fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း

သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း

رفتن به کانال در Telegram
2 181
مشترکین
-224 ساعت
+307 روز
+3830 روز
آرشیو پست ها
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းအနေဖြင့် ၊ မိမိတို့စစ်ရေးလှုပ် ရှားရာ ဒေသအတွင်းရှိ လမ်းပိုင်းများတွင် ခရီးသွားပြည်သူများအား ၊ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မူအချို့ နှင့် ခရီးသွားလာရာတွင် လိုအပ်သည့်သတိပြုရမည့်အချက်များအား ပြောဆိုရှင်းပြမူများ ပြုလုပ်လျှက်ရှိပါသည်။ ခရီးသွားပြည်သူများအနေဖြင့် မိမိတို့တပ်ဖွဲ့ဝင်များ စစ်ဆေးသည်နှင့် ကြုံကြိုက်သည့်အခါများတွင် ​ယုံကြည်စိတ်ချစွာ အစစ်အဆေးခံခြင်းဖြင့် ၊ ပူးပေါင်းပါဝင်ကူညီပေးကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ်၄တပ်ရင်း

အများပြည်သူများအား အသိပေးထုတ်ပြန်ကြေညာချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၈)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် -၄ တပ်ရင်း
အများပြည်သူများအား အသိပေးထုတ်ပြန်ကြေညာချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၈)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် -၄ တပ်ရင်း

▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၇) ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ်-၄ တပ်ရင်း အနေဖြင့် ၊ ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင် စိုးမိုးအားကောင်းရာ နယ်မြေများအတွင်း ထိုးဖောက်ဝင်ရောက် စစ်ရေးလှုပ်ရှားမူအချို့ ပြုလုပ်လျှက်ရှိရာ ၊ ဒေသအတွင်း အချက်အချာကျသော ၊ သရက်ခရိုင် ၊ ကံမမြို့နယ် ၊ သရက် - ကံမ လမ်းပိုင်း ၊ ရေနံသာကျေးရွာရှိ ၊ သုံးပွင့်ဗိုလ်ဦးဆောင်၍ အင်အား (၃၀)ခန့်နှင့် ကျလန်စည်းရိုးအထပ်ထပ် ၊ အုတ်ဘန်ကာများဖြင့် ၊ အခိုင်အမာတပ်စွဲထားသော ၊ ရေနံ့သာရဲကင်းစခန်းအား အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် ၊ (၆.၁၁.၂၀၂၅) ရက်နေ့ ၊ နံနက် (၆) နာရီချိန်တွင် ၊ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာတွင် ၊ တိုက်ပွဲမှာ ပြင်းထန်ကာ တိုက်ပွဲချိန် (၂)နာရီ (၃၀) မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ၊ ရန်သူ့ဘန်ကာ (၆)ခုအနက် (၄)ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ၊ ကျန် (၂) ခုအား ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးစားနေချိန်တွင် ၊ မြေပြင်အခြေအနေအရ ထိုးစစ်ဆင်မူကို ရပ်နားပြီး ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထိုတိုက်ပွဲအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ (၇) ဦးထိ သေဆုံးပြီး ၊ အများအပြားဒဏ်ရာရရှိကာ ၊ ကျွန်ုပ်တို့ ရဲဘော် (၂) ဦး မြင့်မြတ်စွာ အသက်ပေးကျဆုံးခဲ့ပါသည်။ ထို ရေနံ့သာရဲကင်းစခန်းအား စတင်ထိုးစစ်ဆင်တိုင်ခိုက်သည်နှင့် တပြိုက်နက် ၊ နံနက် (၆)နာရီချိန်တွင် ၊ ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ အဓိက အရေးပါသော ကာကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ (၁၂) အား ၊ ကျွန်ုပ်တို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းမှ ၊ 122MM ရှော့တိုက်ဒုန်း (၅)လုံးဖြင့် ၊ ပစ်ခတ်တိုက်ခိုက်ရာ ၊ (၄)လုံးအား အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ကပစ (၁၂) စက်ရုံအတွင်း ၊ ကျရောက်ပေါက်ကွဲမူများ ရှိခဲ့ရာ ၊ စက်ရုံအတွင်းမှ ၊ ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ ၊ ကြောက်အားလန့်အားဖြင့် လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မူကြောင့် ၊ သရက်မြို့နယ် ၊ ညောင်ပင်သာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ ဒေသခံအပြစ်မဲ့ ပြည်သူ (၁)ဦး၏ နေအိမ် ဗုံးထိမှန်ကာ အမျိုးသမီး (၁)ဦး ၊ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ကပစ (၁၂) စက်ရုံအတွင်း ထိခိုက်ပျက်စီးမူများရှိနိုင်ပြီး ၊ သတင်းအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေပါသည်။ တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ၊ သရက် ကပစ (၁၂) နှင့် ကံမမြို့မှ အင်အားများအား စုဖွဲ့၍ ၊ ရေနံ့သာရဲကင်းစခန်းရှိ လက်ကျန် စကမအဖွဲ့ဝင်များအား ၊ စစ်ကူပေး ကယ်ထုတ်နိုင်ရေးအတွက် ကုန်းလမ်း ၊ ရေလမ်းများအားအသုံးပြုကာ ၊ ကံမမြို့နယ် ၊ ပုဇင်းနိမ့်ကျေးရွာ ၊ အုပ်ပုံကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မူကြောင့် ၊ ဒေသခံပြည်သူနေအိမ်များ ထိမှန် မီးလောင်မူများရှိကာ ၊ အပြစ်မဲ့ပြည်သူ အမျိုးသမီး (၃)ဦး ထိမှန်ပြီး (၁)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါသည်။ ဆက်လက်ပြီး ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ၊ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မူကြောင့် ၊ ကံမမြို့နယ် ၊ ဆုံကုန်းကျေးရွာ နှင့် သစ်ငုတ်တထောင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲမူများကြောင့် သရက် - ကံမ လမ်းပိုင်းရှိ အရေးပါသောတံတား(၁)စီး ပျက်စီးမူ ရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် စစ်ရေးအခြေအနေဆက်လက်တင်းမာလျှက် ရှိပြီး ၊ ပြည်သူများအနေဖြင့် ၊ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း ၊ ခရီးသွားလာခြင်းများ မပြုလုပ်သင့်သေးပါကြောင်း အသိပေး အပ်ပါသည်။ ထိုးစစ်ဆင်တိုက်ပွဲအတွင်း ရဲဝံ့စွာတိုက်ခိုက်ပြီး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော ရဲဘော် (၂)ဦးအား လေးနက်စွာ ဂုဏ်ပြုအပ်ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင်အမှတ်၄တပ်ရင်း

▪ အများပြည်သူများအား အသိပေးထုတ်ပြန်ချက် ▪၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် -၄ တပ်ရင်း

▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ (၂၈) ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန၊သရက်ခရိုင်အမှတ် (၄)တပ်ရင်း၊ တပ်ခွဲ(၂)မှ ၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနှင့် ဝန်တွင်းကျေးရွာကြား၊ ပုသိမ်-မုံရွာလမ်းပိုင်းပေါ်တွင် တပ်တွင်းဖရဲသီး​ပေးသော သတင်းအရ  ကင်းပုန်းဝပ်အသင့်စောင့်နေစဉ် (၂၈.၁၀.၂၀၂၅)ရက်နေ့ ၊ နေလယ်(၁၂) နာရီ (၅၀)မိနစ်ချိန်၌ ၊ မင်းတုန်းမြို့ဘက်မှ ဝန်တွင်းကျေးရွာဘက်ဆီသို့ မောင်းနှင်လာသော တိုင်းအဆင့် ရဲမှူးအပါ ကား(၄)စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ ဖိုးဝှီးကား(၁)စီး မိုင်းထိမှန် မောင်းပြေးသွားခဲ့ပြီး ၊ ၎င်းကား မောင်းပြေးသွားရာသို့ ၊ လိုက်လံပစ်ခတ်ရှင်းလင်း ရာတွင် မိုင်းထိမှန်ထားသောကားအား လမ်းပေါ်တွင်ရပ်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအား ကျန်ကား(၃)စီး ဖြင့် တင်ဆောင်၍ မောင်းနှင်ထွက်ပြေးသွားကြသည်။ ထိုတိုက်ခိုက်မှုတွင် ရန်သူ့ဘက်မှ မျက်မြင်(၄)ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး၊ ၎င်းတို့ထံမှ 7.62ကျည် (၇၈)တောင့်၊ G3ကျည် (၂၄)တောင့်၊ကာဘိုင်ကျည် (၁၇)တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ငွေသား (၃၀၀၀၀၀)ကျပ်တို့အား သိမ်းဆည်းခဲ့ကာ ကားအားမီးရှို့ဖျက်ဆီးခဲ့ပြီး မိမိတို့တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ တိုက်ခိုက်မူအပြီးနောက်ပိုင်းတွင် အကြမ်းဖက်စကမလက်အောက်ခံတပ်ဖွဲ့ဝင်များမှ မင်းတုန်းမြို့အဝင် ၊ (၅)မိုင်စစ်ဆေးရေးဂိတ်ကနေပြီး ၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပါသောကြောင့် ၊ ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအနေဖြင့် ဂရုစိုက်နေထိုင်သွားလာကြပါရန် အသိပေး သတင်းထုတ်ပြန်လိုက်ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင်အမှတ်၄တပ်ရင်း

▪ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ▪ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ (၂၆) ရက် (၂၆.၁၀.၂၀၂၅) ရက်နေ့ ၊ နံနက် (၆)နာရီ (၃၀) မိနစ်အချိန်တွင် ၊ သရက်ခရိုင် ၊ မင်းတုန်းမြို့ ၊ အင်းလည်ကုန်းကျေးရွာအနီး ၊ မင်းတုန်းမြို့ဝင် လမ်းပိုင်းပေါ်တွင် ၊ ခရီးသွားကားများအား လက်နက်ဖြင့် ခြိမ်းခြောက် ဆပ်ကြေးကောက်ရန် ထွက်လာသော ၊ မင်းတုန်းမြို့ စကမလက်အောက်ခံ ရဲတပ်သား (၂)ဦးဖြစ်သော နေမင်းထက် နှင့် သန်းထိုက်စိုး တို့အား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၊ တပ်ခွဲ (၂) ၊ တပ်စိပ်(၅)မှ ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ရာ ၊ ရဲတပ်သား (၂)ဦး နေရာတွင်ပင် ကျဆုံးပြီး ၊ ၎င်းတို့ထံမှ G3 (၂)လက် ၊ G3ကျည်ဘောက် (၂)ခု ၊ G3ကျည် (၂၉)တောင့် ၊ လက်ပစ်သီး (၁) လုံး ၊ လက်ထိပ် (၁)ခု ၊ ဖုန်း (၁)လုံး နှင့် ငွေသား (၆၅၀၀၀)ကျပ် တို့အား သိမ်းဆည်းရရှိခဲ့ပြီး ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင်အမှတ်-၄တပ်ရင်း

◾စစ်ကောင်စီဒေါက်တိုင်များအားရှင်းလင်းခြင်းနှင့် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ◾၁၈. ၂. ၂၀၂၄ ၁။ သရက်ခရိုင်၊ကံမမြို့နယ်၊ကျောက်မဲကျေးရွာနေ စစ်ကောင်စီမှ လက်နက်ထုတ်ပေးထားပြီး ကျွန်ုပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကို အမြဲစောင့်ကြည့် သတင်းပေးနေသော ပျူခေါင်းဆောင်/တပ်ထွက် ​ မျိုးမြင့်အောင် (ခ) ကြက်ကြော်အား (၁၅.၂.၂၀၂၄)ရက်နေ့ ည (၇)နာရီ (၅၀)မိနစ်အချိန်ခန့်တွင် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းတပ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ပါသည်။ ၎င်းထံမှ လက်လုပ်ပစ္စတို (၁)လက်၊ ပွိုင့်22ကျည် (၈)တောင့်၊ လက်ပြစ်သီး (၁)လုံး၊ လက်ကိုင်ဖုန်း (၁)လုံး၊ သက်သေခံကဒ်ပြား (၂)ခု၊ ကားသော့ (၁) ချောင်း၊ ငွေသား (၄၈၀၀၀)ကျပ် နှင့် အိမ်ထောင်စုစာရင်း (၁) ခုတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ ၂။ သရက်ခရိုင်၊ကံမမြို့နယ်၊ငမဲကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးဇော်သည် လက်နက်ခဲယမ်းပြုလုပ်သည်ဟု အကြောင်းပြချက်ဖြင့် စစ်ခွေးများအားခေါ်ကာ ရွာသားများအား ရိုက်နှက်ခိုင်းခြင်း၊ ကံမမြို့ပေါ် ဗုံးပေါက်ကွဲမူများတွင် ရွာသားများကို စွပ်စွဲသဖြင့် ရွာသားအများစု ရွာသို့မပြန်ရဲပဲ တိမ်းရှောင်နေကြရခြင်း၊ ကျေးရွာအတွင်း စစ်ကောင်စီနှင့်ပေါင်းကာ လောင်းကစားအလုပ်များအား ပေါ်ပေါ်ထင်ထင် ပြုလုပ်နေခြင်းနှင့် ၎င်းကြောင့် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူ အများအပြားရှိခြင်းတို့ကြောင့် ၎င်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးဇော်အား (၁၅.၂.၂၀၂၄)ရက်နေ့ ည (၉)နာရီ အချိန်ခန့်တွင် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF) နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့(WOLF)တို့ ပူးပေါင်းတပ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ပါသည်။ ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် -၄ တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (WOLF) တို့ ပူးပေါင်းစစ်ကြောင်းသည် (၁၁.၂.၂၀၂၄)ရက်နေ့ နံနက်(၁၁)နာရီ(၃၀)မိနစ်အချိန်ခန့်တွင် သရက်ခရိုင်၊ကံမမြို့မှ သရက်-ကံမ လမ်းပိုင်းအတိုင်း သရက်မြို့သို့ ဦးတည်လာနေသော စစ်ခွေး ခန့်မှန်းအင်အား (၈)ဦးခန့် ပါသော စစ်တပ်သုံး ယဥ်ငယ် (၁)စီးအား အသင့်စောင့်ကြို ကြားဖြတ်တိုက်ခိုက်ရာတွင် တိုက်ပွဲချိန် (၅)မိနစ်ခန့် အတွင်း ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ကျဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ကျွန်ုပ်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ ဓာတ်ပုံ/မျိုးမြင့်အောင် (ခ) ကြက်ကြော်ထံမှ သိမ်းဆည်းရရှိသော သက်သေခံပစ္စည်းများ။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင် အမှတ် - ၄ တပ်ရင်း (Eagle Force)

◾တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ◾၁၉. ၁. ၂၀၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း (Eagle Force)၊ ကျောင်းသားလ
◾တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ◾၁၉. ၁. ၂၀၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း (Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့ ပူးပေါင်းစစ်ကြောင်းသည်၊ (၁၈.၁.၂၀၂၄)ရက်နေ့၊ညနေ(၄)နာရီ (၃၀)မီးနစ်အချိန်ခန့်တွင် သရက်မြို့နယ် ဆင်ကော်နယ်မြေရဲစခန်းမှ ရဲ (၄)ဦးသည်၊ အနီးရှိ ကျေးရွာများမှ ဆက်ကြေးကောက်၍ ဆိုင်ကယ် (၂)စီးဖြင့် ဆင်ကော်ရဲစခန်းသို့ ပြန်လာစဥ်၊အသင့်စောင့်ကြို ကြားဖြတ်တိုက်ခိုက်ရာ (၅)မီးနစ်ခန့် အပြန်အလှန် ပြစ်ခတ်မူဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ဒုရဲအုပ်အပါ (၂)ဦး ကျဆုံးပြီး၊ (၂)ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကာ၊ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကောင်းမွန်စွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ သရက်ခရိုင်အမှတ်-၄တပ်ရင်း (Eagle Force)

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ၁၃. ၁. ၂၀၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း(Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းစစ်ကြောင်းသည် (၂၄.၁၂.၂၀၂၃)ရက်နေ့ နံနက် (၀၈၂၅)အချိန်ခန့်တွင် မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာမှ ကျွဲဒွန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ဘက်မှ လက်ဦးမူယူ စတင်ပြစ်ခတ်တိုက်ခိုက်ပြီး (၁၀)မီးနစ်ခန့် အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ရန်သူ့ဘက်မှ မျက်မြင် (၆)ဦးခန့် ကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြကာ မိမိတို့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ဆက်လက်ပြီး ကြှနျုပျတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း (Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့(WOLF) တို့ ပူးပေါင်းစစ်ကြောင်းသည် (၈.၁.၂၀၂၄)ရက်နေ့ နံနက်(၆)နာရီ အချိန်တွင် မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်း ကားလမ်းဘေး အလည်ချောင်းကျေးရွာရှိ နယ်မြေရဲစခန်းအား အနီးကပ်ချဥ်းကပ်ပြီး စတင်ပြစ်ခတ်တိုက်ခိုက်ရာ ရန်သူ့ဘက်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပြစ်ခတ်ပြီး (၁)နာရီခန့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ရန်သူ့ဘက်မှ (၆)ဦးခန့် ကျဆုံးပြီး (၁)ဦး ဒဏ်ရာရကာ၊ မိမိတို့ တပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ သရက်ခရိုင် အမှတ် - ၄ တပ်ရင်း(Eagle Force)

◾တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ◾၂၂. ၁၂. ၂၀၂၃ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင် ရွာအနီးသို့
◾တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက် ◾၂၂. ၁၂. ၂၀၂၃ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင် ရွာအနီးသို့ မင်းတုန်း (၅) မိုင်ဂိတ်မှ Faw ကား ၂စီးဖြင့် တက်လာသော ခန့်မှန်း အင်အား (၃၀) ဝန်းကျင် ရန်သူ့စစ်ကြောင်းအား မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင် အမှတ် (၄)တပ်ရင်း (Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်း၍ နံနက် (၀၉:၅၁) အချိန်ခန့်တွင် မိမိတို့ဘက်မှ မိုင်းဆွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် (၆) ဦး သေဆုံးကာ၊ အရာရှိ (၁) ဦးအပါအဝင် ၂၀ဦးခန့် အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတိုက်ပွဲတွင် ရန်သူ့ဘက်မှ လက်နက်ကြီး (၄၀ မမ)၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ သရက်ခရိုင် အမှတ် (၄) တပ်ရင်း Eagle Force