fa
Feedback
HELLO YDB

HELLO YDB

رفتن به کانال در Telegram

Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။

نمایش بیشتر
3 591
مشترکین
-224 ساعت
-87 روز
-1830 روز
آرشیو پست ها
ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရင်း "ငါနည်းပြ ဝင်လုပ်ရင်တောင် ဒီထက်ကောင်းအုံးမယ်ဆို" တဲ့သူတွေအတ
ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဘောလုံးပွဲတစ်ပွဲကို ကြည့်ရင်း "ငါနည်းပြ ဝင်လုပ်ရင်တောင် ဒီထက်ကောင်းအုံးမယ်ဆို" တဲ့သူတွေအတွက် စမ်းကို စမ်းကြည့်သင့်‌တာပဲဖြစ်ပါတယ်။ ဒီဂိမ်းက တခြားဘောလုံးဂိမ်းတွေလို Joystick ကိုင်ပြီး ကစားသမားတွေကို ထိန်းချုပ်ရတဲ့ Action ဂိမ်းမျိုးတော့ မဟုတ်ပါဘူး။ Football Management Simulation စစ်စစ်မလို့ မင်မင်တို့ အားလုံးသိထားတဲ့ FM ဂိမ်း‌တွေလိုမျိုး စာတွေအများကြီးဖတ်ပြီး ခေါင်းစားရတာမျိုးလည်း မဟုတ်ပါဘူး။ SEGA တို့ရဲ့ နာမည်ကျော် SakaTsuku ဆိုတဲ့ Let's Make a Professional Soccer Club စီးရီးရဲ့ Soul ကို အခြေခံထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ Strategy ခင်းလို့ကောင်းတဲ့ Vibe မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။ 𝐒𝐄𝐆𝐀 𝐅𝐎𝐎𝐓𝐁𝐀𝐋𝐋 𝐂𝐋𝐔𝐁 𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍𝐒 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 / 𝐏𝐒𝟓 / 𝐏𝐒𝟒 ) ========================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7.0 + ◈ 𝐑𝐚𝐦 = 4 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 800 MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2.0 GB+ ◈ 𝐒𝐎𝐂 = Snapdragon 660 + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Online Required ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/sega-football-club-champions.html?m=1

ငိုရတာမှ နှာတွေပိတ်၊ မျက်လုံးတွေစပ်ပြီး ခေါင်းတွေ ကိုက်တဲ့အထိပဲ။ ဒီလောက်အထိ Emotional ပေးနိုင်တဲ့ ဂိမ်းကို ပထမဆုံးမြင်ဖူးတာမဟ
ငိုရတာမှ နှာတွေပိတ်၊ မျက်လုံးတွေစပ်ပြီး ခေါင်းတွေ ကိုက်တဲ့အထိပဲ။ ဒီလောက်အထိ Emotional ပေးနိုင်တဲ့ ဂိမ်းကို ပထမဆုံးမြင်ဖူးတာမဟုတ်ပေမယ့် ဒီဂိမ်းကတော့ ထူးထူးခြားခြား လူသားတိုင်း မလွဲဧကန်ကြုံတွေ့ရနိုင်တဲ့ အခြေနေတစ်ခုကို ပုံဖော်ထားတာမလို့ ရင်ဘက်ကြီးနဲ့ ခံစားတဲ့သူတွေက ရှိုက်ကြီးတငင်ငိုရမှာဖြစ်ပြီး၊ ပုံမှန်ဆော့တဲ့သူတွေကတော့ မငိုပဲ မျက်ရည်တွေ စီးကျနေမှာပဲဖြစ်ပါတယ်။ Before Your Eyes ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) ============================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0 + ◈ 𝐑𝐚𝐦 = 3 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.4 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.4 GB ◈ 𝐒𝐎𝐂 = Snapdragon 7 Series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/before-your-eyes.html?m=1 ( Apk Only မလို့ Install တင် ကစားရုံပါပဲ )

Hollow Knight တို့၊ Ori and the Blind Forest တို့လို Art Style ရှယ်လှပြီး ဆော့ရတာ စိန်ခေါ်မှုရှိတဲ့ Vibe မျိုးနဲ့ Castlevania
Hollow Knight တို့၊ Ori and the Blind Forest တို့လို Art Style ရှယ်လှပြီး ဆော့ရတာ စိန်ခေါ်မှုရှိတဲ့ Vibe မျိုးနဲ့ Castlevania လိုမျိုး မြေပုံအနှံ့ လျှို့ဝှက်ချက်တွေ လိုက်ရှာရတာကို သဘောကျတဲ့သူတွေရှိလား ? ဒါဆိုရင်တော့ ဒီနေ့ မင်မင်ပြေပြမယ့် Afterimage ဆိုတဲ့ ဂိမ်းလေးက Visual Art နဲ့တင် မျက်လုံးအေးပြီး အချိန်ပေးရတာ တန်တာကြောင့် ကစားကို ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။ Afterimage ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) ========================= ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 5.1 + ◈ 𝐑𝐚𝐦 = 4 GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.13 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2 GB ◈ 𝐒𝐎𝐂 = Snapdragon 7 series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/afterimage.html?m=1 ( Apk Only မလို့ Install တင်ပြီး တန်းကစားရုံပါ )

Sekiro လို Parry ခုတ်ရတာကြိုက်ပြီး Hades လိုမျိုး သေလိုက် ရှင်လိုက်နဲ့ အားမရမချင်း ဆော့ရတဲ့ Vibe မျိုးကို တရုတ်သိုင်းလောက Wux
Sekiro လို Parry ခုတ်ရတာကြိုက်ပြီး Hades လိုမျိုး သေလိုက် ရှင်လိုက်နဲ့ အားမရမချင်း ဆော့ရတဲ့ Vibe မျိုးကို တရုတ်သိုင်းလောက Wuxia ပုံစံနဲ့ ခံစားချင်ဖူးလား? ကောင်းကင်က ကျလာတဲ့ ပူနွေးနေတဲ့ နှင်းစက်တွေ ကြားမှာ ကလဲ့စားချေမယ့် ဓားတစ်လက်အကြောင်းကို သိချင်ရင်တော့ Warm Snow ဂိမ်းက သင့်အတွက်ပါပဲ။ 𝐖𝐚𝐫𝐦 𝐒𝐧𝐨𝐰 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) ========================= ◈ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 = BiliBili ◈ 𝐕𝐞𝐫𝐬𝐢𝐨𝐧 = v3.1.3 ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2.92 GB ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/warm-snow.html?m=1 ( System Requirements နဲ့ ပတ်သတ်ပြီး Download Link ထဲမှာ ဝင်ကြည့်လို့ရပါတယ်။ )

ဒီနေ့တော့ မင်မင်က သွေးဆာနေတဲ့ Samurai ကမ္ဘာထဲကို ခေါ်သွားချင်ပါတယ်။ တစ်ချက်... မှားလိုက်တာနဲ့ ကိုယ့်ဘဝ ဇာတ်သိမ်းသွားမယ့် အခြေ
ဒီနေ့တော့ မင်မင်က သွေးဆာနေတဲ့ Samurai ကမ္ဘာထဲကို ခေါ်သွားချင်ပါတယ်။ တစ်ချက်... မှားလိုက်တာနဲ့ ကိုယ့်ဘဝ ဇာတ်သိမ်းသွားမယ့် အခြေအနေမျိုး Real Life မှာ ကြုံဖူးကြလား? အမှားမခံတဲ့ သည်းထိတ်ရင်ဖို ခံစားမှုမျိုးကို လက်ချောင်းထိပ်မှာ ပြန်လည်ခံစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းက ကစားကို ကစားကြည့်သင့်တာပဲဖြစ်ပါတယ်။ Crunchyroll: Two Strikes ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) =================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 10 . 0 + ◈ 𝐑𝐚𝐦 = 6 GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.13 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.29 GB ◈ 𝐒𝐎𝐂 = Snapdragon 660 ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline, Online ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/crunchyroll-two-strikes.html?m=1 #HelloYDB #GameIntroduction #MyanmarGamer #TwoStrikes #SamuraiGame #FightingGame #IndieGame #MobileGaming

ရည်းစားရှိတဲ့သူတွေက ရည်းစားနဲ့ဆော့၊ ရည်းစားမရှိတဲ့သူတွေက သူငယ်ချင်းနဲ့ အတူတူဆော့လို့ရမယ့် Pepelo ရဲ့ 2 အနေနဲ့ အသစ်ထွက်လာတဲ့ A
ရည်းစားရှိတဲ့သူတွေက ရည်းစားနဲ့ဆော့၊ ရည်းစားမရှိတဲ့သူတွေက သူငယ်ချင်းနဲ့ အတူတူဆော့လို့ရမယ့် Pepelo ရဲ့ 2 အနေနဲ့ အသစ်ထွက်လာတဲ့ Around The World ဆိုတဲ့ ဂိမ်းလေး Suprise အနေနဲ့ ရောက်ရှိလာပါပြီ။ Pepelo 2: Around the World ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 ) ====================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7 . 0 ◈ 𝐑𝐚𝐦 = 6 GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 311 MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 450 MB ◈ 𝐒𝐎𝐂 = Snapdragon 6 Series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline / Online (Co-op supported) ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/pepelo-2-around-world.html?m=1

ဂိမ်းအမျိုးစားလေးက အခုတလော နာမည်ကြီးနေတော့ Mobile Developer တွေကပါ လက်စွမ်းပြထားတာဖြစ်ပြီး ‌ဗန်ကားလေးနဲ့ တောကြိုတောင်ကြား လမ်
ဂိမ်းအမျိုးစားလေးက အခုတလော နာမည်ကြီးနေတော့ Mobile Developer တွေကပါ လက်စွမ်းပြထားတာဖြစ်ပြီး ‌ဗန်ကားလေးနဲ့ တောကြိုတောင်ကြား လမ်းမပေါ်တက်မမောင်းပဲ ‌အားအားယားယား အပင်ပန်းခံတဲ့ သင့်ကိုယ်သင် မြင်တွေ့ရမှာပါ။ RV Camper Simulator ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 ) ========================= ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 5.1 and up ◈ 𝐑𝐚𝐦 = 3GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 123 MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 230 MB ◈ 𝐒𝐎𝐂 = Snapdragon 6 Series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/rv-camper-simulator.html?m=1

ဒီနေ့ ညအတွက် ဂိမ်းအသစ်လေးကတော့ သရဲဂိမ်းမဟုတ်တဲ့ အင်ဒို Maze Challenge ဂိမ်းလေးဖြစ်ပြီး သတ္တိရှိတဲ့သူတွေအတွက်တော့ တကယ်ကို အပျင
ဒီနေ့ ညအတွက် ဂိမ်းအသစ်လေးကတော့ သရဲဂိမ်းမဟုတ်တဲ့ အင်ဒို Maze Challenge ဂိမ်းလေးဖြစ်ပြီး သတ္တိရှိတဲ့သူတွေအတွက်တော့ တကယ်ကို အပျင်းပြေစေမှာပဲဖြစ်ပါတယ်။ 𝐒𝐜𝐚𝐫𝐲 𝐋𝐚𝐛𝐲𝐫𝐢𝐧𝐭 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 ) ==================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 10 + ◈ 𝐑𝐚𝐦 = 4 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 134MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 288 MB ◈ 𝐒𝐎𝐂 = Snapdragon 4 series + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/blog-post_8.html?m=1

ကဲ ဒီနေ့ Up to date ဂိမ်းလေးကို အမှီလိုက်ရမယ်ဆိုရင် Asia Vibe အထူးသဖြင့် အင်ဒိုတို့၊ မလေးရှားတို့ရဲ့ ကျောင်းသား Fighter ဇာတ်လ
ကဲ ဒီနေ့ Up to date ဂိမ်းလေးကို အမှီလိုက်ရမယ်ဆိုရင် Asia Vibe အထူးသဖြင့် အင်ဒိုတို့၊ မလေးရှားတို့ရဲ့ ကျောင်းသား Fighter ဇာတ်လမ်းလေးတစ်ခုကို မြင်တွေ့ရမှာပါ။ ◼️ 𝐒𝐜𝐡𝐨𝐨𝐥’𝐬 𝐑𝐞𝐯𝐞𝐧𝐠𝐞: 𝐓𝐡𝐞 𝐋𝐚𝐬𝐭 𝐖𝐨𝐥𝐟 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 ) =================================== ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 6 . 0 + ◈ 𝐑𝐚𝐦 = 4 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = ~ 168 MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 230 MB ◈ 𝐒𝐎𝐂 = Snapdragon 425 + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/blog-post_3.html?m=1

ပင်လယ်ထဲမှာ ငါးဖြစ်ချင်တဲ့သူထက် ရေသူမတွေ၊ ရေသူထီးတွေ ဖြစ်ချင်ကြတဲ့သူက ပိုများကြမယ်ထင်ပါတယ်။ ဒါပေမယ့် အားလုံးမှတ်မိကြအုံးမယ်ဆိ
ပင်လယ်ထဲမှာ ငါးဖြစ်ချင်တဲ့သူထက် ရေသူမတွေ၊ ရေသူထီးတွေ ဖြစ်ချင်ကြတဲ့သူက ပိုများကြမယ်ထင်ပါတယ်။ ဒါပေမယ့် အားလုံးမှတ်မိကြအုံးမယ်ဆိုရင် Finding Nemo ဆိုတဲ့ ကာတွန်းကားလေးက ငါးဖြစ်ရတဲ့ ဘဝတစ်ခုကို သေသေချာချာ ငယ်ဘဝကတည်းက ရင်ထဲရောက်အောင် ပြပေးခဲ့တာကြောင့် အခုဂိမ်းလေးမှာ အဲထက် ပိုခက်ခဲတဲ့ Journey တစ်ခုကို သင်ထင်ထားတာထက် ပိုအံ့ဩသွားစေမယ့် ပုံစံမျိုးနဲ့ ကစားရမှာပဲဖြစ်ပါတယ်။ ◼️𝐈 𝐀𝐦 𝐅𝐢𝐬𝐡 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐏𝐂 ) ====================== ➥ 𝘼𝙣𝙙𝙧𝙤𝙞𝙙 𝙍𝙚𝙦𝙪𝙞𝙧𝙚𝙢𝙚𝙣𝙩𝙨 ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7 . 0 + ◈ 𝐑𝐚𝐦 = 4 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.44 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.69 GB ◈ 𝐒𝐎𝐂 = Snapdragon 7 series + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ➥ 𝙋𝘾 𝙍𝙚𝙦𝙪𝙞𝙧𝙚𝙢𝙚𝙣𝙩𝙨 ◈ 𝐎𝐒 = Window 7 x64 ◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = Intel Core i5-3470 + ◈ 𝐌𝐞𝐦𝐨𝐫𝐲 𝐑𝐚𝐦 = 6 GB ◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = GTX 960 ( 4 GB VRAM ) ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 3.4 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 12 GB ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/i-am-fish.html?m=1

Turn-based Game တွေက ပျင်းဖို့ကောင်းတယ်လို့ ထင်နေလား? ဒါမှမဟုတ် Pokemon လို Monster ဖမ်းတဲ့ Vibe မျိုးကို လွမ်းနေပေမယ့် ပိုပြ
Turn-based Game တွေက ပျင်းဖို့ကောင်းတယ်လို့ ထင်နေလား? ဒါမှမဟုတ် Pokemon လို Monster ဖမ်းတဲ့ Vibe မျိုးကို လွမ်းနေပေမယ့် ပိုပြီး Challenge ဖြစ်မယ့်၊ ပိုပြီး Deep ဖြစ်မယ့် Gameplay မျိုးကို ရှာနေတာလား? Pokemon ဂိမ်းတွေ ရိုးအီနေပြီဆိုရင်တော့ ဒီ Hidden Gem လေးက မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဆေးကောင်းလေးတစ်ခုလို့ ပြောချင်ပါတယ်။ ◼️ 𝐌𝐨𝐧𝐬𝐭𝐞𝐫 𝐒𝐚𝐧𝐜𝐭𝐮𝐚𝐫𝐲 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐏𝐂 ) ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 5 . 1 + ◈ 𝐑𝐚𝐦 = 3 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 300 MB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 420 MB ◈ 𝐒𝐎𝐂 = Snapdragon 660 + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/01/blog-post.html?m=1

ဒီသတင်းက လာမယ့် 2026 ကမ္ဘာ့ဖလားဘောလုံးပွဲကို အမှီပြုပြီး NETFLIX ရဲ့ Market ခြေလှမ်းကို ကြိုမြင်နေရပြီဆိုတာ သက်သေပါပဲ။ ကမ္ဘာ့
ဒီသတင်းက လာမယ့် 2026 ကမ္ဘာ့ဖလားဘောလုံးပွဲကို အမှီပြုပြီး NETFLIX ရဲ့ Market ခြေလှမ်းကို ကြိုမြင်နေရပြီဆိုတာ သက်သေပါပဲ။ ကမ္ဘာ့ဖလားရာသီရောက်တိုင်း Live ပွဲစဉ်တွေကြည့်ပြီး ကိုယ်ပါ ဘောလုံးကစားချင်လာတဲ့ Mood မျိုးဖြစ်ဖူးမယ်ဆိုရင် NETFLIX က အဲဒီအချက်ကို ကောင်းကောင်းကြီးသိထားတာကြောင့် အချိန်တိုင်း၊ နေရာတိုင်း၊ ဘယ်သွားသွား လူတိုင်းကိုင်နိုင်တဲ့ ဖုန်းတွေမှာ အဆင့်သင့်ကစားနိုင်ဖို့ရာအတွက် FIFA နဲ့ ပူးပေါင်းပြီး Mobile အတွက် ပထမဆုံး ဘောလုံးဂိမ်းတစ်ခုကို ယူဆောင်လာပေးတော့မှာပဲဖြစ်ပါတယ်။ FIFA နဲ့ EA Sports တို့ဟာ နှစ်ပေါင်း ၃၀ နီးပါး လက်တွဲခဲ့ကြပေမယ့် ၂၀၂၂ မှာ လမ်းခွဲခဲ့ကြပါတယ်။ အဓိကပြဿနာကတော့ FIFA နာမည်သုံးစွဲခွင့်အတွက် EA ဘက်က ပေးရမယ့် ကြေးကြီးလွန်းတာကြောင့်ပါ။ FIFA ဥက္ကဋ္ဌ Gianni Infantino က "FIFA နာမည်နဲ့ ထွက်မယ့် ဘယ်ဂိမ်းမဆို အကောင်းဆုံး ဖြစ်ရမယ်" လို့ ကြွေးကြော်ခဲ့ဖူးတာကြောင့် အခုလက်ရှိ Mobile Gaming ဘက်မှာ တဖြည်းဖြည်း စိုးမိုးလာတဲ့ Netflix Game ရဲ့အရှိန်နဲ့ ပူးပေါင်းပြီး ဘောလုံးပရိတ်သတ်တွေကို စွဲဆောင်နိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလာပါပြီ...

𝐑𝐃𝐑 𝐌𝐨𝐛𝐢𝐥𝐞 လဲ ထွက်ပြီ.. 𝐖𝐡𝐞𝐫𝐞 𝐖𝐢𝐧𝐝𝐬 𝐌𝐞𝐞𝐭 လဲ လူစုံနေကြပြီဆိုတော့.... လာမယ့် 2026 မှာ အပီအပြင် Mobile ပေ
𝐑𝐃𝐑 𝐌𝐨𝐛𝐢𝐥𝐞 လဲ ထွက်ပြီ.. 𝐖𝐡𝐞𝐫𝐞 𝐖𝐢𝐧𝐝𝐬 𝐌𝐞𝐞𝐭 လဲ လူစုံနေကြပြီဆိုတော့.... လာမယ့် 2026 မှာ အပီအပြင် Mobile ပေါ်ဆင်းလာကြမယ့် ဂိမ်းတွေထဲမှာ Admin အကြိုက်ဆုံးနဲ့ ထပ်ခါတလဲလဲ ‌အဆော့ဖြစ်ဆုံး.. Lara Croft ရဲ့ 𝐓𝐨𝐦𝐛 𝐑𝐚𝐢𝐝𝐞𝐫 အက်ရှင် Story ဂိမ်းကြီးကို Mobile Version အနေနဲ့ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ 2026 February 12 ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Mobile Gamer တွေအတွက် တကယ့်အနှစ်တွေကြီး ကစားရတော့မယ့် ကာလတစ်ခုမလို့ 2026 ကတော့ Mobile Gamer တွေအတွက် ကြိုတင်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ ❖ 𝐀𝐧𝐝𝐫𝐨𝐢𝐝 https://play.google.com/store/apps/details?id=com.feralinteractive.tombraider_android ❖ 𝐢𝐎𝐒 https://play.google.com/store/apps/details?id=com.feralinteractive.tombraider_android ◾ အရင်က စိတ်ကူးတွေ တကယ်ဖြစ်လာပြီမလို့ Admin အတွက်ကတော့ ပြောမပြတတ်အောင်ကို ဝမ်းသာမိတယ်။ တစ်လောကမှ အစကနေ ပြန်ဆော့နေတာမလို့ အခုတော့ ဘယ်သွားသွား Pocket လေးထဲက Mobile Version လေးကို အားကိုးလို့ရတော့မယ် 🖤။ #HELLOYDB #TOMBRAIDERMOBILE #NEWS

ကြည့်ဖူးခဲ့သမျှ နာမည်ကြီး တရုတ် သိုင်းကားရုပ်ရှင်တွေရဲ့ Vibe အားလုံးကို ခံစားကြည့်ချင်ရင်တော့ ဒီဂိမ်းက မျက်စိမှိတ်ပြီးတော့ကို
ကြည့်ဖူးခဲ့သမျှ နာမည်ကြီး တရုတ် သိုင်းကားရုပ်ရှင်တွေရဲ့ Vibe အားလုံးကို ခံစားကြည့်ချင်ရင်တော့ ဒီဂိမ်းက မျက်စိမှိတ်ပြီးတော့ကို ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂိမ်းထဲမှာပါဝင်တဲ့ အထင်ကရ Mechanic တွေအားလုံးက မင်းသားကြီး Stephen Chow ပါဝင်ခဲ့တဲ့ Kung Fu Hustle ဇာတ်ကားရဲ့ reference တွေ တော်တော်များများပါဝင်နေတာမလို့ Global အထိ ပေါက်သွားတာဟာ မဆန်းတော့ပါဘူး။ ❖ 𝐖𝐡𝐞𝐫𝐞 𝐖𝐢𝐧𝐝𝐬 𝐌𝐞𝐞𝐭 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) ------------------------------------------- ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 7 . 2 + ◈ 𝐑𝐚𝐦 = 8 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 3 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 20 GB + ◈ 𝐒𝐎𝐂 = Snapdragon 778G + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Online ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2025/12/where-winds-meet.html?m=1 #HelloYDB #GameIntroduction #MyanmarGamer #WhereWindsMeet #WuxiaRPG #OpenWorld #MobileGaming

ဒီနေ့တော့ နောက်ထပ် Mobile ပေါ်ကို ဆင်းလာတဲ့ ဂိမ်းအသစ်လေးရဲ့ Cinematic Adventure ကမ္ဘာငယ်လေးတစ်ခုဆီကို ခေါ်သွားချင်ပါတယ်။ အထူး
ဒီနေ့တော့ နောက်ထပ် Mobile ပေါ်ကို ဆင်းလာတဲ့ ဂိမ်းအသစ်လေးရဲ့ Cinematic Adventure ကမ္ဘာငယ်လေးတစ်ခုဆီကို ခေါ်သွားချင်ပါတယ်။ အထူးသဖြင့် Studio Ghibli ရဲ့ ဇာတ်ကားတစ်ကားထဲကို ကိုယ်တိုင်ရောက်သွားသလိုအထိ ခံစားချင်ရင်‌တော့ တကယ်လက်မလွှတ်သင့်ဘူးနော်။ ❖ 𝐏𝐥𝐚𝐧𝐞𝐭 𝐨𝐟 𝐋𝐚𝐧𝐚 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 / 𝐏𝐂 ) ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 10.0 + ◈ 𝐑𝐚𝐦 = 4 GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 3 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 3.8 GB ◈ 𝐒𝐎𝐂 = Snapdragon 720G + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2025/12/blog-post_10.html?m=1 ( Android အပြင် PC အတွက်ပါ ထည့်ပေးထားပါတယ် ) #HelloYDB #GameIntroduction #MyanmarGamer #PlanetofLana #IndieGame #Adventure #PuzzlePlatformer

ဂိမ်းလောကမှာ နှစ်ပေါင်းများစွာ လူပြောများခဲ့တဲ့ Rockstar Games ရဲ့ Masterpiece ကို ဖုန်းပေါ်မှာ ဒီလောက် Quality အပြည့်နဲ့ ပြန
ဂိမ်းလောကမှာ နှစ်ပေါင်းများစွာ လူပြောများခဲ့တဲ့ Rockstar Games ရဲ့ Masterpiece ကို ဖုန်းပေါ်မှာ ဒီလောက် Quality အပြည့်နဲ့ ပြန်မြင်ရတာဟာ တကယ့်ကို Technical Miracle ပဲလို့ ပြောချင်ပါတယ်။ ဒီအခြေနေအရဆိုရင် Netflix ဘက်က နှစ်မကုန်ခင် အလျှင်ထုတ်ပေးလိုက်တာမလို့၊ နောက်နှစ် 2026 မှာ ထုတ်ပေးမယ့် ဂိမ်းတွေက တကယ် စိတ်ဝင်စားစရာကောင်းလာပါပြီ။ ✮ 𝐑𝐞𝐝 𝐃𝐞𝐚𝐝 𝐑𝐞𝐝𝐞𝐦𝐩𝐭𝐢𝐨𝐧 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 ) ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 10.0 + / iOS 18.0+ ◈ 𝐑𝐚𝐦 = 6GB/8GB ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 6 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 10GB ◈ 𝐒𝐎𝐂 = Snapdragon 8 Gen 1 + ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 http://helloydbgame.blogspot.com/2025/12/blog-post_2.html

Top Gun ထဲက Maverick လိုမျိုး ဝေဟင်မှာ Skill ပြချင်တဲ့သူတွေအတွက် Metalstorm ဂိမ်းလေးမှာ try ကြည့်စေချင်တယ်နော်။ 5v5 Gameplay
Top Gun ထဲက Maverick လိုမျိုး ဝေဟင်မှာ Skill ပြချင်တဲ့သူတွေအတွက် Metalstorm ဂိမ်းလေးမှာ try ကြည့်စေချင်တယ်နော်။ 5v5 Gameplay မျိုးမလို့ Challenge ဖြစ်တာမှ Cinematic ဆန်တဲ့ အခိုက်တန့်မျိုးတွေပါ ပွဲတိုင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ✈ 𝐌𝐞𝐭𝐚𝐥𝐬𝐭𝐨𝐫𝐦 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 ) ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 10.0 ◈ 𝐑𝐚𝐦 = 3 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.1 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2.48 GB ◈ 𝐒𝐎𝐂 = Snapdragon 6 Series / Helio G Series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Online (Multiplayer) ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2025/12/blog-post.html?m=1 𝐏𝐂 - 𝐂𝐨𝐦𝐢𝐧𝐠 𝐒𝐨𝐨𝐧 ... #HelloYDB #GameIntroduction #MyanmarGamer #Metalstorm #AirCombat #Dogfight #MobileGaming #ActionGame

သာမန် စစ်တုရင်ခုံပေါ်က မည်းမည်းသည်းသည်း တိုက်ပွဲတွေကို ခဏမေ့ထားတော့။ ဒီတစ်ခါ မင်မင်ပြောပြမယ့် Chessarama ဆိုတဲ့ ဂိမ်းလေးက စစ်
သာမန် စစ်တုရင်ခုံပေါ်က မည်းမည်းသည်းသည်း တိုက်ပွဲတွေကို ခဏမေ့ထားတော့။ ဒီတစ်ခါ မင်မင်ပြောပြမယ့် Chessarama ဆိုတဲ့ ဂိမ်းလေးက စစ်တုရင်ရဲ့ စည်းမျဉ်းတွေကို ယူသုံးထားပေမယ့်၊ ကစားရတာ လုံးဝကွဲထွက်နေတဲ့ Mobile Puzzle Adventure ဂိမ်းတစ်ခုမလို့ အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်။ ♙ 𝐂𝐡𝐞𝐬𝐬𝐚𝐫𝐚𝐦𝐚 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐏𝐂 ) ◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = 10.0 + ◈ 𝐑𝐚𝐦 = 4 GB + ◈ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐒𝐢𝐳𝐞 = 1.5 GB ◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 1.76 GB ◈ 𝐒𝐎𝐂 = Snapdragon 6 series ◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline (Online for Leaderboards) ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2025/11/blog-post_29.html?m=1 #HelloYDB #GameIntroduction #MyanmarGamer #Chessarama #PuzzleGame #IndieGame #MobileGaming #ChillVibe

ပုံမှန်ဆိုရင် ကျွန်မက ဖော်ရွေတတ်တဲ့သူဆိုပေမယ့် အဲဒီနေ့က သူကျွန်မကို ပြောတဲ့စကားလုံးတွေဟာ အတော်လေးကို ထိတ်လန့်စရာကောင်းခဲ့ပါတယ
ပုံမှန်ဆိုရင် ကျွန်မက ဖော်ရွေတတ်တဲ့သူဆိုပေမယ့် အဲဒီနေ့က သူကျွန်မကို ပြောတဲ့စကားလုံးတွေဟာ အတော်လေးကို ထိတ်လန့်စရာကောင်းခဲ့ပါတယ်။ " အရမ်းလှလာတယ် ၊ တစ်ယောက်တည်းလား "ဆိုတဲ့ စကားလုံးတွေက မိန်းမသားဖြစ်တဲ့ ကျွန်မအတွက်တော့ ကူရာမဲ့အခြေနေတစ်ခုကို လက်တွေ့ရင်ဆိုင်ခဲ့ရတာပါ။ တစ်ရုံးလုံးမှာ ကျွန်မတို့ နှစ်ယောက်ပဲရှိတော့တာမလို့ ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ဖို့ ကျွန်မ စိတ်ဆုံးဖြတ်ခဲ့ပေမယ့်.. အသင့်မဖြစ်သေးတဲ့ လောကကြီးတစ်ခုက ကျွန်မဘဝထဲကို ငရဲခန်းတစ်ခုအဖြစ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အစက ကျွန်မကိုယ်ကျွန်မ ရှင်တို့လို လူတွေထဲက လူတစ်ယောက်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် အမှန်တရားက အမြဲ ခါးသီးတာပဲမဟုတ်လား... ကျွန်မ ဘာတွေကြုံခဲ့ရလဲဆိုတာကို ကိုယ်တိုင် ခံစားကြည့်ချင်ရင် အောက်ဆုံးက မင်မင်ဆိုတဲ့ လူတစ်ယောက်ရဲ့ review တွေကို ဖတ်မကြည့်ပဲ ‌ဗလာဖြစ်နေတဲ့ ရှင်တို့ခေါင်းထဲ သိချင်စိတ်တွေကို ကျွန်မနေရာကနေ လိုက်ခံစားကြည့်ပါလား။ ဒီလိုဆို ဆက်မဖတ်နဲ့တော့ အခု Link ထဲကနေ ကိုယ်တိုင် ဝင်ကစားကြည့်လိုက်တော့...ဂိမ်းထဲကနေ စောင့်နေမယ်။ ❦https://helloydbgame.blogspot.com/2025/11/blog-post.html?m=1