fa
Feedback
Think Better ~ 12min Notes Myanmar (Est. 2019)

Think Better ~ 12min Notes Myanmar (Est. 2019)

رفتن به کانال در Telegram

We distill complex ideas and make them accessible and useful for Myanmar people. Web: https://12minnotes.com YT: https://www.youtube.com/12minNotesMyanmar FB: https://www.facebook.com/12minNotes Messenger: https://m.me/12minNotes TG: @My12minNotesBot

نمایش بیشتر
1 659
مشترکین
-324 ساعت
+57 روز
+1230 روز
آرشیو پست ها
🔥စာဖတ်သူပေါင်း ရာချီ ရယူကြပြီးတဲ့ 40,000 တန် Premium eBook ကို အခမဲ့ ရယူနိုင်ဖို့အတွက် ဒီ Link မှာ အသေးစိတ် ဖတ်ရှုလိုက်ပါ။👇 https://www.facebook.com/share/p/1E6WZaiXmi/

တကယ်လုပ်တာထက်၊ အချိန်ဆွဲနေရတာက ပိုအားကုန်တယ်။ 🔋❌
တကယ်လုပ်တာထက်၊ အချိန်ဆွဲနေရတာက ပိုအားကုန်တယ်။ 🔋❌

စာမေးပွဲနီးမှ စာအုပ်ပုံကြီးကို ကြည့်ပြီး... ဘယ်ကစဖတ်ရမှန်းမသိဘဲ စိတ်ညစ်ဖူးလား? ကျောင်းမှာ Top ရနေဖို့ဆိုရင် တော်တော်များများက အမြဲလိုလို စာအုပ်ပုံထဲမှာ ခေါင်းစိုက်နေရမယ်လို့ ထင်နေတတ်ကြပေမယ့်၊ ✅ တကယ်တမ်းတော့ ကျောင်းသားတစ်ယောက်အနေနဲ့ စာကြည့်ချိန်ကြည့်ပြီး တခြား အားလပ်ချိန်တွေရှိတာက ပိုပြီး healthy ဖြစ်တဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ပြုလုပ်နိုင်တာဖြစ်ပါတယ်။ 💡 အကယ်၍ အခုစာဖတ်နေသူက ကျောင်းသားတစ်ဦးဆိုရင် healthy ဖြစ်ဖြစ် စာလုပ်နိုင်မယ့် လျှို့ဝှက်ချက်ကို ပြောပြမယ်၊ 🔥 အဲ့တာကတော့ စာလုပ်ချိန်ထက် စာလုပ်နှုန်းကို ပိုတိုးမြှင့်လိုက်ဖို့ပါ။ 🧠 လူ့ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းက (၄၅) မိနစ်ဆိုတာ အလွန်ဆုံးပါပဲ၊ အနားမယူဘဲ ဆက်တိုက်ပဲ စာကြည့်စားပွဲမှာ ထိုင်နေမယ်ဆိုရင် ခေါင်းပူလာမယ်၊ ရထားပြီးသားစာနဲ့ အခုလုပ်နေတဲ့စာတွေ ရောလာမယ်၊ ခန္ဓာကိုယ်က မသက်မသာဖြစ်လာမယ်၊ ဦးနှောက်က တစ်နေရာတည်းမှာ မငြိမ်နိုင်တော့လို့ လူကပဲ စားပွဲမှာထိုင်နေပေမယ့် ဦးနှောက်ကနေ တခြားနေရာတွေကို ခုန်ပေါက်ရောက်သွားတာကို ပြန်ထိန်းနေရလိမ့်မယ်။ ဒါကြောင့် တကယ်ပဲ Top ဝင်ချင်တယ်၊ လူလဲ ဒဏ်မပိစေချင်ဘူးဆိုရင် ကိုယ်ကျက်မှတ်နေတဲ့ စာတွေကို ပိုမြန်မြန်ဖတ်ပြီးတော့၊ ဖတ်သမျှကို တန်းသဘောပေါက်နိုင်စွမ်း ရှိမယ့်၊ ကျက်မှတ်လိုက်တဲ့စာတွေကို အကြာကြီး မှတ်မိနေမယ့် အရည်အချင်းကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။ 🔥 ဒီအရည်အချင်းကို ကျွမ်းကျင်လာတာနဲ့ ကျောင်းစာတင်မကဘူး၊ အနာဂတ် ဆက်တက်ရမယ့် သင်တန်းတွေ၊ ကိုယ်ပိုလေ့လာချင်တဲ့ အရာတွေနဲ့ ကိုယ်ဖတ်ချင်နေတဲ့ စာအုပ်တွေကိုပါ အခုထက် ပိုပြီး လွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါး လေ့လာနိုင်မယ့်အပြင်၊ ဘာပဲသင်သင် Top ဝင်နေဦးမှာပါ။ 📚 အခု ၂၀၂၆ ပညာသင်နှစ်သစ်မှာ စာအုပ်ပုံထဲမှာထိုင်ပြီးတော့ အချိန်ကုန်၊ အားအင်ကုန်ခံပြီး "ဖတ်ပြီးမေ့" သံသရာထဲက ရုန်းထွက်ချင်တယ်ဆိုရင်... 💎 Super Reading Masterclass (SRM) က သင့်အတွက် အလိုအပ်ဆုံး သင်တန်းတစ်ခုဖြစ်ပါတယ်။ ✅ သင်တန်းတက်နေတဲ့ (၂၁) ရက်အတွင်းမှာတင် ကိုယ့်ရဲ့ စာဖတ်အမြန်နှုန်း၊ ကျောင်းစာတွေကို သင်ယူလေ့လာနိုင်မှုနှုန်းနဲ့ ရေရှည်မှတ်မိနိုင်စွမ်းကို (၂) ဆကနေ (၈) ဆအထိ သင်ခန်းစာတစ်ခုချင်းစီက အပိုင် တိုးမြှင့်ပေးနိုင်တယ်။ 🔳 Training Slides (၇၉၀) ကျော် 🔳 Video Lessons (၉၄၀) မိနစ်ကျော် အပြည့်အစုံနဲ့ စနစ်တကျ သင်ပေးသွားမှာဖြစ်လို့၊ ဂျင်းဖြစ်နေမှာကို စိုးရိမ်စရာ မလိုဘူး။ 💻 ပါဝင်ထားတဲ့ သင်ခန်းစာတွေကို သေသေချာချာ စီစစ်တည်းဖြတ်ထားတဲ့ ဆရာကိုယ်တိုင်က ဗီဒီယိုတွေနဲ့ တစ်ခုချင်း သေသေချာချာ ရှင်းပြထားတဲ့အတွက် ကျောင်းသားတစ်ဦးအနေနဲ့ သင်ခန်းစာတွေကို လိုက်မမီမှာကိုလဲ ပူစရာ မလိုဘူး။ 🧠 စာတော်ပြီး ဉာဏ်ထက်တဲ့အရည်အချင်းဆိုတာ မွေးရာပါထက်၊ မွေးမြူယူရတာဖြစ်လို့ ကိုယ့်ရဲ့ ကျောင်းစာတွေကို အချိန်ကုန်သက်သက်သာသာနဲ့ ပိုင်ပိုင်နိုင်နိုင် လေ့လာချင်တယ်ဆိုရင်... Super Reading Masterclass ရဲ့ 👉🏻 သင်ခန်းစာအမြည်းကို အခမဲ့ အရင်လေ့လာကြည့်ဖို့ Page Messenger ( 📍 https://m.me/12minNotes ) မှာ ✅ "SRM" လို့ အခုပဲ ပို့လိုက်ပြီးတော့၊ အမြည်းလေ့လာကြည့်လိုက်ပါ။ 👏🏻

❎ အလုပ်တစ်ခုကို စစလုပ်ချင်း၊ ပြစ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေလိမ့်မယ်လို့ မတွေးထားပါနဲ့။ #12minnotesmyanmar #busypeople #Contin
❎ အလုပ်တစ်ခုကို စစလုပ်ချင်း၊ ပြစ်ချက်မရှိ၊ လုံးဝ ပြည့်စုံနေလိမ့်မယ်လို့ မတွေးထားပါနဲ့။ #12minnotesmyanmar #busypeople #ContinuousImprovement #QualityInsightsOnly #fourthousandweeks #oliverburkeman

⚫ အလုပ်မှာ အစွမ်းကုန် ကြိုးစားနေပေမယ့် ရလဒ်က ထင်ထားသလောက် ဖြစ်မလာဘူးလား။ အလုပ်ကိစ္စတွေကပဲ စာဖတ်သူရဲ့ ဘဝကြီးတစ်ခုလုံးကို ဝါးမြိုသွားသလို ခံစားနေရပြီလား။ တကယ်တော့ ကျနော်တို့အနေနဲ့ ရှိသမျှ အချိန်နဲ့အား အကုန်သုံးပြီး၊ အလုပ်လုပ်ဖို့ပဲ ရှင်သန်နေတာမျိုး ဖြစ်မနေသင့်ပါဘူး။ အဲ့ဒီအစား အလုပ်ကို စမတ်ကျကျ စီမံခန့်ခွဲပြီး၊ career ခရီးလမ်းကို ရေရှည်ခိုင်မာအောင် တည်ဆောက်ယူရင်း၊ ကိုယ့်ဘဝကို အကောင်းဆုံး ရှင်သန်နိုင်မှသာ အဓိပ္ပာယ်ရှိတဲ့ အောင်မြင်မှုတွေကို ခံစားလာရမှာပါ။ ဒါကြောင့် လုပ်ငန်းခွင်အသစ်မှာ နေရာရဖို့၊ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ဖို့နဲ့ အလုပ်နဲ့ဘဝကို မျှတအောင် ထိန်းကျောင်းနိုင်ဖို့ Career Expert တွေရဲ့ အဖိုးတန်အကြံဉာဏ်တွေကို စုစည်းထားတဲ့ TED Talk (၃) ပုဒ်ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ******* 📌 How to Succeed in Your New Job (by Gorick Ng) အလုပ်သစ်စဝင်တဲ့အခါ လူတိုင်းရင်ဆိုင်ရတဲ့ "ငါ့ကို သူတို့ ဘယ်လိုမြင်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်ကို ဒီ TED Talk က အကောင်းဆုံး အဖြေပေးနိုင်မှာ ဖြစ်ပါတယ်။ Harvard ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြံပေးပညာရှင် Gorick Ng မျှဝေထားတဲ့ Competence, Commitment နဲ့ Compatibility ဆိုတဲ့ 3 Cs သော့ချက်တွေကို အသုံးချပြီး၊ လုပ်ငန်းခွင်မှာ First Impression ကောင်းကောင်းနဲ့ နေရာရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဒီလင့်ခ်မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ 👉 TED Talk Review Content: https://www.facebook.com/share/p/1CqeeDjXsG/ 👉 TED Talk Video: https://www.ted.com/talks/gorick_ng_how_to_succeed_in_your_new_job ******* 📌 How rest can make you better at your job (by Alex Soojung-Kim Pang) Productive ဖြစ်ချင်လို့ အလုပ်တွေကိုပဲ ဖိလုပ်နေပေမယ့် ပိုပိုပြီး ပင်ပန်းလာရုံပဲ ရှိတယ်ဆိုရင်၊ ဒီ Talk က စာဖတ်သူကို မျက်စိပွင့်သွားစေမယ့် အဖြေတစ်ခုပါ။ အလုပ်ကို နာရီပေါင်းများစွာ၊ အချိန်အကြာကြီး အဆက်မပြတ် လုပ်နေမယ့်အစား၊ Active Rest အပါအဝင် အနားယူနည်း (၄) မျိုးကို စနစ်တကျ ပေါင်းစပ်ပြီး၊ Creativity နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ သိပ္ပံနည်းကျ လမ်းညွှန်ပေးထားတာမို့၊ စာဖတ်သူဘဝမှာ တစ်ခေါက်လောက်တော့ ကြည့်ကိုကြည့်ရှုသင့်ပါတယ်။ 👉 TED Talk Review Content: https://www.facebook.com/share/p/18Uoa1qmAg/ 👉 TED Talk Video: https://www.ted.com/talks/alex_soojung_kim_pang_how_rest_can_make_you_better_at_your_job ******* 📌 How to reclaim your life from work (by Simone Stolzoff) "ငါက ဘာအလုပ်လုပ်တာလဲ" ဆိုတာထက် "ငါက ဘယ်သူလဲ" ဆိုတဲ့ ကိုယ်ပိုင် Identity ကို ပြန်ရှာဖွေဖို့ ဒီ TED Talk က သေချာလမ်းပြပေးထားပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ လုပ်သက် နှစ်ချီနေပြီဖြစ်တဲ့သူတွေ၊ ဘဝထက် အလုပ်ကိုပဲ ဗဟိုပြုထားလို့ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် Time Sanctuaries လို့ခေါ်တဲ့ အချိန်ဘေးမဲ့ဇုန်ကို ဖန်တီးပြီး အလုပ်နဲ့ အနားယူချိန်ကို ပြတ်ပြတ်သားသား ခွဲခြားနည်းတွေကို မျှဝေထားလို့၊ အလုပ်ကြောင့် Burnout ဖြစ်နေသူတွေ မဖြစ်မနေ နားထောင်၊ လေ့လာသင့်တဲ့ TED Talk ကောင်းတစ်ပုဒ်ပါ။ 👉 TED Talk Review Content: https://www.facebook.com/share/p/1B1iMdUh2u/ 👉 TED Talk Video: https://www.ted.com/talks/simone_stolzoff_how_to_reclaim_your_life_from_work?subtitle=my စာဖတ်သူလိုမျိုး အလုပ်နဲ့ဘဝကို သင့်တင့်မျှတတဲ့ “balance” ဖြစ်အောင် ဖန်တီးချင်တဲ့သူအတွက် ၂၀၁၉ ခုနှစ်ကတည်းက ဖန်တီးထုတ်ဝေထားပြီး ဝယ်ယူသူပေါင်း (၁၇,၀၀၀) ကျော်ရှိထားတဲ့ 🔥12min Notes Myanmar ရဲ့ 10X Productivity Pack ကို ဖတ်ရှုလေ့လာပြီး၊ စာဖတ်သူနဲ့ ကိုက်ညီတဲ့နည်းစနစ်တွေကို လက်တွေ့အသုံးချဖို့လည်း အကြံပြုလိုပါတယ်။ စိတ်ဝင်စားပါက ဒီ Link https://m.me/12minNotes?ref=10X-Productivity ကနေ စာမြည်းဖတ်ရှုလိုက်ပါ။ ဒီ TED Talk (၃) ပုဒ်ထဲမှာ စာဖတ်သူရဲ့ လက်ရှိ Career အခြေအနေနဲ့ အကိုက်ညီဆုံးက ဘယ်တစ်ခုလဲ။ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #QualityInsightsOnly #TEDTalkReview

“အလုပ်တစ်ခုအတွက် အချိန်ကြာကြာပေးထားလေလေ၊ အလုပ်ပြီးဖို့ ပိုကြာလေလေ” ဖြစ်လာတာက ဘယ်နိယာမကြောင့်လဲ?
Anonymous voting

Poll လေးမှာ အဖြေမှန်ကို ဝင်ရောက်ခန့်မှန်းကြည့်လိုက်ဦးနော် 😉🙌
Poll လေးမှာ အဖြေမှန်ကို ဝင်ရောက်ခန့်မှန်းကြည့်လိုက်ဦးနော် 😉🙌

🔥စာဖတ်သူပေါင်းရာချီ ရယူနေကြပြီးဖြစ်တဲ့ 12min Notes Myanmar ရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ် - 40,000 တန် Premium eBook ကို အခမဲ့ ရယူနိုင်ဖို့အတွက် Link မှာ အသေးစိတ် ဖတ်ရှုလိုက်ပါ။👇 https://www.facebook.com/share/p/1E6WZaiXmi/

စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉
စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉

စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉
စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉

စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉
စာဖတ်သူဘဝအတွက် အကျိုးရှိတာတွေ လုပ်ဖို့ အချိန်မရှိတာ တကယ် ဟုတ်ရဲ့လား။ ⁉

❓ ❝ ဘယ်သူလဲ၊ ဘယ်မိဘကနေ မွေးတာလဲ၊ ဘယ်ကျောင်းက ဆင်းလဲဆိုတာက သင့်အောင်မြင်မှုအတွက် ထင်သလောက် အရေးမကြီးပါဘူး။ တကယ်တမ်း အရေးကြီးတာက စာဖတ်သူနေ့စဉ်နေ့တိုင်း ဘယ်လိုအလေ့အကျင့်တွေကို ပြုလုပ်နေသလဲဆိုတာပါ…❞ ဒီအချက်ကို အထင်သက်သက်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ 💼⚡ နိုင်ငံပေါင်း ၁၉၀ ကျော်က ထူးချွန်သူ “Extraordinary people” တွေကို ဆယ်စုနှစ်တစ်စုကြာ လေ့လာဆန်းစစ်ခဲ့တဲ့ သုတေသနရလဒ်တွေအရဆိုရင်၊ လူတစ်ယောက်ရဲ့ အသက်၊ ကျောထောက်နောက်ခံနဲ့ ကိုယ်ရည်ကိုယ်သွေးတွေထက်၊ လူတစ်ယောက်ရဲ့အလေ့အကျင့်တွေကသာ ဘဝမှာ အောင်မြင်မှုတွေရရှိဖို့ သိသာကွဲပြားတဲ့ သက်ရောက်မှုရှိစေတာကို သိခဲ့ကြပါတယ်။ နောက်ထပ်အံ့ဩစရာကောင်းတဲ့အချက်က အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့၊ 🤓 “Extraordinary people”တွေမှာ ဘုံတူညီနေတဲ့ အလေ့အကျင့်တွေ ရှိနေကြပြီး၊ အဲ့ဒီ “High performing habits” တွေကို သူတို့ကိုယ်တိုင် သေချာ လေ့ကျင့်ပျိုးထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူလဲ High performer တွေလို အောင်မြင်ထူးချွန်တဲ့ဘဝကို လိုချင်ရင် အခုပြောပြသွားမယ့် “High performing habits” (၆) ခုကို စနစ်တကျ မွေးမြူထားဖို့ လိုပါတယ်။ ❒ Seek Clarity Self, Social, Skills & Service ဆိုတဲ့ 4S ကို သုံးပြီး၊ ရှင်းလင်းပြတ်သားမှုကို သေချာ ရှာဖွေပါ။ ❒ Generate Energy စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ဖန်တီး၊ ထိန်းသိမ်းပါ။ ❒ Raise Necessity အောင်မြင်မှုကို လက်ဝယ်ရဖို့ အကြောင်းအရင်း၊ လိုအပ်ချက်ကို ရှာဖွေဖော်ထုတ်ပါ။ ❒ Increase Productivity အလုပ်ပြီးမြောက်နိုင်စွမ်း အားကောင်းအောင် စနစ်တကျ မြှင့်တင်ပါ။ ❒ Develop Influence တစ်ဖက်လူကို သေချာကူညီရင်း၊ ဦးဆောင်တတ်အောင် လုပ်ပါ။ ❒ Demonstrate Courage ရှုံးနိမ့်မှာကြောက်တဲ့စိတ်ကို ရင်ဆိုင်ကျော်လွှားပြီး၊ ဆက်လက် လုပ်ဆောင်ရဲတဲ့ သတ္တိရှိပါ။ အခုမျှဝေသွားတဲ့ “High performing habits” (၆) ခုကို လက်တွေ့ ကျင်သုံးချင်ပေမယ့်၊ ဘယ်ကနေ၊ ဘယ်လို စတင်ရမလဲ ဗျာများနေတယ်ဆိုရင်… 𝐌𝐚𝐬𝐭𝐞𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐇𝐚𝐛𝐢𝐭𝐬 (𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐒𝐮𝐦𝐦𝐚𝐫𝐲 𝐍𝐨𝐭𝐞𝐬) 𝐞𝐁𝐨𝐨𝐤 𝐏𝐚𝐜𝐤𝐚𝐠𝐞 ထဲမှာ 𝐇𝐢𝐠𝐡 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐇𝐚𝐛𝐢𝐭𝐬: 𝐇𝐨𝐰 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐩𝐞𝐨𝐩𝐥𝐞 𝐛𝐞𝐜𝐨𝐦𝐞 𝐭𝐡𝐚𝐭 𝐰𝐚𝐲 ကို မြန်မာဘာသာဖြင့်၊ ကျစ်ကျစ်လျစ်လျစ် ဖတ်နိုင်အောင် ထည့်သွင်းပေးထားတာမို့၊ အချိန်တိုအတွင်း စာအုပ်ထဲက အဆီအနှစ်တွေကို ခူးခပ်ပြီး၊ လက်တွေ့ဘဝမှာ အသုံးချဖို့ ပိုမိုလွယ်ကူစေမှာပါ။ 𝐇𝐢𝐠𝐡 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐇𝐚𝐛𝐢𝐭𝐬 အပါအဝင် 📚 စာအုပ်ကောင်း (၁၅) အုပ်ထဲက အကောင်းဆုံး ဗဟုသုတ အဆီအနှစ်တွေကို ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတဲ့ 𝐌𝐚𝐬𝐭𝐞𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐇𝐚𝐛𝐢𝐭𝐬 ကို ဝယ်ယူဖတ်ရှုပြီး (၂) ပတ်အတွင်း စာဖတ်သူအတွက် “အလကားအပိုတွေ၊ ဂျင်းတွေ” လို့ခံစားရရင်၊ 12min Notes Myanmar ဘက်ကနေ 💯 အမေးအမြန်းမရှိ ငွေပြန်အမ်းပေးမယ့်အထိ အရည်အသွေးအပေါ် အာမခံမှုအပြည့်အဝ ရှိပါတယ်။ 👉 ဒါကြောင့် 𝐌𝐚𝐬𝐭𝐞𝐫 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐭 𝐇𝐚𝐛𝐢𝐭𝐬 ကို ဝယ်ယူအသုံးချလိုပါက ဒီလင့်ခ် https://t.me/My12minNotesBot ကနေ ဆက်သွယ်ပြီး စာမြည်းဖတ်ရှုနိုင်ပါပြီခင်ဗျာ။ တစ်ကြိမ်သာရမယ့် One-time Exclusive Discount Offer က သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။✨ ❝ 12min Notes Myanmar: Distilling complex ideas and making them accessible and useful for Myanmar people. ❞ #12minNotesMyanmar #QualityInsightsOnly #HighPerformanceHabits #MasterExcellentHabits #BetterThinking #PersonalDevelopment #HighPerformers

12min Notes Myanmar ရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ် - 40,000 တန် Premium eBook ကို အခမဲ့ ရယူနိုင်ဖို့အတွက် Facebook Page မှာ Post တင်ပေးထားပြီးပါပြီ။ Post ကိုဖတ်ပြီး Post မှာ ဖော်ပြထားသလို အခမဲ့ eBook ကို ရယူနိုင်ပါတယ်ခင်ဗျ။

ယုံကြည်ချက်ရှိတဲ့ အရူးတစ်ယောက်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်။
ယုံကြည်ချက်ရှိတဲ့ အရူးတစ်ယောက်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်။

💁🏻‍♂️ Ability VS Effort Praise စိတ်ပညာ သက်ရောက်မှုအရဆိုရင် လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်း ဂုဏ်ပြုပေးတာက၊ အဲ့ဒီလူကို ထူးချွန်ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာစေနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုးစားအားထုတ်မှုထက်၊ ✨ ပါရမီကို ပိုပြီး ယုံကြည်အားကိုးတဲ့အတွက် လူတစ်ယောက်ကို “မင်းက တော်တဲ့သူပဲ၊ မင်းလုပ်နိုင်ပါတယ်” ဆိုရုံလောက်ပြောပြီး အားပေးဂုဏ်ပြုတတ်တယ်။ 💢 လူတစ်ယောက်ကို “တော်တယ်” လို့ပြောလိုက်တာက အမှန်တော့ အားမဖြစ်စေတဲ့အပြင်၊ အဆိပ်အတောက်တောင် ဖြစ်သွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို တော်တယ်လို့ ပြောလိုက်ခြင်းအားဖြင့် ဒီလူက သူ့ရဲ့ အားနည်းချက်တွေနဲ့ မပြည့်စုံမှုတွေကို ပြသခွင့် မရှိတော့လို့ပါပဲ။ 💢 👶 ကလေးတစ်ယောက်ကို “ဒီကလေးက မွေးရာပါ အတွက်အချက်‌ တော်ကိုတော်တာ” လို့ပြောလိုက်ရင် ကလေးက သူကျွမ်းတဲ့ပုစ္ဆာမျိုးကို ကောင်းကောင်းဖြေရှင်းနိုင်ရင်တော့ ကိစ္စမရှိပေမယ့်၊ သူနားမလည်တဲ့ ပုစ္ဆာတွေနဲ့ ဂဏန်းကြီးတဲ့ အတွက်အချက်တွေကို ဖြေရှင်းရလို့ မသက်မသာဖြစ်လာချိန်မှာ ပုံမှန်ထက် ပိုလေးလံတဲ့ ဖိအားတွေကိုပါ ရင်ဆိုင်ရပါတယ်။ “ငါက မွေးရာပါ အတွက်အချက်တော်တာလေ… အခု ဘာတွေဖြစ်နေတာလဲ… ငါ့မှာ ပါရမီ မပါလာဘူးလား… အမေနဲ့အဖေ သိသွားရင် ဘယ်လိုလုပ်မလဲ” ဆို သူ့ရဲ့ဖြစ်တည်မှုကိုပါ မေးခွန်းတွေ ပြန်မေးမိလာပြီးတော့၊ 🚫 ပုစ္ဆာတစ်ပုဒ်က သူ့အတွက်တော့ လေ့လာစရာ စိန်ခေါ်မှုအသစ်မဖြစ်လာတော့ဘဲ၊ သူ့အတွက် အန္တရာယ်လိုပဲ ဖြစ်လာပါတယ်။ 👉🏻 ဒါဟာ လူတစ်ယောက်ရဲ့ အရည်အချင်းကို တံဆိပ်ကပ်လိုက်တဲ့အခါ၊ အဲ့ဒီလူ ခံစားရတဲ့ စိတ်ဖိစီးမှုတစ်ခုပါ…. 💯 တော်တယ်လို့ အပြောခံရတဲ့သူက အမြဲ ထူးချွန်နေအောင်၊ တော်နေအောင် စဉ်ဆက်မပြတ် ကြိုးစားရပါတယ်။ ပုံမှန်လူတစ်ယောက်က တစ်ခါတလေ မှားတာ၊ လွဲတာရှိရင်တောင်မှ ပြန်ကြိုးစားလို့ ရနိုင်ပေမယ့်၊ လူတော်တွေအတွက်တော့ သေးငယ်တဲ့ အမှားလေးတစ်ခုလေးက “ပါရမီနဲ့ အရည်အချင်း” ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်နစ်နာစေတယ်၊ ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ဖိအားတွေကို ခံစားရစေတယ်။ ပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ ပါရမီနဲ့အရည်အချင်းကို ဦးစားပေး ချီးမွမ်းတာက သူ့ကို 🚫 Fixed Mindset ဆိုတဲ့ “ပုံသေအတွေးအခေါ်” ဘောင်ထဲကို ဆွဲသွင်းလိုက်သလို ဖြစ်သွားတာကြောင့်၊ သူ့မှာ ✨ Growth Mindset လို့ ခေါ်တဲ့ “လေ့လာသင်ယူတတ်တဲ့စိတ်” မရှိတော့ပါဘူး။ တော်တယ်လို့ တံဆိပ်တပ်ခံရတဲ့သူတွေက ဘဝအခက်အခဲတွေကို ပုံမှန်လူတွေထက် ပိုပြီး ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းရင်ဆိုင်ရတတ်ပြီးတော့၊ ဘဝကို ပျော်ပျော်နေဖို့ပါ ခက်ခဲလာတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ အခုစာဖတ်နေသူကိုယ်တိုင်လည်း ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေနဲ့ ကိုယ့်ရဲ့ မိသားစုထဲက ကလေးငယ်တွေကို ပျော်ရွှင်သန်မာတဲ့သူတွေအဖြစ်နဲ့ ပြုစုပျိုးထောင်ပေးချင်တယ်ဆိုရင် 👉🏻 ဒီ Ability VS Effort Praise ဆိုတဲ့ စိတ်ပညာသက်ရောက်မှုလေးကို သတိတရ ရှိလိုက်ပါ။ 🥰 ဒီစိတ်ပညာ သက်ရောက်မှုလေး အကြောင်းကို သိပ္ပံနည်းကျ ရှင်းပြချက်တွေနဲ့အတူ စိတ်ဝင်တစား လေ့လာပြီး အသုံးပြုချင်ရင်တော့ 12min Notes Myanmar ရဲ့ 📍 YouTube Channel လေးထဲမှာ 📱 မိနစ် (၂၀) စာ Mind Map Video လေးကို တင်ပေးထားပြီးပါပြီ။ 💁🏻‍♂️ မိနစ် (၂၀) စာ ဗီဒီယိုလေးကနေတစ်ဆင့် ဒီစိတ်ပညာသက်ရောက်မှုအကြောင်း အသေးစိတ်ကို အခမဲ့ သင်ယူလေ့လာနိုင်ပါတယ်။ 🖇 https://www.youtube.com/watch?v=bnMu543LA4I