Ko Myo - FX Trading
رفتن به کانال در Telegram
One on one - Consultation များ ရယူလိုတာဖြစ်စေ၊ Class များ လေ့လာလိုတာဖြစ်စေ .. Telegram - https://t.me/KoMyo17 မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
نمایش بیشتر2 522
مشترکین
-124 ساعت
-67 روز
+3430 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+10
در 0 کانالها
ژوئن '26
+104
در 0 کانالها
Get PRO
مه '26
+54
در 0 کانالها
Get PRO
آوریل '26
+74
در 0 کانالها
Get PRO
مارس '26
+125
در 0 کانالها
Get PRO
فوریه '26
+110
در 0 کانالها
Get PRO
ژانویه '26
+190
در 0 کانالها
Get PRO
دسامبر '25
+232
در 0 کانالها
Get PRO
نوامبر '25
+271
در 0 کانالها
Get PRO
اکتبر '25
+638
در 0 کانالها
Get PRO
سپتامبر '25
+386
در 0 کانالها
Get PRO
اوت '25
+15
در 0 کانالها
Get PRO
ژوئیه '25
+10
در 0 کانالها
Get PRO
ژوئن '25
+33
در 0 کانالها
Get PRO
مه '25
+105
در 0 کانالها
Get PRO
آوریل '25
+142
در 0 کانالها
Get PRO
مارس '25
+16
در 0 کانالها
Get PRO
فوریه '25
+12
در 0 کانالها
Get PRO
ژانویه '25
+4
در 0 کانالها
Get PRO
دسامبر '240
در 0 کانالها
Get PRO
نوامبر '240
در 0 کانالها
Get PRO
اکتبر '240
در 0 کانالها
Get PRO
سپتامبر '24
+5
در 0 کانالها
Get PRO
اوت '24
+6
در 0 کانالها
Get PRO
ژوئیه '240
در 0 کانالها
Get PRO
ژوئن '240
در 0 کانالها
Get PRO
مه '240
در 0 کانالها
Get PRO
آوریل '240
در 0 کانالها
Get PRO
مارس '240
در 0 کانالها
Get PRO
فوریه '240
در 0 کانالها
Get PRO
ژانویه '240
در 0 کانالها
Get PRO
دسامبر '230
در 0 کانالها
Get PRO
نوامبر '230
در 0 کانالها
Get PRO
اکتبر '230
در 0 کانالها
Get PRO
سپتامبر '230
در 0 کانالها
Get PRO
اوت '23
+7
در 0 کانالها
Get PRO
ژوئیه '23
+15
در 0 کانالها
Get PRO
ژوئن '23
+17
در 0 کانالها
Get PRO
مه '23
+28
در 0 کانالها
Get PRO
آوریل '23
+12
در 0 کانالها
Get PRO
مارس '23
+36
در 0 کانالها
Get PRO
فوریه '23
+36
در 0 کانالها
Get PRO
ژانویه '23
+43
در 0 کانالها
Get PRO
دسامبر '22
+21
در 0 کانالها
Get PRO
نوامبر '22
+11
در 0 کانالها
Get PRO
اکتبر '22
+10
در 0 کانالها
Get PRO
سپتامبر '22
+14
در 0 کانالها
Get PRO
اوت '22
+12
در 0 کانالها
Get PRO
ژوئیه '22
+35
در 0 کانالها
Get PRO
ژوئن '22
+30
در 0 کانالها
Get PRO
مه '22
+13
در 0 کانالها
Get PRO
آوریل '22
+41
در 0 کانالها
Get PRO
مارس '22
+22
در 0 کانالها
Get PRO
فوریه '22
+13
در 0 کانالها
Get PRO
ژانویه '22
+83
در 0 کانالها
Get PRO
دسامبر '21
+42
در 0 کانالها
Get PRO
نوامبر '21
+69
در 0 کانالها
Get PRO
اکتبر '21
+956
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 10 ژوئیه | +2 | |||
| 09 ژوئیه | 0 | |||
| 08 ژوئیه | +2 | |||
| 07 ژوئیه | +1 | |||
| 06 ژوئیه | +1 | |||
| 05 ژوئیه | 0 | |||
| 04 ژوئیه | 0 | |||
| 03 ژوئیه | 0 | |||
| 02 ژوئیه | 0 | |||
| 01 ژوئیه | +4 |
پستهای کانال
| 2 | ဒီနေ့ July လ 10 ရက်နေ့မှာ XAUUSD 1 Ounce ကို 4134 ကနေ 4108 ထိ မနက်ခင်းမှာ $26 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4118 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market ကတော့ မနေ့ကအတိုင်းအပြောင်းအလဲ သိပ်မရှိသေးတာကိုတွေ့ရပါတယ်
အနီးဆုံး 4130-4150 Zone အထက်ကို Break Out မလုပ်နိုင်သ၍တော့ 4095/4067-4054 Zone ထိစျေးအကျပြန်ရှိနိုင်ပါတယ်
4130-4150 Zone အထက်ကို Break နိုင်ခဲ့ရင်တော့ 4180/4200/4220 ထိစျေးအတက်ရှိနိုင်ပါတယ်
4200 အထက် တစ်ရက်တာစျေးမပိတ်နိုင်သ၍ အကျဖိအားထဲမှာပဲ ရှိနေနိုင်ပါတယ်
စျေးအတက်အားကောင်းဖို့အတွက်က 4200-4220 Zone က်ိုစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone အထက်ကို Break ခဲ့ရင် 4250/4275 ထိစျေးအတက်ရှိနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4130-4150 Zone နှင့် 4067-4054 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4065-4054 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4050 အောက် HTF အရ Break ခဲ့ရင်တော့ 4025-4010 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4130-4150 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4200-4220 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 160 |
| 3 | بدون متن... | 259 |
| 4 | ဒီနေ့ July လ 9 ရက်နေ့မှာ XAUUSD 1 Ounce ကို 4089 ကနေ 4054 ထိ မနက်ခင်းမှာ $35 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4061 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market ကတော့ Structure အရ အကျထဲမှာပဲရှိနေပြီး၊ 4200 အထက် တစ်ရက်တာစျေးမပိတ်နိုင်သ၍ အကျဖိအားထဲမှာပဲ ရှိနေနိုင်ပါတယ်
စျေးပြန်တက်လာဖို့အတွက်က 4100 Resistance Level နှင့် 4030-4050 Zone ကို Break နိုင်ဖို့လိုပါတယ်
စျေးဆက်ကျဖို့ အတွက်ကတော့ 4035-4013 Zone နှင့် 3980-3960 Zone တွေက်ို စောင့်ကြည့်ရပါမယ်
စျေးအတက်အားကောင်းဖို့အတွက်က 4200-4220 Zone က်ိုစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone အထက်ကို Break ခဲ့ရင် 4250/4275 ထိစျေးအတက်ရှိနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4130-4150 Zone နှင့် 4035-4013 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4035-4013 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4000 အောက် HTF အရ Break ခဲ့ရင်တော့ 3980-3960 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4090-4100 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4130-4150 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 248 |
| 5 | بدون متن... | 291 |
| 6 | ဒီနေ့ July လ 8 ရက်နေ့မှာ XAUUSD 1 Ounce ကို 4095 ကနေ 4130 ထိ မနက်ခင်းမှာ $35 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4129 စျေးတန်းမှာရှိနေပါတယ်
မနေ့က Analysis အတိုင်း 4100-4090 Zone ကနေ 4130 ထိစျေးအတက်ပြန်ရှိထားတာကြောင့် အဝယ်ရထားပါက အမြတ်ခွဲသိမ်းထားနိုင်ပါတယ်
လက်ရှိ Market က အပြောင်းအလဲမရှိသေးပဲ စျေးငြိမ်နေပြီး အကျဖိအားထဲမှာပဲရှိနေပါတယ်
စျေးအကျပြန်လာပါက 4100 Support Level နှင့် 4072-4057 Zone တွေကို စောင့်ကြည့်ရပါမယ်
4072-4057 Zone အောက်ကို ဆက်ဖောက်ဆင်းခဲ့ရင်တော့ အကျအားဆက်ကောင်းနိုင်ပါတယ်
စျေးဆက်တက်ဖို့အတွက်က 4200-4220 Zone က်ိုစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone အထက်ကို Break ခဲ့ရင် 4250/4275 ထိစျေးအတက်ရှိနိုင်ပါတယ်
4220-4235 Zone နှင့် 4260-4275 Zone တွေကို ဖောက်တက်နိုင်ခဲ့ရင်တော့ စျေးအတက်အား ဆက်ကောင်းနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4200-4220 Zone နှင့် 4073-4055 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4100-4090 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4100 အောက် HTF အရ Break ခဲ့ရင်တော့ 4073-4055 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4200-4220 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4260-4275 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 278 |
| 7 | بدون متن... | 291 |
| 8 | ဒီနေ့ July လ 7 ရက်နေ့မှာ XAUUSD 1 Ounce ကို 4168 ကနေ 4125 ထိ မနက်ခင်းမှာ $43 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4138 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market မှာ အပြောင်းအလဲသိပ်မရှိသေးပဲ စျေးငြိမ်နေတာကိုတွေ့ရပါတယ်
စျေးအကျပြန်လာပါက 4100 Support Level နှင့် 4072-4057 Zone တွေကို စောင့်ကြည့်ရပါမယ်
4072-4057 Zone အောက်ကို ဆက်ဖောက်ဆင်းခဲ့ရင်တော့ အကျအားဆက်ကောင်းနိုင်ပါတယ်
စျေးဆက်တက်ဖို့အတွက်က 4200-4220 Zone က်ိုစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone အထက်ကို Break ခဲ့ရင် 4250/4275 ထိစျေးအတက်ရှိနိုင်ပါတယ်
4220-4235 Zone နှင့် 4260-4275 Zone တွေကို ဖောက်တက်နိုင်ခဲ့ရင်တော့ စျေးအတက်အား ဆက်ကောင်းနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4200-4220 Zone နှင့် 4073-4055 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4100-4090 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4100 အောက် HTF အရ Break ခဲ့ရင်တော့ 4073-4055 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4200-4220 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4260-4275 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 298 |
| 9 | بدون متن... | 352 |
| 10 | ဒီနေ့ July လ 6 ရက်နေ့မှာ XAUUSD 1 Ounce ကို 4170 ကနေ 4202 ထိ မနက်ခင်းမှာ $32 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4181 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market မှာ Sideway Break Out နဲ့အတူတက်လာခဲ့တာကြောင့် ရေတိုစျေးအတက်အားရှိနိုင်ပါတယ်
စျေးဆက်တက်ဖို့အတွက်က လက်ရှိ 4200-4220 Zone က်ိုစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone အထက်ကို Break ခဲ့ရင် 4250/4275 ထိစျေးအတက်ရှိနိုင်ပါတယ်
ဒါကြောင့် အဝယ်စဉ်းစားဖို့အတွက်ဆိုရင် စျေးအကျပြန်လာပါက 4145/4100 Support Level တွေနှင့် 4072-4057 Zone ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်
စျေးအတက်အားဆက်ကောင်းဖို့ အတွက်ကတော့ 4220-4235 Zone နှင့် 4260-4275 Zone တွေကိုစောင့်ကြည့်ရပါမယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4200-4220 Zone နှင့် 4150-4135 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4150-4135 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4130 အောက် HTF အရ Break ခဲ့ရင်တော့ 4100-4090 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4200-4220 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4260-4275 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 318 |
| 11 | بدون متن... | 421 |
| 12 | " အရှုံးလဲမရှိ၊ အမြတ်လဲမရသော Traders များ "
မင်္ဂလာပါခင်ဗျာ။
ကျွန်တော့် Client မိတ်ဆွေတွေထဲမှာဆိုရင် Trading လုပ်ရင်း အရှုံးမရှိပေမယ့်၊ အမြတ်လည်းရမလာဘဲ တစ်နေရာတည်းမှာတင် လည်နေတဲ့ Traders တွေ ရှိပါတယ်။
ဒါကြောင့် လက်ရှိ ဒီလိုကြုံတွေ့နေရတဲ့ Traders မိတ်ဆွေတွေအတွက် ကျွန်တော်က အားပေးအကြံပြုစကား ပြောပေးချင်ပါတယ်ခင်ဗျာ။
📌 ဒီလိုအခြေအနေမှာ Trade နေရတာ ပျင်းရိအားလျော့နေပြီလား ?
ဒါဆိုရင်တော့ "စိတ်မပျက်ပါနဲ့ဦး" လို့ ကျွန်တော်ပြောချင်ပါတယ်။
အခုအဆင့်က Trader တိုင်း ဖြတ်သန်းရတဲ့ 'The Break-Even Traders' အခြေအနေ ဖြစ်ပါတယ်။ လူကြီးမင်းတစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။
📌 Trading လောကရဲ့ တွက်ချက်မှု စာရင်းဇယားတွေအရဆိုရင်၊ Trader ပေါင်းများစွာဟာ Account ထဲကပိုက်ဆံတွေ ကုန်သွားတဲ့အခြေအနေဖြစ်တဲ့ (Blow Account) ကို ဖြတ်သန်းကြရတာပါ။
အခု ကျွန်တော်တို့ဟာ အရှုံးမရှိဘဲ ကိုယ့်အရင်းကို ထိန်းထားနိုင်တယ်ဆိုကတည်းက ဒါဟာ "ငွေကြေးစီမံခန့်ခွဲမှု (Risk Management)" မှာ ကျွန်တော်တို့ ထူးချွန်နေပြီဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ရေရှည်အသက်ရှင်ကျန်ရစ်နေဖို့က အဓိကမဟုတ်ပါလား။
📌 လက်ရှိ ကျွန်တော်တို့ဟာ ဒုတိယအဆင့်ကို ရောက်နေပါပြီ။ နောက်ထပ် Steps အနည်းငယ် [ဥပမာ - Win-rate တွေကို မြှင့်တာ - ဒါမှမဟုတ် - ပိုကောင်းတဲ့ Setups တွေကို စောင့်ဆိုင်းတာ] စသဖြင့် ဒီအရာတွေကို ပြင်ဆင်လိုက်ရုံနဲ့ အမြတ်ပြန်ထွက်လာတဲ့ အဆင့်ကို ရောက်တော့မှာပါ။
"အရှိန်အဟုန်ပြင်းပြင်းနဲ့ အမြင့်ကြီးကို ခုန်တက်တော့မယ့် သားကောင်ဟာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ရစမြဲပဲ မဟုတ်ပါလား။ အခု ကျွန်တော်တို့ရပ်နေတဲ့နေရာဟာ ခုန်တက်ဖို့ ပြင်ဆင်နေတဲ့ နေရာပဲ ဖြစ်ပါတယ်။"
📌 Trading မှာ "ပျင်းရိခြင်း" ကရော Professional ဖြစ်လာခြင်းရဲ့ လက္ခဏာတစ်ခုလား ? ဆိုတာကို ကျွန်တော်တို့ ဆက်ပြီးသုံးသပ်ကြည့်ကြရအောင်။
Trading လုပ်ခါစကတော့ ရင်ခုန်စိတ်လှုပ်ရှားခဲ့သလောက် အခုချိန်မှာ အရှုံးအမြတ်မရှိ ဘာမှမထူးခြားဘဲ ပျင်းစရာကြီး ဖြစ်နေပြီလား ?
အဲ့ဒါဆိုရင်တော့ မိတ်ဆွေတို့ကို ဝမ်းသာစရာ သတင်းတစ်ခု ကျွန်တော် ပေးပါရစေ။
📌 "မိတ်ဆွေတို့ဟာ Professional Trader စစ်စစ်တစ်ယောက်ဖြစ်ဖို့ လမ်းမှန်ပေါ်ကို ရောက်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့...
စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်လာလို့ပါ။ အရင်လို ရှုံးရင် ဒေါသထွက်၊ မြတ်ရင် ဘဝင်ခိုက်တာမျိုးတွေ မရှိတော့ဘဲ စက်ရုပ်တစ်ရုပ်သဖွယ် စည်းကမ်းတကျ Trade နိုင်လာလို့သာ ပျင်းစရာကောင်းတယ်လို့ ကျွန်တော်တို့ ခံစားလာရတာပါ။
ဒါနဲ့ Trading က တကယ်တော့ ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခုလို့ရော မထင်မိဘူးလားခင်ဗျာ ?
📌 နောက်တခုက ဒီအခြေအနေမှာဆိုရင် ကျွန်တော်တို့ အရင်းလဲမပြုတ်တော့ပါဘူး။ Trading မှာ အဓိကပန်းတိုင်က အမြတ်ရဖို့ထက် အရင်း မဆုံးရှုံးသွားဖို့ပါ။ အခုဆို ကျွန်တော်တို့ အရင်းကို ထိန်းထားနိုင်နေပြီဘဲ။
ဒါဆို အဓိပ္ပာယ်ရှိရှိ၊ အမြတ်အစွန်းတွေနဲ့ ရှေ့ဆက်ဖို့ ဘာတွေဆက်လုပ်ဖို့လိုအပ်မလဲ ဆက်ကြည့်ရအောင်။
📌📌 ၁။ Trading Journal ကို ပြန်စစ်ပါ။
ကျွန်တော်တို့ ဘယ်နေရာမှာ လိုအပ်ချက်ရှိနေသလဲ ? Trade တိုင်းမှာ Risk to Reward Ratio (RRR) ကောင်းရဲ့လား ? Win Rate ဘယ်လောက်ရှိလဲ ? စသဖြင့် ပြန်သုံးသပ်ကြည့်ပြီး အားနည်းချက် သေးသေးလေးတွေကို လိုက်ပြင်ပါ။
Strategy ကို ခဏခဏ မပြောင်းပါနဲ့။ မိမိရဲ့ လက်ရှိ Trading Journal ပေါ်မှာ အခြေခံပြီး Micro-Adjustments လို့ခေါ်တဲ့ အသေးစား ပြုပြင်ပြောင်းလဲမှုလေးတွေကိုပဲ လုပ်ကြည့်ပါ။
[ဒီနေရာမှာပြောတဲ့ Trading Journal ဆိုတာ အရိုးရှင်းဆုံးပြောရရင် ကိုယ် Trade ခဲ့သမျှ Trade တိုင်းကို Data, Reasons, Emotions တွေ အသေးစိတ်ရေးပြီး မှတ်တမ်းတခုအနေနဲ့ ပြန်ကြည့်တာကိုပြောတာပါ။ Trading Notes တွေအကြောင်းကိုလဲ ခဏခဏ ကျွန်တော် မျှဝေပေးထားပါတယ်]
📌📌 ၂။ စောင့်ဆိုင်းခြင်းကို တန်ဖိုးထားပါ။
ကျွန်တော်တို့တွေ ဈေးကွက်ထဲမှာ နေ့တိုင်း တွန်းကန်ပြီး ဖိအားတွေနဲ့ Trade နေစရာမလိုပါဘူး။ High-probability ဆိုတဲ့ (အခွင့်အရေး အလွန်များတဲ့) Setups တွေကိုပဲ စိတ်ရှည်လက်ရှည် စောင့်ပြီး Trade ပါ။
📌📌 ၃။ Break-Time တစ်ခု ယူလိုက်ပါ။
တကယ်လို့ ကျွန်တော်တို့ဆီမှာ ငြီးငွေ့မှုက အရမ်းများနေပြီဆိုရင် Chart တွေကို ပိတ်ပြီး၊ ရက်အနည်းငယ်လောက် Trading နဲ့ ဝေးရာမှာ နားနားနေနေ နေထိုင်ပြီး စိတ်ကို Refresh လုပ်လိုက်ပါ။
✔️✔️ "အရှုံးမရှိခြင်းကတင် ကျွန်တော်တို့ကို ဈေးကွက်ထဲက ၈၀% သော Trader တွေထက် သာလွန်စေပြီးသားပါ။ အမြတ်ဆိုတာ စည်းကမ်းရှိတဲ့သူနောက်ကိုပဲ တကောက်ကောက် လိုက်လာတတ်တာမို့ အားမလျှော့တမ်း ဆက်သွားပါ။" လို့ အားပေးအကြံပြုချင်ပါတယ်။
ဒီနေ့ Content ကတော့ ရိုးရှင်းပေါ့ပါးစွာ လေ့လာနိုင်စေရန် ရည်ရွယ်ထားတာဖြစ်လို့ Break-Even Traders မိတ်ဆွေများအတွက် အထောက်အကူပြုစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Ko Myo
3.7.2026 (6:00 - p.m MMT)
#KoMyo | 405 |
| 13 | بدون متن... | 404 |
| 14 | ဒီနေ့ July လ 2 ရက်နေ့မှာ XAUUSD 1 Ounce ကို 4030 ကနေ 4068 ထိ မနက်ခင်းမှာ $38 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4044 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market မှာ 4100 နှင့် 3960 ကြား Sideway ပြေးနေတာက်ိုတွေ့ရပါတယ်
ဒါကြောင့် Sideway Break Out ရခဲ့ရင်တော့ Break တဲ့ဘက်ကို Follow လုပ်နိုင်ပါတယ်
4100 အထက် Break ခဲ့ရင် 4140/4180 နားထိစျေးအတက်ရှိနိုင်ပါတယ်
3960 အောက် Break နိုင်ခဲ့ရင်တော့ 3915/3900/3886 ထိစျေးအကျရှိနိုင်ပါတယ်
လက်ရှိ အနီးစပ်ဆုံး 4034-4013 Demand Zone ကို ပြန်ဖောက်ဆင်းခဲ့ရင် Sideway အတိုင်း 3960 နားထိစျေးအကျပြန်ရှိပါမယ်
အကယ်၍ 4085-4100 Zone အထက်စျေးပြန်ပိတ်
နိုင်ခဲ့ရင်တော့ စျေးအတက်အား ပြန်ကောင်းနိုင်ခြေရှိပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4090-4110 Zone နှင့် 4030-4013 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4030-4013 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4000 အောက် HTF အရ Break ခဲ့ရင်တော့ 3965-3950 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4090-4110 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4180-4200 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 379 |
| 15 | بدون متن... | 392 |
| 16 | Trading ဆိုတာ Probability ဆိုတဲ့ (ဖြစ်နိုင်ခြေ/ဖြစ်တန်စွမ်း) အပေါ်မှာ ကိုယ့်ဘက်ကို % များများပါဖို့ ခန့်မှန်းသုံးသပ်လို့ဘဲ ရတာပါ။
ဒီလိုပါပဲ တခါတ လေမှာလဲ Setups တွေ မှန် နေပေမဲ့ ရှုံးသွားနိုင်တဲ့ အအ ခြေအ နေဟာလဲ ရှိ နေတတ်တာပါဘဲ။
ဒါဟာ ကျွန်တော်တို့သုံး နေတဲ့ Strategy တွေရဲ့ အပိုင်းအစတစ်ခုမျှသာ ဖြစ်ပါတယ်။
ဒါကို စိတ်နှလုံးသွင်းပြီး လက်ခံနိုင် အောင်ကြိုးစားပါ။
ပုံမှန်ဆို နေ့စဥ်ဘဝ တွေမှာလဲ ကျွန်တော်တို့ စိတ်တို ဒေါသထွက်တဲ့အခါမှာဖြစ် စေ၊ စိတ်ရှုပ် ထွေး လမ်း ပျောက် နေချိန်မှာဖြစ် စေ၊ စိတ်တည်ငြိမ် အောင် Meditation တွေ လုပ်ကြတယ်မဟုတ်လား ?
ဒါ ကြောင့် ဒီအလုပ်မှာလဲ သ ဘောတရားအတူတူပါဘဲ၊ လက်ခံရမယ့်အရာ တွေကို လက်ခံနိုင် အောင် စိတ်ထားတတ်ဖို့လိုပါတယ်။
ဒါ ကြောင့် Trading Platform တွေမှာ Stop Loss ရိုက်ထည့်တဲ့ နေရာတွေ၊ Lot Size စီမံခန့်ခွဲဖို့ နေရာ တွေကို ထည့် ပေးထားတာ ပဲဖြစ်ပါတယ်။ လိုအပ်လို့ ၊ သုံး စေချင်လို့ပဲပေါ့၊ အပိုခလုတ် တွေ မဟုတ်ပါဘူး။
◾️◾️ နံပါတ် ၃။
"ဘာကြောင့် ရှုံးတာလဲ" ဆိုတာကို Journal/ Notes တွေ ပြန်လုပ်ပါ။
စိတ်အေးအေးထားနိုင်ပြီဆိုမှ ကိုယ်လုပ်ခဲ့တဲ့ Trading Journal ကို ပြန်ဖွင့်ကြည့်ပါ။
ငါ Trading Plan အတိုင်း လိုက်နာခဲ့ရဲ့လား ?
Risk Management ကိုရော စနစ်တကျ သုံးခဲ့ရဲ့လား ?
ဒါမှမဟုတ် Market ကပဲ ကိုယ့် Strategy နဲ့မကိုက်ဘဲ ပြောင်းလဲသွားတာလား ?
အကယ်၍ ကိုယ်က စည်းကမ်းနဲ့စနစ် တွေ အတိုင်း လုပ်ခဲ့ရဲ့သားနဲ့ ရှုံးတာဆိုရင် တော့ ဒါဟာ "ပုံမှန်လုပ်ငန်းလည်ပတ်ခ ပေးလိုက်ရတာ" လို့ သတ်မှတ်ပြီး စိတ်ပူ ပန် နေတာ တွေကို ဖြေ ဖျောက်လိုက်ပါ။ ဘာ တွေကို ပြင်ဆင်သင်ယူရမလဲ စဥ်းစားကြည့်ပါ။
ဆန့်ကျင်ဘက်အ နေနဲ့ ...
ရှုံး တော့ ရှုံးသွားတာဘဲ၊ ဘာဖြစ်လို့မှန်းလဲ မသိ၊ Tarding Journal လဲ မရှိ နေဘူးဆိုရင် တော့ ကျွန်တော်တို့ဟာ တော် တော်ကိုညံ့တဲ့ Trader တွေ ဖြစ်သွားပါပြီ။
စည်းမဲ့ကမ်းမဲ့ အရှုံး တွေဖြစ်လို့ သင်ခန်းစာလဲ မရသလို၊ မပြုပြင်နိုင်ဘဲ ဖြစ်သွားတာ ကြောင့် ဆက်တိုက်အရှုံး တွေကိုဘဲ ဆက်ကြုံ တွေ့နိုင်ပြီး၊ ဒီအလုပ်ကို ဆက်လုပ်ဖို့ မကိုက်ညီနိုင် တော့ပါဘူး။
[ "Trading Journal မ ရေးတတ်ဘူး" လို့ တော့ အ ကြောင်းမပြ စေချင်ဘူး၊ အလွယ်ကူဆုံး လက် ရေးနဲ့ စာအုပ်နဲ့ အ သေးစိတ်ချ ရေးလိုက်ပါ။]
◽️◽️ ကျွန်တော်တို့သိပြီးသားပဲ မဟုတ်လား၊ စီးပွား ရေးတခုလုပ်ပြီဆိုရင် ...
Emotions မထိန်းနိုင်တဲ့သူ၊ စည်းကမ်းမရှိတဲ့သူ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့သူ ၊ သတ္တိမရှိတဲ့သူ တွေဟာ ကျရှုံးတတ်ပါတယ်။
မိတ် ဆွေတို့ တွေး လေ့ တွေးထ သိပ်မရှိနိုင်တဲ့ အလွယ်ကူဆုံး မေးခွန်းတခုကိုပဲ ကျွန်တော် အရင်မေးကြည့်ချင်ပါတယ်။
နေ့စဥ် အလွယ်တကူ လက်နဲ့ ခလုတ်နှိပ်ပြီး Trade နေတာကို "ငါ အခု စီးပွား ရေးတခု လုပ် နေတာ" လို့ သေ သေချာ ချာရော တွေးကြည့်ဖူးပါသလားခင်ဗျာ ?
◽️◽️ နောက်ဆုံးနိဂုံးချုပ်အ နေနဲ့ ...
ခေါင်းစဥ်မှာ ပြောထားတဲ့အချက်ကို ထပ် ပြီး သတိ ပေးရရင် "Professional Trader စစ်စစ် တွေနဲ့ အပျော်တမ်း Trader တွေရဲ့ ကွာခြားချက်က 'နိုင်တဲ့အချိန်' မှာ မဟုတ်ဘဲ 'ရှုံးတဲ့အချိန်' မှာ စိတ်ဓာတ်ကို ဘယ်လိုကိုင်တွယ်ပြုပြင်သွားသလဲ" ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။"
ဒါ ကြောင့် ကျွန်တော် စိတ်ခွန်အား ပေးချင်တာက တော့ ...
" တစ်ခါဆုံးရှုံးရုံနဲ့ မိတ် ဆွေက ရှုံးနိမ့်သူ မဟုတ်ပါဘူး။ ဒီနေ့ရှုံးလိုက်တဲ့ သင်ခန်းစာက မနက်ဖြန်အတွက် ပိုကောင်းတဲ့ Trader တစ်ယောက် ဖြစ်လာစေမှာပါ။ စိတ်ဓာတ်မကျပါနဲ့။ အမှားကို ပြင်ဆင်ပြီး၊ ကျွန်တော်တို့ တွေ စနစ်တကျ ပြန်လည် စတင်ကြည့်ရ အောင်လားဗျာ "
ကျွန်တော်တို့ရဲ့Trader မိတ် ဆွေများအားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ အမြတ်အစွန်းများ ရရှိကြပါစေ။
Ko Myo
1.7.2026 (8:10 - p.m . MMT)
Telegram : https://t.me/KoMyo17
#KoMyo | 427 |
| 17 | မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဆီကို အကြံဉာဏ်လာတောင်းကြတဲ့ Traders အများစုဆီက "ဆက်တိုက်ရှုံးလို့ စိတ်ဓာတ်တွေ တအားကျနေပြီ၊ လက်လျှော့ရတော့မလား မသိဘူး" ဆိုတဲ့ စကားမျိုး ခဏခဏ ကြားရလေ့ရှိပါတယ်။
ဒါ ကြောင့် ဒီလိုခံစား တွေ့ကြုံ နေရတဲ့ Traders မိတ် ဆွေများအတွက် ကျွန်တော့်အ နေနဲ့ အနည်းငယ် ထောက်ပြအကြံပြု ပေးချင်ပါတယ်။
◾️ ကျွန်တော်တို့သိထားပြီးသားဖြစ်တဲ့ Other Business တွေမှာ Business Expense ဆိုတဲ့ "လုပ်ငန်းလည်ပတ်ခ ကုန်ကျစရိတ်" တွေ ရှိသလို ..
ပွင့်ပွင့်လင်းလင်း ပြောရရင်...
Trading မှာ ဆုံးရှုံးမှုဆိုတာဟာ ရှောင်လွှဲလို့မရတဲ့ "Business Expense " တစ်ခုပါဘဲ။
◾️ ကျွန်တော်တို့ လက်ခံထားရမှာက ...
Market ထဲမှာ ဘယ်လောက်ပဲ ကျွမ်းကျင် နေတဲ့ Trader တွေပဲဖြစ်ပါ စေ၊ အမြတ် တွေများစွာရ နေတဲ့ Trader တွေပဲဖြစ်ပါ စေ မဆုံးရှုံးဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ဒါပေမဲ့ မိတ် ဆွေတို့က ဆုံးရှုံးမှုကြောင့် စိတ်ဓာတ်ကျပြီး လမ်းပျောက်နေတယ်ဆိုရင်...
အရိုးရှင်းဆုံး အနှစ်ချုပ်အ နေနဲ့ ဒီ(၃) ချက်ကို ပြုလုပ်ကြည့်ဖို့ ကျွန်တော့်အ နေနဲ့ အကြံပြုပါရစေခင်ဗျာ။
◾️◾️ နံပါတ် ၁။
"Chart Screen" ကို ကြည့် နေတာ ရပ်လိုက်ပါ။
ကျွန်တော် ဘာ ကြောင့် ဒီအချက်ကို အကြံပြုတာလဲဆက် လေ့လာကြည့်ရ အောင်ပါ။
ရှုံးထားတဲ့အချိန်မှာ ကျွန်တော်တို့ စိတ်က မတည်ငြိမ်ပါဘူး။ ဆုံးရှုံးသွားတာကို အမြန်ပြန်လိုချင်တဲ့စိတ်နဲ့ ရှုပ် ထွေး နေတတ်ပါတယ်။
ဒီအချိန်မှာ စျေးကွက်ကို နည်းမှန်လမ်းမှန် မသုံးသပ်နိုင် တော့ဘဲ Market Direction အမှန်ကို မမြင်နိုင် တော့ပါဘူး။
ဒီအချိန် ကျွန်တော်တို့စိတ်ထဲ တွေးမိတာ အများစုက တော့ ..
ငါက ရောင်းမိလို့ရှုံးတယ် (သို့မဟုတ်) ငါက ဝယ်မိလို့ရှုံးတယ်၊
ဒါမှမဟုတ် ငါ Stop Loss တွေ ထားမိလို့ SL ထိလို့ ရှုံးတယ်၊
စသဖြင့် ယေဘူယျဆန်တဲ့ အ တွေး တွေဝင်လာပါတယ်။
ဒီအရာ တွေကိုလဲ ကျွန်တော်တို့ ဦး နှောက်က ခံစားချက် စေခိုင်းတဲ့အတိုင်း ယေဘူယျဆန်ဆန်ပဲ ဖြေရှင်းပါ တော့တယ်။
ဥပမာ .. မိတ် ဆွေက ခေါင်းမာတဲ့သူ ဆိုပါစို့။ ဘာဆက်လုပ်မိမယ်ထင်ပါသလဲ ?
သေချာတာ ပေါ့ ..
ဝယ်လို့ ရှုံးရင် စျေးနိမ့်လာတိုင်း Buy တွေ ထပ်ထပ်ဝင်မယ်။
ရောင်းလို့ ရှုံးရင် စျေးတက်လာတိုင်း Sell တွေ ထပ်ထပ်ဝင်မယ်။
SL ထိလို့ ရှုံးလိုက်ရင် နောက်ထပ် SL တွေမထား တော့တာ (ဒါမှမဟုတ်) SL တွေ မထိနိုင်တဲ့ နေရာထိ အ ဝေးကြီး ရွှေ့ပစ်လိုက် တော့မယ်။
Lot Size မှားသွားလို့ ရှုံးတယ်လို့ တွေးရင်လဲ အတူတူပါဘဲ။ ဒီတကြိမ် တော့ မြတ်မယ့် Trade ကို ငါဝင်တာ ဆိုပြီး Double/ Tripple Lot တွေ တိုးတိုးလိုက်လာမယ်။
ဒီ နေရာမှာ ကြောက်တတ်တဲ့သူဆိုရင်လဲ သ ဘောက တော့ အတူတူပါဘဲ။
ဝယ်လို့ ရှုံးဖူးရင် "Buy ဆို ကြောက်ပါပြီ" ဆိုပြီး Sell ပဲနှိပ်ရဲ တော့တာ၊ စျေးဘယ် လောက် တက်လာပါ စေ အဝယ်နဲ့ အမြတ်မယူပဲ အချိန်တိုင်းပဲ လိုက်ရောင်း နေ တော့တာ။
ဒီလိုဘဲ ရောင်းလို့ ရှုံးဖူးရင် "Sell ဆို ကြောက်ပါပြီ" ဆိုပြီး၊ စျေးဘယ် လောက် ကျလာပါ စေ အ ရောင်းနဲ့ အမြတ်မယူဘဲ၊ အကျဘယ်အချိန်ကုန်မလဲ ထိုင်ကြည့် နေပြီး ပြန်ဝယ်ဖို့ပဲ စောင့်နေ တော့တာ။
ဒါတင်ပဲလားဆို တော့ မဟုတ်ပြန်ဘူး။ ဒီအချိန်မှာ ကိုယ်အားသာတဲ့ Buy or Sell ဘက်ကို တဖက်သတ်ဆန်ဆန်ပဲ ကြိုက်ပြီး " စျေးကပြန် ရောက်လာမှာပါ" ဆိုတဲ့ မျှော်လင့်ချက်နဲ့ Stop Loss တွေပါ လွှတ်လိုက်ရင် တော့ ပိုဆိုးပြီ ပေါ့ လေ။
အခွင့်အ ရေး ပေးချိန်မှာ တော့ ကြောက် နေလို့ အမြတ်မရလိုက်ဘဲ၊ အရှုံး တွေအလှည့်ဆိုရင် တော့ ကိုယ်ကထိပ်ဆုံးက ဖြစ် နေတတ်ပြန် ရော။
ဘယ်မှာလဲ Recovery Management တွေ၊ Win Rate ကောင်းတဲ့ Setups တွေ ?? ယေဘူယျဆန်တဲ့ စိတ်ခံစားချက် တွေကဘဲ ကျွန်တော်တို့ကို ကြီးစိုး နေတာ မဟုတ်ပါလား ??
ဒါ တွေရဲ့ နောက်ဆက် တွဲတွေက တော့ Floating Account တွေဖြစ်၊ Equity တွေ ထည့်လို့မနိုင် တော့ဘဲ၊ ဒါကြီးက အချိန်ကုန် လူပင်ပန်းတဲ့ အလုပ်တခုဖြစ်လာပြီး၊ နောက်ဆုံး လမ်း ပျောက်ပြီး စိတ်ဓါတ် တွေကျလာ တော့တာပါဘဲ။
ဒါ ကြောင့် ဒီအရာ တွေရဲ့ မူလအစ, ဟာ ရှုံးတဲ့အချိန်မှာ Chart ကို မရပ်မနား အချိန်ပြည့်ထိုင်ကြည့် နေပြီး စျေးကွက်ကို လက်စား ချေချင်စိတ်က နေ ဖြစ် ပေါ်လာတာဖြစ်တဲ့အတွက် ... ကျွန်တော် အကြံပြုသလိုပါဘဲ။
အ သေးငယ်ဆုံး တစိတ်တ ဒေသလုပ်ရပ် လေးလို့ ကျွန်တော်တို့ထင် နေတဲ့ " Chart Screen ကိုပိတ်ပြီး စိတ် ပြေလက် ပျောက် အပန်းဖြေခြင်း" ကို ပြုလုပ်ကြည့်လိုက်ပါ။ Market က မနက်ဖြန်လည်း ရှိနေဦးမှာပါ။ နောက်တပတ်မှာလဲ ရှိ နေအုံးမှာဘဲ မဟုတ်လား ?? ။
စိတ်သက် တောင့်သက်သာနဲ့ တည်ငြိမ် အေးချမ်း နေမှသာ Market ကို နည်းစနစ်တကျ သုံးသပ် တွေး ခေါ်နိုင်မယ်ဆိုတာကို အမြဲ သတိရှိပါ စေ။
◾️◾️ နံပါတ်၂။
ကိုယ့်ကိုယ်ကို အပြစ်တင်တာကို ရပ်လိုက်ပါ။
"ငါ ညံ့လို့၊ ငါ မတတ်နိုင်လို့" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တရားခံမရှာပါနဲ့။
ဒီလို ပြောလို့ "ငါ့ကိုယ်ငါ တော့ အပြစ်မမြင် တော့ဘူး" ဆိုပြီး ၊ အနီးဆုံးမှာရှိတဲ့ { မိသားစု ဝင်၊ မိတ် ဆွေတွေဖြစ် စေ/ အတူလက်တွဲ အလုပ်လုပ် နေတဲ့သူ တွေကိုဖြစ် စေ} အပြစ်တင် စိတ်တိုလိုက်မယ်လို့ တော့ မ တွေးမိပါ စေနဲ့။
ကျွန်တော်ဆိုလိုတာက ... | 332 |
| 18 | بدون متن... | 358 |
| 19 | ဒီနေ့ July လ 1 ရက်နေ့မှာ XAUUSD 1 Ounce ကို 4018 ကနေ 3973 ထိ မနက်ခင်းမှာ $45 ခန့်စျေးအကျရှိထားပြီး လက်ရှိ 3976 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market က 4050 Zone အထက်ကို Break နိုင်ခြင်းမရှိပဲ အကျပြန်လာခဲ့တာ အခုဆိုရင် 3973 ထိအကျရှိထားတာကြောင့် မနေ့က Analysis အတိုင်း 4050 ဝန်းကျင်ကနေ အရောင်းရလိုက်ပါက အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်
စျေးဆက်ကျဖို့အတွက်က အနီးစပ်ဆုံး 3943-3930 Zone အောက်ကို ဆက်ပြီး Break နိုင်ဖို့လိုပါတယ်
ဖောက်ဆင်းခဲ့ပါက 3915/3900/3886 ထိ စျေးအကျရှိနိုင်ပါတယ်
စျေးအတက်ပြန်လာပါက 4010-4022 Zone နှင့် 4050-4070 Zone တွေကို စောင့်ကြည့်ရပါမယ်
အကယ်၍ 4085-4100 Zone အထက်စျေးပြန်ပိတ်နိုင်ခဲ့ရင်တော့ ရေတိုစျေးအတက်တစ်ခု ပြန်လည်မြင်တွေ့ရနိုင်ခြေရှိပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4050-4070 Zone နှင့် 3943-3930 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 3943-3930 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 3930 အောက် HTF အရ Break ခဲ့ရင်တော့ 3900-3885 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4010-4022 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4050-4070 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
#KoMyo | 321 |
| 20 | မနေ့က Analysis ထဲကအတိုင်း 4050 ဝန်းကျင် ကနေ လက်ရှိမှာတော့ 3975 ထိ စျေးကျထားပြီးဖြစ်တာကြောင့် အမြတ်ခွဲသိမ်းထားနိုင်ပါတယ်
4050 ဝန်းကျင်ကနေ အရောင်းရလိုက်ကြတဲ့မိတ်ဆွေများ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်
Good Luck 🍀
#KoMyo | 360 |
