cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

نمایش بیشتر
پست‌های تبلیغاتی
10 605
مشترکین
+524 ساعت
+1387 روز
+58930 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
နွေဦးနဲ့အတူ အောင်ပွဲခံမယ့်အညာ
………………… မြန်မာ့နွေဦးတော်လှန်ရေးဟာ သက်တမ်းအားဖြင့် ၃နှစ် စွန်းစွန်းရှိလာပါပြီ။ စကားအားဖြင့်ပြောကြရာမှာ သုံးနှစ်ကြီးတောင်ရှိလာပြီလို့ပြောမလား သုံးနှစ်စွန်းစွန်းရှိလာပြီလို့ ရိုးရိုးပဲ ပြောမလားဆိုတာက တော်လှန်ရေးအပေါ်အမြင်နဲ့ တော်လှန်ရေးများနဲ့ပါတ်သက်တဲ့ ဗဟုသုတတွေနဲ့ဆိုင်ပါတယ်။ တဘက်ကပြောရင် တော်လှန်ရေးအပေါ် အကောင်းမြင်နဲ့ ကြည့်တာလား အဆိုးမြင်နဲ့ ကြည့်တာလားဆိုတာနဲ့ သက်ဆိုင်နေတာဖြစ်တယ်။ ဒါ့အပြင် တော်လှန်ရေးအတွင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို မှန်မှန်ကန်ကန်မြင်ပြီး မှန်မှန်ကန်ကန်သဘောထားကြမလားဆိုတာနဲ့ တစုံတယောက် တစုတဖွဲ့ကို တိုက်ခိုက်လိုစိတ်နဲ့ အလွန်အကျွံဇာတ်နာပြကြမလားဆိုတာကလဲ တော်လှန်ရေးအပေါ် အမြင်တွေနဲ့ ဆိုင်တာဖြစ်ပါတယ်။ တကယ်တော့ လက်ရှိမြန်မာ့တော်လှန်ရေးဟာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ တော်လှန်ရေးမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ၃လ အကြာကစလို့ လက်နက် ကိုင်ပုန်ကန်မှုတွေစဖြစ်ခဲ့တာပါ။ KNDO တပ်တွေဆိုရင် လွတ်လပ်ရေးမရခင်ကတည်းက တဖွဲဖွဲတောခိုနေကြတာပါ။ အဲတော့ ၄၈ ခုနှစ်ဆန်းပိုင်းစတဲ့ အယူဝါဒရေးအရရော လူမျိုးရေးအရပါဖြစ်တဲ့ လက် နက်ကိုင်ပေါင်းစုံတော်လှန်ရေးတွေ ကြီးထွားလာလိုက်တာ ၄၉ အကုန်လောက်မှာ ရန်ကုန်အစိုးရလို့ခေါ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၅၁ခု အကုန်လောက်ကျတော့ အစိုးရတပ်ကအသာစီးပြန်ရပြီး ရွေးကောက်ပွဲကို အသုတ်လိုက်ခွဲ ကျင်းပနိုင်တဲ့ အခြေအနေရောက်သွားခဲ့တာဖြစ်တယ်။ အဲဒီအချိန်က နယ်မြေစိုးမိုးမှု၊ မြို့တွေသိမ်းပိုက်နိုင်မှု တော်လှန်သူများရဲ့ လက် နက်ကိုင်အင်အား စတာတွေကို အခုနွေဦးတော်လှန်ရေး နဲ့ ယှဥ်ကြည့်ရင် များစွာကွာခြားနေတာတွေ့ရမှာပါ၊ မအလ အကြံပေးများက ၄၈၊ ၄၉ တုန်းကလို ရွေးကောက်ပွဲကို အသုတ်လိုက်ခွဲပြီး ကျင်းပနိုင်မလားစိတ်ကူးယဥ်ခဲ့ကြပေမယ့် လက်တွေ့မှာ ရွေးကောက်ပွဲနေနေသာသာ နေပြည်တော်ကနေတောင် ဘယ်အချိန်ခေါင်းနဲ့ဆင်းပြေးရမလဲ မသေခြာတဲ့ ဘဝရောက်နေတာပါ။ တော်လှန်ရေးအပေါ်ယုံကြည်မှု နည်းကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့က အရင်က ရွေးကောက်ပွဲမျှော်ခဲ့ကြပေမယ့် အခုတော့ ပြောသံသိပ်မကြားရတော့ပါဘူး။ ဒါက မအလစိတ်ကူးယဥ်ထားတဲ့ ရွေးကောက်ပွဲအကြောင်းပြောလိုတာကြောင့်မဟုတ်ပါဘူး၊ ၄၈၊၄၉ အခြေအနေနဲ့မတူတာကိုပြောလိုတာပါ။ ဆက်လက်ဖတ်ရှု.ရန်⏺
نمایش همه...
👍 2💯 2🫡 1
00:06
Video unavailableShow in Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၆ရက် ရှိပြီဖြစ်
မေလ 3️⃣1️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
نمایش همه...
❤‍🔥 2🔥 2🫡 2👍 1
00:48
Video unavailableShow in Telegram
The News of 🔤🔤🔤🔤🔤🔤
မေလ 3️⃣0️⃣ရက် 📍ရန်ကုန် ©အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိ ■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ ➡️ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ ကျပ်အကြားသို ရောက်ရှိပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိပြီဖြစ်ကြောင်း ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလက်ကြီးဒိုင်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။ အလားတူ ရွှေစျေးနှုန်းမှာလည်း စတင်ဖွင့်ချိန်တွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၄ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ၅၈ သိန်း ၈ သောင်းခွဲစျေးသို ရောက်ရှိလာကြောင်း၊ သိုရာတွင် ရွှေတုံးရောင်းချသူများအားလုံး အရောင်းအဝယ် ရပ်နားထားကြောင်း သိရှိရသည်။ "အရောင်းအဝယ်တွေတော့ ရပ်နေပါတယ်။ စျေးကတော့ ဖွင့်ထားတယ်။ ဒီညနေအထိတော့ အတက်ပဲမြင်ပါတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။ လက်ရှိတွင် ရွှေကုန်သည်အများစုမှာ ဖမ်းဆီးခံရမည်စိုးရိမ်၍ လုပ်ငန်းရပ်နားပြီး ဖုန်းပိတ်ထားမှုများလည်း ရှိနေကြောင်း သိရှိရသည်။ ©KTM 📍ရန်ကုန် ©အမေရိကန်ဒေါ်လာစျေးနှုန်း အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ခုကို ပိတ်ပင်ဟု စစ်ကောင်စီဗဟိုဘဏ်ပြော ■ အဖမ်းအဆီးသတင်းများကြောင့် မြန်မာကျပ်ငွေစျေး အနည်းငယ်ပြန်တက် ➡️ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းများ အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ကို ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။ USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတိုအား ပိတ်သိမ်းလိုက်ကြောင်း၊ ထိုပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။ ဆက်လက်ဖတ်ရှု.ရန်⏩⏩⏩
نمایش همه...
👍 2🔥 2
#️⃣Breaking News☄️အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိ ■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ https://t.me/kyimyindaingnetworks/40739 #️⃣တောင်သာမြိုနယ်၊ မကြီးပင်တဲရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား၅ ဦးသေဆုံး (ရုပ်/သံ) https://t.me/kyimyindaingnetworks/40740 #️⃣မတ္တရာမြိုနယ်၊ ငါးလုံးပြွန်ရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် https://t.me/kyimyindaingnetworks/40741 #️⃣စစ်အာဏာသိမ်း (၁၂၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၆၀) ဦးအထိရှိလာ https://t.me/kyimyindaingnetworks/40742 #️⃣မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ခရိုင်ရုံးကို CDF-Matupi တပ်မဟာ ၂၊ Vakok တပ်ရင်းက တိုက်ခိုက်သိမ်းပိုက်၊ ▪️စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်ပြေး https://t.me/kyimyindaingnetworks/40743 #️⃣ဟုမ္မလင်းမြိုနယ်ရှိ ကျေးရွာလေးရွာမှ အကြမ်းဖက်စစ်ကောင်စီနှင့် SNA ပူးပေါင်းစခန်းများကို PDFများ တိုက်ခိုက်သိမ်းပိုက် https://t.me/kyimyindaingnetworks/40747 #️⃣Flash News⚡️ မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ https://t.me/kyimyindaingnetworks/40748 #️⃣ရွှေဘိုမြိုနယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲများ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင် စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား (ရုပ်/သံ) https://t.me/kyimyindaingnetworks/40749 #️⃣ဒီပဲယင်း၊ ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့်အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် အကြမ်းဖက် စစ်တပ်များ တပ်စွဲထားတဲ့နေရာတွေကို ဗုံးသီး ၁၀ လုံးကြဲချ တိုက်ခိုက် https://t.me/kyimyindaingnetworks/40750 #️⃣ဂန့်ဂေါမြိုနယ်၊ မြောက်ခင်ရန်းရွာရှိ အကြမ်းဖက်ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်(ရုပ်/သံ) https://t.me/kyimyindaingnetworks/40757 #️⃣မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ https://t.me/kyimyindaingnetworks/40758 #️⃣လူငယ်သင်တန်းကျောင်း အမည်ခံ ထောင်များတွင် အသက်မပြည့်သော လူငယ် နိုင်/ကျဉ်းများနှင့် အခြား လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ https://t.me/kyimyindaingnetworks/40760 #️⃣VPN ​တွေအပိတ်ခံရရင် ဘယ်လို​ကျော်လွှားမလဲ? https://t.me/kyimyindaingnetworks/40762 #️⃣NLD နာယက ဦးတင်ဦး ကွယ်လွန်သည်မှာ သတင်းမှားသာဖြစ်။ မင်းဘူးမြို၌ ကွယ်လွန်သွားသော အမည်တူပုဂ္ဂိုလ်တစ်ဦးနှင့် ပုံမှားရိုက်နေ https://t.me/kyimyindaingnetworks/40763 #️⃣Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/40766 #️⃣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/40767 #️⃣Up To Date🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦးသေဆုံး https://t.me/kyimyindaingnetworks/40768
نمایش همه...
Kyimyindaing Networks

Breaking News☄️အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိ ■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ မေလ 3️⃣0️⃣ရက် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ ကျပ်အကြားသို ရောက်ရှိပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိပြီဖြစ်ကြောင်း ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလက်ကြီးဒိုင်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။ "ဒီမနက် ဒေါ်လာအဖွင့်က တစ်ဒေါ်လာကို ၄၉၁၀ နဲ့ ၅၀၁၀ အကြားမှာရှိပါတယ်။ ၅၀၀၀ ရောက်သွားပြီလို ပြောလိုရတယ်။ အဝယ်အရောင်း ရပ်နေတယ်။ တ ကယ် လိုတဲ့သူ ၊ တကယ်ရောင်းမယ့်သူ ချိတ်ဆက်ရောင်းတာရှိတယ်။ စျေးကွက်မှာ ပေါ်ပေါ်တင်တင် မရောင်းရဲကြဘူး။ တစ်ဒေါ်လာကို ၅၀၀၀ တော့ ရောက်သွားပါပြီ" ဟု နိုင်ငံခြားငွေ လက်ကြီးဒိုင်တစ်ဦးက ဆိုသည်။ အလားတူ ရွှေစျေးနှုန်းမှာလည်း စတင်ဖွင့်ချိန်တွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၄ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ၅၈ သိန်း ၈ သောင်းခွဲစျေးသို ရောက်ရှိလာကြောင်း၊ သိုရာတွင် ရွှေတုံးရောင်းချသူများအားလုံး အရောင်းအဝယ် ရပ်နားထားကြောင်း သိရှိရသည်။ "အရောင်းအဝယ်တွေတော့ ရပ်နေပါတယ်။ စျေးကတော့ ဖွင့်ထားတယ်။ ဒီညနေအထိတော့ အတက်ပဲမြင်ပါတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။ လက်ရှိတွင် ရွှေကုန်သည်အများစုမှာ ဖမ်းဆီးခံရမည်စိုးရိမ်၍ လုပ်ငန်းရပ်နားပြီး ဖုန်းပိတ်ထားမှုများလည်း ရှိနေကြောင်း သိရှိရသည်။ #KhitThitMedia #KyimyindaingNetworks

🔥 2👍 1
#️⃣Breaking News☄️အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိ ■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ https://t.me/kyimyindaingnetworks/40739
نمایش همه...
Kyimyindaing Networks

Breaking News☄️အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိ ■ ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ မေလ 3️⃣0️⃣ရက် ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ ကျပ်အကြားသို ရောက်ရှိပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို ရောက်ရှိပြီဖြစ်ကြောင်း ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလက်ကြီးဒိုင်တချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။ "ဒီမနက် ဒေါ်လာအဖွင့်က တစ်ဒေါ်လာကို ၄၉၁၀ နဲ့ ၅၀၁၀ အကြားမှာရှိပါတယ်။ ၅၀၀၀ ရောက်သွားပြီလို ပြောလိုရတယ်။ အဝယ်အရောင်း ရပ်နေတယ်။ တ ကယ် လိုတဲ့သူ ၊ တကယ်ရောင်းမယ့်သူ ချိတ်ဆက်ရောင်းတာရှိတယ်။ စျေးကွက်မှာ ပေါ်ပေါ်တင်တင် မရောင်းရဲကြဘူး။ တစ်ဒေါ်လာကို ၅၀၀၀ တော့ ရောက်သွားပါပြီ" ဟု နိုင်ငံခြားငွေ လက်ကြီးဒိုင်တစ်ဦးက ဆိုသည်။ အလားတူ ရွှေစျေးနှုန်းမှာလည်း စတင်ဖွင့်ချိန်တွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၄ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ၅၈ သိန်း ၈ သောင်းခွဲစျေးသို ရောက်ရှိလာကြောင်း၊ သိုရာတွင် ရွှေတုံးရောင်းချသူများအားလုံး အရောင်းအဝယ် ရပ်နားထားကြောင်း သိရှိရသည်။ "အရောင်းအဝယ်တွေတော့ ရပ်နေပါတယ်။ စျေးကတော့ ဖွင့်ထားတယ်။ ဒီညနေအထိတော့ အတက်ပဲမြင်ပါတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။ လက်ရှိတွင် ရွှေကုန်သည်အများစုမှာ ဖမ်းဆီးခံရမည်စိုးရိမ်၍ လုပ်ငန်းရပ်နားပြီး ဖုန်းပိတ်ထားမှုများလည်း ရှိနေကြောင်း သိရှိရသည်။ #KhitThitMedia #KyimyindaingNetworks

👍 1
Photo unavailableShow in Telegram
🩸🩸🩸🅰️ Headline News
မေလ 3️⃣🅾️ရက် #️⃣အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၅ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/40724 #️⃣တောင်ဥက္ကလာတွင် တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ ■ မြောက်ဒဂုံ၊ အရှေ့ဒဂုံနှင့်တောင်ဒဂုံတိုတွင်လည်း ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားရ https://t.me/kyimyindaingnetworks/40725 #️⃣နတ်မောက်မြိုနယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီး https://t.me/kyimyindaingnetworks/40726 #️⃣မုံရွာမြိုနယ်၊ မုံရွေးကျေးရွာတိုးဂိတ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၃ဦးသေဆုံး https://t.me/kyimyindaingnetworks/40727 #️⃣ဗန်းမောက်မြိုတွင်တာဝန်ကျနေသည့် အကြမ်းဖက်စစ်ကောင်စီ​၏ တပ်မ (၇၇)လက်အောက်ခံ ခမရ(၈)မှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ https://t.me/kyimyindaingnetworks/40728 #️⃣တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲအားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိင်က သတ်မှတ်ဟု အမိန့်ထုတ် ■ စစ်ကောင်စီတပ်ဖွဲဝင်အားလုံးအတွက် အရေးပေါ် အခြေအနေ အသင့်ပြင်ရန် ကြေညာမှုဟုဆိုနိုင် https://t.me/kyimyindaingnetworks/40730 #️⃣နိုင်ငံခြားဝင်ငွေ နည်းပါးနေသည့် စစ်ကောင်စီက ရှေးယခင်ကုန်သွယ်ရေးနည်းလမ်းဖြစ်သော ကုန်ပစ္စည်းချင်း ဖလှယ်သည့်ကုန်သွယ်မှု စနစ် BAT စတင်ကျင့်သုံးရန် ညွှန်ကြား https://t.me/kyimyindaingnetworks/40731 #️⃣ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲစည်း ▪️စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသည့်ဒေသ၌ တပ်မဟာ(၁၁)ကို အသစ်ဖွဲစည်းခဲ့ခြင်းဖြစ်ဟုဆို https://t.me/kyimyindaingnetworks/40732 #️⃣စစ်ဆင်ရေး သတင်းထုတ်ပြန်ချက် - Operation Flame (OF) https://t.me/kyimyindaingnetworks/40733 ဆက်လက်ဖတ်ရှု.ရန်🩸🩸🩸
نمایش همه...
👍 1
Photo unavailableShow in Telegram
🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦးသေဆုံး
မေလ 🔤🔤ရက် မြန်မာနိုင်ငံတစ်ဝန်း မေလ ၃၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲများ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် အကြမ်းဖက်စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲများ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KhitThitMedia #KyimyindaingNetworks
نمایش همه...
👍 3🫡 2👏 1
Photo unavailableShow in Telegram
We Are 🌷🔤🔤🔤🌷🔤🔤🌹
တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ မေလ 3️⃣0️⃣ရက် 🌷စစ်ကိုင်းတိုင်းရှိ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့် မရခဲ့သည့် ကျေးရွာ ၇ ရွာသို သွားရောက်၍ တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တိုက ဆေးကုသစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။ 🌷ဆားလင်းကြီးမြိုနယ်တွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆားလင်းကြီးမြိုနယ်- လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲက လိုအပ်သော ရိက္ခာ၊ ရေအလှူ၊ ထမင်းနှင့်ဟင်းများကို နေ့စဉ် ထောက်ပို လှူဒါန်းနေကြကြောင်း သိရသည်။ 🌷ဆားလင်းကြီးမြိုနယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။ 🌷မကွေးတိုင်း၊ စလင်းမြိုနယ်၊ ကင်မွန်းခြုံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် Mission 21 - Magway တိုမှ လူသားချင်းစာနာမှု အကူအညီများ နှင့် အဟာရကျွေးမွေးခြင်းများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Kamlaat-Kayah IDPs Assistance Network (ကမ်းလက်) အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ 🌷ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများအား Clean Yangon အဖွဲမှ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သင်တန်းများပြန်လည်ပိုချပေးခြင်း၊ကလေးငယ်များအား စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ #Together #KyimyindaingNetworks
نمایش همه...
2👍 1🥰 1🫡 1
Photo unavailableShow in Telegram
Today’s People 🔤🔤🔤🔤🔤🔤
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ မေလ 3️⃣🔤ရက် ⭐️ယင်းမာပင်မြို့နယ်ရဲ့ "နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "CHINA ; Stop trying to operate Myanmar Wanbo and Myanmar Yang Tse Copper Limited" ဆိုတဲ့ စာသား ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါသည်။ ⭐️တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲတွင် အာဏာရှင်ဆန်သမျှ တာဝန်အရဆန့်ကျင်ကြရန်၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် လူထုတိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းလှုဆော်သည့် အနေနှင့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ⭐️ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က ဒီနေ့မှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးအဖြစ်နဲ့ ချီတက်ဆန္ဒပြ ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေး မှုတွေနဲ့ ချီတက်ဆန္ဒပြ လှည့်လည်ခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှု ကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို နေ့စဉ်ပြု လုပ်နေကြပါသည်။ #PeopleStrike #KyimyindaingNetworks
نمایش همه...
👍 2 2🫡 2❤‍🔥 1
Photo unavailableShow in Telegram
⚠️ အထူးသတိပြုရန် ⚠️ 📌 လက်ရှိအခြေအနေတွင် VPN နှင့်ချိတ်ဆက်၍ မရသောကြောင့် VPN ပေါင်းများစွာကို Download ဆွဲ၍ အသုံးပြုနေရသည့် အနေအထားဖြစ်နေပါတယ်။ ❌ ဒီချိန်မှာ လူတိုင်းက ဟိုဟာလေးရတယ် ဒီဟာလေးကောင်းတယ်ဆိုပြီး အချင်းချင်း ညွှန်းဆိုနေကြတာတွေလဲ အခြေအနေအရ ရှိနေတာမို့ အထူးသတိပေးလိုတာက တွေ့ကရာ VPN တိုင်းကို Download ဆွဲတာမျိုးနဲ့ လူတိုင်းလိုအပ်နေတာကို အသုံးချပြီး မသမာတဲ့လူတွေက VPN ဆိုပြီးချပေးတဲ့ Link တွေကို အလွယ်တကူ မနှိပ်ဖို့ လိုအပ်ပါတယ်။ ❌ ဒီအချိန်ကို အခွင်ကောင်းယူပြီး Phishing တွေ , အွန်လိုင်းလိမ်လည်မှု တွေကို လုပ်ဖို့ စောင့်နေကြမှာ အသေချာမို့ အထူး အထူး ❗️ သတိထားပြီးမှ Software တွေကို Down ပါ ။ link တွေကို Virustotal လို link စစ်လို့ရတဲ့နေရာမှာ စစ်ပေးပြီး စိတ်ချရမှ နှိပ်ဖို့ မှာချင်ပါတယ်။ 📣 နောက်ရက်တွေမှာ ဒီလိုအခြေအနေကို ဆက်လက်ကြုံတွေ့နေရဦးမယ်ဆိုရင် သုံးလို့အဆင်ပြေတဲ့ VPN တွေကို အမြဲမပြတ် ဆန်းစစ်ပြီး မျှဝေပေးပါဦးမယ်....
نمایش همه...
👍 14👌 4❤‍🔥 1