cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Arsenal Myanmar Blog

نمایش بیشتر
پست‌های تبلیغاتی
2 379
مشترکین
+124 ساعت
+257 روز
+11130 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
အာဆင်နယ်ရဲ့ တောင်ပံမှာ 1 v 1 ကို အထာကျကျနဲ့ ပလာတာရိုက်နိုင်တဲ့သူလိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တစ်ဦးချင်း ဖြတ်ကျော်တဲ့သူတွေကို အလေးမထားတော့ဘူးဆိုပေမဲ့ ပြောင်းလဲသွားတဲ့ ဒဿနတွေအရ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတဲ့ ထိပ်တန်းအသင်းတွေမှာ တစ်ဦးကောင်း နောက်တန်းတွေ အများကြီး မရှိတော့ပါဘူး။ အဲ့လို အချိန်မျိုးမှာဆိုရင် ကစားကွက်ထက် ဒရစ်ဘယ်က တစ်ခါတလေ ပိုအရေးပါပါတယ်။ ကိုယ်အသင်းတောင်ပံလူက တစ်ဖက်နောက်တန်းက ကစားကွက်အရ အရေးပါတဲ့ နောက်ခံလူကို ရှေ့တက်မလာအောင်လုပ်နိုင်ရင် အဲဒီနောက်ခံလူရှိနေတဲ့အခြမ်းဟာ တိုက်စစ်ကို မပံ့ပိုးနိုင်ပါဘူး။ ဘောလုံးမပျက်အောင် ကိုင်နိုင်လေ၊ တစ်ဖက်အသင်း ကစားပုံပျက်လေပါ။ အာဆင်နယ်ရဲ့ ဘယ် သို့ ညာမှာ ပလာတာ ကောင်းကောင်းရိုက်နိုင်တဲ့ တောင်ပံလူတစ်ဦး လိုအပ်ပါတယ်။ တချို့အသင်းလေးတွေနဲ့ပွဲမှာဆို ပလာတာရိုက်တဲ့ တစ်ယောက်ရှိရုံနဲ့ ကစားပွဲကို ထိန်းချုပ်နိုင်ပါတယ်။ မာတင်နယ်လီက Direct မှာ ပိုအားသန်တာမလို့ ဘယ်ခြမ်းရလေ၊ ပိုကောင်းလေပါပဲ။
نمایش همه...
👍 7
Photo unavailableShow in Telegram
ဂျော်ဂျင်ဟိုတို့ အီတလီအသင်းက ညက ရှာကာတို့ ဆွစ်ဇာလန်အသင်းကို ရှုံးသွားခဲ့တာကြောင့် ယူရိုပြိုင်ပွဲကနေ နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်
نمایش همه...
👍 14
Photo unavailableShow in Telegram
🇩🇪🔴⚪ ယူရိုရှုံးထွက်ပွဲမှာ ပင်နယ်တီကနေ သွင်းဂိုးရယူနိုင်ခဲ့တဲ့ ကိုင်ဟာဗက် ညက ဒိန်းမတ်နဲ့ပွဲမှာ ဂန်းနားကစားသမား ကိုင်ဟာဗက်က ပင်နယ်တီကနေ ဂျာမနီအတွက် အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်း ရတဲ့အခွင့်အရေးကောင်းတွေကိုသာ သူ့အနေနဲ့ အမိအရ အသုံးချနိုင်ခဲ့ရင် ဟက်ထရစ်တောင် ရနိုင်ဖို့ အခြေအနေ ရောက်ခဲ့တာပါ။ ဒိန်းမတ်ဂိုးသမား ကောင်းနေတာကြောင့်လဲ ပါပါတယ်။ မှတ်တမ်းကောင်းအနေနဲ့ ဟာဗက်က ဂျာမနီအတွက် စတင်ကစားပေးထားတဲ့ (၃၈) ပွဲမှာ သွင်းဂိုး+ ဖန်တီးမှု အကြိမ် (၃၀) လုပ်နိုင်ခဲ့ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ ကွာတားဖိုင်နယ်မှာတော့ ဂျာမနီက တဖက်မှာ စပိန်နဲ့ ဂျော်ဂျီယာတို့ထဲက နိုင်တဲ့အသင်းနဲ့ တွေ့မှာပါ။
نمایش همه...
👍 8 3
Photo unavailableShow in Telegram
နီကိုဝီလီယမ်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး " ကျွန်တော် လက်ရှိ ဘီဘာအိုမှာပဲ ပျော်ရွှင်နေပါတယ် " လို့ ဖြေခဲ့ပါတယ် ဒါကြောင့်မို့ ဒီကစားသမားကို အာဆင်နယ်အသင်းဘက်က စိတ်၀င်စားနေပေမဲ့ တကယ်တမ်း ခေါ်ယူနိုင်ဖို့တော့ ခက်ခဲနိုင်ဖွယ် ရှိပါတယ်
نمایش همه...
👍 16
Photo unavailableShow in Telegram
ယူရိုနဲ့ ကိုပါမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲကနေ တစ်ယောက်လောက်တော့ ကျိန်းသေခေါ်ဖို့ များတယ်။ ဘာလို့ဆို အပြောင်းအရွှေ့မှာ သူများတွေ ကျိန်းသေနီးပါးပုံစံမျိုး သတင်းတွေထွက်နေတာတောင် အာဆင်နယ်က ချိန်နေတုန်းပဲ။ ဒီတော့ နိုင်ငံမှာလည်းဆရာကျ၊ ပုံရိပ်လည်းမြင့်တဲ့ တစ်ဦးဦးကို ခေါ်ဖို့ စောင့်နေတာများလားပေါ့။ ခေါ်မယ်ဆိုရင် သဘောကျနေတဲ့ ကစားသမားတွေ ၁၀ယောက်လောက် စာရင်းထဲမှာ ရှိပေမဲ့ မဖြစ်မနေ လုံးဝ ရောက်စေချင်တဲ့သူဆိုရင် နှစ်ဦးတော့ရှိတယ်။ - ဂျာမနီ ကွင်းလယ်လူ အန်းဒရစ်ချ်နဲ့ - စပိန် ကွင်းလယ်လူ ဖာဘီရန် ရူးရစ်။ နှစ်ယောက်လုံးသာ ရိုက်စ်နဲ့ ပိတ်တွဲပေးလိုက်လို့ကတော့ ဘာဆိုလား ဖြစ်သွားမယ်။ အာတီတာလိုသလိုမျိုး ပုံဖော်လို့ ဆက်တိုက်၊ ဆက်တိုက် ရသွားမယ်။ ပေါ်တူဂီက ဗီတင်ဟာနဲ့ အီတလီက ဘာရယ်လာကို သဘောတော့ကျပေမဲ့ အရမ်းကြီး သဘောကျတာမျိုးတော့မရှိဘူး။ ပြန်ခေါ်ခွင့်ရမယ်ဆိုရင်တော့ ဇာကာပေါ့။ ပြောခဲ့တာတွေအားလုံးကလည်း သက်ဆိုင်ရာအသင်းတွေမှာ ကိုယ်စီခြေစွမ်းရှိပြီးသားဆိုတော့ ထင်သလောက်လည်းမလွယ်ပါဘူး။ ရောက်စေချင်တာတွေကို ပြောပြရုံလေးပါပဲ။ 😁
نمایش همه...
👍 11
Photo unavailableShow in Telegram
💰🔴⚪ ဟတ်ချင်ဆန် အပြောင်းအရွှေ့ကနေ ပေါင်သန်းဆယ်ချီရမဲ့ အာဆင်နယ် ချယ်လ်ဆီးလူငယ်ကစားသမားလေး ဟတ်ချင်ဆန်ကို ပြီးခဲ့တဲ့ရာသီက (၁) ရာသီအငှားချခဲ့တဲ့ အစ်ဆွစ်တောင်း အသင်းက အခုဆိုရင် ဒီကစားသမားကို အပြီးသတ် ခေါ်ယူတော့မှာပါ။ ဒီအပြောင်းအရွှေ့က ပရီးမီးယားလိဂ်ကို ဒီရာသီမှာ တန်းတက်ခွင့်ရထားတဲ့ အစ်ဆွစ်တောင်းအသင်း အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့အဖြစ်လဲ မှတ်တမ်း၀င်သွားခဲ့ပါပြီ။ ဒီနေရာမှာ အမြတ်ရခဲ့တာက အာဆင်နယ်အသင်းပါ ၊ ဒီကစားသမားလေးကို ချဲလ်ဆီးဆီ ရောင်းချခဲ့တုန်းက 50% sell on clause ကို ထည့်သွင်းချုပ်ဆိုခဲ့လို့ ဟတ်ချင်ဆန်ကို ပြန်ရောင်းချတဲ့ ချယ်လ်ဆီးတို့ဆီကနေ ပြောင်းရွှေ့ကြေးတ၀က်ကို အာဆင်နယ်အသင်း ရရှိမှာဖြစ်ပါတယ် ။ ဟတ်ချင်ဆန်ရဲ့ စွမ်း‌ဆောင်ရည်ပိုင်းကလဲ မဆိုးတဲ့ အနေအထားမှာရှိပြီး ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ်ရဲ့ တရာသီတာအကောင်းဆုံးကစားသမားဆုကိုတောင် ရယူနိုင်ထားတဲ့သူပါ ၊ ဒီရာသီ ပရီးမီးယားလိဂ်မှာရော ဘယ်လောက်ထိ ဒီလူငယ်လေး တောက်ပလာနိုင်မလဲ စောင့်ကြည့်ချင်စရာပါပဲ
نمایش همه...
👍 8
Photo unavailableShow in Telegram
အသက် (၃၉) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဆင်နယ်ကစားသမားဟောင်း ကာဇိုလာဟာ ကစားသမားဘ၀ကနေ အနားယူမှာ မဟုတ်သေးဘဲ စပိန်ကလပ် ရီးရဲလ်အိုဗီဒိုအသင်းနဲ့ စာချုပ် (၁)နှစ် သက်တမ်းတိုးလိုက်ပါပြီ 😃
نمایش همه...
21👍 2🥰 1
မနှစ်က ဒီလိုနေ့မှာ - အာဆင်နယ်အသင်းက ကိုင်ဟာဗက်ကို ချဲလ်ဆီးကနေ ခေါ်ယူနိုင်ခဲ့ပါတယ် ရောက်ခါစက အသင်းနဲ့ အံ၀င်ဖို့ အချိန်အနည်းငယ်ယူခဲ့ရပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အသင်းပရိတ်သတ်တွေ စိတ်ကျေနပ်ရလောက်တဲ့ ခြေစွမ်းမျိုးကို သူလုပ်ပြနိုင်ခဲ့ပါတယ် ဒီနှစ်မှာရော ကိုင်ဟာဗက်တစ်ယောက် အသင်းအတွက် သွင်းဂိုးတွေ ဖန်တီးမှုတွေ ဘယ်လောက်ထိပ်ုလုပ်ပြလာနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ ပရီးမီးယားလိဂ် ရာသီသစ် စတင်ဖို့က ရက် (၅၀) လောက်သာ ကျန်တော့တာပါ
نمایش همه...
17👍 4🍓 1
Photo unavailableShow in Telegram
နာမည်ကြီး သတင်းထောက်၊ သတင်းဌာနတွေကနေ အာဆင်နယ်ဟာ ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းဆီ စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းလိုက်ပြီဆိုတာကို အသီးသီး တင်ကြတယ်။ အပြောင်းအရွှေ့ဖွင့်ပြီး၊ (၁၅)ရက်လောက် အကြာမှာပဲ ကမ်းလှမ်းလိုက်တာဖြစ်ပေမဲ့ ကမ္ဘာလောက် ကြာခဲ့တယ်။ ပြောင်းရွှေ့ကြေးက ပြတ်တယ်။ သုံးရစ်ခွဲပေးမယ်၊ ပေါင် (၁၀၅)သန်း။ အိုဇေးလ်နောက်ပိုင်းမှာ အာဆင်နယ်ကို ကမ္ဘာ့အဆင့်မီ ကွင်းလယ် ကစားသမားတစ်ဦး ရောက်လာခဲ့တယ်။ ဗြိတိန် ကစားသမားတစ်ဦးအတွက် စံချိန်တင် ပမာဏ ဖြစ်ခဲ့တယ်။ ဒီနှစ်မှာ မလှုပ်ရှားသေးပေမဲ့ ယူရိုရှိနေတာကြောင့် လှုပ်ရှားဖို့ ခက်နေတယ်လို့ပဲ ယူဆတယ်။ ပုံမှန်ဆို အာဆင်နယ်က ဒီအချိန်မှာ ကစားသမားခေါ်ဖို့ လုပ်နေပြီဆိုတာကို တစ်ချက်လေး ပြန်သတိပေးတာပါ။ ယူရိုကြောင့် နည်းနည်းလေး ကြာနေတာပါ။ ပရိသတ်တွေ ပျော်ရွှင်ရမယ့် အပြောင်းအရွှေ့တစ်ခုခု ရှိမယ်လို့ ယူဆထားတယ်။ ရိုက်စ်လိုမျိုး ကမ္ဘာ့အဆင့်မီ ကစားသမားပေါ့။
نمایش همه...
👍 16
Photo unavailableShow in Telegram
🔴⚪ ပါတေးအတွက် ဆော်ဒီကလပ်နဲ့ အာဆင်နယ်တို့ ဆွေးနွေးမှု ပြုလုပ်နေ ပါတေး ကို ဆော်ဒီက ခေါ်ယူဖို့ ကစားသမားနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။ အာဆင်နယ်မှာပဲ ပါတေးက ဆက်နေဖို့ ဆန္ဒရှိပေမဲ့ အာဆင်နယ်ဘက်က ဒဏ်ရာခဏခဏရတတ်တဲ့သူ့ကို အကြိုက်မတွေ့လို့ ရောင်းချင်နေတာပါ။ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။
نمایش همه...
👍 12
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.