cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

نمایش بیشتر
پست‌های تبلیغاتی
20 350
مشترکین
+1424 ساؚت
+2397 عوز
+1730 عوز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ Y-12 Military Transport Aircraft 1 စင်း ဆင်းသက်။ 13:52, Jul 2 #EAR
نمایش همه...
👍 3🤬 2
မိတ္ထီလာ ရှမ်းတဲလေတပ်မှ ATR-72 Military Transport Aircraft 1 စင်း အရှေ့ဘက်သို့ ပျံသန်း။ 13:34, Jul 2 #EAR
نمایش همه...
🤬 2
ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်က ပြည်သူပိုင်မြေသိမ်းယူပြီး တပ်စခန်းတိုးချဲ့နေ ဇူလိုင်လ ၂ ရက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊ ကြာအင်း ဆိပ်ကြီး မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူပိုင် ဥယျာဉ်ခြံမြေများကို သိမ်းယူပြီး တပ်စခန်းဝင်း တိုးချဲ့ကာ ခြံစည်းရိုးအခိုင်အမာတည်ဆောက်လျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။ ကြာအင်ဆိပ်ကြီးမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ)- ၂၈၄၊ (ခလရ)- ၃၂နှင့် ဗျူဟာကုန်းစခန်း စစ်တပ် စခန်းများသည် ၎င်းတို့တပ်စခန်းဝင်းတိုးချဲ့မှုကို အုတ်တံတိုင်း ခြံစည်းရိုးအခိုင်အမာဖြင့် လိုက်လံ ကာယူရာတွင် တပ်စခန်းဝင်းတစ်ခုကို အကျယ် ၃ မိုင်ခန့် တိုးချဲ့မှုလုပ်ဆောင်သောကြောင့် ဒေသခံဥယျာဉ်ခြံမြေအများအပြား သိမ်းယူခြင်းခံရသည်ဟု ဒေသခံထံမှ သိရသည်။ ထို့အပြင် အဆိုပါ တပ်စခန်းဝင်းတိုးချဲ့လုပ်ဆောင်သည့်အတွက် ဆိပ်ကြီးကျေးရွာတွင် အရပ်သားနေအိမ် ၃ လုံးသုံးပါသွားသလို သာသနာပိုင်မြေများ၊ သံပုရာဥယျာဉ်ခြံ၊ ကွမ်းသီးခြံနှင့် ရာဘာခြံ မြေအများ အပြားသိမ်းယူကာ အုတ်တံတိုင်း ခြံစည်းရိုးများစိုက်ထူကာယူနေကြောင်း ကြာအင်းဆိပ်ကြီးရှိဒေသခံတစ်ဦးက ယခုလို ပြောသည်။ “မြေက ဧက အများကြီးပါသွားတယ်။ လူနေအိမ်ကတော့ ၃ လုံးပါသွားတော့ အိမ်ရှင်တွေက ပြောင်းရ တာပေါ့။ သူတို့ မြေသိမ်းခြံရှင်းပြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြောပြတာ။ ဘာလျော်ကြေးမှ မပေးဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။ တပ်စခန်းခြံစည်းရိုးကို ကွန်ကရစ်တိုင်များဖြင့် အခိုင်အမာ စိုက်ထူရာတွင် ဒေသခံရွာသားများအား အခမကြေးငွေပေးကာ လုပ်အားခိုင်းစေခြင်းများလုပ်ဆောင်နေသလို ဒေသခံများကားဖြင့် သဲကျောက် များ သယ်ယူခိုင်းစေခြင်းများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။ အထက်ပါ ဒေသခံက ဆက်လက်၍ “ အုတ်တံတိုင်းဆောက်တဲ့အချိန်မှာ ရွာသားတွေ ခေါ်ပြီးသွား လုပ်ခိုင်းတယ်။ ပြီးတော့ နေ့စားအဖြစ် ငွေပေးတာရှိတယ်။ စစ်တပ်ဆီမှာသွားလုပ်တာ KNU ဘက်က လည်း မကြိုက်တော့ ဒေသခံတွေက မသွားတော့ဘူး။ အဲဒါဒေသခံတွေကို ခေါ်လို့မရတော့ တခြား ဒေသက လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တရက် ၁၃,၀၀၀ ကျပ်ပေးပြီး သွားပြန်ငှားနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ကြာင်အင်းဆိပ်ကြီးမြို့ပေါ်ရှိ ၎င်းတို့ တပ်စခန်းရှေ့ကို အရပ် သားပြည်သူများအား ဖြတ်သန်းသွားလာခွင့်မပြုသလို  တပ်စခန်းရှေ့ဖြစ်သော ဆိပ်ကြီးရွာနှင့် မီး လောင်ချောင်း၊ ကြခတ်ချောင်း ရွာသွားလမ်းကိုလည်း သစ်ပင်ခုတ်လှဲကာ လမ်းပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့တွင် ခြေလျင်တပ်ရင်း  ခလရ-၂၈၄၊ ခလရ -၂၈၃ ၊ ခလရ ၃၂ နှင့် ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းစခန်းများရှိပြီး လက်ရှိအချိန်တွင် အဆိုပါ တပ်စခန်းရှိ စစ်ကောင်စီတပ်များအတွက် ကုန်းလမ်း၊ ရေလမ်းကြောင်းများဖြင့် ရိက္ခာပို့ဆောင်ခြင်းမရှိဘဲ ထောက်ပို့လေယာဉ်များဖြင့်သာ ပို့ဆောင်ပေးနေကြရကြောင်း သိရသည်။ #KIC
نمایش همه...
🤬 3👍 1
ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌကို စစ်ကောင်စီဖမ်း ဇူလိုင်လ ၂ ရက် ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို စစ်ကောင်စီက ဇွန်လ တတိယအပတ်တွင် ဖမ်းဆီးထားကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကို ဇွန်လတတိယအပတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးဟုသိရကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်သားများက ဦးနိုင်လွင်လတ်ကို လာဖမ်းချိန်တွင် ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း တစ်ရပ်ကွက်တည်းနေသူတစ်ဦးက ဆိုသည်။ ဦးနိုင်လွင်လတ်ကို ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။ “ပြန်လွတ်ဖို့က မလွယ်ဘူးလို့ ကြားတယ်။ လက်ရှိအချိန်ထိတော့ ပြန်မလွတ်သေးဘူးလို့ သိရတယ်” ဟု တစ်ရပ်ကွက်တည်းနေသူက ပြောသည်။ ထားဝယ်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ခရိုင်ဆန်အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် လက်ရှိအချိန်တွင် ဦးနိုင်လွင်လတ် ပြန်လွတ် မလွတ်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ဆန်စျေးနှုန်းကို သတ်မှတ်နှုန်းထားထက် မြှင့်တင်ရောင်းချသည်ဟုဆိုကာ စီးတီးမတ် (City Mark) ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာနှင့် Orange ၊ One Stop Mart က တာဝန်ရှိသူများအပါအဝင် ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး အမှုဖွင့်ထား ကြောင်း  စစ်ကောင်စီက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ ဆန်စျေးနှုန်းများကြီးမြင့်နေ၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ လုံးနှင့် ဆိုင်ခန်း ၇ ခန်း၏ ဆန်ရောင်းဝယ်မှုများကို စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထိုသို့ စစ်ဆေးရာတွင် စျေးကွက်စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စျေးတင် အကျိုးအမြတ် ရောင်းချသည် ဆိုသော စျေးဝယ်စင်တာ ၂၂ ခုက တာဝန်ရှိသူ ၄ ဦးကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်တင် ရောင်းချသည် ဟုဆိုကာ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကို ယင်းဥပဒေအရ အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ဖမ်ဆီးအရေးယူခဲ့သည်ဆိုသည့် ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းအတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များ ပါဝင်ခြင်း မရှိပေ။ #DW
نمایش همه...
👍 2😢 2
⚠️ မတ္တရာ မတ္တရာဖြတ်၍ Mi-35 Attack Helicopter 1 စင်း အနောက်မြောက်သို့ ပျံသန်း။ 13:22, Jul 2 #EAR
نمایش همه...
🤬 1
မန္တလေး မန္တလေးဖြတ်၍ Y-12 Military Transport Aircraft 1 စင်း အရှေ့မြောက်သို့ ပျံသန်း။ 13:11, Jul 2 #EAR
نمایش همه...
🤬 1
⚠️ မိတ္ထီလာ ရှမ်းတဲလေတပ်မှ Jet Fighter 1 စင်း မြောက်ဘက်သို့ ပျံတက်။ 13:22, Jul 2 #EAR
نمایش همه...
🤬 2
⚠️ တောင်ငူ တောင်ငူဖြတ်၍ K-8W Jet Fighter 1 စင်း အရှေ့တောင်သို့ ပျံသန်း။ 13:29, Jul 2 #EAR
نمایش همه...
🤬 2
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.