက်ငယ်
ဝေးရတာသေချာသိပြီဆိုပေမဲ့လည်း
ပြန်ဆုံနိုင်မလား တောင်းဆုချွေသလိုပေါ့
ငါတို့တရက်တော့ ပြန်ဆုံမှာပါ။
မင်းမဂ်လာဆောင်မဟုတ်ရင်
ကိုယ့်နာရေးပေါ့ အသက်ရယ်။
#nyein
437
တယောက်ထဲကို အကြာကြီးထိ စောင့်ဖူးကြလား။
အချိန်တွေပေးပြီး စောင့်ခဲ့ပေမဲ့ သူလိုချင်တာ လွတ်လပ်တာ ဆိုလို့
အဲ့လွတ်လပ်မှုကို စိတ်လိုလက်ရ ပေးခဲ့တာ ပဲကို
ဘာကြောင့်များ ဒီထက်ပိုဝေးတဲ့ဖြစ်ရပ်တွေကို တွန်းပို့ကြတာလဲ
တချိန်ကျ ပြန်ဆုံခဲ့ရင် ဟင့်အင်း
ပြန်မဆုံနဲ့တော့ ခများရှိမဲ့ နေရာတိုင်းကို ဘယ်တော့မှ မလာတော့ဘူး
ကျုပ်သွားချင်ဆုံး ရှမ်းတောင်တန်း
နဲ့အတူ ခများကိုမေ့ပစ်လိုက်ပြီ။
ကျုပ်မေတ္တာတွေ ခများ အပေါ် စစ် ခဲ့ရင်
ခများချစ်ရတဲ့သူနဲ့ အကြိမ်ကြိမ် လွဲပါစေ။
#owner
437
ငါတို့ ဆုံတွေ့ခဲ့တဲ့ ဒီခဏလေးက
အမှတ်တရ ကောင်းတွေ ဖန်တီး ဖို့
အချိန် လုံလောက်ခဲ့တယ်မလား
#nyein
437
သေချင်တာများ
ရင်းလိုက်စမ်းပါ နှလုံးသားကိုတဲ့
ဟုတ်လဲမဟုတ်ဘူး
ဘယ်မှာသေခဲ့လို့လဲ ဆရာရယ်
ကျုပ်ဖြင့် 4နှစ်လောက် အသက် နေခဲ့သေးတာပဲ
#nyein
437
Repost from N/a
Here's ur perfect 😅
No matter what I do 🤣
အကောင်းဆုံးတွေပဲ လိုချင်ခဲ့တဲ့သူကို
အကောင်းဆုံးကြိုးစားပြခဲ့ပါတယ်
ဒါပေမဲ့ မင်း လိုချင်တာ
ငါမဟုတ်ခဲ့ တော့လည်း
လက်လွှတ်လိုက်တာက မင်းအတွက် အကောင်းဆုံး ဖြစ်မှာပါ။
#nyein
437
ချစ်တယ်ပြောတာ
ပန်းတွေပေးတာပဲအချစ်ရဲ့
မွှေးပျံ့စေလိုခြင်း
ချမ်းမြစေလိုခြင်း
ကြည်သာစေလိုခြင်းတွေပေါ့
ဒီလိုလေ
ပန်းတွေပေးတယ်ဆိုတာလဲ
ချစ်တယ်ပြောတာပါပဲ။ ။
-နွေအိမ်မောင်ဝင်း
#crd_to_owner_respect
437
Only two souls know perfection the one resting in silence, and the one waiting to breathe its first
437
အချိန်တန်လို့ ကိုတို့ဆုံဖြစ်ခဲ့ရင်
ကိုယ်ပြန်ပြောပြမဲ့ ဇာတ်လမ်းတွေထဲမှာ
ကိုသိပ်ကိုမှမြတ်နိုးရတဲ့မင်းအကြောင်းနဲ့
သိပ်လှပတဲ့ကိုယ့်တို့ရဲ့ရှမ်းမြေ
ကတော့ မပါမဖြစ်ပြန်ပြောပြရမဲ့ အမှတ်တရတွေအဖြစ် တည်ရှိနေမှာပါ....
#Yatu_owner
437
ဒါနဲ့အကိုရေ ကျနော်တို့ ဘယ်ချိန်ဆိုရင်
တွေ့ဖြစ်မလဲဗျာ။
ကျနော် အကို့နဲ့ ဆုံချင်တယ်။
မသိရသေးတဲ့ အသစ်"သောခရီးလမ်းတွေမှာ အကို နဲ့တူတူ တပါးထဲ သွားချင်ပါတယ်။
တမိုးအောက်မှာဖြေမဆည်နိုင် နီးပြီးရင်းနီးချင်သူနဲ့ ဝေးပြီးရင်း ဝေးကြတဲ့အဖြစ်တွေကနေ ကင်းလွတ်ရပါလို၏ အကို။
#owner
437
Repost from Мысли Марии
ချစ်မျိုးသမီးငယ်သို့
ဟဲ့မျိုးသမီးငယ် ချစ်စဖွယ်
ငါသည်သင်မဟုတ် စိတ်မယုတ်။
ဟဲ့မျိုးသမီးငယ် ချစ်စဖွယ်
ရန်ငြိုးဖက်နွယ် မုတာမပွား
ကျီးလိုစိတ်ထား ငါမထား
ငါသည်သင်မဟုတ် စိတ်မယုတ်။
ဟဲ့မျိုးသမီးငယ် ချစ်စဖွယ်
နတိမလည် သတင်းနားခါး
ကြွက်လိုစိတ်ထား ငါမထား
ငါသည်သင်မဟုတ် စိတ်မယုတ်။
ဟဲ့မျိုးသမီးငယ် ချစ်စဖွယ်
လင်များသူကြွယ် ခိုကပ်လို့စား
မျှော့လိုစိတ်ထား ငါမထား
ငါသည်သင်မဟုတ် စိတ်မယုတ်။
ချစ်မျိုးသမီးငယ် နားစင်မှတ်လော့
သာလိုဆန္ဒ ရှိကာစေတော့
စာရိတ္တပျက် စိတ်ပုပ်ထားက
ငါ့လိုသူစင် ဘယ်မီမလဲ
အလင်းမြင်လို့ ပြင်စေသတည်း။
-ခင်မာလာရီ
437
ဆုတော့မတောင်ပေးလိုက်တော့ပါဘူး....
ဒါပင်မဲ့တစ်ခုတော့မှာခြင်တယ်....
ကျွန်ပ်မလိုလူမျိုးရှင်ထက်မရှာပါနဲ့....
မတွေ့နိုင်တော့ဘူးးးး
ကျွန်ပ်မရှိမှာလည်းမရှိတော့ဘူးးးးး🙂
437
တယောက်ထဲ နေနိုင်တယ်
ဟစ်ကြွေးပြီး ကာမှ
မနေနိုင်တော့ နှစ်ခါအရှက်ကွဲရတယ် အကိုရယ်
ကျနော် အကို့ကို လွမ်းနေပါတယ်ဗျာ....
#nyein
437
ကိုယ်ပျိုးတဲ့ပန်းကိုယ့်ကြောင့်ညိုးနွမ်းချိန်မှာ တန်ဖိုးထားသူ တယုတယ တဖန်ပြန်ပျိုးကာမှ
ဒါငါ့အပိုင်လို့ နာမည် တပ်ပိုင်ခွင့်မရှိတော့ဘူးနော်.....
#nyein
437
စစ်ကြီးပြီးသွားရင် ခန်းစီး အသစ်တွေ လဲကြတာပေါ့
မဆုံနိုင်စရာအကြောင်းမှမရှိတာ
အကိုရဲ့
ဘယ်ကိုပဲမော့ကြည့်မော့ကြည့်
ဒီကောင်းကင် ကြီးအောက်
ကျနော် တို့ရှိသားပဲ
ဖြေသိမ့်န်ိုင် ရင် တမိုးအောက်ထဲ ကျနော်တို့ နီးကြပါတယ်။
#nyein
437
ကိုယ်ကရော ကိုယ်သဘောကျတဲ့သူ ရှိလို့မရဘူး လားတဲ့။
အဲ့စကားကြားလိုက်ရတဲ့အခါ ကိုယ် တကယ် ဆွံ့အသွားတာ
ငါမှားပြီပေါ့ အဲ့လိုမျိုး
ငါသူ့ကို အတ္တကြီးမိပြီဆိုပြီး
တောင်းပန်ခဲ့တယ်။
ပြီးတော့ အဝေးကပဲအေးဆေး
ငေးကြည့်တော့တယ်။မမြင်ရလဲဘာဖြစ်လဲ။ကိုယ့်မှတ်ဉာဏ်တွေထဲ သူရှိသားပဲ။
ဒီလိုနဲ့ပဲ အဲ့ နာမ်စားလေးကိုခေါ်ခွင့်မရတော့သလို အဲ့လူသားလေးနဲ့လဲ
ထပ်မဆုံဖြစ်တော့ပါဘူး။
#nyein
437
အဲ့လိုပဲ ဖြစ်မှာ
ကိုယ်က မျှော်နေကြောင်းပြောပြတော့
သူက တဖက်ကို ငဲ့ကြည့်ရင်း တခြားသူကို စိတ်ထဲ ပဲရှိကြောင်း ပြောခဲ့တယ်
သူပြောခဲ့သလိုပဲ ကိုယ်ဟာ ဝဋ်ကြွေးတွေ ကြီးလွန်းပါတယ် ကွာ …..
#nyein
