fa
Feedback
စာပေဗဟုသုတ

စာပေဗဟုသုတ

رفتن به کانال در Telegram

စာဖတ်ရင်လူတော်တစ်ယောက်ဖြစ်နိုင်တယ်လို့မပြောနိုင်ရင်တောင် အမှားအမှန်တော့ ခွဲခြားတက်တဲ့ အရည်အချင်းတော့ရသွားလိမ့်မယ်....

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
586
مشترکین
+124 ساعت
+117 روز
+5230 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '24
سپتامبر '24
+36
در 0 کانال‌ها
اوت '24
+632
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
25 سپتامبر+1
24 سپتامبر0
23 سپتامبر+2
22 سپتامبر0
21 سپتامبر+5
20 سپتامبر0
19 سپتامبر+2
18 سپتامبر+1
17 سپتامبر0
16 سپتامبر0
15 سپتامبر+1
14 سپتامبر0
13 سپتامبر+4
12 سپتامبر+1
11 سپتامبر+2
10 سپتامبر0
09 سپتامبر0
08 سپتامبر+1
07 سپتامبر0
06 سپتامبر0
05 سپتامبر0
04 سپتامبر+4
03 سپتامبر+7
02 سپتامبر0
01 سپتامبر+5
پست‌های کانال
ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။ ပေဿနဒီကောသလမင်းက ဓမ္မရာဇာဘုရား ဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွား တဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာ ပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ပဲ နေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား။ နာဠာဂီရိဆင်မင်း။ ပလလေယျဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရား ဖူးမြော်ရန် ပြုလုပ်ရမည့် ကုသိုလ် ******** ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်။ မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်။ မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေ မဟုတ်ပဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်။ သရဏဂုံသီလ မပြတ် ဆောက်တည်သောပုဂ္ဂိုလ်။ ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်။ အသစ်ဆောက်လုပ်လှူဒါန်းတဲ့ပုဂ္ဂိုလ်။ ဗောဓိညောင်ပင် စိုက်ပျိုးသောပုဂ္ဂိုလ်။ ညောင်ရေ သွန်းလောင်းသောပုဂ္ဂိုလ်။ ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားပြုပြင်သောပုဂ္ဂိုလ်။ အာရုဏ်ဆွမ်း နေ့ဆွမ်း မပြတ် လောင်းလှူသောပုဂ္ဂိုလ်။ ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ လှူဒါန်းသောပုဂ္ဂိုလ်။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများ အားထုတ်သောပုဂ္ဂိုလ်။ အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီး လက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကို ရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ပြောပြခဲ့တဲ့ ကုသိုလ်တွေ ဖြစ်ပါတယ်။ အရိမေတ္တေယျမြတ်စွာဘုရားလောင်း ပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့ မဟာဝေဿန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင် နာကြားကြသောသူတို့သည် ကြှနျုပျဘုရားမဖွဈမီအကွား သံသရာ၌ ကျင်လည် လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကြှနျုပျ ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျ မြတ်စွာဘုရားအလောင်းက ပြောပြတော် မူခဲ့ပါတယ်။ *********** အရိမေတ္တေယျမြတ်စွာဘုရားကိုဖူးမြော်ပြီး နိဗ္ဗာန်ကို ရချင်တဲ့သူများဟာ ၁။ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီး သာသနာပြုတဲ့ပုဂ္ဂိုလ်။ ၂။မိမိရင်မှဖြစ်တဲ့သား၊သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေ ကို ရဟန်းခံပေးခြင်း၊ရှင်ပြုပေးခြင်းပြုတဲပုဂ္ဂိုလ်။ ၃။မိခင်ဖခင်တို့ကို ၀တကြွတနြေးကွမဟေုတပြဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။ ၄။သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။ ၅။ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။ ၆။ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။ ၇။ရတှငြေး ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဂိုလ်။ အာရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဂိုလ်။ ၈။ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။ ၉။ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။ အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကို ရမယ်ဟု ဆိုပါသည်။ ပြန်လည်မျှဝေကုသိုလ်လေးမို့မူရင်းရေးသားပူဇော်သူအားရိုသေစွာ Credit.... ပေးပါတယ်

2
ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း ********* အဲဒီကံ့ကော်ပင်ရဲ့အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်း အစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့ လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှာ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေ ကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တစ်လောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်း လာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြု ညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ ခေါ်ပါတယ်။ ဓမ္မစင်္ကြာတရားဟော ကြွခြင်း ****** ဗြဟ္မာမင်းထံမှ တရားဟောရန် ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစင်္ကြာတရားဟောဖို့ ရန် ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကို ခွင်းပြီး အတောင်( ၃ဝ )ရှိတဲ့ ကြာပွင့်ကြီး။ (၂၄ )တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင် ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ။ နတ်ပရိသတ် စင်္ကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည် အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစင်္ကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြ လိမ့်မယ်။ ဘုရားရှင်၏ တန်ခိုးတော် **** ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်း ဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်း တဲ့ ဗိတာန်မျက်နှာကျက်သည် ဓမ္မစင်္ကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံ သည့်တိုင်အောင် နေ့ညအမြဲပင် လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီး နေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့် ပြည့်စုံသော ( ၁၂ )ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီး ပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် ဗိတာန် ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာ ဟောမယ်ဆိုရင် အိမ်ပေါက်ဝ။ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ။ မြို့မှာဟောမယ်ဆိုရင် မြို့မှာ။ တောမှာဟောမယ် ဆိုရင် တောမှာ စတဲ့ ဟောတဲ့ နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။ ရုပ်မြင်သံကြား မေတ္တေယျဘုရား ***** အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲ ဟောဟော စင်္ကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟော အသံကို ကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်း မြင်နေရမယ်။ ရုပ်လည်းမြင်ရမယ်။ အသံလည်း ကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့ နားပိတ်ထားလည်း မရဘူး။ ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်( ၃၁ )ဘုံ အကာအရံ မရှိ ဖီလာ ထုတ်ချင်းပေါက် မြင်ကြရမှာ။ အပေါ်ကြည့်ရင်နတ်သား နတ်သမီး ဗြဟ္မာတွေ မြင်ရမယ်။ အောက်ငုံ့ကြည့်ရင်ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခ မျိုးစုံကို မြင်ရတော့ငရဲရောက်အောင် အကုသိုလ်တွေ ပြုရဲဖို့ မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင်နတ်သားလို။ မိန်းမဆိုရင်နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ။ ပြဿနာမရှိ။ကွဲကွာသွားခြင်းလည်း မရှိ။ အမြဲ အဆင်ပြေမယ်။ ရာသက်ပန် ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်း လက်စွပ် လက်ကောက် ခြေကျင်း စသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ် ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူ မရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန် ယူစားလို့ ရတယ်။ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကို မရှိဘူး။ နေ့ ည ခွဲမရ *** အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကကြီးဟာ နေ့အခါ ညအခါရယ်လို့ မရှိ။ နေ့ရော ညပါ အမြဲတမ်း လင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ ည ခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့် အရွယ် ****** မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန် စံဝင်လိမ့်မယ်။ ဒါပေမဲ့ သာသနာတော်က အနှစ်နှစ်သိန်း ခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘုရားမပွင့်တော့ဘူးတဲ့။
0
3
နိမိတ်လေးပါး မြင်ခြင်း ***** ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့ အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါး တွေ့မြင်ရရင် သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့် အကြံဖြစ်ပေါ်လာလိမ့်မည်။ အဇိတမင်းသား တောထွက်မယ့် စိတ်အကြံကို သင်္ခစင်္ကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်း လေးထောင်သော ကချေသည်တွေ မြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသား မင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းကို ပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့် အလျှံ ခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင် ဖြေဖျော်နေကြတာ။ အဇိတမင်းသား တောထွက်တော်မူခြင်း ********* အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံ ကို သင်္ခစင်္ကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လူတွေအားလုံး သိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံး သိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်း များစွာနှင့်တကွ စန္ဒမုခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေး ကချေသည်တွေရော အဇိတမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင် လိုက်ဖို့ရာ အတွက် ပြည့်လျှံပြီးတော့ နေမယ်။ တောထွက်မည့်အချိန်လည်း ရောက်ရော လူပေါင်း များစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော်ကြောင့်လည်းကောင်း စင်္ကြဝတေးမင်း အာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟင်္သာမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်ပြီး ကံ့ကော်ပင် ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ***** ကောင်းကင်ယံ ဟင်္သာပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်း က သုံးယူဇနာရှိသော ထီးကို ကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကို ကိုင်လျက် သာဓု သုံးကြိမ် ခေါ်ပြီး လိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်ပြီး လိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်။ ပဉ္စသိင်္ခနတ်သားက စောင်းကို ကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူး စစ်သည်တွေက လက်နက်ကိုယ်စီ ကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကို ကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကို ကိုင်မယ်။ ဂဠုန်တို့က စောင်းတီး လိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီး လိုက်မယ်။ ဟင်္သာပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာကံ့ကော်ပင်အောက်မှာ ပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူ ပါမယ်။ အဇိတမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်ရက် ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ ပြည့်စုံတဲ့ နွားနို့ဆွမ်း လှူလိမ့်မယ်။ သဗ္ဗညုတဉာဏ်ရသည့် အချိန် ******** ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ ပြည့်စုံတဲ့ အမြင့်( ၆၄ ) တောင်ရှိတဲ့ ရွှေပလ္လင် ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေ တော်မူလျက် အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေ ခြံရံလျက် မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်။ ညဉ့်ဦးယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရမယ်။ သန်းခေါင်ယာမ်အချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကို ရမယ်။ မိုးသောက်ယာမ်အချိန် အာသဝက္ခယဉာဏ်တွေ ရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျရင် သစ္စာလေးပါး ကို သိပြီး သဗ္ဗညုတဉာဏ်ကို ရမယ်။ ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့အတောင်နဲ့ အတောင်ခုနစ်ဆယ် ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ ခေါ်တယ်။ ကံ့ကော်ပင်ရဲ့အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာ မွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက် ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေ ဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော် မပျံဝံ့ကြဘူး။ ကံ့ကော်ပင်နားရောက်တဲ့ ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။
0
4
ရှယ်ထားနော် ဖြည်းဖြည်းဖတ်ရအောင် #အရိမေတ္တေယျမြတ်စွာဘုရား_ဗုဒ္ဓဝင် ဂေါတမ မြတ်စွာဘုရားရှင်က ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရ အရဟတ္တဖိုလ်စျာန်သမာပတ် ဝင်စားပြီး အဇိတ ရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျ ဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်ဆယ့််ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာ ရှိနေမယ်။ အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ထုံးတမ်း အစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းကြီးငါးပါးနဲ့ အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြပါတယ်။ ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်တော်မူခြင်းက ********** ၁။ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁ဝဝအထက်) ၂။ဘုရားဖြစ်ရာကျွန်းကားဇမ္ဗူဒိပ်ကျွန်း။ ၃။ဘုရားပွင့်ရာဒေသကားမဇ္စျိမဒေသ။ ၄။ဘုရားလောင်းဖြစ်ရာ အမျိုးကားမင်းမျိုး ပုဏ္ဏားမျိုး။ ၅။မယ်တော်၏ အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာ နေရခြင်း။ ပဋိသန္ဓေယူခြင်း ***** ကေတုမတီပြည် သင်္ခစင်္ကြဝတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင် နိုင်ပြီး ပစ္စုပ္ပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ဆယ်လပြည့်တဲ့အခါ မှာ ဣသိပတနမိဂဒါဝုန်တောမှာ မယ်တော် ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ်။ အိပ်လျက်လည်း မဟုတ်ပဲ ရပ်လျက်သာလျှင် သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျကို ဖွားတော်မူလိမ့်မည်။ ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ ဖွားဘက်တော်( ၁၈ )ကုဋေအားလုံး အမတ်တွေချည်း ဖြစ်မယ်။ အဇိတဟူသော အမည်ကိုသာ ပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော် ချတိုင်း ချတိုင်း ကြာပွင့်တွေ ပေါ်ပေါက်လိမ့်မယ်။ ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး ယခုဘဝကားငါ့အဖို့ နောက်ဆုံးဘဝတည်း။ နောက်ထပ်ဘဝ မရှိတော့ပြီ။ အာသဝေါကင်းသည် ဖြစ်သောကြောင့် ငြိမ်းအေး လတံ္တ့ ဟူသော စကားကို အရပ်လေးမျက်နှာကို ကြည့်ပြီး ပြောဆိုလိမ့်မယ်။ ပြာသာဒ်လေးဆောင် ပေါ်လာခြင်း ***** အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏ ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့ တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက် လာလျိမျ့မညျ။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂ အသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းက ခုနစ်ထောင်စီ။ တစ်ဖက် တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ။ ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော ထီးဖြူ ခုနစ်ထောင်စီ။ ခုတင်ညောင်စောင်း ခုနစ်ထောင်စီ။ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း(၂၈ဝဝဝ )ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးက တစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာ ကျယ်မယ်။ ရွှေအိုး၏အမောက်ကားမြေကြီးနဲ့အမျှ အောက်မြေကြီး အဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး။ ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်း ခုနစ်ထောင်။ လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရ သော ရထားခုနစ်ရာ။ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည် အမျိုးသမီးခုနစ်ထောင်တို့ဖြင့် ဖျော်ဖြေ ကြလိမ့်မည်။ အဇိတမင်းသား အိမ်ထောင်ပြုခြင်း ****** အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုခီအမျိုးသမီးနဲ့ အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှ အလွန်လှပပြီး သူ့ရဲ့ ခန္ဓာကိုယ် အနံ့ကားစန္ဒကူးသရက္ခန်အနံ့လို မွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်ကဆယ့်နှစ်တောင်အတွင်း မီးမထွန်းပဲ အရောင်တဝင်းဝင်း ထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီး လိုက်သလဲဆိုရင် ရှင်ဘုရင်မဟုတ်ပဲနဲ့ အဇိတမင်းသားဘဝလောက် ရှိတာတောင်မှ သင်္ခစင်္ကြဝတေးမင်းနှင့်တကွ မြို့ပေါင်း ရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေ နတ်သားတွေက ဝေယျာဝစ္စလုပ်ပေးချင်လို့ ပြုလုပ်ခွင့်ပေးဖို့ လာပြီး တောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကြှနျုပျမှာ ဖွားဘက်တော်( ၁၈ ) ကုဋေ အမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။ သားတော် ဖွားမြင်ခြင်း ***** အဇိတမင်းသားဟာ ပြာသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေး မွေးဖွားလိမ့်မယ်။
0