Aung Chan Thar Photography 📸📸
رفتن به کانال در Telegram
As a photographer, I will share everything I have learned about photography on this channel.
نمایش بیشتر7 762
مشترکین
-824 ساعت
-367 روز
-11230 روز
آرشیو پست ها
ဓာတ်ပုံစရိုက်တုန်းက ကျွန်တော့်အတွက် အကြီးမားဆုံးအဟန့်အတားက ကင်မရာမရှိတာ မဟုတ်ပါဘူး။ Camera Settings တွေ မသိတာလည်း မဟုတ်ပါဘူး။
တကယ်လိုအပ်ခဲ့တာက သာမန်မြင်ကွင်းတစ်ခု ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်အဖြစ် မြင်တတ်ခြင်း၊ ခံစားတတ်ခြင်း၊ ပုံဖော်တတ်ခြင်း ပါ။
ဒီစွမ်းရည်တွေ တိုးတက်လာတဲ့နောက်မှာတော့ ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ဖြစ်ဖြစ် ဓာတ်ပုံကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆုတွေဆက်တိုက် ရရှိခဲ့ပါတယ်။
Camera Settings တွေကို YouTube, TikTok, AI ကနေ သင်ယူလို့ရပေမယ့် အမြင် (Vision) ကိုတော့ လေ့ကျင့်ပေးမယ့်သူနဲ့ အတွေ့အကြုံက အရေးကြီးပါတယ်။
ဒါကြောင့် ဓာတ်ပုံရိုက်တဲ့ အမြင်နဲ့ Visual Thinking ကို တကယ်တိုးတက်ချင်တယ်ဆိုရင် August 1–10 ရန်ကုန် (စမ်းချောင်း) မှာ ကျွန်တော်ကိုယ်တိုင် သင်ကြားပေးမယ့် ၁၀ ရက်တာ လက်တွေ့သင်တန်း ကို လာရောက်လေ့လာနိုင်ပါတယ်။
ကင်မရာမရှိလည်း ရပါတယ်။ ကျွန်တော့်ကင်မရာနဲ့ လက်တွေ့သင်ပေးမှာပါ။
📩 စာရင်းပေးရန် – Comment မှာ Yangon လို့ မန့်ခဲ့ပေးပါ 📸
ဇွဲဆုအဖြစ် ချီးမြှင့်ခဲ့တဲ့
Xiaomi Grand Prize Winner 📸🎉
#AungChanTharPhotography
USD10,000 တန်တဲ့
Bromo မီးတောင် မနက်ခင်း 📸🎉
#AungChanTharPhotography
ဗီယက်နမ်မှာ Candid ရိုက်ခဲ့တဲ့
Photo Essay ဆုရဓာတ်ပုံများ 📸🎉
#AungChanTharPhotography
သင်ခန်းစာ အများကြီးပေးခဲ့တဲ့
အကယ်ဒမီနဲ့ တူတဲ့ ဓာတ်ပုံဆု 📸🎉
#AungChanTharPhotography
UNESCO က ပိုထားတဲ့ ဓာတ်ပုံစာအုပ်သုံးအုပ် 📸🎉
#AungChanTharPhotography
ငွေသားဒေါ်လာ (၁၀၀၀) စရဖူးတဲ့
အင်းလေးရေပေါ်စျေး ဓာတ်ပုံအကြောင်း 📸🎉
#AungChanTharPhotography
တစ်ခါတစ်လေ အခွင့်အလမ်းတွေက
ကျွန်တော်တို့ ကြောက်တဲ့ အရာတွေဆီကနေ လာတတ်ပါတယ်။
ဖတ်ကြည့်ပါ
https://www.facebook.com/share/p/1JHToiQCcp/
EU-ASEAN စာအုပ်ထဲက
မြန်မာ Volunteer ဓာတ်ပုံများ 📸🎉
#AungChanTharPhotography
2019 ဒီဇင်ဘာဓာတ်ပုံခရီးစဉ်က
ကျွန်တော့်ဘဝအတွက် ပထမဆုံးဓာတ်ပုံခရီးစဉ်ဖြစ်သလို အမှတ်တရများစွာလည်း ရှိခဲ့ပါတယ် 📸
ဆုတွေလည်း အများကြီးရခဲ့ပြီး
ဝါသနာတူ မိတ်ဆွေကောင်းတွေလည်း အများကြီးရခဲ့ပါတယ်။ အဲ့ခရီးစဉ်က ဓာတ်ပုံတွေနဲ့ 2020,2021 နှစ်တွေမှာ ဆုတွေ တော်တော်များများ ပတ်သိမ်းခဲ့ပြီး ခုချိန်ထိလည်း အဲ့ကပုံတွေနဲ့ ဆုရနေတုန်းပါပဲ။
ခုလိုပြိုင်ပွဲလမ်းကြောင်းမှာ ဆက်လျှောက်ဖြစ်နေတာကလည်း အဲ့ကဓာတ်ပုံတွေနဲ့ ဆုတွေရပြီး ဆက်လုပ်ဖို့ ခွန်အားတွေရခဲ့တာကြောင့်ပါ။
မသွားခင်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်စရာတွေ ကြုံရလို့ မသွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မဖြစ်ဖြစ်အောင် သွားဖြစ်ခဲ့ပါတယ်။
တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက်လေးတစ်ခုကလည်း
ကိုယ်ဘယ်ရောက်မယ်၊ ကိုယ်ဘာဆက်ဖြစ်မယ်ဆိုတာကို အကျိုးသက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။
ဘယ်လမ်းကိုပဲလျှောက်လျှောက် အခက်အခဲနဲ့ ဝေခွဲမရဖြစ်မှုတွေကတော့ အမြဲတမ်းကြုံနေရမှာပါပဲ။ ဒါကို ကြောက်ပြီး ရှောင်တိမ်းနေတဲ့ရင်း ဘာမှမလုပ်ဖြစ်တော့တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။
တစ်ခါတစ်လေ
ကိုယ့်နှလုံးသားက တောင်းဆိုချက်တွေကို ရဲရဲဝံ့ဝံ့ လက်ခံကြည့်ပါ 📸
ဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ ဓာတ်ပုံဆုအကြောင်း 📸🎉
#AungChanTharPhotography
လူတစ်ယောက် အောင်မြင်ဖို့
လူတစ်ယောက် ကျရှုံးပေးစရာ မလိုပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံတကာဓာတ်ပုံဆုတွေ ရရှိအောင် ကြိုးစားသလို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ဆုတွေ အသီးသီးရအောင် ဒီနှစ်တွေမှာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။
လူတစ်ယောက်အနေနဲ့ လောဘရှိတယ်ဆိုပေမယ့် အဖက်ဖက်က ခက်ခဲနေတဲ့ ကာလတွေမှာ မြန်မာနိုင်ငံကလူငယ်တွေကို ဓာတ်ပုံပညာနဲ့ ကိုယ်တတ်နိုင်တာကို လုပ်ပေးနေခြင်း ဖြစ်ပါတယ်။
လူငယ်တွေ ဆုတွေ အသီးသီးရလာကြလို့ ကျွန်တော်ရနေတဲ့ ဆုတွေလည်း မရပ်သွားပါဘူး။ သူတို့ နေရာတစ်ခုရလာလို့ ကျွန်တော် နေရာဖယ်ပေးစရာလည်း မလိုပါဘူး။ အခွင့်အလမ်းတွေ များစွာရှိနေတဲ့ ဒီခေတ်ကြီးမှာ လူတိုင်းက ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ရယူခွင့်ရှိကြပါတယ်။ ပင်လယ်ရေ တစ်ယောက်တည်းသောက်လို့ မကုန်ပါဘူး။
အဲ့လို လူငယ်တွေကို ဖြစ်ထွန်းစေချင်တဲ့ ကောင်းတဲ့ စိတ်ကြောင့်ပဲ ဘာမှမရှိတဲ့ ဘဝကနေ အချိန်တိုတွင်း တိုးတက်ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံမှာ သူများမရဖူးတဲ့ ဆုတွေ၊ အခွင့်အလမ်းကောင်းတွေလည်း ကိုယ်တိုင် အများကြီးရခဲ့ပါတယ်။
ကျွန်တော်ကတော့ အမြဲဆက်သွားနေမှာပါ။
သွားနေရင်း လက်တွဲခေါ်လို့ရတဲ့သူတွေကိုလည်း တတ်နိုင်သလောက် လမ်းပြပြီး တွဲခေါ်သွားမှာပါ။
ဆုတွေအများကြီးရရှိခဲ့ကြတဲ့
အသက် (၂၅) နှစ်အောက် အခမဲ့ လူငယ်ဓာတ်ပုံသင်တန်းအကြောင်း 📸🎉
#အခမဲ့လူငယ်ဓာတ်ပုံသင်တန်း
#AungChanTharPhotography
အခမဲ့ လူငယ်ဓာတ်ပုံသင်တန်း အောက်က Link မှာ အသေးစိတ်ဖတ်ပြီး လျှောက်ထားနိုင်ပါပြီ 📸
https://www.facebook.com/share/p/1B9rLCL1fk/
ကမ္ဘာကျော် HASSELBLAD MASTER လို
ဓာတ်ပုံပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံက အသက် 24 နှစ်အရွယ် လူငယ်လေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေ Finalist ပါလာပါတယ် 🎉
Big Congratulations 🎉 Min Ko Oo ᵗᵃⁿᵏ 🎉
ဒီပြိုင်ပွဲက ဂုဏ်သိက္ခာကြီးမားပြီး ဆုရဖို့လည်း အင်မတန်ခက်ပြီး မြန်မာကလည်း ဆုကြီးမရဖူးသေးပါဘူး၊ ဒီနှစ်မှာ Voting ဆုလည်းပါလာတာမို့ မြန်မာက လူငယ်လေးရဲ့ပုံကို ဝိုင်းပြီး Voting လေးပေးဖို့ ကူတောင်းဆိုချင်ပါတယ်ဗျာ 🎉
Voting ပေးနည်းကလည်း လွယ်ပါတယ်၊ အောက်က Website link ထဲဝင်ပြီး Vote Now ဆိုတာလေးကို နှိပ်ပြီး Google account or Email တစ်ခုခုနဲ့ အကောင့်လုပ်ပြီး ဝင်ပါ၊ ပြီးရင် Street Category ကို နှိပ်ပြီး အောက်ကပုံလေးကို Star 5 လုံး ပေးရင် ရပါပြီဗျ 😍
https://www.hasselblad.com/inspiration/masters/2026/
တော်ရုံဆို ကျနော်သူများ Voting ကို တောင်းပေးလေ့မရှိပါဘူး၊ ဒီပြိုင်ပွဲက ကမ္ဘာကျော်ဖြစ်ပြီး Finalist ဝင်ဖို့တောင်ခက်သလို ဆုတစ်ခုခုရဖို့ဆို ပိုခက်ပါတယ်။ အခုက မြန်မာလူငယ်လည်းဖြစ် ကျနော့်ရဲ့ MPA သင်တန်းသားလည်းဖြစ်တာကြောင့် ကျနော့်ကို Voting ပေးသလိုပဲ အားလုံးဝိုင်းပေးကြဦးလို့ 😍🙏🎉
လုပ်သင့်တာတွေကနေ
လုပ်ချင်တာတွေဆီသို့ 📸
ဖတ်ကြည့်ပါဗျ
https://www.facebook.com/share/1D28HLBksG/
UK က ပြုလုပ်တဲ့ Concrete in Life Global Photography Competition မှာ People’s Choice ဆုကို ရရှိခဲ့ပါတယ် 🎉😍
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆုံးအနေနဲ့ ဆုရရှိခြင်းဖြစ်ပြီး ဆုကြေးအနေနဲ့ $5000 ရရှိမှာ ဖြစ်ပါတယ် 😍😍
ကျနော့်ပုံလေးကို Voting ဝိုင်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ Voting ပေးခဲ့တဲ့သူတွေကို ဖုန်းနဲ့ ဓာတ်ပုံပြင်နည်း Group ထဲကို မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးခဲ့သလို ထပ်ပြီးတော့ မေတ္တာလက်ဆောင်လေးတွေ ပေးချင်သေးလို့ Group ကို မ Join ရသေးရင် Screenshot လေးပြပြီး လာ Join လို့ရပါသေးတယ်ဗျ 📸🎉
+2
ရန်ကုန်သင်တန်းအပြီး
ပြိုင်ပွဲသင်တန်း ဆက် Join ကြသူများ 🎉📸
📸 Han Htut Aung
